Issues
Select Version
Bhāsāṭīkā-ဘာသာဋီကာ
မြန်မာဘာသာ
(SP) Parivāra-aṭṭhakathā
(SP) Parivāra-aṭṭhakathā

Katipucchāvāravaṇṇanā

Author: Bhāsāṭīkā-ဘာသာဋီကာ @ IAPT

ဣဒါနိ၊ သမုဋ္ဌာနသီသကို ဖွင့်ပြပြီးရာ ယခုအခါ၌။ အာပတ္တိအာဒိ ကောဋ္ဌာသေသု၊ အာပတ်အစရှိသော အဖို့အစုတို့၌။ ကောသလ္လဇနနတ္ထံ၊ ကျွမ်းကျင်သူ၏ ဖြစ်ကြောင်းဖြစ်ရာ ဉာဏ်ကို ဖြစ်စေခြင်းအကျိုးငှာ။ ကတိ အာပတ္တိယောတိအာဒိနာ၊ သော။ နယေန၊ နည်းဖြင့်။ မာတိကံ၊ ကို။ ထပေတွာ၊ ထား၍။ နိဒ္ဒေသပဋိနိ‌ဒ္ဒေသဝသေန၊ အကျယ်ညွှန်ပြကြောင်းစကား, ထပ်၍ အကျယ်ညွှန်ပြကြောင်းစကား၏အစွမ်းဖြင့်။ ဝိဘင်္ဂေါ၊ အကျယ်ဝေဖန်ကြောင်းစကားကို။ (သံဂီတိကာရေတိ) ဝုတ္တာ၊ ပြီ။ (ဣဒါနိနှင့် တွဲသောကြောင့် ဝုတ္တော၌(တ)ပစ္စည်းကို ပစ္စုပ္ပန်ဟောဟုဆိုကြ၏ ၊ သို့သော် သမုဋ္ဌာနသီသ၏ အခြားမဲ့၌ ကတိပုစ္ဆာဝါရကို သံဂါယနာတင်တုန်းက ဆိုခဲ့ပြီး ဖြစ်သောကြောင့် အတိတ်၏အနက်လည်း သင့်သည်သာ။)
တတ္ထ၊ ထိုပုစ္ဆာတို့တွင်။ ကတိ အာပတ္တိယောတိ၊ ဟူသော ပုစ္ဆာသည်။ မာတိကာယ စ၊ ဒွေမာတိကာ၌လည်းကောင်း။ ဝိဘင်္ဂေ စ၊ အကျယ်ဝေဖန်ရာ ပဒဘာဇနီ၌လည်းကောင်း။ အာဂတာပတ္တိပုစ္ဆာ၊ လာသော အာပတ်တို့ကို မေးကြောင်း ပုစ္ဆာတည်း။
ဒုတိယပဒေပိ၊ ကတိ အာပတ္တိက္ခန္ဓာဟူသော ဒုတိယပုဒ်၌လည်း။ ဧသ(ဧသော)၊ ဤအစီအရင်သည်။ နယော၊ အနက်အဓိပ္ပာယ်ကိုဆောင်ကြောင်း အစီအရင်တည်း။ ဟိ၊ မှန်။ ဧတ္ထ၊ ဤဒုတိယပုဒ်၌။
ကေဝလံ၊ အာဂတမဖက် သက်သက်။ အာပတ္တိယောဧဝ၊ အာပတ်တို့ကိုပင်။ ရာသိဝသေန၊ အစု၏အစွမ်းအားဖြင့်။ ခန္ဓာတိ၊ ခန္ဓတို့ဟူ၍။ ဝုတ္တာ၊ ဆိုအပ်ကုန်ပြီ။
ဝိနီတဝတ္ထူနီတိ၊ ဝိနီတဝတ္ထူနိဟူသောပုစ္ဆာသည်။အာဂတာပတ္တိ ပုစ္ဆာ။ ။''ကတိ အာပတ္တိယော ပုစ္ဆာ''၌ နှစ်ရာ့နှစ်ဆယ် စသောအာပတ်တို့ကို မေးသည်ဟု ထင်စရာ ရှိ၏၊ ထိုသို့ကား မဟုတ်ပါ၊ ပါရာဇိကအာပတ်ဆိုလျှင်မေထုနဓမ္မ, အဒိန္နာဒါနစသော အစိတ်အစိတ်အာပတ်များ ပါဝင်၍ နေ၏၊ ဤသို့ အစိတ်အစိတ် ပါဝင်သောအာပတ်များကို ပါရာဇိကဇာတ်ချင်းတူသောအားဖြင့်လည်းကောင်း မေးကြောင်း ပုစ္ဆာတည်း၊ ထို့ကြောင့် အဖြေ၌ ''ပဉ္စ အာပတ္တိယော''ဟု ဖြေသည်။ (ကတိ အာပတ္တိယောတိ ပါရာဇိကာဒီသု ပဉ္စသု အာပတ္တီသု မေထုနာဒိန္နာဒါနာဒိ အန္တောဂဓဘေဒံ ‌အနပေက္ခိတွာ ဇာတိဝသေန ဧကတ္တံ အာရောပေတွာ ပုစ္ဆာ ကတာ၊-ဝိမတိ။)
ဝိနီတဝတ္ထူနိ။ ။ဝိနီယန္တိ အာပတ္တိယော ဧတေဟီတိ ဝိနီတာနိ၊ (အဝုတ္တကတ္တုသာဓန) ဝိနီတနှင့် ဝိနယသည် သဒ္ဒါကွဲ အနက်တူတည်း၊ ထို့ကြောင့် ''အတ္ထတော ဧကံ''ဟု မိန့်သည်၊ ဝိနီတာနိယေဝ + ဝတ္ထူနိ၊ ထိုဝိနီတဝတ္ထုဟူသည် အာပတ်တို့မှ ရှောင်ကြဥ်ကြောင်းဖြစ်သော ဝိရတိပြဓာန်းသော ကုသိုလ်စိတ္တုပ္ပာဒ်တည်း၊ ထို ကုသိုလ်စိတ္တုပ္ပာဒ်ကို ''အဝိပ္ပဋိသာရ ပါမောဇ္ဇ'' စသည်တို့၏‌အကြောင်းဖြစ်သောကြောင့် ဝတ္ထုဟုဆိုသည်။(ဝိနိတာနိယေဝ ဝတ္ထူနီတိ အာပတ္တိယော ဝိရမဏာနိဧဝ အဝိပ္ပဋိသာရ ပါမောဇ္ဇာဒိဓမ္မာနံ ကာရဏတ္တာ ဝတ္ထူနီတိ ဝိနီတဝတ္ထူနိ၊ တာနိ ဧတ္ထ အတ္ထတော ဝိရတိအာဒိ အနဝဇ္ဇဓမ္မာဧဝ၊-ဝိမတိ။)ပဌမပါရာဇိကသိက္ခာပဒအဖွင့်၌ ''ဝိနီတဝတ္ထူနိ''ပုဒ် ပါ၏၊ ထိုပုဒ်နှင့် ဤပုဒ်သည် အနက်အရကောက်ချင်း မတူ။
တာသံ အာပတ္တီနံ၊ တို့ကို။ ဝိနယပုစ္ဆာ၊ ပယ်ဖျက်ကြောင်းတရားတို့ကို မေးကြောင်းပုစ္ဆာတည်း။ ဟိ၊ မှန်။
ဝိနီတံ၊ ဝိနီတဟူသော ပုဒ်သည်လည်းကောင်း။ ဝိနယော၊ ဝိနယဟူသောပုဒ်သည်လည်းကောင်း။ ဝူပသမောတိ ဣဒံ၊ ဝူပသမောဟူသော ပုဒ်သည်လည်းကောင်း။ အတ္ထတော၊ အနက်အဓိပ္ပာယ်အားဖြင့်။ ဧကံ၊ တစ်ခုတည်းသာတည်း။ ဝါ၊ တူ၏။ ဝိနီတာနိယေဝ၊ အာပတ်တို့ကို ပယ်ဖျောက်ကြောင်းတရားတို့သည်ပင်။ ဝိနီတဝတ္ထူနိ၊ ဝိနီတဝတ္ထုတို့ မည်၏။ ဣတိ အယံ၊ ဤဆိုအပ်ပြီးကား။ ပဒတ္ထော၊ ပုဒ်နက်တည်း။
ဣဒါနိ၊ ဝိနီတဝတ္ထုတို့ကို ပြတော်မူပြီးရာ ယခုအခါ၌။ ယေသု၊ အကြင်အဂါရဝတရားတို့သည်။ သတိ၊ ရှိကုန်လတ်သော်။ အာပတ္တိယော၊ တို့သည်။ ဟောန္တိ၊ ကုန်၏။ (ယေသု၊ အကြင်အဂါရဝတရားတို့သည်)။ အသတိ၊ မရှိကုန်လတ်သော်။ (အာပတ္တိယော၊ တို့သည်)။ န ဟောန္တိ၊ မဖြစ်ကုန်။ တစ်နည်း,(ယေသု၊ အကြင်ဂါရဝတရားတို့သည်)။ သတိ၊ ရှိကုန်လတ်သော်။ (အာပတ္တိယော)န ဟောန္တိ၊ မဖြစ်ကုန်။ တေ၊ ထိုအဂါရဝ ဂါရဝတရားတို့ကို။ ဒဿေတုံ၊ ပြတောမူခြင်းငှာ။ ကတိ အဂါရဝါတိ၊ ကတိ အဂါရဝါ အစရှိသော။ ပုစ္ဆာဒွယံ၊ ပုစ္ဆာ ၂ ပါးအပေါင်းကို။ (ဝုတ္တံ)။
ပန၊ ကား။ ဝိနီတဝတ္ထူနီတိ၊ ဝိနီတဝတ္ထူနိဟူသော။ အယံ၊ ဤပုစ္ဆာသည်။ တေသံ အဂါရဝါနံ၊ ထိုအဂါရဝတို့ကို။ ဝိနယပုစ္ဆာ၊ ပယ်ကြောင်းကို မေးကြောင်းပုစ္ဆာတည်း။
ပန၊ ကား။ ယသ္မာ၊ ကြောင့်။ တာ အာပတ္တိယော၊ တို့သည်။ ဝိပတ္တိံ၊ သို့။ အပတ္တာနာမ၊ မရောက်သော အာပတ်တို့ မည်သည်။ နတ္ထိ၊ မရှိကုန်။ တသ္မာ၊ ကြောင့်။ ကတိဝိပတ္တိယောတိ၊ ဟူသော။ အယံ၊ ဤပုစ္ဆာသည်။ အာပတ္တီနံ၊ တို့၏။ ဝိပတ္တိဘာဝပုစ္ဆာ၊ ဝိပတ္တိ၏ အဖြစ်ကိုမေးကြောင်း ပုစ္ဆာတည်း။ပုစ္ဆာဒွယံ။ ။ကတိ အဂါရဝါ, ကတိ ဂါရဝါဟူသော ဤနှစ်ပုစ္ဆာကို ''ပုစ္ဆာဒွယံ''ဟုဆိုသည်၊ ထို့ကြောင့် ''ယေသု သတိ အာပတ္တိယော ဟောန္တိ''သည် အဂါရဝပုစ္ဆာအတွက် အကြောင်းပြဖြစ်၍ ''သတိ န ဟောန္တိ''သည် ဂါရဝပုစ္ဆာအတွက် ‌အကြောင်းပြ ဖြစ်သင့်၏၊ အနက်ကို နိဿယအတိုင်း ပေးပါ၊ စာအုပ်တို့၌ ''အသတိ န ဟောန္တိ'' ဟု တွေ့ရ၏ ၊ နိဿယ၌ ထိုပါဌ်အတိုင်း အနက်ပေးထားသည်။
ယောဇနာ။ ။ယောဇနာ၌ကား ''အသတိ န ဟောန္တိ''ပါဌ်ကိုပင် အတည်ယူ၍ ''ယေသု(အကြင်ဂါရဝတရားတို့သည်) သတိ အာပတ္တိယောန ဟောန္တိ၊ အသတိ ဟောန္တိ''ဟူသော ဝါကျကို အဝုတ္တသိဒ္ဓိနည်းအားဖြင့် ယူသင့်၏'' ဟု မိန့်ဆိုလေသည်။
ကတိ အာပတ္တိသမုဋ္ဌာနာနီတိ၊ ကတိအာပတ္တိသမုဋ္ဌာနာနိဟူသော ပုစ္ဆာသည်။ တာသံ ယေဝ အာပတ္တီနံ၊ တို့၏ပင်။ သမုဋ္ဌာနာပုစ္ဆာ၊ သမုဋ္ဌာန်ကို မေးကြောင်း ပုစ္ဆာတည်း။
ဝိဝါဒမူလာနိ အနုဝါဒမူလာနီတိ၊ ဝိဝါဒမူလာနိ အနုဝါဒမူလာနိဟူကုန်သော။ ဣမာ၊ ဤပုစ္ဆာတို့သည်။ ဝိဝါဒါဓိကရဏံ အနုဝါဒါဓိကရဏန္တိ၊ ဟူ၍။ အာဂတာနံ၊ ကုန်သော။ ဝိဝါဒါနုဝါဒါနံ၊ ဝိဝါဒ အနုဝါဒတို့၏။ မူလပုစ္ဆာ၊ မူလတို့ကို မေးကြောင်းပုစ္ဆာတည်း။
သာရဏီယာ ဓမ္မာတိ၊ သာရဏီယာ ဓမ္မာဟူသော ပုစ္ဆာသည်။ ဝိဝါဒါနုဝါဒမူလာနံ၊ ဝိဝါဒမူလ အနုဝါဒမူလတို့၏။ အဘာဝကရဓမ္မပုစ္ဆာ၊ မဖြစ်ခြင်းကို ပြုတတ်သောတရားတို့ကို မေးကြောင်းပုစ္ဆာတည်း။
ဘေဒကရဝတ္ထူနီတိ၊ ဟူသော။ အယံ၊ ဤပုစ္ဆာသည်။ ဘေဒနသံဝတ္တနိကံဝါ အဓိကရဏန္တိအာဒီသု၊ ဘေဒနသံဝတ္တနကံဝါအဓိကရဏံ အစရှိသော ပါဠိရပ်တို့၌။ ဝုတ္တဘေဒကရဓမ္မပုစ္ဆာ၊ ဟောတော်မူအပ်သော ဘေဒကရတို့ကို မေးကြောင်းပုစ္ဆာတည်း။ (အချို့စာအုပ်တို့၌ ဘေဒကရဏပုစ္ဆာဟု ရှိ၏။ ဘေဒကရဝတ္ထုမှ ဘေဒကရကို ညွှန်းသောစကား ဖြစ်၍''ဘေဒကရပုစ္ဆာ''ဟုသာ ရှိသင့်၏။)
အဓိကရဏာနီတိ၊ အဓိကရဏာနိဟူသောပုစ္ဆာသည်။ ဘေဒကရဝတ္ထူသု၊ ဘေဒကရဝတ္ထုတို့သည်။ သတိ၊ ရှိကုန်လတ်သော်။ ဥပ္ပဇ္ဇနဓမ္မပုစ္ဆာ၊ ဖြစ်သောတရားတို့ကို မေးကြောင်းပုစ္ဆာတည်း။
သမထာတိ၊ သမထဟူသောပုစ္ဆာသည်။ တေသံယေဝ၊ ထိုဘေဒကရဝတ္ထုတို့၏ပင်။ ဝူပသမနဓမ္မပုစ္ဆာ၊ ငြိမ်းစေကြောင်းတရားတို့ကို မေးကြောင်းပုစ္ဆာတည်း။
မာတိကာယ၊ ဒွေမာတိကာ၌။ အာဂတဝသေန၊ လာသောအာပတ်တို့၏ အစွမ်းဖြင့်။ ပဉ္စ အာပတ္တိယောတိ၊ ပဉ္စအာပတ္တိယောဟူ၍။ ဝုတ္တာ၊ ဖြေဆိုအပ်ကုန်ပြီ။
ဝိဘင်္ဂေ၊ အကျယ်ဝေဖန်ရာ ပဒဘာဇနီ၌။ အာဂတဝသေန၊ ဖြင့်။ သတ္တာတိ၊ သတ္တဟူ၍။ (ဝုတ္တာ၊ ကုန်ပြီ။ ဒွေမာတိကာ၌ ဒုက္ကဋနှင့် ဒုဗ္ဘာသိတ မပါ ၊ ဝိဘင်းကျမှ ပါသည်။)
ဧတေဟိ၊ ဤအာပတ်အစုတို့မှ။ အာရကာ၊ ဝေးစွာ။ ရမတိ၊ မွေ့လျော်တတ်၏။ ဣတိ၊ ထို့ကြောင့်။ အာရတိ၊ အာရတိ မည်၏။
ဝါ၊ တစ်နည်း။ ဘုသော၊ လွန်စွာ။ ရတိ၊ မွေ့လျော်ခြင်း။ အာရတိ၊ လွန်စွာမွေ့လျော်ခြင်း။
ဧတေဟိ၊ ဤအာပတ်အစုတို့နှင့်။ ဝိနာ၊ ကင်း၍။ ရမတိ၊ မွေ့လျော်တတ်၏။ ဣတိ၊ ထို့ကြောင့်။ ဝိရတိ၊ ဝိရတိ မည်၏။ အာရကာ။ ။''ကတိ အာပတ္တိယော''မှ စ၍ ''ကတိ သမထာ''တိုင်အောင်သော ပုစ္ဆာဝါကျများကို ''မာတိကာ''ဟု ခေါ်၏ ၊ ''ပဉ္စ အာပတ္တိယော''မှ စ၍ ''သတ္တ သမထာ''တိုင်အောင်သော အကျဥ်းဝိသဇ္ဇနဝါကျများကို ''နိဒ္ဒေသ''ဟု ခေါ်၏ ၊ ''တတ္ထ ကတမာ ပဉ္စအာပတ္တိယော'' စသည်တို့ကို ''ပဋိနိဒ္ဒေသ''ဟု ခေါ်၏ ၊ ထို ပဋိနိဒ္ဒေသတွင် အာရတိစသည်တို့၏ အနက်ကို ပြလို၍ ''အာရကာ ဧတေဟိ'' စသည်ကို မိန့်သည်၊ အာရကာဖြင့်အာဥပသာရ၏ အနက်ကို ပြ၏ ၊ ရမတိဖြင့် အာရတိ၌ ရမုဓာတ် တိပစ္စည်း၏ ကတ္တုသာဓ်ကို ပြ၏ ၊ နောက်နည်း၌ကား အာသဒ္ဒါ၏ ဘုသ အနက်ကိုလည်းကောင်း, ရတိ၏ ဘာဝသာဓနကိုလည်းကောင်းပြသည်။
ပစ္စကံ၊ အသီးအသီး။ ဝိရတိ၊ ရှောင်ကြဥ်ခြင်းတည်း။ ဣတိ၊ ထို့ကြောင့်။ ပတိဝိရတိ၊ ပတိဝိရတိ မည်၏။
ဝေရံ၊ ရန်ဖြစ်ကြောင်း ရာဂအစရှိသော ကိလေသာကို။ မဏတိ ဝိနာသေတိ၊ ဖျက်ဆီးတတ်၏။ ဣတိ၊ ထို့ကြောင့်။ ဝေရမဏိ၊ ဝေရမဏိမည်၏။
ဧတာယ၊ ဤဝိရတိကြောင့်။ ဧတေ အာပတ္တိက္ခန္ဓာ၊ ဤအာပတ်အစုတို့ကို။ န ကရီယန္တိ၊ မပြုအပ်ကုန်။ အကိရိယာ၊ အကိရိယာမည်၏။ (အာပတ်အစုတို့ကို မပြုကြောင်းဖြစ်သော ဝိရတိ။)
ဧတာယ၊ ဤဝိရတိသည်။ အသတိ၊ မရှိလတ်သော်။ ယံ အာပတ္တိက္ခန္ဓကရဏံ၊ အကြင်အာပတ်အစုကိုပြုခြင်းသည်။ ဥပ္ပဇ္ဇေယျ၊ ဖြစ်ရာ၏။ တဿ(အာပတ္တိက္ခန္ဓကရဏဿ)၊ ထိုအာပတ်အစုကို ပြုခြင်း၏။ ပဋိပက္ခတော၊ ဆန့်ကျင်ဘက်၏အဖြစ်ကြောင့်။ အကရဏံ၊ အကရဏ မည်၏။ (အာပတ်အစုကို မပြုကြောင်းဖြစ်သော ဝိရတိ။)
အာပတ္တိက္ခန္ဓအဇ္ဈာပတ္တိယာ၊ အာပတ်အစုသို့ ရောက်ခြင်း၏ ၊ ပဋိပက္ခတော၊ ကြောင့်။ အနဇ္ဈာပတ္တိ၊ အနဇ္ဈာပတ္တိ မည်၏။ (အာပတ်အစုသို့ မရောက်ခြင်း။)
ဝေလနေတော၊ အာပတ်အစုသို့ ရောက်ခြင်းကို ဖျက်ဆီးတတ်သည်၏ အဖြစ်ကြောင့်။) ဝေလာ၊ ဝေလာ မည်၏။ပတိဝိရတိ။ ။ပတိကို ပစ္စေကံဟု ဖွင့်သည်၊ ပစ္စေကံ၌လည်း ''ပတိ+ဧကံ''ဟု ခွဲ၍ပတိသဒ္ဒါက ဝိစ္ဆာ‌အနက်ကို ဟောနိုင်သောကြောင့် ''ပစ္စေကံ ပစ္စေကံ''ဟု နှစ်ပုဒ်ရှိရာတွင်တစ်ပုဒ် ပိုဟန် တူသည်၊ (ပစ္စေကန္တိ ပတိ ဧကံ၊ ပတိသဒ္ဒေါ ဝိစ္ဆတ္ထဇောတကော၊ ဝိသုံပိသုန္တိ အတ္ထော၊ ဣမိနာ ပတိဝိရတီတိ ဧတ္ထ ပတိတျူပသဂ္ဂဿ အတ္ထံ ဒဿေတိ၊ ဝိရတိပတိဝိရတီတိ ဧတ္ထာပိ တိပစ္စယော ဘာတတ္ထေပိ ဝေဒိတဗ္ဗော၊-ယောဇနာ။) ဝိရတိနေရာဝယ်အချို့စာအုပ်များ၌ ဝိရမတိ(ရှောင်ကြဥ်တတ်၏) ရှိ၏ ၊ ထိုအလို ဝိရတိ၌ ကတ္တုသာဓ်ကိုပြသည်။
ဝေရမဏိ။ ။ဝီရဿ+ဘာဝေါ ဝေရံ-ရဲရင့်သု၏ဖြစ်ကြောင်းဖြစ်ရာ ရန်ဖြစ်ခြင်း၊ (ထောမနိဓိ ဝိဂ္ဂဟ)၊ ထိုရန်ဖြစ်ခြင်း၏အကြောင်းဖြစ်သောကြောင့် ရာဂစသော အကုသိုလ်အဖို့ကိုလည်း ဖလူပစာရအားဖြင့် ''ဝေရ''ဟု ခေါ်ရ၏ ၊မဏဓာတ်သည် ဟိံသာအနက်ကိုဟော၏ ၊ ထိုဟိံသာဟူသည် ဖျက်ဆီးခြင်းပင်တည်း၊ ထို့ကြောင့် မဏတိကို''ဝိနာသေတိ''ဟုဖွင့်သည်၊ မဏဓာတ်,ဣ ပစ္စည်း၊ (ဝေရဟေတုတ္တာ ဝေရန္တိ လဒ္ဓနာမံ အကုသလပက္ခံ ဝိနာသေတိ၊-ဝိမတိ။)
ဝေလာ။ ။''ဝေလာ အနတိက္ကမော''ဟူသော ပါဠိသည် ဓမ္မသင်္ဂဏီ ‌လောကုတ္တရာကုသလပဒနိဒ္ဒေသ၌လည်း ပါရှိ၏ ၊ ထို၏ အဖွင့် အဋ္ဌသာလိနီ၌ ''ဝေလာအနတိက္ကမော''ဟု တစ်ပုဒ်တည်း ကြံသောနည်းကို ဦးစွာပြ၍ ''ဝေလာ+အနတိက္ကမော''ဟု နှစ်ပုဒ်ခွဲသောနည်းကို ဒုတိယပြ၏ ၊ ဤအဋ္ဌကထာ၌ နှစ်ပုဒ်ခွဲသောနည်းတည်း၊ ထို့ကြောင့် ဝေလာကိုသီးခြား ဖွင့်ပြသည်၊ ဘူဝါဒိ ဝေလဓာတ်သည် စလနအနက်ကိုလည်း ဟော၏ ၊ ထို့ကြောင့် ကာရိတ်ပစ္စည်းနှင့်တကွ ''ဝေလယတီတိ ဝေလာ''ဟု အဋ္ဌသာလိနီ၌ ဝိဂ္ဂဟပြုသည်၊ ဤ၌လည်း ''စာလယနတော''ဟု ဓာတွတ္ထကို ဖွင့်သည်၊ ''ဝေလာ-အာပတ္တိက္ခန္ဓသို့ ရောက်ကြောင်းစိတ္တုပ္ပာဒ်ကို လှုပ်ရှားစေတတ်, ဖျက်ဆီးစေတတ်သော သဘောတရားသည်၊ အနတိက္ကမော-အာပတ္တိက္ခန္ဓကို မလွန်ကျူးတတ်သော (မလွန်ကျူးကြောင်းဖြစ်သော) သဘောတရားသည်''ဟု ပါဠိတော်၌ ပေးပါ။
စလယနတော၊ အာပတ်အစုသို့ ရောက်ခြင်းကို လှုပ်ရှားစေတတ်သည်၏အဖြစ်ကြောင့်။ ဝိနာသနတော၊ အာပတ်အစုသို့ ရောက်ခြင်းကို ဖျက်ဆီးတတ်သည်၏အဖြစ်ကြောင့်။ (‌ဝေလာ၊ ဝေလာမည်၏။) ဣတိ အတ္ထော၊ နက်။
နိယျာနံ၊ နိဗ္ဗာန်သို့ သွားကြောင်းဖြစ်သော လမ်းကို။ သိနောတိ ဗန္ဓတိ၊ နှောင်ဖွဲ့တတ်၏။ နိဝါရေတိ၊ တားမြစ်တတ်၏။ သေတု၊ သေတု မည်၏။
ဧတံ၊ ဤသေတုဟူသော သဒ္ဒါသည်။ အာပတ္တိက္ခန္ဓာနံ၊ အာပတ်အစုတို့ကို။ အဓိဝစနံ၊ ဟောသော သဒ္ဒါတည်း။
သော သေတု၊ ထိုနိဗ္ဗာန်သို့ သွားကြောင်းလမ်းကိုနှောင်ဖွဲ့တတ်သော အာပတ်အစုကို။ ဧတာယ ပညတ္တိယာ၊ ဤသိက္ခာပုဒ်ပညတ်တော်သည်။ ဟညတိ၊ ဖျက်ဆီးအပ်၏။ ဣတိ၊ ထိုသို့ ဖျက်ဆီးတတ်သည်၏အဖြစ်ကြောင့်(အဝုတ္တကတ္တုသာဓန)။ သေတုဃာတော၊ သေတုဃာတ မည်၏။
သေသဝီနီတဝတ္ထုနိဒ္ဒေသေသုပိ၊ ကြွင်းသော ဝီနီတဝတ္ထု၏ နိဒ္ဒေသတို့၌လည်း။ (နောက်၌လာမည့် ဆဝီနီတဝတ္ထု၏ အာရတိ စသော နိဒ္ဒေသတို့ကို ဆိုသည်။) ဧသေဝနယော၊ ဤနည်းပင်တည်း။
ဗုဒ္ဓေ အဂါရဝါဒီသု၊ တို့၌။ (ဝိနိစ္ဆယော ဧဝံ ဝေဒိတဗ္ဗော)။ ယော၊ အကြင်ပုဂ္ဂိုလ်သည်။ ဗုဒ္ဓေ၊ သည်။ ဓရမာနေ၊ သက်တော်ထင်ရှားရှိတော်မူစဥ်။ ဥပဋ္ဌာနံ၊ ဆည်းကပ်ရာ အရပ်သို့။ ဝါ၊ ဆည်းကပ်ခြင်းငှာ။ န ဂစ္ဆတိ၊ မသွား။ (ဗုဒ္ဓေ၊ သည်။) ပရိနိဗ္ဗုတေ၊ ပရိနိဗ္ဗာန်စံတော်မူပြီးလတ်သော်။ စေတိဘဋ္ဌာနံ၊ စေတီတော်၏တည်ရာအရပ်သို့လည်းကောင်း။ သေတုဃာတော။ ။သေတု၌ သိဓာတ် တုပစ္စည်း၊ သွာဒိ ကိယာဒိ သိဓာတ်သည်ဗန္ဓနအနက်ကို ဟော၏ ၊ သွာဒိ ဏုပစ္စည်း၏ ဥကို ဩ, ဏကို နပြု၍ ''သိနောတိ''ဟု ဖြစ်လာ၏ ၊ ကိယာဒိ နာပစ္စည်းဖြင့် ''သိနာတိ''ဟုလည်း ရှိနိုင်၏ ၊ (နိယျာနံကို မဂ္ဂံဟု ယောဇနာဖွင့်၏ ။) အာပတ်အစုတို့သည် သုဂတိဘဝသို့လည်းကောင်း, နိဗ္ဗာန်သို့လည်းကောင်း သွားလမ်းကြောင်းကို တားဆီးဖွဲ့နှောင်တတ်သောကြောင့် ''သေတု''မည်၏ ၊ ထိုသေတုကို ဝိနည်းပညတ်တော် သိက္ခာပုဒ်သည်ပယ်တတ်, ဖျက်ဆီးတတ်၏ ၊''သော‌ သေတုဧတာယ ပညတ္တိယာ ဟညတိ''ဟုလည်းကောင်း, ''တံ သေတုံ ဧတာယ ပညတ္တိယာ (ဖြင့်)ဟနတိ''ဟုလည်းကောင်း ပါဌ်နှစ်မျိုး ရှိ၏ ၊ အဋ္ဌသာလိနီ၌ ''သေတုံ ဟနတိ''ဟု နောက်ပါဌ်နှင့် အလားတူ ရှိသည်။ ‌ဗောဓိဋ္ဌာနံ၊ ဗောဓိပင်၏တည်ရာအရပ်သို့လည်းကောင်း။ န ဂစ္ဆတိ၊ အသွား။ စေတိယံ ဝါ၊ စေတီတော်ကိုလည်းကောင်း။ ဗောဓိံဝါ၊ ဗောဓိပင်ကိုလည်းကောင်း။ န ဝန္ဒတိ၊ ရှိမခိုး။ စေတိယင်္ဂဏေ၊ စေတီရင်ပြင်၌။ သဆတ္တော၊ ထီးနှင့်တကွဖြစ်သည်။ ဝါ၊ ထီးဆောင်းသည်။ သဥပါဟနော၊ ဖိနပ်နှင့်တကွဖြစ်သည်။ ဝါ၊ ဖိနပ်စီးသည်။ (ဟုတွာ)။ စရတိ၊ လှည့်လည်၏။ ဧတဿ၊ ဤပုဂ္ဂိုလ်၏။ ဗုဒ္ဓေ၊ ၌။ ဂါရဝေါ၊ ရိုသေလေးစားခြင်းသည်။ နတ္ထိ၊ မရှိ။ ဣတိ၊ ဤသို့။ ဝေဒိတဗ္ဗော၊ ၏ ။
ပန၊ အဖို့တစ်ပါး‌ကား။ (ဗုဒ္ဓအဂါရဝ ဖြစ်ပုံမှတစ်ပါး ဓမ္မအဂါရဝ ဖြစ်ပုံကား။) သက္ကောန္တောယေဝ၊ စွမ်းနိုင်လျက်သာလျှင်။ (တရားနာရာ အရပ်သို့ သွားခြင်းစသည်ကို ပြုစွမ်းနိုင်လျက်သာလျှင်။) ဓမ္မဿဝနံ၊ တရားနာရာအရပ်သို့။ ဝါ၊ တရားနာခြင်းငှာ။ န ဂစ္ဆာတိ၊ မသွား။ သရဘညံ၊ အသံဖြင့် ရွတ်ဆိုအပ်သောပါဠိကို။ (ဓမ္မစကြာစသော ပါဠိသက်သက်ရွတ်ခြင်းကို''သရဘညံ''ဟုဆိုသည်။) နဘဏတိ၊ မရွတ်ဆို။ ဓမ္မကထံ၊ တရားစကားကို။ န ကထေတိ၊ မပြောဆို။ (အနက်အဓိပ္ပာယ်နှင့်တကွပြောဆိုခြင်းကို ဓမ္မကထာဟုဆိုသည်။) ဓမ္မဿဝနဂ္ဂံ၊ တရားနာခြင်းကို ယူရာအစည်းအဝေးကို။ ဘိန္ဒိတွာ၊ ဖျက်၍။ ဂစ္ဆတိ၊ သွား၏။ ဝိက္ခိတ္တော၊ အထူးထူးအပြားပြား ပစ်လွှင့်အပ်သောစိတ်ရှိသည်။ ဝါ၊ ပျံလွင့်သောစိတ်ရှိသည်။ (ဟုတွာ)ဝါ၊ ဖြစ်၍သော်လည်းကောင်း။‌စေတိယင်္ဂဏေ။ ။ဤနေရာဝယ် တံတိုင်းအကာအရံအတွင်းကို''စေတိင်္ဂဏ''ဟု ယူသင့်၏ ၊ ဘာ့ကြောင့်နည်း၊ ''စရတိ-လှည့်လည်၏''ဟု ဆိုသောကြောင့်တည်း၊ ဤစကားအရဘုရားဝိုင်း အတွင်း၌ ဖိနပ်မစီးကောင်းဟု ယူကြသည်၊ အဂါရဝစိတ် မရှိပါဘဲ ပန်းရံလက်သမား စသူတို့၏ နေပူထဲ၌လည်းကောင်း, အလွန်အေးသော နေရာ၌လည်းကောင်း ဖိနပ်စီးခြင်းကား အဂါရဝအပြစ် မရှိပါ၊ (သာမညဖလသုတ်၌ကား ''စေတိယင်္ဂဏေတိ ဂန္ဓပုပ္ဖာဒီဟိ ပူဇနဋ္ဌာနဘူတေ စေတိယင်္ဂဏေ''ဟု ဖွင့်၏၊) အခြား ဗုဒ္ဓဘာသာနိုင်ငံများ၌မူ ထိုဘုရားဝိုင်း အတွင်း၌လည်း ဖိနပ်စီးကြသည်၊ ရိုးရာထုံးစံ ဖြစ်၍ အဂါရဝလည်း ဖြစ်စရာမရှိပါ။
ဓမ္မဿဝနဂ္ဂံ။ ။''ဗဟူသု ဧကတော နိသီဒိတွာ ဓမ္မံ သုဏန္တေသု-များစွာသောပုဂ္ဂိုလ်တို့သည် တပေါင်းတည်းတရားနာနေကုန်စဥ်၊ တံ ဓမ္မဿဝနသမာဂမံ ကောပေတွာ ဥဋ္ဌာယဂစ္ဆတိ-ထိုတရားနာရာ အစည်းအဝေးကို ဖျက်၍ ထသွား၏''ဟု ဝိမတိ ဖွင့်သောကြောင့်ဓမ္မဿဝနဂ္ဂ အရ တရားနာနေရာ အစည်းအဝေးကို ယူပါ ၊ ဝစနတ္ထကိုကား ''ဓမ္မဿဝနံ ဂဏှန္တိ ဧတ္ထာတိ ဓမ္မဿဝနဂ္ဂေါ (တရားနာခြင်းကို ယူရာဖြစ်သော အစည်းအဝေး)ဟု ပြုပါ၊ ဂဟ ဓာတ် ကွိ ပစ္စည်း ဓာတွန်ချေ၊ ဤဝစနတ္ထအတိုင်း တရားနာနေရာ ဓမ္မာရုံစသည်ကိုလည်း ယူကြ၏၊ (ဓမ္မဿဝနန္တိ ဓမ္မဿဝနံ ဂဏှန္တိ ဧတ္ထာတိ ဓမ္မဿဝနဂ္ဂေါ၊ ဓမ္မဿဝနမဏ္ဍပေါ-ယောဇနာ။) ''ဘိန္ဒိတွာ ဂစ္ဆတိ-ဖျက်၍ သွား၏''ဟု ဆိုသောကြောင့် အစည်းအဝေးကို ယူခြင်းက သဘာဝကျမည် ထင်သည်။
အနာဒရော၊ လေးစားခြင်း မရှိသည်။ (ဟုတွာ) ဝါ၊ ဖြစ်၍သော်လည်းကောင်း။ နိသီဒတိ၊ ထိုင်နေ၏။
ယော၊ အကြင် ပုဂ္ဂိုလ်သည်။ ထေရနဝမဇ္ဈိမေသု၊ ထေရ နဝ မဇ္ဈိမပုဂ္ဂိုလ်တို့၌။ စိတ္တီကာရံ၊ စိတ်မဟုတ်သော်လည်း စိတ်ကဲ့သို့ ပြုအပ်သော အမူအရာကို။ ဝါ၊ ရိုသေလေးစားခြင်းကို။ န ပစ္စုပဋ္ဌာပေတိ၊ ရှေးရှု မဖြစ်စေ။ ဥပေါသထာဂါရဝိတက္ကမာဠကာဒီသု၊ ဥပုသ်ပြုရာ ကျောင်းဆောင်, ကမ္မဋ္ဌာန်းကို ကြံစည် ပွားများရာတန်ဆောင်းဝန်းး အစရှိသည်တို့၌။ ကာယပ္ပာဂဗ္ဘိယံ၊ ကိုယ်၏ ကြမ်းကြုတ်သည်၏အဖြစ်ကို။ ဒဿေတိ၊ ပြ၏။ ယထာဝုဍ္ဎံ၊ အကြင် အကြင် ကြီးသူတို့၏ အစဥ်အတိုင်း။ ဝါ၊ ကြီးစဥ်ငယ်လိုက်။ န ဝန္ဒတိ၊ ရှိမခိုး။ ဧတဿ၊ ၏။ သံဃေ၊ ၌။ ဂါရဝေါ၊ သည်။ နတ္ထိ၊ မရှိ။
ပန၊ ကား။ တိဿော၊ ကုန်သော။ သိက္ခာ၊ သိက္ခာတို့ကို။ သမာဒါယ၊ ကောင်းစွာဟူ၍။ ဝါ၊ ဆောက်တည်၍။ အသိက္ခမာနောယေဝ၊ မကျင့်သော ပုဂ္ဂိုလ်ကိုပင်။ သိက္ခာယ အဂါရဝေါတိ၊ ဟူ၍။ ဝေဒိတဗ္ဗော၊ ၏။
စ၊ အဖို့တစ်ပါးကား။ ပမာဒေ၊ မေ့လျော့ခြင်း၌။ သတိဝိပ္ပဝါသေ၊ သတိနှင့် ကင်း၍ နေခြင်း၌။ (ပမာဒေကို ထပ်ဖွင့်သည်)။ တိဋ္ဌမာနော ယေဝ၊ တည်သော ပုဂ္ဂိုလ်ကိုပင်။ (ဝေဒိတဗ္ဗော၌ စပ်။) အပ္ပမာဒလက္ခဏံ၊ အပ္ပမာဒလက္ခဏာကို။ အဗြူဟယမာနော၊ မတိုးပွားစေသည်။ (ဟုတွာ၊ ၍။ ဝါ= ကြောင့်။) အပ္ပမာဒေ အဂါရဝေါတိ၊ ဟူ၍။ ဝေဒိတဗ္ဗော၊ ၏။
တထာ၊ ထိုမှတစ်ပါး။ အာမိသပဋိသန္ထာရံ၊ အာမိသပဋိသန္ထာရလည်းကောင်း။ ဝါ၊ အာမိသဖြင့် စေ့စပ်ခြင်းလည်းကောင်း။ ဣတိ၊ ဤသို့။ ဒုဝိဓံ၊ သော။ ဣမံ ပဋိသန္ထာရံ၊ ကို။ အကရောန္တော ယေဝ၊ မပြုသော ပုဂ္ဂိုလ်ကိုပင်။အနာဒရော ဝါ။ ။နှစ်သက်ဖွယ် အနက်အဓိပ္ပာယ်သို့ ရောက်လျှင် နှစ်သက်ခြင်းကိုလည်းကောင်း, သံဝေဂ ရဖွယ် အနက်အဓိပ္ပာယ်သို့ ရောက်လျှင် သံဝေဂကိုလည်းကောင်း,ထင်စွာ မပြုခြင်းသည်ပင် အနာဒရ မည်၏ ၊-ဝိမတိ။ (စာတက် စာလိုက်ရာ၌ ဤကဲ့သို့နေထိုင်ခြင်းနှင့် ပိဋကတ်ကျမ်းစာအုပ်များကို ပစ္စလက်ခတ်ထားခြင်း, ရိုရိုသေသေ မကိုင်ခြင်းသည်လည်း ဓမ္မအဂါရဝပင်တည်း။)
ကာယပွာဂဗ္ဘိယံ။ ။ဂဗ္ဘ ဓာတ်သည် ကြမ်းကြုတ်ခြင်းအနက်ကို ဟော၏ ၊ပဂဗ္ဘတိ-အပြားအားဖြင့် ကြမ်းကြုတ်၏ ၊ ဣတိ ပဂဗ္ဘော၊ ပဂဗ္ဘဿ+ဘာဝေါ ပါဂဗ္ဘိယံ၊ ကာယဿ+ပါဂဗ္ဘိယံ ကာယပါဂဗ္ဘိယံ။ (ကာယပါဂဗ္ဘိယန္တိ ဥန္နတိဝသေန-(''ဘယ်သူ့ အ‌ရေးစိုက်ရမှာလဲ''ဟူသော သဘောထား ရှိသည် ဖြစ်၍) ကြွမြောက်ခြင်း၏ အစွမ်းဖြင့်၊ ပဝတ္တနကာယအနာစာရံ-ဖြစ်သော ကိုယ်ဖြင့် မလျောက်ပတ်သော အကျင့်ကို၊ (ဒ‌ဿေတိ)၊-ဝိမတိ။)
ပဋိသန္ထာရေ အဂါရဝေါ စာတိ၊ ပဋိသန္ထာရေ အဂါရဝေါဟူ၍။ ဝေဒိတဗ္ဗော၊ ၏။
ဂါရဝနိဒ္ဒေသေ၊ ဂါရဝ၏နိဒ္ဒေသ၌။ ဝုတ္တပရိယာယေန၊ ဆိုအပ်ပြီးသော အဂါရဝ၏ ပြောင်းပြန်အားဖြင့်။ အတ္ထော၊ ကို။ ဝေဒိတဗ္ဗော၊ ၏။
ဝိဝါဒမူလနိဒ္ဒေသေ၊ ဝိဝါဒမူလ၏နိဒ္ဒေသ၌။ သတ္တိရိပိ အဂါရဝေါတိအာဒီနံ၊ သတ္တရိပိ အဂါရဝေါအစရှိသော ပါဠိရပ်တို့၏။ ဗုဒ္ဓေ အဂါရဝါဒီသု၊ ဗုဒ္ဓေ အဂါရဝါအစရှိသောပါဠိရပ်တို့၌။ ဝုတ္တနယေနေဝ၊ ဖွင့်ဆိုအပ်ပြီးသော နည်းဖြင့်သာလျှင်။ အတ္ထော ဝေဒိတဗ္ဗော။
အပ္ပတိဿောတိ၊ ကား။ အနီစဝုတ္တိ၊ နိမ့်ကျသောဖြစ်ခြင်း မရှိသည်။ ဝါ၊ မနှိမ့်ချသည်။ (ဟုတွာ ဝိဟရတိ)။
သတ္ထာရံ၊ မြတ်စွာဘုရားကို။ ဇေဋ္ဌကံ၊ အကြီးအကဲကို။ ကတွာ၊ ပြု၍။ န ဝိဟရတိ၊ မနေ။
အဇ္ဈတ္တံ ဝါတိ၊ ကား။ အတ္တနော၊ မိမိ၏။ သန္တာနေဝါ၊ သန္တာန်၌သော်လည်းကောင်း။ အတ္တနော၊ ၏။ ပက္ခေဝါ၊ အသင်းအပင်း၌သော်လည်းကောင်း။
သကာယ၊ မိမိဥစ္စာဖြစ်သော။ ပရိသာယ၊ ပရိသတ်၌သော်လည်းကောင်း။ (အတ္တနော ပက္ခေကို သကာယ ပရိသာယဟု ထပ်ဖွင့်သည်။)
ဗဟိဒ္ဓါဝါတိ၊ ကား။ ပရသန္တာနေဝါ၊ သူတစ်ပါးတို့၏ သန္တာန်၌သော်လည်းကောင်း။ ပရပက္ခေဝါ၊ သူတစ်ပါးတို့၏အသင်းအပင်း၌သော်လည်းကောင်း။
တတြ တုမှေတိ၊ ကား။ အဇ္ဈတ္တဗဟိဒ္ဓဘေဒ၊ အဇ္ဈတ္တ ဗဟိဒ္ဓအပြားရှိသော။ တသ္မိံ သပရသန္တာနေဝါ၊ ထိုမိမိသန္တာန်,သူတစ်ပါးသန္တာန်၌သော်လည်းကောင်း။ တသ္မိံ သပရပရိသာယဝါ၊ ထိုမိမိပရိသတ်,သူတစ်ပါးပရိသတ်၌သော်လည်း ကောင်း။ (စေ သမနုပဿေယျာထ၌စပ်)။
ပဟာနာယ ဝါယမေယျာထာတိ၊ ကား။ မေတ္တာဘာဝနာဒီဟိ၊ မေတ္တာကို ပွားစေခြင်း အစရှိကုန်သော။ နယေဟိ၊ နည်းတို့ဖြင့်။ ပဟာနတ္တံ၊ ပယ်ခြင်းအကျိုးငှာ။ ဝါယမေယျာထ၊ အားထုတ်ကြကုန်လော။
ဟိ၊ မှန်။ မေတ္တာဘာဝနာဒိ နယေန၊ မေတ္တာကိုပွားစေခြင်းအစရှိသောနည်းဖြင့်။ တံ၊ ထိုဝိဝါဒမူလကို။ အဇ္ဈတ္တမ္ပိ၊ မိမိသန္တာန်၌သော်လည်းကောင်း။ ဝါ၊ မိမိပရိသတ်၌သော်လည်းကောင်း။ ဗဟိဒ္ဓါပိ၊ သူတစ်ပါးသန္တာန်၌လည်းကောင်း။ ဝါ၊ သူတစ်ပါးပရိသတ်၌လည်းကောင်း။ ပဟီယတိ၊ ပယ်အပ် ပယ်နိုင်၏။
အနဝဿဝါယာတိ၊ ကား။ အပ္ပဝတ္တိဘာဝါယ၊ ဖြစ်ခြင်းမရှိသည်၏ အဖြစ်ဟူသော အကျိုးငှာ။ (''ပဋိပဇ္ဇေယျာထ၊ ကျင့်ကြကုန်လော''၌စပ်။)
သန္ဒိဋ္ဌိပရာမာသီတိ၊ ကား။ သကမေဝ၊ မိမိဥစ္စာသာလျှင်ဖြစ်သော။ ဒိဋ္ဌိံ၊ အယူကို။ ပရာမသတိ၊ အမှန်မှတစ်ပါး မှားသောအားဖြင့် သုံးသပ်၏။အနဿဝါယ။ ။အဝဿဝ၌ အဝပုဗ္ဗ သုဓာတ်သည် ဂတိ(ဖြစ်ခြင်း)အနက်ကိုလည်းဟော၏ ၊ အဝဿဝနံ အဝဿဝေါ-သက်ဝင်၍ဖြစ်ခြင်း၊ န+အဝဿဝေါ အနဝဿဝေါ ၊ ဤအနက်ကို ပြလို၍ ''အပ္ပဝတ္တိဘာဝါယ''ဟု ဖွင့်သည်။
**သန္ဒိဋ္ဌိပရာမာသီ**။ ။သံကို သကံဟု ဖွင့်၏ ၊ သကာ+ဒိဋ္ဌိ သန္ဒိဋ္ဌိ-မိမိဥစ္စာဖြစ်သောအယူ၊ ပရတော-အမှန်မှတစ်ပါးသောအားဖြင့်၊ ဝါ-မှားသောအားဖြငင့် ၊ အာမသတိ၊ သုံးသပ်တတ်၏ ၊ ဣတိ ပရာမာသီ၊ သန္ဒိဋ္ဌိံ+ပရာမာသီ သန္ဒိဋ္ဌိပရာမာသီ။
အတ္တနာ၊ မိမိသည်။ ယံ ဒိဋ္ဌိဂတံ၊ အကြင်မိစ္ဆာအယူကို။ ဂဟိတံ၊ ယူအပ်ပြီ။ (တံ ကို ဂဏှာတိ၌ စပ်)။ ဣဒမေဝ၊ ဤငါ၏အယူသည်သာ။ သစ္စံ၊ မှန်၏။ ဣတိ၊ ဤသို့။ ဂဏှာတိ၊ ယူတတ်၏ ။
အာဓာနဂ္ဂါဟီတိ၊ ကား။ ဒဠှဂ္ဂါဟီ၊ မြဲစွာယူလေ့ရှိသည်။ (ဟောတိ)။
အနုဝါဒမူလနိဒ္ဒေသော၊ အနုဝါဒမူလနိ‌ဒ္ဒေသသည်။ ဝိဝါဒမူလနိဒ္ဒေသေနေဝ၊ ဝိဝါဒမူလ၏နိဒ္ဒေသနှင့်ပင်။ သမာနော၊ တူသည်။ ကိဉ္စာပိ(ဟောတိ)၊ အကယ်၍ကားဖြစ်ပါပေ၏။ အထခေါ၊ ထို့သိုပင်ဖြစ်ပါသော်လည်း။ အဋ္ဌာရသ၊ ကုန်သော။ ဘေဒကရဝတ္ထူနိ၊ ကွဲပြားခြင်းကို ပြုတတ်သော ဝတ္ထုတို့ကို။ နိဿာယ၊ မှီ၍။ ဝိဝဒန္တာနံ၊ ငြင်းခုံကြသော ပုဂ္ဂိုလ်တို့၏။ ကောဓုပနာဟာဒ‌ယော၊ ကောဓ ဥပနာဟ အစရှိကုန်သောတရားတို့သည်။ ဝိဝါဒမူလာနိ၊ ငြင်းခုံခြင်း၏အကြောင်းတို့သည်။ (ဟောန္တိ)။ ပန၊ ဆက်။
တထာ၊ ထိုဆိုအပ်ပြီးသော အကြောင်းတို့ကြောင့်။ ဝိဝဒန္တာ၊ ငြင်းခုံကြသောပုဂ္ဂိုလ်တို့သည်။ သီလဝိပတ္တိအာဒီသု၊ သီလဝိပတ္တိ အစရှိသည်တို့တွင်။ အညတရဝိပတ္တိံ၊ တစ်ပါးပါးသော ဝိပတ္တိသို့။ အာပဇ္ဇိတွာ၊ ‌ရောက်၍။ အသုကော၊ ထိုမည်သော။ ဘိက္ခု၊ သည်။ အသုကံ နာမ၊ ထိုမည်သော။ ဝိပတ္တိံ၊ ဝိပတ္တိသို့။ အာပန္နော၊ ‌ရောက်ပြီ။ ဣတိ ဝါ၊ ဤသို့သော်လည်းကောင်း။ (တွံ၊ သည်)။ ပါရာဇိကံ၊ ပါရာဇိကအာပတ်သို့။ အာပန္နော၊ သည်။ အသိ၊ ၏။ ဣတိ ဝါ၊ သော်လည်းကောင်း။ အနုဝဒန္တိ၊ စွပ်စွဲကြကုန်၏ ။
ဧဝံ၊ သို့။ အနုဝဒန္တာနံ၊ စွပ်စွဲကြသော ပုဂ္ဂိုလ်တို့၏။ ကောဓုပနာဟာဒယော၊ ကောဓ ဥပနာဟ အစရှိသော တရားတို့သည်။ အနုဝါဒမူလာနိ၊ အနုဝါဒမူလတို့ မည်၏။ ဣတိ အယံ၊ ဤသည်ကား။ ဧတ္ထ၊ ဤအနုဝါဒမူလနိဒ္ဒေသ၌။ ဝိသေသော၊ တည်း။
သာရဏီယဓမ္မနိဒ္ဒေသေ၊ သာရဏီယဓမ္မ၏နိဒ္ဒေသ၌။ မေတ္တစိတ္တေန၊ မေတ္တာနှင့်ယှဥ်သောစိတ်ဖြင့်။ ကတံ၊ ပြုအပ်သော။ ကာယကမ္မံ၊ ကာယကံသည်။ မေတ္တံ၊ မေတ္တာရှိသော။ ဝါ၊ မေတ္တာကြောင့်ကောင်းစွာဖြစ်သော။ ကာယကမ္မံနာမ၊ ကာယကံမည်၏။ဒဠှဂ္ဂါဟီ။ ။ဂဏှာတိ သီလေနာတိ ဂါဟီ၊ ဒဠှံ+ဂါဟီ ဒဠှဂ္ဂါဟီ၊ အာဓာနသဒ္ဒါသည်''အာ(ဘုသော)-လွန်စွာ+ဓာနံ-ထားခြင်း''အနက်ကို ဟော၏၊ ထိုလွန်စွာထားခြင်း‌(ဖြစ်ခြင်း)ဟူသည် စွဲမြဲခြင်းပင်တည်း၊ ထို့ကြောင့် အာဓာနကို ဒဠှ ဟု ဖွင့်သည်။
မေတ္တံ ကာယကမ္မံ။ ။မိဇ္ဇတိ သိနိယှတိ ဧတာယာတိ မေတ္တာ-စေးကပ်စိုစွပ်ကြောင်းသဘောတရား၊ မေတ္တာ ဧတဗဿ (ဤကာယကံ) အတ္ထီတိ မေတ္တံ၊ တံ ပန ယသ္မာ မေတ္တာသဟဂစိတ္တသမုဋ္ဌာနံ၊ တသ္မာ ဝုတ္တံ ''မေတ္တစိတ္တေန ကတံ ကာယကမ္မံ''တိ၊ သာရတ္ထ၊ဤအလို ''မေတ္တံ-မေတ္တာရှိသော''ဟု ပေး၊ ဝိမတိ၌ကား ''မေတ္တာယ+သမ္ဘူတံ မေတ္တံ''ဟု သမ္ဘူတ အနက်၌ ဏ ပစ္စည်းဖြင့် ပြီးစေ၏ ။
အာဝီစေဝ ရဟောစာတိ၊ ကား။ သမ္မုခါစ၊ မျက်မှောင်၌လည်ကောင်း။ ပရမ္မုခါစ၊ မျက်ကွယ်၌လည်းကောင်း။ (ပစ္စုပဋ္ဌိတံ ဟောတိ၌စပ်)။
တတ္ထ၊ ထိုသမ္မုခါမေတ္တာကာယကံ, ပရမ္မုခါမေတ္တာ ကာယကံတို့တွင်။ နဝကာနံ၊ သီတင်းငယ်တို့၏။ စီဝရကမ္မာဒီသု၊ သင်္ကန်းချုပ်ဆိုးခြင်း အစရှိသော အမှုတို့၌။ သဟာယဘာဝဂမနံ၊ အဖော်သဟဲ၏ အဖြစ်သို့ ရောက်ခြင်းသည်။ သမ္မုခါ၊ ၌။ မေတ္တံ၊ သော။ ဝါ၊ သော။ ကာယကမ္မံ နာမ၊ မည်၏။
ပန၊ အဖို့တစ်ပါးကား။ ထေရာနံ၊ ထေရ်တို့အား။ ဝါ၊ တို့၏။ ပါဒဓောဝနဗီဇနဝါတဒါနာဒိဘေဒမ္ပိ၊ ခြေဆေးပေးခြင်း, ယပ်လေပေးခြင်း အစရှိသော အပြားရှိသည်လည်းဖြစ်သော။ သဗ္ဗံ၊ အလုံးစုံသော။ သာမိစိကမ္မံ၊ အရိုအသေပြုမှုသည်။ သမ္မုခါ, မေတ္တံ ကာယကမ္မံ နာမ၊ (ဘေဒမ္ပိ၌ ပိသဒ္ဒါဖြင့်။ စီဝရကမ္မာဒီသု သဟာယဘာဝဂမနံကို ပေါင်း။)
ဥဘယေဟိပိ၊ နှစ်ပါးစုံသောထေရ, နဝကတို့သည်လည်း။ ဒုန္နိက္ခိတ္တာနံ၊ မကောင်သဖြင့် ထားအပ်ကုန်‌သော။ ဒါရုဘဏ္ဍာဒီနံ၊ သစ်ဘဏ္ဍာ အစရှိသည်တို့ကို။ တေသု၊ ထိုထေရ, နဝကတို့၌။ အဝမညံ၊ အောက်ချ၍ မှတ်ထင်မှုကို။ ဝါ၊ အထင်သေးမှုကို။ အကတွာ၊ မပြုမှု၍။ အတ္တနာ၊ သည်။ ဒုန္နိက္ခိတ္တာနံ ဝိယ၊ မကောင်းသဖြင့် ထားအပ်သောဘဏ္ဍာတို့ကိုကဲ့သို့။ ပဋိသာမနံ၊ သိုမှီးခြင်းသည်။ ပရမ္မုခါ၊ ၌။ မေတ္တံ, ကာယကမ္မံ နာမ။
အယမ္ပိ ဓမ္မော သာရဏီယာတိ၊ ကား။ မေတ္တာကာယကမ္မသင်္ခါတော၊ မေတ္တာကာယကံဟုဆိုအပ်သော။ အယံ ဓမ္မော၊ ဤတရားသည်။ (သံဝတ္တတိ၌စပ်)။ ဝါ၊ ကို။ သရိတဗ္ဗော၊ မပြတ်ပလပ် အမှတ်တရထိုက်သည်။ သတိဇနကော၊ အမှတ်ရခြင်းကို ဖြစ်စေတတ်သည်။ (ဟုတွာထည့်၍ သံဝတ္တတိ၌စပ်။) (သာရဏိ(ဏီ)ယပုဒ်ပြီးပုံကို ဝေရဉ္ဇကဏ္ဍ၌ ပြခဲ့ပြီ။ သိတဇနကောသည် အဓိပ္ပာယတ္ထတည်း။)
ယော၊ အကြင်ပုဂ္ဂိုလ်သည်။ နံ၊ ထိုမေတ္တာကာယကံကို။ ကရောတိ၊ ပြု၏။ တံ ပုဂ္ဂလံ၊ ထိုပုဂ္ဂိုလ်ကို။ (အနုဿရန္တိ၌စပ်။)
ယေသံ၊ အကြင်ပုဂ္ဂိုလ်တို့၏အပေါ်၌။ (အယံ ဓမ္မော၊ ဤမေတ္တာကာယကံတရားသည်။ ဝါ= ကို။) ကတော၊ ပြုအပ်သည်။ ဟောတိ။ တေ၊ ပုဂ္ဂိုလ်တို့သည်။ ပသန္နစိတ္တာ၊ ကြည်ညိုသောစိတ်ရှိကုန်သည်။ (ဟုတွာ) အဟော သပ္ပုရိသော၊ ‌ဪ...သူတော်ကောင်းပေတကား။ ဣတိ၊ ဤသို့။ အနုဿရန္တိ၊ အမှတ်ရကုန်၏။ ဣတိ(အယံ)၊ ဤဆိုအပ်ပြီးကား။ အဓိပ္ပာယော၊ အဓိပ္ပာယ်တည်း။ (သာရဏီယောဓမ္မောဟု ဟောတော်မူသောမြတ်စွာဘုရား၏ အလိုတော်တည်း။)
ပိယကရဏောတိ၊ ကား။ တံ ပုဂ္ဂလံ၊ ထိုပုဂ္ဂိုလ်ကို။ သဗြဟ္မစာရိနံ၊ သီတင်းသုံးဖော်တို့၏။ ဝါ၊ တို့သည်။ ယံ၊ ချစ်အပ်သူကို။ ကရောတိ၊ ပြုတတ်၏။ (ပိယပုဒ်ပြီးပုံကို ဝေရဉ္ဇကဏ္ဍ ဘဂဝါအဖွင့်၌ပြခဲ့ပြီ။)
ဂရုကရဏောတိ၊ ကား။ တံ ပုဂ္ဂလံ၊ ကို။ သဗြဟ္မစာရိနံ၊ တို့၏။ ဝါ၊ တို့သည်။ ဂရုံ၊ အလေးပြုအပ်သူကို။ ကရောတိ၊ ပြု၏။ (ဂရုပုဒ်ပြီးပုံကို ဝေရဉ္ဇကဏ္ဍ ဘဂဝါအဖွင့်၌ပြခဲ့ပြီ။)
ဘင်္ဂဟာယာတိအာဒီသု၊ အစရှိသော ပုဒ်တို့၌။ (အတ္ထော ဧဝံ ဝေဒိတဗ္ဗော။) သဗြဟ္မစာရီဟိ၊ တို့သည်။ သင်္ဂဟေတဗ္ဗဘာဝါယ၊ သင်္ဂြိုဟ်ချီးမြှောက်ထိုက်သူ၏ အဖြစ်ဟူသောအကျိုးငှာလည်းကောင်း။
တေဟိ၊ ထိုသီတင်းသုံးဖော်တို့နှင့်။ သဒ္ဓိံ၊ တကွ။ အဝိဝဒါယ၊ ဆန့်ကျင်ဘက် မပြောခြင်းငှာလည်းကောင်း။ (မငြင်းခုံခြင်းငှာလည်းကောင်း)။ သမဂ္ဂဘာဝါယ၊ ညီညွတ်သည်၏အဖြစ်ဟူသောအကျိုးငှာလည်းကောင်း။ ဧကီဘာဝါယ စ၊ တစ်ယောက်တည်း မဟုတ်သော်လည်း တစ်ယောက်တည်းကဲ့သို့ ဖြစ်ခြင်းငှားလည်းကောင်း။ (တပေါင်းတည်းဖြစ်ခြင်းလည်းကောင်း။) သံဝတ္တတိ၊ ဖြစ်၏ ။
မေတ္တံ ဝစီကမ္မန္တိအာဒီသု၊ အစရှိသောပုဒ်တို့၌။ (အတ္ထော ဧဝံ ဝေဒိတဗ္ဗော။) ဒေဝတ္ထေရော၊ ဒေဝထေရ်။ တိဿတ္ထေရော၊ တိဿထေရ်။ ဣတိ ဧဝံ၊ ဤသို့။ ပဂ္ဂယှ၊ ချီးမြှောက်၍။ ဝစနံ၊ ပြောဆိုခြင်းသည်။ သမ္မုခါ၊ ၌။ မေတ္တံ၊ သော။ ဝစီကမ္မံ နာမ။ (ဒေဝဟု တိဿဟုချည်း မခေါ်ဘဲ ထေရထည့်၍ ခေါ်ခြင်းကို ဆိုသည်၊ ယခုအခါအရှင်, ဘုန်းတော်ကြီး, ဆရာတော်စသည်ဖြင့် ခေါ်ခြင်းမျိုးတည်း။)
ပန၊ အဖို့တစ်ပါးကား။ ဝိဟာရေ၊ ၌။ အသန္တေ၊ မရှိလတ်သော်။ တံ၊ ထို ပုဂ္ဂိုလ်ကို။ ပဋိပုစ္ဆန္တဿ၊ မေးသောပုဂ္ဂိုလ်၏။ ''အမှာကံ ဒေဝတ္ထေရော၊ တပည့်တော်တို့၏ဒေဝထေရ်သည်။ ကုဟိံ၊ အဘယ်၌ပါနည်း။ (ဘယ်မှာပါနည်း။) အမှာကံ တိဿတ္ထေရော၊ သည်။ ကုဟိံ၊ နည်း။ ကဒါ၊ အဘယ်အခါ၌။ အာဂမိဿတိနု ခေါ၊ ပြန်လာပါမည်နည်း။ ဣတိ ဧဝံ၊ သို့။ မမာယနဝစနံ၊ ငါ၏ဥစ္စာဟု ပြုတတ်သော စကားသည်။ ဝါ၊ မြတ်မြတ်နိုးနိုး ပြောဆိုကြောင်းစကားသည်။ ပရမ္မုခါ၊ ၌။ မေတ္တံ၊ သော။ ဝစီကမ္မံ နာမ။
ပန၊ အဖို့တစ်ပါး‌ကား။ မေတ္တာသိနေဟသိနိဒ္ဓါနိ၊ မေတ္တာတည်းဟူသော အစေးဖြင့် စေးကပ်ကုန်သော။ နယနာနိ၊ မျက်လုံးတို့ကို။ ဥမ္မီလေတွာ၊ ဖွင့်၍။ ပသန္နေန၊ ကြည်လင်သော။ မုခေန၊ မျက်နှာဖြင့်။ ဩလောကနံ၊ ကြည့်ခြင်းသည်။ သမ္မုခါ,‌ မေတ္တံ, မနောကမ္မံ နာမ။မမာယနဝစနံ။ ။တပည့်တော်တို့၏ဟု ထည့်၍ ဆိုခြင်းကို ''မမာယနဝစနံ''ဟုဆိုသည်၊ မမံ-ငါ့ဥစ္စာဟူ၍+ကရဏံ-ပြုခြင်း၊ မမာယနံ-ခြင်း၊ မမံ နောင် ကရဓာတ်၏အနက်၌ အာယပစ္စည်း၊ ဋီကာ၌ ''မမတ္တဗောဓနဝစနံ-ငါ့ဥစ္စာ၏အဖြစ်ကို သိစေတတ်သောစကား''ဟု ဖွင့်သည်ကား အဓိပ္ပာယတ္ထသာ။
နယနာနိ ဥမ္မီလိတွာ။ ။ဧကန္တတိရောက္ခဿ-ဧကန် မျက်ကွယ်ဖြစ်သော၊ မနောကမ္မဿ-၏ ၊ သမ္မုခတာ နာမ-မျက်မှောက်၏အဖြစ် မည်သည် ၊ ဝိညတ္တိသမုဋ္ဌာပနဝသေနေဝ- ဝိညတ်ကို ဖြစ်စေခြင်း၏အစွမ်းဖြင့်သာ၊ ဟောတိ-ဖြစ်နိုင်၏ ၊ တဉ္စ ခေါ လောကေကာယကမ္မန္တိ ပါကဋံ-ထိုဝိညတ်ကြောင့်ဖြစ်သော မနောကံသည်လည်း လောက၌ကာယကံဟု ထင်ရှား၏ ၊ (ထို့ကြောင့်) ပညာတံ ဟတ္ထဝိကာရာဒိံအနာမသိတွာယေဝ-ထင်ရှားသော လက်မှုစသည်ကို မသုံးသပ်ဘဲသာ၊ ဒဿေန္တော နယနာနိ ဥမ္မီလိတွာတိအာဒိမာဟ၊-ဋီကာ။
ဒေဝတ္ထေရော၊ သည်။ တိဿတ္ထေရော၊ သည်။ အရောဂေါ၊ ရောဂါ မရှိသည်။ ဟောတု၊ ဖြစ်ပါစေ။ အပ္ပာဗာဓော၊ အနာ မရှိသည်။ ဟောတု၊ ဖြစ်ပါစေ။ ဣတိ၊ ဤသို့။ သမန္နာဟရဏံ၊ နှလုံးသွင်းခြင်းသည်။ ပရမ္မုခါမေတ္တံ, မနောကမ္မံ နာမ။
အပ္ပတိဝိဘတ္တဘောဂီတိ၊ ကား။ အာမိသံ၊ အာမိသကို။ ပတိဝိဘဇိတွာ၊ ခွဲခြမ်းခွဲခြမ်း လုပ်၍။ နေဝဘုဉ္ဇတိ၊ မသုံးဆောင်။ ပုဂ္ဂလံ၊ ကို။ (ပတိဝိဘဇိတွာ) န(ဘုဉ္ဇတိ)၊ ဆောင်။
ဟိ၊ ချဲ့။ ယော၊ အကြင် ပုဂ္ဂိုလ်သည်။ ဧတ္တကံ၊ ဤမျှအတိုင်းအရှည်ရှိသော အာမိသကို။ ပရေသံ၊ သူတစ်ပါးတို့အား။ ဒဿာမိ၊ ပေးအံ့။ ဧတ္တကံ၊ ကို။ အတ္တနာ၊ ကိုယ်တိုင်။ ဘုဉ္ဇိဿာမိ၊ သုံးဆောင်အံ့။ (အာမိသကို ခွဲခြမ်းပုံတည်း၊) ဝါ၊ တစ်နည်း။ ဧတ္တကံ၊ ကို။ အသုကဿစ၊ ထိုမည်သော ပုဂ္ဂိုလ်အားလည်းကောင်း။ အသုကဿစ၊ အားလည်းကောင်း။ ဒဿာမိ၊ အံ့။ ဧတ္တကံ၊ ကို။ အတ္တနာ၊ ကိုယ်တိုင်။ ဘုဉ္ဇိဿာမိ၊ စားအံ့။ (ပုဂ္ဂိုလ်ကို ခွဲခြမ်းပုံတည်း၊) ဣတိ၊ ဤသို့။ ဝိဘဇိတွာ၊ ခွဲခြမ်း၍။ ဘုဉ္ဇတိ၊ သုံးဆောင်၏။ အယံ၊ ဤပုဂ္ဂိုလ်သည်။ ပတိဝိဘတ္တဘောဂီ နာမ၊ ပတိဝိဘတ္တဘောဂီမည်၏။ (ခွဲခြမ်းအပ်သောပစ္စည်းကို သုံးဆောင်ခြင်းရှိသူ မည်၏။)
ပန၊ ကား။ အယံ၊ ဤပုဂ္ဂိုလ်သည်။ (ပါဠိတော်၌ လာသော အပ္ပတိဝိဘတ္တဘောဂီပုဂ္ဂိုလ်သည်။) ဧဝံ၊ ဤသို့ ခွဲခြမ်းမူကို။ အကတွာ၊ မပြုမူ၍။ အာဘတံ၊ ဆောင်ယူအပ်ခဲ့သော။ (ခံယူအပ်ခဲ့သော၊) ပိဏ္ဍပါတံ၊ ဆွမ်းကို။ ထေရာသနတော၊ ထေရ်ကြီး၏ နေရာမှ။ ပဋ္ဌာယ၊ စ၍။ ဒတွာ၊ ပေးလှူပြီး၍။ ဂဟိတာဝသေသံ၊ ယူအပ်ပြီးမှ အကြွင်းကို။ ဘုဉ္ဇတိ၊ သုံးဆောင်၏။
သီလဝန္တေဟီတိ၊ ဟူ၍။ ဝစနတော၊ ဟောတော်မူခြင်းကြောင့်။ (ဤပါဠိတော်၌ ဟောတော်မူခြင်းကြောင့်၊) ဒုဿီလဿ၊ သီလမရှိသော ပုဂ္ဂိုလ်အား။ အဒါတုမ္ပိ၊ မပေးခြင်းငှာလည်း။ (ပိဖြင့် ဒါတုံကို ဆည်း၊) ဝဋ္ဋတိ၊ အပ်၏။ ပန၊ ဆက်။ သာရဏီယဓမ္မပူရကေန၊ သာရဏီယဓမ္မကို ဖြည့်ကျင့်သော ရဟန်းသည်။ သဗ္ဗေသံ၊ အလုံးစုံသောရဟန်းတို့အား။ ဒါတဗ္ဗမေဝ၊ ပေးလှူထိုက်သည်သာ။ ဣတိ၊ ဤသို့။ ဝုတ္တံ၊ ရှေးအဋ္ဌကထာတို့၌ ဆိုအပ်ပြီ။
ဂိလာနဂိလာနုပဋ္ဌာကအာဂန္တုကဂမိကစီဝရကမ္မာဒိပသုတာနံ၊ ဂိလာနပုဂ္ဂိုလ်, ဂိလာနကို လုပ်ကျွေးသောပုဂ္ဂိုလ်, အာဂန္တုကပုဂ္ဂိုလ်, ခရီးသွားမည့်ပုဂ္ဂိုလ်, သင်္ကန်းချုပ်ဆိုးမှု စသည်တို့၌ အားထုတ်နေကုန်သော ပုဂ္ဂိုလ်တို့အား။ ဝိစေယျ၊ ရွေးချယ်၍။ ဒါတုမ္ပိ၊ ပေးလှူခြင်းငှာလည်း။ ဝဋ္ဋတိ၊ ၏။
ဟိ၊ မှန်။ ဧတေ၊ ဤပုဂ္ဂိုလ်တို့ကို။ ဝိစိနိတွာ၊ ရွေးချယ်၍။ ဒေန္တေန၊ ပေးသောပုဂ္ဂိုလ်သည်။ ပုဂ္ဂလဝိဘာဂေါ၊ ပုဂ္ဂိုလ်ကိုခွဲခြားဝေဖန်ခြင်းသည်။ ဝါ၊ ကို။ ကတော၊ ပြုအပ်သည်။ ဂိလာန ၊ပေ၊ဝဋ္ဋတိ။ ။ခွဲခြမ်းဝေဖန်ခြင်းဟူသည် ''မည်သည့် ပုဂ္ဂိုလ်အား ပေးမည်, မည်သည့်ပုဂ္ဂိုလ်အား မပေး''ဟု နှစ်ဖက်ခွဲခြမ်းတည်း၊ ဂိလာန စသည်တို့အား ပေးခြင်းကား''အခြားသူတို့ကို မပေး''ဟု မခွဲခြမ်းသောကြောင့် ပတိဝိဘတ္တဘောဂီ မမည်။(ဂိလာနာဒီနံပန ဩဒိဿကံ ကတွာ ဒါနံ အပ္ပတိဝိဘာဂပက္ခိကံ ''အသုကဿ န ဒဿာမီ'' တိပဋိက္ခေပဿ အဘာဝတော၊ ဗျတိရေကပ္ပဓာနော ဟိ ပတိဝိဘာဂေါ ၊ မှန်၏ ၊-ခွဲခြမ်းဝေဖန်ခြင်းဟူသည် ''မည်သူအား မပေး''ဟု ပြောင်းပြန် ပြန်ခြင်းလျှင် ပဓာန ရှိ၏ ၊ တေနာဟ ''ဂိလာန ၊ပေ၊ ဝိစေယျ ဒါတုမ္ပိ ဝဋ္ဋတီတိ၊-ဋီကာ။) န ဟောတိ၊ မဖြစ်။ (ကသ္မာ၊ ကြောင့်။ ဧတေ ဝိစိနိတွာ ဒေန္တေန ပုဂ္ဂလဝိဘာဂေါ ကတော န ဟောတိ၊ နည်း။) ဟိ(ယသ္မာ)၊ ကြောင့်။ ဤဒိသာနံ၊ ဤကဲ့သို့ရှုအပ်သော ပုဂ္ဂိုလ်တို့၏။ ကိစ္ဆလာဘတ္တာ၊ ခဲယဉ်းသဖြင့် ရအပ်သောလာဘ် ရှိကုန်သည်၏အဖြစ်ကြောင့်။ ဝိသေသော၊ အထူးကို။ ကာတဗ္ဗောယေဝ၊ ပြုထိုက်သည်သာ။ ဣတိ၊ ကြောင့်။ ဧတေ ဝိစိနိတွာ ဒေန္တေန ပုဂ္ဂလဝိဘာဂေါ ကတော န ဟောတိ။ ( ဣတိ၊ ကြောင့်။) အယံ၊ ဤအပ္ပတိဝိဘတ္တဘောဂီရဟန်းသည်။ (ပါဠိတော်၌ လာသောအပ္ပတိဝိဘတ္တဘောဂီရဟန်းသည်။) ကရောတိ၊ ပုဂ္ဂလဝိဘာဂကို ပြု၏ ။
အခဏ္ဍာနီတိအာဒီသု၊ တို့၌။ (ဝိနိစ္ဆယော ဧဝံ ဝေဒိတဗ္ဗော။) ယဿ၊ အကြင်ပုဂ္ဂိုလ်၏။ သတ္တသု၊ ၇ ပါးကုန်သော။ အာပတ္တိက္ခန္ဓေသု၊ အာပတ်အစုတို့၌။ အာဒိမှိဝါ၊ အစ၌သော်လည်းကောင်း။ အန္တေဝါ၊ အဆုံး၌သော်လည်းကောင်း။ သိက္ခာပဒံ၊ သည်။ ဘိန္နံ၊ ပျက်သည်။ ဟောတိ။ တဿ၊ ၏။ သီလံ၊ သည်။ ပရိယန္တေ၊ အဆုံး၌။ ဆိန္နသာဋကောဝိယ၊ စုတ်ပြတ်သော အဝတ်သည်ကဲ့သို့။ ခဏ္ဍံ နာမ၊ ကျိုးပြတ်သောသိက္ခာပုဒ်ရှိသောသီလ မည်၏။ ဝါ၊ ချိုးအပ်သောသီလ မည်၏။
ယဿ၊ ၏။ (သတ္တသု အာပတ္တိက္ခန္ဓေသု)။ ဝေမဇ္ဈေ၊ အလယ်၌။ ဆိဒ္ဒသာဋကောဝိယ၊ ပေါက်သောအဝတ်သည်ကဲ့သို့။ ဆိဒ္ဒံ နာမ၊ အလယ်၌ ပေါက်သော သိက္ခာပုဒ်ရှိသောသီလမည်သည်။ ဝါ၊ ဖောက်အပ်သောသီလ မည်သည်။ ဟောတိ၊ ၏။
ယဿ၊ ၏။ (သတ္တသု အာပတ္တိက္ခန္ဓေသု)။ ပဋိပါဋိယာ၊ အစဉ်အားဖြင့်။ ဒွတ္တီဏိ၊ နှစ်ပါး,သုံးပါးကုန်သော။ (သိက္ခာပဒါနိ)။ ဘိန္နာနိ၊ ကုန်သည်။ (ဟောန္တိ)။ တဿ၊ ၏။ (သီလံ၊ သည်။) ပိဠိယံဝါ၊ ကျောက်ကုန်း၌သော်လည်းကောင်း။ ကုစ္ဆိယံ ဝါ၊ ဝမ်းဗိုက်၌သော်လည်းကောင်း။ အခဏ္ဍာနိ။ ။ရဟန်းတော်များ သီလအတွက် အခဏ္ဍ စသည် ဖြစ်ပုံကို ပြလို၍ ''သတ္တသု အာပတ္တိက္ခန္ဓေသု''စသည်ကို မိန့်သည်၊ လူဝတ်ကြောင်များ၏ သီလအတွက်ဖြစ်မူ (သီလခံယူစဉ်အတိုင်း) ပါဏာတိပါတာ ဝေရမဏိ စသော သိက္ခာပုဒ်များ၏ အာဒိအန္တကို ယူပါ ၊ ထိုသိက္ခာပုဒ်များ၏ ခဏ္ဍ စသည်ဖြစ်ပုံကို ရတနာ့ဂုဏ်ရည် ဥပုသ်သီလ၌ဆောင်ပုဒ်နှင့်တကွ ပြထားသည်။ (ခဏ္ဍန္တိ ခဏ္ဍဝန္တံ -ကျိုးပြတ်သော သိက္ခာပုဒ်ရှိသောသီလ မည်၏ ၊ ခဏ္ဍိတံဝါ-ချိုးအပ်သောသီလ မည်၏ ၊ ဆိဒ္ဒန္တိအာဒီသုပိ ဧသေဝနယော-ဋီကာ၊ ဤအလို ''ခဏ္ဍာနိ ယဿာတိ ခဏ္ဍံ၊ ခဏ္ဍိယတေ ဝါ ခဏ္ဍံ''ဟု ပြုပါ။) ဥဋ္ဌိတေန၊ ထသော။ ဝါ၊ ဖြစ်သော။ ဝိသဘာဂဝဏ္ဏေန၊ သဘောမတူသော အဆင်းအားဖြင့်။ ကာဠရတ္တာဒီနံ၊ အမည်း, အနီ အစရှိသောအဆင်းတို့တွင်။ အညတရသရီရဝဏ္ဏာ၊ တစ်ပါးပါးသောကိုယ်အဆင်းရှိသော။ ဂါဝီဝိယ၊ နွားမသည်ကဲ့သို့။ သဗလံ နာမ၊ ကြားသော သိက္ခာပုဒ်ရှိသော သီလမည်သည်။ ဟောတိ။
ယဿ၊ ၏။ (သတ္တသု အာပတ္တိက္ခန္ဓေသု)။ အန္တရန္တရာ၊ အကြားအကြား၌။ (သိက္ခာပဒါနိ) ဘိန္နာနိ (ဟောန္တိ)။ တဿ၊ ၏။ (သီလံ)။ အန္တရန္တရ၊ ၌။ ဝိသဘာဂဝဏ္ဏဗိန္ဓုဝိစိတြာ၊ သဘောမတူသော အဆင်းရှိသော အပြောက်တို့ဖြင့်ဆန်းကြယ်သော။ ဂါဝီဝိယ၊ နွားမသည်ကဲ့သို့။ ကမ္မာသံနာမ၊ အပြောက်ထင်သော သိက္ခာပုဒ်ရှိသောသီလမည်သည်။ ဟောတိ။
ပန၊ အဖို့တစ်ပါးကား။ ယဿ၊ အကြင်ပုဂ္ဂိုလ်၏။ သဗ္ဗေန၊ အလုံးစုံသော အခြင်းအရားအားဖြင့်။ သဗ္ဗံ၊ အလုံးစုံ အကုန်အစင်။ အဘိန္နာနိ၊ မပျက်ကုန်သော။ သီလာနိ၊ တို့သည်။ (ဟောန္တိ၊ ရှိကုန်၏။) တဿ၊ ထိုပုဂ္ဂိုလ်၏။ တာနိ သီလာနိ၊ တို့သည်။ အခဏ္ဍာနိ နာမ၊ ကျိုးပြတ်သောသိက္ခာပုဒ် မရှိသော သီလတို့ မည်သည်။ အသဗလာနိ နာမ၊ ကြားသော သိက္ခာပုဒ်မရှိသော သီလတို့မည်သည်။ အကမ္မာသာနိ နာမ၊ အပြောက်ထင်သော သိက္ခာပုဒ် မရှိသော သီလတို့မည်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏ ။
ပန၊ အဖို့တစ်ပါးကား။ တာနိ ဧတာနိ၊ ထိုမကျိုး,မပေါက်,မပြောက်,မကြားသော ဤသီလတို့ကို။ ဘုဇိဿဘာဝကရဏတော၊ တဏှာ့ကျွန်အဖြစ်မှ လွတ်လပ်သည်၏ အဖြစ်ကို ပြုတတ်ကုန်သည်၏အဖြစ်ကြောင့်။ ဘုဇိဿာနိ(ဣတိ)၊ ဘုဇိဿတို့ဟူ၍လည်းကောင်း။
ဝိညူဟိ၊ ပညာရှိတို့သည်။ ပသတ္ထတ္တာ၊ ချီးမွမ်းအပ်ကုန်သည်၏ အဖြစ်ကြောင့်။** သဗလ, ကမ္မာသ**။ ။ဝိသဘာဂဝဏ္ဏေန ဥပဍ္ဎံ တတိယဘာဂံ ဝါ သမ္ဘိန္နဝဏ္ဏံ သဗလံ-သဘောမတူသော အဆင်းအားဖြင့် တစ်ဝက်ဖြစ်စေ, ၃ ဖို့ တစ်ဖို့ဖြစ်စေ ရောစပ်သော အဆင်းရှိသော သီလသည် သဗလ မည်၏၊ ဝိသဘာဂဝဏ္ဏေဟေဝ ပန ဗိန္ဒူဟိ အန္တရန္တရာဝိမိဿံ ကမ္မာသံ-သဘောမတူသော အဆင်းရှိသည်သာလျှင် ဖြစ်ကုန်သော အပြောက်တို့ဖြင့် အကြား အကြား၌ ရောနေသော သီလသည် ကမ္မာသ မည်၏ ၊ အယံ ဣမေသံဝိသေသော၊-ဋီကာ။
ဘုဇိဿာနိ။ ။ဘုဇိဿဘာဝကရဏတောတိ တဏှာဒါသဗျတော မောစေတွာ ဘုဇိဿဘာဝကရဏတော၊ သီလဿ စ တဏှာဒါသဗျတော မောစနံ ဝိဝဋ္ဋပနိဿယဘာဝါပါဒနံ-ဝဋ်မှ ကင်းသော နိဗ္ဗာန်ကို မှီသော (ရည်ရွယ်သော) သီလ၏အဖြစ်သို့ ရောက်စေခြင်းသည် တဏှာဒါသဗျမောစနတည်း။ (''ဘုဇိဿ ကရာနိ''ဟု ဆိုလိုလျက်ကရ ပုဒ်ကို ချေ၍ ''ဘုဇိဿာနိ'' ဟု ဆိုထားသည်၊ ဘုဇိဿပုဒ်ပြီးပုံကို မဟာဝဂ္ဂဘာသာဋီကာ မဟာခန္ဓက ဒါသဝတ္ထု၌ ပြခဲ့ပြီ။)
ဝိညုပ္ပသတ္ထာနိ(ဣတိ)၊ ဝိညုပ္ပသတ္ထတို့ဟူ၍လည်းကောင်း။
တဏှာဒိဋ္ဌီဟိ၊ တဏှာ ဒိဋ္ဌိတို့သည်။ အပရာမဋ္ဌတ္တာ၊ မှားသောအားဖြင့် မသုံးသပ်အပ်ကုန်သည်၏အဖြစ်ကြောင့်။ အပရာမဋ္ဌာနိ ဣတိ၊ အပရာမဋ္ဌတို့ဟူ၍လည်းကောင်း။
ဥပစာရသမာဓိံ၊ ဥပစာရ သမာဓိကိုသော်လည်းကောင်း။ အပ္ပနာသမာဓိံ၊ အပ္ပနာသမာဓိကိုသော်လည်းကောင်း။ သံဝတ္တယန္တိ၊ ဖြစ်စေတတ်ကုန်၏။ ဣတိ၊ ထို့ကြောင့်။ သမာဓိသံဝတ္တနိကာနီတိ၊ သမာဓိသံဝတ္တနိကတို့ဟူ၍လည်းကောင်း။ ဝုစ္စန္တိ၊ ဆိုအပ်ကုန်၏။
သီလသာမညဂတော ဝိဟရတီတိ၊ ကား။ တေသု တသု ဒိသာဘာဂေသု၊ ထိုထိုအရပ်အဖို့တို့၌။ ဝိဟရန္တေဟိ၊ နေကုန်သော။ ကလျာဏသီလေဟိ၊ ကောင်းသော သီလရှိကုန်သော။ ဘိက္ခူဟိ၊ တို့နှင့်။ သဒ္ဓိံ၊ တကွ။ သမာနဘာဝူပဂတသီလော၊ တူမျှသည်၏အဖြစ်သို့ ရောက်သော သီလ ရှိသည်။ (ဟုတွာ) ဝိဟရတိ။ဝိညုပ္ပသတ္ထာနိ။ ။သုပရိသုဒ္ဓဘာဝေန ပါသံသတ္တာ (အလွန်စင်ကြယ်သည့်အတွက်ချီးမွမ်းထိုက်သည်၏အဖြစ်ကြောင့်) ဝိညုပ္ပသတ္ထာနိ၊ အဝိညူနံ ပသံသာယ အပ္ပမာဏဘာဝတော (ဝိညူမဟုတ်သူတို့၏ ချီးမွမ်းခြင်းက ပမာဏ မပြုထိုက်သည်၏အဖြစ်ကြောင့်)ဝိညုဂ္ဂဟဏံ ကတံ။ (လူမိုက်တစ်သောင်း, ကဲ့ရဲ့ရှောင်းလည်း, လူကောင်းတစ်ယောက်,ချီးမွမ်းပျောက်၏ ။)
အပရာမဋ္ဌာနိ။ ။တဏှာ ဒိဋ္ဌီဟိ အပရာမဋ္ဌတ္တာတိ ဣမိနာဟံ သီလေန ဒေဝေါ ဝါဘဝိဿာမိ (ဤသီလဖြင့် ငါသည် နတ်မင်းသော်လည်း ဖြစ်ရလိမ့်မည်၊) ဒေဝညတရောဝါ (ထင်ရှားသော နတ်တို့တွင် ပါဝင်သူသော်လည်း ဖြစ်ရလိမ့်မည်၊) ဣတိ တဏှာပရာမာသေန, ဣမိနာဟံ သီလေန ဒေဝေါ ဟုတွာ တတ္ထ နိစ္စော ဓုဝေါ သဿတောဘဝိဿာမီတိ ဒိဋ္ဌိပရာမာသေန စ အပရာမဋ္ဌတ္တာ၊-ဋီကာ။
သမာဓိသံဝတ္တနိကာနိ။ ။သီလံ နာမ-သီလမည်သည်၊ အဝိပ္ပဋိသာရာဒိပါရမ္ပရိယေန-ဝိပ္ပဋိသာရ မဖြစ်ခြင်း အစရှိသော အဆက်ဆက်အားဖြင့်၊ (ပါမောဇ္ဇ, ပီတိ, ပဿဒ္ဓိ, သုခတိုင်အောင် အဆက်ဆက်အားဖြင့်)၊ ယာဝဒေဝ သမာဓိသမ္မာဒနတ္ထံ-သမာဓိကို ပြီးစေခြင်းတိုင်အောင် အကျိုးရှိ၏ ၊ ဣတိ အာဟ-သမာဓိသံဝတ္တနိကာနီတိ၊ သမာဓိသံဝတ္တနပ္ပယောဇနာနိ သမာဓိသံဝတ္တနိကာနိ၊-ဋီကာ။ .... ဤအဓိပ္ပာယ်ကို ရည်ရွယ်၍ သုဗောဓာလင်္ကာရကျမ်း၌ ''ဟောတာဝိပ္ပဋိသာရာယ, သီလံ ပါမောဇ္ဇဟေတု သော၊ တံ ပီတိဟေတုသာ စာယံ, ပဿဒ္ဈာဒိ ပသိဒ္ဓိယာ''ဟု မိန့်သည်။
သီလသာမညဂတော။ ။သမာနဿ ဘာဝေါ သာမညံ၊ ပရိပုဏ္ဏစတုပါရိသုဒ္ဓိဘာဝေနမဇ္ဈေ ဘိန္နသုဝဏ္ဏဿ ဝိယ ဘေဒါဘာဝတော (အလယ်၌ ခွဲအပ်သောရွှေ၏ အထူးအပြား မရှိခြင်းကဲ့သို့ အထူးအပြား မရှိခြင်းကြောင့်) သီလေန-သီလအားဖြင့် ၊ သာမညံသီလသာမညံ၊ တံ+ဂတော ဥပဂတောတိ သီလသာမညဂတော၊ပေ၊ကာမံ ဟိ ပုထုဇ္ဇနာနမ္ပိစတုပါရိသုဒ္ဓိသီလေ နာနတ္တံ န သိယာ၊ တံ ပန န ဧကန္တိ ကန္တိ ဣဓ နာဓိပ္ပေတံ၊ မဂ္ဂသီလံပန ဧကန္တိကံ, နိယတဘာဝတောတိ တမေဝ သန္ဓာယ (ထို မဂ်သီလကိုသာ ရည်ရွယ်၍)ယာနိ တာနိ သီလာနီတိအာဒိ ဝုတ္တံ၊-ဋီကာ။
ယာယံ ဒိဋ္ဌီတိ၊ ကား။ မဂ္ဂသမ္ပယုတ္တာ၊ မဂ်နှင့်ယှဉ်သော။ သမ္မာဒိဋ္ဌိ၊ သမ္မာဒိဋ္ဌိသည်။ (နိယျာတိ၌စပ်။)
အရိယာတိ၊ ကား။ နိဒ္ဒေါသာ၊ အပြစ်မရှိသော။
နိယျာတိ၊ ထွက်မြောက်တတ်၏။ ဣတိ၊ ထို့ကြောင့်။ နိယျာနိကာ၊ နိယျာနိကာမည်၏။
တက္ကရဿာတိ၊ ကား။ ယော၊ အကြင် ပုဂ္ဂိုလ်သည်။ တထာကာရီ၊ ထို ဘုရားအဆုံးအမတော်အတိုင်း ပြုလေ့ရှိသည်။ ဟောတိ။ တဿ၊ ထို ဘုရားအဆုံးအမတော်အတိုင်းပြုလေ့ရှိသော ပုဂ္ဂိုလ်၏ ။
ဒုက္ခက္ခယာယာတိ၊ ကား။ သဗ္ဗဒုက္ခဿ၊ အလုံးစုံသော ဒုက္ခ၏။ ခယတ္ထံ၊ ကုန်ခြင်းအကျိုးငှာ။ (သံဝတ္တတိ၌ စပ်။)
သေသံ၊ ကြွင်းသောပုဒ်အပေါင်းသည်။ ယာဝ သမထဘေဒပရိယောသာနာ၊ သမထဘေဒ၏အဆုံးတိုင်အောင်။ ဥတ္တာနတ္ထမေဝ၊ ပေါ်လွင်ထင်ရှားသောအနက် ရှိသည်သာ။နိဒ္ဒေါသာ။ ။အရိယသဒ္ဒါသည် ''ကိလေသာတို့မှ ဝေးကွာ''ဟူသော အနက် ဟော၏ ၊ထို့ကြောင့် ''နိဒ္ဒေါသာ''ဟု ဖွင့်သည်၊ ထို''နိဒ္ဒေါသာ''အရ ဒေါသစေတသိက်ကု ယူမည်စိုး၍ ''နိဒ္ဓုတဒေါသာ-ခါတွက်အပ်သောအပြစ် ရှိသည်၊ သမုစ္ဆိန္နရာဂါဒိ ပါပဓမ္မာတိအတ္ထော''ဟု ဋီကာ ဖွင့်သည်၊ ထိပ်တန်းအရိယာကိုရည်ရွယ်၍ ''သမုစ္ဆိန္နရာဂါဒိ ပါပဓမ္မာ''ဟု ဆိုဟန်တူသည်။
နိယျာတိ။ ။နိပုဗ္ဗ ယာဓာတ်သည် ထွက်သွားခြင်းအနက်ကို ဟော၏ ၊ ထို့ကြောင့်''ဝဋ္ဋဒုက္ခတော နိဿရတိ နိဂစ္ဆတိ''ဟု ဋီကာ ဖွင့်သည်၊ နိယျာတိ၏ ကတ္တားသည် ''ယာယံဒိဋ္ဌိ''တည်း၊ ထိုဒိဋ္ဌိသည် ဝဋ်ဒုက္ခကို အာရုံမပြု၊ မဂ္ဂသမ္မာဒိဋ္ဌိ ဖြစ်သောကြောင့် နိဗ္ဗာန်ကိုအာရုံပြု၏ ၊ ထို့ကြောင့် ထို ဒိဋ္ဌိသည် ဝဋ်ဒုက္ခမှ မုချ ထွက်မြောက်၏ ၊ မိမိက ဝဋ်ဒုက္ခမှထွက်မြောက်သည့်အတွက် မိမိကိန်းရာ ရဟန္တာကိုလည်း ဝဋ်ဒုက္ခမှ ထွက်မြောက်စေ၏ ၊ ထို့ကြောင့် ဋီကာ၌ ''သယံ နိယျန္တီယေဝ ဟိ တံသမင်္ဂီပုဂ္ဂိုလ်ကိုလည်း ဝဋ်ဒုက္ခမှထွက်မြောက်စေ၏-ဟု ဆိုရသည်''ဟု ဖွင့်သည်။
မှတ်ချက်။ ။''နိယျန္တိ ဓီရာ လောကမှာ-ဘုရားစသော ပညာရှိတို့သည် လောကမှ (ဝဋ်ဒုက္ခမှ) ထွက်မြောက်တော်မူကြကုန်၏''ဟု လာရာ၌ကား ''မဂ်၏ နိယျာနကြိယာသည်မုချ, တံသမင်္ဂီပုဂ္ဂိုလ်၏ နိယျာနကား ဌာနျူပစာရတည်း''ဟု ကြံပါ။
တက္ကရဿ။ ။ယာ သတ္ထု အနုသိဋ္ဌိ၊ တံ+ကရောတီတိ တက္ကရော-ထိုဘုရားအဆုံးအမတော်ကို ပြုကျင့် လိုက်နာသူ၊ တဿ ယထာနုသိဋ္ဌံ ပဋိပဇ္ဇနကဿာတိ အတ္ထော၊-ဋီကာ။
ကတိ ပုစ္ဆာဝါရဝဏ္ဏနာ၊ ကတိ ပုစ္ဆာဝါရကို ဖွင့်ကြောင်းဖွင့်ရာ အဋ္ဌကထာသည်။ နိဋ္ဌိတာ၊ ပြီးပြီ။