သုခလ္လိကာနုယောဂါဒိ၊ အဖွင့်။
ဇိဝှါ၊ လျှာသည်။ အတ္ထိ၊ ၏။ ဣတိ၊ ဤသို့ ကြံ၍။ ယံယံ၊ အကြင်အကြင် အကြောင်းအရာကို။ ဣစ္ဆန္တိ၊ ပြောခြင်းငှါ အလိုရှိကုန်၏။ ( ပြောလိုကုန်၏)။ တံတံ၊ ထိုထို အကြောင်းအရာကို။ ကထေန္တိ၊ ကုန်၏။ ကဒါစိ၊ တခါတလေ၌။ မဂ္ဂံ၊ မဂ်ကို။ ကထေန္တိ၊ ကုန်၏။ ကဒါစိ၊ ၌။ ဖလံ၊ ( ကထေန္တိ)။ ကဒါစိ၊ ၌။ နိဗ္ဗာနံ ( ကထေန္တိ) ဣတိ၊ ဤ ဆိုအပ်ပြီးကား။ အဓိပ္ပါယော၊ အညတိတ္ထိယ ပရိဗ္ဗာဇကတို့၏ အလိုတည်း။
''' **မှတ်ချက်**။ ။ ဝိသုဒ္ဓိဋီ၊ ၌ " အတ္ထီ" ဟု တဒ္ဓိတ်ဖြစ်ပြီးမှ ဣမ (ဣဒ) နှင့် သမာသ်တွဲ၏ မောဂ်။ ပဉ္စိကာ။ တတိယကဏ္ဍ ၅၅= သုတ်၌ " ဣဒမတ္ထော" ဟု ရှေးဦးစွာ သမာသ်တွဲပြီးမှ အဿတ္ထိဆင့်သည်။ အကျယ်ကို ထိုသုတ်၌ ရှု။ ထို့အပြင် ဤဋီကာ၌ ဣဓမတ္ထိတံ" ဟုရှိသည်။ အနက်တူပင်။
**သုခေတိ**။ ။ [ သုခ+ ကာရိတ်ဏေ+ တိ။ ] ချမ်းသာစေ၏ ဟု အနက်ဖြစ်၏ သုခိတံ ကရောတိကား အဓိပ္ပါဟတ္ထ။ သုခိတံ၌ သဉ္ဇတအဿတ္ထိ အနက်၌ ဣတပစ္စည်း။ [သုခိတံတိ သဉ္ဇတသုခံ။၊ ဋီကာ။]
**ပီဏေတိ**။ ။ ဓာတွတ္ထသင်္ဂဟ၌ ပီဏဓာတ်မတွေ့ရ။ " ပိဏ တပ္ပနေ၊ နှစ်သက်စေခြင်း" ဟု တွေ့ရသည်။ ပီဏိန္ဒြိယာယာစသည်၌ ပီဓာတ်+ ယု ပစ္စည်းဖြင့်ပြီးသော " ပီဏ" နာမ်ပုဒ်ကား ရှိ၏ သို့ဖြစ်၍ ပိဏဓာတ်မှ ပိ၌ ဒီဃပြု၍ " ပီဏေတိ" ဖြစ်သည်ဟု ကြံသင့်သည်။ နီတိ။ ဓာတု ( ၆၁) ၌ကား ပရိပုဏ္ဏအနက်ဟော ပီဏဓာတ်ရှိ၏ ထိုအလို ပိ၌ ဒီဃပြုဖွယ်မလိုတော့။ " ပီဏေတိ= ပြည့်ဖြိုးစေ၏။ ဝါ= နှစ်သက်စေ၏" ဟု ပေး။
**ပီဏိတံစသည်**။ ။ ပီဏိတန္တိ ဓာတံ ( မိမိကိုယ်ကို ဆောင်နိုင်သူ, ဝသူ)။ သုဟိတံ ( ပြည့်စုံလုံလောက်သူ)။ တထာဘူတော ပန ယသ္မာ ထူလသရီရော ဟောတိ။ တသ္မာထူလံ ကရောတီတိ ဝုတ္တံ။၊ ဋီကာ။ [ ပီဏိတ၌ ပီဏနာမ်ပုဒ်+ ဣတပစ္စည်း။]
**အဋ္ဌိတဓမ္မာ**။ ။ တိတ္ထိများက ရဟန်းတို့ကို " စကားမတည်သူများ" ဟု ယူဆကြ၏။ " တရံတခါ မဂ်ပြော, တခါတရံ ဖိုလ်ပြော, တခါတရံ နိဗ္ဗာန်ပြောနှင့် လျှာအရိုးမရှိတိုင်း လှည့်ပတ်၍ တွေ့ကရပြောသူများ" ဟု ဆိုလို၏။ စကားမတည်လျှင် ထို ရဟန်းများ၏သဘောထားလည်း စွဲစွဲမြဲမြဲ မတည်ဟုပင် ပရိဗိုဇ်များက ဆိုလိုကြသည်။ ထို့ကြောင့် " ဇိဝှါနော အတ္ထိ" စသည်ဖြင့် သရုပ်ဖေါ်သည်။၊ [ န+ဋ္ဌိတသဘာဝါတိ အနဝဋ္ဌိတသဘာဝါ (စွဲမြဲတည့်တံ့သောသဘော မရှိကုန်)။ ဧဝရူပံ ယကထာယ အနဝဋ္ဌာန ဘာဝတော သဘညဝေါပိ တေသံ ( ထို သကျပုတ္တိယတို့၏) အနဝဋ္ဌိတောတိ အဓိပ္ပါယော= ဋီကာ။
**ဇာနတာ ပဿတာ**။ ။ ပဉ္စိစက္ခူဟိအရ ဗုဒ္ဓစက္ခု, သမန္တ, ဉာဏ, ဒိဗ္ဗ, ဓမ္မစက္ခု ဟု ငါးမျိုးရှိ၏ ဇာနတာ အရ သဗ္ဗညုတဉာဏ်ကို ယူခဲ့သောကြောင့် သဗ္ဗညုတဉာဏ်နှင့် သမန္တစက္ခုသည် ဉာဏ်တပါးတည်း ဖြစ်သဖြင့် ယူပြီးသားကို မယူရသော အဂ္ဂဟိတဂ္ဂဟဏနည်းအားဖြင့် ၄ ပါးကိုသာယူပါ ဟု ဋီကာဆိုသည်။ ပါဠိတော်၌ကား၊ ဇာနတော= သဗ္ဗညုတဉာဏ်ဖြင့် သိတော်မူသော။ ပဿတာ= ဗုဒ္ဓ ဓမ္မ သမန္တနှင့်ဒိဗ္ဗ ပညာ ငါးဖြာသောဉာဏ်မျက်စိဖြင့် မြင်တော်မူသောဟု ပေးပါ။ [ ပညာနေရာ၌ မံသစက္ခကိုထည့်၍ " ဗုဒ္ဓ ဓမ္မ, သမန္တနှင့် ဒိဗ္ဗ မံသ" ဟုလည်း ဖွင့်ကြ၏။
**တနည်း**။ ။ သဗ္ဗညုတဉာဏ်နှင့် သမန္တစက္ခုသည် ဉာဏ်တပါးတည်း ဖြစ်သော်လည်း သိဖွယ်တရားအားလုံး၌ သိခြင်း၏အစွမ်းဖြင့် ဖြစ်ပုံကိုစွဲ၍ " ဇာနတော" ဟုလည်းကောင်း, လက်တွင် ထင်ထားအပ်သော ရှစ်ရှားသီးကဲ့သို့ မျက်မှောက်ပြုသောအားဖြင့် မြင်တော်မူပုံကိုစွဲ၍ " ပဿတာ" ဟုလည်းကောင်း ဆိူသည်။ ဤအလို " ဇာဝနတာ၊ အလုံးစုံသော ေဉယျတရားတို့ကို သိတော်မူသော။ ပဿတာ= လက်တွင်တင်ထား ရှစ်ရှားသီးအသွင် မြင်တော်မူသော" ဟုလည်း ပေးပါ။
**ဂမ္ဘီရနေမော**။ ။ နေမ ဟူသည် တိုင်အစရှိသည်တို့ ဝင်ရောက် တည်နေအပ်သော မြေအရပ် (တွင်း) တည်း။ ထို့ကြောင့်" ဂမ္ဘီရဘူမိ" ဟုဖွင့်သည်။ "ဂမ္ဘီရံ+ နေမံ+ ယဿတိ၊ ဂမ္ဘီရနေမော ( ဣန္ဒခီလော)။ [ နေမံဝုစ္စတိ ထမ္ဘာဒိဟိ အနုပဝိဋ္ဌဘူမိပ္ပဒေသေဝတိ အာဟ " ဓမ္ဘီရဘူမိံ အနိပဝိေဋ္ဌာ" တိ= ဋီကာ။]
'''
သေယျထာပိ ပုဗ္ဗေ အဂါရိကဘူတောတိ၊ ကား။ ပုဗ္ဗေ၊ ရှေး၌။ ဂိဟိဘူတော၊ လူဖြစ်၍ဖြစ်သူသည်။ (သမာနော၊ ဖြစ်စဉ်)။ ပရိဘုဉ္ဇတိ ယထာ၊ သုံးဆောင်ခံစားသကဲ့သို့။ ဧဝံ၊ တူ။ ပရိဘုဉ္ဇိတုံ၊ ငှါ။ အဘဗ္ဗော၊ မထိုက်။
''' တသ္မိံ အနဇ္စ◌ျာစာရော။ ။ တသ္မိံန္တိ ခီဏာသဝေ။ အနဇ္စ◌ျာစာရော။ ပေ။ သေတုဃာတော ခီဏာသဝါနံ။ ဋီကာ။ လွန်ကျူးမှုမှန်သမျှကို ရဟန္တာများသည် အရဟတ္တမဂ်ဖြင့် အကြွင်းမဲ့ သတ်ဖြတ်အပ်ပြီ ဖြစ်သည်။ ထို့ကြောင့် မလွန်ကျူးကြတော့။
**သောတာပန္နဒယော**။ ။ [နဝ၊ ဌာနအရကို ပါဠိတော်ကြည့်။] အာဒိဖြင့်သကဒါဂါမ် အနာဂါမ်တို့ကို ယူ။ ထိုတွင် အနာဂါမ်များကား ရဟန္တာ ကဲ့သို့ပင် ကိုးဌာနလုံး၌ မလွန်ကျူးထိုက်တော့။ သောတာပန် သကဒါဂါမ်များကား တတိယ ဌာနဖြစ်သော မေထုနဓမ္မအမှု, ပဉ္စမဌာနဖြစ်သော ကာမေ သန္နိဓိကာရက ပရိဘုဉ္ဇနအမှုတို့၌ မလွန်းကျူးဟု မဆိုနိုင်သေး။ ကျန် ၇ ဌာန၌ကား မလွန်ကျူးတော့ပါ
'''