အထ ခေါ၊ ၌။
အာယသ္မာ သာရိပုတ္တော၊ အရှင်သာရိပုတြာသည်။ပ။
သာရိပုတ္တ၊ သာရိပုတြာ။
ခီဏာသဝဿ၊ ကုန်ခန်းပြီးသော အာသဝရှိသော။
ဘိက္ခုနော၊ ရဟန်း၏။
ဗလာနိ၊ ဉာဏ်စွမ်းအားတို့သည်။
ကတိ နုခေါ၊ အဘယ်မျှ ရှိကုန်သနည်း။
(ကတိဟိ၊ အဘယ်မျှရှိကုန်သော)။
ယေဟိ ဗလေဟိ၊ ယင်းဉာဏ်စွမ်းအားတို့နှင့်။
သမန္နာဂတော၊ ပြည့်စုံသော။
ခီဏာသဝေါ၊ ကုန်ခန်းပြီးသော အာသဝရှိသော။
ဘိက္ခု၊ ရဟန်းသည်။
မေ၊ ငါ့မှာ။
[တနည်း- မေ၊ ငါ၏။
သန္တာနေ၊ စိတ်အစဉ်၌]။
အာသဝါ၊ အာသဝတို့သည်။
ခီဏာ၊ ကုန်ခန်းကုန်ပြီ။
ဣတိ၊ ဤသို့။
အာသဝါနံ၊ အာသဝတရားတို့၏။
ခယံ၊ ကုန်ကြောင်းအရဟတ္တဖိုလ်ကို။
ပဋိဇာနာတိ၊ ဝန်ခံသနည်း။
ဣတိ၊ ဤသို့။
(အဝေါစ၊ မေးတော်မူပြီ)။
ဘန္တေ၊ မြတ်စွာဘုရား။
ခီဏာသဝဿ၊ သော။
ဘိက္ခုနော၊ ၏။
ဗလာနိ၊ တို့သည်။
အဋ္ဌ၊ ရှစ်ပါးတို့ပါတည်း။
(အဋ္ဌဟိ၊ ရှစ်ပါးကုန်သော)
ယေဟိ ဗလေဟိ၊ ယင်းဉာဏ်စွမ်းအားတို့နှင့်။
သမန္နာဂတော။ပ။
ခယံ၊ ကို။
ပဋိဇာနာတိ၊ ဝန်ခံပါ၏။
အဋ္ဌ၊ ရှစ်ပါးသော ဉာဏ်စွမ်းအားတို့ဟူသည်။
ကတမာနိ၊ အဘယ်တို့တည်းဟူမူ။
ဘန္တေ၊ ရား။
ဣဓ၊ ဤသာသနာတော်၌။
ခီဏာသဝဿ၊ သော။
ဘိက္ခုနော၊ ရဟန်းသည်။ [သုဒိဋ္ဌာ-၌စပ်။]
သဗ္ဗေ၊ အားလုံးကုန်သော။
သင်္ခါရာ၊ တေဘူမကသင်္ခါရတို့ကို။
ဝါ၊ တို့သည်။
မနိစ္စတော၊ (ဖြစ်ပြီး ပြိုကွဲ) မမြဲသော သဘောတရား၏ အဖြစ်အားဖြင့်။
ဝါ၊ မမြဲသောသဘောတရားဟူ၍။
ယထာဘူတံ၊ အဖြစ်မှန်သဘောအတိုင်း။
**သမ္မာ**၊ အကြောင်းမှန်, နည်းမှန်အားဖြင့်။သမ္မာ-အကြောင်းမှန်,နည်းမှန်။ ။ ဤ၌ သမ္မာသုဒ္ဒါကို "ဟေတုနာ နယေန"ဟူ၍ ဒီ, ပါထိကဝဂ်အဋ္ဌကထာ ၂၄၆ (ဒသုတ္တရသုတ်)၌ ဖွင့်၏။ ထိုတွင် "ဟေတုနာတိ အာဒိအန္တဝန္တတော အနစ္စန္တိကတော တာဝကာလိကတော နိစ္စပဋိပက္ခတော ဧဝမာဒိနာ ဟေတုနာ"ဟူသော ယင်းဋီကာ (၂၈၅)နှင့်အညီ သင်္ခါရတရားတို့၏ ဥပါဒ်ဟူသော အစ, ဘင်ဟူသောအဆုံးရှိသည်အဖြစ်ဟူသော (အာဒိအန္တဝန္တု) အကြောင်းကိုလည်းကောင်း။ ဘင် ခဏဟူသော အဆုံးအပိုင်း အခြားကို မလွန်သည်အဖြစ်ဟူသော (အနစ္စန္တိက) အကြောင်းကိုလည်းကောင်း။ အခိုက်အတန့်မျှ တည်တံ့ခြင်းဟူသော (တာဝကာလိက)အကြောင်းကိုလည်းကောင်း၊ နိစ္စသဘော၏ဆန့်ကျင်ဘက်ဖြစ်သောအကြောင်းကိုလည်းကောင်း ဟေတု(အကြောင်းမှန်)ဟုဆိုလို၏။ ထို့အပြင်-
ယခုပစ္စုပ္ပန် သင်္ခါရတို့ကဲ့သို့ပင် အတိတ်, အနာဂတ် သင်္ခါရတို့သည်လည်း အနိစ္စ(မမြဲသောသဘောတရား) ဖြစ်ကုန်၏။ သင်္ခတ (အကြောင်းတရားတို့က ပေါင်းဆုံ၍ စီမံပြုလုပ်အပ်သောတရား) ဖြစ်ကုန်၏။ ပဋိစ္စသမုပ္ပန္န (အဝိဇ္ဇာအစရှိသော အကြောင်းကြောင့် ဖြစ်သောတရား)။ ခယဓမ္မ (ကုန်ခန်းခြင်းသဘောရှိသောတရား)။ ဝယဓမ္မ(ပျက်စီးခြင်း သဘောရှိသောတရား) ဖြစ်ကုန်၏။ ဤသို့စသည်ဖြင့် ပစ္စုပ္ပန်သင်္ခါရတို့ကို နည်းမှီး၍ အတိတ်, အနာဂတ် သင်္ခါရတို့ကို ရှုဆင်ခြင်းကို နယ(နည်းမှန်_ဟု ဆိုလိုသည်။ ပညာယ၊ ဝိပဿနာပညာ, မဂ်ပညာဖြင့်။ သုဒိဋ္ဌာ၊ ကောင်းစွာရှုမြင်အပ်ပြီးကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။

ဘိက္ခုနော၊ သည်။ပ။
သုဒိဋ္ဌာ၊ ကောင်းစွာ ရှုမြင်အပ်ပြီးကုန်သည်။
**ယံ ဟောန္တိ**၊ အကြင်ဖြစ်ကုန်၏။ [ယမ္ပိ-၌ ပိသဒ္ဒါ အနက်မရှိ]။ယံသဒ္ဒါ၏အနက်နှင့် ပဌမခီဏာသဝဗလ။ ။ ပဋိသမ္ဘိဒါမဂ် အဋ္ဌကထာ၊ ဒု-၂၂၉ ၌ ယန္တိ ဘာဝနပုံသကဝစနံ၊ ယေန ကာရဏေနာတိ ဝါ အတ္ထော"ဟု ဖွင့်၏။ ထို၌ ယံသဒ္ဒါ၏ ဘာဝနပုံသက (ကြိယာဝိသေသန) အနက်ဟူသည် "ယံ ဟောန္တိ- အကြင်ဖြစ်ကုန်၏"ဟူ၍ ဟောန္တိကိရိယာနှင့် တွဲစပ်ပြန်ဆိုရသော ကိရိယာ ပရာမသနအနက်ကိုပင် ဆိုလိုသည်ဟု ယူဆပါ၏။ ထို့နောက် "ယေန ကာရဏေန"ဟူသော အဖွင့်အလို "ဘန္တေ- အရှင်ဘုရား။ ယံ- အကြင်အကြောင်းကြောင့်။ ခီဏာသဝဿ- သော။ ဘိက္ခုနော- သည်။ပ။ သုဒိဋ္ဌာ-ကုန်သည်။ ဟောန္တိ- ဖြစ်ကုန်၏။ ဣဒမ္ပိ- ဤကောင်းစွာ ရှုမြင်ခြင်းဟူသော သဘောတရားသည်လည်း"ဟူ၍ အနက်ဆိုရ၏။ ဤဒုတိယနည်း၌ ယံသဒ္ဒါကို ကာရဏအနက်ဟောဟုဆိုသော်လည်း ကိရိယာ ပရာမသနအနက်နှင့် သဘောတူပင် ဖြစ်ပါ၏ ထို့ကြောင့်-
အကြင်အကြောင်းကြောင့် ကောင်းစွာ ရှုမြင်အပ်ပြီးသည် ဖြစ်ကုန်၏။ ဤကောင်းစွာ ရှုမြင်ခြင်းသဘောသည်လည်း ခီဏာသဝဗလမည်၏"ဟုပင် ဆိုလို၏။ ဤကောင်းစွာ ရှုမြင်ကြောင်း (ရှုမြင်ခြင်း၏ အကြောင်း)ဟူ၍ ရှုမြင်ခြင်းက တခြား, အကြောင်းက တခြားအားဖြင့် အကြောင်းအကျိုး ခွဲဖွယ်မလိုပါ။ ခွဲလျှင်လည်း အဘေဒဘေဒူပစာရဟု ကြံရပေလိမ့်မည်။ ဤ၌ ပဌမဖြစ်သော ခီဏာသဝဗလဟူသည် သင်္ခါရအားလုံးတို့ကို အနိစ္စဟု ကောင်းစွာ ရှုမြင်သော ဝိပဿနာဉာဏ်နှင့် မဂ်ဉာဏ်ပင် ဖြစ်သည်ဟု ပါဠိတော် စာသားကို ကြည့်၍ သိနိုင်၏။ ဘန္တေ၊ ရား။ ဣဒမ္ပိ၊ ဤကောင်းစွာရှုမြင်ခြင်း သဘောတရားသည်လည်း။ (သင်္ခါရအားလုံးတို့ကို အနိစ္စဟု ကောင်းစွာရှုမြင်ခြင်းသဘောတရားသည်လည်း)။ ခီဏာသဝဿ၊ သော။ ဘိက္ခုနော၊ ၏။ ဗလံ၊ ဉာဏ်စွမ်းအားသည်။ ဟောတိ၊ ဖြစ်ပါ၏။ ယံ ဗလံ၊ ယင်းသို့သော ဉာဏ်စွမ်းအားသို့။ အာဂမ္မ၊ ဆိုက်ရောက်၍။ပ။ ဣတိ၊ ဤသို့။ ခယံ၊ ကို။ ပဋိဇာနာတိ၊ ဝန်ခံပါ၏။

ပုနစပရံ၊ နောက်ထပ်အခြားသော ဉာဏ်စွမ်းအားကား။
[တနည်း- ဘန္တေ၊ ရား။
ပုန၊ နောက်ထပ်၊
အပရံစ၊ အခြားသော ဉာဏ်စွမ်းအားကိုလည်း။
အဟံ၊ တပည့်တော်သည်။
ဘာသိဿာမိ၊ လျှောက်ပါအံ့]
ခီဏာသဝဿ၊ သော။
ဘိက္ခုနော၊ သည်။
ကာမာ၊ (ဝတ္ထု, ကိလေသာ၊နှစ်ဖြာသော) ကာမတို့သည်။
အင်္ဂါရကာသူပမာ၊ (လွန်စွာပြင်းခြင်းကြောင့်) မီးကျီးတွင်းဟူသော ဥပမာရှိကုန်၏။
ဝါ၊ မီးကျီးတွင်း မီးကျီးပုံနှင့် တူကုန်၏။
(ဣတိ၊ ဤသို့)
ယထာဘူတံ၊ တိုင်း။
သမ္မာ၊ ဖြင့်။
ပညာယ၊ ဖြင့်။
သုဒိဋ္ဌာ၊ ကုန်သည်။
ဟောန္တိ၊ ဖြစ်ကုန်၏။
ဘန္တေ၊ ရား။
ခီဏာသဝဿ။ပ။
သုဒိဋ္ဌာ၊ ကုန်သည်။
ယံ ဟောန္တိ၊ အကြင်ဖြစ်ကုန်၏။
ဘန္တေ၊ ရား။
ဣဒမ္ပိ၊ ဤကောင်းစွာ ရှုမြင်ခြင်းသည်လည်း။ (ဤသို့ ကာမတို့ကို မီးကျီးတွင်းနှင့်တူ၏ဟု ရှုမြင်ခြင်းသည်လည်း)
ခီဏာသဝဿ၊ ၏။ပ။
ပဋိဇာနာတိ၊ ဝန်ခံပါ၏။
ဘန္တေ၊ ရား။
ပုနစပရံ၊ ကား။
ခီဏာသဝဿ၊ သော။
ဘိက္ခုနော၊ ၏။
စိတ္တံ၊ သည်။
ဝိဝေကနိန္နံ၊ ဥပဓိအားလုံး ကင်းဆိတ်သုဉ်းသည့် နိဗ္ဗာန်၌ (ဖလသမာပတ်ဖြင့်) ညွတ်ယိမ်းသည်။
ဝိဝေကပေါဏံ၊ ဥပဓိအားလုံး ကင်းဆိတ်သုဉ်းသည့် နိဗ္ဗာန်၌ (ဖလသမာပတ်ဖြင့်) ကိုင်းသည်။
ဝိဝေကပဗ္ဘာရံ၊ ဥပဓိအားလုံး ကင်းဆိတ်သုဉ်းသည့် နိဗ္ဗာန်၌ (ဖလသမာပတ်ဖြင့်) ရှိုင်းသည်။
[နိန္န၊ ညွတ်ယိမ်း။
ပေါဏ၊ ကိုင်း။
ပဗ္ဘာရ၊ ရှိုင်း]
ဝူပကဋ္ဌံ၊ ကိလေသာတို့မှ ကင်းကွာသည်။
[တနည်း- **ဝိဝေကဋ္ဌံ**၊ ကိလေသာတို့မှ ကင်းရှင်းဆိတ်သုဉ်းအားဖြင့် တည်သည်။ဝိဝေကဋ္ဌံပါဌ် စိစစ်ချက်။ ။ ဤသုတ်ပါဠိတော်နှင့် ဒီ၊ပါထိကဝဂ် ဒသုတ္တရ သုတ်ပါဠိတော် (၂၄၃)၊ ပဋိသမ္ဘိဒါမဂ်ပါဠိတော် ယုဂနဒ္ဓဝဂ် ဗလကထာ(၃၅၅)တို့၌ ဝိဝေကဋ္ဌပါဌ်ကိုချည်း တွေ့ရသော်လည်း ဥပရိပဏ္ဏာသပါဠိတော် မဟာသုညတသုတ် (၁၅၃)၌မူ ဝူပကဋ္ဌပါဌ်ကို တွေ့ရ၏။ တဖန် ဤသုတ်အဋ္ဌကထာနှင့် ပဋိသမ္ဘိဒါမဂ်အဋ္ဌကထာ၊ ဒု-၂၃၀ ၌မူ ဝိဝေကဋ္ဌံ- ဟုပင် သံဝဏ္ဏေတဗ္ဗပါဌ်ရှိပြီး "ဝိဝေကဋ္ဌန္တိ ကိလေသေဟိ ဝဇ္ဇိတံ ဒူရီဘူတံ ဝါ"ဟု အဖွင့်ဝါကျတွေ့ရ၏။ ထိုအဖွင့်ဝါကျအတိုင်းဆိုလျှင်-
ဝိဝေကနိန္နံ-အစရှိသော ရှေ့(၃)ပုဒ်တို့မှ ဝိဝေကသဒ္ဒါ၏ အနက်နှင့် ဝိဝေကဋ္ဌံပုဒ်မှ ဝိဝေကသဒ္ဒါ၏ အနက်သည် တခြားစီဖြစ်နေလေ၏။ အမှန်အားဖြင့်ကား ဤနေရာ၌ ဝိဝေကသဒ္ဒါအားလုံး၏ အနက်သည် နိဗ္ဗာန်တမျိုးတည်းသာ ဖြစ်သင့်၏။ သို့ပါလျက် ဝိဝေကဋ္ဌပုဒ်ကျမှ ဝိဝေကသဒ္ဒါအနက်ဖွင့်ပုံ တမျိုးတဖုံဖြစ်နေသည်ကို ထောက်လျှင် ထိုအဖွင့်ဝါကျသည် ဝိဝေကဋ္ဌပါဌ်၏ အဖွင့်ဝါကျ မဖြစ်နိုင်၊ ထိုအဖွင့် ဝါကျသည် သတ္တကနိပါတ်စာပိုဒ် (၈၃) သတ္ထုသာသနသုတ် အဋ္ဌကထာ (နှာ-၉၀)မှ "ဝူပကဋ္ဌောတိ....ကိလေသေဟိ ဝူပကဋ္ဌော....ဒူရီဘူတော"ဟူသော ဝူပကဋ္ဌပုဒ် အဖွင့်ဝါကျနှင့် အနည်းငယ်တူ၏။ ထို့ကြောင့် ဤဒုတိယဗလသုတ်မှ ထိုအဖွင့်ဝါကျသည်လည်း ဝူပကဋ္ဌပုဒ်၏အဖွင့်ဝါကျသာ ဖြစ်သင့်၏။ ထိုအကြောင်းများကို ထောက်၍ ယခင် ပါဠိတော်အားလုံးနှင့် အဋ္ဌကထာအဖွင့်ဝါကျတို့၌ ဝိဝေကဋ္ဌ ပါဌ်နေရာ၌ ဥပရိပဏ္ဏာသပါဠိတော်အတိုင်း ဝူပကဋ္ဌပါဌ်ချည်းသာ တညီတညွတ်တည်း ရှိသင့်ပါသည်။ ဝါ၊ ကိလေသာတို့မှ ဝေးကွာသောအားဖြင့် တည်သည်။} နေက္ခမ္မာဘိရတံ၊ ကာမတို့မှထွက်ခွာသော ရဟန်းအဖြစ်၌ ပျော်မွေ့သည်။ ဝါ၊ အိမ်အနှောင်အဖွဲ့မှ ထွက်ခွာသော ရဟန်းအဖြစ်၌ ပျော်မွေ့သည်။ သဗ္ဗသော၊ အားလုံးစုံသော အခြင်းအရာအားဖြင့်။ ဝါ၊ အားလုံးစုံအကုန်အစင်။ အာသဝဋ္ဌာနိယေဟိ၊ (ယှဉ်ဖော် ယှဉ်ဖက် အနေအားဖြင့်) အာသဝတို့၏ တည်ရာ အကြောင်းဖြစ်ကုန်သော။ ဓမ္မေဟိ၊ ကိလေသာတရားတို့မှ။ ဝါ၊ တို့နှင့်။ **ဗျန္တိဘူတံ**၊ ကင်းကွာသော အစွန်းအစရှိသည်ဖြစ်၍ ဖြစ်သည်။ဗျန္တိဘူတံ သဗ္ဗသော အာသဝဋ္ဋာနီယေဟိ။ ။ ဗျန္တံ ဝိဂတန္တံ ဟုတွာ ဘူတံ ဗျန္တိဘူတံ- ကင်းကွာသော အစွန်းအစရှိသောစိတ်။ ဗျန္တံ ဝိဂတန္တံ ဟုတွာ ဘူတံ ဗျန္တိဘူတံ- ကင်းသော အစွန်းအစရှိသည်ဖြစ်၍ ဖြစ်သောစိတ်။ ဝါ- တစွန်းတစမျှ (တစိတ်တဒေသမျှပင်) မထိစပ် မငြိကပ်သော (မရောနှောသော)စိတ်။ အဘယ်တရားတို့နှင့် မထိစပ် မရောနှောသနည်းဟု မေးဖွယ်ရှိ၍ "သဗ္ဗသော အာသဝဋ္ဌာနီယေဟိ ဓမ္မေဟိ"ဟု မိန့်တော်မူ၏။ အာသဝဋ္ဌာနီယတရားတို့နှင့် တစွန်းတစမျှ မထိစပ် မရောနှောဟူလို။
ဗျန္တိဘူတန္တိ ဝိဂတန္တဘူတံ ဧကဒေသေနာပိ အနလ္လီနံ ဝိသံယုတ္တံ (ဝိပ္ပမုတ္တံ) ဝိသံသဋ္ဌံ။ ဤသုတ်အဋ္ဌကထာနှင့် ပြခဲ့သော ပဋိသမ္ဘိဒါမဂ်အဋ္ဌကထာ။
တိဋ္ဌန္တိ ဧတေသူတိ ဌာနီယာ၊ အာသဝါနံ ဌာနီယာ အာသဝဋ္ဌာနီယာ- အာသဝတို့၏ တည်ရာအကြောင်းဖြစ်သော ကိလေသာတရားများ။ ထိုကိလေသာတရားတို့သည် အာသဝတို့နှင့် သမ္မယောဂ (ယှဉ်ဖော်ယှဉ်ဖက် တွဲဖက်)များ ဖြစ်ကြ၏။ ထို့ကြောင့် သမ္ပယောဂအနေအားဖြင့် အာသဝတို့၏ တည်ရာအကြောင်းဖြစ်သော ကိလေသာတို့ကို အာသဝဋ္ဌာနီယဟု ခေါ်သည်၊ ဌာနီယာ၌ အနီယပစ္စည်းသည် အဓိကရဏအနက်ဟောတည်း။
(တနည်း) ဗျန္တ (ဝိ+အန္တ)၌ အန္တသဒ္ဒါသည် လာမကအနက်ဟောတည်း။ ဤ၌ ထိုလာမကဖြစ်သော (ယုတ်ညံ့သော) တဏှာကို အန္တဟုခေါ်၏။ ဝိဂတော အန္တော ယဿ စိတ္တဿာတိ ဗျန္တံ- ကင်းကွာသော ညစ်ညမ်းယုတ်မာ တဏှာရှိသောစိတ်။ ဗျန္တံ ဝိဂတန္တံ ဟုတွာ ဘူတံ ဗျန္တိဘူတံ- (အာသဝဋ္ဌာနီယဖြစ်သော တေဘူမက တရားအားလုံးမှ) ကင်းကွာသော တဏှာရှိသောစိတ်။ ဤနောက်နည်း၌ တေဘူမကတရားများကို အာသဝဋ္ဌာနီယဟုဆိုသည်။ အန္တော ဝုစ္စတိ လာမကဋ္ဌေန တဏှာ၊ ဗျန္တံ ဝိဂတန္တံ ဘူတန္တိ ဗျတ္တိဘူတန္တိ အာဟ "ဝိဂတန္တဘူတ"န္တိ၊ နိတ္တဏှန္တိ အတ္ထော။ ဤသုတ်ဋီကာနှင့် ပါထိကဝဂ်ဋီကာ၊ ၂၈၅။ ဤနောက်နည်း၌ ဤသုတ်အဋ္ဌကထာ၌ "အထဝါ ဗျန္တိဘူတန္တိ ဝိဂတဝါယန္တိ အတ္ထော"ဟု ရှိနေ၏။ ဋီကာအတိုင်း "ဝိဂတန္တဘူတံ" သံဝဏ္ဏနာပါဌ် ရှိသင့်၏။ ဝါ၊ တစွန်းတစ, တစိတ်တဒေသမျှ မထိစပ်မရောနှောသည်ဖြစ်၍ ဖြစ်သည်။ ဟောတိ၊ ၏။ (တနည်း) သဗ္ဗသော၊ အားလုံးစုံကုန်သော။ အာသဝဋ္ဌာနိယေဟိ၊ အာသဝတို့၏ တည်ရာအကြောင်းဖြစ်ကုန်သော။ ဓမ္မေဟိ၊ တေဘူမကတရားတို့မှ။ ဗျန္တိဘူတံ၊ ကင်းကွာသော ညစ်ညမ်းယုတ်မာ တဏှာရှိသည်ဖြစ်၍ ဖြစ်သည်။ ဟောတိ၊ ဖြစ်၏။

စိတ္တံ၊ သည်။ပ။
ဓမ္မေဟိ၊ တို့မှ။
ဝါ၊ တို့နှင့်။
ဗျန္တိဘူတံ၊ သည်။
ယံ ဟောတိ၊ အကြင်ဖြစ်၏။
ဘန္တေ၊ ရား။
ဣဒမ္ပိ၊ ဤစိတ်၏ ဝိဝေကနိန္န စသည်ဖြစ်ခြင်းသည်လည်း။
ခီဏာသဝဿ၊ သော။
ဘိက္ခုနော၊ ၏။
ဗလံ၊ ဉာဏ်စွမ်းအားသည်။
ဟောတိ၊ ၏။
ယံ ဗလံ၊ ယင်းဉာဏ်စွမ်းအားသို့။ပ။
ဘန္တေ၊ ရား။
ပုနစပရံ၊ ကား။
ခီဏာသဝဿ၊ သော။
ဘိက္ခုနော၊ သည်။
စတ္တာရော၊ လေးပါးကုန်သော။
သတိပဋ္ဌာန၊ သတိပဋ္ဌာန်တို့ကို။
ဝါ၊ တို့သည်၊
ဘာဝိတာ၊ ဖြစ်ပွားစေအပ်ပြီးကုန်သည်။
သုဘာဝိတာ၊ ကောင်းစွာ ဖြစ်ပွားစေအပ်ပြီးကုန်သည်။
ဟောန္တိ၊ ဖြစ်ကုန်၏။
ဘန္တေ၊ ရား။
ခီဏာသဝဿ၊ သော။ပ။
သုဘာဝိတော၊ ကုန်သည်။
ယံ ဟောန္တိ၊ အကြင်ဖြစ်ကုန်၏။
ဘန္တေ၊ ရား။
ဣဒမ္ပိ၊ ဤသတိပဋ္ဌာန်လေးပါးဖြစ်ပွားစေခြင်းသည်လည်း။ပ။
ဣဒ္ဓိပါဒါ၊ ဣဒ္ဓိပါဒ်တို့ကို။
ဝါ၊ တို့သည်။ပ။
ဣဒမ္ပိ၊ ဤဣဒ္ဓိပါဒ်လေးပါး ဖြစ်ပွားစေခြင်းသည်လည်း။ပ။
ပဉ္စ၊ ငါးပါးကုန်သော။
ဣန္ဒြိယာနိ၊ ဣန္ဒြေတို့ကို။
ဝါ၊ တို့သည်။
ဘာဝိတာနိ၊ ဖြစ်ပွားစေအပ်ပြီးကုန်သည်။ပ။
သတ္တ၊ (၇)ပါးကုန်သော။
ဗောဇ္ဈင်္ဂါ၊ ဗောဇ္ဈင်တို့ကို။
ဝါ၊ တို့သည်။ပ။
အရိယော၊ ဖြူစင်သန့်ရှင်း အပြစ်ကင်းသော။
အဋ္ဌင်္ဂိကော၊ ရှစ်ပါးသော အစိတ်အပိုင်းရှိသော။
မဂ္ဂေါ၊ မဂ်ကို။
ဝါ၊ မဂ်သည်။
ဘာဝိတော၊ ဖြစ်ပွားစေအပ်ပြီးသည်။
သုဘာဝိတော၊ ကောင်းစွာဖြစ်ပွားစေအပ်ပြီးသည်။
ဟောတိ၊ ၏။ပ။
သုဘာဝိတော၊ သည်။
ယံ ဟောတိ၊ အကြင်ဖြစ်၏။
ဘန္တေ၊ ရား။
ဣဒမ္ပိ၊ ဤမဂ္ဂင်ရှစ်ပါး ဖြစ်ပွားစေခြင်းသည်လည်း။ပ။
ဘန္တေ၊ ရား။
ခီဏာသဝဿ၊ သော။
ဘိက္ခုနော၊ ၏။
အဋ္ဌ၊ ရှစ်ပါးကုန်သော။
ဗလာနိ၊ ဉာဏ်စွမ်းအားတို့ဟူသည်။
ဣမာနိ၊ ဤလျှောက်ထားအပ်ပြီးသော တရားတို့ပါတည်း။
ယေဟိ၊ ယင်းဉာဏ်စွမ်းအားတို့နှင့်။ပ။
ပဋိဇာနာတိ၊ ၏။
ဣတိ၊ ဤသို့။
(အဝေါစ၊ လျှောက်ပြီ)။
အဋ္ဌမံ။