**အသမ္မုခါ ကတန္တိ အာဒီသု**။ ။ န+ သမ္မုခါ အသမ္မုခါ- မျက်မှောက် မဟုတ်, မျက် ကွယ်၊ သံဃာကို ကြဉ်၍ ပြုခြင်းသည် သံဃာ၏ မျက်ကွယ်မည်၏။ ဟုတ်မှန်သော သဘောမရှိဘဲ ပြုခြင်းသည် ဓမ္မ၏ မျက်ကွယ်မည်၏။ စောဒနာသာရဏာဟူသော ဝီနည်းထုံးစုံအတိုင်း မပြုခြင်းသည် ဝိနယ၏ မျက်ကွယ်မည်၏။ ကမ္မရဟဖြစ်သူ၏ မျက်ကွယ်၌ ပြုခြင်းသည် ပုဂ္ဂလ၏ မျက်ကွယ်မည်၏။ အာဒိဖြင့် ပါဠိတော်၌လာသော အပ္ပဋိပုစ္ဆာကတံ အပ္ပဝိညာယကတံတို့ကိုယူ၊ ထို့ကြောင့် "စုဒိကတံ အပ္ပဋိပုစ္ဆိတွာ ကတံ, တဿေဝ အပ္ပဋိညာယကတံ" ဟု ဖွင့်သည်။
စုဒိကတံ၊ စုဒိတက ပုဂ္ဂိုလ်ကို။
အပ္ပဋိပုစ္ဆိတွာ၊ တစ်ဖန် မမေးမူ၍။
(မစစ်ဆေးဘဲ)။
ကတံ (ဟောတိ)၊
တဿေဝ၊ ထိုစုဒိကတပုဂ္ဂိုလ်၏ပင်။
အပ္ပဋိညာယ၊ ဝန်မခံဘဲ။
ကတံ (ဟောတိ)၊ အနနုလောမိကေဟိ, ဂိဟိသံသဂ္ဂေဟီတိ၊ ကား။
ပဗ္ဗဇိတာနံ၊ ရဟန်းတို့အား။
အနနုစ္ဆဝိကေဟိ၊ မလျောက်ပတ်ကုန်သော။
သဟသောကိတာဒီဟိ၊ အတူတကွဝမ်းနည်းခြင်းရှိသူတို့၏ အဖြစ် အစရှိသော။
[သောကော ယေသံ အတ္ထီတိ သောကိနာ၊ သဟ+ သောကိနော သဟသောကိနော၊ သဟကောကီနံ+ ဘာဝေါသဟသောကိတာ၊ အာဒိဖြင့် သဟနန္ဒိတာ စသည်ကို ယူ။]
ဂိဟိသံသဂ္ဂေဟိ၊ လူတို့နှင့် ရောနှော်ခြင်းတို့ဖြင့်။
("ဂိဟိသံသဋ္ဌော ဝိဟရတိ" ပါဠိတော် ၌စပ်။)
နဝပဒါ။ပေ။ ဝုတ္တာ။ ။ နဝပဒါကို ဝုတ္တာ၌ သာမညကံ, နဝတိကာကို ဝိသေသကံအဖြစ်ဖြင့် စပ်၊ ၉ ပုဒ်တို့ကို ၉ တိက်ဟုဆိုအပ်ကုန်သည် ဟူလို၊ ယောဇနာ၌ကား- ဧကေကံ ၌ စပ်၍ "နဝပဒါ" ကို နိဒ္ဓါရဏ အနက်က ၌ပဌမာ သက်ထား
၏" ဟု ကြံလေသည်။ ["သုက္ကပက္ခေသုပိ" ဟု ဗဟုဝုစ်ဖြင့် တွေ့ရ၏။ ကဏှပက္ခ- သုက္ကပက္ခ" ဟူသည် အပြန်အလှန် တစ်ဖို့စီသာရှိသောကြောင့် "သုက္ကပက္ခေပိ" ဟု ဧကဝုစ်ဖြင့် ရှိသင့်ပါသည်။]
အမှာ။ ။ ဤမှနောက်၌ "န ဥပသမ္ပာဒေတဗ္ဗန္တိ ဥပဇ္ဈာယေန ဟုတွာ န ဥပသမ္ပာဒေတဗ္ဗံ" မှ စ၍ "န ဘိက္ခူဟိ သမ္ပယောဇေတဗ္ဗန္တိ အညမညံ ယောဇေတွာ ကလဟော န ကာရ တဗ္ဗော" ဟု ရှေးစာအုပ်တို့၌ တွေ့ရ၏။ ထိုသံဝဏ္ဏနာ၏ သံဝဏ္ဏေတဗ္ဗ ပါဠိသည် ဤနေရာ၌ မရှိသေး၊ နောက် တိုက်ရိုက်ရှိသော ပါဠိဝယ် ပါရိဝါသိကက္ခန္ဓက၌ ဖွင့်ပြလတံ့ဖြစ်သောကြောင့် ဤနေရာ၌ အနက်မပေးဘဲ ထားပါသည်။
သာတိသာရောဟောတီတိ၊ ဟူသော ။
ဣဒံ၊ ဤစကားသည်။
ဝိရုဇ္ဈတိ၊ ဆန့်ကျင်သည် မဟုတ်ပါလော။
ဣတိ၊ ဤကား စောဒနာတည်း။
ဧကေကေနာပိ အင်္ဂေန။ ။ အထက်၌ "တီဟိ ဘိက္ခဝေ အင်္ဂေဟိ သမန္နာဂတဿ" စသည်ဖြင့် ဟောတော်မူအပ်ပြီးသော အနက်ကိုပင် "တိဏ္ဏံ ဘိက္ခဝေ ဘိက္ခူနံ" စသည်ဖြင့် အဘယ်အကျိုးငှါ ထပ်မံ၍ ဟောတော်မူအပ်ပါသနည်း ဟု မေးဖွယ်ရှိသောကြောင့် "တိဏ္ဏံ ဘိက္ခဝေ ဘိက္ခူနံတိ အာဒိ" အစရှိသော ပါဌ်ကို မိန့်သည်၊ ရှေ့၌ဆိုအပ်ပြီးသော စကားအရ အင်္ဂါ ၃ ပါး နှင့် ပြည့်စုံမှ တဇ္ဇနီယကံ ပြုထိုက်၏ ဟု ထင်မှတ်ဖွယ်ရှိရကား ထိုအင်္ဂါ ၃ ပါးကိုပင် "တိဏ္ဏံ ဘိက္ခူနံ" ဟု ရဟန်း ၃ ပါးအပေါ်၌ထား၍ ဟောတော်မူသောကြောင့် "ထိုအင်္ဂါ ၃ ပါးတွင် တစ်ပါးပါးလျှင် ပြည့်စုံလျှင်လည်း တဇ္ဇနီယကံ ပြုနို်၏ ဟုပြခြင်းအကျိုးငှါ ထပ်မံ၍ ဟောတော်မူအပ်ပါသည်" ဟူလို။
တဇ္ဇနီယ စသည်။ ။ တဇ္ဇီယတိ ဧတေနာတိ တဇ္ဇနီယံ၊ တမေဝကမ္မံ တဇ္ဇနီယကမ္မံ၊ (ဘဏ္ဍနကာရက စသော အမှုကို ပြုတတ်သူကို ခြိမ်းခြောက်ကြောင်းကံ)နိယဿတိ ဘဇာပေတိ ဧတေနာတိ နိယသံ (ဒိဝါဒိဂိုဏ်းဖြစ်၍ နိယဿတိဟု ကတ္တုရုပ်ဖြင့်ရှိစေ) ပုဒ်ပြီးသောအခါ၌ကား "နိ+ယသု- အပစ္စည်းဖြစ်၍ သာသံယုဂ် မလို၊ ယောဇနာ၌ ဿသံယုဂ်ရှိ၏။ နိယသမေဝ ကမ္မံ နိယသကမ္မံ (အသင်သည် ဗာလအဗျတ္တဖြစ်၍ ဆရာသမားကို မမှီဘဲ မနေရ ဟု ဆရာသမားကို မှီ၍ နေစေကြောင့်း ကံ) ဂါမာဒိတော ပဗ္ဗာဇိယတိ ဧတေနာတိ ပဗ္ဗာဇနီယံ၊ တမေဝ ကမ္မံ ပဗ္ဗာဗနီယ ကမ္မံ၊ (ကုလဒူသ စသော အမှုကို ပြုသည့်အတွက် သူ၏မှီ၍နေရာမြို့ရွာ စသည်မှ ထွက်သွားစေအပ်ကြောင်း ကံ့။)
တိဏ္ဏံ ဘိက္ခဝေတိ အာဒိဝစနဿ၊ တိဏ္ဏံ ဘိက္ခဝေ အစရှိသောသဒ္ဒါ၏။
အင်္ဂသမ္ဘဝေါ၊ အင်္ဂါ၏ ဖြစ်သင့်ခြင်းသည်။
(အတ္ထော၊ တည်း)။
[ကံထိုက်, မထိုက်ခြင်းသည် လိုရင်း မဟုတ်သေး၊ ထိုအင်္ဂါ၏ ရှိနေခြင်းဟာ လိုရင်းအနက်ဖြစ်သည် ဟူလို။]
တသ္မာ၊ ကြောင့်။
(ထိုသို့ သဒ္ဒါ ၂ မျိုး အနက်အဓိပ္ပါယ် ၂ မျိုးရှိသည်၏အဖြစ်ကြောင့်။)
ယဒါ၊ ၌။
သံဃေန၊ သံဃာသည်။
သန္နိပတိတွာ၊ စည်းဝေး၍။
ဣမဿ ဘိက္ခနော၊ ဤရဟန်း၏ အပေါ်၌။
ဣမံ နာမ ကမ္မံ၊ ဤမည်သောကံကို။
ကရောမ၊ ပြုကြကုန်စို့။
ဣတိ၊ သို့။
သန္နိဋ္ဌာနံ၊ ဆုံးဖြတ်ခြင်းသည်။
ဝါ၊ ကို။
ကတံ၊ ပြုအပ်ပြီးသည်။
ဟောတိ၊ ၏။
ယဒိ ဧဝံ ၊ပေ၊ ဝိရုဇ္ဈတိ။ ။ "စမ္ပေယျက္ခန္ဓက၌ တဇ္ဇနီယကံထိုက်သူအား နိယသကံပြုလျှင် အဓမ္မကံ အဝိနယကံဖြစ်၏" စသော ဤစကားသည် "ဣမေသု ပန တီသု အင်္ဂေသု စသော စကားနှင့် ဆန့်ကျင်နေသည်" မဟုတ်ပါလော၊ အင်္ဂါ ၃ ပါးတို့တွင် ဘဏ္ဍနကာရကတ္တကြောင့် တဇ္ဇနီယကံထိုက်နေသူအား ပဗ္ဗဇနီယကံလည်း ပြုနိုင်၏ဟု ဤစကားက ဆိုထားသောကြောင့် ဆန့်ကျင်သည် မဟုတ်ပါလော ဟူလို။
မှတ်ချက်။ ။ စာအုပ်တို့၌ "စမ္ပေယျက္ခန္ဓကေ" ၏ ရှေ့ဝယ် "ယံ" ဟု တွေ့ရ၏။ ထို ယံသဒ္ဒါသည် ယောဇနာ၌လည်း မပါ၊ "ဣဒံ" ဟု တိုက်ရိုက်စွဲထားသော စကားနှင့်လည်း ဆန့်ကျင်။ ထို့ကြောင့် "ယံ" မပါခြင်းသာ ရှေ့နောက်ညီသည်။ [ယဒိ သဗ္ဗာနိ ကမ္မာနိ ကာတုံ ဝဋ္ဋတီတိ ယောဇနာ၊ ဧဝံ သတိ စမ္ပေယျက္ခန္ဓကေ ဝုတ္တံ ဣဒံ ဝစနံ ဝိရုဇ္ဈတီတိ သမ္ဗန္ဓော၊ ယောဇနာ။]
ဣဒဉ္စ န ဝိရုဇ္ဈတိ။ ။ ဤစမ္ပေယျက္ခန္ဓက စကားလည်း "တိဏ္ဏံ ဘိက္ခဝေ" စကားနှင့် မဆန့်ကျင်ပါ၊ "ကသ္မာ၊ ဝစနတ္ထနာနာတ္တတော" စကား ၂ ရပ်၏ ဆိုလိုရင်းအနက် အဓိပ္ပါယ်အားဖြင့် မတူသောကြောင့်တည်း၊ ချဲ့ဦးအံ့- စမ္ပေယျက္ခန္ဓက၌ "တဇ္ဇနီယျကမ္မာရဟဿ" ဟူသော သဒ္ဒါအနက်မှာ ကံပြုဖို့ရန် ဆုံးဖြတ်ပြီးဖြစ်၍ ကံပြုထိုက်နေသူတည်း၊ ဤ "တိဏ္ဏံ ဘိက္ခဝေ" စသော သဒ္ဒါအနက်ကား အင်္ဂါ ၃ ပါးတွင် တစ်ပါးပါး၏ ဖြစ်သင့်ခြင်းတည်း၊ ထို့ကြောင့် "သံဃာစည်းဝေးပြီး၍ တဇ္ဇနီယကံ ပြုဖို့ရန် ဆုံးဖြတ်ပြီးခါမှ နိဿသကံစသည်ပြုလျှင် အဓမ္မကံ ဖြစ်သည် " ဟု စမ္ပေယျက္ခန္ဓက၌ ဟောတော်မူလိုရင်းတည်း၊ ဤနေရာ၌ကား ဘဏ္ဍနကာရကတ္တ စသော အင်္ဂါတို့တွင် တစ်ပါးတပါးသော အင်္ဂါနှင့် ပြည့်စုံလျှင် အလိုရှိရာကံပြုဖို့ရန် ဆုံးဖြတ်နိုင်ခြင်းတည်း၊ ထိုသို့ ဆုံဖြတ်ပြီးမှ အခြားကံတစ်ခုကိုကား ပြောင်းလွှဲ၍ မပြုရ ဟူလို။
တဒါ၊ ဆုံးဖြတ်ပြီးရာ ထိုအခါ၌။ ကမ္မာရဟောနာမ၊ ကံထိုက်သော ရဟန်းမည်သည်။ ဟောတိ၊**တတ္ထ ကိဉ္စာပိ**။ ။ ပါဠိတော်ဝယ် တဇ္ဇနီယကံ၌ "ဘဏ္ဍနကာရကာ, ကလဟကာရကာ စသည်ဖြင့် ကမ္မဝါစာကို ဟောတော်မူအပ်သည်" မဟုတ်ပါလော၊ ထို့ကြောင့် ဗာလ အဗျတ္တရဟန်း၏ အပေါ်၌ တဇ္ဇနီယကံကို ပြုလိုလတ်သော အဘယ်နည်းဖြင့် ကမ္မဝါစာကို ပြုထိုက်ပါသနည်းဟု စောဒနာဖွယ်ရှိသောကြောင့် "တတ္ထ ကိဉ္စာပိ" စသည်ကို မိန့်သည်၊ တဇ္ဇနီယကံအရာဝယ် ဘဏ္ဍနကာရက၏ အဖြစ်ဖြင့် ဟောတော်မူထားပါသော်လည်း ဗာလအဗျတ္တရဟန်းကို တဇ္ဇနီယကံပြုလိုလျှင် "ဗာလော အဗျတ္တော အာပတ္တိဗဟုလော" ဟု ပြောင်းလွဲ၍ ကမ္မဝါစာကို ပြုပါ- ဟူလို။ အဋ္ဌရသ ကမ္မာဝတ္တန ဝတ္ထူနိ၊ အဋ္ဌရသ သမ္မာဝတ္တနဝတ္ထုတို့ကို။
ပါရိဝါသိကက္ခန္ဓကေ၊ ပါရိဝါသိကက္ခန္ဓက၌။
ဝဏ္ဏယိဿာမ၊ ဖွင့်ကုန်အံ့။
ဧဝံ ဟိ ။ပေ၊ ဝတ္ထုနာ။ ။ ထိုသို့ ပြောင်းလွဲ၍ ပြုရခြင်း၏ အကျိုးကို ပြလိုသောကြောင့် "ဧဝံ ဟိ" စသည်ကို မိန့်သည်။ ဤသို့ ပြောင်းလွှဲ၍ ပြုလိုက်သော် ဟုတ်မှန်သော ဝတ္ထုဖြင့် ကံကို ပြုရာရောက်၏။ အခြားကံ၏ ဝတ္ထုဖြင့် အခြားကံတစ်ခုကို ပြုရာလည်း မရောက် ဟူလို။
ကသ္မာ ၊ပေ၊ အနုညာတံ။ ။ "အဘယ်ကြောင့် အခြားကံ၏ ဝတ္ထုဖြင့် အခြားကံကို ပြုရာ မရောက်သနည်း" ဟု ကိုယ်တိုင် ပုစ္ဆာထုတ်၍ အဖြေကို ပြလိုသောကြောင့် "ကသ္မာ,ယသ္မာ" စသည်ကို မိန့်သည်၊ ဗာလ အဗျတ္တရဟန်း၏ အပေါ်၌ ဤတဇ္ဇနီယကံ ပြုခြင်းကိုလည်း ခွင့်ပြုတော်မူအပ်ပြီးဖြစ်သည်။ ထို့ကြောင့် "အခြားကံ၏ ဝတ္ထုဖြင့် အခြားကံတစ်ခုကို ပြုရာမရောက် ဟူလို၊ ခွင့်ပြုတော်မူပုံကား "တိဏ္ဏံ ဘိက္ခဝေ ဘိက္ခူနံ အာင်္ကခမာနော သံဃော တဇ္ဇနီယကမ္မံ ကရေယျ" စသည်၌ ဗာလ အဗျတ္တ၏ အပေါ်ဝယ် တဇ္ဇနီယံကံပြုခွင့်ကို ပေးတော်မူခြင်းတည်း။
ဧသ နယော။ ။ "နီယတိ ဉာယတိ အတ္ထော ဧတေနာတိ နယော" ဟူသော ရှေးဝိဂြိုလ်ကို လိုက်၍ "နယော - သိကြောင်း အစီအရင်တည်း" ဟု အနက်ပေးလေ့ရှိကြ၏၊ မိမိလည်း ရှေးစာအုပ်တို့၌ ဤသို့ပင် ပေးခဲ့၏။ သို့သော နီဓာတ်သည် ဆောင်ခြင်းအနက်ကိုသာ ဟော၏၊ သိခြင်းအနက်ကို မဟော၊ အတ္ထော ဒုန္နယောဣ၌ "ဒုန္နီဟာရော" ဟု ဖွင့်၏၊ ထို့ကြောင့် "နယာ- အနက်ကို ဆောင်ကြောင်း အစီအရင်တည်း" ဟု တစ်မျိုးအနက်ပေးပါသည်။