ဘိက္ခဝေ၊ တို့။
ဒါနဝတ္ထူနိ၊ ပေးလှူခြင်း၏ အကြောင်းတို့သည်။
ဣမာနိ အဋ္ဌ၊ တို့တည်း။ပ။
ဆန္ဒာ၊ ချစ်ခင်ခြင်းကြောင့်။
ဒါနံ၊ ပေးလှူဖွယ်ဝတ္ထုကို။
ဒေတိ၊ ပေးလှူ၏။
ဒေါသာ၊ စိတ်ဆိုးခြင်းကြောင့်။
ဒါနံ၊ တွေ့ရာမြင်ရာပေးစရာတခုခုကို။
ဒေတိ၊ အဆောတလျင် ယူငင်ပေး၏။
မောဟာ၊ မသိ နားမလည်ခြင်းကြောင့်။
ဒါနံ၊ ပေးကမ်းဖွယ်တခုခုကို။
ဒေတိ၊ (လျော်မလျော် မချင့်မြော်ဘဲ) ပေးလှူ၏။
ဘယာ၊ ကြောက်ခြင်းကြောင့်။ (ကဲ့ရဲ့မှုဘေး, အပါယ်ဘေးနှင့် ထိုထိုရန်ဘေး တွေး၍ကြောက်ခြင်းကြောင့်)
ဒါနံ၊ လှူဖွယ်ဝတ္ထုကို။
ဒေတိ၊ ၏။
(ဣဒံ ဒါနံ၊ ဤအလှူဒါနမည်သည်)
ပိတုပိတာမဟေဟိ၊ ငါ၏ အဘအဘိုးတို့သည်။
ဒိန္နပုဗ္ဗံ၊ ပေးလှူအပ်ခဲ့ဖူးသော မျိုးရိုးစဉ်လာ ကျင့်ဝတ်တည်း။
ကတပုဗ္ဗံ၊ ပြုလုပ်အပ်ခဲ့ဖူးသော မျိုးရိုးထုံးထမ်း လုပ်ငန်းပေတည်း။
(အဟံ၊ ငါသည်)
ပေါရာဏံ၊ ရှေး၌ဖြစ်သော။
ကုလဝံသံ၊ အမျိုးအနွယ်ကို။
ဝါ၊ မျိုးနွယ်စဉ်ဆက် မပျက်ကွက်ခဲ့သော ဒါနကျင့်ဝတ်ကို။
ဟာပေတုံ၊ (ငါ၏လက်ထက် ပျက်ကွက်) ဆုတ်ယုတ်စေခြင်းငှာ။
န အရဟာမိ၊ မထိုက်။
ဝါ၊ မလျော်။
ဣတိ၊ ဤသို့ မျိုးနွယ်ကျင့်ဝတ်ကို ထိန်းသိမ်းလို၍။
ဒါနံ၊ ကို။
ဒေတိ၊ ၏။
အဟံ၊ ငါသည်။
ဣမံ ဒါနံ၊ ဤအလှူဒါနကို။
ဒတွာ၊ ပေးလှူ၍။
ဝါ၊ ပေးလှူခြင်းကြောင့်။
ကာယဿ၊ ဥပါဒိန္နခန္ဓာကိုယ်၏။
ဘေဒါ၊ ပျက်စီးခြင်းဟူသော။
မရဏာ၊ သေခြင်းမှ။
ဝါ၊ သေသည်မှ။
ပရံ၊ နောက်၌။
ဝါ၊ နောက်ဖြစ်သော ဘဝသစ်ခန္ဓာကို ယူခြင်း၌။
ဝါ၊ နောက်ထပ်ယူအပ်သော ဘဝသစ်ခန္ဓာကိုယ်၌။
သုဂတိံ၊ သုခ၏ ဖြစ်ရာဖြစ်သော။
ဝါ၊ ဒုက္ခမပါ သုခသို့သာ ရောက်ကြရာဖြစ်သော။
သဂ္ဂံ၊ ရူပါရုံစသော သမ္ပတ္တိတို့ဖြင့် လွန်စွာမြင့်မြတ်သော။
ဝါ၊ မြတ်သော စိတ်ကြိုက်ရူပါရုံ စသည်တို့နှင့်တကွာဖြစ်သော။
လောကံ၊ နတ်ပြည်နတ်ဘဝသို့။
ဥပပဇ္ဇိဿာမိ၊ လားရောက်ရပေလိမ့်အံ့။
ဣတိ၊ ဤသို့ မျှော်ခေါ်တောင့်တ၍။
ဒါနံ၊ ကို။
ဒေတိ၊ ၏။
ဣမံ ဒါနံ၊ ဤအလှူဒါနကို။
ဒဒတော၊ ပေးလှူသော။
မေ၊ ငါ၏။
စိတ္တံ၊ စိတ်သည်။
ပသီဒတိ၊ ကြည်လင်၏။
(မေ၊ ငါ၏။
ဝါ၊ ငါ့မှာ)
အတ္တမနတာ၊ မိမိ၏ ပင်ကိုမနော, နှစ်သက်သော စိတ်ရှိသည် အဖြစ်သည်။
သောမနဿံ၊ စိတ်ချမ်းသာခြင်းသည်။
ဥပဇာယတိ၊ ဖြစ်၏။
ဣတိ၊ ဤသို့ စိတ်ကြည်လင် ရွှင်လန်းချမ်းမြေ့လို၍။
ဒါနံ ဒေတိ။ပ။
တတိယံ။