Issues
Select Version
sāsanāre-သာသနာရေး
မြန်မာဘာသာ
Bhikkhu Bodhi
English
Aṭṭhakanipātapāḷi
Aṭṭhakanipātapāḷi

1. Paṭhamadānasuttaṃ

Author: sāsanāre-သာသနာရေး @ IAPT

ဘိက္ခဝေ၊ ရဟန်းတို့။ ဒါနာနိ၊ ပေးလှူခြင်းတို့သည်။ ဣမာနိ အဋ္ဌ၊ ဤရှစ်မျိုးတို့တည်း။
အဋ္ဌ၊ ရှစ်မျိုးတို့ဟူသည်။ ကတမာနိ၊ အဘယ်တို့နည်းဟူမူ။
အာသဇ္ဇ၊ အလှူခံပုဂ္ဂိုလ် ရောက်လာ၍။ ဝါ၊ အလှူခံပုဂ္ဂိုလ် ‌လာရောက်တွေ့ကြုံ ပေါင်းဆုံမိခြင်းကြောင့်။ ဒါနံ၊ (လှူဖွယ်ဝတ္ထုဟူသော) အလှူကို။ ဒေတိ၊ ပေးလှူ၏။ (ပေးပါမည် လှူပါမည်ဟု ပြော၍ အချိန်ဆွဲမှု ပင်ပန်းနွမ်းနယ်စေမှုမပြုဘဲ တမုဟုတ်လောက်မျှ ထိုင်စေ၍ ရိုသေစွာ ပေးလှူ၏)။ ဘယာ၊ ကဲ့ရဲ့မှု ဘေး, အပါယ်ဘေးကိုတွေး၍ ကြောက်ခြင်းကြောင့်။ (မပေးမလှူ ကပ်စေးနဲသူ, ကုသိုလ်ကောင်းမှု မပြုသူဟု သူတပါးကဲ့ရဲ့မှုနှင့် အပါယ်ဘေးကို ကြောက်ခြင်းကြောင့်)။ ဒါနံ၊ ကို။ ဒေတိ၊ ၏။ (ဧသော၊ ဤသူသည်)။ မေ၊ ငါ့အား။ အဒါသိ၊ (ဤမည်သော ဝတ္ထုကို) ပေးလှူခဲ့ဘူးပြီ။ ဣတိ၊ ဤသို့ သူ့ကျေးဇူးကို သတိရ၍။ ဒါနံ၊ ကို။ ဒေတိ၊ ၏။ (ဧသော၊ ဤသူသည်)။ မေ၊ ငါ့အား။ ဒဿတိ၊ အတုံ့တဖန် ပြန်၍ ပေးလှူလိမ့်မည်။ ဣတိ၊ ဤသို့ မျှော်လင့်တောင့်တ၍။ ဒါနံ၊ ကို။ ဒေတိ၊ ၏။ ဒါနံ၊ ပေးလှူခြင်းမည်သည်။ သာဟု၊ ကောင်း၏။ (ဘုရား အစရှိသော ပညာရှိသူတော်ကောင်းတို့ ချီးမွမ်းအပ်သော ကျင့်စဉ်လမ်းကြောင်းဖြစ်၍ ကောင်း၏။) ဣတိ၊ ဤသို့ နားလည်သဘောပေါက်၍။ ဒါနံ၊ ကို။ ဒေတိ၊ ၏။ အဟံ၊ ငါသည်။ ပစာမိ၊ ချက်ပြုတ်စားသောက်၏။ ဣမေ၊ ဤပုဂ္ဂိုလ်တို့သည်ကား။ န ပစန္တိ၊ ချက်ပြုတ်စားသောက်ကြသည် မဟုတ်ကုန်။
ပစန္တော၊ ချက်ပြုတ်စားသောက်သော ငါသည်။ အပစန္တာနံ၊ ချက်ပြုတ်မစားကြသော ပုဂ္ဂိုလ်တို့အား။ ဒါနံ၊ လှူဖွယ်ဝတ္ထုကို။ အဒါတုံ၊ မပေးမလှူခြင်းငှာ။ နအရဟာမိ၊ မထိုက်။ ဝါ၊ မလျော်ကန်။ ဣတိ၊ ဤသို့ ငဲ့ညှာထောက်ထား၍။ပ။ ဣမံ ဒါနံ၊ ဤအလှူဒါနကို။ ဒဒတော၊ ပေးလှူသော။ မေ၊ ငါ၏။ ကလျာဏော၊ ကောင်းသော။ ကိတ္တိသဒ္ဒေါ၊ ချီးမွမ်းအံ့ဩကျော်စောသံသည်။ အဗ္ဘုဂ္ဂစ္ဆတိ၊ နယ်ပယ်တဝှန်းကျော်လွှမ်းပျံ့နှံ့၍တက်၏။ ဣတိ၊ ဤသို့သိ၍။ပ။ စိတ္တာလင်္ကာရ+စိတ္တပရိက္ခာရတ္ထံ၊ သမထဝိပဿနာ စိတ်၏ အဆင်တန်ဆာနှင့်+ သမထဝိပဿနာစိတ်၏ အခြံအရံအကျိုးငှာ။ ဒါနံ၊ ကို။ ဒေတိ၊ ၏။
ဘိက္ခဝေ၊ တို့။ ဒါနာနိ၊ တို့သည်။ ဣမာနိ အဋ္ဌ၊ တည်း။ ဣတိ(အဝေါစ)
ပဌမံ။