[တချို့အညွန်းကို ယခင်သုတ်ပြန်ကြည့်၊ အာရဒ်ဓဝီရိယော-စသည်ကို သတ္တကနိပါတ်စာပိုဒ်(၄) ဝိတ္ထတဗလသုတ်၊ နှာ(၂၁)ကြည့်]
အာရညိကော၊ တော၌ နေခြင်းအလေ့ရှိသည်။
(ဟုတွာ၊ ဖြစ်၍)။
ပန္တသေနာသနော၊ အလွန်ဝေးကွာခြား, အစွန်အဖျားကျသော အိပ်ရာနေရာကျောင်းနေပုဂ္ဂိုလ်သည်။
ဟောတိ၊ ဖြစ်၏။
အရတိ+ရတိ+သဟော၊ သမထဝိပဿနာအကျင့် ပဋိပတ်၌ မပျော်မွေ့ခြင်းနှင့် + ကာမဂုဏ်တို့၌ ပျော်မွေ့ခြင်းကို+ ဖိစီးလွှမ်းမိုးနိုင်သည်။
ဟောတိ၊ ၏။
ဥပ္ပန္နံ၊ ဖြစ်ပေါ်လာသော။
အရတိံ၊ သမထဝိပဿနာအကျင့်၌ မပျော်မွေ့ဖြင်းကို။
အဘိဘုယျ အဘိဘုယျ၊ လွှမ်းဖိ၍ လွှမ်းဖိ၍။
ဝိဟရတိ၊ နေ၏။
**ဘယ+ဘေရဝ+သဟော**၊ စိတ်ကြောက်ရွံ့ခြင်းဘေးနှင့်+ ကြောက်မက်ဖွယ်အာရုံဘေးကို+ ဖိစီးလွှမ်းမိုးနိုင်သည်။
ဘယဘေရဝသဟော။ ။ စိတ်ထိတ်လန့်ခြင်းဘေး (စိတ္တုတြာသဘယ)ကိုလည်းကောင်း, ကြောက်မက်ဖွယ်အာရုံ(အာရမ္မဏဘယ)ကိုလည်းကောင်း ဘယဟုခေါ်၍ အာရမ္မဏဘယတမျိုးကိုသာ ဘေရဝဟု ခေါ်၏။ ဘာယတီတိ ဘဘံ- ကြောက်ရွံ့တတ်သောစိတ် (စိတ္တုတြာသဘယ)။ ဘာယတိ ဧတသ္မာတိ ဘယံ- ကြောက်ရွံ့သောသူ၏ ဥစ္စာ။ ကြောက်မက်ဖွယ်အာရုံ (အာရမ္မဏဘယ)။ နိဿယခန်း၌ကား ရှုပ်ထွေးမည်စိုးသောကြောင့် ဘယပုဒ်အရ စိတ္တုတြာသ ဘယတခုကိုသာယူ၍ အနက်ပေးထားသည်။ ဤပုဒ်များကို ဒသကနိပါတ် စာပိုဒ်(၇၁) အာကင်္ခသုတ်ဋ္ဌဋီ၌ ဖွင့်သည်။
ဟောတိ၊ ၏။
ဥပ္ပန္နံ၊ သော။
ဘယ+ဘေရဝံ၊ စိတ်ကြောက်ရွံ့ခြင်းဘေးနှင့်+ ကြောက်မက်ဖွယ်အာရုံဘေးကို။ပ။
အဋ္ဌမံ။