ဘိက္ခဝေ၊ တို့။
အနရိယဝေါဟာရာ၊ သူယုတ်မာတို့၏ ပြောဆိုခြင်းတို့သည်။
ဝါ၊ သူယုတ်မာတို့၏ ပြောဆိုကြောင်း စေတနာတို့သည်။
ဝါ၊ အပြစ်မကင်းသော ပြောဆိုခြင်းတို့သည်။
ဝါ၊ အပြစ်မကင်းသော ပြောဆိုကြောင်းစေတနာတို့သည်။
ဣမေ အဋ္ဌ၊ ဤရှစ်မျိုးတို့တည်း။
[အရိယ၊ အရိယာသူတော်ကောင်း။
ဝါ၊ ဖြူစင်သန့်ရှင်း အပြစ်ကင်းသော။
အနရိယ၊ သူယုတ်မာ။
ဝါ၊ အပြစ်ကင်းသည် မဟုတ်သော]
အဒိဋ္ဌေ၊ မိမိမတွေ့မြင်အပ်သော အရာ၌။
ဝါ၊ မိမိစက္ခုဝိညာဏ်ဖြင့် မမြင်အပ်သော ရူပါရုံ၌။
ဒိဋ္ဌဝါဒိတာ၊ မြင်အပ်၏ဟု ပြောဆိုလေ့ရှိသူ၏ အဖြစ်လည်းကောင်း။ (မြင်အပ်၏ဟု ပြောဆိုလေ့ရှိသူ၏ ဖြစ်ကြောင်း စေတနာလည်းကောင်း)
အသုတေ၊ မိမိမကြားအပ်သော အရာ၌။
ဝါ၊ မိမိသောတဝိညာဏ်ဖြင့် မကြားအပ်သော သဒ္ဒါရုံ၌။
သုတဝါဒိတာ၊ ကြားအပ်၏ဟု ပြောဆိုလေ့ရှိသူ၏အဖြစ်လည်းကောင်း။
အမုတေ၊ ရောက်ရှိတွေ့ထိ၍ မသိအပ်သော အရာ၌။
ဝါ၊ ဃာနဝိညာဏ်, ဇိဝှါဝိညာဏ်, ကာယဝိညာဏ်ဖြင့် ရောက်ရှိတွေ့ထိ၍ မသိအပ်သော ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံ၌။
မုတဝါဒိတာ၊ ရောက်ရှိတွေ့ထိ၍ သိအပ်၏ဟု ပြောဆိုလေ့ရှိသူ၏အဖြစ်လည်းကောင်း။
အဝိညာတေ၊ မနောဝိညာဏ်ဖြင့် မသိအပ်သောအရာ၌။
ဝါ၊ မနောဝိညာဏ်ဖြင့် မသိအပ်သော အာရုံခြောက်ပါး၌။
ဝိညာတဝါဒိတာ၊ သိအပ်၏ဟု ပြောဆိုလေ့ရှိသူ၏ အဖြစ်လည်းကောင်း။
ဒိဋ္ဌေ၊ မိမိတွေ့မြင်အပ်သောအရာ၌။
ဝါ၊ မိမိတွေ့မြင်အပ်သောရူပါရုံ၌။
အဒိဋ္ဌဝါဒိတာ၊ မတွေ့မြင်အပ်ဟု ပြောဆိုလေ့ရှိသည်၏ အဖြစ်လည်းကောင်း။
သုတေ၊ မိမိကြားအပ်သောအရာ၌။
ဝါ၊ မိမိကြားအပ်သောသဒ္ဒါရုံ၌။
အသုတဝါဒိတာ၊ မကြားအပ်ဟု .... ကောင်း။
မုတေ၊ ရောက်ရှိတွေ့ထိ၍ သိအပ်သောအရာ၌။
ဝါ၊ ၌။ပ။
ဝိညာတေ၊ မနောဝိညာဏ်ဖြင့် သိအပ်သော အာရုံခြောက်ပါး၌။
အဝိညာတဝါဒိတာ၊ မသိအပ်ဟု ပြောဆိုလေ့ရှိသူ၏အဖြစ်လည်းကောင်းတည်း။ပ။
သတ္တမံ။