ဘိက္ခဝေ၊ ရဟန်းတို့။
မေတ္တာယ၊ မေတ္တာမည်သော။ (အပ္ပနာအဆင့်သို့ ရောက်သော တိကစတုက္ကဇ္ဈာနိက မေတ္တာမည်သော)
**စေတောဝိမုတ္တိယာ**၊ စေတောဝိမုတ္တိကို။မေတ္တာ စေတောဝိမုတ္တိ။ ။ ဧကကနိပါတ် အပရအစ္ဆရာသံဃာတဝဂ်၊ စာပိုဒ် (၃၈၆)သုတ်၌ "စေတော ပဋိပက္ခတော ဝိမုစ္စတိ ဧတာယာတိ စေတောဝိမုတ္တိ၊ အပ္ပနာပ္ပတ္တာ မေတ္တာ"ဟူ၍ အင်္ဂုတ္တိုရ်ဋီကာ (ပ-၂၃၄) ဖွင့်ခဲ့၏။ ပဋိပက္ခတော ဝိမုစ္စတိ ဧတာယာတိ ဝိမုတ္တိ၊ စေတသော ဝိမုတ္တိ စေတောဝိမုတ္တိ- ဆန့်ကျင်ဘက် နီဝရဏ စသည်တို့မှ (အထူးအားဖြင့် ဒေါသ ဗျာပါဒ ထကြွမှုအားလုံးတို့မှ) ယှဉ်ဖက်စိတ်၏ လွတ်မြောက်ကြောင်းတရား။ ဤဝစနတ္ထနှင့်အညီ အပ္ပနာအဆင့်သို့ရောက်သောမေတ္တာ (တိကစတုက္ကဈာန်နှင့် ယှဉ်သောမေတ္တာ)ကို မေတ္တာစေတောဝိမုတ္တိ-ဟုခေါ်သည်။ ဤ၌ အထူးခွဲခြားထားသည်မှာ-
စေတောဝိမုတ္တိ ဟူသော ဂုဏ်ထူးမပါဘဲ မေတ္တာဟူ၍ သာမာန်ဆိုထားလျှင် ထိုအပ္ပနာမေတ္တာကိုသာမက ဥပစာရမေတ္တာ (ဥပစာရဈာန်အဆင့်မျှသာ ရှိသောမေတ္တာ)ကိုလည်း ယူနိုင်၏။ မေတ္တာစေတောဝိမုတ္တိဟူ၍ အထူးဆိုထားလျှင်ကား ထိုဂုဏ်ထူးနှင့် ဆီလျော်အောင် ဆန့်ကျင်ဘက်တို့မှ ကောင်းစွာ လွတ်မြောက်သော အပ္ပနာမေတ္တာကိုသာ ယူရသည်။ ဧကကနိပါတ် စာပိုဒ်(၁၇) အင်္ဂုတ္တိုရ်အဋ္ဌကထာ (၃၆)တုန်းက ထိုဥပစာရမေတ္တာကို ပုဗ္ဗဘာဂမေတ္တာ (အပ္ပနာ၏ ရှေ့ပိုင်းမေတ္တာ)ဟုလည်း ဆိုခဲ့သည်။ မေတ္တာယ စေတောဝိမုတ္တိယာတိ ဧတ္ထ မေတ္တာတိ ဝုတ္တေ ဥပစာေ၇ာပိ အပ္ပနာပိ ဝဋ္ဋတိ၊ စေတောဝိမုတ္တီတိ ဝုတ္တေ ပနံ အပ္ပနာဝ ဝဋ္ဋတိ။ သီလက္ခန် အဋ္ဌကထာ၊ တေဝိဇ္ဇသုတ် (၃၃၇)နှင့် သုတ်မဟာဝါ အဋ္ဌကထာ၊ မဟာသတိပဋ္ဌာနသုတ် (၃၆၉)စသည်။ ဝါ၊ ဆန့်ကျင်ဘက် နီဝရဏစသည်တို့မှ ယှဉ်ဖက်စိတ်၏ လွတ်မြောက်ကြောင်းတရားကို၊ အာသေဝိတာယ၊ လေးလေးစားစား မှီဝဲသုံးစွဲအပ်ပြီးလသော်။ ဘာဝိတာယ၊ အပြည့်အစုံ ဖြစ်ပွားစေအပ်ပြီးလသော်။ ဗဟုလီကတာယ၊ ကြိမ်ဖန်များများ ဖြစ်ပွားစေမှု ပြုအပ်ပြီးလသော်။ **ယာနီကတာယ**၊ အာဇာနည်မြင်း ကအပ်ပြီးသော ယာဉ်နှင့်တူအောင် ပြုလုပ်အပ်ပြီးလသော် (ကျွမ်းကျင်သော ယာဉ်မောင်းသမားသည် စီစဉ်အပ်သော အာဇာနည်မြင်း ကအပ်သော ယာဉ်နှင့်တူစွာ အလိုရှိတိုင်းဝင်စားနိုင်အောင် ပြုအပ်ပြီးလသော်)။ ယာနီကတာ။ ။ အာဇာနီမြင်း ကအပ်သောယာဉ်သည် ကျွမ်းကျင်သောရထားထိန်း (ယာဉ်မောင်းသမား) တစ်ဦးဦးက စီမံကွပ်ကဲ ထိန်းချုပ်မှုပြုထားပါက အလိုရှိရာ ခဏ၌ တက်စီးဖို့ရာ အဆင်သင့် ဖြစ်သကဲ့သို့ ထို့အတူ အကြိမ်ကြိမ် အထပ်ထပ် ပွားများအပ်သော မေတ္တာစေတောဝိမုတ်တိသည်လည်း အလိုရှိရာခဏ၌ အလိုရှိတိုင်း ဝင်စားနိုင်အောင် အဆင်သင့်ဖြစ်နေသည်ဟူလို။ အယာနမ္ပိ ယာနံ ဝိယ ကတာ ယာနီကတာ- ယာဉ်မဟုတ်သော်လည်း ယာဉ်ကဲ့သို့ဖြစ်အောင် ပြုအပ်သော မေတ္တာစေတောဝိမုတ္တိ။ အဘူတတဗ္ဘောအနက်၌ စီပစ္စည်း(ဤပစ္စည်း)သက်၍ ယာနီကတာဟု ရုပ်ပြီး၏။ **ဝတ္ထုကတာယ**၊ တည်မှီရာဌာနကဲ့သို့ ပြုအပ်ပြီးလသော်။ (သမ္ပတ္တိအားလုံးတို့၏ တည်မှီရာဖြစ်သော ပြကတေ့သော တည်မှီရာဌာနကဲ့သို့ ပြုအပ်ပြီးလသော်) [မေတ္တာအကျိုး (၈)မျိုး, (၁၁)မျိုးကို သမ္ပတ္တိဟု ခေါ်၏။] ဝတ္ထုကထာ။ ။ ဝတ္ထုကတာယာတိ ပတိဋ္ဌာနဋ္ဌေန ဝတ္ထု တိယ ကတာယ (ဤသုတ်အဋ္ဌကထာ။) ပတိဋ္ဌာနဋ္ဌေနာတိ သဗ္ဗသမ္ပတ္တိ အဓိဋ္ဌာနဋ္ဌေန၊ (ဤသုတ်ဋီကာ)။ ဝတ္ထုကတာယာတိ ယထာ ပတိဋ္ဌာ ဟောတိ၊ ဧဝံ ကတာယ(ဝိနည်းပရိဝါရ အဋ္ဌကထာ၊ ၁၈၄)။ သမ္ပတ္တီနံ ယထာ ပတိဋ္ဌာ ဟောတိ (သာရတ္ထ၊ တ-၄၈၂)။ ဤအဖွင့်များနှင့်အညီ ဝတ္ထုကတာယပုဒ်ကို အနက်ပေးသည်။ **အနုဋ္ဌိတာယ**၊ (ဖြစ်ပွားစေခြင်း, အကြိမ်ကြိမ်ပြုခြင်းတို့ဖြင့်) အမြဲမပြတ် စွဲကပ်တည်နေစေအပ်ပြီးလသော်။ အနုဋ္ဌိတာ။ ။ အနုဋ္ဌိတာယာတိ အနု အနု ပဝတ္တိတာယ၊ နိစ္စာဓိဋ္ဌိတာယာတိ အတ္ထော (ပရိဝါရအဋ္ဌကထာ) အနု အနု ပဝတ္တိတာယာတိ ဘာဝနာဗဟုလီကာရေဟိ အနု အနု ပဝတ္တိတာယ (သာရတ္ထ)။ ပရိစိတာယ၊ ဝန်းကျင်ပတ်ပတ်အရပ်မျက်နှာအဖို့အားဖြင့် ဆည်းပူးပွားများအပ်ပြီးလသော်။ (နဂိုမူလ ဖြစ်ပွားစေခြင်းအားလျော်အောင် ဝန်းကျင်ပတ်ပတ် အရပ်မျက်နှာ သတ္တဝါတို့၌ အာရုံပြု၍ ဆည်းပူးပွားများအပ်ပြီးလသော်။) [ဘာဝနာနုရူပံ စယံ- ဟူသော ဤသုတ်ဋီကာပါဌ် ရှိသည့်အတိုင်း အနက်ပြန်ဆိုသည်။ "ဘာဝနူပစယံ"ဟူ၍ စာအရှိများ၏] သုသမာရဒ္ဓါယ၊ အလွန်အမင်း ကောင်းစွာ အားထုတ်အပ်ပြီးလသော်။ အဋ္ဌ၊ ရှစ်မျိုးကုန်သော။ အာနိသံသာ၊ အကျိုးအာနိသင်တို့ကို။ ပါဋိကင်္ခါ၊ အလိုရှိအပ်ကုန်၏။ ဝါ၊ မချွတ်ဧကန် ရရှိနိုင်ကုန်၏။ [တနည်း- ဘိက္ခဝေ၊ တို့။ အာသေဝိတာယ၊ လေးလေးစားစား မှီဝဲသုံးစွဲအပ်ပြီးသော။ ဘာဝိတာယ၊ အပြည့်အစုံ ဖြစ်ပွားစေအပ်ပြီးသော။ပ။ သုသမာရဒ္ဓါယ၊ အပ်ပြီးသော။ မေတ္တာယ၊ သော။ စေတောတိမုတ္တိယာ၊ စေတောဝိမုတ္တိ၏။ အဋ္ဌ၊ ကုန်သော။ အာနိသံသာ၊ တို့ကို။ ပါဋိကင်္ခါ၊ ကုန်၏။]

ကတမေ၊ အဘယ်မည်ကုန်သော။
အဋ္ဌ၊ ကုန်သော။
(အာနိသံသာ၊ တို့ကို။
ပါဋိကင်္ခါ၊ နည်းဟူမူ)
(မေတ္တာစေတောဝိမုတ္တိလာဘီ၊ မေတ္တာစေတောဝိမုတ္တိကို ရရှိသောသူသည်)
[ဤကတ္တားပုဒ်ကို ထည့်ဆိုလိုက ဆိုပါ၊ သို့မဟုတ် "မေတ္တာဝိဟာရီ၊ မေတ္တာစေတောဝိမုတ္တိဖြင့် နေသောပုဂ္ဂိုလ်သည်"ဟုသော်လည်း ထည့်ဆိုလိုက ဆိုပါ]
သုခံ၊ ချမ်းသာစွာ။
**သုပတိ**၊ အိပ်စက်ရ၏။သုခံ သုပတိ။ ။ မေတ္တာစေတောဝိမုတ္တိ မရရှိသူတို့သည် ချမ်းသာစွာ အိပ်စက်မှု မပြုနိုင်ကြဘဲ လူးကာလှိမ့်ကာ ဘယ်ညာငဲ့စောင်း အမျိုးမျိုးပြောင်းလျက် မြင်မကောင်း ရှုမတော် အိပ်ဖော်လူများ အိပ်ပျက်ပြားအောင် ကယောင်ချောက်ချား ညည်းတွားဆူညံ သွားကြိတ်သံနှင့် ဟောက်သံ ထန်ခြင်း အိပ်စက်ခြင်းဖြင့် ဆင်းဆင်းရဲရဲ အိပ်စက်ကြရကုန်၏။ မေတ္တာစေတောဝိမုတ္တိ ရရှိသူတို့ကား ယင်းသို့ ပုံပျက်ပန်းပျက် အိပ်စက်ကြသည်မဟုတ်ဘဲ-
(၁) သယနေ ပိဋ္ဌိပသာရဏလက္ခဏာ သုပနာ- အိပ်ရာပေါ်၌ ကျောကုန်းဆန့်တန်းခြင်း လက္ခဏာရှိသော အိပ်ခြင်း (အိပ်ပျော်အောင် အိပ်ခြင်းမဟုတ်သေးဘဲ လဲလျောင်းရုံသာ လဲလျောင်းခြင်းဟု ဆိုလို၏။) (၂) ကိရိယာမယစိတ္တေဟိ အဝေါကိဏ္ဏ ဘဝင်္ဂပ္ပဝတ္တိလက္ခဏာ သုပနာ စ- ကိုယ်နှုတ်အမူအရာကို ဖြစ်စေတတ်သော ဇောဝီထိစိတ်တို့နှင့် မရောနှောသော ဘဝင်စိတ်သာ ဖြစ်ခြင်းလက္ခဏာရှိသော အိပ်ခြင်း (အိပ်ပျော်အောင် အိပ်ခြင်းဟု ဆိုလို၏)
ထိုအိပ်ခြင်းနှစ်မျိုးတို့တွင် မေတ္တာစေတောဝိမုတ္တိ ရရှိသူတို့သည် ဖြည်းညင်းသာယာစွာ လျောင်းစက်၍ ကိုယ်လက်အင်္ဂါတို့ကို ကောင်းမွန်သေသပ်စွာထားလျက် ပါသာဒိကဖြစ်သော (ကြည့်၍ တင့်တယ်သော) အမူအရာပုံသဏ္ဌာန်မျိုးဖြင့် အိပ်ကြရခြင်း, အိပ်ပျော်နေသော်လည်း ဈာန်သမာပတ်ဝင်စားနေသကဲ့သို့ မလှုပ်မယှက် ငြိမ်သက်တိတ်ဆိတ်စွာ အိပ်ကြရခြင်းကြောင့် ထိုအိပ်ခြင်းနှစ်မျိုးလုံးမှာပင် ချမ်းသာစွာ အိပ်စက်ရသည်ချည်း ဖြစ်၏။ (ဝိသုဒ္ဓိမဂ်ဋီကာ။ ပ-၃၆၈ နှင့် ဤသုတ်ဋီကာ) သုခံ၊ စွာ။ **ပဋိဗုဇ္ဈတိ**၊ နိုး၏။ သုခံ ပဋိဗုဇ္ဈတိ။ ။ မေတ္တာစေတောဝိမုတ္တိ မရရှိသူတို့သည် အိပ်ပျော်စဉ်ကပင် ဆင်းရဲစွာ အိပ်စက်ကြရ၍ နိုးသောအခါ၌လည်း ခန္ဓာကိုယ် ပင်ပန်းနွမ်းနယ်ခြင်းကြောင့် "ဒုက္ခ ဒုက္ခ" စသည်ဖြင့် ညည်းတွားခြင်း, ကိုယ်တဆန့်ဆန့်ငင်ခြင်း, ဟိုဘက်သည်ဘက် လူးလှိမ့်ခြင်းဖြင့် ဆင်းရဲစွာ နိုးလာကြ၏။ မေတ္တာစေတောဝိမုတ္တိ ရရှိသူကား အိပ်ပျော်စဉ်ကပင် ချမ်းသာစွာ အိပ်ရခြင်းကြောင့် နိုးသောအခါ၌လည်း ခန္ဓာကိုယ် ပင်ပန်း၍ ညည်းတွားခြင်းစသော ဖောက်ပြန်ခြင်း အလျှင်းမရှိဘဲ ပဒုမ္မာကြာပန်း ပွင့်လာသကဲ့သို့ လန်းဆန်းချမ်းသာစွာဖြင့် ပွင့်လန်း နိုးကြားလာ၏။ **ပါပကံ**၊ ဆိုးဝါးသော။ သုပိနံ၊ အိပ်မက်ကို။ **န ပဿတိ**၊ မမြင်မက်။ န ပါပကံ သုပိနံ ပဿတိ။ ။ အချို့သောသူတို့မှာ လူဆိုးသူခိုး ဓားပြများ ဝိုင်းရံခံရသကဲ့သို့လည်းကောင်း၊ ခြင်္သေ့ သစ်ကျားစသော ဆိုးသွမ်းသောသားကောင်များ ကိုက်ခဲ ညှဉ်းဆဲခံရသကဲ့သို့လည်းကောင်း, ချောက်ကမ်းပါးပြတ်ထဲသို့ လိမ့်ကျသွားသကဲ့သို့လည်းကောင်း ကြောက်လန့်ဖွယ်ရာ အိပ်မက်ဆိုးများကို မြင်မက်ကြရ၏။ မေတ္တာစေတောဝိမုတ္တိ ရရှိသူများကား ယင်းသို့သော အိမ်မက်ဆိုးများ မမြင်မက်တော့ဘဲ စေတီပုထိုး ရှိခိုးပူဇော်မှု ပြုရသကဲ့သို့ တရားနာရသကဲ့သို့သော အိမ်မက်ကောင်းများသာ မြင်မက်ကြရ၏။ မနုဿာနံ၊ လူတို့၏။ ပိယော၊ ချစ်မြတ်နိုးခံရသူသည်။ (လည်ပင်း၌ ဆွဲ၍ ရင်ခွင်၌ တွဲလဲကျနေသော ပုလဲသွယ်ကဲ့သို့လည်းကောင်း, ဦးခေါင်း၌ ပန်ဆင်ထားအပ်သော ပန်းကုံးကဲ့သို့လည်းကောင်း ချစ်မြတ်နိုးခံ ရသူသည်)။ ဟောတိ၊ ဖြစ်၏။ အမနုဿာနံ၊ နတ်ဘီလူးတို့၏။ ပိယော၊ သည်။ ဟောတိ၊ ၏။ (မေတ္တာဝိဟာရိံ၊ မေတ္တာဖြင့် နေလေ့ရှိသူကို) [ဤကံပုဒ်ကိုလည်း ထည့်ဆိုလိုက ဆိုပါ] ဒေဝတာ၊ နတ်တို့သည်။ ရက္ခန္တိ၊ စောင့်ရှောက်ကြကုန်၏။ (မိဘတို့က သားသမီးတို့ကို စောင့်ရှောက်သကဲ့သို့ စောင့်ရှောက်ကြကုန်၏) အဿ၊ ထိုမေတ္တာဖြင့် နေလေ့ရှိသူ၏။ (ကာယေ၊ ကိုယ်ခန္ဓာ၌) အဂ္ဂိ ဝါ၊ မီးသည်လည်းကောင်း။ ဝိသံ ဝါ၊ အဆိပ်သည်လည်းကောင်း။ သတ္ထံ ဝါ၊ ဓားလှံ စသော လက်နက်သည်လည်းကောင်း။ **န ကမတိ**၊ မထိရောက်။ မိလိန္ဒပဉှာ ရှင်းလင်းချက်။ ။ "သတ္ထံ ဝါ န ကမတိ"နှင့်စပ်၍ မှတ်ဖွယ်ကား- မေတ္တာ ဈာန်ဝင်စားနေသောပုဂ္ဂိုလ်၌ ရန်သူတို့၏လက်နက်များ မထိမှန် မစူးဝင်နိုင်ခြင်းသည် မေတ္တာဈာန်၏ တန်းခိုးဂုဏ်အစွမ်း သက်သက်မျှသာဖြစ်၍ မေတ္တာဈာန် ဝင်စားသောပုဂ္ဂိုလ်၏ အစွမ်းမဟုတ်၊ ဥပမာအားဖြင့် သံချပ်အင်္ကျီကိုဝတ်၍ တိုက်ပွဲဝင်သော စစ်သား၌ မြားမစူးဝင်နိုင်ခြင်းသည် သံချပ်အင်္ကျီ၏ အစွမ်းသာဖြစ်၍ စစ်သား၏ အစွမ်းမဟုတ်၊ မိုးလုံလေလုံလိုဏ်ဂူကြီးထဲဝင်၍ မိုးခိုနေသောလူများ၌ မိုးမစွတ်ခြင်းသည် လိုဏ်ဂူ၏ အစွမ်းသာဖြစ်၍ လူ၏အစွမ်းမဟုတ်၊ အကယ်၍ သံချပ်အင်္ကျီကို ချွတ်လိုက်ပါက မြားစူးဝင်မည်သာဖြစ်၏။ လိုဏ်ဂူ၏ အပြင်သို့ ထွက်လိုက်ပါက မိုးစွတ်မည်သာ ဖြစ်၏။ ထိုနည်းတူပင် ဝင်စားနေကျဖြစ်သော မေတ္တာဈာန်ကို မေ့လျော့၍ မဝင်စားမိလျှင် ထိုလက်နက်များ ထိမှန်စူးဝင်မည်သာ ဖြစ်၏။ ထို့ကြောင့်ပင် မေတ္တာဈာန် ဝင်စားလေ့ရှိသော ဘုရားအလောင်းတော်သာမ(သုဝဏ္ဏသျှမ်) သတို့သားသည် မေတ္တာဈာန်ကို မေ့လျော့၍ မဝင်စားမိသောကြောင့် ပီဠီယက္ခမင်းက ပစ်လိုက်သော မြား ထိမှန်စူးဝင်၍ မူးမေ့လဲကျသွားခြင်း ဖြစ်သည်။ သာမော မဟာရာဇ ကုမာရော ဃဋံ ဥက္ခိပန္တော တသ္မိံ ခဏေ မေတ္တာဘာဝနာယ ပမတ္တော အဟောသိ။ မိလိန္ဒပဉှပါဠိ၊ မေတ္တာဘာဝနာနိသံသပဉှ၊ ၁၉၅။ ဝါ၊ မဖျက်ဆီး။ (မေတ္တာဝိဟာရီ၊ သူသည်) ဥတ္တရိံ၊ (မေတ္တာသမာပတ်ထက်) သာလွန်သော အရဟတ္တဖိုလ်ကို။ အပ္ပဋိဝိဇ္ဈန္တော၊ ထိုးထွင်းသိမြင် မရရှိနိုင်သေးလသော်။ ဗြဟ္မလောကူပဂေါ၊ ဗြဟ္မာ့ပြည်သို့ လားရောက်သည်။ ဟောတိ၊ ၏။

ဘိက္ခဝေ၊ တို့။
မေတ္တာယ၊ သော။ပ။
အဋ္ဌ၊ ကုန်သော။
ဣမော အာနိသံသာ၊ တို့ကို။
ပါဋိကင်္ခါ၊ ကုန်၏။
ဣတိ၊ ဤသို့။
(အဝေါစ၊ မိန့်တော်မူပြီ)
စ၊ မေတ္တာ ဘာဝနာ၏အကျိုးကား။
ယော၊ အကြင်ပုဂ္ဂိုလ်သည်။ (ရဟန်း,လူသား မှတ်မထားသည့် တပါးပါးသော အကြင်ပုဂ္ဂိုလ်သည်)။
**အပ္ပမာဏံ**၊ အတိုင်းအတာ ပမာဏမရှိသော။အပ္ပမာဏ မေတ္တာဈာန်။ ။ အပ္ပမာဏ- အတိုင်းအတာပမာဏ မရှိသောမေတ္တာဈာန်ဟု ဆိုရာ၌- (၁)အပ္ပနာအဆင့်သို့ ရောက်သောမေတ္တာဟူသည် တကြိမ်မက အထပ်ထပ်ပွားများမှသာ ဖြစ်ပေါ်လာနိုင်၏။ ထို့ကြောင့် အကြိမ်ကြိမ်, အထပ်ထပ်ပွားများအပ်သဖြင့် ဤရွေ့ဤမျှဟု အတိုင်းအဆမရှိ များပြားလှသော မေတ္တာဈာန်ဟု ဆိုလို၏။
(၂) ဤမေတ္တာဈာန်သည် အတိုင်းအဆမရှိ များပြားလှသော သတ္တဝါပညတ်ကို အာရုံပြု၏။ ထို့ကြောင့် အာရုံအနေအားဖြင့်လည်း အတိုင်းအတာ ပမာဏမရှိသော မေတ္တာဈာန်ဟု ဆိုလို၏။ (သို့မဟုတ်) အပ္ပမာဏံ အာရမ္မဏံ ယဿာတိ အပ္ပမာဏာ ရမ္မဏံ- အတိုင်းအဆ ပမာဏမရှိသော အာရုံရှိသော မေတ္တာဈာန်။ ဝါ- အတိုင်းအတာ ပမာဏမရှိများပြားလှသော သတ္တဝါပညတ်ကို အာရုံပြုသော မေတ္တာဈာန်-ဟု ဝစနတ္ထပြု။ အပ္ပမာဏာရမ္မဏ-ဟုဆိုလိုလျက် အာရမ္မဏပုဒ်ချေထားသည်ဟု ကြံပါ။
(၃) ဥဒ္ဓုမာတကဘာဝနာသည် အလောင်းကောင်တခုလုံးက်ု အာရုံပြုသည် မဟုတ်၊ အလောင်းကောင်၏ အလွန်အကဲ ဖူးဖူးရောင်သော နေရာကိုသာ ကွက်၍ အာရုံပြု၏။ ထို့အတူ ဝိနီလက ဘာဝနာသည်လည်း ဖြူနီရောယှက် ညိုနက်မဲပုပ်သောနေရာကို ကွက်၍ အာရုံပြု၏။ ဤသို့စသည်ဖြင့် အသုဘဘာဝနာစသည်တို့သည် ဆိုင်ရာအာရုံကို အားလုံးစုံအာရုံပြုသည် မဟုတ်ဘဲ ထိုအာရုံ၏ တစိတ်တဖို့ တချို့ကိုသာ အာရုံပြု၏။ ဤမေတ္တာဈာန်ကား သတ္တဝါတဦးတည်းကိုပင် အာရုံပြုစေကာမူ ထိုသတ္တဝါ၏ ဦးခေါင်းပိုင်းကိုသာ ကွက်၍(သို့မဟုတ်) အလယ်ကိုယ်တပိုင်းကိုသာ ကွက်၍ အာရုံပြုသည်မဟုတ်။ သတ္တဝါတကိုယ်လုံးကို အကြွင်းအကျန်မရှိ, အတိုင်းအတာပမာဏမရှိ, ဖြန့်လျက် အာရုံပြု၏။ ယင်းသို့ အာရုံပြုခြင်းအားဖြင့်လည်း အတိုင်းအတာ, အပိုင်းအကန့် ပမာဏမရှိသော မေတ္တာဈာန်ဟု ဆိုလို၏။ ဤသို့အားဖြင့် အပ္ပမာဏပုဒ်၌ အနက်အဓိပ္ပာယ် သုံးမျိုးရသည်။ [အကျဉ်းချုပ် အနက် ဖြစ်၏။ အကျယ်ဖွင့်အနက်ကား_ "အပ္ပမာဏံ၊ ကြိမ်ဖန်များစွာ စီးဖြန်းပွားများခြင်းကြောင့် ပွားများမှု အနေအားဖြင့် ဤရွေ့ဤမျှဟု အတိုင်းအတာ ပမာဏမရှိသော။ ဝါ၊ အတိုင်းအတာ ပမာဏမရှိ များစွာသော သတ္တဝါတို့ကို အာရုံပြုခြင်းကြောင့် သတ္တဝါ ပညတ်အာရုံအနေအားဖြင့်လည်း အတိုင်းအတာ ပမာဏမရှိသော။ ဝါ၊ အသုဘဘာဝနာစသည်တို့ကဲ့သို့ အာရုံ၏ တစိတ်တဖို့ တချို့ကိုသာ အာရုံပြုသည် မဟုတ်ဘဲ သတ္တဝါပညတ်အာရုံ၌ အကြွင်းအကျန် မရှိ, အတိုင်းအတာ မရှိ ဖြန့်လျက်အာရုံပြုခြင်းအားဖြင့်လည်း အတိုင်းအတာပမာဏ မရှိသော"ဟု ဆိုပါ။ တနည်း- "အပ္ပမာဏံ၊ (ပွါးများမှုအနေအားဖြင့် ဤရွေ့ဤမျှဟု) အတိုင်းအဆ ပမာဏမရှိအောင်" ဤသို့လည်း ကိရိယာဝိသေသနအနက် ဆိုနိုင်၏။] မေတ္တံ၊ မေတ္တာဈာန်ကို။ ပဋိဿတော၊ သတိမလပ် အထပ်ထပ် အမှတ်ရလျက်။ ဘာဝယတိ၊ ဖြစ်ပွားစေ၏။

ဥပဓိက္ခယံ၊ ကိလေသာဟူသော ဥပဓိတို့၏ကုန်ကြောင်း အရဟတ္တဖိုလ်ကို။
ပဿတော၊ ဆိုက်ရောက်ရှုမြင်သော၊ (မေတ္တာဟူသော နီးကပ်သော အခြေခံအကြောင်းရှိသော ဝိပဿနာဉာဏ်ဖြင့် အစဉ်အတိုင်း ဆိုက်ရောက်ရှုမြင်သော)။
တဿ၊ ထိုပုဂ္ဂိုလ်၏။
ဝါ၊ မှာ။
သံယောဇနာ၊ ဆယ်ပါးသော သံယောဇဉ်တို့သည်။
**တနူ**၊ အကြွင်းမဲ့ ပယ်သတ်အပ်ကုန်သည်။တနူ သံယောဇနာ။ပ။ ဥပဓိက္ခယံ ။ ။ နိဿယခန်း၌ ဤတါကျကို ဤသုတ်အဋ္ဌကထာဖွင့်သည့်အတိုင်း အနက်နှစ်နည်း ပြန်ဆိုထားသည်။ ဤသုတ် ဋီကာ၌မူ ဤသုတ်အဋ္ဌကထာကို မဖွင့်တော့ဘဲ ဣတိဝုတ်အဋ္ဌကထာ၊ ဧကကနိပါတ်၊ မေတ္တာဘာဝနာသုတ် (၈၈-၈၉)မှ အဖွင့်ဝါကျများကို ထုတ်ပြထား၏။ သို့သော်" ဥပဓိက္ခ ယောတိ ဟိ နိဗ္ဗာနံ ဝုစ္စတိ"စသော ဝါကျများ မပါလာချေ။ ထိုဣတိဝုတ် အဋ္ဌကထာ အဖွင့်အတိုင်း အနက်ပြန်ဆိုလျှင်-
"ဥပဓိက္ခယံ- ခန္ဓာစသော ဥပဓိတို့၏ကုန်ရာ နိဗ္ဗာန်ကို။ ပဿတော- အောက်မဂ်ဉာဏ်ဖြင့် ရှုမြင်သော။ တဿ- ထိုပုဂ္ဂိုလ်၏။ ဝါ- ထိုပုဂ္ဂိုလ်မှာ။ သံယောဇနာ- ပဋိဃ စသော သံယောဇဉ်တို့သည်။ တနူ- နည်းပါးကုန်သည်။ ဟောန္တိ [တနူ (နည်းပါး)ဟူသော စကားနှင့်လျော်အောင် အောက်မဂ်ဉာဏ်ကိုသာ ယူဟန်တူသည်။ ဤသုတ်အင်္ဂုတ္တိုရ် အဋ္ဌကထာ၌ကား နှစ်နည်းဖွင့်ပြရာတွင် ပဌမနည်း၌ ဥပဓိက္ခယပုဒ်အရ အရဟတ္တဖိုလ်ကို ယူထားသောကြောင့် သံယောဇနပုဒ်အရလည်း သံယောဇဉ်ဆယ်ပါးလုံးကို ယူပြီးလျှင် တနူပုဒ်ကို ပဟီယန္တိဟု ဖွင့်၏။ ထို့ကြောင့် "သံယောဇနာ- ဆယ်ပါးသော သံယောဇဉ်တို့သည်။ တနူ- အကြွင်းမဲ့ ပယ်သတ်အပ်ကုန်သည်။ ဟောန္တိ"ဟူ၍ နိဿယခန်း၌ ပဌမနည်း အနက်ပေးခဲ့၏။] ဟောန္တိ၊ ဖြစ်ကုန်၏။ [မေတ္တာဈာန်ကို အခြေခံပါဒက ပြု၍ ဝိပဿနာ ရှုခြင်းကြောင့် ဉာဏ်အစဉ်အတိုင်း အရဟတ္တဖိုလ်သို့ ရောက်၍ သံယောဇဉ်ဆယ်ပါးကို အကြွင်းမဲ့ ပယ်ရှားအပ်၏ ဟူလို]။ (တနည်း) ဥပဓိက္ခယံ၊ (ပဋိဃ စသော) ကိလေသာဟူသော ဥပဓိတို့၏ကုန်ကြောင်း မေတ္တာဈာန်ကို။ ပဿတော၊ ရရှိသိမြင်သော။ (တဿ၊ ထိုပုဂ္ဂိုလ်၏။ ဝါ၊ မှာ)။ သံဃောဇနာ၊ ပဋိဃ သံယောဇဉ်နှင့် ထို၏ယှဉ်ဘက် သံယောဇဉ်တို့သည်။ တနူ၊ နည်းပါးကုန်သည်။ ဟောန္တိ၊ ၏။

အရိယော၊ ဖြူစင်သော စိတ်ရှိသော ပုဂ္ဂိုလ်သည်။ [ပဟူတမရိယော-၌ အရိယောပုဒ်ကို ရှေးဦးစွာ အနက်ပေးသည်။]။
ဧကံ၊ တဦးတယောက်မျှသော။
ပါဏမ္ပိ၊ သတ္တဝါကိုပင်လည်း။
အဒုဋ္ဌစိတ္တော၊ ဒေါသသည် ဖျက်ဆီးအပ်သော စိတ်မရှိသည်။ (မေတ္တာ အစွမ်းဖြင့် ကောင်းစွာ ပယ်ခွါအပ်သော ဒေါသဗျာပါဒရှိသည် အဖြစ်ကြောင့် ဒေါသမထွက်, အမျက်မငင်အပ်သော စိတ်ရှိသည်)။
(ဟုတွာ၊ ဖြစ်၍)။
စေ မေတ္တာယတိ၊ အကယ်၍ မေတ္တာပွားမှုကို ပြုလုပ်ငြားအံ့။
ဝါ၊ အကယ်၍ မေတ္တာကို ဖြစ်ပွားစေအံ့။
တေန၊ ထိုသို့ မေတ္တာပွားမှု ပြုလုပ်ခြင်းကြောင့်။
ကုသလီ၊ လွန်ကဲများပြားစွာ ကုသိုလ်ရှိသူသည်။
ဝါ၊ ဒေါသရန်ဘေး ကင်းဝေးသူသည်။
ဟောတိ၊ ၏။
**စ**၊ ထို့ထက် များပြားသော ကုသိုလ်ကို ဖြစ်ပွားစေပုံကား။စသဒ္ဒါ၏အနက်။ ။ သဗ္ဗေ စ-၌ စသဒ္ဒါကို ဗျတိရေက အနက်ဟောဟု ဣတိဝုတ်အဋ္ဌကထာ၌ ဖွင့်၏။ သတ္တဝါ တဦးတည်းကို အာရုံပြု၍ မေတ္တာပွားခြင်းဖြင့် ကုသိုလ်အမြောက်အမြား ဖြစ်ပွားစေသည်ထက် သတ္တဝါအားလုံးတို့ကို အာရုံပြု၍ မေတ္တာပွားခြင်းဖြင့် ကုသိုလ်အမြောက်အမြား ဖြစ်ပွားစေပုံကို ထွန်းပြသည်ကိုပင် ဗျတိရေက အနက်ဟောသည်ဟု ဆိုလိုဟန်တူသည်။
သဿမေဓ စသော သင်္ဂဟဝတ္ထုလေးမျိုး။ ။ ဩက္ကာက ဘုရင်မင်းသည် သာကီဝင်မင်းမျိုးတို့၏ ရှေးအကျဆုံးဖြစ်သော လက်ဦးအစ ပုဗ္ဗပုရိသ(အနွယ်ဦးပုဂ္ဂိုလ်) ဖြစ်သည်ဟု သီလက္ခန်၊ အမ္ဗဋ္ဌသုတ် (၈၇)၌ မြတ်စွာဘုရား ဟောတော်မူ၏။ ထိုဩက္ကာကမင်းထက်ပင် ရျေးကျသော ဘုရင်မင်းတို့သည် တိုင်းသူပြည်သားများကို သင်္ဂဟဝတ္ထုလေးပါးတို့ဖြင့် ချီးမြှောက်စောင့်ရှောက်ကြကုန်၏။ ထိုသင်္ဂဟဝတ္ထု လေးပါးမှာ-
(၁) ရိပ်သိမ်းပြီးသော ကောက်စပါးမှ ဆယ်ဖို့တဖို့မျှသာ အခွန်ကောက်ယူခြင်းတည်း ဟူသော သဿမေဓ။ (၂) စစ်သူရဲကြီးများအား ခြောက်လတကြိမ် လစာရိက္ခာထုတ်ပေးခြင်းတည်းဟူသော ပုရိသမေဓ။ (၃) လူဆင်းရဲတို့အား ငွေတထောင်, နှစ်ထောင်ကို အတိုးမဲ့ထုတ်ချေးခြင်းတည်းဟူသော သမ္မာပါသ။ (၄) တာတ- ချစ်သား။ မာတုလ- ဦးရီး, ဦးလေး စသည်ဖြင့် ယဉ်ကျေးသိမ်မွေ့သော စကားကို ပြောဆိုခြင်းဟူသော ဝါစာပေယျ။ ဤလေးမျိုးဖြစ်၏။
ထိုလေးမျိုးသော သင်္ဂဟဝတ္ထုတို့ဖြင့် ချီးမြှောက်စောင့်ရှောက်ခြင်းကြောင့် ဆန်ရေစပါး ပေါများကြွယ်ဝပြီး ခိုးသားဓားပြ ဘေးမခ၍ အေးမြ သာယာသောတိုင်းနိုင်ငံကို "နိရဂ္ဂဠ"ဟု ခေါ်ဝေါ်ရ၏။ နတ္ထိ အဂ္ဂဠာ ယတ္ထာတိ နိရဂ္ဂဠံ- တံခါးရွတ်မရှိသောနိုင်ငံ။ အိမ်တံခါးမပိတ်ဘဲ စိတ်ချလက်ချ အေးချမ်းစွာနေထိုင်နိုင်သော နိုင်ငံဟုဆိုလိုသည်။
ဓမ္မိကဗြာဟ္မဏနှင့် အဓမ္မိကဗြာဟ္မဏများ။ ။ ထိုဩက္ကာကမင်းလက်ထက် မရောက်မီ ရှေးရှေးက ဣသိခေါ် ဗြာဟ္မဏ(ပုဏ္ဏား)တို့သည် သီလစောင့်ထိန်းမှု, ဣန္ဒြေချုပ်တည်းမှုနှင့်ပြည့်စုံ၍ ငါးပါးအာရုံကာမဂုဏ်တို့ကို ပယ်စွန့်ကာ ဝေဒမန္တန်ကို ရွတ်အံသရဇ္ဈာယ်ခြင်း, မေတ္တာစသော ဗြဟ္မဝိဟာရ ဘာဝနာကို ပွားခြင်းဖြင့် တမလွန်အကျိုးစီးပွားကိုသာ ရှာကြုံကြိုးကုတ် အားထုတ်လျက် လူရွာမစပ် တောရပ်မြိုင်ခွင် သစ်ပင်ရိပ်ကြီး ခိုမှီးနေထိုင်ကြကုန်၏။ ထိုဗြာဟ္မဏတို့သည် လူအများက သဒ္ဓါတရားဖြင့် လှူဒါန်းသော အစားအဝတ်ဖြင့်သာ ရောင့်ရဲတင်းတိမ်နေကြပြီး ရွှေငွေဆန်စပါး ကျွဲနွားစသော ပစ္စည်းဥစ္စာတို့ကို ဘာတခုမျှ အလိုမရှိကြ။ ဘာတခုကိုမျှ လက်ဝယ်မထားကြ။ မန္တန်သစရဇ္ဈာယ်မှု ဘာဝနာပွားမှုကိုသာ ကိုယ်တိုင်ပစ္စည်းဥစ္စာ ပြုလုပ်သိုမှီး သိမ်းဆည်းထားကြကုန်၏။
သို့သော် ကာလကြာမြင့်၍ ဩက္ကာကမင်းလက်ထက်သို့ ရောက်လာသောအခါ၌ကား ထိုဗြာဟ္မဏတို့သည် အကျင့်သီလ ယုတ်လျော့အားနည်း၍ မိမိတို့ စားဝတ်နေရေးကို အထင်သေးလာကြ၏။ တောင်းရမ်းရှာမှီး၍ ရရာ အစားအစာကို ဖြစ်သလို စားသောက်ရခြင်းနှင့် တောရပ်မြိုင်ရောက် သစ်ပင်အောက်တွင် ခိုဝင်မှီတင်း ဆင်းဆင်းရဲရဲ မွဲမွဲတေတေ နေကြရသော မိမိတို့ဘဝကို အားမလို, အားမရကြ။ အလိုမပြည့်ဝကြတော့ကုန်။ ထိုဗြာဟ္မဏတို့သည် ထယ်ဝါခန့်ငြား တောက်ပြောင်စွာ ဝတ်စားနေထိုင်သူ လူကုံထံ သူဌေးသူကြွယ်တို့၏ ကာမဂုဏ်စည်းစိမ်တို့ကို အဘိဇ္ဈာ ဣဿာ အပြည့်ပါသော မျက်လုံးများဖြင့် ရှုစားကြလေကုန်၏။ ထို့ကြောင့် ယင်း လူကုံထံတို့နှင့် တန်းတူရည်တူ စည်းစိမ် ခံစားလိုသော ထိုဗြာဟ္မဏတို့သည် ရှေးရှေးဗြာဟ္မဏသူတော်စင်တို့ စီရင်ရေးသားခဲ့ကြသော အကျင့်သီလ ကုသိုလ်ဓမ္မဆိုင်ရာ ဝေဒကျမ်းဂန်မန္တန်တို့ကို ဖျက်ဆီး၍ မိမိတို့ ပစ္စည်းဥစ္စာလာဘ်လာဘရရှိမှုကိုသာ အလေးဂရု ပြုကာ အကုသိုလ်ဓမ္မဆိုင်ရာ စဉ်းလဲကောက်ကျစ်သော ဂါထာမန္တန်တို့ကို အသစ်တီထွင်စီစဉ်ရေးသားကြပြီးလျှင် ဩက္ကာကဘုရင်မင်းထံသို့ သွား၍ ထိုမန္တန်လက်သစ်တို့ကို ရှေးသူတော်ကောင်းတို့၏ ကျမ်းကြီးကျမ်းခိုင်ဖြစ်လေဟန် ကြံဖန်လှည့်စား ပြောကြားဖွင့်ဆိုကြကုန်၏။ ယင်းသို့ ဖွင့်ဆိုကြရာ၌ ယခင်ပြဆိုခဲ့သော သဿမေဓ အစရှိသော လေးပါးတို့ကို သင်််ဟဝတ္ထုအဖြစ်ဖြင့် မဖွင့်ဆိုကြတော့ဘဲ (ထက်အောက် ပြောင်းပြန် လှန်ပစ်လိုက်သကဲ့သို့) နွားမြင်းအစရှိသော သတ္တဝါတို့ကို သတ်၍ ပေးလှူပူဇော်ရာယည(ယဇ်)ဟု အဓိပ္ပာယ်ပြောင်းလဲ ဖွင့်ဆိုကြပြီးလျှင် "သဿမေဓနှင့် ဝါစာပေယျဟူသော နာမည်နှစ်ခုကိုလည်း "အဿမေဓနှင့် ဝါဇပေယျ"ဟု ဆင်တူရိုးမှားပြုလုပ်လျက် အဿမေဓ, ပုရိသမေဓ, သမ္မာပါသ, ဝါဇပေယျ, နိရဂ္ဂဠ-ဟု ယဇ်ငါးမျိုး သတ်မှတ်ကာ ဩက္ကာကမင်းကို ထိုယဇ်ပူဇော်မှု အလှူဒါနပြုလုပ်ရန် တိုက်တွန်းကြကုန်၏။ ယင်းသို့ တိုက်တွန်းရာ၌လည်း ထိုယဇ်ပူဇော်ခြင်းကြောင့် နောက်ဘဝ၌ ဥစ္စာစပါး, ပေါများမည်ဖြစ်ကြောင်း, ဆွေမျိုး(၇)ဆက်အထိ နတ်ပြည်၌ ခံစားရမည် ဖြစ်ကြောင်း, ဗြဟ္မာ့ပြည်သွားရာ လမ်းကြောင်းလည်း ကောင်းမွန်သန့်ရှင်းမည် ဖြစ်ကြောင်း လိမ်လည်လှည့်စား ပြောကြားကြကုန်၏။ ဩက္ကာကမင်းသည်လည်း မိမိ၏ ဆရာများဖြစ်ကြသော သူတော်ကောင်းဟု ယုံကြည်လေးမြတ် ဆည်းကပ်ကိုးကွယ် ခံနေကြသော ထိုဗြာဟ္မဏတို့၏စကားကို အဟုတ်တကယ်အမှန်, မြေကြီးလက်ခတ်မလွဲဟု စွဲမြဲယုံကြည်ကာ မြောက်မြားလှစွာသောနွားတို့ကို ကိုယ်တိုင်ပင်သတ်၍ ယဇ်ပူဇော်မှု ပြုလေ၏။ ရှေးရှေးဗြာဟ္မဏတို့က သက်သတ်လွတ် ယဇ်အလှူဒါန ပြုလုပ်၍ "ဂါဝေါ နော ပရမာ မိတ္တာ"စသည်ဖြင့် နွားတို့ကို မိဘဆွေမျိုးများကဲ့သို့ အမြင့်မြတ်ဆုံး မိတ်ဆွေအဖြစ် အမွှန်းတင်ပြောဆိုကာ သတ်ဖြတ်ညှဉ်းဆဲမှု မပြုခဲ့ကြသော်လည်း ယခုဗြာဟ္မဏတို့ကမူ ဖြူနီ ဝါရောင် ကမ္ဗလာတို့ကို ခြုံ၍ ကိုယ်တိုင်ပင် နွားတို့ကို သတ်ဖြတ်စားသောက်ကြကုန်၏။ [သုတ္တနိပါတ်၊ဗြာဟ္မဏဓမ္မိကသုတ် ၃၂၂- စသည်နှင့် ၎င်းအဋ္ဌကထာ၊ဒု-၄၈၊၄၉-စသည်မှ တချို့ကို ယူပြထားသည်]
ယဇ်ပူဇော်ရာ၌ ရည်ရွယ်ချက်များ။ ။ ထို အဿမေဓ-စသော ယဇ်ပူဇော်ခြင်းဟူသည် အလွန်ကြီးကျယ်သော စားပွဲသောက်ပွဲ အလှူပွဲကြီးပင် ဖြစ်၏။ ယင်းအလှူပွဲကြီး ပြုလုပ်ရာ၌ ရည်ရွယ်ချက် အမျိုးမျိုးရှိကြ၏။ သဂါထာဝဂ္ဂ၊ ကောသလသံယုတ်၊ ၇၅ (ယညသုတ်)နှင့် ဧကကနိပါတ် မဟာသုပိနဇာတ်၊ စတုက္ကနိပါတ် လောဟကုမ္ဘီဇာတ် စသည်တို့၌ ကောသလမင်းသည် ညဉ့်အခါ၌ "ဒု,သ,န,သော"ဟူသော ကြောက်မက်ဖွယ် အသံကြီးများ ကြားရခြင်း၊ ထူးဆန်းသော အိပ်မက်များ မြင်မက်ခြင်းတို့ကြောင့် နောက်ထပ်အိပ်မပျော်နိုင်လောက်အောင် ကြောက်ရွံ့ ထိတ်လန့်နေ၏။ ထို့ကြောင့် ကောသလမင်းသည် ဗြာဟ္မဏတို့၏ အကြံပေးချက်အရ အိမ်မက်ကုစားခြင်း အန္တရာယ်ကာကွယ်ခြင်းအကျိုးငှာ ဤယဇ်ပူဇော်မှု ပြုလုပ်ခြင်း ဖြစ်၏။ သို့သော် အမှန်တကယ် ဗြာဟ္မဏတို့၏ ရည်ရွယ်ချက်ကား အိပ်မက်ကုစား ပေးမည်ဟု လိမ်လည်လှည့်စား၍ စားလမ်းသောက်လမ်း ထွင်ခြင်းသာဖြစ်၏။ သို့သော် သီလက္ခန်ပါဠိတော်မှ ကူဋဒန္တပုဏ္စားနှင့် ဤအင်္ဂုတ္ထိုရ် သတ္တကနိပါတ် စာပိုဒ်(၄၇) ဒုတိယအဂ္ဂိသုတ်မှ ဥဂ္ဂတသရီရပုဏ္စားတို့ကား ယခင် ဩက္ကာကမင်းကဲ့သို့ပင် နတ်ပြည် ဗြဟ္မာ့ပြည်ရောက်ကြောင်း ကုသိုလ်ကောင်းမှုဖြစ်စေမည်ဟူသော ရည်ရွယ်ချက်ဖြင့် ယဇ်ပူဇော်ခြင်း ဖြစ်ဟန်ရှိ၏၊ ထို့ကြောင့်ပင် "အဂ္ဂိဿ အာဒါနံ ယူပဿ ဥဿာပနံ မဟပ္ဖလံ ဟောတိ မဟာနိသံသံ"ဟုလည်းကောင်း "အနုသာသတု မံ ဘဝံ ဂေါတမော၊ ယံ မမ အဿ ဒီဃရတ္တံ ဟိတာယ သုခါယ" ဟုလည်းကောင်း ပုဏ္ဏားက လျှောက်ထား၍ မြတ်စွာဘုရားကလည်း "ကုသလံ ကရောမီတိ အကုသလံ ကရောတိ၊ သုဂတိယာ မဂ္ဂံ ပရိယေသာမီတိ ဒုဂ္ဂတိယာ မဂ္ဂံ ပရိယေသတိ"ဟု ဟောတော်မူသည်၊ မဟာနိပါတ် စန္ဒကုမာရဇာတ်မှ ဘုရင်နှင့် ပုဏ္ဏားတို့၏ ကြောက်လန့်ဖွယ် ယဇ်ပူဇော်ပုံကိုလည်း ကြည့်ကြလေကုန်။
အဿမေဓ စသည်တို့၏ ဝစနတ္ထ။ ။ အဋ္ဌကထာဋီကာတို့၌ ယဇ်ပူဇော်ခြင်း အနက်ဟောအဖြစ်ဖြင့် အဿမေဓ စသော ငါးပုဒ်တို့ကို ဖွင့်ပြရာ၌ ပုဒ်နက်သိလောက်ရုံ အကျဉ်းချုပ်မျှ ဖွင့်ပြထား၏၊ ထို့မှယူ၍ သင့်လျော်သလို မြန်မာပြန်ရသော်-
အဿံ ဧတ္ထ မေဓန္တိ ဝဓေန္တီတိ အဿမေဓော- မြင်းကို သတ်ရာ(သတ်၍ ပူဇော်ရာ)ယဇ်။ ဤ၌ မြင်းကို တိုက်ရိုက်ပြထားသော်လည်း ပုရိသမှတပါး အခြားသောသားကောင်များလည်း ပါဝင်၏, ထိုအဿမေဓ ယဇ်ပူဇော်ရာ၌ (၁) ထိုယဇ်ကြီး၏ ရှေ့ပိုင်း နောက်ပိုင်း၌ ပူဇော်အပ်သော အခြံအရံ ယဇ်ငယ်နှစ်ခု ပါရှိစေရ၏။ (၂) ယဇ်တိုင် (၂၁)တိုင်လည်း ပါရှိစေရ၏။ (၃) အကုသိုလ်မလုပ်ရဲသူတို့အတွက် အလွန်ကြောက်မက်ဖွယ် ကောင်းလောက်အောင် အရပ်မျက်နှာတခုတည်း၌ပင် သားကောင်ပေါင်း (၅၉၇)တို့ကို သတ်ရ၏။ (၄) မြေကြီးနှင့် ပုရိသကို ချန်ထား၍ ကျန်သောလှူဒါန်းဖွယ် စည်းစိမ်ဥစ္စာ အားလုံးပါရ၏။ ဤမျှလောက် ကြီးကျယ်သော အလှူဒါနပွဲကို အဿမေဓဟုခေါ်၏။ ပုရိသံ ဧတ္ထ မေဓန္တီတိ ပုရိသမေဓော- ယောကျာ်းကို သတ်ရာ(သတ်၍ ပူဇော်ရာ)ယဇ်။ ဤ၌ အခြံအရံယဇ်လေးမျိုးပါ၍ မြေကြီးနှင့်တကွ (အဿမေဓ၌ ပြဆိုခဲ့သမျှ) လှူဖွယ်ပစ္စည်းအားလုံး အသုံးပြုရသော ယဇ်တည်း။
သမ္မာ- ထန်းပိုးကျည်း။ သမ်မံ ဧတ္ထ ခိပန္တီတိ သမ္မာပါသော- ထန်းပိုးကျည်းကိုပစ်ရာယဇ်။ ဤယဇ်ကြီးပူဇော်သောအခါ ယဇ်ပူဇော်သမျှ နေ့တိုင်း နေ့တိုင်း ရှေးဦးစွာ လှည်းထန်းပိုးကျည်းကို ပစ်လိုက်ရ၍ ထိုထန်းပိုးကျည်းကျရာအရပ်၌ ဝေဒီဟု ခေါ်ဝေါ်အပ်သော ယဇ်ပလ္လင် (ယဇ်ပူဇော်ရာ မြေတလင်းပုင်) ပြုလုပ်ရ၏။ ထို့နောက် သရဿတီမြစ်ကမ်း၌ ဘုရင်တစ်ဦး မြေကြီးထဲ ကျွံကျနစ်မြုပ်ရာ နေရာမှစပြီး ပြောင်းပြန်သွားလျက် လှည်းများဖြင့် ရွှေ့ပြောင်းသယ်ဆောင်ရသောယဇ်တိုင် စသည်တို့ဖြင့် ပူဇော်ရ၏။ ဤသမ္မာပါသယဇ်ကို သတြယာဂဟု ခေါ်သတတ်။ ယဇ်တိုင်များနှင့်တကွ နေ့ပေါင်းများစွာ ပြီးစီးစေရသော ယဇ်ကို သတြယာဂဟု ခေါ်သည်ဟု ဖွင့်၏။ သတြယာဂပုဒ်နေရာ၌ သဗ္ဗယာဂစသည်ဖြင့် ပါဌ်အမျိုးမျိုးရှိ၏။
မန္တန်ဖြင့် စီမံထားအပ်သော ထောပတ်ပျားရည်ကို ဝါဇဟုခေါ်၏။ ဝါဇံ ဧတ္ထ ပိဝန္တိတိ ဝါဇပေယျော- ထောပတ်ပျားရည်သောက်ရာ (သောက်၍ ပူဇော်ရာ) ယဇ်။ ဤယဇ်၌ အခြံအရံယဇ်တခုပါ၏။ သားကောင် (၁၂)ကောင်တို့ဖြင့် ပူဇော်ရ၏။ ဥသျှစ်သားယဇ်တိုင်နှင့် ရွှေငွေကျွဲနွားစသော လှူဖွယ်ပစ္စည်း(၁၇)မျိုး ပါရှိစေရ၏။ နတ္ထိ ဧတ္ထ အဂ္ဂဠာတိ နိရဂ္ဂဠော- တံခါးရွက် မရှိရာယဇ်။ မိမိတို့ရှိသမျှ ပစ္စည်းများကို သိုဝှက်သိမ်းဆည်းမှု ပြုခွင့်မရအောင် ဘဏ္ဍာတိုက် စပါးကျီတို့၌ တံခါးပေါက်တို့ကို ဖွင့်လှစ်၍ ရှိသမျှအားလုံစုံ အကုန်ပေးဆပ်ပူဇော်ရသော ယဇ်တည်း။
အဿမေဓ စသောပုဒ်တို့၏ အနက်ပြန်ဆိုချက် စဉ်းစားဖွယ်။ ။ ဤသုတ်အဋ္ဌကထာ၌ အဿမေဓအစရှိသောပုဒ်တို့ကို သင်္ဂဟဝတ္ထုအနက်ဟော အဖြစ်ဖြင့်လည်းကောင်း, ယညအနက်ဟောအဖြစ်ဖြင့်လည်းကောင်း နှစ်မျိုးဖွင့်ပြ၏။ သဂါထာဝဂ္ဂ ကောသလသံယုတ်အဋ္ဌကထာ။ ၁၃၃ (ယညသုတ်)၌လည်း နှစ်မျိုးပင် ဖွင့်ပြ၏။ ထိုတွင် သင်္ဂဟဝတ္ထုအနက်သည် ဤနေရာ၌ ယူရမည့်အနက် (အဓိပ္ပေတတ္ထ)မဟုတ်။ အဿမေဓစသောပုဒ်တို့၏ ရှေးနဂိုမူရင်းအနက်မှန်ကို သိစေခြင်းငှာသာ သင်္ဂဟဝတ္ထုအနက်ကို ဖွင့်ဆိုခြင်းဖြစ်၏။ ဆိုလိုသည်မှာ-
ယခုအခါ ဗြာဟ္မဏလူမျိုးတို့သည် အဿမေဓအစရှိသော ပုဒ်တို့ကို ယည(ယဇ်ပူဇော်ခြင်း) အနက်ဟော အဖြစ်ဖြင့် ပြောဆိုနေကြသည်မှာ မိမိတို့လိုရာ ဆွဲယူ၍ အနက်အဓိပ္ပါယ် ဖွင့်ဆို ပြောပြနေကြခြင်း ဖြစ်သည်။ ထိုအဿမေဓ အစရှိသော ပုဒ်တို့၏ ရှေးဟောင်းမူရင်းဇာစ်မြစ် တကယ့်အဖြစ်မှန်အနက်သည်ကား သင်္ဂဟဝတ္ထုအနက်သာဖြစ်သည်မှာ သိစေရုံမျှကိုသာ ရည်ရွယ်၍ သင်္ဂဟဝတ္ထုအနက်ကို အဋ္ဌကထာဆရာ ဖွင့်ဆိုတော်မူခြင်းဖြစ်သည်ဟု ဆိုလိုပါ၏။ ထို့ကြောင့် ဤနေရာ၌ ယူရမည့် အနက် (အဓိပ္ပေတတ္ထ)မှာ သင်္ဂဟဝတ္ထုအနက်မဟုတ်။ ယညအနက်သာ ဖြစ်၏။ ထို့အပြင် ယညအနက်သည်သာ ပါဠိတော်ဂါထာမှ "ယဇမာနာ"ပုဒ်နှင့် လျော်သည်သာမက ပါဠိတော်ဂါထာ၌လည်း ထိုအဿမေဓစသော ယညငါးမျိုးကိုသာ သုဘာဝိတမေတ္တာစိတ်နှင့် နှိုင်းယှဉ်တိုင်းတာ၍ ဟောကြားတော်မူ၏။ ထို့ကြောင့် (နတ်ပြည်ဗြဟ္မာ့ပြည်ရောက်ကြောင်း ကုသိုလ်ကောင်းမှုဟူ၍ ဘုရင်နှင့်ဗြာဟ္မဏ အဆက်ဆက်တို့ ယူဆထားအပ်သော) ထိုအဿမေဓစသော ယညငါးမျိုးတို့သည် သုဘာဝိတမေတ္တာစိတ်၏ (၁၆)ပုံ ပုံလျှင် တပုံမျှကိုပင် မမှီနိုင်ကုန်ဟူသော အနက်အဓိပ္ပါယ်သည်သာ ပါဠိတော်ဂါထာ၏ ဆိုလိုရင်းအဓိပ္ပါယ်ဖြစ်၍ ထိုအနက်အဓိပ်ပါယ်ကိုသာ ဤသုတ်အဋ္ဌကထာဖွင့်ဆိုထားသည်သာမက ဤသုတ်ဋီကာနှင့် ယခင်ဣတိဝုတ် အဋ္ဌကထာ(၉၀)၌လည်း-
"ဧဝံ တေ အဿမေဓာဒယော ယညာ မေတ္တဿ စိတ္တဿ ဝုတ္တလက္ခဏေန သုဘာဝိတဿ သောဠသိမ္ပိ ကလံ နာနုဘတန္တိ" ဟူ၍ အဿမေဓစသော ယညနှင့် မေတ္တာစိတ်ကို နှိုင်းခိုင်း ဖွင့်ပြထားသည်မှာ အလွန်ထင်းရှားပါ၏။ သို့ပါလျက်ပင် ရှေးနိဿယနှင့် မြန်မာပြန် ဆရာတော်တို့သည် အဿမေဓစသောပုဒ်တို့၌ သင်္ဂဟတတ္ထုအနက်ကိုယူ၍ ပြန်ဆိုရေးသားထားကြလေကုန်၏။ "ရာဇိသယောတိ ဣသိ သဒိသာ ဓမ္မိကရာဇာနော"ဟူ၍ အဋ္ဌကထာ၌ ဓမ္မိကရာဇ (တရားစောင့်သောမင်းများ)ဟု ဖွင့်ထားသောကြောင့် ထိုဓမ္မိကရာဇတို့သည် သားကောင်တို့ကို သတ်၍ ယဇ်ပူဇော်မှု ပြုလုပ်ကြမည် မဟုတ်ဟု ယူဆ၍ ထိုနိဿယနှင့် မြန်မာပြန်တို့၌ သင်္ဂဟဝတ္ထုအနက်ကို ပြန်ဆိုထားကြလေသလောဟု တွေးတောမိ၏။ သို့သော် ထိုဘုရင်တို့မှာ ကုသိုလ်လုပ်ငန်းဟု ယူဆ၍ အဿမေဓစသော ယဇ်ပူဇော်မှု ပြုလုပ်ခြင်းနှင့် စစ်တိုက်ခြင်း စသော အခြားအကြောင်းတို့ကြောင့် ဓမ္မိကဂုဏ်ပုဒ် ပြုတ်ကျသွားမည်မဟုတ်ပါ။ ထို့အပြင် အကယ်၍ သင်္ဂဟဝတ္ထုအနက်သာ ဤ၌ ယူရမည့်အနက် ဖြစ်ခဲ့သော် "အဿံ ဧတ္ထ မေဓန္တိ ဝဓေန္တီတိ အဿမေဓော"စသည်ဖြင့် ယညအနက်ကို အဋ္ဌကထာ ဖွင့်ပြခြင်းသည် ဘာမျှ အကျိုးရှိတော့မည် မဟုတ်ကြောင်းလည်း စဉ်းစားကြည့်ကြကုန်။ အရိယော၊ ဖြူစင်သော စိတ်ရှိသော ပုဂ္ဂိုလ်သည်။ သဗ္ဗေ၊ အားလုံးကုန်သော။ ပါဏေ၊ သတ္တဝါတို့ကို။ မနသာ၊ မေတ္တာစိတ်ဖြင့်။ အနုကမ္ပီ၊ ငဲ့ညှာစောင့်ရှောက် ချီးမြှောက်သည်။ (ဟုတွာ၊ ဖြစ်၍။ ဝါ၊ ဖြစ်ခြင်းကြောင့်)။

ပဟူတံ၊ (အတိုင်းအတာ ပမာဏမရှိ) များပြားစွာသော။ (သတ္တဝါ တဦးတည်းအပေါ် အာရုံပြု၍ ဖြစ်ပွားသော မေတ္တာဘာဝနာကုသိုလ်ထက် အတိုင်းအဆမရှိ များပြားစွာသော)။
ပုညံ၊ ကုသိုလ်ကို။ (၆၄-ခုသော မဟာကပ်တို့ပတ်လုံး အကျိုးဝိပါက်ကို ဖြစ်စေနိုင်သော ကုသိုလ်ကို)။
ပကရောတိ၊ ပြုလုပ်၏။
ဝါ၊ ဖြစ်စေ၏။
ယေ ရာဇိသယော၊ အကြင်ရသေ့ရဟန်းကဲ့သို့ တရားစောင့်သော ဘုရင်မင်းတို့သည် [ရာဇ+ဣသိ]။
သတ္တသဏ္ဍံ၊ သတ္တဝါ အပေါင်းအစုရှိသော။
ဝါ၊ သတ္တဝါအပေါင်းဖြင့် ပြည့်နှက်နေသော၊
ပထဝိံ၊ မြေအပြင်ကို။
ဝိဇေတွာ၊ (တုတ် ဓားမပါ တရားဖြင့်သာ) အောင်နိုင်ပြီး၍၊
အဿမေဓံ၊ အဿမေဓယဇ်အလှူဒါနကိုလည်းကောင်း၊
ဝါ၊ မြင်းကိုသတ်ရာ ယဇ်အလှူဒါနကိုလည်းကောင်း။
ပုရိသမေဓံ၊ ပုရိသမေဓယဇ် အလှူဒါနကိုလည်းကောင်း။
ဝါ၊ ယောကျ်ားကိုသတ်ရာ ယဇ်အလှူဒါနကိုလည်းကောင်း။
သမ္မာပါသံ၊ သမ္မာပါသ ယဇ်အလှူဒါနကိုလည်းကောင်း။
ဝါ၊ ထမ်းပိုးကျည်းကိုပစ်ချရာ ယဇ်အလှူဒါနကိုလည်းကောင်း။
ဝါဇပေယျံ၊ ဝါဇပေယျယဇ်အလှူဒါနကိုလည်းကောင်း။
ဝါ၊ (မန္တန်ဖြင့် စီမံထားအပ်သော) ထောပတ်ပျားရည်ကိုသောက်ရာ ယဇ်အလှူဒါနကိုလည်းကောင်း။
နိရဂ္ဂဠံ၊ နိရဂ္ဂဠယဇ် အလှူဒါနကိုလည်းကောင်း။
ဝါ၊ (ဘဏ္ဍာတိုက်, စပါးကျီစသည်တို့၌) တံခါးရွက်မရှိရာ ယဇ်အလှူဒါနကိုလည်းကောင်း။ (ပစ္စည်းဥစ္စာတို့ကို လျှို့ဝှက်ချွင်းချန်မထားရဘဲ တံခါးရွက်ကို ဖွင့်လှစ်၍ အားလုံစုံသော အကုန်ပေးအပ် ပူဇော်ရာ ယဇ်အလှူဒါနကိုလည်းကောင်း)
ယဇမာနာ၊ ပေးလှူပူဇော်ကြကုန်လျက်။
**အနုပရိယဂါ**၊ လှည့်လည်နေထိုင်ကြကုန်ပြီ။
အနုပရိယဂါပုဒ် ရုပ်ပြီးပုံ။ ။ "အနုပရိယဂါတိ ဝိစရိံသု"ဟု အဋ္ဌကထာဖွင့်၏။ အနု+ပရိ+ဂမု+အဇ္ဈတ္တနီဥံဝိဘတ်၊ ဓာတ်၏အစ၌ အလာ၊ ဂမ်ကို ဂါပြု၊ ဥံဝိဘတ်ကိုချေ။ "မေဒဝဏ္ဏ့ဝ ပါသာဏံ ဝါယသော အနုပရိယဂါ"ဟူသော သုတ္တနိပါတ် ပဓာနသုတ်(၃၄၃)၏ အဋ္ဌကထာ၊ ဒု-၁၂၁-၌ "အနုပရိယဂါတိ ပရိတော ပရိတော အဂမာသိ"ဟု ဖွင့်၏။ ထို၌မူ ဝါယသော ဟူသော ဧကဝုစ်ကတ္တားရှိသောကြောင့် အဇ္ဈတ္တနီ ဤဝိဘတ်ကို ချေရမည် ဖြစ်၏။
သဗ္ဗေ၊ အားလုံးကုန်သော။
တာရဂဏာဝ ဧဝ၊ ကြယ်တာရာအပေါင်းတို့သည်ပင်။
စန္ဒပ္ပဘာ(စန္ဒပ္ပဘာယ)၊ လအရောင်၏။
သောဠသိံ၊ (၁၆)ခုမြောက်သော။
ကလမ္ပိ၊ အစိတ်အပိုင်းကိုသော်မျှလည်း။
န အဂ္ဃန္တိ ယထာ၊ မမှီမဆိုက်မထိုက်တန်သကဲ့သို့။
(တထာ၊ ထို့အတူ)
တေသံ(ရာဇိသီနံ)၊ ထိုရသေ့ရဟန်းကဲ့သို့ တရားစောင့်သော ဘုရင်မင်းတို့၏။
တေ၊ ထိုအဿမေဓ အစရှိသော ယဇ်အလှူဒါနပွဲကြီးတို့သည်။
သုဘာဝိတဿ၊ ကောင်းစွာ ဖြစ်ပွားစေအပ်သော။
မေတ္တဿ၊ မေတ္တာနှင့်ယှဉ်သော။
စိတ္တဿ၊ စိတ်၏။
သောဠသိံ၊ သော။
ကလမ္ပိ၊ အစိတ်တစိတ်ကိုသော်မျှလည်း။
နာနုဘဝန္တိ၊ မမှီနိုင် မရောက်နိုင်ကုန်။ (အကျိုးဝိပါက်ကြီးမား များပြားမှု အနေအားဖြင့် မမှိနိုင် မရောက်နိုင်ကုန်)
ယော၊ အကြင်ပုဂ္ဂိုလ်သည်။ (မေတ္တာဗြဟ္မဝိဟာရဘာဝနာကို ပွားများအားထုတ်သော အကြင်ပုဂ္ဂိုလ်သည်)
သဗ္ဗပါဏဘူတာနံ၊ အားလုံးသော သတ္တဝါတို့၌။ [ဆဋ္ဌီဝိဘတ်ကို ဘုမ္မတ္ထ၌သက်]
**မေတ္တံသော**၊ မေတ္တာကို ဖြစ်စေတတ်သော စိတ်အဖို့အစုရှိသူသည်။
မေတ္တံသော။ ။ "မေတ္တံသောတိ မေတ္တာယမာနစိတ္တကောဋ္ဌာသော (မေတ္တာကိုပြုတတ်, ဖြစ်စေတတ်သောစိတ် အဖို့အစုရှိသူ) ဟုတွာ"ဟု အဋ္ဌကထာဖွင့်၏။ ထိုအဖွင့်ဖြင့် မေတ္တံသော-၌ မေတ္တာပုဒ်အရ မေတ္တာကိုသာမက မေတ္တာကို ဖြစ်စေတတ်သော (မေတ္တာနှင့်ယှဉ်သော)စိတ်တိုင်အောင် ဖလူပစာရအားဖြင့် ယူပါဟု သိစေ၏။ မေတ္တာ အံသော ကောဋ္ဌာသော ယဿာတိ မေတ္တံသော-ဟူ၍ ဗဟုဗွီဟိသမာသ်တွဲ။ တနည်းအားဖြင့်မူ ယင်းသို့ ဖလူပစာရမကြံဘဲ "မေတ္တာယမာနော အံသော စိတ္တကောဋ္ဌာသော ယဿဦတိ မေတ္တာယမာနံသော"ဟု ဝစနတ္ထပြု၏, အာယမာနကိုချေ၍ မေတ္တံသောပုဒ် ရုပ်ပြီးသည်ဟု ကြံပါ။ ဋီကာ၌မူ "မေတ္တာယ ဝါ အံသော အဝိဟေဌနဋ္ဌေန အဝယဝဘူတောတိ မေတ္တံသော- မေတ္တာ၏အစိတ်အပိုင်းဖြစ်သော မညှဉ်းဆဲသောသူ"ဟူ၍ ဣတိဝုတ်အဋ္ဌကထာအတိုင်း တပ္ပုရိသ်သမာသ်ဝစနတ္ထ ဖွင့်သေး၏။
ဝါ၊ မေတ္တာ၏ အစိတ်အပိုင်းဖြစ်သော မညှဉ်းဆဲသော သူသည်။
(ဟုတွာ၊ ဖြစ်၍)
န ဟန္တိ၊ (သတ္တဝါတဦးကိုမျှ ကိုယ်တိုင်လည်း) မညှဉ်းဆဲ မသတ်ဖြတ်။
န ဃာတေတိ၊ (သူတပါးကိုလည်း သတ္တဝါတို့ကို) မညှဉ်းဆဲ မသတ်ဖြတ်စေ။
န ဇိနာတိ၊ (ကိုယ်တိုင်လည်း သူတပါးကို) အနိုင်မယူ။
ဝါ၊ သူတပါးကို ဆုံးရှုံးနစ်နာအောင် မပြုလုပ်။
[န ဇိနာတိ၊ သူတပါးထက် နှစ်ဆသုံးဆ စသည်တိုးပွား သာလွန်အောင် ကြိုးစားခြင်း, ဆန့်ကျင်ဘက် ပြောဆိုငြင်းခုံခြင်း စသည်တို့ဖြင့် ကိုယ်တိုင်လည်း သူတပါးကို အနိုင်မယူ။
ဝါ၊ သူတပါးကို တရားရှုံးအောင် ပြုလုပ်သောအားဖြင့် တရားပြိုင်ဆိုင် အနိုင်မယူ"ဟု ဋီကာဖွင့် အကျယ်တဝင့် အနက်ဆိုနိုင်၏။]
န ဇာပယေ၊ အခြားသော သူတဦးကိုလည်း သူတပါး ဆုံးရှုံးနစ်နာအောင် မပြုလုပ်စေ။ [ဝယောဟာနိအနက်ဟော ဇာဓာတ်,ဏာပယပစ္စည်း၊တိဝိဘတ်ကိုဧပြု]
(တတော ဧဝ၊ ထို့ကြောင့်ပင်)
တဿ၊ ထိုမေတ္တာဖြင့် နေလေ့ရှိသော ပုဂ္ဂိုလ်မှာ။
ကေနစိ၊ တစုံတယောက်သောသူနှင့်
(သဒ္ဓိံ၊ တကွ)
ဝေရံ၊ အကုသိုလ်ရန်, ပုဂ္ဂိုလ်ရန်သည်။
န(အတ္ထိ)၊ မရှိ။ [ရန်နှစ်မျိုး ထူးခြားချက်ကို နဝကနိပါတ် စာပိုဒ်(၂၇) ပဌမဝေရသုတ်၌ ရေးအံ့။ ဝေရံ တဿ န ကေနစီတိ တဿ ကေနစိ သဒ္ဓိံ အကုသလဝေရံ ဝါ ပုဂ္ဂလဝေရံ ဝါ နတ္ထိ။ ဤသုတ်အဋ္ဌကထာ]
(တနည်း) တဿ၊ မှာ။
ကေနစိ၊ မည်သည့်အကြောင်းကြောင့်မျှ။
ဝေရံ၊ ဒေါသဟူသော အကုသိုလ်ရန်သည်။
န(အတ္ထိ)၊ မရှိ။
(တနည်း) တဿ၊ မှာ။
ကေနစိ၊ တစုံတယောက်သောသူနှင့်။
သဒ္ဓိံ၊ တကွ။
ဝေရံ၊ ဆန့်ကျင်ဘက်ရန်မူခြင်းသည်။
န(အတ္ထိ)၊ မရှိ။
ဣတိ၊ ဤသို့။
(အဝေါစ၊ မိန့်တော်မူပြီ) [ဝေရံ တဿ န ကေနစီတိ အကုသလဝေရံ တဿ ကေနစိပိ ကာရဏေန နတ္ထိ၊ ပုဂ္ဂလဝေရ သင်္ခါတော ဝိရောဓော ကေနစိ ပုရိသေန သဒ္ဓိံ တဿ မေတ္တာဝိဟာရိဿ နတ္ထီတိ။ ဣတိဝုတ်အဋ္ဌကထာ။၉၁။]
ပဌမံ။