Issues
Select Version
Bhāsāṭīkā-ဘာသာဋီကာ
မြန်မာဘာသာ
(DN) Pāthikavaggaṭṭhakathā
(DN) Pāthikavaggaṭṭhakathā

ဝါသေဋ္ဌဘာရဒွါဇ အဖွင့်

Author: Bhāsāṭīkā-ဘာသာဋီကာ @ IAPT

ဝါသေဋ္ဌဘာရဒွါဇ အဖွင့်

ဧဝံ မေ သုတန္တိ၊ သည်။ အဂ္ဂညသုတ္တံ၊ တည်း။
တတြ၊ ထိုသုတ်၌။ အယံ၊ ဤ ဆိုအံ့လတံ့ကား။ အနုတ္တာနပဒဝဏ္ဏနာ၊ မပေါ်လွင်သော အနက် ရှိသော ပုဒ်တို့၏အဖွင့်တည်း။ ပုဗ္ဗာရာမေ မိဂါရမာတု ပါသာဒေတိ ဧတ္ထ၊ ဟူသော ဤပါဌ်၌။ အယံ၊ ဤ ဆိုအပ်လတံ့ကား။ အနုပုဗ္ဗကထာ၊ အစဥ◌်အတိုင်းဖြစ်သော စကားတည်း။ [ရှေးနိဿယ၌ အတီတေ ကိရ ဟု ပါဌ်ရှိ၏ ။ ကိရ၊ ချဲ့ဦးအံ့ ဟု ပေး၏ ။]
အတီတေ၊ ၌။ သတသဟဿ ကပ္ပမတ္ထကေ၊ ကမ္ဘာတသိန်းအထက်၌။ ဧကာ၊ တယောက်သော။ ဥပါသိကာ၊ ဥပါသိကာမသည်။ ပဒုမုတ္တရံ၊ ပဒုမုတ္တရမည်သော။ [ပဒုမုတ္တိုရ်ဟု ခေါ်ကြ၏ ။] ဘဂဝန္တံ၊ ကို။ နိမန္တေတွာ၊ ပင့်၍။ ဗုဒ္ဓပမုခဿ၊ ဘုရားအမှူးရှိသော။ ဘိက္ခုသတသဟဿဿ၊ ရဟန်းတသိန်းအား။ ဒါနံ၊ ကို။ ဒတွာ၊ ၍။ ဘဂဝတော၊ ၏ ။ ပါဒမူလေ၊ ခြေတော်ရင်း၌။ နိပဇ္ဇိတွာ၊ ပျပ်ဝပ်၍။ အနာဂတေ၊ နောင်အခါ၌။ တုမှာဒိသဿ၊ အရှင်ဘုရားကဲ့သို့ ရှုတော်မူအပ်သော။ (အရှင်ဘုရားတို့လိုဖြစ်သော)။ ဗုဒ္ဓဿ၊ ၏ ။ အဂ္ဂုပဋ္ဌာယိကာ၊ မြတ်သော အလုပ်အကျွေးမသည်။ ဟောမိ၊ ဖြစ်ရပါလို၏ ။ ဣတိ၊ သို့။ ပတ္ထနံ၊ ဆုတောင်းမှုကို။ အကာသိ၊ ပြုပြီ။ [ပစ္စည်းလေးပါးကို လှူရုံသာမက ရင်းရင်းနှီးနှီး အလိုရှိရာကို လှူဒါန်းသူသည် ဥပဋ္ဌာက မည်၏ ။ "အနီးအပါး၌ နေ၍ ပြုစုလုပ်ကျွေးသူ" ဆိုလိုသည်။]ဧတ္ထအယံ စသည်။ ။ ပုဗ္ဗာရာမေ, မိဂါရမာတုပါသာဒေဟူသော ပုဒ်နှစ်ပါးအပေါင်း၌ ( က) ကုဗ္ဗာရာမဟူသည် အဘယ်နည်း၊ ( ခ) အဘယ်ကြောင့် ပုဗ္ဗာရာမမည်သနည်း၊ ( ဂ) မိဂါရမာတာဟူသည် အဘယ်သူနည်း၊ (ဃ) အဘယ်ကြောင့် မိဂါရမာတာ မည်သနည်း၊ ( င) အဘယ်နည်းဖြင့်မိဂါရမာတာ၏ ပြသာဒ် ဖြစ်ပေါ်ခဲ့သနည်း၊ ဤသို့ အတွင်း၌ မြုပ်နေသော အဓိပ္ပါယ်ရှိသော စောဒနာကို ဖြေတော်မူလို၍ “ပုဗ္ဗာရာမေ မိဂါရမာတုပါသာဒေတိ ဧတ္ထ” စသည်ကိုမိန့်။ ထိုတွင် ( က,ခ) ပုစ္ဆာတို့ကို “ဝိးသာခါ သာဝတ္ထိယာ၊ ပေ၊ ပုဗ္ဗာရာမံ နာမ ကာရာပေသိ” ဟူသောညစကားဖြင့်လည်းကောင်း , ( ဂ, ဃ) ပုစ္ဆာတို့ကို “အတီတေ၊ပေ၊ မိဂါရမာတာတိ ဝုစ္စတိ” ဟူသော စကားဖြင့်လည်းကောင်း၊ ( င) ပုစ္ဆာကို “ ပဋိကုလဲ၊ ပေ ၊ ပါသာဒံ ကာရာပေသိ” ဟူသောစကားဖြင့်လည်းကောင်းဖြေသည်။ အနုပုဗ္ဗိကထာ။ ။ ပုဗ္ဗံ+ အနုဂတာ အနုပုဗ္ဗီ၊ အနုနှင့် ပုဗ္ဗကို သမာသ်စပ်၊ ဣတ္ထိဇောတက ဤပစ္စည်း၊ အနုပုဗ္ဗီစ+ သာ+ ကထာစာတိ အနုပုဗ္ဗိကထာ၊ ဗ္ဗီ၌ ရဿပြု၊ အစဉ်အတိုင်းဖြစ်သောစကား၊ ဆရာမြတ်တို့ကား အ၌ ဝုဒ္ဓီဖြင့် အာနုပုဗ္ဗိကထာ ဟုရှိစေလို၏၊ ထိုအလို” ပုဗ္ဗံ+ အနုဂတံ အနုပုဗ္ဗံဟု သမာသ်တွဲ၊ အနုပုဗ္ဗေန+ ကထေတဗ္ဗာ အာနုပြဗ္ဗီ” ဟု တဒ္ဓိတ်ဆက်၊ ကထေတဗ္ဗ အနက်၌ ဏပစ္စည်း, ဣတ္ထိဇောတက ဤ ပစ္စည်း၊”အာနုပုဗ္ဗိကထာ- အစဉ်အတိုင်းဆိုထိုက်သော စကား” ဟုအနက်ပေးပါ၊ [ အနုပုဗ္ဗိံ ကထံ ငထေသန ဒါနကထံ သီလကထံ စသည်၌ခည်း နည်တူသိပါ။]
သာ၊ ထို ဥပါကာမသည်။ ကပ္ပသတသဟဿံ၊ ကမ္ဘာတသိန်းပတ်လုံး။ (ကမ္ဘာတသိန်းလုံးလုံး)။ ဒေဝေသုစေဝ၊ တို့၌လည်းကောင်း။ မနုဿေသု စ၊ တို့၌လည်းကောင်း။ သံသရိတွာ၊ ကျင်လည်၍။ အမှာကံ၊ တို့၏ ။ ဘဂဝတော၊ ၏ ။ ကာလေ၊ လက်ထက်တော်၌။ ဘဒ္ဒိယနဂရေ၊ ဘဒ္ဒိယမြို့၌။ မေဏ္ဍကသေဋ္ဌိပုတ္တဿ၊ မေဏ္ဍကသဌေး၏ သားဖြစ်သော။ ဓနဥ္စယသေဋ္ဌိနော၊ ဓနဥ္စယသဌေး၏ ။ ဂေဟေ၊ ၌။ သုမနာ ဒေဝိယာ၊ သုမနာဒေဝီ၏ ။ (သုမနာမည်သော သူဌေးကတော်၏) ။ ကုစ္ဆိမှိ၊ ဝမ်း၌။ ပဋိသန္ဓိံ၊ ကို။ ဂဏှိ၊ ယူပြီ။ [သုမနာဒေဝိယာ၌ သုမနာနှင့် ဒေဝီသည် သမာသ်ဖြစ်သော်လည်း သညာသဒ္ဒါြဖစ်သောကြောင့် သုမနာ၌ ပုမ္ဘောမငဲ့ရ။ ထို့ကြောင့် "သုမနာဒေဝိယာ" ဟု နာ၌ ဒီဃဖြင့်ရှိပါစေ။ ရူပသိဒ္ဓိ ကမ္မဓာရဘသမာသ်ခန်း၌ ကြည့်ပါ။]
ဇာတကာလေ၊ ဖွားမြင်ရာအခါ၌။ တဿာ၊ ထိုအမျိုးသ္မီး၏ ။ (နာမံ၌စပ်)။ ဝိသာခါတိ၊ ဝိသာခါဟူသော။ နာမံ၊ အမည်ကို။ အကံသု၊ ပြုကြကုန်ပြီ။ (မှည့်ကြကုန်ပြီ)။
သာ၊ ထို ဝိသာခါသည်။ ယဒါ၊ ၌။ ဘဂဝါ၊ သည်။ ဘဒ္ဒိယ နဂရံ၊ သို့။ အာဂမာသိ၊ ကြွလာတော်မူပြီ။ တဒါ၊ ၌။ ပဥ္စဒါသိသတေဟိ၊ ငါးရာသော ကျမတို့နှင့်။ [ကျမဟု ဆိုသော်လည်း တကယ့်ကျမများ မဟုတ်, အခြံအရံ အမျိုးကောင်းသ္မီးများသာတည်း။] သဒ္ဓိံ၊ အတူ။ ဘဂဝတော၊ မြတ်စွာဘုရားအား။ ပစ္စုဂ္ဂမနံ၊ ခရီးဦးကြိုဆိုမှုကို။ ကတွာ၊ ၍။ ပဌမ ဒဿနမှိယေဝ၊ ဘုရားရှင်ကို ရှေးဦးစွာ ဖူးမြင်ရရာအခါ၌ပင်။ (ဘုရားရှင်နှင့် မဌမအကြိမ်တွေ့ရာ အခါ၌ပင်)။ တောတာပန္နာ၊ သောတာပန်သည်။ အဟောသိ၊ ပြီ။ [အခြံအရံ အမျိုးသ္မီးငါးရာနှင့်အတူ သောတာပန်ဖြစ်သည်။]
အပရဘာဂေ၊ နောက်အဖို့၌။ သာဝတ္ထိယံ၊ ၌။ မိဂါရသေဋ္ဌိပုတ္တဿ၊ မိဂါရ သဌေး၏သားဖြစ်သော။ ပုဏ္ဏဝဎုနကုမာရဿ၊ ပုဏ္ဏဝဎုနသတို့သား၏ ။ ဂေဟံ၊ သို့။ ဂတာ၊ ရောက်ပြီ။
တတ္ထ၊ ထိုအိမ်၌။ နံ၊ ထို ဝိသာခါကို။ မိဂါရေသေဋ္ဌိ၊ သည်။ မာတုဋ္ဌာနေ၊ အမိအရာ၌။ ဌပေသိ၊ ထားပြီ။ [ဝိသာခါ၏ သီလအကျင့်နှင့် ပြည့်စုံသည့်အတွက် လေးစားထိုက်သောအရာ၌ တည်သောကြောင့် မိဂါရသဌေးက မိမိ၏ အမိအရာ၌ထားသည်။ ထားရခြင်း၏အကြောင်းကို ဓမ္မပဒ, ပုပ္ဖဝဂ်, ဝိသာခါဝတ္ထု၌ကြည့်ပါ။]
တသ္မာ၊ ကြောင့်။ မိဂါရမာတာတိ၊ ဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏ ။ [အတီတေ၊ ပေ၊ ဝုစ္စတိတိုင်အောင် စကားဖြင့် (ခ- ဂ) ပုစ္ဆာတို့ကို ဖြေသည်။] စ၊ ဆက်။
ပတိကုလံ၊ ခင်ပွန်းအိမ်သို့။ ဂစ္ဆ န္တိယာ၊ လိုက်သွားသော။ အဿာ၊ ထို ဝိသာခါ၏ (အတွက်။) ပိတာ၊ သည်။ မဟာလတာ ပိဠန္ဓနံ နာမ၊ မဟာလတာ မည်သော တန်ဆာကို။ ကာရာပေသိ၊ ပြုလုပ်စေပြီ။
တသ္မိံ ပိဠန္ဓနေ၊ ၌။ စတဿော ဝဇိရနာဠိယော၊ ဝဇိရစိန် လေးကွမ်းစားတို့သည်လည်းကောင်း။ မုတ္တာနံ၊ ပုလဲတို့၏ ။ ဧကာဒသ နာဠိယော၊ တဆယ့် တကွမ်းစား တို့သည်လည်းကောင်း။ ပဝါဠဿ၊ သန္တာ၏ ။ ဗာဝီသတိနာဠိယော၊ နှစ်ဆယ့်နှစ် ကွမ်းစားတို့သည် လည်းကောင်း။ မဏီနံ၊ ပတ္တမြားတို့၏ ။ တေတ္တိံ သနာဠိယော၊ သုံးဆယ်သုံးကွမ်းစားတို့သည်လည်းကောင်း။ ဥပယောဂ၊ ယှဥ◌်စပ်သုံးစွဲခြင်းသို့။ ဝါ၊ သင့်လျော်ရာ အရပ်၌ ထည့်သွင်းခြင်းသို့။ အဂမံသု၊ ရောက်ကုန်ပြီ။
ဣတိ၊ ဤသို့လျှင်။ ဧတေဟိ စ၊ ဤ ရတနာတို့ဖြင့် လည်းကောင်း။ အညေဟိစ၊ (ကြောင်မျက်ရွဲ, ပတ္တမြားနီ, ပတ္တမြားပြောက် အစရှိသော) အခြားသော ရတနာတို့ဖြင့်လည်းကောင်း။ သတ္တဟိ၊ ကုန်သော။ ရတနေဟိ၊ တို့ဖြင့်။ နိဠာနံ၊ ပြီးဆုံးခြင်းသို့။ အဂမာသိ၊ ရောက်ပြီ။
တံ၊ ထို တန်ဆာသည်။ သီသေ၊ ဦးခေါင်း၌။ ပဋိမုက္ကံ၊ စွပ်အပ်သည်။ (သမာနံ၊ ဖြစ်လသော်)။ ယာဝပါဒပိဠိယာ၊ ခြေဖမိုးတိုင်အောင်။ ဘဿတိ၊ လျှောကျ၏ ။ ဝါ၊ ရောက်၏ ။ [အောက်သို့ လျှောကျသွားခြင်းမျိုးမဟုတ်။ ဦးခေါင်းမှစွပ်၍ ဝတ်လိုက်လျှင် ခြေဖမိုးအထိ ရောက်သည် ဟု ဆိုလိုသည်။]
ပဥ္စန္နံ၊ ငါးစီးကုန်သော။ ဟတ္ထီနံ၊ တို့၏ ။ ဗလံ၊ အားကို။ ဓာရယမာနဝ၊ ဆောင်နိုင်သည်သာလျှင် ဖြစ်သော။ ဣတ္ထီ၊ သည်။ နံ၊ ထို တန်ဆာကို။ ဓာရေတုံ၊ ဆောင်ခြင်းငှါ။ သက္ကောတိ၊ ၏ ။ [ဆင်ပြောင် ငါးစီး၏ ခွန်အားနှင့် ညီမျှသော ခွန်အားရှိသည့် အမျိုးသမီးများသာ ဤ မဟာလတာ တန်ဆာကို ဝတ်ဆင်နိုင်သည်။ ခါန်အားနည်းသော အမျိုးသမီးများ မဝတ်ဆင်နိုင်ပါ၊ ဟူလို။]
သာ၊ ထို ဝိသာခါသည်။ အပရဘာဂေ၊ ၌။ ဒသလေဿ၊ ၏ ။ အဂ္ဂုပဠာယိကာ၊ မြတ်သော အလုပ်အကျွေး ဒါယိကာမသည်။ ဟုတွာ။ တံ ပသာဓနံ၊ ထို တန်ဆာကို။ ဝိဿဇ္ဇေတွာ၊ စွန့်လှူ၍။ နဝဟိကောဋီဟိ၊ ကိုးကုဋေတို့ဖြင့်။ ဘဂဝတော၊ ၏ ။ (အတွက်)။ ဝိဟာရံ၊ ကို။ ကာရယမာနာ၊ ပြုလုပ်စေလျက်။ (ဆောက်လုပ်စေလျက်)။ ကရီသမတ္တေ၊ တကရီသမျှလောက်သော။ ဘူမိဘာဂေ၊ မြေအဖို့၌။ ပါသာဒံ၊ ပြသာဒ်ကို။ ကာရေသိ၊ ပြုလုပ်စေပြီ။ (ဆောက်လုပ်စေပြီ)။ ကရိသမတ္တေ။ ။ တအမ္ဗဏသည် တစိတ်ရှိ၏၊ ကရီသံ စတုရမ္ဗဏံ ဟုဆိုသောကြောင့် လေး အမ္ဗဏ ( မျိုးတကင်း) ကြဲလောက်ရာ အရပ်သည် တကရီသရှိ၏၊ မြန်မာအခေါ်အားဖြင့် တဧကလောက်ရှိ၏၊ ကရီသကို ရှေးကတပယ်ဟု ဘာသာပြန့်၏၊ ပယ် အတိုင်းအတာကို ကျွမ်းကျင်သူများအား မေးပါလေ။
တဿ၊ ထိုပြသာဒ်၏ ။ ဥပရိဘူမိယံ၊ အထက်ဘုံ၌ (အထက်ထပ်၌)။ ပဥ္စ ဂဗ္ဘသတာနီ၊ ငါးရာသော အခန်းတို့သည်လည်းကောင်း။ ဟေဋ္ဌိမဘူမိယံ၊ ၌။ (အောက်ထပ်၌)။ မဥ္စ၊ (ဂဗ္ဘသတာနိ= တို့သည်လည်းကောင်း။) ဟောန္တိ။ ဣတိ၊ သို့။ ဂဗ္ဘသဟဿပဋိမဏ္ဍိဧတာ၊ အခန်းတထောင်ဖြင့် တန်ဆာဆင်အပ်သော ပြာသာဒ်သည်။ အဟောသိ။ [ပဋိကုလုံ။ ပေ။ အဟောသိ တိုင်အောင်သော စကားတို့ဖြင့် (င) ပုစ္ဆာကိုဖြေသည််
သာ၊ ထိုဝိသာခါသည်။ အပရဘာဂေ၊ ၏။ အဂ္ဂုပဋ္ဌယိကာ၊ မြတ်သော အလုပ်အကျွေး ဒါယိကာမသည်။ ဟုတွာ။ တံ ပသာဓနံ၊ ထို တန်ဆာကို။ ဝိဿဇ္ဇေတွာ၊ စွန့်လှူ၍။ နဝဟိကောဋီဟိ၊ ကိုးကုဋေတို့ဖြင့်။ ဘဂဝတော၊ ၏ (အတွက်)။ ဝိဟာရံ၊ ကို။ ကာရယမာနာ၊ ပြုလုပ်စေလျက်။ (ဆောက်လုပ်စေလျက်)။ [ကရီသမတ္တေ၊ တကရီသမျှလောက်သော။ ဘူမိဘာဂေ၊ မြေအဖို့၌။ ပါသာဒံ၊ ပြသာဒ်ကို။ ကာရေသိ၊ ပြုလုပ်စေပြီ။ (ဆေက်လုပ်စေပြီ)။ တဿ၊ ထိုပြာသာဒ်ကို။ ဥပရိဘူမိရံ၊ အထက်ဘုံ၌(အထက်ထပ်၌)။ ပဥ္စဂဗ္ဘသတာနီ၊ ငါးရာသော အခန်းတို့သည်လည်ကောင်း။ ဟေဋ္ဌိမဘူမိယံ၊ ၌။ (အောက်ထပ်၌)။ ပဥ္စ(ဂဗ္ဘသတာနိ၊ တို့သည်လည်ကောင်း။) ဟောန္တိ။ ဣတိ၊ သို့။ ဂဗ္ဘသဟဿပဋိမဏ္ဍိတော၊ အခန်းတစ်ထောင့်ဖြင့် တန်ဆာဆင်အပ်သော ပြဿဒ်သည်။ အဟောသိ။ [ပဋိကုသလံ၊ ပေ၊ အဟောသိ တိုင်အောင်သော စကားတို့ဖြင့် (င) ပုစ္ဆာကိုဖြေသည်။ ] သာ၊ ထို ဝိသာခါသည်။ (ကာရာပေသိ၌စပ်)။ သုဒ္ဓပါသာဒေါဝ၊ အခြံအရံ မဖက် သက်သက်သော ပြဿဒ်သည်သာ။ န သောလဘိ၊ မတင့်တယ်သေး။ [အခြား ကျောင်းသားများမပါဘဲ ပြဿဒ်တခုတည်းသည် ကြည့်၍မလှသေး၊ ဟူလို။] ဣတိ၊ ဤသို့ကြံ၍။ တံ၊ ထို ပြသာဒ်ကို။ ပရိဝါရေတွာ၊ ဝိုင်းရံ၍။ ပဥ္စ ဒု ဝ ဝု ဂေဟသတာနိ၊ နှစ်ကြမ် ပွား၍ ပြုအပ်သော ငါးရာသော ကျောင်းငယ်တို့ကို လည်းကောင်း။ ပဥ္စစူပါသာဒသတာနိ၊ ငါးရာသောပြသာဒ်အချွန်ငယ်တို့ကိုလည်းကောင်း။ ပဥ္စ ဒီဃ သာလသတာနိစ၊ ငါးရာသောဇရပ်ရှည်တို့ကို လည်းကောင်း။ ကာရောပေသိ။ပါသာဒ။ ။ အချိုအရာ၌ လေးဒေါင့်ရှိ၍ အချို့အရာ၌ လေးထောင့် မကျတတ်ကဲ အထက်၌ အထဋ်တပ်ထားသော အုဌ်တိုက် ( သို့မဟုတ်) သစ်သဋး အဆောက်အဦးသည် ပါသာဒ မည်၏၊ ဤဝိသာခ့၏ ပြာသာဒ်စည် အထပ် နှစ်ထပ်ရှိ၍ အခန်းပေါင်းတထောင်ရှိ၏၊ သုရုစိဇာတ်တော်၌လာသော မဟာပနာဒမင်း၏ ပြာသာဒိကား လွန်စွာကြီးကျယ် ခမ်းနား၏၊ အလျား ၉ ယူဇနာ, အနံ ဂ ယူဇနာရှိ၍ အထပ်ပေါင်း တရာရှိသည်၊ [ ပသီဒတိ ဧတ္ထာတိ ပါသာဒေါ၊ - စိတ်ကြည်နူးစရာ အဆောက်အဦး။] **ဒုဝဍ္ဎဂေဟသတာနိ**။ ။ ဒွီဟီ+ ဝဍ္ဎာနိ၊ ဒုဝဍ္ဎာနိစ + တာန်+ ဂေဟာနထစာတိ ဒုဝဍ္ဎဂေဟာနိ၊ ဒုဝဍ္ဎဂေဟာနံ+ သဘာနိ= ဒုဝဍ္ဎဂေဟသတာနိ၊ ပဉ္စ+ ဒုဝဍ္ဎဂေဟသတာနိ= ပဉ္စ ဒုဝဍ္ဎျဂဟသတာနိ “ဒုဝဍ္ဎ- နှစ်ကြိမ်တိုးပွါး” ဟူရာ၌ အလယ်၌ အခန်းရှိ၍ ပတ်ဝန်းကျင်၌ ပတ်ပတ်လည်လည် စကြင်္န့် အဆောင်ရှိသောအားဖြင့် နှစ်ကြိမ်တိုး၍ ပြုအပ်သည်ဟု ဆိုလိုသည်၊ ဤ ဒုဝဍ္ဎဂေဟသတသည် ဒုတိယ သံဃာဒိသေသ်၌လာသော အရှင်ဥဒါယီ၏ ကျောင်းမျိုးတည်း၊ ထိုကြောင့် ဤဋီကာ၌ ထိုပါဠိတော်အဋ္ဌကထာတို့နှင့် ညီအောင် “သမန္တတော အနုပရိယာယတော” နေရာဝယ်” သမန္တတော အနုပရိယာဂါရော” ဟု ပါဌ်ရှိလျှင် ကောင်းမည်ထင်သည်။ ဤ ၌ ဝဒန္တိဝဒရှိသေး၏။ စူဠပါသာဒ စသည်။ ။ စူဠပါသာဒ ဟူသည် ပါသာဒ ပုံစံဖြင့် ဆောက်အပ်သော အဆောက်အဦးငယ်တို့တည်း၊ “ဒီဃသာလာ” ဟူသည် အနည်းငယ် ရှည်သောကျောင်းတန်းများတည်း၊ ဤသာလာကား ဓမ္မသာလာ ( ဓမ္မာရုံ) ဥပဋ္ဌာမသာလာ( သံဃာအများစည်းဝေးရာဇရပ်) ဘောဇနသာလာ ( ဆွမ်းစားကျောင်း) စသည်ဖြင့် အသုံးပြုရာ ဌာနအလိုက်များစွာ၏။
ဝိဟာရော၊ ကျောင်းအလှူပွဲသည်။ စတူဟိ မာသေဟိ၊ လေးလတို့ဖြင့်။ နိဋ္ဌာနံ၊ သို့။ အဂမာသိ၊ ပြီ။
မာတုဂါမတ္တဘာဝေ၊ မာတုဂါမ၏ အတ္တဘော၌။ (မိန်းမဘဝ၌)။ ဌိတာယ၊ တည်သော။ ဝိသာခါယ၊ ၏။ ဗုဒ္ဓသာသနေ၊ ၌။ ဓန ပရိစ္စာဂေါတိယ၊ ဥစ္စာကိုစွန့်လှူခြင်းကဲ့သို့။ အညိဿာ၊ အခြားအမျိုးသ္မီး၏။ ဗုဒ္ဓသာသနေဓနပရိစ္စာ‌ဂေါနာမ နတ္ထိ။ ပုရိသတ္တဘာဝေ၊ ယောက်ျား၏အတ္တဘော၌။ (ယောက်ျားဘဝ၌)။ ဌိတဿ၊ သော။ အနာထပိဏ္ဍိကာဿဝိယ၊ ကဲ့သို့။ အညဿ၊ ၏။ (ဗုဒ္ဓသာသနေဓနပရိစ္စာဂေါနာမ နာတ္ထိ)၊ [ တတိယ သံဂါယနာခေတ်ဝယ် အသောကမင်းကြီးက ကုဋေတရာလှူဘူးသည်။] ဣတိ၊ ဤသို့မှတ်အပ်၏။ [ နောက်ဝါကျ၌ လွယ်ကူအောင် ပါဠိရှိသည့်အတိုင်းပေးသည်။]
သော၊ ထိုအနာထပိဏ်သဋ္ဌေးသည်။ စတုပဏ္ဏသကောဋိယော၊ ၅၄ ကုဋေသော ဥစ္စာတို့ကို။ ဝိဿဇ္ဇေတွာ၊ ၍။ သာဝတတ္ထိယာ၊ ၏။ ဒက္ခိစဘာဂေ၊ တောင်မျက်နှာအထို့ဖြစ်သော။ ( သာဝတ္ထိမြို့၏ တောင်ဖက်ဖြစ်သော) ။ အနုရာဓပုရဿ၊ အနုရာဓ မြို့၏။ မဟာဝိဟာရသဒိသေ၊ မဟာဝိဟာရ၏ တည်နေရာအရပ်နှင့်တူသော။ ဌာနေ၊ အရပ်၌။ ဇေတဝန မဟာဝိဟာရံ နာမ၊ ဇေတဝန်မည်သော ကျောင်းတိုက်တော်ကြီးကို။ ကာရေသိ၊ ပြီ။ [သာဝတ္ထိမြို့၌ ဇေတဝန်ကျောင်းတိုက်၏ တည်နေရာ ဌာနကို သီဟိုဠ်ကျွန်း အနုရာဓမြို့က မဟာဝိဟာရ ကျောင်းတိုက်ကြီး၏ တည်နေပုံနှင့် ဥပမာပြသည်။] ‌
ဝိသာခါ၊ သည်။ သာဝတ္ထိယာ၊ ၏။ ပါစိန ဘာဂေ၊ အရှေ့မျက်နှာအဖို့၌။ ဥတ္တရ ဒေဝိယာ၊ ဥတ္တရဒေဝီ၏။ ဝိဟာရ သဒိသေ၊ ကျောင်းနေရာနှင့်တူသော။ ဌာနေ၊ ၌။ ပုဗ္ဗာရာမံ နာမ၊ ပုဗ္ဗာရုံမည်သော ကျောင်းတိုက်ကို။ ကာရေသိ။ [သီဟိုဠ်ကျွန်းဝယ် ဥတ္တရာဒေဝီ၏ ကျောင်းတိုက်ကို အနုရာဓမြို့၏ အရှေ့တံခါးအနီး၌ ဆောက်လုပ်အပ်သတက်။ ဝိသာခါ၏ကျောင်းတိုက်ဖြင့် နိုင်းယှဥ◌်ပြသည်။ ဝိသာခါ ။ ပေ။ ပုဗ္ဗာရာမံ နာမ ကာရေသိ ဟူသော စကားဖြင့် (က- ခ) ပုစ္ဆာ၏ အဖြေကိုပြသည်။]
ဘဂဝါ၊ သည်။ ဒွိန္နံ၊ နှစ်ဦးကုန်သော။ ဣမေသံ ကုလာနံ၊ ဤ အမျိုးကြီးတို့ကို။ (အမျိုးကြီး အဆွေကြီးတို့ကို)။ အနုကမ္ပာယ၊ ချီးမြောက်ခြင်းငှါ။ သာဝတ္ထိံ၊ ကို။ နိဿာယ၊ ၍။ ဝိဟရန္တော၊ လသော်။ ဒွီသု, ဣမေသု ဝိဟာရေသု၊ ဤကျောင်းတိုက်ကြီးတို့၌။ နိဗဒ္ဓ ဝါသံ၊ အမြဲ နေခြင်းကို။ ဝသိ၊ နေတောါမူပြီး။ [ဝိဟာရသည် အချို့ နေရာ၌ ကျောင်းတကျောင်းကိုသာ ယူရသော်လည်း ဤနေရာ၌ ကျောင်းပေါင်းများစွာသော ကျောင်းတိုက်ကြီးများကိုယူပါ။]
ဧကံ၊ တခုသော။ အန္တောဝဿံ၊ ဝါတွင်း၌။ ဇေတဝနေ၊ ၌။ ဝသတိ၊ ၏။ ဧကံ (အန္တောဝဿ) ပုဗ္ဗာရာမေ (ဝသတိ)။ ပန၊ ဆက်။
တသ္မိံ သမယေ၊ ၌။ ( ဤ အဂ္ဂည သုတ်တော်ကို ဟောတော်မူရာ ထိုအခါ၌။) ဘဂဝါ ပုဗ္ဗာရာမေ ဝိဟရတိ။
တေန၊ ထိုကြောင့်။ ပုဗ္ဗာရာမေ မိဂါရမာတု ပါသာဒေတိ၊ ဟူ၍။ ( သံဂီတိကာရေဟိ) ဝုတ္တံ။ [ အာယသ္မတာ အာနန္ဒေနဟုလည်း ကတ္တားထည့်နိုင်သည်။ ဤ ဝါကျမျိုးဝယ် ဤနည်းချည်းတည်း။]
ဝါသေဋ္ဌ ဘာရဒွါဇာတိ၊ ကား။ ဝါသေဋ္ဌောမည်သော။ သာမဏရောစ၊ သည်လည်းကောင်း။ ဘာရဒွါဇော၊ တော။ ( သာမဏေရော)စ၊ သည်လည်းကောင်း။
ဘိက္ခူသု ပရိဝသန္တီ တိ၊ ကား။ တေ၊ ထိုသာမဏေတို့သည်။ တိတ္ထိယပရိဝါသံ၊ တိတ္ထိယပရိဝါသံ= တိတ္ထိတို့၏ ပရိဝါသ်ကို။ နေဝ ဝသန္တိနေကြသည် မဟုတ်။ အာပတ္တိပရိဝါသံ၊ အာပတ်ကြောင့် ပရိဝါသ်ကို။ ( အာပတ်သင့်သောကြောင့် ပရိဝါသ်ကို)။ န ( ပရိဝသန္တိ)၊ မဟုတ်။ ပန၊ အဟုတကား။
အပရိပုဏ္ဏဝဿတ္တာ၊ မပြည့်သေးသော အသက်ရှိကုန်သည်၏အဖြစ်ကြောင့်။ ဘိက္ခုဘာဝံ၊ ရဟန်းအဖြစ်ကို။ ပတ္ထယမာနာ၊ တောင်းတကုန်လျက်( စောင့်မြှော်ကုန်လျက်)။ ဝသန္တိ။ဘိက္ခူသုပရိဝသန္တိ။ ။ ဤပုဒိအတိုင်ဆိုလျှင် ရဟန်းတို့အထံ၌ ကျင့်သုံးနေကြ၏ဟု အဓိပ္ပါယ်ရ၏၊ ကျင့်သုံးနေ ဟူရာ၌ တိတ္ထိဖြစ်ဖူးသူများ သာသနာတော်သို့ ရှင်ရဟန်းပြုလိုလျှင် လေးလလုံးလုံး တိတ္တိပရိဝါသကျင့်သုံးရ၏၊ ထို နှစ်မျိုးလုံး မဟုတ်ကြောင်းကို ပြလိုသောကြောင့် “တေ နေဝ တိတ္ထိယပရိဝါသံ” စသည်ကို မိန့်သည်။ နေဝ တိတ္တိယ ပရိဝ်သံ စသည်**။ ။ ဝါသေဋ္ဌနှင့် သာရဒွါဇတို့သည် တိတ္ထိအသွင်ကို မယူခဲ့ဖူးသောကြောင့်) တိတ္ထိယပရိဝါသကို ကျင့်သုံးနေကြသည် မဟုတ်၊ ဥပသမ္ပန္န မဟုတ်သည့်အတွက် အာပတ်သင့်မှု မရှိသောကြောင့် အာပတ္တိ ပရိဝါသကိုလည်း ကျင့်သုံးနေသည်မဟုတ်၊ အမှန်မှာ အသက်၂၀ မပြည့်သေးသည့်အတွက် ( ပြည့်မည် အချိန်ကို စောင့်၍) ရဟန်းအဖြစ်ကို တောင်းတလျက် ရဟန်းတို့အထံ၌ နေကြသည်။ မှတ်ချက်။ ။ ဤစကားအရ” ဘိက္ခုဘာဝံ- ကို အာကင်္ခမာနာ- ကုန်လျက်၊ ဘိက္ခူသု- တို့၌၊ ပရိဝသန္တိ- နေကုန်၏၊ ( စောင့်နေကုန်၏)” ဟု အနက်ပေး၊ ထိုကြောင့် ပရိဝသန္တိ၌ ပရိ၏ အနက်မပါပဲ ဝသန္တိဟု ဖွင့်သည်။ [ တိတ္ထိယပရိဝါသကို မဟာခန္ဓက , အညတိတ္ထိယပုဗ္ဗကထာ၌ ကြည့်ပါ။]
တေနေဝ၊ ကြောင့်ပင်။ ဘိက္ခူဘာဝံ အာကင်္ခမာနာတိ၊ ဟူ၍။ ( သံဂီတိ ကာရော ) အာဟ။
ဥဘောပိ၊ ကုန်သော။ ဧတေ၊ ဤ ဝါသေဋ္ဌ, ဘာရဒွါဇတို့သည်။ ဥဒိစ္စ ဗြာဟ္မဏ မဟာသာလကုလေ၊ ဥဒိစ္စ ဗြာဟ္မဏ မဟာသာလမျိုး၌။ ( မြတ်စောဗြာဟ္မ ဖြစ်သော မဟာသာလမျိုး၌)။ နိဗ္ဗတ္တာ၊ ကုန်ပြီ။ စတ္တာလီသစတ္တာလီသ ကောဋိဝိဘဝါ၊ ကုဋေလေးဆယ်ကုဋေလေးဆယ်သော စည်းစိမ်ရှိကုန်၏။ တိဏ္ဏံ၊ သုံးပုံကုန်သေု။ ဝေဒါနံ၊ ဝေဒတို့၏။ ( ဝေဒကျမ်းစာတို့၏)။ ပါရဂူ၊ တဖက်ကမ်းသို့ ရောက်၏။ ( တဖက်ကမ်းရောက်တက်မြောက်၏)။ ပဇ္ဈိမနိကာယေ၊ ၌။ ဝ်သေဋ္ဌသုတ္တံ၊ ကို။ သုတွာ၊ နာရ၍။ သရဏံ၊ ကိုးကွယ်ရာဟူ၍။ ( ရတနာသုံးပါးကို ကိုးကွယ်ရာဟူ၍)။ ဂတာ၊ ဆည်းကပ်ကုန်ပြီ။ ( ဉာဏ်ဖြင့် အသိမှတိပြုကုန်ပြီ)၊ တေဝိဇ္ဇသုတ္တံ၊ ကို။ ( ဤ ဒီဃနိကာယ်၌ပါဝင်သော တေဝိဇ္ဇသုတ်တော်ကို)။ သုတွာ။ ပဗ္ဗဇိတွာ၊ ရှင့်အဖြစ်သို့ ကပ်ရောက်၍။ ဣမသ္အိံ ကာလေ၊ ၌။ ( ဤ အဂ္ဂညသုတ်တော်ကို ဟောတော်မူခါနီး အချိန်၌)။ ဘိက္ခုဘာဝံ၊ ကို။ အာကင်္ခမာနာ၊ မြှော်လင့်တောင့်တကုန်လျက်။ ပရိဝသန္တိ၊ နေကုန်၏။
အဗ္ဘောကာသေ စင်္ကမတီတိ၊ ကား။ ဥတ္တရ ဒက္ခိဏေန၊ မြောက်အရပိ တောင်အရပ်အားဖြင့်။ ( တောင်မြောက်အားဖြင့်)။ အာယတဿ၊ ရှည်သော။ ပါသာဒဿ၊ ၏။ ပုရတ္ထိမဒိသာဘာဂေ၊ အရှေ့အရပ်မျက်နှာ အဖို့၌။ ပါသာဒစ္ဆာယာယံ၊ ပြာသာဒ်၏ အရိပ်၌။ ယန္တရဇ္ဇူဟိ၊ ယန္တရားကြိုးတို့ဖြင့်။ အာကဍ္ဎိယ မာနံ၊ ဆွဲငင်အပ်သော။ ရတနသတုဗ္ဗေဓံ၊ အတောင်တရာ အမြင့်ရှိသော။ [ ရတနာ သဒ္ဒါ အတောင် အနက်ဟော။] သုဝဏ္ဏ အဂ္ဃိကံ ဝိယ၊ ရွှေဆငိးတုတော်ကဲ့သို့။ အနီလပထေ၊ ကောင်းကင်၌။ ဝိဓာဝန္တီဟိ၊ အထူးထူး အပြားပြား ပြေးသွားကုန်သော။ ဆဗ္ဗဏ္ဏာဟိ၊ ခြောက်ပါးသော အဆင်းရှိကုနမသော။ ဗုဒ္ဓရသ္မိဟိ၊ ဘုရားရှင်၏ ရောင်ခြည်တော်တို့ဖြင့်။ သေဘမာနော၊ တင့်တယ်တော်မူလျက်။ အပရာပရံ၊ ထိုမှ ဤမှ။ ( ခေါက်တုံ့ ခေါက်ပြန်)။ စင်္ကမတိ၊ စင်္ကြန်ကြွတော်မူဥဘောပိဟေတေ။ ။ ဝါသေဋ္ဌ ဘာရဒွါဇ တို့သည် ရဟန်းအဖြစ်ကို မြှော်လင့်တောင်းတ၍ ရဟန်းတို့အထံဝယ် သာမဏေအဖြစ်ဖြင့် နေကြရာ၌ မူလအကြောင်းရင်းမှစ၍ ဤပါဠိတော်၌ မထင်ရှားငေါကြောင့် “သာမဏေအဖြစ်ဖြင့်နေ၏” ဟူသောစကားသည် အဘယ်သို့ သင်အံ့နည်းဟု စောဒနာဖွယ်ရှိရကား “ဥတောပိ ဟေ- တေ” စသည်ကိုမိန့်သည်။ သုဝဏ္ဏ အဂ္ဃိကံ။ ။ အဂ္ဃီယတေတိ အဂ္ဃိကံ၊ အဂ္ဃဓာတ်+ ဏျပစ္စည်း၊ ယကို ကပြု၊သုဝဏ္ဏအဂ္ဃသဒ္ဒါသည် “ပူဇော်ခြင်း” အနက်ကိုလည်းဟော၏၊ [ အဂ္ဃော မူလေစ ပူဇနေ- အဘိဓာန်( ၁၀၄၈)။] သုဝဏ္ဏေန+ ပကတံ + အဂ္ဃထကံ သုဝဏ္ဏအဂ္ဃိကံ-ရွှေဖြင့်ပြုအပ်သော ပူဇော်ထိုက်သော ဆင်းတုတောိ၊ ရှေးနိဿယ၌ “ရွှေစေတီ” ဟုပေး၏၊ သက်တော်ထင်ရှား ဘုရားရှင် စကြင်္ံကြွတော်မူနေပြံကို ဥပမာပြုသော စကား ဖြစ်၍ “ ရွှေဆင်းတော်” ဟုပေးလိုက်ပါသည်။
အနုစင်္ကမိံသူတိ၊ ကား။ အဉ္ဇလိံ၊ လက်အုပ်ကို။ ပဂ္ဂယှ၊ မြှောက်ချီ၍။ ဩနတ သရီရာ၊ ညွတ်သောကိုယ် ရှိကုန်သည်။ ( ဟုတွာ) [ အရိုအသေပြုသောအားဖြင့် ကိုယ်ကို မတ်မတ်ကြီးမထားဘဲ ခပ်ယို့ယို့ ထားကုန်သည်ဖြစ်၍။] အနုဝတ္တမာနာ၊ အစဉ်လိုက်ကုန်လျက်။ ( အတုလိုက်ကုန်လျက်)။ စင်္ကမိံသု၊ ကုန်ပြီ။
ဝါသေဋ္ဌံ အာမန္တေသီတိ (ဧတ္ထ)၊ ၌။ ( ယသ္မာ၊ ကြောင့်။) တေသံ၊ ထို နှစ်ယောက်တို့တွင်။ ( သာမဏေ နှစ်ပါးတို့တွင်)။ သော၊ ထိုဝါသေဋ္ဌသည်။ ပဏ္ဍိတ တရော၊ သာ၍ ဉာဏ်ရှိ၏။ ဂဟေတဗ္ဗံ၊ ယူထိုက်သော အကြောင်းအရာကိုလည်းကောင်း။ ဇာနာတိ။ တသ္မာ၊ ကြောင့်။ တံ၊ ထို ဝါသေဋ္ဌကို။ အာမန္တေသိ၊ ခေါ်၍သိစေတော်မူပြီ။ ( မိနိ့တော်မူပြီ။)
တုမှေ ခွတ္ထာတိ၊ ကား။ တှမှေ၊ တို့သည်။ ( ပဗ္ဗဇိတာ၊ ကုန်သည်။) အတ္ထ၊ ကုန်၏။
ဗြာဟ္မဏဇစ္စာတိ၊ ကား။ ဗြာဟ္မဏဇာတိကာ၊ ဗြာဟ္မဏဇာတ် ရှိကုန်သည်။
ဗြာဟ္မဏကုလီနာတိ၊ ကား။ ဗြာဟ္မဏေသု၊ တို့၌။ ကုလီနာ၊ မြတ်သောအမျိုးရှိကုန်သည်။ ( ထင်ရှားသောအမျိုး ရှိကုန်သည်)။ ကုလသမ္ပန္နာ၊ မြတ်သောအမျိုးနှင့် ပြည့်စဲုကုန်သည်။ ( ဟုတွာ)။
ဗြာဟ္မဏကုလာတိ၊ ကား။ ဗြာဟ္မဏကုလတော၊ ဗြာဟ္မဏမျိုရမှ။ ( နိက္ခမိတွာ၊ ၍)။ ဘောဂါဒိသမ္ပန္နံ၊ စည်းစိမ် အစရှိသည်တို့ဖြင့် ပြည့်စုံသော။ ဗြာဟ္မဏကုလဲ၊ ကို။ ပဟာယ၊ ပယ်စွန့်၍။ ( ပဗ္ဗဇိတာအတ္ထဟု ပါဠိတော်၌စပ်)။ ဣတိအတ္ထော၊ နက်။အနုစင်္ကမိံသု။ ။ အနုကို အနုဝတ္တမာနာ ဟုဖွင့်၏၊ အနုသည် အဘိဓာန်( ၁၁၇၄) လာ အနက်တို့တွင် အနုဝတ္တိ အနက်ဟောတည်း၊ စင်္ကမန္တံ- စကြင်္ကြွနေတော်မူသော၊ ဘဂဝန္တံ-ကို။၊ အနုစင်္ကမိံသု- အစဉ်လိုက်၍ စင်္ကြသွားကုန်ပြီ- ဟု ပါဠိတော်၌ပေးပါ၊ ထိုသို့ စင်္ကြမသွားလျှင် မလိုရှိအပ်သောအကြောင်းအရာကို မေးမြန်းဖို့ရန် မဖြစ်နိုင်သောကြောင့် မြတ်စွာဘုရားနောက်သို့ လိုက်၍ စင်္ကြသွားနေကြရသည်။ ဗြာဟ္မဏဇစ္စ။ ။ ဗြဋဟ္မဏဿ+ ဇာတိ ဧတေသန္တိ ဗြဋဟ္မဏ ဇာတိယော၊ ဗြဋဟ္မဏဇာတိယော ဧဝ+ ဗြာဟ္မဏဇစ္စာ၊ သွတ္ထ၌ ဏျ ပစ္စည်း၊ ဤသို့ရှေးနိဿယ၌ပြု၏၊ သို့သော်ာသမာသိပြီးသောညဇာတိသဒ္ဒါနောင် ကပစ္စည်း သက်လေ့ရှိသောကြောင့်လည်းကောင်း “ဇာတိမေဝ+ ဇစ္စဲ၊ ဗြာဟ္မဏံ+ ဇစ္စံ ဧတေသန္တိ ဗြာဟ္မဏဇစ္စာ” ဟုဆရာမြတ်တို့ ပြုတော်မူကြသည်။ ဗြာဟ္မဏ ကုလီနာ။ ။ ကုဘသမ္ပန္နာဖြင့် ကုလီနာ၌ ကုလပုဒ်+ ဣန ပစ္စည်း ဖြစ်ကြောင်းကိုလည်းကောင်း, ထို ဣနပစ္စည်း၏ အဿတ္ထိအနက်၌ သက်သည်ကိုလည်းကောင်း ပြ၏၊ ကုလံ+ ယေသံ+ အတ္ထီတိ ကုလီနာ ဟုပြု၊ ထို ဣနပစ္စည်းလည်းညပသံသာအနက်၌ သက်ပါ။ [ ကုလသမ္ပန္နာတ် သမ္ပန္နကုလာ၊ ဥဒိတော ဒိတေ ( အလွန်ထင်ရှားသော) ဗြဋဟ္မဏကုလေ ဥပ္ပန္နာ၊- ဋီကာ။] ဗြာဟ္မဏေသု+ ကုလီနာဟု ဆက်။
န အက္ကောသန္တီတိ၊ ကား။ ဒသဝိဓေန၊ ဆယ်ပါးအပြားရှိသော။ အက္ခောသဝတ္ထုနာ၊ ဆဲခြင်း၏ တည်ရာအကြောင်း ဝတ္ထုဖြင့်၊ ( ဆဲရေးကြောင်းဝတ္ထုဖြင့်)။ နအက္ကောသန္တိ၊ မဆဲကြဘူးလား။ [ အက္ကောသဝတ္ထု ဆယ်ပါးသည် ပါစိတ်ပါဠိတော်ဩမဘဝါဒသိက္ခာပုဒ်၌ ပါ၏။]
နပရိဘာသန္တီတိ၊ ကား။ နာနာဝိဓာယ၊ အမျိုးမျိုးသောအပြားရှိသော။ ပရိဘဝနကထာယ၊ လွှမ်းမိုးကြောင်း စကားဖြင့်။ ( နှိမ်၍ပြောဆိုကြောင်း စကားဖြင့်)။ န ပရိဘာသန္တိ၊ လွှမ်းမိုး၍ မပြောကြဘူးလား။ ( မနှိမ်ကြဘူးလား)။ ဣတိအတ္ထော၊ နက်။
ဣတိ၊ လျှင်။ ဘဂဝါ၊ သည်။ ( ပုစ္ဆတိ ၌စပ်)။ ဗြာဟ္မဏာ၊ တို့သည်။ ဣမေသာမဏေရေ၊ တို့ကို။ အက္ကောသန္တိ၊ ဆဲကြကုန်၏။ ပရိဘာသန္တိ၊ လွှမ်းမိုး၍ပြောကုန်၏။ ဣတိ၊ သို့။ ဇာနမာနောဝ၊ သိတော်မူလျက်သာ။ ပုစ္ဆတိ။
ကသ္မာ၊ ကြောင့်။ ( ပုစ္ဆတိ၊ နည်း။)
ဣမေ၊ ဤ သာမဏေတို့သည်။ မယာ၊ သည်။ အပုစ္ဆိတာ၊ မမေးအပ်ကုန်သည်။ ( သမာနာ)။ ပဃမတရံ၊ ရှေးဦးစွာ။ န ကထေဿန္တိ၊ စကားပြောကြလိမ့်မည် မဟုတ်။ အကထိတေ၊ မပြောအပ်သော်။ ကထာ၊ တရားစကားသည်။ န သမုဋ္ဌာတိ၊ မဖြစ်။ ဣတိ၊ ကြောင့်။ ကထာ သမုဋ္ဌာပနတ္ထာယ၊ တရားစကားကို ဖြစ်စေခြင်းအကျိုးငှါ။ ( ဇာနမာနော ပုစ္ဆတိ)။
တဂ္ဃါတိ၊ တဂ္ဃဟူသော သဒ္ဒါသည်။ ဧကံသဝစနေ၊ ဧကံသ သဒ္ဒါသည်ဟောအပ်သော အနက်၌။ ဝါ၊ စင်စစ်ဟူသော အနက်၌။ ( ပဝတ္တော၊ သော။) နိပါတော၊ တည်း။ ဘန္တေ၊ မြတ်စွာဘုရား။ ဧကံသေနေဝ၊ တခုသော အဖို့ဖြင့်ပင်။ ( စင်စစ်သာလျှင်)။ နော၊ တပည့်တော်တို့ကို။ ဗြာဟ္မဏဋ၊ တို့သည်။ အက္ကောသန္တိ၊ ပါကုန်၏။ ပရိဘာသန္တိ၊ ပါကုန်၏။ ဣတိ ဝုတ္တံ ဟောတ်။ [ “ဣမေသာမဏေရေ” ဟူသော ကံကိုကြည့်၍ “နော” ကိုလည်း “ကံ” အနက်ပေးလိုက်ပါသည်။]ဗြာဟ္မဏကုလာ။ ။ ဤပုဒ်သည် နိဒ္ဒိဋ္ဌဝိသယ အပါဒါန်တည်း၊ ထိုကြောင့် “နိက္ခမိတွာ” ဟုပါဠိတော်၌ ထည့်စပ်၊ ဤပါဌ်ဖြင့် တစုံတခုသော ပျက်စီးမှုသည် နှိပ်စက်အပ်သော ဗြာဟ္မဏမျိုးမှ ထွက်လာ၍ ရဟန်းပြုသည် မဟုတ်၊ ဥစ္စာစည်းစိမ်, ဆွေမျိုးအသိုင်းအဝိုင်းနှင့် ပြည့်စုံသော ဗြာဟ္မဏမျိုးကိုစွန့်၍ရဟန်းပြုခဲ့သည်ဟု ပြ၏၊ ထိုကြောင့် “ဘောဂါဒိ သမ္ပန္နံ၊ ပေ၊ ပတာယ” ဟု သရုပ်ဖေါ်သည်။ [ အက္ကောသန္တိ၌ဆဲပုံသည် ပါဠိတော်၌ ပါသည်။]
အတ္တရူပါယာတိ၊ ကား။ အတ္တနော၊ မိမိ၏။ အနုရူပါယ၊ အလိုအားလျော်သော။ ပရိပုဏ္ဏာယာတိ၊ ကား။ ယထာရူစိ၊ အလိုအားလျော်စွာ။ ဝါ၊ အကြင်အကြင် အလိုအတိုင်း။ ပဒဗျဉ္ဇနာနိ၊ ပုဒ်ဗျည်းတို့ကို။ ( အနက်ကို ထင်ရှားပြကြောင်းဖြစ်သော စကားလုံးတို့ကို)။ အာရောပေတွာ အာရောပေတွာ၊ တက်ရောက်စေ၍ တက်ရောက်စေ၍။ ( တပ်၍ တပ်၍)။
ပရိပူရိတာယ၊ ထက်ဝန်းကျင် ပြည့်စုံသော။
နော အပရိ ပုဏ္ဏာယာတိ၊ ကား။ အန္တရာ၊ အကြား၌။ အ ဋ္ဌပိတာယ၊ မတည်စေအပ်သော။ ( မရပ်တန့်စေအပ်သော)။ နိရန္တရံ၊ အကြား မရှိအောင်။ ( အဆက်မပြတ်)။ ပဝတ္တာယ၊ သော။ ( ပရိဘာသာယ ဟူသော ပါဋ္ဌိတော်၌စပ်)။ [ အဋ္ဌပိတာယ နေရာဝယ် ကာရိတ်ပစ္စည်း မပါဘဲ “ အဋ္ဌိတာယ၊ ရပ်တန့်မနေသော” ဟု ရှိလျှင်ကောင်း၏။ အခြားနေရာ၌ သတ္တာနံ သတ္တပဋိပါဋိ အဋ္ဌိတာ ဟောတိဟု သုံးစွဲ၏။] ပန၊ ပရိဟာရပက္ခမှတပါး စောဒကပက္ခကား။
ကသ္မာ၊ ကြောင့်။ ဗြာဟ္မဏာ၊ တို့သည်။ ဣမေသာမဏေရေ၊ တို့ကို။ အက္ကောသန္တိ၊ နည်း။ ဣတိ၊ ဤကားအမေးတည်း။
အပ္ပတိဋ္ဌတာယ၊ တည်ရာမှီရာ မရှိကုန်သည်၏ အဖြစ်ကြောင့် ။ ( မှီခိုအားကိုးစရာ မရှိကုန်သည်၏အဖြစ်ကြောင့်။ အက္ကောသန္တိ၊ ကုန်၏။) ဣတိ၊ ဤကား အဖြေတည်း။ ဟိ၊ မှန်။ ( အပ္ပတိဋ္ဌတာယ ဟူသော စကားသည်မှန်၏။) ( တနည်း) ဟိ၊ ချဲ့။
ဣမေ သာမဏေရာ၊ တို့သည်။ အဂ္ဂဗြဋဟ္အဏာနံ၊ မြတ်သောဗြာဟ္မဏတို့၏။ ပုတ္တာ၊ တို့တည်း။ တိဏ္ဏံ၊ ကုန်သော။ ဝေဒါနံ၊ တို့၏။ ပါရဂူ၊ ကမ်းတဖက်သို့ ရောက်သူတို့သည်။ ဝါ၊ တဖက်ကမ်းရောက် တက်မြောက်သူတို့တည်း။ [ စာမုပ်တို့၌ “တိဏ္ဏံ ဗေဒါနံ” ဟုတွေ့ရ၏။ ပါဠိတော်များ၌ “တိဏ္ဏံဝေဒါနံ” ဟု သုံးစွဲသည်။] ဇမ္ဗုဒီပေ၊ ဇမ္ဗူဒိပ်၌။ ဗြာဟ္မဏာနံ၊ တို့၏။ အန္တရေ၊ အလယ်၌။ ပါကဋာ၊ ထင်ရှားသူတို့တည်း။ သမ္ဘာဝိတာ၊ ချီးမွမ်းအပ်သူတို့တည်း။ တေသံ၊ ထို သာမဏေတို့၏။ ( ဝါသေဋ္ဌ ဘာရဒွါဇသာမဏေတို့၏)။ ပဗ္ဗဇိတတ္တာ၊ ရှင်ပြုကုန်သည်၏အဖြစ်ကြောင့်။ အညေ၊ ကုန်သော။ ဗြာဟ္မဏပုတ္တာ၊ တို့သည်။ ပဗ္ဗဇိံ သု။အတ္တနော၊ ပေ၊ ပဝတ္တာယ။ ။ ပါဠိတော်နောက်နား၌ ပြသည့်အတိုင်း ဗြာဟ္မဏတို့က ဝါသေဋ္ဌ ဘာရဒွါဇ သာမဏေများကို ဆဲသောအခါ ( အတ္တနော အနုရူပါယ) စိတ်ကြိုက် စကားလုံးဖြင့်၊( ပရိပုဏ္ဏာယ) အပြည့်အစုံ သုံး၍၊ ( နော အပရိပုဏ္ဏာယ) ကြားထဲမှာ ရပ်တန့်မနေပဲ မပြတ်မလပ် ဒလစပ် ဆဲရေးကြ၏၊ ထိုကြောင့် “ ပရ်ပုဏ္ဏာယ” ကို “ ယထာရူစိ၊ ပေ၊ ပရိပူတာယ” ဟုလည်းကောင်း, “နော အပရိပုဏ္ဏာယ” ကို “ အန္တရာ၊ ပေ၊ ပဝတ္တာယ” ဟုလည်းကောင်း သရုပ်ဖေါ်သည်။ မှန်၏၊- အကြားအကြား၌ ဖြတ်၍ ပြောအပ်သောစကားသည် အကြောင်းအရာတစ်ခုနှင့်တစ်ခု ပြတ်နေသောကြောင့် ပရိပုဏ္ဏာမဖြစ်၊ ဤ၌ ထိုသို့ မဟုတ်သောကြောင့် ပရိပုဏ္ဏဖြစ်သည်၊ ထိုကြောင့် နော အပရိပုဏ္ဏာယကို အန္တရာစသည်ဖြင့်ဖွင့်သည်၊-ဋီကာ။
အထခေါ၊ ၌။ ဗြာဟ္မဏာ၊ တို့သည်။ မယံ၊ တို့သည်။ အပ္ပတိဋ္ဌာ၊ တည်ရာမှီရာ မရှိသူတို့သည်။ ဇာတာ၊ ကုန်ပြီ။ ဣတိ၊ ဤသို့ကြံ၍။ ဣမာယ အပ္ပတိဋ္ဌတာယ၊ ဤသို့တည်ရာ မှီရာမးှိကုန်သည်၏ အဖြစ်ကြောင့်။ ဂါမဒွါရေပ်၊ ရွာတံခါး၌ လည်းကောင်း။ အန္တောဂါမေပိ၊ ရွာတွင်း၌ လည်းကောင်း။ တေ၊ တို့ကို။ ဒိသွာ၊ ၍။ တုမှေဟိ၊ တို့သည်။ ဗြဋဟ္မဏသမယော၊ ဗြာဟ္မဏတို့၏ အယူကို။ ဘိန္နော၊ ဖျက်အပ်ပြီ။ [ ဋိကာ၌ ဝိဘိ​န္နော ဟုရှိ၏။] မုဏ္ဍသမဏကဿ၊ ကတုံးဖြစ်သော ရဟန်းစုတ်၏။ [ သမဏက၌ ကလည်း ကုစ္ဆိတအနက်ဟော။] ပစ္ဆတော ပစ္ဆတော၊ နောက်၌ နောက်၌။ ( နောက်ကနောက်က )။ ရသဂိဒ္ဓါ၊ အရသာ၌ မက်မောကုန်သည်။ ( အစာကောင်းအသောက်ကောင်း၌ မက်မောကုန်သည်။) ဟုတွာ။ ဝိစရထ၊ လှည့်လည်ကြကုန်၏။ ဣတိ အာဒီနိ စေဝ၊ ဤသို့ အစရှိသော စကားတို့ကို လည်းကောင်း။ ပါဠိယံ၊ ၌။ အာဂတာန်၊ တိုက်ရိုက်လာကုန်သော။ ဗြာဟ္မဏောဝ သေဋ္ဌောဝဏ္ဏောတိ အာဒီနိစ၊ တို့ကို လည်းကောင်း။ ဝတွာ၊ ပြော၍။ အက္ကောသန္တိ၊ ကုန်၏။
သမဏေရာ၊ တို့သည်။ ( အာရောစေသုံ ၌စပ်)။ တေသု၊ ထို ဗြာဟ္မဏတို့သည်။ အက္ကောသန္တေသုပိ၊ ဆဲပါကုန်သော်လည်း။ ကောပံဝါ၊ အမျက်ကိုသော်လည်းကောင်း။ [ ရှေးဦးစွာ ဖြစ်သော အနည်းငယ်သော ဒေါသသည် “ကောပ” မည်၏။] အာဃာတံဝါ၊ ရန်ငြိုးကိုသော်လည်းကောင်း။ [ နောက်၌ဖြစ်သော ပြင်းထန်သောဒေါသသည် စိတ်ကို နှိပ်စက်တတ်သောကြောင့် “အာဃာတ” မည်၏။] အကတွာ၊ မပြုပဲ။ ကေဝလံ၊ ကောပ အာဃာတ မဖက်သက်သက်။ ဘဂဝတာ၊ သည်။ ပုဋ္ဌာ၊ မေးအပ်ကုန်သည်။ ( ဟုတွာ)။ တဂ္ဃ။ ပေ။ ပရိဘာသန္တီတိ၊ ဟူ၍။ အာရောစေသုံ၊ လျှောက်ကုန်ပြီ။
အထ၊ လျှောက်ကြရာ ထိုအခါ၌။ နေ၊ ထို သာမဏေတို့ကို။ ဘဂဝါ၊ သည်။ အက္ကောသနာကာရံ၊ ဆဲခြင်း၏ အခြင်းအရာကို။ ( ဆဲပုံ အခြင်းအရာကို)။ ပုစ္ဆန္တော၊ မေးလိုသည်။ ( ဟုတွာ) ယထာကထံ ပန ဝေါတိ၊ ဟူ၍။ ပုစ္ဆတိ၊ မေးတော်မူ၏။
တေ၊ ထိုသာမဏေတို့သည်။ အာစိက္ခန္တာ၊ လျှောက်လိုကုန်သည်။ ( ဟုတွာ)။ ဗြာဟ္မဏာဘန္တေတိ အာဒိံ၊ အစရှိသော စကားကို။ အာဟံသု၊ လျှောက်ကုန်ပြီ။သေဋ္ဌော ဝဏ္ဏော။ ။ ဝဏ္ဏသဒ္ဒါသည်, ဇာတိ ( အမျိုး) အနက်ဟောတည်း၊ လောက၌ “ဤသူသည် ဗြာဟ္မဏ, ဤသူသည် ခတ္တိယ, ဤသူသညမ ပဟပတိ , ဤသူသည်သုဒ္ဒ” ဟု ဇာတ် စသည်တို့ကို အထင်အရှား ပြသောအားဖြင့် “ ဗြာဟ္မဏောဝသေဋ္ဌောဝဏ္ဏော- ဗြာဟ္မဏအမျိုးဇာတ်သည်သာ အမြင့်မြတ်ဆုံး” ဟူ ဗြာဟ္မဏတို့ကယူဆကြ၏၊ ထိုကြောင့် ဇာတိ ဂေါတ္တာဒီနံ၊ ပေ၊ ဒဿေန္တိဟု မိန့်သည်။ [ ဇာတိသဒ္ဒါ၏ အခြားအနက်များနှင့် တကွ ဝိဂ္ဂဟကို ဗြဟ္မဇာလသုတ် အဋ္ဌကထာတို့၌ကြညိ့ပါ။] **ဩတရေ၊ ပေ၊ ဟီနာ**။ ။ ဗြာဟ္မဏ ခတ္တိယ စသော အမျိုးလေးပါးတွင် ဗြာဟ္အဏသည်သာညအမြတ်ဆုံး ဖြစ်၏၊ ကျန် ၃ မျိုးသည် ဗြာဟ္မဏတို့အောက် နိမ့်ကျ၏ ဟု ဗြာဟ္မဏတို့ ယူဆရာ၌ မိစ္ဆဘိမာန၊ မှားသော လွန်ကဲသော မာန, မိစ္ဆာဂ့တ- မှားသော အယူကြောင့်သာဖြစ်၏၊ ဗြာဟ္မဏမှင့် ခတ္တိယကား တရံတခါ ဗြာဟ္မဏကသာ၏၊ ဗုဒ္ဓလက်ထက်တော်၌ ဗြာဟ္မဏထက် ခတ္တိယက သာသောကြောင့် ငါတို့ဘုရားလောင်းတော်သည် ခတ္တိယမျိုး၌ ပဋိသန္ဓေနေတော်မူသည်။ သုဇ္ဈန္တိ။ ။ သုဇ္ဈန္တီတိ သုဒ္ဓါ ဟောန္တိ၊ န နိန္ဒံ ဂရဟံ ပါပူဏန္တီတိ ဝဒန္တိ၊ သုဇ္ဈန္တိ- စင်ကြယ်ကုန်၏ ဟု အဓိပ္ပါယ်မှတ်၊ ထိုသို့စင်ကြယ် သန့်ရှင်းသဖြင့် နိန္ဓာ ( မျက်ကွယ် ကဲ့ရံ့မှု) ဂရဟာ ( မျက်မှောက် ကဲ့ရဲ့မှု) သို့ မရောက်- ဟူလို၊ ဤသိုြဗြာဟ္မဏတို့က ပြောကြသည်။ တနည်း။ ။ သုဇ္ဈန္တိ ဝါ သံသားတော သုဇ္ဈန္တိ- ဗြာဟ္မဏ အမျိုးအနွယ်တို့သည် သံသရာမှ စ်ကြယ် ( လွတ်မြောက်) ကုန်၏၊ န သေသာ ဝဏ္ဏာ - အခြားသော အမျိုးအနွယ်တို့ သံသရာမှ မစင်ကြယ်ကုန်၊ ( ဘာကြောင့်နည်း) အသုက္ကဇာတိကတ္တာ- ဖြူစင်သန့်ရှင်းသော ဇာတ်မရှိသောကြောင့်လည်းကောင်း၊ မန္တဇ္ဈေနာဘာဝတောစ-ဝေဒကျမ်းစာကို ရွတ်ဆိုမှု မရှိသောကြောင့်လည်းကောင်းတည်း၊ ဤသို့ ဗြာဟ္မဏတို့ယူဆကြသည်၊- ဋီကာ။
တတ္ထ၊ ထို ဗြာဟ္မဏာ ဘန္တေ အစရှိသော စကားရပ်၌။ သေဋ္ဌောဝ ဏ္ဏောတိ၊ သေဋ္ဌော ဝဏ္ဏော ဟူသော ပါဌ်ဖြင့် ( ဒဿေန္တိ ၌စပ်)။ ဇာတိဂေါတ္တာဒီနံ၊ ဇာတ်အနွယ် အစရှိသည်တို့ကို။ ပညာပန ဋ္ဌာနေ၊ အပြားအားဖြင့် သိစေရာ ဌာန၌။ ( ပညတ်အရာ၌)။ ဗြာဟ္မဏောဝ၊ ဗြာဟ္မဏသည်သာ။ ( ဗြာဟ္မဏဇာတ်သည်သာ)။ သေဋ္ဌော၊ မြတ်၏။ ဣတိ၊ ဤသို့။ ( ဗြာဟ္မဏတို့သည်)။ ဒဿေန္တိ၊ ပြကုန်၏။ ဟီနာ အညော ဝဏ္ဏာတိ၊ ကား။ ဣတရေ၊ ဗြာဟ္မဏမျိုးမှ တပါးကုန်သော။ တယော- ကုန်သော။ ဝဏ္ဏာ၊ အမျိုးတို့သည်။ ( ဇာတ်တို့သည်)။
ဟီနာ၊ နိမ့်ကျကုန်၏။ လာမကာ၊ ညံ့ကုန်၏။ ဣတိ၊ သို့။ ဝဒန္တီ။
သုက္ကောတိ၊ ကား။ ပဏ္ဍရော၊ ဖြူစင် သန့်ရှင်း၏။
ကဏှာတိ၊ ကား။ ကာဠကာ၊ မည်းညစ်ကုန်၏။ ( မသန့်ရှင်းကုန်)။ [ စာအုပ်တို့၌ ကဏှောတိ ကာယကော ဟု ဧကဝုစ်ဖြင့် တွေ့ရ၏။ကဏှာ အညေ ဝဏ္ဏာ၏ အဖွင့်ဖြစ်သောကြောင့် ကဏှာတိ ကာယကာစု ဗဟုဝုစ်ဖြင့် ရှိသင့်သည်။ ၊ မဇ္ဈိမ ပဲ, ၄= ဝဂ်, ၄= သုတ်တို့ကား ဧကဝုစ် ရှိ၏။]
သုဇ္ဈန္တီတိ၊ ကား။ ဇာတိဂေါတ္တာဒီနံ၊ တို့ကို။ ပညာပန ဋ္ဌာနေ၊ ၌။ သုဇ္ဈန္တိ၊ စင်ကြယ်ကုန်၏။
ဗြဟ္မုနော ပုတ္တာတိ၊ ကား။ မဟာဗြဟ္မုနော၊ မဟာဗြဟ္မာ၏။ ( ဗြဟ္မာမင်း၏)။ ပုတ္ထာ၊ သားတို့တည်း။
ဩရသာ မုခတော ဇာတာတိ၊ ကား။ ဥရေ၊ ရင်၌။ ဝသိတွာ၊ နေ၍။ မုခတော၊ ခံတွင်းမှ။ နိက္ခန္တာ၊ ထွက်လာကုန်ပြီ။ ဝါ၊ တနည်း။ ဥရေ၊ ရင်၌။ ကတွာ၊ ပြု၍။ ဝါ၊ ထား၍။ သံဝဎိုတာ၊ ကြီးပွားစေကုန်ပြီ။ ဣတိ၊ ကြောင့်။ ဩရသာ၊ ဩရသတို့မည်၏။ [ "မုခတော၊ မှ။ ဇာတ= ဖြစ်" ဟူသည် ပါးစပ်မှ ဖွားမြင်သည်ဟု ဆိုလို၏။ ထိုကြောင့် ဇာတာကို နိက္ခန္တာဟု ဖွင့်သည်။]ဩရသာ။ ။ ဥရေ ဝသိတွာကို ကြည့်၍ “ဥရေ+ ဝသန္တီတိ ဩရသာ” ဟုပြု၊ ဤနည်း၌ ဩရသာသည် မုခတော ဇာတာ၏ ဝိသေသနတည်း၊ ဩရသာ- မဟာဗြဟ္မ၏ ရင်၌ နေခဲ့ကုန်သည်၊ ( ဟုတွာ) မုခတော - ခံတွင်းမှ၊ ဇာတာ- မွေးဖွားကုန်ပြီ၊ သို့ပေးပါ။ တနည်း**။ ။ ဥရေ ကတွာ သံဝဍ္ဎိဘာကို ကြည့်၍ “ဥရေ+ သံဝဍ္ဎာ ဩရသာ” ဟုပြု၊ ဤနည်း၌ မုခတော ဇာတာသည် ဩရသာ၏ ဝိသေသနတည်း၊ မုခတော- မှ၊ ဇာတာ- ကုန်သည်၊ ( ဟုတွာ) ဩရသာ- မဟာဗြဟ္မာ၏ ရင်၌ ကြီးပွါးခဲ့ရကုန်ပြီ၊ ဤသို့ ပေးပါ။ မှတ်ချက်။ ။ အဋ္ဌကထာ၌ ဥရေ ကတွဋ ဟူ ကတွာပုဒ် ပါနေသောကြောင့် “ သံဝဍ္ဎိဘာ- ကြီးပွါးစေအပ်ကုန်ပြီ” ဟု ကမ္မသာဓန ရှိရ၏၊ ကတွာလည်း ဌပနအနက်ဟော။ [ အာဓာရနောက်, ကရရောက်, မဖေါက် ဌပန အနက်တည်း- နိယာမ်။] ပါဠိတော်၌ကား “ဥရေ+ သံဝဍ္ဎာ” စု ကတ္တုသာဓနဖြင့် ပြုမှ အဓိပ္ပါယ်ရှင်းသည်။ ဋီကာ။ ။ ပုတ္တာနာမညအနောရသာပိ ဟောန္တိ၊ န တထာ ဣမေ ( ဤ ဗြာဟ္မဏတို့ကား ထိုသို့ အနောရသ မဟုတ်ကြ)၊ ဣတိ အာဟ ဩရသာတိ၊ ဥရေ သံဝဍ္ဎိတ ပုတ္တောပိ ဩရသန္တိ ဝုစ္စတိ၊ ( မိမိကိုယ်ကို မမွေးဖွားပဲ ရင်၌ ထား၍ ကြီးပွါးစေအပ်သော သားကိုလည်း ဩရသဟု ဆိုအပ်၏) ဣမေ ပန မုခတော နိဂ္ဂတာ ဟုတွာ ဥရေ သံဝဍ္ဎာတိ ဒဿေတုံ မုခတော ဇာတာတိ ဝုတ္တံ၊-မဇ္ဈိမပဏ်,၄- ဝဂ်, ၄- သုတ်၊ [ မုခတော နိဂ္ဂတာ ဟုတွာ ဥေး သံဝဍ္ဎာ ကြည့်၍ နောက်နည်း၌ မုခတောဇာတာသည် ဩရသာ၏ ဝိသေသနတည်း ဟု မှတ်ပါ။] မုခတော ဇာတာ၌ မှတ်ဖွယ်။ ။ အဋ္ဌကထာနှင့် ပဏ္ဏာသဋီကာတို့၌ မုခတောဇာတာ ကို ဗြဟ္မာမင်း၏ ခံတွင်းမှ ဖွားမြင်၏ ဟု ဖွင့်၏၊ များစွာသော ဗြာဟ္မဏတို့ကလည်ူ ထိုသို့ပငမ ယူဆကြ၏၊ ထိုကြောင့် ဗုဒ္ဓမြတ်စွာက ဗြာဟ္မဏတို့သည် ဗြာဟ္မဏီ၏ ဝမ်းတိုက်၌ ပဋိသန္ဓေ နေခဲ့၍ ဗြာဟ္မဏီ၏ ယောနိမှ မွေးဖွားခဲ့ကြပါလျက် မုခတော ဇာတာ ( ဗြဟ္မာမင်း၏ ခံတွင်းမှ မွေးဖွားကြသည်) ဟု ထင်နေကြပုံကိုမိန့်တော်မူ၏။
ဗြဟ္မဇာတိ၊ ကား။ ဗြဟ္မတော၊ ဗြဟ္မာကြောင့်။ နိဗ္ဗတ္တာ၊ ဖြစ်ကုန်ပြီ။ [နောက်၌ ယောနိဇာဝယ် ပဿာဝ မဂ္ဂေန ဇာတာ ဖွင့်ပုံကိုကြည့်၍ "ဗြဟ္မာတော၊ ကြောင့်" ဟုပေးလိုက်ပါသည်။]
ဗြဟ္မနိမ္မိတာတိ၊ ကား။ ဗြဟ္မုနာ၊ သည်။ နိမ္မိတာ၊ ဖန်းဆင်းအပ်ကုန်ပြီ။
ဗြဟ္မဒါယာဒါတိ၊ ကား။ ဗြဟ္မုနော၊ ၏။ ဒါယာဒါ၊ ဝေဒ အစရှိသော အမွေကို ခံယူကြကုန်၏။ [အာဒဒန္တီတိ အာဒါ။ ဒါယံ။ အာဒါ၊ ဒါယာဒါ။]
ဟီန။ ပေ။ အဇ္ဈုပဂတာတိ၊ ကား။ ဟီနံ၊ နိမ့်ကျသော။ ဝဏ္ဏံ၊ အမျိုးအနွယ်သို့။ အဇ္ဈုပဂတာတိ၊ ကပ်ရောက်ကုန်သည်။ အတ္ထ၊ ဖြစ်ကုန်၏။
မုဏ္ဍကေ သမဏကေတိ၊ ဟူသော စကားကို။ နိန္ဒန္တ၊ ကဲ့ရဲ့လိုကုန်သည်။ ဇိဂုစ္ဆ န္တာ၊ စက်ဆုပ်လိုကုန်သည်။ (ဟုတွာ)။ ဝဒန္တိ၊ ပြောကုန်၏။ မုဏ္ဍက မတ္တ‌‌ေဥ္စဝ၊ ဦးပြည် ဖြစ်ကာမျှကိုလည်းကောင်း။ (ကတုံးဖြစ်ကာမျှကိုလည်းကောင်း။) သမဏမတ္တဥ္စ၊ ရဟန်း ဖြစ်ကာမျှကိုလည်းကောင်း။ သဏ္ဍယ၊ ၍။ န (ဝဒန္တိ)၊ ပြောကြကုန်သည် မဟုတ်။ [က. သည် ဂရဟတ္တ။ ကုစ္ဆိတော+ မုဏ္ဍော မုဏ္ဍကော။ ကုစ္ဆိတော+ သမဏာ သမဏကာ ဟုပြု။]ပါထိကဝဂ်ဋီကာ။ ။ ဤ ဋီကာ၌ကား မုခတော ဇာတာက်ု တိုက်ရျုက် အဓိပ္ပါယ်ယူရမည် မုချစကားဟု မယူဆပဲ ဥပစာစကားဟု ယူဆ၍ ဗြာဟ္မဏတို့သညါ ဗြဟ္မာမင်း၏ ခံတွင်းမှ မွေးဖွားသည် ဟု ဆိုသော်လည်း တကယ်မွေးဖွေးသည် မဟုတ်၊ ဗြဟ္မာမင်း၏ မုခပါဌ်တည်းဟူသော စေဒကျမ်းစာမှ ပေါက်ဖွားလာကြသူများ ဖြစ်သည်ဟု ဖွင့်သည်၊ ဗြဟ္မဇာ၌လည်း မဟာဗြဟ္မာ၏ ဝေဒဟူသော စကားကြောင့် ဖြစ်ကုန်၏ဟု လည်းကောင်း၊ ဗြဟ္မ နိမ္ပိတာ၌ မုခတော ဇာတာ ဗြဟ္မဇာ ဟူသော အကြောင်း ၂ပါးကြောင့်ပင် ဗြဟ္မာမင်းက ဖန်ဆင်း အပ်သည် ဟု လည်းကောင်း ဖွင့်၏။ မှန်၏၊- ထို အဖွင့်သည် “ ဗြဟ္မုနော+ ဣဒံ ဗြဟ္မံ၊ ဗြဟ္မံ+ အဏတီတိ ဗြဟ္မဏော” ဟူသေဋ ဝေရဉဇာကဏ္ဍဋ္ဌကထာလာ စကားနှငိ့ ထပ်မိ၏၊ ပညာတက် ဗြဟ္မဏများကလည်း ပါထိကဝဂ်ဋီကာကဲ့သို့ပင် ယူဆကြပေလိမ့်မည်။ မေးဖွယ်။ ။ ထိုသို့ယူလျှင် “ မုခတောဇာတာ” ဟူသော စကားနှင့် ဗုဒ္ဓမြတ်စွာမိန့်တော်မူအပ်သော “ဒီဿန္တိ ခေါ ဝါသေဋ္ဌ၊ ပေ၊ ယောနိဇာဝ သမာနာ” ဟူသောစကားနှစ်းပ်ကို အဘယ်သိို့ မှတ်ရမည်နည်းဟု မေးစရာရှိ၏၊ ဗုဒ္ဓမြတ်စွာသည်ဗြဟ္မဏ အများစု၏ အယူမှားကို တိုက်ရိုက်ပယ် သည်ဟု မှတ်ပါ၊ ထိုပြင်” မုခတောဇာတာ” အရ ဗြဟ္မာမင်း၏ ခံတွင်းမှ တကယ်ပင်မွေးဖွားသာ်ဟု ယူသည်ဖြစ်စေ, ဗြဟ္မမင်း၏ မုခပါဌ်တော်ဖြစ်သော ဝေဒကျမ်းစာမှ ပေါက်ဖွားသည်ဟု ယူသည်ဖြစ်စေ ဗြာဟ္မမင်းတို့၏ အယူကား အမှားသာတည်း၊ ဘာကြောင့်နည်း၊- သတ္တဝါတို့ကိုဖန်ဆင်းနိုင်သော ထာဝရဗြဟ္မာသည်ပင် မရှိသောကြောင့်တည်း။
ဣဗ္ဘေတိ၊ ကား။ ဂဟပတိကေ၊ အိမ့်ရှင်ဖြစ်ကုန်သော။ ဝါ၊ သုဒ္ဒအမျိုးအနွယ် ဖြစ်ကုန်သော။
ကဏှေတိ၊ ကား။ ကာဠကေ၊ မည်းညစ်ကုန်သော။ ဗန္ဓူတိ၊ ကား။ မာရဿ၊ မာရ်နတ်၏။
ဗန္ဓူဘူတေ၊ ဆွေးမျိုးဖြစ်၍ ဖြစ်ကုန်သော။ မာရပက္ခိကေ၊ မာရ်မင်း၏ အသင်းပင်၌ ဖြစ်ကုန်သော။ (မာရ်မင်း၏ ဘက်သားဖြစ်ကုန်သော)။ ပါဒါပစ္စေတိ၊ ကား။ မဟာဗြဟ္မုနော၊ ၏။
ပါဒါနံ၊ ခြေတို့၏။ အပစ္စေဘူတေ၊ သားဖြစ်၍ ဖြစ်ကုန်သော။ ပါဒတော၊ မှ။ ဇာတေ၊ မွေးဖွားကုန်သော။ (မုဏ္ဍကေ၊ စက်ဆုပ်အပ်သော ကတုံးဖြစ်ကုန်သော။ ဝါ၊ ကတုံးစုတ်ဖြစ်ကုန်သော။ သမဏကေ၊ စက်ဆုပ်အပ်သော ရဟန်းတို့သို့။ ဝါ၊ ရဟန်းစုတ်တို့သို့။ အဇ္ဈုပဂတာတိ၊ ကပ်ရောက်ကုန်သည်။ အတ္ထ၊ ဖြစ်ကုန်၏ ၌စပ်။) ဣတိအယံ၊ ကား။ အဓိပ္ပါယော၊ ပုဏ္ဏားတို့၏ အလိုတည်း။
တဂ္ဃ ဝေါ။ ပေ။ ဧဝ မာဟံသူတိ ဧတ္ထ၊ ဟူသော ဤပါဌ်၌။ ဝေါတိ၊ ဝေါဟူသော သဒ္ဒါသည်။ နိပါတမတ္တံ၊ အနက်မရ နိပါတ်မျှသာတည်း။ ဝါ၊ တနည်း။ သာမိဝစနံ၊ သာမိ ဝိဘတ်ရှိသော သဒ္ဒါတည်း။ တုမှာကံ၊ သင်တို့၏။ ဗြဟ္မဏာ၊ ပုဏ္ဏားတို့သည်။ (ဧဝမာဟံသု၌စပ်)။ ဣတိ အတ္ထော၊ နက်။ဣမေ။ ။ [ ဣဗ္ဘာ၏ ဝစနတ္ထနှင့်တကွ အဓိပ္ပါယ်အကျယ်ကို သီလက္ခန် ဘာသာ ဋီကာ အမ္ဗဋ္ဌသုတ်၌ ကြည့်ပါ။] ဆင်သည် “ဣတ” မည်၏၊ ဆင်သည် စေခိုင်သူ၏ အလိုအတိုင်း သစ်ဆွဲမှုစသော ကာယပယောဂကို တပင်တပန်း ပြုရသကဲ့သို့, အလုပ်သမား လယ်သမား ဂဟပတိတို့လည်း အားသွန် ခွန်စိုက် ပင်ပင်ပန်းပန်း အလုပ်လုပ်နိုင်မှ စားဝတ်နေရေး ပြေလည်ကြသောကြောင့် ဂဟပတိကတို့သည် “ဣဗ္ဘ” မည်၏၊ ထိုကြောင့် “ဣဗ္ဘေတိ ဂဟပတိကေ” ဟု ဖွင့်သည်။ ဆက်ဦးအံ့။ ။ ဂဟပတိဟု ဆိုသော်လည်း များစွာသောအိမ်တို့ကို ပိုင်ဆိုင်သောသူကြွယ်မျာူ မဟုတ်၊ တအိမ်မျှလောက်သာ ပိုင်ဆိုင်သေဋ အိမ်ပိုင်ရှင်ကလေးများတည်း၊ ထိုကြောင့် “ဂဟပတိ” ဟုသာမဆိုပဲ “ဂဟပတိက” ဟုခုဒ္ဒကအနက်ဟောက ပစ္စည်းဖြင့်ဆို၍ ဣဗ္ဘေတိ သုဒ္ဒဟု ဋီကာ၌ ဖွင့်သည်၊ အိမ် ဟူသော အနှောင်အဖွဲ့ဖြင့် ဖွဲ့အပ်သော အောက်တန်းကျသောသူဆင်းရဲများ- ဟူလို ၊ ဂဟပတိ လူမျိုး အများစုပါဝင်သော သမဏတို့ကိုလည်း ဗြာဟ္မဏတို့က “ဣဗ္ဘ” ဟု နှိပ်ချ၍ သုံးစွဲသည်။ ဗန္ဓူ။ ။ ဗန္ဓနတ္ထေန ဗန္ဓု၊ သံယောဇဉ်ကြိုးဖြင့် ဖွဲ့နှောင်တတ်သောကြောင့် ဆွေမျိုးသည် “ ဗန္ဓ” မည်၏၊ ရဟန်းများကို “မာရ်နတ်၏ ဘတ်သားများ “ ဟု ဗြာဟ္မဏတို့က ယူဆကြသည်၊ [ အမ္ဗဋ္ဌ သုတ္တဋ္ဌကထာ၌ “ဗန္ဓုပါဒါပစ္စေ” ဟု တပုဒ်တည်းအဖြစ်ဖြင့် ဖွင့်ပြထားသည်။]
ပေါရာဏန္တိ၊ ကား။ ပေါရဏကံ၊ ရှေး၌ဖြစ်သော။ အဂ္ဂညံ၊ လူအပေါင်းတို့သည် အစဟူ၍ အသိအမှတ် ပြုအပ်သော။ လောကုပ္ပတ္တိ စရိယဝံသံ၊ သတ္တလောက ဖြစ်ခြင်း၏ အစဥ◌်အဆက်ကို။ (သတ္တလောက ဖြစ်ပုံ အစဥ◌်အဆက်ကို)။
အဿရန္တာတိ၊ ကား။ အဿရမာန၊ အမှတ်မရကုန်သော။ (ဟုတွာ)။ (ဧဝ မာဟံသု ၌စပ်)။
ဣဒံ ဝုတ္တံ ဟောတိ။ (ကိံ ဝုတ္တံ ဟောတိ)။ ဝါသေဋ္ဌ၊ ဝါသေဋ္ဌ။ ဧကံသေန၊ စင်စစ်အားဖြင့်။ ဝေါ၊ သင်တို့၏။ ဗြာဟ္မဏာ၊ တို့သည်။ ပေါရာဏံ၊ ရှေး၌ ဖြစ်သော။ လောကုပ္ပတ္တိံ၊ သတ္တလောက၏ ဖြစ်ခြင်းကို။ (သတ္တလောက ဖြစ်ပုံကို)။ အနဣုဿရန္တာ၊ အမှတ်မရကုန်သည်။ အဇာနန္တော၊ မသိကုန်သည်။ (ဟုတွာ)။ ဧဝံ၊ ဤသို့။ ဝဒန္တိ၊ ကုန်၏။ ဣတိ (ဝုတ္တံ ဟောတိ)။
ဒိဿန္တိ ခေါပနတိ ဧဝမာဒိ၊ ဤသို့ အစရှိသော စကားကို။ တေသံ၊ ထို ဗြာဟ္မာဏတို့၏။ လဒ္ဓိဘိန္ဒနတ္ထာယ၊ အယူကို ဖျက်စီးခြင်းအကျိုးငှါ။ (ဘဂဝတာ) ဝုတ္တံ။ [ဗြာဟ္မာဏာ ဗြာဧ္မုနော ပုတ္တာ ဩရသာ မုခတော ဇာတာ ဟူသောအယူကို ပယ်ဖျက်ခြင်းငှါ မိန့်အပ်ပြီ။]
တတ္ထ၊ ထို ဒိဿန္တိ ခေါ ပန အစရှိသော စကားရပ်၌။ ဗြာဟ္မဏီ‌ယောတိ၊ ဟူသည်ကား။ ဗြာဟ္မဏာနံ၊ တို့၏။ ပုတ္တပဋိလာဘတ္တာယ၊ သား သ္မီး ရခြင်း အကျိုးငှါ။ အာဝါဟ ဝိဝါဟသေန၊ သ္မီးဆောင်ယူခြင်း သ္မီးပေးပို့ခြင်း၏ အစွမ်းဖြင့်။ ကုလံ၊ အမျိုးသို့။ အာနီတာ၊ ဆောင်ယူအပ်ကုန်သော။ ဗြာဟ္မဏီယော၊ ပုဏ္ဏားမတို့ကို။ ဒိဿန္တိ၊ တွေ့မြင်အပ်ကုန်၏။ပေါရဏံ အနုဿရန္တာ။ ။ ကမ္ဘာဦးက အမျိုး၄ပါး ပိုင်းခြား ခွဲဝေထားမှု မရှိ , သတ္တဝါအားလုံး တူကြ၏၊ နောက်မှ သတ္တဝါတို့၏ ပယောဂအလိုက်ကွဲပြားမှုဖြစ်ရသည်၊ ထိုဖြစ်စဉ်ကို မသိ၍ ဗြာဟ္မဏတို့က ပြောကြသည်၊ ပြောပုံကို ပါဠိတော်၌ကြည့်ပါ။ အာဝါစ ဝိပါဟ**။ ။ အာဝဟနံ အာဝါဟော- မိမိ သတို့သားအတွက် အခြားအိမ်မှ သတို့သ္မီးကို ဆောင်ယူခြင်း၊ ( အာ+ ဝဟ+ ဏ)၊ ဝိမိနာ+ ဝဟနံ ပေသနံ ဝိတါဟော- မင်္ဂလာ အစီအစဉ်ဖြင့် သတို့သ္မီးကို သူတပါးအိမ်သို့ ပို့ပေးခြင်း။ [ “အာဝါဟ- သတို့သ္မီးကို ဆောင်ယူခြင်း၊ ဝိဝါဟ- သတို့သ္မီးကို ယောကျာ်းအိမ်သို့ ပို့ပေးခြင်း” ဟု အချုပ်မှတ်ပါ။] သဉ္ဇာ တပုပ္ပါ။ ။ ရဇဿလာ ( ရာသီပန်းဟူသော မြူ- အညစ်အကြေးရှိသောမိန်းမ)။ ဣတ္ထီနံ ဟိ ကုမာရိ ဘာဝပ္ပတ္တိတော ( အပျိုအဖြစ်သို့ ရောက်ရာ - အပျို့တော် ဝင်စ အခါမှ)၊ ပဋ္ဌာယ ပစ္ဆိမဝယတော ဩရံ ( သားသ္မီး ရနိုင်လောက်သေဋ နောက်ဆုံးအရွယ်၏ ဤဖက်၌)၊ အသတိ ဝိနိဗန္ဓေ ( အနှောက်အရှက် ဘေးရန်မရှိလျှင်- ကျန်းမာလျှင်) အဋ္ဌမေ သတ္တာဟေ-၌ ၊ ဂဗ္ဘာသယသသည်တေ ( သားအိအါဟု အသိအမှတ်ပြုအပ်သော) တတိယေ အာဝတ္တေ ( သုံရခုမြောက်ဗွေ၌) ကတိပယာလောတိဟ ပီဠကာ ( အနည်းငယ်သော သွေးဖု သွေးဥ တို့သည်) သဏ္ဌဟိတွာ အဂ္ဂဟိတပုဗ္ဗာ ဧဝ ဘိဇ္ဇန္တိ ( ပြည်အဖြစ်သို့ မရောက်ပဲ ပေါက်ကွဲကုန်၏)၊ တတောလောဟိတံ ပဂ္ဃရတိ၊ တတ္ထ ဥတုသမညာ ပုပ္ပသမညာစ၊-ဋီကာ။ မှတ်ချက်။ ။ “အဋ္ဌမေ အဋ္ဌမေ သတ္တာဟေ- ရှစ်သတ္တာဟမှာ တကြိမ်” ဟူ ဋီကာဆ်ု၏၊ ယခုခေတ်၌ “တလလျှင် တကြိမ်” ဟုပြောကြ၏၊ ရှေးခေတ်နှင့် ယခုခေတ်အနည်းငယ် ကွာပေးလိမ့်မည်၊ ထိုပြင် ဤဋီကာ၌ “အဂ္ဂဟိတပုပ္ပါ ဧဝ” ဟု ပါဌ်ပျက်နေ၏၊ သာရတ္ထဋီကာ သုဒိန္နကဏ္ဍ မျက်နှာ (၁၁) အတိုင်း “ပြည်” အနက်ဟော ပုဗ္ဗသဒ္ဒါဖြင့် “ အဂ္ဂဟိတပုဗ္ဗာ ဧဝ” ဟုရှိလျှင် ကောင်းမည်။ ရဇဿလာ။ ။ ဋီကာ၌ ပါသောဤပုဒ်ကို ရှင်းဦးမည်၊ ရဇော+ အတ္ထိ+ အဿာအနက်၌ “ဝလစ်ပစ္စည်း” ဟုထောမနိဓိ ဆို၏၊ ပါဠိ၌ အလပစ္စည်း, သိအာဝုမ်ဒွေတော်လာ၍ “ရဇဿလာ” ဟုဖြစ်၏၊ ထိုပုဒ်သည်မြူနှင့်ယှဉ်သော အရာဝတ္ထုဟူသောအနက်၊ ကျွဲဟူသော အနက်၊ ရာသီပန်းဟူသော မြူရှိသော မိန်းမဟူသောအနက်များကိုဟော၏၊ ပထမအနက်၌ သုံးလိန်, တတိယ၌ ဣတ္ထိလိန်တည်း။
ပန၊ ဆက်။ တာ ဧတာ၊ ထိုပုဏ္ဏားမတို့သည်။ အပရေန၊ တပါးသော။ သမယေန၊ အခါ၌။ ဥတုနီယော ပိ၊ ဥတုရှိကုန်သည်လည်း။ ဟောန္တိ။ သဥ္ဇာတပုပ္ပါ၊ ဖြစ်သော ဥတုပန်းရှိကုန်သည်။ (ဟောန္တိ)။ ဣတိ အတ္ထော၊ နက်။
ဂဗ္ဘိနိယောတိ၊ ဟူသည်ကား။ သဥ္ဇာတဂဗ္ဘာ၊ ဖြစ်သော ကိုယ်ဝန်ရှိကုန်သော။
ဝိဇာယမာနာတိ၊ ကား။ ပုတ္တဓီတရော၊ သား သ္မီးတို့ကို။ ဇနယမာနာ၊ ဖြစ်စေကုန်သော။ ["ဇနယမာနာ"ဟု ဖွင့်သဖြင့် ဝိဇာယမာနာဝယ် ဇနီဓာတ်၏ သားဖွားခြင်း အနက်ကို ပြသည်။]
ပါယမာနတိ၊ ကား။ ဒါရကေ၊ ကလေးတို့ကို။ ထညံ့၊ နို့ ရည်ကို။ ပါယန္တိယော၊ သောက်စေကုန်သော။ (ဗြဟ္မဏိယော၊ တို့ကို။ ဒိဿန္တိ၊ တွေ့မြင်အပ်ကုန်၏။)
ယောနိဇာဝသမာတိ၊ ကား။ ဗြာဟ္မဏိန်၊ တို့၏။ ပဿာဝမဂ္ဂေန၊ ပဿာ ဝ မဂ်ဖြင့်။ ဝါ၊ ဿာဝ မဂ်ကြောင့်။ ဇာတာ၊ ဖြစ်ကုန်သည်။ သမာနာ၊ ဖြစ်ပါကုန်လျက်။
ဧဝမာဟံသူတိ၊ ကား။ ဧတံ၊ သို့။ ဝဒန္တိ၊ ကုန်၏။
ကထံ၊ အဘယ်သို့လျှင်။ (ဝဒန္တိ၊ နည်း။)
ဗြာဟ္မဏောဝ။ ပေ။ ဗြဟ္မဒါယာဒါတိ၊ ဟူ၍။ (ဝဒန္တိ )။ ပန၊ ဆက်။ နေသံ၊ ထို ပုဏ္ဏားတို့၏။ တံ၊ ထို ဗြာဟ္မဏာ ဗြဟ္မုနော ပုတ္တာ အစရှိသော စကားသည်။ သစ္စဝစနံ၊ မှန်သော စကားသည်။ ယဒိ သိယာ၊ အကယ်၍ဖြစ်အံ့။ ( ဧဝံသတိ )။ ဗြာဟ္မဏီနံ၊ ပုဏ္ဏားမတို့၏။ ကုစ္ဆိ၊ ဗိုက်သည်။ မဟာ ဗြာဟ္မဿ၊ မဟာဗြာဟ္မာ၏။ ဥရော၊ ရင်သည်။ ဘဝေယျ၊ ဖြစ်ရာ၏။ ဗြာဟ္မဏီနံ၊ တို့၏။ ပဿာဝပဂ္ဂေါ၊ ပဿာဝမဂ်သည်။ မဟာဗြဟ္မုနော၊ ၏။ မုခံ၊ ပါးစပ်သည်။ ဘဝေယျ၊ ဖြစ်ရာ၏။
ပန၊ စင်စစ်ကား။ ဧတံ၊ ဤ အ‌ကြောင်းအရာကို။ ( ဗြာဟ္မဏီတို့၏ ဗိုက်က မဟာဗြဟ္မာ၏ ရင်ဘတ်ဖြစ်ခြင်း, ဗြာဟ္မဏီတို့၏ ပဿာဝမဂ်က မဟာဗြဟ္မာ၏ ပါးစပ်ဖြစ်ခြင်းဟူသော ဤ အကြောင်းအရာကို)။ ဧဝံ၊ ဤသို့။ ( ပုဏ္ဏားတို့ဆိုအပ်သော အခြင်းအရာအားဖြင့်) န ခေါ ဒဋ္ဌဗ္ဗံ၊ မမှတ်ထိုက်။
တေန၊ ထို့ကြောင့်။ တေစ။ ပေ။ အဗ္ဘာစိက္ခန္တိ အာဒိ= အစရှိသော။ ( ယံ ဝစနံ အတ္ထိ။ တံ ဝစနံ။ ဘဂဝါ၊ သည်)။ အာဟ၊ မိန့်တော်မူပြီ။