သုနက္ခတ္တဝတ္ထု၊ အဖွင့်။
ထိုသာသနယတ္တိသည် ကျွမ်းကျင်သောပုဂ္ဂိုလ်တို့ကို ထား၍ အခြားသူတို့၏အရာ လုံးဝ မဟုတ်။ ထို့ကြောင့် ဘုရားရှင်သည် အားလုံးနှင့်ဆက်ဆံခြင်း၏ အစွမ်းဖြင့် သုနက္ခတ္တ၏ ကိုယ်တော်မြတ်နှင့်ဆက်သွယ်မှုမရှိပုံကို ပြတော်မှုခြင်းငှါ။ "အပိနု"စသော စကားကိုမိန့်တော်မူပြီလျှင်, သုနက္ခတ္တကို" ကောသန္တော ကံ ပစ္စာစိက္ခသိ"ဟုဆက်၍ မိန့်တော်မူသည်။
ကော သဇန္တောကံ ပစ္စာစိက္ခသိ။ ။ [ပါဠိတော် ကြည့်ပါ။] အပိနု စသောဝါကျ ပါ၏။ ထိုစကားကို မိန့်တော်မူပြီမှ "ကောသန္တာ ကံ ပစ္စာစိက္ခသိ"ဟုမိန့်တော်မူသည်။ ဆိုလိုရင်းမှာ "သုနက္ခတ္တ သင် ငါ့ထံလာနေလှည့်ပါ" ဟုငါကခေါ်ထားသည်မဟုတ်ပါ။ သင်ကလည်း"အရှင် ဘုရား ထံနေပါမည်"ဟု အုာမခံထားသည်လည်း မဟုတ်။ ထိုသို့ဖြစ်ပါလျက် သင်က ဘယ်လိုအမျိုးအစားဖြစ်လို့ ဘယ်လိုအမျိုးအစားဖြစ်တဲ့ ငါ့ကိုပယ်စွန့်နေရသလဲ။
မျက်ချက်။ ။ဘုရားရှင်နှင့် သုနက္ခတို့၏ ဆက်သွဘ်မှုသည် သာသနာတော် ဝင်စက ထုံစံအတိုင်း ရဟန်းပြုခွင့် တောင်းမူဟူသော(မုခါဂတ) နှုတ်အားဖြင့် ဖြစ်သော ဆက်သွယ်မှုသာဖြစ်၏။ လေးလေးစားစားပူဇော်မှုဖြင့် ဖြစ်ပေါ်လာသောဆက်သွယ်မှုစသည် မဟုတ်။ တောင်းပန်အပ်သူ၏ အဖြစ်ဖြင့်ဖြစ်သော ဆက်သွယ်မှုမျိုးလည်းရှိသေး၏။ " ယာစကကာ ယာစိတကတာ " ဟူသောဆက်သွယ်မှုနှစ်မျိုးလည်းမရှိ။ [ပါဠိတော်ကြည့်ပါ။] ထို့ကြောင့် ဘုရားရှင်က သုနက္ခတ္တကို" ကော သန္တော ကံ ပစ္စာစိက္ခသိ"ဟု မျန့်တော်မူသည်။ ထို" ကော သန္တောကံ ပစ္စာစသိက္ခသိ"၏ အဓိပ္ပါယ်ကိုပင် အဋ္ဌကထာက"ယာစကောဝါ" စသည့်ဖြင့်ပြသည်။
မောဃပုရိသ။ ။သုနက္ခတ္တသည် လောကီဈာန် အဘိဉာဏ် အချို့ ရပြီသော်လည်း ဘုရားရှင်အပေါ် အာဃာတ ထားမိသည်နှင့် တပြိုင်နက် ယင်းဈာန် အဘီညာဏ်များကွယ်ပျောက်ပြီးဖြစ်၍ "တုစ္ဆ ပုရိသ"ဟု သုံးတော်မူသည်။ [ဈာနမဂ္ဂါဒိ ဥတ္တရိမနုဿဓမ္မေသု ကဿစိ ပိ အဘာဝါရိတ္တပုရိသ။ ဋီကာ။] ဝိနည်း အဋ္ဌကထာ ဋီကာတို့၌မူ ဈာန် မုဂ် ဖိုလ် ၃ မျိုး တွင် မဂ်ဖိုလ် နှစ်မျိုးသာ ဖွင့်လေ့ရှိ၏, ဈာန်မပါ။ သို့ရာတွင် သုရာပါန သိက္ခပုဒ် ဝိဘင်း၌ အဘီညာဥ် ရပြီသော ဤရှင်သဝတအား"မောဃပုရိသ" ခေါ်ပုံကို ထောက်လျှင် ဤ ဋီကာ ဖွင့်ပုံကပြည့်စုံပေသည်။
**ယာဝဉ္စ**။ ။ ယာဝဉ္စသဒ္ဒါသည် အဝဓိ၊ အပိုင်းအခြားဟူသော အနက်ကိုဟောသော သဒ္ဒါတည်း။ အဝဓိဟူသည် အစအပိုင်းအခြားတည်း။ ထိုအပိုင်းအခြားတည်း။ ထိုအပိုင်းအခြားဟူသည်လည်း အတိုင်းအရှည် ပမာဏပင်တည်း။ ဤနေရာ၌ ထိုသုဒ္ဒါဖြင့် အပရဒ္ဓ(ပြစ်မှားခြင်း) ကြိယာ၏ အပိုင်းအခြား အတိုင်းအရှည်ကိုပြသည်။ အလွန်အကဲသာလျှင် (အတိုင်းအရှည်ကိုပြသည်။ အလွန်အကဲသာလျှင် (အတိုင်း အရှည်ကိုလွန်အောင်ပင် ပြစ်မှားအပ်ပြီ) ဟုဆိုလိုသည်။ အဋ္ဌကထာဝယ် "ယတ္တကံ" စသည့်ဖြင့် ပထမန္တ ဖွင့်သော်လည်း ပါဠိတော် အနက်ပေးရာ၌မူပဿ၌ စပ်ရမည်ဖြစ်၍ ဒုတိယန္တ ပေးရပေလိမ့်မည်။
ကောရက္ခတ္တိယဝတိ အဖွင့်
ဧဝံ၊ သို့။ တုတ္တေ၊ ပြောအပ်သော်။ အစေလော၊ အစေလကောရက္ခတ္တိယသည်။ သုနခေါ ဝိယ၊ ခွေးကဲ့သို့ ဥဒ္ဓနဋ္ဌာနေ၊ ခုံလောက်တို့၏ တည်ရာ အရပ်၌။ (ဖိုခနောက်ရှိရာ အရပ်၌)။ နီပန္နော၊ လျောင်းနေသည်။ (သမာနော၊ ဖြစ်စဉ်)။ သီသံ၊ ကို။ ဥက္ခိပိတွာ မြှောက်၍။ (တနည်း) သီသံ ဥက္ခိပိတွာ၊ ခေါင်းထောင်၍။ အက္ခီနိ၊ တို့ကို့။ ဥမ္မိလေတွာ၊ ဖွင့်၍။ ဩလောကေန္တော၊ ကြည့်လျက်။ ("ဝတွာ နိပဇ္ဇိ" တို့၌စပ်)။ ကိံ၊ အဘယ်ကို။ ကထေသိ၊ ပြောသနည်း။ သမဏော ဂေါတမော နာမ၊ ရဟန်းဂေါတမ မည်သည်။ အမှာကံ၊ တို့၏။ ဝေရိ၊ ရန်သူတည်း။ ဝိသဘာဂေါ၊ တူသော သဘောရှိသူမဟုတ်။ [ဒို့နှင့်သဘောတူ မဟုတ်]။ သမဏဿ ဂေါတမဿ၊ ၏။ ဥပ္ပန္နကာလတော့၊ ဖြစ်ရာအခါမှ။ ပဋ္ဌာယ၊ စ၍။ မယုံ၊ တို့သည်။ သူရိယေ၊ နေသည်။ ဥဂ္ဂတေ၊ တက်လသော်။ (ထွက်လသော်)ဓဇ္ဇောပနကာဝိယ၊ ပိုးစုန်းကြူးတို့ကဲ့သို့။ ဇာတာ၊ ဖြစ်ကုန်ပြီ။
**မတ္တံ မတ္တံ**။ ။ မတ္တာ သဒ္ဒါ ပမာဏိဿရိယေ မတ္တာ စသောအဘိဓာန်လာအနက်တို့တွင် ပမာဏအနက်ဟော။"မတ္တာ+ဧတဿ+အတ္ထီတိ မတ္တံ" ဟု အဿတ္ထိပြု၍(ဏ) ပစ္စည်းသက်။ ထိုနောက်" မတ္တံမတ္တဉ္စ ဘတ္တံ ဘုဉ္ဇယျာသိ"ဟု ပါဋ္ဌိတော် ရှိသောကြောင့် "ဘတ္တံ" ၌စပ်ဖို့ရာ ကံ အနက်၌" ဒုတိယ" သက်ပါ။ (တနည်း) "ဘုဉ္ဇေယျာသိ" ၌ စပ်ဖို့ရာ ကြိယာဝိသေသန အနက်၌" ဒုတိယာ" သက်ပါ။[ပါဋ္ဌိတော် နိဿသ၌ ထိုအတိုင်း အနက်ပေးထားသည်။]
```
အစေလကဠာရမဋ္ဋကဝတ္ထု၊ အဖွင့်။
အစေလပါထိကပုတ္တဝတ္ထု၊ အဖွင့်။
ဣဒံ၊ ဤစကားကို။ ၏ဝတွာ၊ ပြောပြီး၍။ ပုန၊ တဖန်။ အာဟ၊ ပြောပြန်ပြီ။ (ကိံ)။ တုမှာကံ၊ သင်တို့၏။ သေနာပတိ၊ သည်။ မမ၊ ၏။ သန္တိကံ၊ သို့။ အာဂမ္၎င်း၊ လာ၍။ အဟံ၊ သည်။ (တပည့်တော် အဇိတသည်)။ တုမှာကံ၊ သင်တို့၏။ (အရှင်ပါထိကပုတ္ထတို့၏။) ဝစနံ၊ စကားကို။ (စကားအတိုင်း)။၏အကတွာ၊ မပြုမူ၍။ (မလိုက်နာပဲ)။ သမဏဿ ဂေါတမဿ၊ ၏။ ဝါုံ၊ အယူကို။ ပတိဋ္ဌာပေတွာ၊ တည်စေ၍။ ဝါ၊ တည်စေခြင်းကြောင့်။ နိရယေ၊ ၌။ နိဗ္ဗတ္ထော၊ သည်။ အမှီ၊ ၏။ ဣတိ၊ ဤသို့ပြော၍။ ပရောဒိတ္ထ၊ ငိုရျာပြီ။ ဣတိ၊ ဤသို့ (ပါထိကပုတ္တက) ပြောပြီ။ [ဋ္ဌေကထာ စာအုပ်များ၌ "တေနုပသင်္ကမိ" ဟု လွဲနေ၏။ ပါလိတော်၌ "တေနုပသင်္ကမိဿာမိ" ဟု ရှိ၏]အဘာဝါ။ ။ ရှေ့၌ ပါထိကပုတ္တက ချိန်းချက်ထားအပ်သော တန်ခိုးပြိုင်မှု မရှိခြင်း ကြောင့်တည်း။ ထိုကြောင့်" ပါထိကပုတ္တ၏ အာရာမ်သို့ တန်ခိုး ပြသွားမည်" ဟု မိန့်တော်မမူပဲ "နေ့အခါ နေဖို့ရာ သွားမည်" ဟု မိန့်တော်မူသည် ဟု ဆိုလိုသည်။ ဂဟိပတိ နေစယိကာ။ ။
**ဒွယဂါမိနီ**. ။ ဒွိန္ဣံ+ သမူဟော ဒွယ ဤရကို " သရူပေန အတ္တိတာစံ အတ္ထေန နတ္ထိတာဝံ" ဟု သရုပ််ဖော်သည်။ မဟုတ်မမှန်သော စကားသည် စကားလုံးအနေအားဖြင့်သ, ရှိ၍ အနက်ဒြဗ်အားဖြင့် မရှိ။ ထိုသို့ ရှိ, မရှိ အားဖြင့် နှစ်မျိုးကွဲပြားသော စကားကို" ဒွယဂါမိနီ" ဟုခေါ်သည်။ (ဒွယံ ဂစ္ဆတီတိ ဒွယဂွမိနီ။၊ ဋီကာ)
ဣဒ္ဓိပါဋိဟာရိယထာ၊ အဖွင့်။
သော၊ သည်။ မဟာအဒ္ဒု ဗန္ဓန ဗဒေါဝိယ၊ ကြီးစွာသော နှောင်အိမ်အဖွဲံဖြင့် နှောင်ဖွဲ့အပ်သူသည် ကဲ့သို့လည်းကောင်း။ ဆိန္နပါဒေါဝိယစ၊ ပြတ်သောခြေရှိသူသည် ကဲ့သို့လည်းကောင်း။ အဟောသိ၊ ပြီ။ ``
အန္တန္တေန အာစိဇ္ဈိတွာ။ ။ အတ္တနော နိသီဒနတ္ထံ နိဂူဋ္ဌဋ္ဌာနံ ဥပပရိက္ခန္တော( မိမိ နေထိုင်ဖို့ရာ) လျှိုဝှက်အပ်သောနေရဦကို စူးစမ်း ဆင်ခြင်လျက်) ပရိဗ္ဗာဇကာရာမံပိယန္တေန အနုသံသာယိတွာ (ပရိဗ္ဗိုဇ်တို့၏ အာရာမ်ကို အစွန့်ဖြင့် အစဥ် လှည့်ပတ်၍) [ ပရိဗ္ဗိုဇ်တို့၏ အာရာမ်သို့ ဗဟို ဝင်ပေါက်လမ်းဖြင့် မဝင်ပြ အခြားသူတို့ မမြင်အောင် ချောင်ကျသောနေရာကို ရှာဖွေလျက် လမ်းစွန့် လမ်းကြားလေးဖြင့် ဝင်၍ ဟု ဆိုလိုသည်။] ``
အဂ္ဂညပညတ္တိကထာ၊ အဖွင့်။
{{nissaya|**သုဘံ ဝိမောက္ခံ**။ ။ ဘုဘံဖြင့် တင့်တယ်သော ဝဏ္စကသိုဏ်း ဟူသော အာရုံရှိသော ဈာန်ကို ယူ၍, ဝိမောက္ခဖြင့် ဆန့်ကျင်ဘတ် နီဝရဏတို့မှ လွတ်သော ဈာန်ကိုယူပါ။ ဋီကာ၌မူ"ဂသုဘံ| ဘုဘဟုဆိုအပ်သော။}}
{{nissaya|ဝိမောက္ခံ| ဝိမောက္ခဈာန်ကိို" ဟုဖွင့်။}}
အဓိပ္ပါယ်မှာ အတူပင်တည်း။