Issues
ဗားရှင်းရွေးချယ်ပါ
sāsanāre-သာသနာရေး
မြန်မာဘာသာ
Bhikkhu Bodhi
English
Aṭṭhakanipātapāḷi
Aṭṭhakanipātapāḷi

4. Assakhaḷuṅkasuttaṃ

စာရေးဆရာ: sāsanāre-သာသနာရေး @ IAPT

ဘိက္ခဝေ၊ ရဟန်းတို့။ အဋ္ဌ၊ ရှစ်မျိုးကုန်သော။ အဿခဠုင်္ကေ စ၊ မြင်းကြမ်းမြင်းရိုင်းတို့ကိုလည်းကောင်း။ အဋ္ဌ၊ ကုန်သော။ အဿဒေါသေ စ၊ မြင်း၏ အပြစ်တို့ကိုလည်း‌ကောင်း။ ဒေသေဿာမိ၊ ဟောတော်မူအံ့။ အဋ္ဌ၊ ကုန်သော။ ပုရိသခဠုင်္ကေ စ၊ ကြမ်းတမ်း ရိုင်းစိုင်းသော ယောကျ်ားတို့ကိုလည်းကောင်း။ အဋ္ဌ၊ ကုန်သော။ ပုရိသဒေါသေ စ၊ ယောကျ်ား၏ အပြစ်တို့ကိုလည်းကောင်း။ ဒေသေဿာမိ၊ အံ့။
တံ၊ ထို ငါဟောအပ်မည့် တရားတော်ကို (တုမှေ၊ သင်တို့သည်) သာဓုကံ၊ စွာ။ [သတ္တကနိပါတ် စာပိုဒ်(၂၁) သာရန္ဒဒသုတ် ဤစာအုပ် စာမျက်နှာ (၅၄)ကြည့်]။ပ။
ဘိက္ခဝေ၊ တို့။ အဋ္ဌ၊ ရှစ်မျိုးကုန်သော။ အဿခဠုင်္ကာ၊ မြင်းကြမ်းမြင်းရိုင်းတို့ဟူသည်လည်း။ ကတမေ စ၊ အဘယ်တို့နည်း။ အဋ္ဌ၊ ကုန်သော။ အဿဒေါသာ စ၊ မြင်း၏ အပြစ်တို့ဟူသည်လည်း။ ကတမော စ၊ နည်း။
ဘိက္ခဝေ၊ တို့။ ဣဓ၊ ဤသတ္တလောက၌။ ဧကစ္စော၊ အချို့သော။ အဿခဠုင်္ကော၊ သည်။ ပေဟိ၊ သွားလော။ ဣတိ၊ ဤသို့။ သာရထိနာ၊ ရထားထိန်းသည်။ ဝုတ္တော၊ ပြောဆိုအပ်သည်။ (ဟုတွာ၊ ဖြစ်၍) ဝိဒ္ဓေါ၊ နှင်တံဖြင့် ထိုးအပ်သည်။ စောဒိတော၊ ရှေ့သို့မောင်းနှောင်အပ်သည်။ သမာနော၊ ဖြစ်လသော်။ ပစ္ဆတော၊ နောက်၌။ ဝါ၊ နောက်သို့။ ပဋိက္ကမတိ၊ ပြန်ဆုတ်၏။ ပိဋ္ဌိတော၊ နောက်အဖို့ဖြင့်။ ဝါ၊ နောက်ဘက်ဖြင့်။ ဝါ၊ သို့။ ရထံ၊ ရထားကို။ ပဝတ္တေတိ‌၊ လည်သွားစေ၏။ ဝါ၊ လိမ့်သွားစေ၏။
ဘိက္ခဝေ၊ တို့။ ဣဓ၊ ဤသတ္တလောက၌။ ဧဝရူပေါပိ၊ ဤသို့သဘောရှိသော။ ဧကစ္စော၊ သော။ အဿခဠုင်္ကောပိ၊ မြင်းကြမ်း မြင်းရိုင်းသည်လည်း။ ဟောတိ၊ ရှိ၏။
ဘိက္ခဝေ၊ တို့။ အယံ၊ ဤအပြစ်သည်။ (ရှေ့သို့မောင်း‌နှင်အပ်ပါလျက် နောက်သို့ပြန်ဆုတ်နစ်ခြင်း ရထားကို နောက်သို့ ပြန်လည်သွားစေခြင်းဟူသော ဤအပြစ်သည်) ပဌမော၊ ရှေးဦးစွာသော။ အဿဒေါသော၊ မြင်းအပြစ်ပေတည်း။ ["ပိဋ္ဌိတော ရထံ ပဝတ္တေတိ"-ဟူသောဝါကျ၌ အဋ္ဌကထာမှ ပါဌသေသကို ထည့်၍ အနက်ပေးလိုလျှင်- ခန္ဓဋ္ဌိကေန၊ ပခုံးရိုးဖြင့်။ ယုဂံ၊ ထမ်းပိုးကို။ ဥပ္ပီဠီတွာ၊ ဖိနှိပ်၍။ ပဋ္ဌိတော၊ နောက်ဘက်အဖို့ဖြင့်။ ဝါ၊ သို့။ ရထံ၊ ကို။ ပဝတ္တေတိ၊ ၏။ ဟုအနက်ဆိုပါ။]
ဘိက္ခဝေ၊ တို့။ ပုနစပရံ၊ နောက်ထပ်အခြားသော မြင်းရိုင်းနှင့် မြင်းအပြစ်ကား။ ဣဓ၊ ၌။ ဧကစ္စော၊ သော။ပ။ ပစ္ဆာ၊ နောက်၌။ ဝါ၊ နောက်သို့။ လင်္ဃတိ၊ ခုန်ပေါက်၏။ (လင်္ဃတိ၊ ခုန်ပေါက်၍) **ကုဗ္ဗရံ**၊ ရထားသန် ရထားသစ်သားချောင်းကို။ကုဗ္ဗရံ ဟနတိ။ ။ ဤ၌ ဘာကို ကုဗ္ဗရခေါ်သည်ဟု အဋ္ဌကထာ၌ တိတိကျကျ မဖွင့်ပြ၊ သို့သော် ကုဗ္ဗရံ ဟနတီတိ ဒွေ ပစ္ဆိမပါဝေ ဥက္ခိပိတွာ (နောက်ခြေထောက်နှစ်ချောင်းတို့ကို မြှောက်၍) တေဟိ ပဟရိတွာ ရထကုဗ္ဗရံ ဘိန္ဒတိ (ထို နောက်ခြေထောက် နှစ်ချောင်းတို့ဖြင့် ရိုက်နှက်ကန်ကျောက်၍ ရထား၏ ကုဗ္ဗရကို ချိုးဖဲ့ဖျက်ဆီး၏) ဟူ၍ ဖွင့်ပြထားရာ၌ "ဒွေ ပစ္ဆိမပါဒေ ဥက္ခိပိတွာ"ဟူသော စကားကို ထောက်၍ မြင်း၏ နောက်ခြေထောက်နှစ်ချောင်းတို့ဖြင့် မြှောက်ပင့်ကန်ကျောက်နိုင်လောက်အောင် ရထား သစ်သားချောင်းကို ကုဗ္ဗရခေါ်သည်ဟု သိနိုင်လောက်ပါ၏။ ထို့ပြင်-
ကုဗ္ဗရော တု ယုဂန္ဓရော"ဟူသော အဘိဓာန်(၃၇၄)ဂါထာ၏ နိဿယသစ်၌လည်း ဤအဿခဠုင်္ကသုတ်ပါဠိ အဋ္ဌကထာ၌ လှည်းဘီး၏ ရှေ့၌ကပ်လျက်ရျိသော သစ်သားကို "ကုဗ္ဗရ"ဟု ဆိုရမည်ဖြစ်ကြောင်း မိန့်၏။ P.T.S မည်သော ပါဠိအင်္ဂလိပ် အဘိဓာန်၌လည်း The pole of a carriage- ရထား၏ သစ်သားချောင်း၊ ရထားသန်၊လှည်းသန်- ဟု ဖွင့်ဆိုပြီးလျှင် ဤသုတ် ပါဠိကိုလည်း ညွှန်ပြထား၏။ သက္ကတအင်္ဂလိပ်အဘိဓာန်တို့၌ကား The pole of a carriage to which the yoke is fixed- ထမ်းပိုး၌ ဖွဲ့တပ်ထားအပ်သော ရထားသန် လှည်းသန်- ဟူ၍ တိတိကျကျ ဖွင့်ပြထား၏။ ထို့ပြင် "သောဝဏ္ဏမယာ တေ ရထကုဗ္ဗရာ ဥဘော" ဟူသော ဂါထာ၏ အဖွင့် ဝိမာနဝတ္ထုအဋ္ဌကထာ(၂၅၆)၌-
ရထားကို လှပစေခြင်းငှာလည်းကောင်း ရထားစီးသူများအတွက် လုံခြုံစေခြင်းငျာလည်းကောင်း ဘေးနှစ်ဖက်တို့၌ ကာရံထားအပ်သော လက်ကိုင်ဝရံတာကို ဤဂါထာ၌ ကုဗ္ဗရခေါ်သည်ဟုလည်းကောင်း အခြားနေရာများ၌မူ ရထီသာ(ရထားသန်)ကို ကုဗ္ဗရ ခေါ်သည်ဟုလည်းကောင်း ဖွင့်ပြ၏။ [ရထီသာ- ရထ+ဤသာ] လှည်းနှင့်ရထားများ၏ ကိုယ်ထည်၏အောက်၌ ထမ်းပိုးနှင့်ဝင်ရိုးတို့ကို ဆက်သွယ် ပေါင်းကူးပေးသော သစ်သားနှစ်ချောင်းကို လှည်းသန် ရထားသန်-ဟု ခေါ်၏။ ဤအဿခဠုင်္ကသုတ်၌ ရထားသစ်သားချောင်းကို ကုဗ္ဗရဟုဆိုရာ၌ ထိုရထားသန်လည်း ကုဗ္ဗရအဖြစ်ဖြင့် ပါဝင်နိုင်၏။ ထို့ကြောင့်-
ယခင်က ပြခဲ့သည့်အတိုင်း မြင်း၏ နောက်ခြေထောက် နှစ်ချောင်းဖြင့်မြှောက်၍ ကန်ကျောက်နိုင်လောက်အောင် ရထားသန်နှင့်တကွ အခြားသော ရထားသစ်သားချောင်းကို ဤအဿခဠုင်္ကသုတ်၌ ကုဗ္ဗရဟု ဆိုသင့်ပါသည်။ "ရထီသာဿ သတ္ထိံ ဥဿဇ္ဇိတွာ ရထီသံယေဝ အဇ္ဈောမဒ္ဒတိ"ဟူသော တတိယ အဿဒေါသမှ ရထီသာပုဒ်၌ကား ရထားသန်ဟူသော အနက်တမျိုးကိုသာ ယူရမည်ဖြစ်၏။ ထို့ကြောင့် ကုဗ္ဗရနှင့် ရထီသာ သဒ္ဒါတို့ အနက်ထပ်တူဖြစ်နေပါကလားဟု တွေးတောစောဒနာ ဖွယ်လည်း မရှိပါ။
ဤအဿခဠုင်္ကသုတ်၏ ရျေးနိဿယနျင့် မြန်မာပြန်တို့၌ကား ကုဗ္ဗရသဒ္ဒါကို ရထားဘီးအကွပ်ဟုလည်းကောင်း တချို့ ဆရာတော်တို့ကမူ ရထားအုပ်ဆုံဟုလည်းကောင်း ပြန်ဆိုတော်မူကြ၏။ ထိုပြန်ဆိုထားအပ်သော အနက်များသည် "ဒွေ ပစ္ဆိမ ပါဒေ ဥက္ခိပိတွာ"ဟူသော အဋ္ဌကထာနှင့် မကိုက်ညီချေ။ ပြခဲ့သော အဋ္ဌကထာအဖွင့်များနှင့် အဘိဓာန်တို့၌လည်း ရထားဘီးအကွပ်ဟူသော အနက်မပါရှိချေ။ ရထားအုပ်ဆုံဟူသည်မှာလည်း ရထားသန်နှစ်ခုနှင့် ထမ်းပိုးတုံးကို ပူးတွဲချည်နှောင်ထားရာ ပစ္စည်းဝတ္ထုဖြစ်၍ မြင်း၏နောက်ခြေထောက်များဖြင့် ကန်ကျောက်မှု မပြုနိုင်၊ ထို့ကြောင့် အဋ္ဌကထာအဖွင့်နှင့် မကိုက်ညီဟု ဆိုလိုပါသည်။ ထို့အပြင်-
ဤနေရာ၌သာမက "အာယု အနုပရိယာယတိ မစ္စာနံ၊ နေမီတ ရထကုဗ္ဗရံ"ဟူသော သဂါထာဝဂ္ဂ သံယုတ်ပါဠိတော် (၁၁၀)၌လည်း အဘိဓာန်များနှင့် အဋ္ဌကထာ ဋီကာအဖွင့်တို့၌ မပါဘဲ ကုဗ္ဗရသဒ္ဒါ၏ အနက်ကို မှန်းဆပြန်ဆိုထားကြပုံမှာ-
နေမိ- ရထားဘီး၏ အကွပ်သည်။ ရထကုဗ္ဗရံ- ရထားပုံတောင်းသို့။ အနုပရိယာယတိ ဣဝ- အစဉ်လိုက်သကဲ့သို့တည်း။ (၎င်းနိဿယ၊ ၁၃၂)။ ၎င်းပါဠိမြန်မာပြန်၌လည်း ထိုနည်းတူပင်တည်း။ ယင်းသို့ ပြန်ဆိုထားရာ၌ ပုံတောင်းဟူသည် ရထားဘီး လှည်းဘီးတို့၌ ဝင်ရိုးလျှိုရာ အပေါက်နှင့် ဘီးဒေါက်တိုင်တို့၏ အကြားမှ ထိုဘီးဒေါက်တိုင်များ ထောက်ကန်ရာ ချက်မ(အုံကြီး) ဖြစ်၏။ ရထားဘီးအကွပ်သည် ထိုပုံတောင်းခေါ် ချက်မသို့ အစဉ်လိုက်သည် (ရစ်ပတ်နေသည်)ဟုထိုနိဿယနှင့် မြန်မာပြန်တို့၌ ဆိုထား၏။ သို့သော် အကွပ်နှင့် ပုံတောင်း၏အကြား၌ ဒေါက်တိုင်များ ခြားနေသောကြောင့် တိုက်ရိုက်ဆက်စပ်လျက် အစဉ်လိုက်ခြင်း (ရစ်ပတ်ခြင်း) မဖြစ်နိုင်သည်သာမက ထိုအနက် ပြန်ဆိုချက်များသည် ထိုသံယုတ်ပါဠိ၏ အဋ္ဌကထာဋီကာအဖွင့်နှင့်ပင် မကိုက်ညီပုံမှာ-
၎င်းအဋ္ဌကထာ(၁၆၁)၌ "နေမီဝ ရထကုဗ္ဗရန္တိ ယထာ ဒိဝသံ ဂစ္ဆန္တဿ ရထဿ စက္ကနေမိ ကုဗ္ဗရံ အနုပရိယာယတိ (အနုပရိဝတ္တတိ)- တနေ့ပတ်လုံး သွားနေသောရထား၏ ဘီးကွပ်သည် ကုဗ္ဗရသို့ အစဉ်လိုက်သကဲ့သို့" ဟုဖွင့်ဆိုထားရာ၌ ဒိဝသံ ဂစ္ဆန္တဿ ရထဿ (တနေ့လုံးသွားနေသော ရထား၏)ဟူ၍ အထူးဖော်ပြထား၏။ နိဿယနှင့် မြန်မာပြန်တို့ ဆိုထားသည့်အတိုင်း ဘီးအကွပ်က ပုံတောင်းသို့ အစဉ်လိုက် သည်ဟု ဆိုလိုခဲ့သော် ရထားသွားနေသည်ဖြစ်စေ၊ မသွားဘဲရပ်နေသည်ဖြစ်စေ အစဉ်လိုက်(ရစ်ပတ်)နေသည်ချည်းသာ ဖြစ်သောကြောင့် "ဂစ္ဆန္တဿ ရထဿ"ဟူ၍ အထူးတလည် အဋ္ဌကထာဖွင့်ဖွယ် မလိုတော့ချေ။
ထို့ပြင် သံယုတ်ဋီကာ(၂၀၈)၌လည်း "နေမီဝါတိ နေမိသီသေန စက္ကံ ဝဒတိ- ဘီးအကွပ်ကို အဓိကထား၍ ခေါင်းတပ်ပြသောအားဖြင့် ရထားဘီးတခုလုံးကိုဆိုသည်"ဟု ဖွင့်ထားသောကြောင့် နေမိအရ အကွပ်ကိုသာမက (ထိုပုံတောင်းအပါအဝင်ဖြစ်သော) ရထားဘီးတခုလုံးကို ဧကဒေသူပစာရအားဖြင့် ယူရမည်ဖြစ်၏။ ထို့ကြောင့် မည်သည့်နည်းနှင့်မျှ ပုံတောင်းကို ကုဗ္ဗာရဟု မဆိုနိုင်တော့ပေ။ သို့ဖြစ်လျှင် ထိုသံယုတ်ဂါထာ၌ အဘယ်ကို ကုဗ္ဗရခေါ်သနည်းဟုဆိုလျှင် ရထားဘီးနှင့် နီးနီးကပ်ကပ် ရှေ့ကသွားနေပြေးနေသော ရထားသန် ရထားသစ်သားချောင်းကိုပင် ကုဗ္ဗရခေါ်ရမည်ဖြစ်၏။ ထို့ကြောင့် ထိုသံယုတ်ပါဠိတော် ဂါထာ၏ အမှန်တကယ်ဆိုလိုရင်းအဓိပ္ပါယ်မှာ-
"တနေ့လုံးသွားနေသော ရထား၏ ဘီးသည် ရထားသန် ရထားသစ်သားနောက်သို့ အစဉ်လိုက်နေသကဲ့သို့ ထို့အတူ သွားနေသော အသက်သည်လည်း သတ္တဝါတို့ နောက်သို့ အစဉ်လိုက်နေသည်"ဟူ၍သာ ဖြစ်ပါ၏။ ဤအတိုင်းသာ ဆိုလိုပါ၏။ နိဿယနှင့် မြန်မာပြန်တို့ အနက်ပြန်ဆိုထားသလို ရထားဘီး၏ အကွပ်က ရထားပုံတောင်းသို့ အစဉ်လိုက်နေသည်ဟု မဆိုလိုပါ။
ဟနတိ၊ ချိုးဖဲ့ဖျက်ဆီး၏။ (နောက်ခြေထောက်နှစ်ဖက်တို့ဖြင့် မြှောက်ပင့်ရိုက်နှက်၍ ချိုးဖဲ့ဖျက်ဆီး၏) တိဒဏ္ဍံ၊ (ရထားဦးပိုင်းမှ) သုံးချောင်းသော တုတ်လှံတံကို။ ဘဉ္ဇတိ၊ ချိုးဖဲ့ဖျက်ဆီး၏။ပ။
ဘိက္ခဝေ၊ တို့။ အယံ၊ ဤအပြစ်သည် (ဤနောက်၌ ခုန်ပေါက်ခြင်း၊ ရထားသစ်သားချောင်းနှင့် ရထားဦး လှံတံသုံးချောင်းကို ချိုးဖဲ့ဖျက်ဆီးခြင်းဟူသော အပြစ်သည်) ဒုတိယော၊ နှစ်ခုမြောက်သော။ အဿဒေါသော၊ မြင်း၏ အပြစ်တည်း။
ဘိက္ခဝေ၊ တို့။ ပုန စပရံ၊ ကား။ပ။ ရထီသာယ၊ ရထားသံ၌။ ဝါ၊ ရထားသံဆီသို့။ သတ္ထိံ၊ ပေါင်ကို။ ဥဿဇ္ဇိတွာ၊ ပစ်လွှတ်ရိုက်ခတ်၍။ ရထီသံယေဝ၊ ရထားသံကိုပင်။ အဇ္ဈောမဒ္ဒတိ၊ နင်းဖိ၏။ (ရှေ့ခြေနှစ်ချောင်းတို့ဖြင့် နင်းဖိ၏)။ပ။
ဘိက္ခဝေ၊ တို့။ အယံ၊ ဤအပြစ်သည်။ (ဤရထားသံကို နင်းဖိခြင်းဟူသော အပြစ်သည်) တတိယော၊ သုံးခုမြောက်သော။ အဿဒေါသော၊ တည်း။ပ။
ဥမ္မဂ္ဂံ၊ လမ်းမဟုတ်သော အရပ်ကို။ ဂဏှတိ၊ ယူ၏။ ရထံ၊ ရထားကို။ ဥဗ္ဗဋုမံ၊ လမ်းမဟုတ်သော အရပ်သို့ ရောက်အောင်။ (လမ်းမဟုတ်သော ကုန်းမြင့်အရပ် ဆူးရှိသော အရပ်သို့ ရောက်အောင်) ကရောတိ၊ ပြု၏။ပ။
ဘိက္ခဝေ၊ တို့။ အယံ၊ ဤအပြစ်သည်။ (ရထားကို လမ်းမဟုတ်သောအရပ်သို့ ရောက်စေခြင်းဟူသော ဤအပြစ်သည်) စတုတ္ထော၊ လေးခုမြောက်သော။ အဿဒေါသော။
ဘိက္ခဝေ၊ တို့။ ပုန စပရံ၊ ကား။ပ။ ပုရိမကာယံ၊ ရှေ့ပိုင်းကိုယ်ကို။ လင်္ဃတိ၊ ခုန်လိုက်မြှောက်လိုက်၏။ ပုရိမေ၊ ရှေ့ဘက်ဖြစ်ကုန်သော။ ပါဒေ၊ ခြေတို့ကို။ ပဂ္ဂဏှတိ၊ မြှောက်ပင့်၏။ပ။
ဘိက္ခဝေ၊ တို့။ အယံ၊ ဤအပြစ်သည်။ (ဤရှေ့ပိုင်းကိုယ်နှင့် ရှေ့ခြေတို့ကို ခုန်မြှောက်ခြင်းဟူသော အပြစ်သည်) ပဉ္စမော၊ ငါးခုမြောက်သော။ အဿဒေါသော။ပ။
သာရထိံ၊ ရထားထိန်းကို။ အနာဒိယိတွာ၊ မနာယူ မလေးစား အရေးမထားမူ၍။ ပတောဒလဋ္ဌိံ၊ နှင်တံကြိမ်လုံးကို။ အနာဒိယိတွာ၊ ဂရုမစိုက်မူ၍။ ဒန္တေဟိ၊ သွားတို့ဖြင့်။ မုခါဓါနံ၊ နှုတ်သီးထိန်း ဇက်သံကွင်းကို။ ဝိဓံသိတွာ၊ ကိုက်ဝါး၍။ ယေနကာမံ၊ အလိုရှိရာအရပ်သို့။ ပက္ကမတိ၊ သွား၏။ [တနည်း- ယေန၊ အကြင်အရပ်၌။ ပက္ကမိတုံ၊ သွားခြင်းငှာ။ ကာမံ၊ အလိုဆန္ဒသည်။ ဟောတိ၊ ဖြစ်ပေါ်လာ၏။ တေန၊ ထိုအရပ်၌။ ပက္ကမတိ၊ သွား၏]။ပ။
ဘိက္ခဝေ၊ တို့။ အယံ၊ ဤအပြစ်သည်။ (ရထားထိန်းနှင့် နှင်တံကြိမ်လုံးကို ဂရုမစိုက်မူ၍ ဇက်သံကွင်းကို သွားဖြင့်ကိုက်ဝါးသော အလိုရှိရာသို့ သွားခြင်းဟူသော ဤအပြစ်သည်) ဆဋ္ဌော အဿဒေါသော။
ဘိက္ခဝေ၊ တို့။ ပုန စပရံ၊ ကား။ပ။ နေဝ အဘိက္ကမတိ၊ ရှေ့သို့လည်းမသွား။ နော ပဋိက္ကမတိ၊ နောက်သို့လည်းမဆုတ်။ တတ္ထေဝ၊ ထိုနဂို မူလရပ်တည်ရာ ဌာန၌သာလျှင်။ ခီလဋ္ဌာယီ၊ ခိုင်မြဲစွာ နစ်မြုပ်တည်နေသော သစ်သားငုတ် သံငုတ်ကဲ့သို့။ ဌိတော၊ (ခြေထောက်လေးဘက် မလှုပ်ယှက်ဘဲ) စွဲမြဲရပ်တည်နေသည်။ ဟောတိ၊ ၏။ပ။
အယံ၊ ဤအပြစ်သည်။ (ရှေ့မတိုး နောက်မဆုတ် သစ်ငုတ် သံငုတ်ပမာ စွဲမြဲစွာ ရပ်နေခြင်းဟူသော ဤအပြစ်သည်) သတ္တမော၊ (၇)ခုမြောက်သော။ အဿဒေါသော။ပ။
ပုရိမေ၊ ရှေ့ဘက်ဖြစ်ကုန်သော။ ပါဒေ၊ ခြေတို့ကို။ သံဟရိတွာ စ၊ ခေါက်၍ ကွေး၍လည်းကောင်း။ ပစ္ဆိမေ၊ နောက်ဘက်ဖြစ်ကုန်သော။ ပါဒေ၊ ခြေတို့ကို။ သံဟရိတွာ စ၊ ကောင်း။ တတ္ထေဝ၊ ထိုနဂို မူလနေရာ အရပ်၌သာလျှင်။ စတ္တာရော၊ လေးဘက်ကုန်သော။ ပါဒေ၊ ခြေတို့ကို။ အဘိနိသီဒတိ၊ ဖိ၍ ဝပ်နေ၏။ပ။
ဘိက္ခဝေ၊ တို့။ အယံ၊ ဤအပြစ်သည်။ (ခြေထောက်လေးချောင်းတို့ကို ခေါက်၍ ကွေး၍ ဖိ၍ ဝပ်ခြင်းဟူသော ဤအပြစ်သည်) အဋ္ဌမော၊ ရှစ်ခုမြောက်သော။ အဿဒေါသော၊ မြင်း၏ အပြစ်တည်း။
ဘိက္ခဝေ၊ တို့။ အဋ္ဌ၊ ရှစ်မျိုးကုန်သော။ အဿခဠုင်္ကာ၊ မြင်းကြမ်းမြင်းရိုင်းတို့ဟူသည်။ ဣမေ၊ ဤသည်တို့ပင်တည်း။ အဋ္ဌ၊ ကုန်သော။ အဿဒေါသာ စ၊ မြင်းအပြစ်တို့ဟူသည်လည်း။ ဣမေ၊ တည်း။
ဘိက္ခဝေ၊ တို့။ အဋ္ဌ၊ ကုန်သော။ ပုရိသခဠုင်္ကာ၊ ကြမ်းတမ်းရိုင်းစိုင်းသော ယောကျ်ားတို့ဟူသည်။ ကတမေ စ၊ နည်း။ အဋ္ဌ၊ ကုန်သော။ ပုရိသဒေါသာ စ၊ ယောကျ်ားအပြစ်တို့ဟူသည်လည်း။ ကတမေ၊ အဘယ်တို့နည်း။
ဘိက္ခဝေ၊ တို့။ ဣဓ၊ ဤသာသနာတော်၌။ ဘိက္ခူ၊ ရဟန်းတို့သည်။ ဘိက္ခုံ၊ တပါးသော ရဟန်းကို။ အာပတ္တိယာ၊ အာပတ်ဖြင့်။ စောဒေန္တိ၊ စွပ်စွဲစောဒနာကြကုန်၏။
သော ဘိက္ခု၊ ထိုရဟန်းသည်။ ဘိက္ခူဟိ၊ ရဟန်းတို့က။ အာပတ္တိယာ၊ ဖြင့်။ စောဒိယမာနော၊ စွပ်စွဲစောဒနာအပ်လသော်။ (အဟံ၊ တပည့်တော်သည်) **န သရာမိ**၊ အမှတ်မရပါ။ (ပြစ်မှုကျူးလွန်ရာဌာနကို အမှတ်မရပါ။ နသရမိကြိယာ၏ကံပုဒ်။ ။ န သရာမီတိ "မဟာ ဧတဿ ကမ္မဿ ကတဌာနံ န သရာမိ န သလ္လက္ခေမီတိ ဧဝံ အဿတိဘာဝေန နိဗ္ဗေဌေတိ မောစေတိ"။ ခုဒ္ဒကဝတ္ထု ဝိဘင်းအဋ္ဌကထာ။ ၄၉၂။ ဝါ၊ အာပတ်သင့်သည်ကို သတိမရပါ) ဣတိ၊ ဤသို့။ အသတိယာ၊ အမှတ်မရခြင်းဖြင့်။ နိဗ္ဗေဌေတိ၊ ဖြေရှင်း၏။ ဝါ၊ မိမိကိုယ်ကို အာပတ်ဖြင့် စွပ်စွဲမှုမှ လွတ်မြောက်စေ၏။
ဘိက္ခဝေ၊ တို့။ သော အဿခဠုင်္ကော၊ ထိုမြင်းကြမ်း မြင်းရိုင်းသည်။ ပေဟိ၊ သွားလော။ ဣတိ၊ ဤသို့။ သာရထိနာ၊ ရထားထိန်းက။ ဝုတ္တော၊ ဆိုအပ်သည်။ ဝိဒ္ဓေါ၊ သည်။ စောဒိတော၊ ရှေ့သို့မောင်းနှင်အပ်သည်။ သမာနော၊ ဖြစ်ပါလျက်။ ပစ္ဆတော၊ နောက်၌။ ဝါ၊ သို့။ ပဋိက္ကမတိ သေယျထာပိ၊ ပြန်ဆုတ်သကဲ့သို့။ ပိဋ္ဌိတော၊ ဖြင့်။ ရထံ၊ ကို။ ပဝတ္တေတိ သေယျထာပိ၊ လည်သွားစေသကဲ့သို့။
ဘိက္ခဝေ၊ တို့။ ဣမံ ပုဂ္ဂလံ၊ ဤပုဂ္ဂိုလ်ကို။ (အာပတ်ဖြင့် စောဒနာအပ်လသော် အမှတ်မရမှုဖြင့် ဖြေရှင်းသော ဤပုဂ္ဂိုလ်ကို) တထူပမံ၊ ထိုမြင်းရိုင်းဥပမာရှိ၏ ဟူ၍။ (ရှေ့သို့ မောင်းနှင်အပ်ပါလျက် နောက်သို့ ပြန်ဆုတ်၍ ရထားကို နောက်သို့ပြန်လည်သွားစေသော ထိုမြင်းရိုင်းဥပမာရှ၏ ဟူ၍) အဟံ၊ ငါသည်။ ဝဒါမိ၊ မိန့်ဆို၏။
ဘိက္ခဝေ၊ တို့။ ဣဓ၊ ဤသာသနာတော်၌။ ဧဝရူပေါ၊ ဤသို့သဘောရှိသော။ ဧကစ္စော၊ အချို့သော။ ပုရိသခဠုင်္ကောပိ၊ ကြမ်းတမ်း ရိုင်းစိုင်းသော ယောကျ်ားသည်လည်း။ ဟောတိ၊ ရှိ၏။
ဘိက္ခဝေ၊ တို့။ အယံ၊ ဤအပြစ်သည်။ (အာပတ်ဖြင့် စောဒနာအပ်လသော် အမှတ်မရမူဖြင့် ဖြေရှင်းခြင်းဟူသော ဤအပြစ်သည်) ပဌမော၊ သော။ ပုရိသဒေါသော၊ ယောကျ်ား၏ အပြစ်တည်း။
ဘိက္ခဝေ၊ တို့။ ပုန စပရံ၊ နောက်ထပ်အခြားသော ပုရိသဒေါသကား။ ဘိက္ခူ၊ ရဟန်းတို့သည်။ပ။
စောဒကံယေဝ၊ စွပ်စွဲစောဒနာသော ပုဂ္ဂိုလ်ကိုပင်လျှင်။ **ပဋိပ္ဖရတိ**၊ ဆန့်ကျင်ဘက်လှန် တုံ့ပြန်ပြောကြား ထိပါးပုတ်ခတ်၏။ စောဒကံယေဝ ပဋိပ္ဖရတိ။ ။ စောဒကံယေဝ ပဋိပ္ဖရတီတိ ပဋိဝိရုဒ္ဓေါ ဟုတွာ ဖရတိ၊ ပဋိဘာဏိတဘာဝေန တိဋ္ဌတိ။ (ယခင်အဋ္ဌကထာ) ဖရတီတိဖုသတိ၊ ဃဋ္ဋေတီတိ အတ္ထော။ (၎င်းမူလဋီကာ-၂၂၇) (ကိန္တိ၊ အဘယ်သို့။ ပဋိပ္ဖရတိ၊ ခတ်သနည်းဟူမူ)
ဗာလဿ၊ မသိနားမလည်သူဖြစ်သော။ (ဝတ္ထုနှင့်တကွသော အာပတ်ကိုလည်းမသိ စောဒနာပုံကိုလည်း နားမလည်၍ လူဖျင်း လူအ ဖြစ်သော) အဗျတ္တဿ၊ ဝိနည်းမတတ် မနှံ့စပ် မကျွမ်းကျင်သော။ တုယှံ၊ သင်သည်။ ဝါ၊ သင်၏။ ဘဏိတေန၊ ပြောဆိုအပ်သော စကားဖြင့်။ ကိံနုခေါ၊ အဘယ်အကျိုးရှိအံ့နည်း။
တွံပိ၊ သင်လိုလူကသော်မှလည်း။ ဘဏိတဗ္ဗံ၊ ပြောဆိုသင့်၏ဟူ၍။ မညသိ နာမ၊ မှတ်ထင်နေလေဘိ၏။ ဣတိ၊ သို့။ ပဋိပ္ဖရတိ၊ ၏။ပ။
လင်္ဃတိ သေယျထာပိ၊ ခုန်ပေါက်သကဲ့သို့။ ကုဗ္ဗရံ၊ ကို။ ဟနတိ သေယျထာပိ၊ ချိုးဖဲ့ဖျက်ဆီးသကဲ့သို့။ တိဒဏ္ဍံ၊ ကို။ ဘဉ္ဇတိ သေယျထာပိ၊ သို့။
ဘိက္ခဝေ၊ တို့။ ဣမံ ပုဂ္ဂလံ၊ ကို။ (စောဒက ပုဂ္ဂိုလ်ကို ခုခံပြောကြားထိပါးပုတ်ခတ်သော ဤပုဂ္ဂိုလ်ကို) တထူပမံ၊ ထိုမြင်းရိုင်း ဥပမာရှိ၏ဟူ၍။ (နောက်သို့ခုန်ပေါက်၍ ရထားသစ်သားချောင်းနှင့် ရထားဦး တုတ် လှံတံသုံးချောင်းကို ချိုးဖဲ့ဖျက်ဆီးသော ထိုမြင်းရိုင်းနှင့် မချွတ်တူစွာ ဥပမာရှိ၏ဟူ၍) အဟံ၊ ငါသည်။ ဝဒါမိ၊ ၏။ပ။
ဘိက္ခဝေ၊ တို့။ အယံ၊ ဤအပြစ်သည်။ (စောဒကကို ခုခံပြောကြား ထိပါးပုတ်ခတ်ခြင်းဟူသော ဤအပြစ်သည်)။ ဒုတိယော၊ သော။ ပုရိသဒေါသော၊ တည်း။
ဘိက္ခဝေ၊ တို့။ ပုနစပရံ၊ ကား။ပ။
စောဒကဿေဝ၊ စောဒက၏သာလျှင်။ (ဥပရိ၊ အပေါ်၌) ပစ္စာရောပေတိ၊ အတုံ့တဖန်ပြန်လှန် အပြစ်တင်၏။ (ကိန္တိ၊ သို့။ ပစ္စာရောပေတိ၊ နည်းဟူမူ)
တွံ၊ အသင်စောဒကသည်။ ဣတ္ထန္နာမံ၊ ဤအမည်ရှိသော။ အာပတ္တိံ၊ အာပတ်သို့။ အာပန္နော၊ ‌ရောက်သူသည်။ အသိ၊ ဖြစ်၏။ တွံ၊ အသင်စောဒကသည်။ ပဌမံ၊ ရှေးဦးစွာ။ တာဝ ပဋိကရောဟိ၊ ကုစားနှင့်ပါဦးလော။ ဣတိ၊ သို့။ (ပစ္စာရောပေတိ၊ ၏)။ပ။
အဇ္ဈောမဒ္ဒတိ သေယျထာပိ၊ နင်းဖိသကဲ့သို့။
ဘိက္ခဝေ၊ တို့။ ဣမံ ပုဂ္ဂလံ၊ ဤပုဂ္ဂိုလ်ကို(စောဒက ပုဂ္ဂိုလ်အပေါ်၌သာလျှင် ပြန်လှန်ပြစ်တင်သော ဤပုဂ္ဂိုလ်ကို) တထူပမံ၊ ၍။ (ရထားသန်ကိုပင် နင်းဖိသော ထိုမြင်းရိုင်းနှင့် မချွတ်တူစွာ ဥပမာရှိ၏ ဟူ၍) အဟံ၊ သည်။ ဝဒါမိ၊ ၏။ပ။
အယံ၊ ဤအပြစ်သည်။ (စောဒကအပေါ်၌ သာပြန်လှန် အပြစ်တင်ခြင်းဟူသော ဤအပြစ်သည်) တတိယော၊ သော။ ပုရိသဒေါသော၊ တည်း။
ဘိက္ခဝေ၊ တို့။ ပုန စပရံ၊ ကား။ပ။ [ဤ၌ "အညေနညံ"စသည်ကို ဤစာအုပ် စာမျက်နှာ(၃၃၄) စာပိုဒ်(၁၀) ကာရဏ္ဍဝသုတ်ကိုကြည့်]
ဥမ္မဂ္ဂံ၊ ကို။ ဂဏှတိ သေယျထာပိ၊ ယူသကဲ့သို့။ ရထံ၊ ကို။ ဥဗ္ဗဋုမံ၊ အောင်။ ကရောတိ သေယျထာပိ၊ သို့။
ဘိက္ခဝေ၊ တို့။ ဣမံ ပုဂ္ဂလံ၊ ကို။ (အညေနညပဋိစရဏ စသည်အမှု ပြုလုပ်သော ဤပုဂ္ဂိုလ်ကို) တထူပမံ၊ ဟူ၍။ (ရထားကို လမ်းမဟုတ်သော နေရာသို့ ရောက်အောင် ဆွဲငင်သွားသော ထိုမြင်းရိုင်း ဥပမာရှိ၏ ဟူ၍)။ပ။
ဘိက္ခဝေ၊ တို့။ အယံ၊ ဤအပြစ်သည်။ (အညေနည ပဋိစရဏသည် အမှုပြုလုပ်ခြင်းဟူသော ဤအပြစ်သည်)။ပ။
ဘိက္ခဝေ၊ တို့။ ပုနစပရံ၊ ကား။ပ။
သင်္ဃမဇ္ဈေ၊ သံဃ ပရိသတ်အလယ်၌။ ဗာဟုဝိက္ခေပံ၊ လက်မောင်း ဆန့်တန်းမှုကို။ ကရောတိ၊ ပြုလုပ်၏။ပ။
ပုရိမကာယံ၊ ကို။ လင်္ဃတိ သေယျထာပိ၊ ခုန်ပေါက်မြှောက်လိုက်သကဲ့သို့။ ပုရိမေ၊ ကုန်သော။ ပါဒေ၊ တို့ကို။ ပဂ္ဂဏှတိ သေယျထာပိ၊ သို့။
ဘိက္ခဝေ၊ တို့။ ဣမံ ပုဂ္ဂလံ၊ ကို။ (သံဃအလယ်၌ လက်မောင်းဆန့်တန်းမှုပြုသော ဤပုဂ္ဂိုလ်ကို) ထတူပမံ၊ ၍။ (ရှေ့ပိုင်းကိုယ်နှင့် ရှေ့ဘက်ခြေတို့ကို ခုန်မြှောက်သော ထိုမြင်းရိုင်း ဥပမာရှိ၏ဟူ၍)။ပ။
အယံ၊ ဤအပြစ်သည်။ (သံဃအလယ်၌ လက်မောင်းဆန့်တန်းခြင်းအပြစ်သည်)။ပ။
ဘိက္ခဝေ၊ တို့။ ပုန စပရံ၊ ကား။ပ။
သံဃံ၊ သံဃာတော်ကို။ ဝါ၊ သံဃာတော်စကားကို။ အနာဒိယိတွာ၊ မနာယူမလေးစား အရေးမထားမူ၍။ စောဒကံ၊ စောဒကပုဂ္ဂိုလ်ကို။ ဝါ၊ စောဒကစကားကို။ အနာဒိယိတွာ၊ ၍။ သာပတ္တိကောဝ၊ အာပတ်နှင့်တကွဖြစ်သည်သာလျှင်။ (ဟုတွာ၊ ၍)။ ယေန ကာမံ၊ သို့။ ပက္ကမတိ သေယျထာပိ၊ ဖဲသွားသကဲ့သို့။
ဘိက္ခဝေ၊ တို့။ ဣမံ ပုဂ္ဂလံ၊ ကို။ (သံဃာနှင့် စောဒကကို မနာယူ မလေးစားအရေးမထားမူ၍ အာပတ်နှင့်တကွဖြစ်လျက်ပင် သွားလိုရာသို့ သွားသော ဤပုဂ္ဂိုလ်ကို)။ တထူပမံ၊ ဟူ၍။ (ရထားထိန်းနှင့် တံကြိမ်လုံးကို ဂရုမစိုက်ဟူ၍ ဇက်သံကွင်းကို ကိုက်ဖြတ်၍ သွားလိုရာသွားသောထိုမြင်ရိုင်း ဥပမာရှိ၏ဟူ၍)။ပ။
ဘိက္ခဝေ၊ တို့။ အယံ၊ ဤအပြစ်သည်။ (သံဃာနှင့် စောဒက စကားကိုမနာယူမူ၍ အာပတ်နှင့်တကွဖြစ်လျက် သွားလိုရာသွားခြင်းဟူသော ဤအပြစ်သည်)။ ဆဋ္ဌော ပုရိသဒေါသော။
ဘိက္ခဝေ၊ တို့။ ပုန စပရံ၊ ကား။ပ။
စောဒိယမာနော၊ သော်။ အဟံ၊ တပည့်တော်သည်။ အာပန္နော၊ အာပတ်သို့ရောက်သည်။ ဝါ၊ အာပတ်သင့်သူသည်၊ နေဝ အမှိ၊ မဟုတ်ပါ။ အဟံ၊ သည်။ **အာပန္နော**၊ သူသည်။ဤသုတ်နှင့်မတူသော ဝိဘင်းပါဠိစာမူ။ ။ ခုဒ္ဒကဝတ္ထုဝိဘင်းပါဠိတော် အဋ္ဌကနိဒ္ဒေသ(၄၀၂)၌ "နေဝါဟံ အာပန္နောမှိ၊ န ပနာဟံ အနာပန္နောမှီတိ တုဏှီဘူတော သံဃံ ဝိဟေသေတိ"ဟူ၍ ရှေ့၌ ပဋိသေဓမပါသော "အာပန္နော"ပါဌ်နှင့်နောက်၌ ပဋိသေဓနှင့်တကွသော "အနာပန္နော"ပါဌ်တို့ကို တွေ့ရ၏။ "န ပနာဟံ" ဟူ၍ ပနသဒ္ဒါ ရှိနေသောကြောင့် ဝိဘင်းပါဠိစာမူအတိုင်း ရှိသင့်ပါ၏။ ရှင်းပြပါဦးမည်-
မြင်းသည် ရှေ့သို့လည်းမသွား နောက်သို့လည်း မဆုတ်။ အရွဲ့တိုက်သည့်သဘောဖြင့် မလှုပ်မယှက်ရပ်နေသကဲ့သို့ ထို့အတူ ရဟန်းသည်လည်း "နေဝါဟံ အာပန္နောမှိ- တပည့်တော် အာပတ်သင့်သူမဟုတ်ပါ။ န ပနာဟံ အနာပန္နောမှိ- တပည့်တော်အာပတ်မသင့်သူလည်း မဟုတ်ပါ"ဟူ၍ သံဃာကို အရွဲ့တိုက်ညှဉ်းဆဲသည့် သူ၏သဘောကို ဖော်ပြ၏၊ "တပည့်တော် အာပတ်သင့်သူလည်း မဟုတ်ပါ၊ အာပတ်မသင့်သူလည်း မဟုတ်ပါ"ဟု ဆိုမှလည်း ထိုရဟန်း၏ အရွဲ့တိုက်သည့် သဘောသည်သာ၍ ပေါ်လွင်ထင်ရှား၏။ ထို့ကြောင့် ပြခဲ့သော ဝိဘင်းပါဠိတော် စာမူသာ ကောင်းပါသည်။
[တနည်း- အနာပန္နော၊ အာပတ်သို့ မရောက်သူသည်လည်း၊ ဝါ၊ အာပတ်မသင့်သူသည်လည်း] န ပန အမှိ၊ မဟုတ်ပါ။ ဣတိ၊ ဤသို့ အာပတ်ကို ဖုံးကွယ်လိုသောသဘောဖြင့်။ ဝါ၊ ဤသို့သံဃာကို ညှဉ်းဆဲလိုသော သဘောဖြင့်။ သော၊ ထိုရဟန်းသည်။ [အစ၌ "သော ဘိက္ခု"ဟူ၍ သောပုဒ်ပါခဲ့ပြီးဖြစ်၍ ဤဒုတိယ သောပုဒ် မပါလျှင်ကောင်း၏။ ဝိဘင်း ပါဠိ၌လည်း ထိုသောပုဒ် မပါ]။ တုဏှီဘာဝေန၊ ဆိတ်ဆိတ်နေသည်အဖြစ်ဖြင့်။ သံဃံ၊ သံဃာကို။ ဝိဟေဌေတိ၊ ညှဉ်းဆဲ၏။
ဘိက္ခဝေ၊ တို့။ သော အဿခဠုင်္ကော၊ သည်။ပ။ နေဝ အဘိက္ကမတိ သေယျထာပိ၊ ရှေ့သို့လည်း မသွားသကဲံသို့။ နော ပဋိက္ကမတိ သေယျထာပိ၊ နောက်သို့လည်း မဆုတ်သကဲ့သို့။ တတ္ထေဝ၊ လျှင်။ ခီလဋ္ဌာယီ၊ သို့။ ဌိတော၊ သည်။ ဟောတိ သေယျထာပိ၊ သို့။
ဘိက္ခဝေ၊ တို့။ ဣမံ ပုဂ္ဂလံ၊ ကို။ (ဆိတ်ဆိတ်နေခြင်းဖြင့် သံဃာကိုညှဉ်းဆဲသော ဤပုဂ္ဂိုလ်ကို)။ တထူပမံ၊ ဟူ၍။ (ရှေ့သို့လည်းမသွား နောက်သို့လည်းမဆုတ် သစ်ငုတ် သံငုတ်ပမာ စွဲမြဲစွာရပ်‌နေသော ထိုမြင်းဥပမာရှိ၏ ဟူ၍)။ အဟံ၊ သည်။ ဝဒါမိ၊ ၏။ပ။
ဘိက္ခဝေ၊ တို့။ အယံ၊ ဤအပြစ်သည်။ (ဤဆိတ်ဆိတ်နေသောအားဖြင့် သံဃာကိုညှဉ်းဆဲခြင်းဟူသော အပြစ်သည်)။ သတ္တမော၊ သော။ ပုရိသဒေါသော၊ တည်း။
ဘိက္ခဝေ၊ တို့။ ပုန စပရံ၊ ကား။ပ။
စောဒိယမာနော၊ လသော်။ ဧဝံ၊ ဤသို့။ အာဟ၊ ပြောဆို၏။ (ကိန္တိ၊ အဘယ်သို့။ အာဟ၊ ပြောဆိုသနည်းဟူမူ)
အာယသ္မန္တော၊ အရှင်တို့။ တုမှေ၊ အရှင်တို့သည်။ ကိံ၊ အဘယ်ကြောင့်။ မယိ၊ တပည့်တော်၌။ အတိဗာဠှံ၊ အလွန်ပြန်းထန်မြဲမြံစွာ။ ဗျာဝဋာ နုခေါ၊ ကြောင့်ကြစိုက်နေကြပါကုန်သနည်း။ အဟံ၊ တပည့်တော်သည်။ ယာဝ ဣဒါနိ၊ ယခုအခါ၌ပင်။ (ယခုချက်ခင်းပင်) [ဤယာဝသဒ္ဒါကို အချိန်ကာလပိုင်းခြား ကန့်သတ်မှု ပရိစ္ဆေဒ အနက်ဟောကြံလိုက ကြံနိုင်ပေ၏။ သို့သော် ဝိဘင်းပါဠိတော်၌ ထိုယာဝသဒ္ဒါ မပါ]။ သိက္ခံ၊ အဓိသီလ သိက္ခာကို။ ပစ္စက္ခာယ၊ ပယ်စွန့်၍။ ဟီနာယ၊ ယုတ်နိမ့်သော လူ့ဘဝအကျိုးငှာ။ အာဝတ္တိဿာမိ၊ ပြန်လည်သွားတော့အံ့။ ဣတိ၊ ဤသို့။ (အာဟ၊ ပြော၏။ ဣတိ၊ ဤသို့။ ဝတွာ၊ ပြောပြီး၍)
သော၊ ထိုရဟန်းသည်။ သိက္ခံ၊ ကို။ ပစ္စက္ခာယ၊ ၍။ ဟီနာယ၊ ငှာ။ အာဝတ္တိတွာ၊ ပြန်လည်သွားပြီး၍။ ဧဝံ၊ ဤသို့။ အာဟ၊ ၏။ (ကိန္တိ၊ သို့။ အာဟ၊ မူ)။
အာယသ္မန္တော၊ တို့။ ဣဒါနိ၊ ယခုအခါ၌။ တုမှေ၊ တို့သည်။ အတ္တမနာ၊ နှစ်သက်ဝမ်းမြောက်သော စိတ်ရှိကြကုန်သညိ။ ဟောထ၊ ဖြစ်ကြကုန်လော။ ဣတိ၊ သို့။ (အာဟ၊ ၏)။
ဘိက္ခဝေ၊ တို့။ သော အဿခဠုင်္ကော၊ သည်။ပ။ အဘိနိသီဒတိ သေယျထာပိ၊ ဖိ၍ ထိုင်သကဲ့သို့။
ဘိက္ခဝေ၊ တို့။ ဣမံ ပုဂ္ဂလံ၊ ဤပုဂ္ဂိုလ်ကို။ (ကိံ နုခေါ တုမှေ စသည်ဖြင့် ပြောဆိုသော ဤပုဂ္ဂိုလ်ကို)။ တထူပမံ၊ ထိုမြင်းရိုင်း ဥပမာရှိ၏ဟူ၍။ (ခြေထောက် လေးဘက်တို့ကို ကွေးခေါက်လျက် ဖိထိုင်သော ထိုမြင်းရိုင်းဥပမာရှိ၏ဟူ၍)။ပ။
ဘိက္ခဝေ၊ တို့။ အယံ၊ ဤအပြစ်သည်။ (ကိံ နုခေါ တုမှေ- စသည်ဖြင့် အရွဲ့တိုက်ပြောဆိုခြင်းဟူသော ဤအပြစ်သည်)။ အဋ္ဌမော၊ ရှစ်ခုမြောက်သော။ ပုရိသဒေါသော၊ တည်း။
ဘိက္ခဝေ၊ တို့။ အဋ္ဌ၊ ကုန်သော။ ပုရိသခဠုင်္ကာ၊ တို့ဟူသည်။ ဣမေ၊ တို့တည်း။ အဋ္ဌ၊ ကုန်သော။ ပုရိသဒေါသာ စ၊ တို့ဟူသည်လည်း။ ဣမေ၊ တို့တည်း။ ဣတိ(အဝေါစ၊ မိန့်တော်မူပြီ)
စတုတ္ထံ။