Issues
Select Version
Bhāsāṭīkā-ဘာသာဋီကာ
မြန်မာဘာသာ
(DN) Pāthikavaggaṭṭhakathā
(DN) Pāthikavaggaṭṭhakathā

တပေါဇိဂုစ္ဆာဝါဒ= အဖွင့်။

Author: Bhāsāṭīkā-ဘာသာဋီကာ @ IAPT

တပေါဇိဂုစ္ဆာဝါဒ၊ အဖွင့်။

ဝိပ္ပကတာတိ၊ ကား။ မမ၊ ၏။ အာဂမနပစ္စယော၊ လာခြင်းဟူသော အကြောင်ရကြောင့်။ အနိဋ္ဌနတာဝ၊ မပြီးဆုံးသေးသည်သာလျှင်။ ဟုတွာ၊ ၍။ ဌိတာ၊ တည်သော။ (ကထာ ၌စပ်) ။ ကထေထဟ်ိ၊ ပြောလော့။ အဟံ၊ သည်။ ဧတံ၊ အဲဒီစကားကို။ နိဋ္ဌာပေတွာ၊ ပြီးဆုံးစေ၍။ မတ္ထကံ၊ အထွက်အထိပ်သို့။ ပါပေတွာ၊ ရောက်စေ၍။ ဒသောမိ၊ ပြတော်မူသည်။ ဣတိ၊ သို့။ သဗ္ဗညုပဝါရဏံ၊ သဗ္ဗညုဘုရားရှင်တို့၏ ဖိတ်မန်တော်မူခြင်းကို။ ဝါ၊ ဖြင့်။ ပဝါရေသိ၊ ဖိတ်မန်တော်မူပြီ။
ဒူဇ္ဇာနံခေါတိ၊ ကား။ ဘဂဝါ၊ သည်။ ပရိဗ္ဗာဇကဿ၊ ၏။ ဝစနံ၊ ကို။ သုတွာ၊ ၍။ အယံ ပရိဗ္ဗာဇ၊ သော။ ဓမ္မံ၊ ကိုလည်းကောင်း။ တေဟိ၊ ထို သာဝကတို့သည်။ ပူရေတဗ္ဗ၊ ဖြည့်ကျင့်ထိုက်သော။ ပဋိပတ္တိံ၊ ကိုလည်းကောင်း။ ပုစ္ဆတိ၊ ၏။ အဟံ၊ သည်။ အဿ၊ ထို ပရိဗ္ဗိုဇ်အား။ အာဒိတောဝ၊ အစ၌ပင်။ ( အစကပင်)။ တံ၊ ထို တရား အကျင့်ကို။ ( သာဝကတို့အား ဟောတော်မူထိုက်သော ထိုတရား, သာဝကတို့ ကျင့်ထိုက်သော ထိုအကျင့်ကို)။ သစေကထေဿာမိ၊ အကယ်၍။ ဟောအံြ။ ( ဧဝံ သတိ) ကထနတမ္ပိ၊ ဟောတော်မူအပ်သည်လည်း ဖြစ်သော။ နံ၊ ထိုတရား အကျင့်ကို။ န ဇာနိဿတိ၊ သိလိမ့်မည် မဟုတ်။ ပန၊ စင်စစ်ကား။ အယံ၊ ဤ နိဂြောဓပရိဗ္ဗိုဇ်သည်။ ဝီရိယေန၊ ဖြင့်။ [ ခေါင်းပါးသော အကျင့်ကို အားထုတ်ကြောင်း ဝီရိယ ဖြင့်] ပါပဇိဂုစ္ဆနဝါဒေါ၊ မကောင်းမှုကို စက်ဆုပ်ကြောင်း အယူရှိ၏။ [ ခေါင်းပါးသောအကျင့်ဖြင့် ခန္ဓာကိုယ်၌ စွဲလမ်း တပ်မက်သော တဏှာကို ပယ်သော အားဖြင့်မကောင်းမှုကိုစက်ဆုပ်ကြောင်း အယူဝါဒရှိ၏။]ဟန္ဒ၊ ယခု။ ( ယခုနယ်က)။ အဟံ၊ ငါသည်။ တဿေဝ၊ ဤ နိဂြောဓမပရိဗ္ဗိုဇ်၏သာ။ ဝိသယေ၊ အရာဖြစ်သော အယူဝါဒ၌။ ပဥှံ၊ ကိူ။ ပုစ္ဆာပေတွာ၊ မေးစေ၍။ ပုထုသမဏဗြဟ္မဏာနံ၊ များစွာသော သမဏဗြဋဟ္မဏတို့၏။ နိရတ္ထကဘာဝံ၊ အကျိုးမရှိသည်၏ အဖြစ်ကို။ ဒဿေမိ၊ ပြတော်မူအံ့။
အထ ပုစ္ဆာ၊ ထိုမှ နောက်၌။ ဣမံ ပဥှံ၊ ကို။ [နိဂြောဓပရိဗ္ဗိုဇ် မေးအပ်သော” ကော နာမ သော ဘန္တေ” စသောပြသာနာကို။] ဗျာကရိဿမိ၊ ဖြေတော်မူမည်။ ဣတိ၊ သို့။ စိန္တေတွာ၊ ၍။ ဒုဇ္ဇာနံ၊ ခေါဧတန္တိ အာဒိံ= ကို။ အာဟ၊ ပြီ။ **ဒိပ္ပကတာ**။ ။ ပကတာ၊ စ၍ပြုအပ်သည်+ (ဟုတွာ)+ ဝိစ္ဆိန္နာ= ဖြတ်ထားအပ်, ရပ်ထားအပ်သော။ ဝါ၊ ပြတ်သွားသော စကားတည်း။ ဝိပ္ပကထာ= စကား။ ပကတညုတာ၌ ပကတပုဒ်ကဲ့သို့ ပကတသည် ပဌမပြုအပ် ဟူသော အနက်ဟေဋတည်း။ ဝိကား ဝိစ္ဆိန( ပြတ်ခြင်း) အနက်ဟောတည်း။ ဤကား ဋီကာ အလိုတည်း၌ သီလကွန် ဘာသာဋီကာ ပဌမ အုပ် (၃၀၇) ၌မူ တနည်း ဖွင့်ထားသည်။
တတ္ထ၊ ထို ဒုဇ္ဇာနံခေါဧတံ အစရှိသော စကားရပ်၌။ သကေ အာစရိယကေတိ= ကား။ အတ္တနော၊ ၏။ အာစရိယဝါဒေ၊ ဆရာ၏အယူဝါဒဖြစ်သော။ အဓီဇေဂုစ္ဆေတိ၊ ကား။ ဝီရိယေန၊ ဖြင့်။ ပါပဇိဂုစ္ဆာနဘာဝေ၊ မကောင်းမှုကိုစက်ဆုပ်သူ၏ အဖြစ်၌။ ( ပုစ္ဆ ၌စပ်)။
[ ဇိဂုစ္ဆတီတိ ဇိဂုစ္ဆော။ ဂုပဓာတ်+ ဆပစ္စည်း, အပစ္စည်း။ ဇိဂုစ္ဆာဿ+ ဘာဝေါဇေဂုစ္ဆံ။ အဓိကံ+ ဇေဂုစ္ဆံ အဓိဇေဂုစ္ဆံ။ ကထံ သန္တာတိ၊ ကား။
ကထံ၊ အဘယ်အပြားအားဖြင့်။ ( အဘယ်နည်းဖြင့်) ဘူတာ၊ ဖြစ်သော။ [ သန္တာ၌ အသဓာတ်ကို ဘူဓာတ်ဖြင့်ဖွင့်သည်။]
တပေါဇိဂုစ္ဆာတိ၊ ကား။ ဝီရိယေန၊ အတ္တကိလမထာ နုယောဂ ဝီရိယဖြင်။ ပါပဇိဂုစ္ဆာ၊ မကောင်းမှုကို စက်ဆုပ်ခြင်းသည်။ ( စက်ဆုပ်ကြောင်း အကျင့်သည်)။ ပါပဝိဇ္ဇနာ၊ မကောင်းမှုမှ ရှောင်ကြဉ်ကြောင်း အကျင့်သည်။
ပရိပုဏ္ဏာတိ၊ ကား။
ကထံ၊ အဘယ် အပြားအားဖြင့်။ အပရိသုဒ္ဓါ၊ ထက်ဝန်းကျင် မစင်ကြယ်သည်။ ‌​ေဟာတိ၊ ဖြစ်ပါသနည်း။ ဣတိ ဧဝံ၊ သို့။ ပုစ္ဆ၊ မေးလော့။ ဣတိ၊ ဤသို့မိန့်တော်မူပြီ။ [ ရှေးနိဿယ၌ ပုစ္စတိဟု ရှိ၏။ ကောင်းနည် မထင်။ ပါဠိတော်ကိုကြည့်ပါ။]**သကေ အာစရိယကေ**။ ။ သဿ+ အယံ၊ သကော (မိမိ၏ ဥစ္စာဖြစ်သောအယူဝါဒ)။ အာစရိယဿ+ အယံ အာစရိယကော။ ( ဆရာ၏ ဥစ္စာဖြစ်သော အယူဝါဒ)။ ဤသို့ အယူဝါဒချည်း ရသောကြောင့် သဿ၏ သမ္ဗန္ဓီဖြစ်သော အယံ၏အနက်ကို”အတ္တနော သန္တကေ အာစရိယဝါဒေ” ဟု သီးခြားမဖွင့်ပဲ “ အတ္တနော အာစရိယဝါဒေ” ဟု ပေါင်းဖွင့်သည်။ [ ရှေးနိဿယ၌ “သကံ အာစရိယကံ” ဟုနပုံလိန်ထား၏။ ဤ၌ “ ဝါဒေါ” ကိုငဲ့၍ ပုံလိန်ထားလိုက်ပါသည်။] **တပေါဇိရစ္ဆာ**။ ။ ကာယဒဠီ ဗဟုလံ၊ များသောကိုယ်၏ ခိုင်ခန့်ခြင်း ရှိသူ၏ အဖြစ်ကို။ [ ဘာဝပဓာန ဘာဝလောဂ] + တပတိ= လောင်မြိုင်တတ်၏။ ဣတိ တပေါ။ ( အတ္တကိလမထာနုယောဂ အစွမ်းဖြငိ့ ဖြစ်သော ဝီရိယတည်း။) ဇိဂုစ္ဆနံ ဇိဂုစ္ဆာ။ တာပေန+ ဇိဂုစ္ဆာ တပေါဇိဂုစ္ဆာ။ အဟား အဝတ်ကျောင်း အိပ်ရာနေရာတို့၌ မက်မောခြင်း တဏှာကို ပယ်ဖျောက်မှုကို အရင်းပြုသဖြင့်ခန္ဓာကိုယ်၌ လွန်စွာ ချစ်ခင်မှုတဏှာ၏ ကင်းပျောက်ခြင်းတည်း။ **ပရိပုဏ္ဏာ**။ ။ ပရိပုဗ္ဗ+ ပုရဓာတ်+ တ ပစ္စည်းဖြင့်” ပရိပုဏ္ဏာ” ဟုဖြစ်၏။ ပရိ( သမန္တတော) ပူရတီတိ ပရိပုဏ္ဏာ၊ ထက်ဝန်းကျင်ပြည့်စုံသော အကျင့်။ “ ထက်ဝန်းကျင် ပြည်စုံ” ဟူသည်လည်း အထက်၌ ဟောတော်မူအပ်လတံ့သော မုတ္တာစာရ အစရှိသော အစေလကကျင့်ဝတ်အားလုံးတို့ကို တပြိုင်နက် အကြွင်းအကျန် မရှိသောအားဖြင့်ဆောက်တည်၍ ဖြည့်ကျင့်ဖို့ရန် မဖြစ်နိုင်သည့်အတွက် ထိုကျင့်ဝတ်တို့တွင်တပေါင်းတည်း ဆောက်တည်အပ်ပြီသော ကျင့်ဝတ်တို့ကို စင်ကြယ်စေခြင်းသည်ပင် ပရိပုဏ္ဏ မည်၏။ ထိုကြောင့် “ပရိပုဏ္ဏတိ ပရိသုဒ္ဒါ “ ဟု ဖွင့်သည်။ [ စင်ကြယ်ခြင်းဟူသည် မိမိတို့၏ အယူဝါဒ၌ ထင်ရှားပြီးသောနည်းဖြင့် ကျင့်ခြင်းတည်း။ ထိုနည်းကိုရှေးနိဿယ၌ “ဤ ကျင့်ဝတ်မျိုးကိုငါတို့၏ အကျင့်တည်း” ဟု “ စိတ်ဖြင့် အာရုံပြု၍ သုတ်သင်ခြင်း” ဟု သရုပ်ဖော်ထားသည်။
ယတြ ဟိ နာမာတိ၊ ကား။ ယော၊ အကြင် ရဟန်းဂေါတမသည်။ ( ထပေဿတိ) နာမ၊ ထားနိုင်ပါ၏။ ( ပဝါရေဿတိ) နာမ၊ ဖိတ်မန့် နိုင်ပါပေ၏။ [ ယောဖြင့် ယတြ၌တြပစ္စည်း လိင်္ဂတ္ထ (ပဌမာအနက်) ၌ သက်သည်ဟူပြ၏။]
အပ္ပသဒ္ဒေ ကတွာတိ၊ ကား။ နိရဝေ အပ္ပသဒ္ဒေ၊ အသံမရှိသူတို့ကို။ ကတွာ၊ ၍။ (အဝေါစ ၌စပ်)။ ကိရ၊ ချဲ့။
သော၊ ထိုနီဂြောဓပဗ္ဗိုဇ်သည်။ စိန္တေသိ၊ ကြံပြီ။ ဝါ၊ စဉ်းစားပြီး။ (ကိံ)။
သမဏော ဂေါတမော၊ သည်။ ဧကံ ပဥှမ္ပိ၊ တခုသော ပြဿနာကိုသော်မှ လည်းကောင်း။ န ကထေတိ၊ မဖြေဆို။[ ရှေးဦးသွာမိမိက မေးအပ်သော ပြဿနာကို မဖြေဆို။] အဿ၊ ထို ရဟန်းဂေါတမ၏။ အတိဗဟုကာ၊ အလွန်များသော။ သလ္လာပကထာပိ၊ (ဤပရိဗ္ဗိုဇ်တို့နှင့်) အတူပြောဆိုအပ်သော စကားသည်လည်း။ နတ္ထိ၊ မရှိ။ ဣမေ ပန၊ ဤပရိဗ္ဗိုဇ်တို့သည် ကား။ အာဒိတော၊ အစမှ ။ ပဋ္ဌာယ၊ စ၍။ သမဏ ဂေါတမံ၊ ရဟန်းဂေါတမကို။ ဝါ၊ သို့ ။ အနုဝတ္တန္တိစေဝ၊ အစဉ်လည်းလိုက်ကြကုန်၏။ ပသံသန္တိစ၊ ချီးမွမ်းလည်း ချိီးမွမ်းကြကုန်၏။ ဟန္ဒ၊ ယခု။ အဟံ၊ သည်။ ဣမေ၊ ဤပရိဗ္ဗိုဇ်တို့ကို။ နီဿျဒွ၊ အသံမရှိသည်တို့ကို။ ကတွာ၊ ၍။ သယံ၊ ကိုယ်တိုင်။ ကထေမိ၊ ပြောအံ့။ ဣတိ၊ ဤသို့ကြံပြီ။
သော၊ ထိုနိဂြောဓပရိဗ္ဗိုဇ်သည်။ တထာ၊ ထိုကြံသည့်အတိုင်း။ အာကာသိ၊ ပြုပြီ။
တေန၊ ကြောင့်။ အပ္ပသဒ္ဒေ ကတွာသိ၊ ဟူ၍။ ( င်္သဂီတိကာရေတိ) ဝုတ္တံ။
တပေါဇိဂုစ္ဆ ဝါဒါတိအာဒီသု၊ တပေါဇိဂုစ္ဆဝါဒါ အစရှိသော ပါဠိရပ်တို့၌။ တပေါဇိဂုစ္ဆ၊ ဝီရိယဖြင့် မကောင်းမှုကို စက်ဆုပ်ခြင်းကို။ ဝဒါမ၊ ကုန်၏။ [ "တပေါဇိဂုစ္ဆ၊ များသောက်ုယ်၏ ခိုင်ခံ့ခြင်းရှိသူ၏ အဖြစ်ကို လောင်မြှိုက်တတ်သော အတ္တကိလမထာနုယောဂ ဝီရိယဖြင့် မကောင်းမှုကို စက်ဆုပ်ခြင်းကို" ဟူ၍လည်း အနက်အကျယ် ပေးပါ။] မနသာပိ၊ စိတ်ဖြင့်လည်း။ တမေဝ၊ ထို တပေါဇိဂုစ္ဆအကျင့်ကိုပင်။ သာရေတော၊ အနှစ်သာရအားဖြင့်။ ဂဟေတွာ၊ ၍။ ဝိစရာမ၊ လှည့်လည်ကြပါကုန်၏။ ကာယေန ပိ၊ ကိုယ်ဖြင့်လည်း။ တမေဝ၊ ထို တပေါဇိဂုစ္ဆ အကျင့်ကိုပင်။ အလ္လီနာ၊ ငြိကပ်ကုန်သည်။ အမှ၊ ဖြစ်ပါကုန်၏။ မာနပ္ဖကာရကံ၊ အမျိုးမျိုးသော အပြားရှိသော။ အတ္တကိလမထာနုယောဂံ၊ ခန္ဓာကိုယ်၏ ပင်ပန်းကြောင်း အကျင့်ကို အဖန်ဖန် အားထုတ်မှုကို။ အနုယုတ္တာ၊ အဖန်ဖန် အားထုတ်ကုန်သည်။ (ဟုတွာ) ဝိဟရာမ= နေပါကုန်၏ ။ ဣတိ အတ္ထော= နက်။