ဘိက္ခဝေ၊ တို့။
သပ္ပုရိသော၊ သူတော်ကောင်းသည်။ (စကြဝတေးမင်း, ဘုရားအလောင်း, ပစ္စေကဗုဒ္ဓါ, မြတ်စွာဘုရားနှင့် ဘုရားတပည့်တည်းဟူသော သူတော်ကောင်းသည်)
ကုလေ၊ အမျိုး၌။
ဇာယမာနော၊ ဖြစ်ထွန်းလာလသော်။
ဗဟုနော၊ များစွာသော။
ဇနဿ၊ လူအပေါင်း၏။
အတ္ထာယ၊ ကြီးပွားခြင်းငှာ။
ဟိတာယ၊ စီးပွားအလို့ငှာ။
သုခါယ၊ ချမ်းသာခြင်းငှာ။
ဟောတိ၊ ဖြစ်၏။ [အဘယ်လူအပေါင်း၏ အကျိုးငှာ ဖြစ်သနည်းဟု မေးဖွယ်ရှိ၍ "မာတာပိတူနံ"စသည်ကို ဟောတော်မူ၏။]
မာတာပိတူနံ၊ မိဘတို့၏။
အတ္ထာယ၊ ငှာ။ပ။
ဟောတိ၊ ၏။
ပုတ္တဒါရဿ၊ သားမယား၏။
အတ္ထာယ၊ ငှာ။ပ။
ဒါသ+ကမ္မကရ+ပေါရိသဿ၊ ကျွန်+အခကြေးစား အလုပ်သမား+ မှီခိုအသက်မွေးသူ လူအပေါင်း၏။ပ။မိတ္တာမစ္စာနံ= မိတ်ဆွေ, သူငယ်ချင်းတို့၏။
[အမာ သဟ ဘဝတီတိ အမစ္စော၊ အတူတကွဖြစ်ဖက် သူငယ်ချင်း။ အမာနိပါတ်ပုဒ်နောင် အစ္စပစ္စည်းသက်]။ပ။
ပုဗ္ဗပေတာနံ၊ ရှေး၌ ကွယ်လွန်ပြီးသော ဆွေမျိုးတို့၏။ပ။
ရညော၊ မင်း၏။ပ။
ဒေဝတာနံ၊ နတ်တို့၏။ပ။
သမဏဗြာဟ္မဏာနံ၊ ရဟန်းသူတော်ကောင်းတို့၏။ပ။
ဘိက္ခဝေ၊ တို့။
မဟာမေဃော၊ ကြီးစွာသောမိုးသည်။
သဗ္ဗသဿာနိ၊ အားလုံးသော ကောက်စပါးတို့ကို။
သမ္ပာဒေန္တော၊ ပြည့်စုံလသော်။
ဗဟုနော၊ သော။
ဇနဿ၊ ၏။ပ။
ဟောတိ သေယျထာပိ၊ ဖြစ်သကဲ့သို့။
ဘိက္ခဝေ၊ တို့။
ဧဝမေဝံ၊ ဤအတူပင်။ပ။
[ဂါထာ]သပ္ပညော၊ ပညာရှိသည်။
ဃရံ၊ အိမ်၌။
အာဝသံ(အာဝသန္တော)၊ နေထိုင်လသော်။
ဝတ၊ စင်စစ်ဧကန် အမှန်ပင်။
ဗဟူနံ၊ များစွာသော ပုဂ္ဂိုလ်တို့၏။
အတ္ထာယ၊ ကြီးပွားခြင်းငှာ။
(ဟောတိ၊ ၏)။
ပုဗ္ဗေ၊ ရှေးဦးမဆွအစ၌ပင်။
မာတရံ၊ အမိကိုလည်းကောင်း။
ပိတရံ၊ အဘကိုလည်းကောင်း။
ရတ္တိန္ဒိဝံ၊ ညဉ့်နေ့ပတ်လုံး။
အတန္ဒိတော၊ ပျင်းရိခြင်းမရှိသည်။
(ဟုတွာ၊ ဖြစ်၍)။
ပုဗ္ဗေကတံ၊ ရှေးက ပြုအပ်ခဲ့ဖူးသော မိဘကျေးဇူးကို။
အနုဿရံ(အနုဿရန္တော)၊ အထပ်ထပ်အောက်မေ့ အမှတ်ရလျက်။
**သဟဓမ္မေန**၊ (မိဘ၏ ဂုဏ်ကျေးဇူးဟူသော) အကြောင်းနှင့်တကွဖြစ်သော ပစ္စည်းဝတ္ထု ပေးကမ်းပူဇော်ခြင်းဖြင့်။ပူဇေတိ သဟဓမ္မေန။ ။ "သဟဓမ္မေနာတိ သကာရဏေန ပစ္စယပူဇနေန ပူဇေတိ"ဟု အဋ္ဌကထာဖွင့်၏။ ထိုအဖွင့်အရ "သဟဓမ္မေန- အကြောင်းနှင့်တကွဖြစ်သော ပစ္စည်းဝတ္ထု ပေးကမ်းပူဇော်ခြင်းဖြင့်၊ ပူဇေတိ- ပူဇော်၏"ဟု အနက်ပြန်ဆိုရမည်ကိုလည်းကောင်း၊ ဓမ္မသဒ္ဒါအကြောင်း (ကာရဏ) အနက်ဟောသည်ကိုလည်းကောင်း သိသာပါ၏။ သို့သော် အကြောင်းဟူသည် ဘာကို ဆိုလိုသည်။ ဘာကို အကြောင်းဟု ခေါ်သည်ကိုကား အဋ္ဌကထာ မဖွင့်၍ မသိသာသေး၊ မိမိစဉ်းစားမိသည်ကား-
မိဘက သားသမီးတို့အပေါ်၌ ပြုခဲ့ဖူးသော ကျေးဇူးဂုဏ်ကို အကြောင်း(ဓမ္မ)ဟု ခေါ်ဆိုသင့်၏။ ထို့နောက်"သဟဓမ္မေန ယံ(ပူဇနံ) ဝတ္တတီတိ သဟဓမ္မံ- အကြောင်းနှင့်တကွဖြစ်သော ပူဇော်ခြင်း"ဟု ဝစနတ္ထပြု။ ထိုဝစနတ္ထအရ ဆိုလိုသည်မှာ- မိဘကို သားသမီးက ပစ္စည်းဝတ္ထုဖြင့် ပေးကမ်းပူဇော်ခြင်းသည် အကြောင်းမဲ့ ပူဇော်သည်မဟုတ်။ မိဘက ပြုခဲ့ဖူးသော ကျေးဇူးတည်းဟူသော အကြောင်းကြောင့်သာ ပူဇော်ခြင်းဖြစ်၏။ ထို့ကြောင့် ယင်းသို့သော ပူဇော်ခြင်းသည် အကြောင်းနှင့်တကွ ဖြစ်သည်။ မိဘ၏ ကျေးဇူးတည်းဟူသော အကြောင်းနှင့်တကွဖြစ်သော(အကြောင်းရှိသော)ပူဇော်ခြင်း ဖြစ်သည်ဟု ဆိုလိုရင်း စဉ်းစားမိပါသည်။ ပူဇေတိ၊ ပူဇော်၏။
မိဘက သားသမီးတို့အပေါ်၌ ပြုခဲ့ဖူးသော ကျေးဇူးဂုဏ်ကို အကြောင်း(ဓမ္မ)ဟု ခေါ်ဆိုသင့်၏။ ထို့နောက်"သဟဓမ္မေန ယံ(ပူဇနံ) ဝတ္တတီတိ သဟဓမ္မံ- အကြောင်းနှင့်တကွဖြစ်သော ပူဇော်ခြင်း"ဟု ဝစနတ္ထပြု။ ထိုဝစနတ္ထအရ ဆိုလိုသည်မှာ- မိဘကို သားသမီးက ပစ္စည်းဝတ္ထုဖြင့် ပေးကမ်းပူဇော်ခြင်းသည် အကြောင်းမဲ့ ပူဇော်သည်မဟုတ်။ မိဘက ပြုခဲ့ဖူးသော ကျေးဇူးတည်းဟူသော အကြောင်းကြောင့်သာ ပူဇော်ခြင်းဖြစ်၏။ ထို့ကြောင့် ယင်းသို့သော ပူဇော်ခြင်းသည် အကြောင်းနှင့်တကွ ဖြစ်သည်။ မိဘ၏ ကျေးဇူးတည်းဟူသော အကြောင်းနှင့်တကွဖြစ်သော(အကြောင်းရှိသော)ပူဇော်ခြင်း ဖြစ်သည်ဟု ဆိုလိုရင်း စဉ်းစားမိပါသည်။ ပူဇေတိ၊ ပူဇော်၏။
အနာဂါရေ၊ အိမ်ရာမထောင်၊ ရဟန်းဘောင်၌။
ပဗ္ဗဇိတေ၊ ကပ်ရောက်ကြကုန်လျက်။
ဗြဟ္မစာရယော၊ သိက္ခာသုံးရပ်အကျင့်မြတ်ကို ကျင့်တော်မူကြသော ရဟန်းတို့ကို။
အပစေ၊ ပူဇော်၏။
နိဝိဋ္ဌသဒ္ဓေါ၊ စွဲမြဲစွာ သက်ဝင်သော သဒ္ဓါတရားရှိသော။
ပေသလော၊ ချစ်အပ်သော သီလရှိသော သူတော်ကောင်းသည်။
ဓမ္မေ၊ ကုသိုလ်တရားတို့ကို။
ဉတွာ၊ သိ၍။
(ဗြဟ္မစာရယော၊ တို့ကို)။
ပူဇေတိ၊ ပူဇော်၏။
သော၊ ထိုသူတော်ကောင်းသည်။
သဒ္ဓမ္မေ၊ သူတော်ကောင်းတရား၌။
သုပ္ပတိဋ္ဌိတော၊ ကောင်းမွန်စွဲမြဲစွာ ရပ်တည်လျက်။
ရညော၊ မင်း၏။
ဟိတော၊ စီးပွားကို ပြုကျင့်သူသည်လည်းကောင်း။
ဒေဝဟိတော၊ နတ်တို့၏စီးပွားကို ပြုကျင့်သူသည်လည်းကောင်း။
ဉာတီနံ၊ ဆွေမျိုးတို့၏။
ဟိတော၊ စီးပွားကို ပြုကျင့်သူသည် လည်းကောင်း။
သခီနံ၊ မိတ်ဆွေတို့၏။
ဟိတော၊ ကောင်း။
သဗ္ဗေသံ၊ ကြွင်းကျန်သော သတ္တဝါအားလုံးတို့၏။
ဟိတော၊ ကောင်း။
ဟောတိ၊ ၏။
သ(သော)၊ (သတ္တဝါ အားလုံးတို့၏ အကျိုးစီးပွားကို ပြုကျင့်သော) ထိုသူတော်ကောင်းသည်။
မစ္ဆေရမလံ၊ ဝန်တိုမှုအညစ်အကြေးကို။
ဝိနေယျ၊ ပယ်ဖျောက်ပြီး၍။
သိဝံ၊ ငြိမ်းချမ်းသော။
လောကံ၊ နတ်ပြည် နတ်ဘဝသို့။
ဘဇတေ၊ ကပ်ရောက်၏။
ဣတိ(အဝေါစ)
အဋ္ဌမံ။