ဘိက္ခဝေ၊ တို့။
သပ္ပုရိသဒါနာနိ၊ သူတော်ကောင်းတို့၏ ပေးလှူခြင်းတို့သည်။
ဣမာနိ အဋ္ဌ၊ ဤရှစ်မျိုးတို့တည်း။ပ။
(သပ္ပုရိသော၊ သူတော်ကောင်းသည်။)
သုစိံ၊ စင်ကြယ်သန့်ရှင်း အရောင်အဆင်းနှင့် ပြည့်စုံသောစားသောက်ဖွယ်ကို။
ဒေတိ၊ ပေးလှူ၏။
ပဏီတံ၊ မွန်မြတ်ဖွယ်ရာ အရသာရှိသော စားသောက်ဖွယ်ကို။
ဒေတိ၊ ၏။
ကာလေန၊ ပေးလှူသင့်ရာ အခါ၌။
ဒေတိ၊ ၏။
ကပ္ပိယံ၊ အပ်စပ်သော စားသောက်ဖွယ်ကို။
ဒေတိ၊ ၏။
**ဝိစေယျ**၊ အလှူခံပုဂ္ဂိုလ်နှင့် လှူဖွယ်ဝတ္ထုကို ရွေးချယ်စိစစ်၍။ဝိစေယျ ဒေတိ။ ။ (၁) ဤသာသနာတော်မှ အပြင်အပ ဖြစ်သော (၉၅)မျိုးသော ပါသဏ္ဍအယူရှိသူ (အကျင့်ပျက်, သီလမရှိသော အလှူခံပုဂ္ဂိုလ်) တို့ကို ပယ်ရှား၍ သီလ, သမာဓိ စသော ဒက္ခိဏေယျဂုဏ်နှင့် ပြည့်စုံသော ဤသာသနာဝင် ရှင်ရဟန်းတို့ကိုသာ ရွေးကောက်၍ လှူဒါန်းခြင်းသည် ဒက္ခိဏေယျဝိစိနန (အလှူခံပုဂ္ဂိုလ်ကို ရွေးချယ်လှူဒါန်းခြင်း) မည်၏။
(၂) အညံ့စား ပစ္စည်းတို့ကို ဖယ်ထား၍ အကောင်းမြတ်ဆုံးပစ္စည်းတို့ကို ရွေးချယ်၍ လှူခြင်းသည် ဒက္ခိဏာ ဝိစိနန (လှူဖွယ်ဝတ္ထုတို့ကို ရွေးချယ်လှူခြင်း)မည်၏။ သဂါထာ ဝဂ္ဂသံယုတ် အဋ္ဌကထာ၊ ၅၉ (သာဓုသုတ်)နှင့် ဤသုတ်ဋီကာ။ ဤနေရာ၌ ပါသဏ္ဍအယူတို့ကို မူလပဏ္စာသဋီကာ၊ ဒု-၁၂ (စူဠသီဟနာဒသုတ်)နှင့် အဘိဓာန် နိသျသစ် (၄၄၁) ဂါထာကြည့်။
ရွေးချယ်လှူရန် လိုအပ်, မလိုအပ်သော အလှူဒါနနှစ်မျိုး။ ။ အလှူဒါနသည် (၁)ဆင်းရဲနွမ်းပါးသူတို့ကို သနားကြင်နာ၍ လှူဒါန်းခြင်း (၂) အလှူခံပုဂ္ဂိုလ်တို့ကို ရိုသေစွာ ရှိခိုးဦးခိုက် ပူဇော်ကန်တော့၍ လှူဒါန်းခြင်းဟူ၍ နှစ်မျိုးရှိ၏။ ထိုနှစ်မျိုးတို့တွင် အမှတ်(၁) အလှူဒါန၌ အလှူခံပုဂ္ဂိုလ်ကို ရွေးချယ်စရာမလိုတော့ပါ၊ ဆင်းရဲနွမ်းပါးသော လူများသာမက ခွေး ဝက် ကြက် ငှက် စသော မြင်မြင်သမျှ သနားစရာသတ္တဝါအားလုံးသည် ဤအမှတ်(၁) အလှူဒါန၏ အလှူခံပုဂ္ဂိုလ်များချည်း ဖြစ်ပါ၏။
အမှတ်(၂) အလှူဒါနကား အလှူခံပုဂ္ဂိုလ်၏ သီလ သမာဓိ စသော ဒက္ခိဏေယျဂုဏ်တို့ကို အာရုံပြုသော ရိုသေစွာ ရှိခိုးဦးခိုက် ပူဇော်ကန်တော့ပြီး လှူဒါန်းရခြင်းကြောင့် အလှူခံပုဂ္ဂိုလ်ကို ရွေးချယ်၍ လှူဒါန်းရမည့် အလှူဒါနဖြစ်၏။ အကယ်၍ မရွေးချယ်ဘဲ လှူလျှင ဆရာတော်ကြီးကိုလည်း ငှက်ပျောတစ်ဖီး, ကျောင်းသားကလေးကိုလည်း ငှက်ပျောတဖီး (နွားထီး ငါးကျပ်၊ နွားမငါးကျပ်) ဝေငှပေးကမ်းခြင်းမျိုးဖြစ်သဖြင့် မသိမနားလည်သူတို့၏ အလှူဒါန ဖြစ်၍ သပ္ပုရိသဒါန မဖြစ်နိုင်၊ ရွေးချယ်လှူဒါန်းမှသာ ပညာရှိပီသ၍ သပ္ပုရိသဒါန ဖြစ်နိုင်၏။ ယင်းသို့ ရွေးချယ်ရာ၌ ဖော်ပြခဲ့သည့်အတိုင်း ဤမြတ်စွာဘုရား သာသနာတော်၏ အပြင်အပ အယူလွဲမှား အကျင့်ပျက်ပြားသော ဒုဿီလပုဂ္ဂိုလ်တို့သည် ရိုသေစွာ ရှိခိုးဦးခိုက် ပူဇော်ကန်တော့ထိုက်သော ပုဂ္ဂိုလ်များ မဟုတ်သောကြောင့် ထိုပုဂ္ဂိုလ်တို့ကို မရွေးမချယ် ဖယ်ထုတ်ရမည်ဖြစ်၏။
ပုဂ္ဂိုလ်စွဲမထားဘဲ ရဟန်းသံဃာ(အသင်းအဖွဲ့)ကို အာရုံပြု လှူဒါန်းရာ၌ မြတ်စွာဘုရား သာသနာတော်အတွင်းရှိ ရှင်သာမဏေများ အပါအဝင် ရဟန်းသံဃာအားလုံးသည် အမှတ်(၂) အလှူဒါန၏ အလှူခံပုဂ္ဂိုလ်များချည်းဖြစ်၏။ ထိုအလှူခံပုဂ္ဂိုလ်များ၌ ရဟန်းသံဃာ (အသင်းအဖွဲ့) အနေဖြင့် ဖယ်ထုတ်စရာ ဒုဿီလမရှိတော့ပေ၊ ဘာကြောင့်နည်း? ဦးတိဿ၊ ဦးနာဂ စသည်ဖြင့် ပုဂ္ဂိုလ်ကို မရည်ရွယ်ဘဲ (အာရုံမပြုဘဲ) ရဟန်းသံဃာကို ရည်ရွယ်လိုက်လျှင် ထိုရဟန်းသံဃာအနေဖြင့် သီလရှိသူချည်းသာဖြစ်သောကြောင့်တည်း။ (သံဃော ဟိ ဒုဿီလော နာမ နတ္ထိ။ ဥပရိပဏ်ဋ္ဌ၊ ၂၂၅)
ထို့အပြင် အရိယာ ဖြစ်တော်မူကြသော ရဟန်းသံဃာတော်အရှင်မြတ်တို့သည် အမှတ်(၁)အလှူဒါန၏ အလှူခံများကဲ့သို့ အမြဲတွေ့ရှိနိုင်သော အလှူခံပုဂ္ဂိုလ်များမဟုတ်ကြ၊ ကမ္ဘာပေါင်းမရေမတွက်နိုင်အောင် အချိန်ကာလ ကြာမြင့်မှသာ ဖြစ်ပေါ်ပွင့်ထွန်းတော်မူလာကြသော မြတ်စွာဘုရားရှင်တို့၏ သာသနာတော်အတွင်းကာလ၌သာ တွေ့ဆုံဖူးမြင်ရသော အလှူခံပုဂ္ဂိုလ်မြတ်များ ဖြစ်တော်မူကြ၏။ သို့ဖြစ်၍ ထိုပုဂ္ဂိုလ်မြတ်များသည် ပါဟုနေယျဂုဏ်နှင့် ပြည့်စုံတော်မူကြသောကြောင့် တခါတ၇ံ အရပ်ဝေးမှ လာကြသော ဧည့်သည်ကောင်း, ဆွေမျိုးမိတ်ဆွေကောင်းပမာ ဖွယ်ဖွယ်ရာရာ ထိုက်ထိုက်တန်တန် ဧည့်ခံသင့် ပူဇော်လှူဒါန်းသင့်သော အလှူခံအရိယာသံဃာတော်များပေတည်း၊ ထိုအရိယာသံဃာတော်တို့ကို ရွေးချယ်လှူဒါန်းလိုက်လျှင် မရေတွက်နိုင်အောင် အလွန်များပြားသော ကောင်းကျိုးချမ်းသာတို့ကို ရရှိနိုင်ခြင်းကြောင့် အမှန်တကယ်ပင် ရွေးချယ်လှူဒါန်းသင့်သော အလှူခံပုဂ္ဂိုလ်များ ဖြစ်တော်မူကြ၏။ ထို့အပြင် လောဘ ဒေါသ စသည် ကင်းဝေးရန် ကျင့်ကြံအားထုတ်တော်မူကြသော ဘုရားတပည့် သီလရှိသော ပုထုဇဉ် သမ္မုတိသံဃာတော်များသည်လည်း အလွန်တွေ့ရခဲ ဖူးမြင်ရခဲသော ပုဂ္ဂိုလ်များပင် ဖြစ်သောကြောင့် ရွေးချယ်လှူဒါန်းထိုက်သော အလှူခံပုဂ္ဂိုလ်များပင် ဖြစ်ကြပါ၏။
(၁)နှင့်(၂)အလှူဒါနနှစ်မျိုး နှိုင်းယှဉ်ကြည့်ဖွယ်။ ။ အမှတ်(၁) အလှူဒါန၌ ရံခါရံခါဝယ် စိတ်မပျက်အောင် ထိန်းချုပ်လှူဒါန်းကြရတတ်သေး၏။ "ဒိဿန္တိ ဟေတ္ထ ဗြာဟ္မဏ ဒဏ္ဍပဟာရာပိ ဂလဂ္ဂါဟာပိ" ဟူသော သီလက္ခန်ပါဠိတော် ကုဋဒန္တသုတ် (နှာ-၁၃၇)နှင့်အညီ ဆင်းရဲနွမ်းပါးသော အလှူခံပုဂ္ဂိုလ်တချို့သည် တည်ကြည်ငြိမ်သက်မှု, စည်းကမ်းသေဝပ်မှုမရှိသော လောဘလွန်ကဲသူများ ဖြစ်တတ်ကြသောကြောင့် "သူ့ပေးပါ၊ ငါ့ပေးပါ"စသော ဆူညံဆူညံ အသံဗလံများဖြင့် တိုးဝှေ့တိုက်ခတ် တောင်းရမ်းတတ်ကြသဖြင့် ထိုအလှူခံပုဂ္ဂိုလ်တို့ကို တုတ်ဖြင့်ရိုက်နှက်ရခြင်း, လည်ပင်းဆွဲကိုင် ထုတ်ပစ်ရခြင်းများကို ပြုလုပ်ရတတ်၏။ ယင်းသို့သော အမှတ်(၁) အလှူဒါန၌ သီလရှိသော ရဟန်းသံဃာတော်များ ကြွရောက်အလှူခံတော်မမူကြကုန်၊ ထို့ကြောင့် အမှတ်(၁)အလှူဒါနထက် အမှတ်(၂) အလှူဒါနက သာလွန်မွန်မြတ်လှပေ၏။
ဘုရားအလောင်းတော်တို့၏ အလှူဒါန။ ။ "တတေဝ ယာစကေ ဒိသွာ ဟီနဥက္ကဋ္ဌမဇ္ဈိမေ"စသော ဗုဒ္ဓဝံသပါဠိတော်နှင့်အညီ ဘုရားအလောင်းတော်တို့သည် တောင်းရမ်းလာသူ အလှူခံတို့ကို အယုတ် အလတ် အမြတ် အဆင့်အတန်းမခွဲခြားဘဲ လှူဒါန်းတော်မူကြရာ၌ ထိုအလှူဒါနတို့သည် များသောအားဖြင့် မြတ်စွာဘုရား၏ သာသနာတော်ခေတ်ကာလအတွင်း ပြုလုပ်သော အလှူဒါနမဟုတ်ဘဲ သာသနာတော်၏ အပြင်အပ အလှူဒါနများ ဖြစ်ကြ၏။ ထိုသာသနာတော် အပြင်အပ ကာလ၌ အလှူဒါနပြုလုပ်ကြသော ဘုရားအလောင်းတော်တို့သည် ဒက္ခိဏေယျဂုဏ်နှင့် ပြည့်စုံသော အရိယာပုဂ္ဂိုလ် တပါးတလေမျှ ရှာမရသဖြင့် အမှတ်(၁)အလှူဒါနဖြင့်သာ ရောင့်ရဲတင်းတိမ်တော်မူကြရ၏။ ဝေလာမ ပုဏ္ဏား၏ (၇)နှစ်(၇)လ အလှူဒါနပွဲကြီးသည်လည်းကောင်း, မျက်စိကို တောင်းရမ်း အလှူခံလာသော မျက်မမြင်ပုဏ္ဏားအိုအား မျက်လုံးအလှူပေးသော ဘုရားအလောင်းတော် သိဝိမင်းကြီး၏ အလှူဒါနသည်လည်းကောင်း, သားတော် သမီးတော်တို့ကို အခိုင်းအစေ ကျွန်ပြုရန် တောင်းခံလာသော ဇူဇကာပုဏ္ဏားအား သားတော်သမီးတော်တို့ကို လှူဒါန်းသော ဝေဿန္တရာမင်းကြီး၏ အလှူဒါနသည်လည်းကောင်း အမှတ်(၁) အလှူဒါနချည်းသာ ဖြစ်၏။ ထိုအလှူဒါနတို့၌ အလှူပေးပုဂ္ဂိုလ်ကို သီလရှိသူဟု သေချာမုချ ပြောနိုင်သော်လည်း အလှူခံပုဂ္ဂိုလ်ကိုကား သီလရှိသူဟု သေချာမုချ မပြောနိုင်၊ ထိုဘုရားအလောင်းတော်တို့သည် မြတ်စွာဘုရား သာသနာတော်၏ အပြင်အပကာလ၌ တခါတရံ ပွင့်ထွန်းတော်မူလာကြသော ပစ္စေကဗုဒ္ဓါအရှင်မြတ်များအား ရွေးချယ်လှူဒါန်းခွင့် (ဝိစေယျဒါန ပြုလုပ်ခွင့်) ရကြသဖြင့် ရိုသေစွာ ရှိခိုးဦးခိုက် ပူဇော်ကန်တော့ပြီး လှူဒါန်းရသော အမှတ်(၂)အလှူဒါန ဖြစ်နိုင်ပါသေး၏။ ဘုရားအလောင်းတော်တို့၏ ဝိစေယျဒါနပြုလုပ်ပုံကို ပကိဏ္ဏကနိပါတ်၊ ဒသဗြာဟ္မဏဇာတ် (ဇာ၊ ဋ္ဌ၊ စ-၃၆၁)ကြည့်။ ဒေတိ၊ ၏။ အဘိဏှံ၊ အမြဲမပြတ်။ ဒေတိ၊ ၏။ ဒဒံ(ဒဒန္တော)၊ ပေးလှူစဉ်။ စိတ္တံ၊ မိမိစိတ်ကို။ ပသာဒေတိ၊ ကြည်လင်ရွှင်လန်းစေ၏။ ဒတွာ၊ ပေးလှူပြီး၍။ အတ္တမနော၊ နှစ်သက်ဝမ်းမြောက်သော စိတ်ရှိသည်။ ဟောတိ၊ ၏။ပ။

ဣတိ (အဝေါစ၊ မိန့်တော်မူပြီ)
[ဂါထာ](သပ္ပုရိသော၊ သူတော်ကောင်းသည်)
သုခေတ္တေသု၊ ကောင်းသော လယ်ယာမြေ ဖြစ်ကုန်သော။ (ကုသိုလ်ကောင်းမှု, မျိုးစေ့စု၏ ကြီးထုမြင့်မား,ဖွံ့ထွားပေါက်ရောက်ရာ လယ်ယာမြေကောင်း ဖြစ်ကုန်သော)
ဗြဟ္မစာရိသု၊ သိက္ခာသုံးရပ် အကျင့်မြတ်ကို ကျင့်တော်မူကြသော ရဟန်းတော်တို့၌။
ဝါ၊ တို့အား။
သုစိံ၊ စင်ကြယ်သန့်ရှင်းသော။
ဝါ၊ စင်ကြယ်သန့်ရှင်း အရောင်အဆင်းနှင့် ပြည့်စုံသော။
ပဏီတံ၊ မွန်မြတ်ဖွယ်ရာ အရသာရှိသော။
ကပ္ပိယံ၊ ရဟန်းတို့အား အပ်စပ်သော။
ပါနဘောဇနံ၊ သောက်ဖွယ် စားဖွယ်ဖြစ်သော။
ဒါနံ၊ လှူဖွယ်ဝတ္ထုကို။
ကာလေန၊ ပေးလှူသင့်ရာ အချိန်အခါ၌။
အဘိဏှံ၊ အမြဲမပြတ်။
ဒဒါတိ၊ ပေးလှူ၏။
ဗဟုံ၊ များစွာသော။
အာမိသံ၊ လှူဖွယ် အာမိသပစ္စည်းဝတ္ထုကို။
စဇိတွာ၊ စွန့်ကြဲပေးကမ်းလှူဒါန်းပြီး၍။
ဝါ၊ ပြီးနောက်။
ဝိပ္ပဋိသာရီ၊ လှူပြီးအမှု, အစွဲပြုကာ, ဖောက်ပြန်စွာ တွေးကြံပူပန်ခြင်းရှိသည်။
ဝါ၊ စိတ်နှလုံး မသာမယာရှိနေသည်။
နေဝ အဿ၊ မဖြစ်သည်သာ။
ဧဝံ၊ ဤသို့။
ဝါ၊ ဤသို့ "သုစိံ ပဏီတံ"စသည်ဖြင့် ပြဆိုအပ်ပြီးသည့်အတိုင်း။
ဒိန္နာနိ၊ ပေးလှူအပ်ကုန်သော။
ဒါနာနိ၊ လှူဖွယ်ဝတ္ထုတို့ကို။
ဝါ၊ လှူဖွယ်ဝတ္ထုကို ပေးလှူကြောင်း စေတနာတို့ကို။
[တနည်း-ဒိန္နာနိ၊ ဖြူစင်အောင် သုတ်သင်အပ်ကုန်သော။
ဒါနာနိ၊ ပေးလှူကြောင်း စေတနာတို့ကို]
ဝိပဿိနော၊ ဒါန၏အကျိုးကို အထူးအားဖြင့် သိမြင်ကြကုန်သော ပညာရှိတို့သည်။
ဝဏ္ဏယန္တိ၊ ချီးမွမ်းတော်မူကြကုန်၏။
သဒ္ဓေါ၊ သဒ္ဓါတရားရှိသော။ (ရတနာသုံးတန်, ကံ, ကံ၏အကျိုးတို့၌ ယုံကြည်သော သဒ္ဓါတရားရှိသော)
မေဓာဝီ၊ ပညာရှိသည်။
မုတ္တေန၊ ဝန်တိုနှမြောမရောမစပ် လွတ်လပ်ရှင်းလင်းသော။
စေတသာ၊ စိတ်ဖြင့်။
ဧဝံ၊ ဤသို့။
ဝါ၊ ဤသို့ "သုစိံ ဒေတိ"စသော အင်္ဂါရှစ်ပါးနှင့် ပြည့်စုံစွာ။
ယဇိတွာ၊ လှူဒါန်းပူဇော်ပြီး၍။
ပဏ္ဍိတော၊ (လှူဒါန်းပူဇော်သော) ထိုပညာရှိသည်။
အဗျာဗဇ္ဈံ၊ ကိုယ်စိတ်ဒုက္ခမရှိသော။
သုခံ၊ ချမ်းသာသုခရှိရာဖြစ်သော။
လောကံ၊ နတ်ဘုံဌာနနတ်ဘဝ၌။
ဥပပဇ္ဇတိ၊ ဖြစ်၏။
ဣတိ(အဝေါစ၊ မိန့်တော်မူပြီ)
သတ္တမံ။