Issues
Select Version
Bhikkhu Bodhi
English
sāsanāre-သာသနာရေး
မြန်မာဘာသာ
Aṭṭhakanipātapāḷi
Aṭṭhakanipātapāḷi

4. Dutiyaappiyasuttaṃ

Author: sāsanāre-သာသနာရေး @ IAPT

အကာလညူ စ၊ စကားပြောသင့်ရာ အချိန်အခါကို မသိသည်လည်းကောင်း။ ဝါ၊ စကားပြောသင့်ရာ အချိန်အခါကို မသိ၍ မပြောသင့်ရာအခါ၌ပြောဆိုတတ်သည်လည်းကောင်း။ အမတ္တညူ စ၊ (ပစ္စည်း အလှူခံယူ သုံးဆောင်ခြင်းနှင့်စပ်၍) အတိုင်းအတာပမာဏကို မသိသည်လည်းကောင်း။ အသုစိ စ၊ မစင်ကြယ်သော ကာယကံစသည် ရှိသည်လည်းကောင်း။ ဗဟုဘာဏီ စ၊ (အတိုင်းအတာမရှိ) စကားများစွာ ပြောဆိုလေ့ရှိသည်လည်းကောင်း။ သဗြဟ္မစာရီနံ၊ သီတင်းသုံးဖော် ရဟန်းတို့ကို။ အက္ကောသကပရိဘာသကော စ၊ ဆဲရေးတတ်, ဘေးကိုပြ၍ ခြိမ်းခြောက်တတ်သည်လည်းကောင်း။ ဟောတိ၊ ၏။ပ။
ကာလညူ စ၊ စကားပြောသင့်ရာအချိန်အခါကို သိသည်လည်းကောင်း၊ မတ္တညူ စ၊ (ပစ္စည်းခံယူခြင်း သုံးစွဲခြင်းနှင့် စပ်၍) အတိုင်းအတာပမာဏကို သိသည်လည်းကောင်း။ သုစိ စ၊ စင်ကြယ်သော ကာယကံစသည်ရှိသည် လည်းကောင်း။ န ဗဟုဘာဏီ စ၊ အတိုင်းအတာမရှိ စကားများစွာ ပြောဆိုတတ်သူ မဟုတ်သည်လည်းကောင်း။ သဗြဟ္မစာရီနံ၊ တို့ကို။ အနက္ကောသကပရိဘာသကော စ၊ ဆဲရေးတတ်, ဘေးကို ပြ၍ ခြိမ်းခြောက်တတ်သူ မဟုတ်သည် လည်းကောင်း။ ဟောတိ၊ ၏။ပ။
စတုတ္ထံ။