တေသံ၊ ထိုပဏ္ဍုကလောဟိတက ရဟန်းတို့၏။
နိဿိတကာပိ၊ မှီတတ်သော တပည့်တို့သည်လည်း။
ပဏ္ဍုကလောဟိတတာတွေဝ၊ ပဏ္ဍုတလောကဟိတကတို့ဟူ၍ပင်။
ပညာယန္တိ၊ ထင်ရှားကုန်၏။
စူဠဝဂ္ဂဿ ပဌမေ။ ။ ကျမ်းအစ၌ ပဋိညာဉ်နိဒါန်းကား ပါရှိရိုးဖြစ်သော်လည်း မဟာဝဂ္ဂအဋ္ဌကထာ၏ အစ၌ ပြခဲ့ပြီးဖြစ်သောကြောင့် ဤ၌ ထပ်၍ မပြတော့၊ ချဲ့ဦးအံ့- မဟာဝဂ္ဂနှင့် စူဠဝဂ္ဂသည် ဝဂ်အကျဉ်း ဝဂ်အကျယ်နေပုံသာ ကွဲပြား၍ စာအသွားအလာကား ထူးမခြားသောကြောင့် ပဋိညာဉ်နိဒ္ဒါန်းစကားကို မဟာဝဂ္ဂ အစတုန်းကပင် "ခန္ဓကံ ခန္ဓတောဝိဒါ" စသည်ဖြင့် တစ်ပေါင်းတည်း ပြခဲ့၏။ ထို့ကြောင့် ဤနေရာ၌ အထူးမပြတော့ဘဲ စာသွားရှိတိုင်းသာ ဖွင့်ပြလိုသော အဋ္ဌကထာဆရာသည် "စူဠဝဂ္ဂဿ ပဌမေ ကမမက္ခန္ဓကေ" စသည်ကို မိန့်သည်။ "ပါရိဝိသိက စသော နောက်ခန္ဓကတို့ကို ထောက်၍ ပဌမဖြစ်သော ကမ္မက္ခန္ဓက၌ ဟူလို။
တေသံ ။ပေ။ ပညာယန္တိ။ ။ [ပဌမ ဆဗ္ဗဂ္ဂီရဟန်း ၆ ပါးကို ကုလဒူသန သိက္ခာပုဒ်၌ ပြထားခဲ့ပြီ။] ထို ၆ ပါးတည်း၌ ပဏ္ဍုကနှင့် လောဟိတက ၂ ပါးတို့ပါဝင်ကြ၏၊ ထို ၂ ပါးတို့၏ တပည့်များလည်း သဟစရဏနည်းအားဖြင့်လည်းကောင်း, ဌာနနိဿယဖြစ်သော ဆရာတို့၏ ပဏ္ဍုကလောဟိတကအမည်ကို ဌာနီနိဿိတဖြစ်သော တပည့်တို့အပေါ်၌ တင်စားသော ဌာမူပစာရအားဖြင့်လည်းကောင်း "ပဏ္ဍုကလောဟိတက" ဟု ထင်ရှားကြသည်။
ဋီကာ။ ။ ယဋ္ဌိံ ပဝေသယ- ဒုတ်ကို သွင်းလိုက်၊ ကုန္တေ ပဝေသယ- လှံတို့ကို သွင်းလိုက်၊ ဣတိ အာဒီသုဝိယ သဟစရဏဉာယေန (ဒုတ်နှင့် ဒုတ်ကိုင်သူသည် အတူဖြစ်သကဲ့သို့ လည်းကောင်း, လှံနှင့် လှံကိုင်သူသည် အတူဖြစ်သကဲ့သို့ လည်းကောင်း, ဤသို့ ဆရာနှင့် တပည့်တို့ အတူတကါဖြစ်ဘက်ဟူသော နည်းအားဖြင့်လည်းကောင်း) နိဿိတေသု (မှီတက်သော တပည့်တို့အပေါ်၌) နိဿယဝေါဟာရေန ဝါ(မှီရာဖြစ်သော ဆရာတို့၏ အမည်အားဖြင့်။
အလမတ္ထတ္တရာတိ၊ ကား။
သမတ္ထတရာ၊ သာ၍ စွမ်းနိုင်သူတို့သည်။
("ဟောထ" ဟု ထည့်စပ်)။
ဗလဝါ ဗလဝံ။ ။ "ဗလဝ ဗလဝံ" ဟု ဆိုလိုလျက် ဝါစာသိလိဋ္ဌ အကျိုးငှါ ဝ၏ အကိုဒီဃပြု၍ "ဗလဝါ ဗလဝံ" ဟု ဖြစ်၏။ အနက်တူသဒ္ဒါ ၂ ခု ဆင့်နေသောကြောင့် အတိဿယ အနက်ကို ဟောရ၏။ "ဒုက္ခံ ဒုက္ခံ" ပုဒ်၌ အလွန်ဆင်းရဲသော ဒုက္ခအစစ်ကို ယူရသကဲ့သို့နည်း။ ထို့ကြောင့် "သုဋ္ဌဗလဝံ" ဟု ဖွင့်သည်။ "ဒုက္ခမေဝ ဒုက္ခံ" ဟု ဝိဂ္ဂဟပြု၍ "ဒုက္ခဒုက္ခံ" သည် တပုဒ်ထည်းဖြစ်သကဲ့သို့ "ဗလဝါယေဝ ဗလဝါ" ဟု ပြု၍ "ဗလဝါ ဗလဝံ" လည်း ဒုတိယန္တ တပုဒ်တည်းသာတည်း။ [ဗလဝါ ဗလဝန္တိ ဧကပဒံ၊ပေ၊ အတိဝိယ ဗလဝံ ကတွာ ပဋိဝစနံ ဒေထာတိ အတ္ထော၊ ဝိမတိ။]
ဆက်ဦးအံ့။ ။ ဤဋီကာ၌ "အတိဝယ် ဗလဝံ ကတွာ" ဟု ကတွာထည့်၍ ဖွင့်သောကြောင့် "ဗလဝါ ဗလဝံ" ကို ကြိယာဝိသေသန ဟုလည်းကောင်း, "ပဋိဝစနံ ဒေထ" ဟူသော အဖွင့်ကို ကြည့်၍ ပဋိမန္တေထ၌ မန္တဓာတ်သည် ဘာသန အနက်ဟောဟုလည်းကောင်း သိပါ၊ ဂုတ္တဘာသနဟူသော တိုင်ပင်ခြင်း အနက်ဟောမဟုတ် ဟူလို၊ ပါဠိတော်၌ ဆိုလိုရင်းကား "မာ ခေါ တုမှေ အာယသ္မန္တော ဧသော အဇေသိ ဤသူက အရှင်တို့ကို မနိုင်ပါစေလင့်၊ ဗလဝါ ဗလဝံ ပဋိမန္ထေထ အရှင်တို့က အလွန်အားရှိစွာ ပြန်၍ ပြောကြပါ။ အားဘောင်အားရင်းသန်သန်နှင့် ပြန်၍ ပြောကြပါ" ဟူလို။
အလမတ္တတရာ။ ။ အလမတ္တ၌ အတ္တသဒ္ဒါသည် သဘာဝ အနက်ကို ဟော၏။ အလံ+ အတ္တာယေသန္တိ အလမတ္တာ(စွမ်းနိုင်သူ၏ အဖြစ်ဟူသော သဘောရှိသူတို့)၊ ဝိသေသမန+ အလမတ္တာ အလမတ္တတရား အထူးအားဖြင့် စွမ်းနိုင်သူ၏ အဖြစ်ဟူသော သဘောရှိသူတို့၊ ဤသို့ သဒ္ဒတ္ထဖြစ်၏။ "အမတ္ထတရာ" ကား လိုရင်းကိုသာပြသော အဓိပ္ပာယတ္ထတည်း။ [အလမတ္တောတိ သမတ္ထသဘာဝေါ၊ သော စ အန္ထတော သမတ္ထော ဧဝါတိ၊ သုတ်ပါထေယျ၊ သိင်္ဂါလောဝါဒသုတ် ဋီကာ၊] ယောဇနာ၌ "အလမတ္ထတရာ" ဟု ရှိ၏။ ဤဋီကာဖွင့်ပုံနှင့် မညီ။