ဘိက္ခဝေ၊ တို့။
**အဘိဘာယတနာနိ**၊ အဘိဘာယတန ဈာန်တို့သည်။အဘိဘာယတနာနိ။ ။ အဘိဘူ+ အာယတန-ဟု ပုဒ်ဖြတ်။ နဂိုမူလက "အဘိဘူ"ဟု ဦဒီဃနှင့် ရှိသော်လည်း ဝိဂြိုဟ်ပြုသောအခါ၌ကား အာယတနပုဒ်၏ နပုလ္လိင်သို့ လိုက်၍ ပထမာ သိဝိဘတ်၌ ထုံးစံအတိုင်း "အဘိဘု"ဟူ၍ ဥရဿနှင့် ရှိရသည်။ ဋီကာဝိဂြိုဟ်များမှာ-
အဘိဘဝတီတိ အဘိဘု- ဖိစီးလွှမ်းမိုးတတ်သော ပရိကမ်နှင့် ဉာဏ်။ အဘယ်ကို ဖိစီးလွှမ်းမိုးသနည်းဆိုသော် (၁) နီဝရဏအစရှိသော ဆန့်ကျင်ဘက်တရားတို့ကိုလည်း ဖိစီးလွှမ်းမိုး၏။ ဉာဏ်ထက်မြက်သော ပုဂ္ဂိုလ်ဖြစ်သောကြောင့် ထိုဆန့်ကျင်ဘက်တရားတို့ကို ကြာရှည်စွာ ခက်ခဲစွာ ပယ်သတ်ရသည် မဟုတ်ဘဲ လျင်မြန်စွာ အလွယ်တကူ အနိုင်ယူပယ်သတ်လိုက်သောအားဖြင့် ဖိစီးလွှမ်းမိုး၏။ ယင်းသို့ အနိုင်ယူပယ်သတ်လိုက်သည်ကိုပင် ဖိစီးလွှမ်းမိုးသည်ဟု ဆိုလို၏။
(၂) သေးငယ်ကြီးမား အစားစားသော ကသိုဏ်းအာရုံတို့ကိုလည်း ဖိစိးလွှမ်းမိုး၏။ ပဋိဘာဂနိမိတ် ထင်ပေါ်လာအောင် (ပဋိဘာဂနိမိတ်ထင်၍ အပ္ပနာဈာန်ဖြစ်ပေါ်လာအောင်) ထိုကသိုဏ်းအာရုံတို့ကို ကြာမြင့်စွာ ခက်ခဲစွာ ရှုနေသည်မဟုတ်ဘဲ (ဉာဏ်ထက်သော ပုဂ္ဂိုလ်ဖြစ်သောကြောင့်) အလွန်လွယ်ကူလျင်မြန်စွာ ရှုလိုက်ခြင်းဖြင့် ပဋိဘာဂနိမိတ် ထင်ပေါ်လာ၏။ ပဋိဘာဂနိမိတ်ထင်ပေါ်လာသည်နှင့်တပြိုင်နက် အပ္ပနာဈာန်ကို ဖြစ်ပေါ်လာစေ၏။ ယင်းသို့ လွယ်ကူလျင်မြန်စွာ ပဋိဘာဂနိမိတ် ထင်ပေါ်လာအောင် (ပဋိဘာဂနိမိတ် ထင်သည်နှင့် တပြိုင်နက် အပ္ပနာဈာန်ဖြစ်ပေါ်လာအောင်) ကသိုဏ်းအာရုံတို့ကို နိုင်နိုင်နင်းနင်း ရှုနိုင်သည်ကိုပင် ဖိစီးလွှမ်းမိုးသည်ဟု ဆိုလို၏။ ဤတိုင်အောင်ကား အဋ္ဌကထာဋီကာအဖွင့်များကို ရှု၍ မိမိသဘောပေါက်ထားသည့်အတိုင်း "အဘိဘဝတီတိ အဘိဘု"ဟူသော ဝသနတ္ထကို အကျယ်တဝင့် ရှင်းလင်းပြခြင်းတည်း။ ထို့နောက် ကာရဏအနက်ဟော အာယတန သဒ္ဒါဖြင့်-
"အဘိဘု အာယတနံ ဧတဿာတိအဘိဘာယတနံ- (ဆန့်ကျင်ဘက်တရားနှင့် ကသိုဏ်းအာရုံတို့ကို) ဖိစီးလွှမ်းမိုးတတ်သော ပရိကမ်နှင့် ဉာဏ်ဟူသော အကြောင်းရှိသော ဈာန်"ဟူ၍ ဝစနတ္ထပြု။ ထို၌ ပရိကမ်ဟူသည် ဈာန်မရမီရှေ့ပိုင်း၌ ကသိုဏ်းအာရုံတို့ကို ရှုမှတ်စီးဖြန်းမှု ပရိကမ္မဘာဝနာတည်း၊ ဉာဏ်ဟူသော "ဉာဏံ အပ္ပနာပညာ"ဟူသော အနုဋီကာ၊ ပ-၁၁၃-နှင့်အညီ အပ္ပနာဈာန်နှင့် ယှဉ်သောဉာဏ်တည်း။
(တနည်း) အဘိဘဝိတဗ္ဗန္တိ အဘိဘု- ဖိစီးလွှမ်းမိုးထိုက်သော ကသိုဏ်းအာရုံ၊ အဘိဘု အာယတနံ ဧတဿာတိ အဘိဘာယတနံ- ဖိစီးလွှမ်းမိုးထိုက်သော ကသိုဏ်းအာရုံဟူသော အကြောင်းရှိသောဈာန်။ (တနည်း) အာရမ္မဏံ အဘိဘဝတီတိ အဘိဘု- အာရုံကို ဖိစီးလွှမ်းမိုးတတ်သောတရား။ ထို့နောက် အာယတနသဒ္ဒါအတွက် အဓိဋ္ဌာန (တည်ရာဟူသော) အနက်နှင့် မနာယတန ဓမ္မာယတနတို့ကို ယူရ၏။ ထိုတွင်-
တည်ရာဟူသည် ယောဂီပုဂ္ဂိုလ်၏ ချမ်းသာအထူး၏ တည်ရာတည်း။ အဘိဘု စ တံ အာယတနဉ္စာတိ အဘိဘာယတနံ- ကသိုဏ်းအာရုံကို ဖိစီးလွှမ်းမိုးတတ်သော တရားလည်းဖြစ်၍ ယောဂီပုဂ္ဂိုလ်၏ သုခဝိသေသ၏တည်ရာနှင့် မနာယတန, ဓမ္မာယတနလည်းဖြစ်သော သသမ္မယုတ္တဈာန် (ယှဉ်ဘက်တရားနှင့်တကွ ဖြစ်သောဈာန်) ဝါ၊ ဆန့်ကျင်ဘက်တရားနှင့် ကသိုဏ်းအာရုံတို့ကို ဖိစီးလွှမ်းမိုးတတ်သော ပရိကမ်, ဉာဏ်ဟူသော အကြောင်းရှိသော ဈာန်တို့သည်။ ဝါ၊ ဖိစီး လွှမ်းမိုး ထိုက်သောကသိုဏ်းအာရုံဟူသော အကြောင်းရှိသော ဈာန်တို့သည်။ ဝါ၊ အာရုံတို့ကိုလည်း ဖိစီးလွှမ်းမိုးတတ်၍ ယောဂီပုဂ္ဂိုလ်၏ သုခဝိသေသ၏ တည်ရာနှင့် မနာယတန ဓမ္မာယတနလည်း ဖြစ်သော သသမ္ပယုတ္တဈာန်တို့သည်။ ဣမာနိ အဋ္ဌ၊ ဤရှစ်ပါးတို့တည်း။

အဋ္ဌ၊ ရှစ်ပါးတို့ဟူသည်။
ကတမာနိ၊ အဘယ်တို့နည်းဟူမူ။
ဧကော၊ တဦးသော ယောဂီပုဂ္ဂိုလ်သည်။
**အဇ္ဈတ္တံ**၊ အဇ္ဈတ္တကသိုဏ်းရုပ်၌။
ဝါ၊ မိမိ၏ ဆံပင်စသည်တို့၏ ညိုနက်အရောင်စသော ကသိုဏ်းရုပ်၌။
**ရူပသညီ**၊ ကသိုဏ်းရုပ်၌ ရှုမှတ်စီးဖြန်းသော ပရိကမ်သညာရှိသည်။အဇ္ဈတ္တံ ရူပသညီ။ ။ ရူပေ ကသိဏရူပေ သညာ ပရိကမ္မသညာ ရူပသညာ-ကသိုဏ်းရုပ်၌ ရှုမှတ်စီးဖြန်းခြင်းသဘောတည်းဟူသော ပရိကမ္မသညာ (ပရိကမ္မဘာဝနာနှင့် ယှဉ်သောသညာ )၊ ရူပသညာ ယဿ အတ္ထီတိ ရူပသညီ- ကသိုဏ်းရုပ်၌ ရှုမှတ်စီးဖြန်းသော ပရိကမ္မသညာရှိသော ယောဂီပုဂ္ဂိုလ်-ဟူ၍ ဝစနတ္ထပြု။ မိမိဆံပင်နှင့် မျက်နက်ဝန်းစသည်တို့၌ အညိုရောင် အနက်ရောင် (နီလ) ကသိုဏ်းရုပ်၊ အသားအသွေး စသည်တို့၏ အနီရောင် (လောဟိတ) ကသိုဏ်းရုပ်၊ အရိုးနှင့်သွား စသည်တို့၏ အဖြူရောင် (ဩဒါတ) ကသိုဏ်းရုပ်စသော မိမိခန္ဓာကိုယ်မှာရှိသော ကသိုဏ်းရုပ်ကို အဇ္ဈတ္တရူပ (အဇ္ဈတ္တကသိုဏ်းရုပ်)ဟု ခေါ်၏။ ဤ၌ ထိုအဇ္ဈတ္တကသိုဏ်းရုပ်၌ ရှုမှတ်စီးဖြန်းမှု ပရိကမ်ပြုသော ယောဂီပုဂ္ဂိုလ်ကို "အဇ္ဈတ္တံ ရူပသညီ"ဟု ဟောတော်မူသည်။
ထို အဇ္ဈတ္တကသိုဏ်းရုပ်၌ ရှုမှတ်စီးဖြန်းဖြင်းကြောင့် ထင်ပေါ်လာသော ကသိုဏ်းနိမိတ်အာရုံသည် စင်ကြယ်သန့်ရှင်းသည် မဟုတ်ချေ။ ထို့ကြောင့် ယောဂီပုဂ္ဂိုလ်သည် အဇ္ဈတ္တကသိုဏ်းရုပ်၌ ရှုမှတ်စီးဖြန်းသော်လည်း ပရိကမ္မဘာဝနာအဆင့်သို့ ရောက်ရုံမျှသာ စီးဖြန်း၏။ ပဋိဘာဂနိမိတ်ထင်အောင်, အပ္ပနာဈာန်အဆင့်သို့ ရောက်အောင် စီးဖြန်းသည်မဟုတ်၊ ပဋိဘာဂနိမိတ်ထင်အောင်, အပ္ပနာဈာန်အဆင့်သို့ ရောက်အောင်ကား "ဗဟိဒ္ဓါ ရူပါနိ ပဿတိ- နေရောင် လရောင်စသော (ပရိတ္တ, သုဝဏ္ဏ ဒုဗ္ဗဏ္ဏဖြစ်သော) အပြင်အပ ဗဟိဒ္ဓကသိုဏ်းရုပ်၌ ရှုမှတ်စီးဖြန်း၏။ (ဟုတွာ၊ ဖြစ်၍) ဗဟိဒ္ဓါ၊ မိမိခန္ဓာကိုယ်၏အပြင်အပ၌။ ဝါ၊ မိမိခန္ဓာကိုယ်မှ တခြားတပါးသောပြင်ပအရာဝတ္ထု၌ တည်ရှိကုန်သော။ ပရိတ္တာနိ၊ ကျဉ်းငယ်ကုန်သော။ (ဗန်း စကော, ရေအိုးဖုံးလောက်မျှသာ ရှိသဖြင့် ကျဉ်းငယ်ကုန်သော) သုဝဏ္ဏဒုဗ္ဗဏ္ဏာနိ၊ တင့်တယ်သောအဆင်းရှိကုန်, မတင့်တယ်သော အဆင်းရှိကုန်သော။ ရူပါနိ၊ ကသိုဏ်းရုပ်တို့ကို။ ပဿတိ၊ ရူ၏။

**တာနိ**၊ ထိုဗဟိဒ္ဓကသိုဏ်းရုပ်တို့ကို။
**အဘိဘုယျ**၊ ဖိစီးလွှမ်းမိုး၍။
ဝါ၊ ဖိစီးလွှမ်းမိုးကာရှု၍။
(**သမာပဇ္ဇတိ**၊ အပ္ပနာဈာန်သို့ ရောက်၏)တာနိ အဘိဘုယျ (သမာပဇ္ဇတိ)။ ။ ဝမ်းမီးတောက်၍ အစားကောင်းသောသူသည် တဇွန်းလောက်မျှသော ထမင်းကို တလုတ်တည်းဆုပ်၍ စားလိုက်သကဲ့သို့ ထို့အတူ ဉာဏ်ထက်မြက်သော ယောဂီပုဂ္ဂိလ်သည် ထိုကျဉ်းငယ်သော ဗဟိဒ္ဓကသိုဏ်းရုပ်၌ ပဋိဘာဂနိမိတ် ထင်ပေါ်လာအောင် ရှုခြင်း (အပ္ပနာဈာန် ဖြစ်ပေါ်လာအောင် ရှုခြင်း) ကိစ္စ၌ အနည်းငယ်မျှ တာဝန်မကြီး၊ ထို့ကြောင့် အလွန်လွယ်ကူလျင်မြန်စွာ ပဋိဘာဂနိမိတ်ထင်၍ အပ္ပနာဈာန် ဖြစ်ပေါ်လာအောင်- တာနိ အဘိဘုယျ- ထိုဗဟိဒ္ဓကသိုဏ်းရုပ်တို့ကို ဖိစီးလွှမ်းမိုးရှု၏ (နိုင်နင်းကျွမ်းကျင်စွာ ရှု၏)
ယင်းသို့ ရှုခြင်းကြောင့် ပဋိဘာဂနိမိတ် ထင်ပေါ်လာသည်နှင့် တပြိုင်နက် အပ္ပနာဈာန်ကို ဖြစ်ပေါ်လာစေ၏။ အပ္ပနာဈာန် ဖြစ်ပေါ်လာအောင် ကြာမြင့်စွာ လေ့ကျက်ပွားများမှု (ပရီဝါသ) မပြုလုပ်ရတော့ဘဲ ဥပစာရဈာန်ရပြီးသည်နှင့် တပြိုင်နက်ပင် အပ္ပနာဈာန်ကို ဖြစ်ပေါ်လာစေ၏။ **ဇာနာမိ**၊ (ကသိုဏ်းရုပ်တို့ကို)ငါသိ၏။ ပဿာမိ၊ (ကသိုဏ်းရုပ်တို့ကို) ငါမြင်၏။ **ဣတိဧဝံ သညီ**၊ ဤသို့သော အမှတ်သညာရှိသည်။ (ဤသို့သော အာဘောဂသညာ, အဘိဘဝနဈာန်သညာရှိသည်) ဇာနာမိ ပဿာမီတိ ဧဝံသညီ ဟောတိ။ ။ ထိုသို့ ဗဟိဒ္ဓကသိုဏ်းရုပ်တို့ကို ဖိစီးလွှမ်းမိုးရှု၍ အပ္ပနာဈာန်ကို ဖြစ်ပေါ်လာစေသော ယောဂီပုဂ္ဂိုလ်မှာ ဇာနာမိ ပဿာမိ (ထိုကသိုဏ်းရုပ်တို့ကို ငါသိတယ် ငါမြင်တယ်)ဟူ၍ ဆင်ခြင်စဉ်းစား မှတ်သားမှု (အာဘောဂသညာ)နှင့် အဘိဘဝနဈာန်သညာ ဖြစ်၏။ ထိုတွင် ဈာန်သမာပတ်အတွင်း၌ ဈာန်ဇောတွေချည်း ဖြစ်နေသောကြောင့် အာဘောဂသညာသည် ဈာန်သမာပတ် အတွင်း၌မဖြစ်နိုင်။ ဈာန်မှ ထသောအခါ၌သာ ဖြစ်နိုင်၏။ ထို ကသိုဏ်းရုပ်တို့ကို ငါသိတယ် ငါမြင်တယ်ဟု မဆိုသော်လည်း ဆိုသကဲ့သို့ဖြစ်သော အဘိဘဝန ဈာန်သညာသည်ကား သမာပတ်အတွင်းမှာပင် ဖြစ်၏။ ထို၌ အဘိဘဝန ဈာန်သညာဟူသည် ကသိုဏ်းရုပ်တို့ကို ဖိစီးလွှမ်းမိုးရှုသော ဈာန်နှင့်ယှဉ်သော သညာတည်း။ ဟောတိ၊ ဖြစ်၏။

ဣဒံ၊ ဤဈာန်သည်။ (အဇ္ဈတ္တကသိုဏ်းရုပ်တို့ကို ရှုမှတ်စီးဖြန်းမှု ပရိကမ်ပြုပြီးနောက် ပရိတ္တသုဝဏ္ဏဒုဗ္ဗဏ္ဏဖြစ်သော ဗဟိဒ္ဓကသိုဏ်းရုပ်တို့ကို ပဋိဘာဂနိမိတ် ထင်ပေါ်လာအောင် ဖိစီးလွှမ်းမိုးရှုခြင်းကြောင့် ဖြစ်ပေါ်လာသော ဤအပ္ပနာဈာန်သည်)
ပဌမံ၊ ရှေးဦးစွာသော။
အဘိဘာယတနံ၊ အဘိဘာယတန ဈာန်မည်၏။
ဧကော၊ တဦးသော ယောဂီပုဂ္ဂိုလ်သည်။
အဇ္ဈတ္တံ၊ ၌။ပ။
အပ္ပမာဏာနိ၊ ကျယ်ပြန့်သော ပမာဏရှိကုန်သော။ပ။
ဣဒံ၊ ဤဈာန်သည်။ (အဇ္ဈတ္တကသိုဏ်းရုပ်တို့ကို ရှုမှတ်စီးဖြန်းမှု ပရိကမ်ပြုပြီးနောက် အပ္ပမာဏ သုဝဏ္ဏဒုဗ္ဗဏ္ဏ ဖြစ်သောဗဟိဒ္ဓကသိုဏ်းရုပ်တို့ကို ပဋိဘာဂနိမိတ် ထင်ပေါ်လာအောင် ဖိစီး လွှမ်မိုးရှုခြင်းကြောင့် ဖြစ်ပေါ်လာသော ဤအပ္ပနာဈာန်သည်)
ဒုတိယံ၊ သော။
အဘိဘာယတနံ၊ မည်၏။
ဧကော၊ သည်။
**အဇ္ဈတ္တံ**၊ ၌။
**အရူပသညီ**၊ ကသိုဏ်းရုပ်၌ ရှုမှတ်စီးဖြန်းသော ပရိကမ်သညာ, ဈာန်သညာရှိသူ မဟုတ်သည်။အဇ္ဈတ္တံ အရူပသညီ။ ။ အဋ္ဌကထာ၌ "အဇ္ဈတ္တရူပေ ပရိကမ္မသညာ ဝိရဟိတော"ဟူ၍ ယခင် ရူပသညီပုဒ်၌ကဲ့သို့ပင် ပရိကမ္မသညာကို ယူထားသည်။ သို့သော် "ရူပေ သညာ ရူပသညာ၊ သာ အဿ အတ္ထီတိ ရူပသညီ၊ န ရူပသညီ အရူပသညီ၊ သညာသီသေန ဈာနံ ဝဒတိ"ဟူ၍ (သညာကို အဦးပဓာနပြု၍ ဈာန်ကို ဆိုသည်)ဟု ဋီကာဖွင့်၏။ ထို့ကြောင့် နိဿယခန်း၌ ထို ဋ္ဌ ဋီ အဖွင့်နှစ်မျိုးလုံးပါဝင်အောင် "ပရိကမ် ဈာန်သညာ"ဟု အနက်ပြန်ဆိုထားသည်။
ဤယောဂီပုဂ္ဂိုလ်သည် အဇ္ဈတ္တကသိုဏ်းရုပ်၌ ရှုမှတ်စီးဖြန်းသော အဇ္ဈတ္တ ရူပသညာကို မရခြင်း (မဖြစ်စေခြင်း)ကြောင့် (သို့မဟုတ်) ထိုအဇ္ဈတ္တ ရူပသညာကို အလိုမရှိသောကြောင့် အဇ္ဈတ္တ အရူပသညီပုဂ္ဂိုလ် (အဇ္ဈတ္တရူပသညာမရှိသော ပုဂ္ဂိုလ်) ဖြစ်ရသည်။ (ဟုတွာ၊ ၍)။ပ။

ဣဒံ၊ ဤဈာန်သည်။ (အဇ္ဈတ္တကသိုဏ်းရုပ်၌ ရှုမှတ်စီးဖြန်းမှု ပရိကမ်မပြုမူ၍ ပရိတ္တ သုဝဏ္ဏဒုဗ္ဗဏ္ဏဖြစ်သော ဗဟိဒ္ဓကသိုဏ်းရုပ်တို့ကို ပဋိဘာဂနိမိတ် ထင်ပေါ်လာအောင် ဖိစီးလွှမ်းမိုးရှုခြင်းကြောင့် ဖြစ်ပေါ်လာသော ဤအပ္ပနာဈာန်သည်)
တတိယံ အဘိဘာယတနံ။ပ။
ဧကော၊ သည်။
အဇ္ဈတ္တံ၊ ၌။
အရူပသညီ၊ သည်။
(ဟုတွာ၊ ၍)
ဗဟိဒ္ဓါ၊ ၌။
ဝါ၊ ကုန်သော။
နီလာနိ၊ ညိုကုန်သော။ (နီလဝဏ္ဏ, နီလနိဒဿန, နီလနိဘာသ အားလုံးစုံပင် ပါဝင်သက်ဆိုင်သည့် အညိုသာမာန် ဖြစ်ကုန်သော)
နီလဝဏ္ဏာနိ၊ ညိုသောအဆင်းရှိကုန်သော။ (ပင်ကိုသဘာဝ မူလဓာတ်ခံ ညိုသော အဆင်းရှိကုန်သော)
နီလနိဒဿနာနိ၊ (ကြိုးကြာမလပ်, တဆက်စပ်တည်း) အညိုချည်းသာ တွေ့မြင်အပ်ကုန်သော။
နီလနိဘာသာနိ၊ ညိုသော တောက်ပြောင်သော အရောင်ရှိကုန်သော (ပင်ကိုမူလဓာတ်ခံ ညိုသောအဆင်းမှ ဝင်းဝင်း လက်လက်ပေါ်ထွက်တောက်ပြောင်သော အညိုရောင်ရှိကုန်သော) [အရောင်သေကို နီလဝဏ္ဏဟု ဆို၍ အရောင်ရှင်ကို နီလနိဘာသဟု ဆိုလိုသည်]
ရူပါနိ၊ ကသိုဏ်းရုပ်တို့ကို။
ပဿတိ၊ ရှု၏။ပ။
ဣဒံ၊ ဤဈာန်သည်။ (အဇ္ဈတ္တ ကသိုဏ်း ရုပ်၌ ရှုမှတ်စီးဖြန်းမှု ပရိကမ် မပြုမူ၍ နီလ နီလဝဏ္ဏ နီလနိဒဿန နီလနိဘာသဖြစ်သော ဗဟိဒ္ဓကသိုဏ်းရုပ်တို့ကို ပဋိဘာဂနိမိတ် ထင်ပေါ်လာအောင် ဖိစီးလွှမ်းမိုးရှုခြင်းကြောင့် ဖြစ်ပေါ်လာသော ဤအပ္ပနာဈာန်သည်)
ပဉ္စမံ၊ ငါးခုမြောက်သော။
အဘိဘာယတနံ၊ ၏။
ဧကော၊ သည်။
အဇ္ဈတ္တံ၊ ၌။ပ။
ပီတာနိ၊ ဝါရွှေဖြစ်ကုန်သော။
ပီတဝဏ္ဏာနိ၊ ဝါရွှေအဆင်းရှိကုန်သော။
ပီတနိဒဿနာနိ၊ (ကြိုးကြားမလပ်, တဆက်စပ်တည်း) ဝါရွှေချည်းသာ တွေ့မြင်အပ်ကုန်သော။
ပီတနိဘာသာနိ၊ ဝါရွှေတောက်ပြောင်သော အရောင်ရှိကုန်သော။
ရူပါနိ၊ တို့ကို။
ပဿတိ၊ ၏။ပ။
လောဟိတကာနိ၊ နီကုန်သော။
လောဟိတကဝဏ္ဏာနိ၊ နီသော အဆင်းရှိကုန်သော။
လောဟိတကနိဒဿနာနိ၊ (ကြိုးကြားမလပ်, တဆက်စပ်တည်း)အနီချည်းသာ တွေ့မြင်အပ်ကုန်သော။
လောဟိတကနိဘာသာနိ၊ နီသော တောက်ပြောင်သော အရောင်ရှိကုန်သော။
ရူပါနိ၊ တို့ကို။ပ။
ဩဒါတာနိ၊ ဖြူကုန်သော။
ဩဒါတဝဏ္ဏာနိ၊ ဖြူသော အဆင်းရှိကုန်သော။
ဩဒါတနိဒဿနာနိ၊ (ကြိုးကြားမလပ်, တဆက်စပ်တည်း) အဖြူချည်းသာ တွေ့မြင်အပ်ကုန်သော။
ဩဒါတနိဘာသာနိ၊ ဖြူသောတောက််ပြောင်သော အရောင်ရှိကုန်သော။
ရူပါနိ၊ ကသိုဏ်းရုပ်တို့ကို။
ပဿာတိ။ပ။
ဣတိ (အဝေါစ) ပဉ္စမံ။