Issues
Select Version
sāsanāre-သာသနာရေး
မြန်မာဘာသာ
Bhikkhu Bodhi
English
Aṭṭhakanipātapāḷi
Aṭṭhakanipātapāḷi

4. Gayāsīsasuttaṃ

Author: sāsanāre-သာသနာရေး @ IAPT

ဧကံ၊ တပါးသော။ သမယံ၊ အခါ၌။ ဘဂဝါ၊ မြတ်စွာဘုရားသည်။ **ဂယာယံ**၊ ဂယာရွာ၏အနီး၌။ (ဂယာမည်သော မြစ်၏အနီး၌ တည်ရှိသည် အဖြစ်ကြောင့် ဂယာမည်သော ရွာ၏အနီး၌)ဂယာယံ ဝိဟရတိ ဂယာသီသေ။ ။ ဂယာယံ၌ သ္မိံဝိဘတ်ကို ထုံးစံအတိုင်း သမီပအနက်၌သက်၊ "ဂယာနာမိကာယ နဒိယာ အဝိဒူရေ ပဝတ္တော ဂါမော (ဣတ္ထိလိင်္ဂဝသေန) ဂယာ နာမ- ဂယာမည်သောမြစ်၏ အနီး၌ ဖြစ်သော ရွာသည် (ဣတ္ထိလိင်ဖြင့်) ဂယာမည်၏"ဟု သံယုတ်ဋီကာ၊ ဒု-၂၈၀-၌ ဝစနတ္ထပြု၏။
ဂယာသီသေတိ ဂယာဂါမဿ ဟိ အဝိဒူရေ ဂယာတိ ဧကာ ပေါက္ခရဏီပိ အတ္ထိ နဒီပီ၊ ဂယာသီသနာမကော ဟတ္ထိကုမ္ဘသဒိသော ပိဋ္ဌိပါသာဏောပိ၊ ယတ္ထ ဘိက္ခုသဟဿဿပိ ဩကာသော ပဟောတိ- ဂယာရွာ၏အနီး၌ ဂယာမည်သော ရေကန်တခုနှင့် ဂယာမည်သော မြစ်တစင်းရှိ၏။ ဂယာသီသမည်သော ဆင်ဦးကင်းနှင့်တူသော ကျောက်ဖျာလည်းရှိ၏။ ထို ဂယာသီသ ကျောက်ဖျာသည် ရဟန်းတော်တစ်ထောင် နေနိုင်လောက်အောင် ကျယ်ပြန့်၏။ သံယုတ်အဋ္ဌကထာ-တ-၆။ သာရတ္ထဋီကာ တ-၂၀၈။
ထိုအဖွင့်များအရ ဂယာသဒ္ဒါ၏ အနက်များမှာ (၁) ဂယာမည်သောရွာ၊ (၂)ဂယာမည်သော ရေကန် (၃) ဂယာမည်သောမြစ် ဟူ၍ (၃)နက်ဖြစ်၏။ ဤ၌ 'ဂယာတိ"ဟူသော ဝိသေသနကို ပိဋ္ဌိပါသာဏောတိုင်အောင် လိုက်စပ်၍ ဂယာသီသ ကျောက်ဖျာဟူသော အနက်ကိုပါ ဂယာပုဒ်၏ အနက်အဖြစ်ဖြင့် အဘိဓာန်အနက်ပြန်ဆိုရေးသားမိကြ၏။ အမှန်အားဖြင့်ကား ပိဋ္ဌိပါသာဏော၏ ဝိသေသနမှာ "ဂယာသီသနာမကော"ဟု သီးခြားရှိနေပြီး ဖြစ်သောကြောင့် "ဂယာတိ"ဟူသော ဝိသေသန၏ဝိသေယျတို့မှာ ပေါက္ခရဏီ, နဒီဟူသော နှစ်ပုဒ်သာဖြစ်၏။ ထို့ကြောင့် ကျောက်ဖျာဟူသော အနက်သည် ဂယာပုဒ်၏အနက်မဟုတ်၊ ဂယာသီသ ပုဒ်၏ အနက်သာတည်း၊ ပြခဲ့သော ဂယာပုဒ်အနက် (၃)နက်တို့တွင် ပါဠိတော်အနက်ပြန်ဆိုရန်အတွက် ဂယာရွာဟူသော အနက်တနက်ကိုသာ ယခင်ဋ္ဌဋီကာတို့၌ ညွှန်ပြထား၏။
ဥဒါန်းအဋ္ဌကထာ(၆၇)၌ကား "ဂယာတိ ဂါမောပိ တိတ္ထမ္ပိ ဝုစ္စတိ- ရွာကိုလည်းကောင်း, ရေချိုးဆိပ်ကိုလည်းကောင်း ဂယာဟုခေါ်၏"ဟု ဖွင့်ဆိုပြီးလျှင် ပါဠိတော်၌လည်း "ဂယာယံ- ဂယာမည်သောရွာ၏အနီး၌။ ဝါ- ဂယာမည်သော ရေချိုးဆိပ်၏အနီး၌"ဟု အနက်ပြန်ဆိုရန် ညွှန်ပြထား၏။ ထို၌ ဂယာရေချိုးဆိပ် (ဂယာတိတ္ထ)ဟူသည် တခြားမဟုတ်၊ ဂယာရွာ၏အနီးမှာရှိသော ယခင်ပြခဲ့သော ရေကန်နှင့်မြစ်ပင်တည်း၊ ထိုရေကန်နှင့် မြစ်ကို ပါပပဝါဟနတိတ္ထ (မကောင်းမှုကို မျှောရာဆိပ်)ဟု လူအများ ခေါ်ကြ၏။
ထို့ပြင် ယခင်ဋ္ဌဋီတို့၌ ဆင်ဦးကင်းနှင့်တူသော ကျောက်ဖျာကိုသာ ဂယာသီသခေါ်ဆိုရန် ဖွင့်ပြထားသော်လည်း ဤဥဒါန်းအဋ္ဌကထာ၌ကား "ဂယာသီသေတိ ဂဇသီသသဒိသသိခရော တတ္ထ ဧကော ပဗ္ဗတော ဂယာသီသနာမကော"စသည်ဖြင့် ဆင်းဦးကင်းနှင့်တူသော အထွတ်ရှိသော တောင်တလုံးကို ဂယာသီသဟုခေါ်၍ ထိုတောင်၌ ဆင်ဦးကင်းနှင့်တူသော (ရဟန်းတစ်ထောင်နနိုင်လောက်သော)ကျောက်ဖျာ၌ မြတ်စွာဘုရား သီတင်းသုံးနေတော်မူ၏"ဟု ဖွင့်ထားသည်။
ဂယာသီသ၏ ဝစနတ္ထ။ ။ ဟတ္ထိကုမ္ဘသဒိသော ဟူသော အဖွင့်နှင့် ဂဇသီသသဒိသသိခရောဟူသော အဖွင့်တို့ကိုထောက်၍ နဂိုမူလက ဆင်အနက်ဟော ဂဇသဒ္ဒါဖြင့် "ဂဇသီသ"ဟု ပါဌ်ရှိရာမှ ဇကိုယပြု၊ ဒီဃလည်းပြု၍ ဂယာသီသရုပ်ပြီးသည်ဟုကြံသင့်၏။ ဇနှင့်ယသည် ပြောင်းလဲတတ်၏။ ဥပမာအားဖြင့် ဇမှ ယသို့ ပြောင်းလျှင် နိဇံ ပုတ္တံမှ နိယံပုတ္တံဟု ဖြစ်၍ ယမှ ဇသို့ ပြောင်းလျှင် ဂဝယောမှ ဂဝဇောဖြစ်၏။ ဂဇဌဿ သီသံ ဂယာသီသံ- ဆင်ဦးကင်း။ ဂယာသီသံ ဝိယာတိ ဂယာသီသော- ဆင်ဦးကင်းနှင့်တူသော ကျောက်ဖျာ၊ (တနည်း) ဥဒါန်းအဋ္ဌကထာအလိုအားဖြင့် ယင်းသို့ ဥပမာတဒ္ဓိတ်ဝစနတ္ထပြု၍ "ဆင်ဦးကင်းနှင့်တူသော တောင်ထွတ်"ဟူသောအနက်ကို ယူပြီးနောက် "ဂယာသီသော ယတ္ထ အတ္ထီတိ ဂယာသီသော- ဆင်ဦးကင်းနှင့်တူသော အထွတ်ရှိသောတောင်ဟူ၍ တောင်ကိုလည်း ဂယာသီသဟု ခေါ်ရမည်ဖြစ်၏။
ဂယာရွာမှ ဂယာမြို့သို့။ ။ ပြခဲ့သော အဋ္ဌကထာဋီကာအဖွင့်များအရ မြတ်စွာဘုရားလက်ထက်တော်တုန်းက ဂယာဂါမ (ဂယာရွာ)ဟူ၍ ရွာမျှသာ ဖြစ်ကြောင်းသိရ၏၊ သို့သော် မော်လမြိုင်မြို့ တောင်ပေါက်ဆရာတော်ကြီး၏ ဗုဒ္ဓသာသနိက ပဌဝီဝင်ကျမ်းကြီးနှင့် မောင်အံ့ (မဟာဝိဇ္ဇာ- ဘုံဘေ)၏ ဗုဒ္ဓဂယာစာအုပ်တို့၌ ပါရှိသည့်အတိုင်း ဖော်ပြရသော် ထိုဂယာရွာသည် ယခုအခါ အိန္ဒိယနိုင်ငံ ဗီဟာပြည်နယ်အတွင်း၌ ဂယာမြို့ဟူ၍ ဒိစကြိတ်မြို့ကြီးအဖြစ်ဖြင့် တိုးတက်စည်ကားနေ၏။ ဘုရားပွင့်တော်မူရာ မဟာဗောဓိပင်နှင့် မဟာဗောဓိစေတီတော်တည်ရှိရာ ဒေသအနီးတဝိုက်ကို(ထိုဂယာမြို့၏အနီး၌ တည်ရှိမှုကြောင့်) ယခုအခါ ဗုဒ္ဓဂယာဟုဖေါ်၏။ ထိုဗုဒ္ဓဂယာနှင့် ဂယာမြို့သည် ၇မိုင် (၁၂-ကိလိုမီတာ) ဝေး၏။ ဂယာသီသအရပ်ကား မဟာဗောဓိ(ဗုဒ္ဓဂယာ)၏ မြောက်ဘက် ၆-မိုင်ခန့်အကွာ (ပါဠိကျမ်းဂန်တို့အလို သုံးဂါဝုတ်အကွာ) ၌ တည်ရှိ၏။ ဂယမည်သောမင်းက တည်ထောင်ခဲ့၍ ဂယာမြို့ခေါ်သည်ဟုလည်းဆို၏။
ဂယာသီသေ၊ (ဆင်ဦးကင်းနှင့်တူ၍) ဂယာသီသမည်သော ကျောက်ဖျာ၌။ ဝိဟရတိ၊ သီတင်းသုံးနေတော်မူ၏။
တတြ၊ ထိုဂယာသီသကျောက်ဖျာ၌။ ဝါ၊ (ဂယာရွာအနီးရှိ ဂယာသီသကျောက်ဖျာဝယ် သီတင်းသုံးနေတော်မူရာ) ထိုအခါ၌။ ဘဂဝါ၊ သည်။ ဘိက္ခူ၊ ရဟန်းတို့ကို။ ဘိက္ခဝေါ၊ ရဟန်းတို့။ ဣတိ၊ ဤသို့။ အာမန္တေသိ၊ မိန့်ခေါ်တော်မူပြီ။ပ။ ဘိက္ခဝေ၊ ရဟန်းတို့။ အဟံ၊ ငါဘုရားသည်။ သမ္မောဓာ၊ အရိယမဂ်ဉာဏ်လေးပါးမှ။ ဝါ၊ အရိယမဂ်ဉာဏ်လေးပါးသို့ ရောက်ရာအခါမှ။ ပုဗ္ဗေဝ၊ ရှေး၌ပင်လျှင်။ အနဘိသမ္ဗုဒ္ဓေါ၊ သစ္စာလေးပါးတရားကို ထိုးထွင်း မသိသေးသော။ ဗောဓိသတ္တော ဧဝ၊ ဘုရားအလောင်းတော်သည်သာလျှင်။ သမာနော၊ ဖြစ်စဉ်။ ဩဘာသညေဝ၊ ဒိဗ္ဗစက္ခုဉာဏ်ဟူသော အရောင်အလင်းကိုသာလျှင်။ သဉ္ဇာနာမိ၊ သိ၏။ ရူပါနိ စ၊ (နတ်ရူပါရုံစသော) အဆင်းရူပါရုံတို့ကိုကား။ နော ပဿာမိ၊ မမြင်ရ။
ဘိက္ခဝေ၊ တို့။ တဿ မယှံ၊ ထိုငါဘုရား၏။ ဝါ၊ မှာ။ ဧဝံ၊ ဤသို့ စဉ်းစားမိခြင်းသည်။ အဟောသိ၊ ဖြစ်ပြီ။ (ကိန္တိ၊ အဘယ်သို့ စဉ်းစားမိခြင်းသည်။ အဟောသိ၊ ဖြစ်သနည်းဟူမူ)
အဟံ၊ ငါသည်။ ဩဘာသဉ္စေဝ၊ ဒိဗ္ဗစက္ခုဉာဏ်အရောင်အလင်းကိုလည်း။ သစေ သဉ္ဇာနေယျံ၊ အကယ်၍ သိငြားအံ့။ ရူပါနိစ၊ တို့ကိုလည်း။ သစေ ပဿေယျံ၊ အကယ်၍ မြင်ရငြားအံ့။
ဧဝံ၊ ဤသို့သိသည် မြင်သည် ဖြစ်လသော်။ မေ၊ ငါ၏။ ဣဒံ ဉာဏဒဿနံ၊ ဤဒိဗ္ဗစက္ခုဉာဏ်အမြင်သည်။ ပရိသုဒ္ဓတရံ၊ သာ၍ ဖြူစင်သန့်ရှင်းသည်။ အဿ၊ ဖြစ်နိုင်၏။ ဣတိ၊ ဤသို့ စဉ်းစားမိခြင်းသည်။ (အဟောသိ၊ ဖြစ်ပြီ)
ဘိက္ခဝေ၊ တို့။ သော အဟံ၊ ထိုငါသည်။ အပရေန၊ တပါးတခြားသော။ သမယေန၊ အခါ၌။ အပ္ပမတ္တော၊ မမေ့လျော့သည်။ အာတာပီ၊ ပြင်းထန်သော သမ္မပ္ပဓာန် ဝီရိယရှိသည်။ ပဟိတတ္တော၊ (အလိုရှိအပ်သောအကျိုး ပြီးစီးရေးသို့ ရှေ့ရှု) စေလွှတ်အပ်သော စိတ်ရှိသည်။ (ဟုတွာ၊ ဖြစ်၍) ဝိဟရန္တော၊ နေလသော်။ ဩဘာသဉ္စေဝ၊ ကိုလည်း။ သဉ္ဇာနာမိ၊ သိ၏။ ရူပါနိ စ၊ တို့ကိုလည်း။ ပဿာမိ၊ မြင်ရ၏။
စ၊ သို့သော်လည်း။ တာဟိ ဒေဝတာဟိ၊ ထိုနတ်တို့နှင့်။ သဒ္ဓိံ၊ အတူတကွ။ နေဝ သန္တိဋ္ဌာမိ၊ မရပ်ရ။ နော သလ္လပါမိ၊ စကားမပြောရ။ သာကစ္ဆံ၊ ပြောဆိုဆွေးနွေးခြင်းသို့။ နော သမာပဇ္ဇာမိ၊ မရောက်ရ။ပ။
အဟံ၊ သည်။ ဩဘာသဉ္စေဝ၊ ကိုလည်း။ သစေ သဉ္ဇာနေယျံ၊ အံ့။ ရူပါနိ စ၊ လည်း။ သစေ ပဿေယျံ၊ အံ့။ တာဟိ ဒေဝတာဟိ စ၊ ထိုနတ်တို့နှင့်လည်း။ သဒ္ဓိံ၊ ကွ။ သစေ သန္တိဋ္ဌေယျံ၊ အကယ်၍ ရပ်ရငြားအံ့။ သစေ သလ္လပေယျံ၊ အံ့။ သာကစ္ဆံ၊ သို့။ သစေ သမာပဇ္ဇေယျံ၊ အကယ်၍ရောက်ငြားအံ့။
ဧဝံ၊ ဤသို့ဖြစ်လသော်။ မေ၊ ငါ၏။ပ။ အဿ၊ ၏။ ဣတိ၊ ဤသို့ စဉ်းစားမိခြင်းသည်။ (‌အဟောသိ၊ ပြီ)။ပ။
တာဟိ ဒေဝတာဟိ စ၊ တို့နှင့်လည်း။ သဒ္ဓိံ၊ ကွ။ သန္တိဋ္ဌာမိ၊ ရပ်ရ၏။ သလ္လပါမိ၊ စကားလည်းပြောရ၏။ သာကစ္ဆံ၊ သို့။ သမာပဇ္ဇာမိ၊ ရောက်ရ၏။
စ၊ သို့သော်လည်း။ တာ ဒေဝတာ၊ ထိုနတ်တို့ကို။ ဣမာ ဒေဝတာ၊ ဤနတ်တို့သည်။ အမုကမှာ ဝါ၊ ထိုမည်သည်လည်း ဖြစ်သော။ အမုကမှာ ဝါ၊ သော။ ဒေဝနိကာယာ၊ နတ်အပေါင်းမှ။ ဝါ၊ နတ်ပြည်မှ။ (အာဂတာ၊ ရောက်လာကြကုန်သော။ ဒေဝတာ၊ နတ်တို့တည်း။) ဣတိ၊ သို့။ နော ဇာနာမိ၊ မသိ။
ဘိက္ခဝေ၊ တို့။ တဿ မယှံ၊ ၏။ ဝါ၊ မှာ။ပ။
သစေ သမာပဇ္ဇေယျံ၊ အံ့။ စ၊ ထို့အပြင်။ တာ ဒေဝတာ၊ ထိုနတ်တို့ကို။ ဣမာ ဒေဝတာ၊ တို့သည်။ အမုကမှာ ဝါ၊ သော။ အမုကမှာ ဝါ၊ သော။ ဒေဝနိကာယာ၊ မှ။ ဝါ၊ မှ။ (အာဂတာ၊ ကုန်သော။ ဒေဝတာ၊ တည်း) ဣတိ၊ သို့။ သစေ ဇာနေယျံ၊ အံ့။ပ။
တာ စ ဒေဝတာ၊ တို့ကိုလည်း။
ဣမာ ဒေဝတာ၊ တို့သည်။ပ။ ဣတိ၊ သို့။ ဇာနာမိ၊ သိ၏။ စ၊ သို့သော်လည်း။ တာ ဒေဝတာ၊ တို့ကို။
ဣမာ ဒေဝတာ၊ တို့သည်။ ဣမဿ ကမ္မဿ၊ ဤကုသိုလ်ကံ၏။ ဝိပါကေန၊ အကျိုးဝိပါက်ဖြင့်။ ဣတော၊ ဤလူ့ဘဝမှ။ ဝါ၊ ဤလူ့ပြည်မှ။ စုတာ၊ ရွေ့လျောစုတေ သေလွန်ခဲ့ကြကုန်သည်။ (ဟုတွာ၊ ဖြစ်ကြ၍) တတ္ထ၊ ထိုနတ်ဘဝ၌။ ဝါ၊ နတ်ပြည်၌။ ဥပပန္နာ၊ ဖြစ်ကြရကုန်ပြီ။ ဣတိ၊ ဤသို့။
နော ဇာနာမိ၊ မသိရ။ပ။ တာ စ ဒေဝတာ၊ တို့ကိုလည်း။ပ။ ဥပပန္နာ၊ ပြီ။ ဣတိ၊ သို့။ ဇာနာမိ၊ သိရ၏။
စ၊ သို့သော်လည်း။ တာ ဒေဝတာ၊ တို့ကို။ ဣမာ ဒေဝတာ၊ တို့သည်။ ဣမဿ ကမ္မဿ၊ ၏။ ဝိပါကေန၊ ဖြင့်။ ဧဝမာဟာရာ၊ ဤသို့သော အစာအာဟာရရှိကုန်၏။ ဧဝံသုခဒုက္ခပ္ပဋိသံဝေဒိနိယော၊ ဤသို့သော ချမ်းသာဆင်းရဲကို ခံစားနေကြကုန်၏။ ဣတိ၊ သို့။ နော ဇာနာမိ၊ မသိရ။ပ။
ဣမာ ဒေဝတာ၊ တို့သည်။ ဧဝံဒီဃာယုကာ၊ ဤမျှလောက်ရှည်သော အသက်ရှိကုန်၏။ ဧဝံစိရဋ္ဌိတိကာ၊ ဤမျှလောက် ကြာမြင့်စွာ တည်နေရခြင်း ရှိကုန်၏။ ဣတိ၊ သို့။ နော ဇာနာမိ၊ ။ပ။
စ၊ သို့သော်လည်း။ တာ ဒေဝတာ၊ တို့ကို။ မေ၊ ငါသည်။ ဣမာဟိ ဒေဝတာဟိ၊ ဤနတ်တို့နှင့်။ သဒ္ဓိံ၊ အတူတကွ။ ယဒိ သန္နိဝုတ္ထပုဗ္ဗံ၊ ရှေး၌နေသော်လည်း နေအပ်ခဲ့ဖူးပြီ။ ဣတိ ဝါ၊ ဤသို့သော်လည်းကောင်း။ ယဒိ န သန္နိဝုတ္ထပုဗ္ဗန္တိ၊ ရှေး၌မနေသော်လည်း မနေအပ်ခဲ့ဖူး။ ဣတိ ဝါ၊ ကောင်း။ နော ဇာနာမိ၊ မသိရ။
ဘိက္ခဝေ၊ တို့။ တဿ မယှံ။ပ။
သစေ သဉ္ဇာနေယျံ၊ အံ့။ပ။
ယဒိ န သန္နိဝုတ္ထပုဗ္ဗန္တိ၊ ဖူး။ ဣတိ ဝါ၊ သော်လည်းကောင်း။ သစေ ဇာနေယျံ၊ အကယ်၍ သိရငြားအံ့။
ဧဝံ၊ ဤသို့ ဖြစ်လသော်။ မေ၊ ငါ၏။ပ။
ဘိက္ခဝေ၊ တို့။ ယာဝကီဝဉ္စ၊ အကြင်မျှလောက် ကာလပတ်လုံး။ မေ၊ ငါ၏။ ဧဝံ၊ ဤသို့သော။ အဋ္ဌပရိဝဋ္ဋံ၊ ရှစ်ဆင့် ရှစ်ထပ်ရှိသော။ အဓိဒေဝဉာဏဒဿနံ၊ သမ္မုတိနတ်တို့ထက် သာလွန်သော ဥပပတ္တိ နတ်တို့နှင့် စပ်သော ဉာဏ်အမြင်သည်။ သုဝိသုဒ္ဓံ၊ ကောင်းစွာသန့်ရှင်းစင်ကြယ်သည်။ န အဟောသိ၊ မဖြစ်သေး။ ဘိက္ခဝေ၊ တို့။ တာဝ၊ ထိုမျှလောက်သော ကာလပတ်လုံး။ အဟံ၊ သည်။ပ။ [သတ္တကနိပါတ် စာပိုဒ်(၅၀) မေထုနသုတ်၊ ဤစာအုပ်စာမျက်နှာ (၁၁၆)ကြည့်]
စတုတ္ထံ။