နိဂဏ္ဌနာဋပုတ္တကာလင်္ကိရိယ၊ အဖွင့်။
ဧဝံ မေသုတန္တိ ပါသာဒိကသုတ္တံ။
[ ပါထိကသုတ် အစအတိုင်းပေးပါ။]
တတြာယ မနုတ္တာနပဒဝဏ္ဏနာ။
[ စက္ကဝတ္တိသုတိ အစအတိုင်းပေးပါ။
ဝေဓညာ နာမ သကျာတိ၊ ကား။
ဓနုမှိ၊ လေးအရာ၌။
ကတသိက္ခာ၊ သင်ယူအပ်ပြီးသော အတက်ရှိကုန်သော။
ဝေဓည နာမကာ၊ ဝေဓည အမည်ရှိကုန်သော။
ဧကေ၊ အချို့ကုန်သော။
ဝေဓည နာမကာ၊ ဝေဓည အမည်ရှိကုန်သော။
ဧကေ၊ အချို့ကုန်သော။
သကျာ၊ သာကိဝင်တို့သည်။
( သန္တိ၊ ရှိကုန်၏။)
**ဝေဓညာ**။ ။ လက္ခဿ (မှတ်တိုင်၏) သရဝေဓံ ( မြားပစ်ရမည့် ပစ်မှတ်ကို ) အဝိရဇ္စျိတွာန ( မချွတ်ယွင်းဘဲ )ဝိဇ္စျနဝိဓိံ ( ပစ်ခတ်ကြောင်း အစီအစဥ်ကို) ဇာနန္တီတိ ဝေဓညာ။ -ဋီကာ။ ဤဋီကာကိုကြည့်၍ "ဝိဇ္စျိန္တိ ဧတေနာတိ ဝေဓော၊ မြားပစ်ကြောင်းအစီအစဥ် မြားပစ်နည်း။ [ ဝိဓ+ဏ။] ဝေဓံ+ ဇာနန္တီတိ ဝေဓညာ “ ဟု ကိတန္တတပ္ပုရိသ်ပြု။ [ ဝေဓ+ ဉာ+ အ။] သရဝေအေရ မြားပစ်ရမည့်နေရာကား သားမြီးကိုရ စိတ်စိတ်ဖြာပြီးလျှင် တစိတ်ကို တဥသဘလောက် ဝေးသောအရပ်၌ ခရမ်းသီးကို ချည်၍ အောက်၌ကျနေသော သားမြီးဖျားအမျှင်ကိုထိမှန်အောင်ပစ်နိုင်ရသတတ်။ [ သီလက္ခန်ဘာသာဋီကာ( ဒု) တွဲ။ ၁၁၆ ကြည့်။]
တေသံ၊ အမ္ဗဝနေ ပါသာဒေတိ= ကား။
တေသံ၊ ထိုဝေဓညမည်သော သာကိဝင်တို့၏။
အမ္ဗဝနေ၊ သရက်ဥယျာဉ်၌။
သိပ္ပံ၊ အတက်ပညာကို။
( လေးအတက်အစရှိသောအတက်ပညာကို)။
ဥဂ္ဂဏှတ္ထာယ၊ သင်ယူခြင်းအကျိုးကှါ။
ကတော၊ ဆောက်လုပ်အပ်သော။
ဒီဃပါသာဒေါ၊ ပြာသာဒ်ရှည်သည်။
အတ္ထိ။
တတ္ထ၊ ထိုပြသာဒ်ရှည်၌။
ဝိဟရတိ၊ သီတင်းသုံးတော်မူ၏။
အဓုနာ ကာလင်္ကတောတိ၊ ကား။
သမ္ပတိ၊ ယအခုအခါ၌။
[ မကြာမီ အချိန်က၊ ဟူလို။]
ကာဘင်္ကတော၊ ပြုအပ်ပြီးသောသေခြင်းရှိပါပြီ။
ဝါ၊ သေပါပြီ။ဒီဃ ပါသာဒေါ။ ။ မဇ္ဈိမေန ပမာဏေန သရပါတ ယောဂျတာဝသေန ( မြားကျဖို့ရာ သင့်လျော်သည်၏အဖြစ် အစွမ်းဖြင့်)၊ [ မြားတကျအရမ်း - ဟူလို။] ကတတ္တာ ဒီဃပါသာဒေါ၊- ဋီကာ၊ မြားတစင်းကျ အရပ်သည် မြန်မာ အခေါ်အားဖြင့် ကုလားလေးတာပေါငါး ( ၂၅၀) ရှိ၍, အတောင်အားဖြင့် တထောင်ရှိ၏၊ တထောင်လျှင် တပေနှင့် ၆ လက်မရှိရာ ပေပေါင်း ( ၁၅၀၀) ရှိသည်။
ကာလင်္ကတော။ ။ ဤပုဒ် သမာသိနှင့် ဝါကျဟု နှစ်နည်းရှိ၏၊ ကာလသဒ္ဒါ၏အနက်သည်လည်း ကာလောသမယ မစ္စူစု ဟူသော အဘိဓာန် ဂါထာ( ၁၀၈၂) အရ နှစ်နည်းရှိ၏ ဟု ရှေးဦးစွာ မှတ်ထားပါ၊ ထိုတွင် ဝိ ဋ္ဌ၊ ၂။ ၃၆ နှင့် သာရတ္ထ၂။ ၂၅၀ တို့၌ သမာသိဖွင့်၏၊ ထိုအလို - “ ကတော+ ကာလော+ ယေန” ဟု ပြု၊ ကတကာလောဟု ဆိုလိုလျက် “ ကာလကတော” ဟု ဝ်သေသမပုဒါ နောက်ကျသည်၊ ဝါစာသိလိဋ္ဌအကျိုးငှါ နိဂ္ဂဟိတ်လာ၍ “ ကာလင်္ကတော” ဟု ဖြစ်သည်။
အနက်ပေး။ ကတကာလောတိ ကတမရဏ ကာလော ဟူသော သာရတ္ထကိုကြည့်၍ “ ပြုအပ်ပြီးသော သေချိန်ရှိပြီ၊ ( သေရာကာလ ရှိပြီ)” ဟုပေး။ [ ကာလသဒ္ဒါသမယအနက်ဟော။] အထဝါ၊ ပေ၊ ကတမရဏောကို ကြည့်၍ “ ပြုအပ်ပြီးသောသေခြင်းရှိပြီ” ဟု ပေး။ [ ကာလသဒ္ဒါ မစ္စု အနက်ဟော။]
ဝါကျနည်း။ ။ ကာလေတိ သတ္တေ ခေပေတီတ် ကာလော။ [ကလ+ ဏ။] မရဏံ၊ တံ+ ကတော ပတ္တောတိ ကာလင်္ကတော၊ [ ဤနည်း၌ သေခြင်းကိုပြုပြီ၊- ဝါ- သေခြင်းသို့ ရောက်ပြီ- ဟုပေး။] ကာလေနဝါ မစ္စုနာ ကတော နဋ္ဌော အဒဿနံ ဂဟောတိ ကာလင်္ကတော။ [ သေမင်းသည် ပြုအပ် ဖျက်ဆီးအပ်ပြီ ဟု ပေး။] ဥဒါန၊ ဋ္ဌ၊ ၁၀၅။
မှတ်ချက်။ ။ တေ တတ္တကံ ကာလံ ခေပေတွာ ( ဓမ္မပဒ၊ ဋ္ဌ၊ ၁၊ ၆၅။) စသည်ကိုထောက်၍ “ ခေပေတိ- ကုန်စေတတ်၏” ဟုပေးပါ၊ ဒီ၊ ဋ္ဌ၊ ၂၊ ၄၇။ ဒီ၊ ဋီ၊ ၂ ၊ ၄၆ တို့၌ “ ပြုအပ် ပြီးဆုံးစေအပ်ပြီးသော အသက်ရှငါရာကာလရှိ” ဟု ဖွင့်သေး၏။

ဒွေဓိက ဇာတာတိ၊ ကား။
ဒွေဇ္ဈဇာတာ၊ ဖြစ်သော နှစ်ဖို့ နှစ်စု တို့သည်။
ဇာတာ၊ ဖြစ်ကုန်ပြီ။
ဘဏ္ဍနာဒီသု၊ ဘဏ္ဍန အစရှိသည်တို့တွင်။
ပုဗ္ဗဘာဂကလဟော၊ ရှေးအဖို့၌ဖြစ်သော ခိုက်ရန်သည်။
ဘဏ္ဍနံ၊ ဘဏ္ဍနမည်၏။
ဝါ၊ ခိုက်ရန်ပွါးကြောင်း ကြိမ်းမောင်းကြောင်း စိတ် မည်၏။
တံ၊ ထို ဘဏ္ဍနသည်။
ဒဏ္ဍာဒါနာဒိဝသေန၊ ဒုတ်ကိုယူခြင်း အစရှိသည်၏ အစွမ်းဖြင့် လည်းကောင်း။
( ဒုတ်ကိုင်ခြင်းစသည်)။
ကဏ္ဏတ္တိ ဝီတိက္ကမဝသေနစ၊ ပညက်တော်ကို ကျူးကျော်ခြင်း၏ အစွမ်းဖြင့်လည်းကောင်း။
ဝဍ္ဎိတံ၊ တိုးပွါးသည်။
( သမာနံ၊ သော်။)
ကလဟော၊ ကလဟ မည်၏။**ဒွေမိကဇာတာ**။ ။ ဒွေ+ ဘာဂါဒွ်ဓာ- နှစ်ဖို့ နှစ်စု နှစ်ဖက်၊ ဒွိဓာ+ ယေသံ+ အတ္ထိဒွေဓ်ကာစာတိ-ဒွေဓိကဇာတာ ( ဝိသေသန ဥတ္တရပဒ ကမ္မဓာရည်း)၊ “ ဖြစ်သော နှစ်ဖို့ နှစ်စု နှစ်ဖက်ရှိသော န်ဂဏ္ဌများ” ဟုပေး၊ နှစ်ဖက်ကွဲ , နှစ်ခြမ်းကွဲနေသော နိဂဏ္ဌများ၊ ဟူလ်ု။ [ ဇာတဒွေမိတာ သဉ္ဇာတဘေဒါ၊- ဋီကာ။] ဒွေဇ္ဈဇာတာကို ကြည့်၍ ဓာ ပစ္စည်းသာအနက်ရှ်၍ ဣက အနက်မရှ်ဟု ထင်ရသော်လည်း နောက်ပုဒ်စဉ် ( ၁၆၆) ၌ “ သာဝကာနံ ဒွေမိကာဒ် ဘာဝေန” ဟူသော ဋီကာကိုကြည့်၍ ဣက အနက်ရှိကြောင်းကို သတိပြုပါ။
ဒွေဇ္ဈဇာတာ။ ။ ဒွေဇ္ဈသည် ဒွိဓာနှင့် အနက်တူ၏၊ ဒွေဓိကဇာတာ၏ အဖွင့်ဖြစ်သောကြောင့် “ ဇာတံ+ ဒွေဇ္ဈံ+ ယေသန္တန ဒွေဇ္ဈဇာတာ” ဟုပြု၊ ဒုဝိဘောဝပတ္တာ ( နှစ်ဖို့နှစ်စု၏ အဖြစ်သို့ရောက်) ဟူသောဋီကာကို “ အဓိပ္ပအယတ္ထ” ဟု ယူပါ၊ တနည်း- ဒွေဇ္ဈ၌ “ ဒွိဓာ+ ဏိ” ဟုခွဲ၊ ဒွေဇ္ဈန္တိ ဒွိဓာဘာဝံ၊- အံ့၊ ဋ္ဌ၊၃ ( ၁၃၄) ကို ကြည့်၍ ဒွိဓာနောင် ဘာဝအနက်၌ ဏျ သက်၍ ရုပ်ပြီးပါ၊ ဇာတ၌လည်း “ ဖြစါ” ဟူသောအနက်ကိုမယူပဲ ဓာတုနံ အနေကတ္ထတာအရ “ ပတ္တ- ရောက်” ဟူသော အနက်ကိုယူ၊ ဪသို့ဆိုလျှင် “ ဒုဝိဓဘာဝ ပတ္တာ” ဟူသော ဋီကာသည် သဒ္ဒတ္ထလည်း ဖြစ်နိုင်သည်၊ ဒွေဓိကဇာတာနှင့် ဒွေဇ္ဈဇာတာ နှစ်ပုဒ်လုံး၏ အချုပ်မှာ- “ နှစ်ဖက်ကွဲနေသည်” ဟုဖြစါ၏၊ ထိုကြောင့် “ ဒွေဘာဂါဇာတာ” ဟုမိန့်သည်။
ဘဏ္ဍနံ။ ။ ဘဏ္ဍန္တိ ပရိဘာသန္တိ ( ကြိမ်းမောင်း) ဧတေနာတိ ဘဏ္ဍနံ၊ [ ဘဍိ+ ယု။]ဝိရုဒ္ဓစိတ္တံ (ဆန့်ကျင်ကြောင်းစိတ်)။ဋီကာ။ ဤစကားအရ ဘဏ္ဍနဟူသည် ခိုက်ရန်ဖြစ်ဖို့ရန် ရှေးရှုနေသောစိတ်ဟု သိပါ။ အခြားနေရာ၌ကား တမျိုးဖွင့်ကြသည်။ [သာရတ္ထ ၃။ ၄။ အံ။ ဋီ ၂။ ၄၀ ရှုပါ။ ]
ကလဟော။ ။ ဒုတ်စသည် ကိုင်၍လည်းကောင်း, ပညတ်ချက်ကို ကျူးကျော်၍လည်းကောင်း ကိုယ်အားဖြင့် ရန်ဖြစ်ခြင်းသည် "ကလဟ" မည်၏ ။ ပညတ်ချက်ဟူရာ၌ "ဣဒံ နဟာနာဒိ (ဤရေအေးကို ချိုခြင်းစသည်ကို) န ကာတဗ္ဗန္တိ ပညတ္တဝတ္တံ ပဏ္ဏတ္တိ" ဟု နိဂဏ္ဌတို့နှင့် လျော်အောင် ဋီကာဖွင့်သည်။

ဝါ၊ ခိုက်ရန်မည်၏။
တွံ၊ သည်။
ဣမံ ဓမ္မ ဝိနယံ၊ ဤဓမ္မဝိနယကို။
န အာဇာနာသိ၊ မသိ။
ဣတိ အာဒိနာ၊ ဤသို့ အစရှိသော။
နယေန၊ ဖြင့်။
ဝိရုဒ္ဓဝစနံ၊ ဆန့်ကျင်ဖက်ပြောခြင်းသည်။
ဝိဝါဒေါ၊ ဝိဝါဒမည်၏။
တိတုဒန္တာတိ၊ ကား။
ဝိဇ္ဈန္တာ၊ နှုတ်ဖြင့် ထိုးကုန်လျက်။
( ဝိဟရန္တိ၊ ဟုပါဠိတော် ၌စပ်)။
သဟိတံ မေတိ၊ ကား။
မမ၊ ၏။
ဝစနံ၊ စကားသည်။
အတ္ထသဉှိတံ၊ အနက်အဓိပ္ပါယ်နှင့် စပ်ယှဉ်၏။
အမိစိဏ္ဏံ တေ ဝိပရာဝတ္တန္တိ၊ ကား။
ယံ၊ အကြင်အကြောင်းအရာကို။
တဝ၊ သည်။
အဓိစိဏ္ဏံ၊ ကြာရှည် နေ့ရက်, လေ့ကျက်အပ်ပြီ။
စိရကာလာသေဝန ဝသေန၊ ရှည်ကြာသော ကာလပတ်လုံး မှီဝဲခြင်း ( အဖန်ဖန်ဖြစ်စေခြင်း) ၏ အစွမ်းဖြင့်။
ပဂုဏံ၊ အဝါးဝစွာ လေ့လာအပ်ပြီ။
တံ၊ ထိုအကြောင်းအရာသည်။
မမ၊ ၏။
ဝါဒံ၊ ကို။
အာဂမ္မ၊ စွဲ၍။
ဝါ၊ အကြောင်းပြု၍။
နိဝတ္တံ၊ ဆုတ်နစ်ပြီ။
[ နောက်ဆုတ်ရပြီ၊ ဟု ဆိုလိုသည်။
ဝိပရာဝတ္တံ၊ ပြောင်းပြန်ဖြစ်ပြီ။
ဤသို့လည်း မူကွဲရှိ၏။]
အာရောပိတေ တော ဝါဒေါတိ၊ ကား။
တုယှံ၊ ၏။
ဥပရိ၊ အပေါ်၌။
မယာ၊ သည်။
ဒေါလော၊ အပြစ်ကို။
အာရောပိတော၊ တင်အပ်ပြီ။
[ ဝါဒေါကို ဒေါသောဟု ဖွင့်သည်။
“ ဝါဒေါ၊ ပြောဆိုကြောင်းအပြစ်” ဟုပါဠိတော်၌ ပေးပါ။]
စရ ပါဒပ္ပမောက္ခာယာတိ၊ ကား။
ဘတ္တပုဋံ၊ ထမင်းထုပ်ကို။
အာဒါယ၊ ယူ၍။
တံတံ၊ ထိုထိုဆရာသို့။
ဥပသင်္ကမိတွာ၊ ၍။
ဝါဒပ္ပမောက္ခတ္ထာယ၊ ငါတင်အပ်သော အပြစ်မှ လွတ်ခြင်းအကျိုးငှါ။
ဥတ္တရိ၊ အလွန်။
( ယခုသင်ထားအပ်သော ပညာထက် ပိုလွန်အောင်၊ ဟူလို။)
ပရိယေသမာနော၊ ပညာကိုရှာလျက်။
ဝိစရ၊ လှည့်လည်ချေပါ။
[ စရကို “ကျင့်” ဟု အနက်ပေးမည်စိုး၍ “ ဝိစရ” ဟုလည်းကောင်း ဝါဒပ္ပမောက္ခတ္ထာယကို တဒတ္ထသမ္ပဒါနခဟုသိစေလို၍ “ ဝါဒပ္ပမောက္ခတ္ထာယ” ဟုလည်းကောင်းဖွင့်သည်။]**ဝိဝေါဒေါ**။ ။ ဝဒနံ ဝါဒေါ၊ ဝိရုဒ္ဓေါ+ ဝါဒေါ ဝ်ဝါဒေါ- ဆန့်ကျင်ဖက်ပြောခြင်း၊ ငြင်းခုံခြင်း၊ ငြင်းခုံပုံကို ပါဠိတောိ၌ ကြည့်၊ ဓမ္မဝိနယ ဟူသည် နိဂဏ္ဌများ၏ “ ပါဝစန” ခေါ် ( ပါဠိတော်ကဲ့သို့သော) တရားတမျိုးတည်း။ [ ဓမ္မဝိနယန္တိ ပါဝစနံ ( မြင့်မြတ်ကြီးကျယ်သောစကား) သိဒ္ဓန္တံ ( အယူဝါဒ)၊- ဋီကာ။]
သဟိတံမေ။ ။ မယှံ ဝစနံ သဟိတံ ( ရှေ့နောက်နှစ်ရပ် ဆက်စပ်၏၊) သိလိဋ္ဌံ( ရှေ့နောက်နှစ်ထွေ ပြေပြစ်၏) ပုဗ္ဗာ ပး သမ္ဗန္ဓံ အတ္ထယုတ္တံ ( အကျိုးနှင့်ယှဉ်၏) ကားဏယုတ္တံ၊- ဋီကာ။
ဝိပရာဝတ္တံ ။ ဝိရောဓဒဿန ဝသေမ ( ဆန့်ကျင်ဖက်ကို ညွှန်ပြခြင်း၏ အစွမ်းဖြင့်) ပရာဝတ္တိတံ ( ပြောင်းပုန် ဖြစ်စေအပ်ပြီ) ပရာဝတ္တံ ( ပြောင်းပြန် ဖြစ်အောင်) ဒူသိတန္တိ အတ္ထော၊- ဋီကာ။ သင်၏ ကြိုတင်၍ ယူဆထားသောအယူကို ငါကဆန့်ကျင်ဖက်ကို ထောက်ပြလျက် ပြောင်းပြန်ဖြစ်သွားအောင် ဖျက်ဆီးအပ်ပြီ- ဟု ဆိုလိုသည်။

နိဗ္ဗေဌေတိ ဝါတိ၊ ကား။
အထ၊ သို့မဟုတ်။
မယာ၊ သည်။
အာရောပ်တဒေါသတော၊ တင်အပ်သော အပြစ်မှ။
အတ္ထာနံ၊ မိမိကို။
( ကိုယ့်ကိုယ်ကို၊)
မောစေဟိ ဝါ၊ လွတ်စေမူလည်း လွတ်စေပါ။
[ “ နိဗ္ဗေဌေဟိ၊ ဖြေရှင်းပါ” ကို အဓိပ္ပါယ်ဖွင့်သည်။]
သစေ ပဟောသီတိ၊ ကား။
သစေ သက္ကောသိ၊ အကယ်၍ စွမ်းနိုင်အံ့။
( နိဗ္ဗေဃေဟိဝါ၊ ဟု ပါဠိတော်၌စပ်)။
ဝဓောယေဝါတိ၊ ကား။
မရဏမေဝ၊ သေခြင်းသည်ပင်။
( ဝတ္တတိ မညေ၊ ဖြစ်သည် ဟု ထင်ရ၏= ဟု ပါဠိတော်၌စပ်)။
နာဋပုတ္တိယေသူတိ၊ ကား။
နာဋပုတ္တဿ၊ နာဋပုတ္တဆရာကြီး၍။
အန္တေဝါသိကေသု၊ တပည့်ဖြစ်ကုန်သော။
( နိဂဏ္ဌေသု၊ ဟု ပါဠိတော်၌စပ်)။
နိဗ္ဗိန္နရူပါတိ၊ ကား။
ဥက္ကဏ္ဌိတသဘာဝါ၊ ပျင်းရိသူ၍အပြစ်ဖြစ်ဟူသော သဘောရှိကုန်၏။
ဝါ၊ ပျင်းရိသော သဘောရှိကုန်၏။
အဘိဝါဒနာဒီနိပိ၊ ရှိခိုးမှု အစရှိသာ် တို့ကိုလည်း။
န ကရောန္တိ၊ မပြုကြကုန်။
ဝိရတ္ထရူပါတိ၊ ကား။
ဝထဂတပေမာ၊ ကင်းသော ချစ်ခင်ခြင်းရှိကုန်၏။အမှာ။ ။ ရုပ်ပြီးပုံကို သီလက္ခန်ဘာသာဋီကာ ( ပ) တွဲ ( ၅၅၄, ၅၅၅)၌ ပြထားပြီး ၊ ဤဋီကာ၌ ဝိပရာဝတ္တကို ကံဟောဖွင့်သော်လည်း “ အမဝါဒံ အာဂမ္မ” ကိုထောက်၍ လည်းကောငါး, ဝိပရာဝတ္တံ ပရိဝတ္တိတွာ ဌိတံ” ( ဒီ၊ ဋ္ဌ၊၁။ ၈၆။) ကို ထောက်၍လည်းကောင်း ကတ္တားဟောပေးပါသည်။
ဝဓောယေဝ။ ။ မရဏမေဝကိုကြည့်၍ သတ်ဖြတ်ခြင်းသာမက သေခြင်းတိုင်အောင်ယူပါ၊ နိဂဏ္ဌများ တဖက်နှင့်တဖက် ရန်ဖြစ်ကြသည်မှာ အချင်းချင်းသတ်သဖြင့် သေသည်အထိပင်ဖြစ်သည်- ဟု ဆိုလိုသည်။ [ မရဏမေဝါတိ အညမညဃာတနဝသေန မရဏမေဝ၊- ဋီကာ။]
နာဋပုတ္တိယေသု။ ။ “ နာဋပုတ္တဿ+ ဣမေ နာဋ ပုတ္တိယာ” ဟု ဣဒံ တဒ္ဓိတ်ပြု၊ [ နာဋပုတ္တ+ ဣယ။] နာဋပုတ္တ၏ ဥစ္စာဖြစ်သူတို့ဟူသည် သူ၏တပည့်ပင်ဖြစ်သောကြောင့် နာဋပုတ္တဿ+ အန္တေဝါသိကာသု” ဟု အဓိပ္ပါယ်ဖွင့်သည်။ [ နာဋပုတ္တဿဣမေတိ နာဋပုတ္တိယာ၊ တေ ပန တဿ သိဿာတိ အာဟ အန္တေဝါသိကေသူ တိ၊- ဋီကာ။]
**နိဗ္ဗန္နရူပါ**။ ။ [ နိဗ္ဗိန္န၊ နိ+ ဝိဒ+ တ။] ရူဓာဒိ ဝိဒသည် နှစ်သက်ခြင်း အနက်ဟော၊ ဤ၌ နိဥပဿရကြောင့် မနှစ်သက်ခြင်း ငြီးငွေ့ခြင်းအနက်ဖြစ်၏၊ နိဗ္ဗိန္ဒနံ နိဗ္ဗိန္နံ - ပျင်းရိငြီးငွေ့ခြင်း၊ ရူပကားအဘိဓာန် ( ၈၂၅) ဂါထာလာ “ သဘာဝ” အနက်ဟော၊ နိဗ္ဗိန္နံ+ ရူပံ ယေသန္တန နိဗ္ဗန္နရူပါ၊ ( ဂိဟီသာဝကာ)၊ တနည်း- ဥက္ကဏ္ဌိတ ဟု ပုဂ္ဂိုလ်ရအောင် ဖွင့်သည်ကိုကြည့်၍ “ နိဗ္ဗိန္ဒန္တီဟိ နိဗ္ဗိန္နာ- ပျင်းရ် ငြီးငွေ့သူများ” ဟုပြု၊ ထိုနောက် ဘာဝပ္ပဓာန ဘာဝလောပကြံ၍ ရူပံနှင့် ဗစုဗ္ဗီဟိတွဲ၊ ပျင်းရိငြီးငွေ့သူ၏အဖြစ်ဟူသော သဘောရှိသူတို့” ဟုပေးပါ၊ ထိုသို့ငြီးငွေ့ စိတ်ပျက်ကြသဖြင့် ရှိခိုးမှုဟသည်ကို မပြုကြတော့။
ဝိရတ္တရူပါ။ ။ ရဉ္ဇနံ ရတ္တံ [ ရန္ဇ+ တ၊] နှစ်သက် မြတ်နိုးခြင်း၊ ရတ္တတော+ ဝိဂတံ ဝိရတ္တံ၊ ဝိရတ္တံ+ ရူပံ ယေသံ ဟု ပြု ၊ နှစ်သက်မြတ်နိုရခြင်းမှ ကင်းသော ရှိကုန်၏၊ ( တနည်ူ) ရတ္တတော+ ဝိဂတာ ဝိရတ္တာ - နှစ်သက် မြတ်နိုးခြင်းမှ ကင်းသူတို့၊ ဝိရတ္တာ+ ရူပံ ယေသံ ဟုတက်၊ နှစ်သက် မြတ်နိုးခြင်းမှ ကင်းသူ၍အဖြစ်ဟူသောသဘောရှိသူတို့၊ [ ရူပနှင့် ဗဟုဗ္ဗီဟိတွဲရာ၌ ရှေ့ပုဒ်ဝယ် ဘာဝလောပကြံရသည်။]
**ပဋိဝါနရူပါ**။ ။ ဝါဓာတ်သည် ဂတိအနက်ဟော၊ ပဋိဥပသာရကြောင့်နောက်သို့ သွားခြင်း၊ နောက်ဆုတ်ခြင်းအနက်ကို ယူ၊ ပဋိဝါနံ+ ရူပံ ယေသံ- တွဲ၊ နိဂဏ္ဌများအပေါ်ဝယ် ရှေးက ပြုကျင့်နေကြဖြစ်သော ရိုရိုသေသေ ပြုကျင့်မှုစသောပဋိပတ်မှ နောက်ဆုတ်ခြင်း သဘောရှိကြသည်။ [ ပုရိမပဋိပတ္တိတော ပဋိဝတ္တနံ ပဋိဝါနံ၊ တံ ရူပံ သဘောဝေါ ဧတေသန္တိ ပါိဝါနရူပါ- ဋီကာ။]
ယထာကံ။ ။ [ ပါဠိတော်ကြည့်ပါ။] ယထာ တံစသော ဥပမာနဝါကျ၌ “ တံ” အနက်မရှိ၊ နိဗ္ဗိန္နဝိရတ္တ ပဋိဝါနရူပေတိ ဘဝ်တဗ္ဗံ- ဟု ပါဋ္ဌသေသထည့် ၊ ဧဝမေဝ ဇာတာ ဟု ဥပမေယျဝါကျ အပိုထည့်၊ ဒုရက္ခာတာဒိသဘာဝေ ဓမ္မဝိနယေကား ပါဠိတော်လာ “ ဒုရက္ခာတေ ဓမ္မဝိနယေ ဒုပ္ပဝေဒိတေ၊ ပေ၊ အပ္ပဋိသရဏေ” ပုဒ်တို့ကို အကျဉ်းချုံးထားသည်။
[ နိယာမ်] တံ ယထာကား, ရှိလငြားမူ, တံ က်ု အနက်ယူ၊ ယထာ တံမူ, တံ၏အနက်, ထူးမထွက်။
ဒုရက္ခာတ, ဒုပ္ပဝေဒိတ။ ။ ဒုဝိညာပိတေကို ကြည့်၍ ဒုပ္ပဝေဒိတေ၌ ကာရိုတ်ပါပုံကို သိပါ၊ ဤ နှစ်ပုဒ်၌ ဓမ္မဝိနယခေါ် ပါဠိတော်၏အနက်ကို ပြောပြခြင်းသည်အက္ခာန ( ကထန) မည်၏၊ အကြောင်းပြစကား ဥဒါဟရုဏ် ( ဥပမာ) စကားတို့ကို ထုတ်ဆောင်၍ ကွဲကွဲပြားပြား သိ နားလည်အောင် ပြောပြခြင်းသည် ပဝေဒနမည်၏- ဟု ခွဲပါ။ [ ကထနံ အတ္ထဿ အာစိက္ခနံ , ပဝေဒနံ ဟေတုဒါဟရဏာနိအာဟရိတွာ ဗောဓနံ၊- ဋီကာ။]

ပဋိဝါန ရူပါတိ၊ ကား။
တေသံ၊ ထိုနိဂဏ္ဌတို့၏ အပေါ်၌။
သက္ကစ္စကိရိယာတော၊ ရိုသေမှုကို ပြုခြင်းမှ။
နိဝတ္တန သဘာဝါ၊ နောက်ဆုတ်ခြင်းသဘောရှိကုန်၏။
ပဋိဝါန ရူပါတိ၊ ကား။
တေသံ၊ ထိုနိဂဏ္ဌတို့၏ အပေါ်၌။
သက္ကစ္စကိရိယာတော၊ ရိုသေမှုကို ပြုခြင်းမှ။
နိဝတ္တန သဘာဝါ၊ နောက်ဆုတ်ခြင်းသဘောရှိကုန်၏။
ယထာ တန္တိ၊ ကား။
ဒုရက္ခာတာ ဒိသဘာဝေ၊ ဒုရက္ခာတ အစရှိသော သဘောရှိသော။
( မကောင်းသဖြင့်ဟောအပ်သော တရား၏အဖြစ် အစရှိသော သဘောရှိသော)။
ဓမ္မဝိနယေ၊ ဓမ္မဝိနယ၌။
ဝါ၊ သာသနာ၌။
နိဗ္ဗန္နဝိရတ္တပ္ပဋိဝါနရူပေတိ၊ ငြီးငွေ့ခြင်းသဘောရှိသူ, မနှစ်သက်ခြင်းသဘောရှိသူ, နောက်ဆုတ်ခြင်းသဘောရှိသူတို့သည်။
ဘဝိတဗ္ဗံ ယထာ၊ ဖြစ်ရာသကဲ့သို့။
တထေဝ၊ ထို အတူပင်။
( နိဗ္ဗိန္နဝိရတ္တ ပ္ပဋိဝါန ရူပါ၊ တို့သည်။)
ဇာတာ၊ ဖြစ်ကုန်ပြီ။
ဣတိ အတ္ထော၊ အနက်။
ဒုရက္ခာတေတိ၊ ကား။
ဒုက္ကထိတေ၊ မကောင်းသဖြင့် ဟောအပ်သော။
ဒုပ္ပဝေဒိတေတိ၊ ကား။
ဒုဝိညာပိတေ၊ မကောင်းသဖြင့် သိစေအပ်သော။
အနုပသမသံဝတ္တနိကေဘိ၊ ကား။
ရာဂါဒီနံ၊ ရာဂ အစရှိသည်တို့၏။
ဥပသမံ၊ ငြိမ်းအေးခြင်းကို။
ကာတုံ၊ ငှါ။
အသမတ္ထေ၊ မစွမ်းနိုင်သော။
ဘိန္နထူပေတိ၊ ကား။
ဘိန္နပ္ပတိဋ္ဌေ၊ ပျက်စီးပြီးသော တည်ရာ မှီရာရှိသော။
( ဓမ္မဝိနယေ၊ ဟု ပါဠိတော်၌စပ်)။
ဟိ၊ မှန်၏။
ဧတ္ထ၊ ဤ ဘိန္နထူပေဟူသော ပါဌ်၌။
နာဋပုတ္တောဝ၊ နာဋပုတ္တ ဆရာကြီးသည်ပင်။
နေသံ၊ ထို နိဂဏ္ဌတို့၏။
[ ထို လူဝတ်ကြောင်းဖြစ်သော နိဂဏ္ဌတို့၏၊ ဟု ပါဠိတော်ကြည့်၍ အကျယ်စွဲ။]
ပဟိဋ္ဌဋ္ဌေန( ပတိဋ္ဌာ+ အတ္ထေန)၊ တည်နေရာ မှီရာဟူသော အနက်သဘောကြောင့်။
ထူပေါ၊ ထူပမည်၏။
( စေတီပုထိုးမည်၏)။
ပန၊ ဆက်။
သော၊ ထိုထူပမည်သော နိဂဏ္ဌနာဋ ပုတ္တဆရာကြီးသည်။
ဝါ၊ ပုထိုး ပမာ မှီရာဖြစ်သော နိဂဏ္ဌနာဋပုတ္တ ဆရာကြီးသည်။
ဘိန္နော၊ ပျက်စီးသော။
မတော၊ သေပြီ။
တေန၊ ကြောင့်။
ဘိန္နထူပေတိ၊ ဟူ၍။
( သင်္ဂီတိကာရေဟိ) ဝုတ္တံ။အနုပသမ သံဝတ္တနိကေ။ ။ [ န+ ဥပသမ+ သံဝတ္တနံ ဥပသမသံဝတ္တနံ- ရာဂစသည်တို့၏ ငြိမ်းအေးဖို့ရာ+ ဖြစ်သော ဓမ္မဝိနယ၊ န+ ဥပသမသံဝတ္တနံ အနုပသမသံဝတ္တနံ၊ [ သွတ္ထ၌ ဏိက။] အနုပသမသံဝတ္တနမေဝ+ အနုပသမသံဝတ္တနိကံ၊ တသ္မိံ အနုပသမသံဝတ္တနိကေ းု ဝိဘတျန္တ ခံပါ။ [ နဥပသမာယ သံဝတ္တတီတိ အနုပသမသံဝတ္တနံ၊ တဒေဝ အနုပသမသံဝတ္တနိကံ။- ဋီကာ။]
ဘိန္နထူပေ။ ။ သမုဿတံ ( ထောင်မတ်နေသည်) ဟုတွာပတိဋ္ဌာဟေတု ဘာဝတော ထူပံ၊ ( ပတိဋ္ဌာ- လူအများ၏ မှီရာဖြစ်သော ပုထိုး)- ဋီကာ။ ဤဋီကာကိုကြည့်၍ နိဂဏ္ဌများ၏ လေးစားမှီခိုရာအဖြစ်ဖြင့် မားမားမတ်မတ် ရပ်နေသော နာဋပုတ္တ ဆရာကြီးကို သဒ်သူပစာအားဖြင့် ( သို့မဟုတ်) ဥပမာတဒ္ဓိတ်အားဖြင့် “ ထူပ” ဟုခေါ်သည်၊ ဘိဓန္နာ+ ထူပေါ+ ယသ္မိံတိ- ဘိန္နထူပေါ၊ ( ဓမ္မဝိနယော)၊ အပ္ပဋိသရဏေ၌လည်း- “ နတ္ထိ ပဋိသရဏံ ( ကိုးကွယ်စရာ နိဂဏ္ဌနာဋပုတ္တဆရာ) ယသ္မိံ တိ အပ္ပဋိသရဏော” ဟုပြုပါ။
တနည်း။ ။ ထူပနှင့် ပဋိသရဏအရ နိဂဏ္ဌနာဋပုတ္တကို အရကောက်ရသောအဋ္ဌကထာနည်းမှ တပါးဓမ္မ၏ နိယျာနိကအဖြစ်ကို အရကောက်ရသောနည်းကိုလည်း ဋီကာ၌ဖေါ်ပြပါအတိုင်း ဖွင့်ထားသည်။
ဋီကာ။ ။ ထူပေါတိ ဝါဓမ္မဿ နိယျာနဘာဝေါ ( ဝဋ်ဒုက္ခမှ ထွက်မြောက်တက်သည်၏အဖြစ်) ဝေဒိဗ္ဗော အညေ ဓမ္မေ အဘိဘုယျ ( လွှမ်းမိုး သာလွန်၍) သမုသဿိတဋ္ဌေန၊ သော ( ထိုဓမ္မ၏နိယျာနိကအဖြစ်လည်း) နိဂဏ္ဌဿ သအယေ ( အယူဣါဒ၌) [ ဘိန္နော၌ စပ်၊ သမယနောင်လည်း ပိုဒ်တား မလို။] ကေဟိစိ အဘိန္နသမ္မတောပိ( မပျက်ဟု သမုတ်ထားအပ်ပါသော်လည်း) ဘိန္နော ဝိနဋ္ဌော ဧဝ၊ ( ဘာကြောင့်နည်း) သဗ္ဗေန သဗ္ဗံ အဘာဝတာ ( အလုံးစုံ အကုန်အစင်မရှိသော ကြောင့်နည်း)၊ ဣတိ- ကြောင့်၊ သော- ( ထိုဓမ္မဝိနယသည်၊) ဘိန္နထူပေါ။

အပ္ပဋိသရဏေတိ၊ ကား။
တဿေဝ၊ ထို နိဂဏ္ဌနာဋ ပုတ၏ပင်။
သဘာဝေန၊ မရှိခြင်းကြောင့်။
ပဋိသရဏ ဝိရဟိတေ၊ ကိုးကွယ်ရာမှကင်းသော။
( ဓမ္မဝိနယေ၊ ဟု ပါဠိတော်၌စပ်)။
စ၊ စောဒနာ ပါဦးမည်။
အယံ နာဋပုတ္တော၊ ဤ နာဋပုတ္တ ဆရာကြီးသည်။
[ နောက်လိုက် နောက်ပါ များစွာရှိသော ဂိုဏ်းဆရာကြီး တဦးဖြစ်ကြောင်းသိပါ။]
နာဠန္ဒဝါသိကောနနု၊ နာဠန္ဒာမြို့၌ နေသူ မဟုတ်ပါလော။
သော၊ ထိုနာဋပုတ္တသည်။
ကသ္မာ၊ ကြောင့်။
ပါဝါယံ၊ ပါဝါမြို့၌။
ကာလင်္ကတော၊ သေခြင်းကိုပြုပါသနည်း။
ဝါ၊ သေခြင်းသို့ ရောက်ပါသနည်း။
ဣတိ၊ ဤသို့ စေဒနာပါ၏။
ကိရ၊ အဖြေကား။
[ “ကိရ၊ အဖြေကို ဆိုဦးမည်” ဟုလည်း ပေးနိုင်သည်။]
သော၊ သည်။
( ဆဍ္ဍေသိ၊ ၌ စပ်)။
ဥပါလိနာ၊ ဥပါလိမည်သော။
ဂဟပတိနာ၊ အိမ်ရှင်သူကြွယ်သည်။
ဝါ၊ က။
ပဋိဝိဒ္ဓ သစ္စေန၊ ထိုးထင်း၍ သိအပ်ပြီးသော သစ္စာရှိသည်( ဖြစ်၍)။
ဒသဟိ။
ဂါထာဟိ၊ သို့ဖြင့်။
ဘာသိဧတ၊ ရွက်ဆို ( ပြောပြ) အပ်ကုန်သော။
ဗုဒ္ဓဂုဏေ၊ တို့ကို။
သုတွာ၊ ကြားလသော်။
ဥဏှံ၊ ပူသော။
လောဟိတံ၊ သွေးကို။
ဆဍ္ဍေသိ၊ စွန့်ပြီ။
[ သွေးအန်ပြီ၊ ဟု ဆိုလိုသည်။]အမှာ**။ ။ ဘိန္နော+ ထူပေါ+ ဧတ္ထာတိ ဘိန္နထူပေါ ဟု ပြု ပျက်စီးပြီးသေု ( ဓမ္မ၏) နိယျာနိက အဖြစ်ရှိသော ဟု ဋီကာအလိုပေး၊ အဋ္ဌကထာအလိုကား- “ ဘိန္နထူပေါ- ပျက်ပြီးသော ပုထိုးပမာ မှီခိုရာဖြစ်သောနာဋပုတ္တဆရာရှိသော” ဟု ပေး။
ဋီကာ။ ။ သောဧဝ နိယျာနဘာဝေါ ဝဋ္ဋဒုက္ခတော ပုစ္စိတုကာမာနံ ပဋိသရဏံ ( ကိုးကွယ်ရာတည်း) ၊ တံဧတ္ထ ( ဤနိ ဂဏ္ဌတို့၏ အယူ၌) နတ္ထီတိ အပ္ပဋိသရဏော၊ [ အပ္ပဋ်သရဏော- က်ုးကွယ်စရာ ဓမ္မ၏ န်ယျာန်ကအဖြစ် မရှိသော- ဟုဋီကာအလိုပေး၊ အပ္ပဋိသရဏော- ကိုးကွယ်စရာ နာဋပုတ္တဆရာမရှိသော- ဟု အဋ္ဌကထာအလိုပေးပါ။]
ဥပါလိနာ။ ။ ဤ ဥပါလိသူကြွယ်သည် မူလက နိဂဏ္ဌနာဋပုတ္တ၏ တပည့်ဖြစ်၏၊ ဗုဒ္ဓမြတ်သွာ နာဠန္ဒာမြို့သို့ ကြွလာတော်မူခိုက် ဗုဒ္ဓနှက့် တွေ့သဖြင့် နိဂဏ္ဌဆိုင်ရာ အယူဝါဒများကမု ဆွေးနွေးရင်း ဗုဒ္ဓ၏တရားကို ကျေနပ်၍ ဥပါသကာဖြစ်ပြီနောက် သောတပန်ဖြစ်သည်၊ ဥပါလိ၏သတင်းကိုကြား၍ အိမ်သို့လိုက်လာသော နာဋပုတ္တဆရာကြီးအား ဗုဒ္ဓမြတ်စွာ၏ တပည့်ဖြစ်ကြောင်းကို ဗုဒ္ဓရှိရာဖက်သို့ လက်အုပ်ချီလျက်ဂါထာ ( ၁၀) ပုဒ်ဖြင့် အားရပါးရ ပြောပြသည်၊ နိဂဏ္ဌဆရာကြီးလည်း ထိုစကားကိုကြားသဖြင့် ဗုဒ္ဓအပေါ် မနာလိုသော ဒေါသစိတ်, မိမိအတွက် ဝမ်းနည်းသော သောကစိတ်များကြောင့် ကိုယ်တွင်း၌ ပူလောင်ကာ နှလုံး ကြေမွလျက် သွေးများအန်ထွက်လေသည်။ [ အကျယ်ကို မဇ္ဈိမ၊ ၂၊ ၃၅၊ ၄၈၌ရှု။]

အထ၊ ထိုအခါ၌။
အဖာသုကံ၊ မကျန်းမာသော။
နံ၊ ထိုနာဋပုတ္တကို။
ဂဟေတွာ၊ သယ်ယူ၍။
ပါဝံ၊ ပါဝါမြို့သို့။
အဂမံသု၊ သွားကြပြီ။
သော၊ သည်။
တတ္ထ၊ ထို ပါဝါမြို့၌။
ကာလံ၊ သေခြင်းကို။
ဝါ၊ သေချိန်ကို။
ပကာသိ၊ ပြုပြီ။
စ၊ ဆက်။
ကာလံ၊ ကို။
ကုရုမာနော၊ ပြုစဉ်။
[ သေခါနီးအချ်န်၌၊ ဟူလို။]
စိန္ထေသိ၊ စဉ်းစားပြီး။
( ကိံ၊ နည်း။)
မမ၊ ၏။
လဒ္ဓိ၊ အယူသည်။
အနယျာနိကာ၊ ဝဋ်ဒုက္ခမှမလွတ်မြောက်တက်။
[ တရားထွက်မြောက်လျှင် တရားရှင်ပုဂ္ဂိုလ်လည်း ထွက်မြောက်ပြီးဖြစ်သည်။]
သာရဝိရဟိတာ၊ အနှစ်မှကင်း၏။
မယံ တာဝ၊ ရှေးဦးစွာ။
နဋ္ဌာ၊ ပျက်စီးကုန်ပြီ။
[ တာဝနဋ္ဌာ၊ ပျက်စီးပြီးကြပြီ။
ဤသို့လည်းပေးနိုင်၏။]
အဝသေသဇနောပိ၊ ကျန်သော လူအပေါင်းသည်လည်း။
အပါယပူရကော၊ အပါယ်ကိုပြည့်စေသူသည်။
မာ အဟောသိ၊ မဖြစ်ပါစေနှင့်။
( မဖြစ်စေချင်ပါ)။
အဟံ၊ သည်။
( ဝက္ခာမိ၊ ၌စပ်)။
မမ၊ ၏။
သာသနံ၊ သည်။
( အဆုံးအမသည်)။
အနိယျာနိကံ၊ တက်။
ဣတိ၊ သို့။
သစေ ပန ဝက္ခာမိ၊ အကယ်၍များ ပြောလိုက်အံ့။
( ဧဝံသတိ) န သဒ္ဒဟိဿန္တိ၊ ယုံကြည်ကြလိမ့်မည်မဟုတ်။
အဟံ။
ဒွေပိ၊ နှစ်ယောက်တည်းဖြစ်ကုန်သော။
ဇနေ၊ တို့ကို။
ဧကနီဟာရေန၊ တစ်ခုတည်းသောနည်းဖြင့်။
ဝါ၊ တခုတည်းသော အခြင်းအရာအားဖြင့်။
ယံနူန နဥဂ္ဂဏှာပေယျံ၊ အကယ်၍ မသင်ယူစေရပါမူ ကောင်းပေစွ။
( သင်မပေးရလျှင် ကောင်းမှာပဲ)။
တေ၊ ထိုသူတို့သည။
မမ၊ ၏။
အစ္စယေန၊ ကွယ်လွန်အခါ၌။
အညမညံ၊ အချင်းချင်း။
ဝိဝဒိဿန္တိ၊ ဆန့်ကျင်ဖက် ပြောကြလိမ့်မည်။
( ငြင်းခုံကြလိမ့်မည်)။
သတ္ထာ၊ သည်။
တံ ဝိဝါဒံ၊ ထို ဆန်ကျင်ဖက်ပြောမှုကို။
) ထို ငြင်းခုံမှုကို)။
ပဋိစ္စ၊ စွဲ၍။
( အကြောင်းပြု၍)။
ဧကံ၊ တမျိုးသော။
ဓမ္မကထံ၊ တရားစကားကို။
ကထေဿတိ၊ ဟောတော်မူလိမ့်မည်။
တတော၊ ထိုသို့ ဟောတော်မူခြင်းကြောင့်။
တေ၊ တို့သည်။
သာသနဿ၊ ၏။
မဟန္တဘာဝံ၊ ကြီးကြယ် မြင့်မြတ်သည်၏အဖြစ်ကို။
ဇာနိဿန္တိ၊ သိကြလိမ့်မည်။
ဣတိ၊ ဤသို့စဉ်းစားပြီး။
အထ၊ ထိုအခါ၌။
( စဉ်းစားနေရာ ထိုအခါ၌)။
နံ၊ ထိုဆရာကြီးကို။
ဧကော၊ တစ်ယောက်သော။
အန္တေဝါသိကော၊ တို့သည်။
ဒုဗ္ဗလာ၊ အားမရှိကြတော့ပါ။
မယှမ္ပိ၊ အားလည်း။
ဣမသ္မိံ ဓမ္မေ၊ ၌။
( နိဂဏ္ဌတို့၏ ဆိုင်ရာဓမ္မ၌)။
အာစရိယပ္ပမာဏံ၊ ဆရာ့ပမာဏဖြစ်သော။
ဝါ၊ အာစရိယမုဋ္ဌိဖြစ်၍ ပမာဏာပြုလောက်သော။
သာရံ၊ အနှစ်ကို။
အာစိက္ခထ၊ မိန့်တော်မူခဲ့ပါကုန်။
ဣတိ၊ ဤသို့လျှောက်ပြီ။
[ အာစရိယမုဋ္ဌိ ဟုတွာ ပမာဏဘူတံ၊- ဋီကာ။
အာစရိယမုဋ္ဌ်၏အဖွင့်ကို သုတ်မဟာဝါ ဘာသာဋီကာ ( ဒု) တွဲ။
( ၁၀၁၊ ၃၈၇) ၌ ပြထားပြီး။]
အာဝုသော။
တွံ၊ သည်။
မမ၊ ၏။
အစ္စယေန၊ ၌။
အဿတန္တိ၊ သဿတဟူ၍။
( အတ္တနှင့် လောကသည် အခါခပ်သိမ်း မြဲ၏ဟူ၍)။
ဂဏှေယျာသိ၊ ယူပါလေ။
ဣတိ၊ ဤသို့ပြောပြီ။
အပရောပိ၊ အခြားတယောက်သည်လည်း။
ဥပသင်္ကမိ၊ ပြီ။
တံ၊ ထိုသူကိုတော့။
ဥစ္ဆေဒံ၊ ဥစ္ဆေဒကို။
( အတ္တနှင့် လောကသည် သေလျှင် ပြတ်၏ဟူသော အယူကို)။
ဂဏှာပေသိ၊ ယူစေပြီ။
ဧဝံ၊ သို့။
ဒွေပိ၊ ကုန်သော။
ဇနေ၊ တို့ကို။
ဧကလဒ္ဓိကေ၊ တူသောအယူရှိသူတို့ကို။
ဝါ၊ တမျိုးတည်းသော အယူရှိသူတို့ကို။
အကတွာ၊ မပြုပဲ။
ဗဟူ၊ များစွာသော လူတို့ကို။
ဝါ၊ များစွာသော အယူတို့ကို။
နာနာ နီဟာရေန၊ အမျိုးမျိုးသောနည်းဖြင့်။
ဝါ၊ အမျိုးမျိုးသော အခြင်းအရာအားဖြင်ြ။
ဥဂ္ဂဏှာပေတွာ၊ သင်ယူစေ၍ ( သင်ပေး၍)။
ကာလံ၊ ကို။
အကာသိ၊ ပြီ။
တေ၊ ထို တပည့်တို့သည်။
တဿ၊ ထို နညဋပုတ္တဆရာကြီး၏ ။
သရီရံကိစ္စံ၊ ခန္ဓာကိုယ်၏ကိစ္စကို။ ( သဂြင်္ိုဟ်မှုကိစ္စကို )။
ကတွာ၊ ၍။
သန္နိပတိတွာ၊ စည်းဝေး၍။
အညမညံံ၊ ချင်း။
ပုစ္ဆိံ သု၊ ကုန်ပြီ။
( ကိံ၊ နည်း။ )
အာဝုသော၊ တို့။
ကဿ၊ အဘယ်သူ့အား။
အာစရိယော၊ သည်။
သာရံ၊ ကို။
အာစိက္ခိ၊ ပြောခဲ့သနည်း။
ဣတိ၊ ဤသို့ မေးကြပြီ။
ဧကော၊ သည်။
ဥဋ္ဌဟိတွာ၊ ထ၍။
မယှံ၊ အား။
( အာစိက္ခိ၊ ပြောပြခဲ့ပြီ။ )
ဣတိ၊ သို့။
အာဟ၊ ပြောပြီ။
ကိံ၊ အဘယ်ကို။
အာစိက္ခိ၊ ပြောပြခဲ့သနည်း။
ဣတိ၊ ဤသို့ မေးကြပြီ။
သဿတံ၊ သဿတကို။
( အာစိက္ခိ၊ ပါပြီ။ )
ဣတိ၊ ဤသို့ ပြောပြိ။
အပရော၊ သည်။
တံ၊ ထိုသူ့ကို။
ပဋိဗာဟိတွာ၊ တားမြစ်၍။
မယှံ၊ အားသာ။
သာရံ၊ ကို။
အာစိက္ခိ၊ ပြီ။
ဣတိ၊ သို့။
အာဟ။
ဧဝံ၊ သို့။
သဗ္ဗေ၊ အလုံးစုံသော တပည့်တို့သည်။
မယှံ သာရံ အာစိက္ခိ။
အဟံ။
ဇေဋ္ဌကော၊ အကြီးအကဲတည်း။
ဣတိ၊ သို့။
အညမညံ။
ဝိဝါဒံ၊ ကို။
ဝေဍ္ဎတွာ၊ တိုးပွားစေ၍။
အက္ကောသေစေဝ၊ ဆဲရေးကြောင်းစကားတို့ကိုလည်းကောင်း။
ပရိဘာသေစ၊ ကြိမ်းမောင်းသော စကာစတို့ကို လည်းကောင်း။
ဟတ္ထပါဒပ္ပဟာရာ ဒီနိစ၊ လက်ဖြင်းရိုက်နှက်ခြင်း ခြေဖြင့်ကန်ခြင်း အစရှိသည်တို့ကိုလည်းကောင်း။
ပဝတ္တေတွာ၊ ဖြစ်စေ၍။
ဧကမဂ္ဂေနေ၊ တလမ်းတည်းဖြင့်။
ဒွေ၊ တို့သည်။
အဂစ္ဆန္တာ၊ မသွားကြပဲ။
နာနာဒိသာတု၊ အမျိုးမျိုးသော အရပ်တို့ကို။
ပက္ကမိံ သု၊ ဖဲသွားကြကုန်ပြီ။
အထခေါ စုန္ဒော သမဏုဒ္ဒေသောတိ၊ ကား။
အယံ ထေရော၊ သည်။
ဓမ္မသေနာပတိဿ၊ တရားစစ်သူကြီး ဖြစ်တော်မူသော အရှင်သာရိပုတ္တရာ၏ ။
ကနိဋ္ဌဘာတိကော၊ ညီငယ်တည်း။
တံ၊ ထိုစုန္ဒကို။
ဘိက္ခူ၊ တို့သည်။
အနုပသမ္ပန္နကာလေ၊ ဥပသမ္ပန္န မဟုတ်ရာအခါ၌။
ဝါ၊ သာမဏေဖြစ်ရာ အခါ၌။
စုန္ဒောသမဏုဒ္ဒေသောတိ၊ စုန္ဒော သမဏုဒ္ဒေသောဟူ၍။ ( စုန္ဒသာမဏေဟူ၍။ )
သမုဒါစရိတွာ၊ ခေါ်ဝေါ်ပြောဆို၍။
ထေရကာလေပိ၊ ထေရ်ဖြစ်ရာအခါ၌လည်း။
[ သမဏေတုန်းက ခေါ်သည့်အတိုင်းပင် ထေရ်ဖြစ်သော်လည်း ဘူတပုဗ္ဗဂတိက နည်းကားဖြင့် စုန္ဒသမဏုဒ္ဒေသဟုပင် ခေါ်ကြသည်။၊ ဟူလို။]
တေန၊ ကြောင့်။
စုန္ဒော သမဏုဒ္ဒေသောတိ၊ ဟူ၍။
( သိင်္ဂီတိကာရေတိ )
ဝုတ္တံ၊ ဆိုအပ်ပြီ။
" ပါဝါယံ ဝဿံဝုေဋ္ဌာ ယေန သာမဂါမော။
ယေနာယသ္မာ အာနန္ဒောတေနုပသင်္ကမီ"
( ဧတ္ထ )၊ ဟူသော ဤပါဌ်၌။
ကသ္မာ၊ ကြောင့်။
ဥပသင်္ကမိ၊ နည်း။
[ အရှင်စုန္ဒသည် ပါဝါမြို့၌ ဝါကျွတ်ပြီးသောအခါ သာမရွာ အရှင်အာနန္ဒာရှိရာသို့ အဘယ်ကြောင့် ချဥ်းကပ်သနည်း။ ]
ကိရ၊ အဖြေကား။
နာဋပုတ္တေ၊ သည်။
ကာလင်္ကတေ၊ သေခြင်းကို ပြုပြီးလသော်။
ဝါ၊ သေခြင်းကိုပြုပြီးရာ အခါ၌။
ဇမ္ဗူဒီပေ၊ ဇမ္ဗူဒိပ်၌။ ( အိန္ဒိယနိုင်ငံ၌။)
မနုဿ၊ တို့သည်။
တတ္ထ တတ္ထ၊ ထိုထို နေရာ၌။
ကထံ၊ ကို။
ပဝတ္တယိံ သု၊ ဖြစ်စေကြကုန်ပြီ။
(ကိံ၊ နည်း။ )
နာဋပုတ္တော၊ နာဋ၏ သားဖြစ်သော။
နိဂဏ္ဌေ၊ နိဂဏ္ဌဆရာကြီးသည်။
ဧကော၊ သော။
သတ္ထာ၊ ဆရာတည်း။
ဣတိ၊ သို့။
ပညာယိတ္ထ၊ ထင်ရှားပြီ။
တဿ၊ ထို ဆရာကြီး၏။
ကာလံ ကိရိယာယ၊ သေခြင်းကိုပြုခြင်းကြောင့်။
သာဝကာနံ၊ တို့၏။
ဧဝရူပေါ၊ ဤသို့ သဘောရှိသော။
ဝဝါဒေါ၊ ဆန့်ကျင်ဖက် ပြောခြင်းသည်။
ဝါ၊ ငြင့်ခုံခြင်းသည်။
ဇာတော၊ ဖြစ်ပြီ။
[ ပါဋ္ဌိတော်လာ ဝိဝဒအမှုကို ရည်ရွယ်၍ ဧဝရူပေါဟု ဆိုသည်။ ]
ပန၊ ကား။
သမဏော ဂေါတမော၊ ရဟန်းဂေါတမသည်။
[ ဂေါတမော၊ အနွယ်အားဖြင့် ဂေါတမမည်သော။
သမဏော၊ ရဟန်းမြတ်သည်။
ဤသို့လည်း ခွဲ၍ပေး။ ]
ဇမ္ဗူဒီပေ၊ ၌။
စန္ဒော ဝိယ၊ လကဲ့သို့ လည်းကောင်း။
သူရိယောဝိယ စ၊ နေကဲ့သို့ လည်းကောင်း။
ပါကဋော၊ ထင်ရှားတော်မူ၏။
အဿ၊ ထို ရဟန်းဂေါတမ၏။
သာဝကပိ၊ တပည့်တို့သည်လည်း။
ပါကဋာ ယေဝ၊ ကုန်သည်သာ။
သမဏေ ဂေါတမေ၊ သည်။
ပရိနိဗ္ဗူတေ၊ လသော်။
ကီဒိသော၊ အဘယ်ကဲ့သို့ ရှုအပ်သော။ ( ဘယ်လိုသဘောရှိသော။ )
သာဝကာနံ၊ တို့၏။
ဝိဝါဒေါ၊ သည်။
ဘဝိဿတိ နုခေါ၊ ဖြစ်လိမ့်အုန်းမည်နည်း။ ( ဖြစ်အုံးမှာလဲ။ )
ဣတိ၊ ဤသို့ ( စကားကို။ ) ဖြစ်စေကြကုန်ပြီ။
ထေရော၊ အရှင် စုန္ဒထေရ်သည်။
တံ ကထံ၊ ထိုစကားကို။
သုတွာ၊ ကြားရ၍။
စတန္တေသိ၊ ပြီ။
( ကိံ၊ နည်း။ )
ဣမံ ကထံ၊ ကို။
ဂဟေတွာ၊ ယူ၍။
ဒသဗလဿ၊ မြတ်စွာဘုရားအား။
အာရောစေဿာမိ၊ လျှောက်ထားမည်။
သတ္ထာ၊ သည်။
ဧတံ၊ ဤစကားကို။
အဋ္ဌုပ္ပတ္တိံ၊ အဋ္ဌုပ္ပတ္တိကို။
( ဖြစ်ပေါ်လာသော အကြောင်းအရာကို။ )
ကတွာ၊ ၍။
ဧကံ၊ တမျိုးသော။
ဒေသနံ၊ ဒေသနာတော်ကို။
ကထေဿတိ၊ ဟောတော်မူလိမ့်မည်။
ဣတိ၊ ဤသို့ စဥ်းစားပြီ။
ပညာယိတ္ထ။ ။ [ ပ+ ဉာ+ ကံဟောယ+ အဇ္ဇတ္တနီ- အာ၊ အာကို တ္ထပြု။] ဉာဓာတ်သည် ဒိဝါဒ် မရှိ၊ ပ ကွဲကွဲပြားပြညး+ ဉာယ- သိအပ်ဟူရာ၌ သိနိုင်လောက်အောင် ထင်ရှားခြင်းဖြစ်သောကြောင့် “ ပညာယိတ္ထ- ထင်ရှားပြီး” ဟု အဓိပ္ပါယ်နက် ပေးပါ၊ “ ပညာယတ်- ထင်ရှား၏” စသည်၌လည်း နည်းတူပင်။
သော၊ ထိုထေရ်သည်။
နိက္ခမိတွာ၊ ( ပါဝါမြို့မှ) ထွက်လာ၍။
ယေန၊ အကြင်အရပ်၌။
သာမဂေါမော၊ သာမ မည်သောရွာသည်။
( အတ္ထိ )။
ယေန၊ ၌။
အာယသ္မာ အာနန္ဒော၊ သည်။
( အတ္ထိ )။
တေန၊ အရှင်အာန္ဒာရှိရာ ထို ( သာမရွာ ) အရပ်သို့။
ဥမသင်္ကမိ၊ ချဥ်းကပ်ပြီ။
သာမဂါမောတိ၊ ကား။
သာမာကာနံ၊ လမန်းဆန်တို့၏။
ဝါ၊ လမန်းစပါးတို့၏။
ဥဿန္နတ္တာ၊ ပေါမျာစသည်၏ အဖြစ်ကြောင့်
တဿ ဂေါမဿ၊ ထိုရွာ၏။
နာမံ၊ သာမဂါမဟူသော အမည်သည်။
( ဟောတ်ိ )။
ယေနာယသ္မာ အာနန္ဒောတိ၊ ကား။
ဥဇုမေဝ၊ ဖြောင့်ဖြောင့်သာ။ ( တန်းတန်းမတ်မတ်သာ )။
ဘဂဝတော၊ ၏။
သန္တိကံ၊ အထံတော်သို့။
အဂန္တွာ၊ မသွားသေးပဲ။
ယေန၊ အကြင်အရပ်၌။
အဿ၊ ထိုအရှင်စုန္ဒ၏။
ဥပစ္ဇျာယော၊ ဥပစ္ဇျာယ်ဖြစ်သော။
အာယသ္မာ အာနန္ဒော၊ သည်။
( အတ္ထိ )။
တေန၊ မိမိ၏ ဥပစ္ဇျာယ် ဖြစ်သော အရှင်အာနန္ဒာရှိရာ ထိုအရပ်သို့။
ဥပသင်္ကမိ၊ ပြီ။
ကိရ၊ ချဲ့ဦးမည်။
ဗုဒ္ဓကာလေ၊ ဘုရားရှင်လက်ထက်တော်၌။
သာရိပုတ္တတ္တေရောစ၊ သည်လည်းကောင်း။
အာနန္ဒတ္ထေရောစ၊ သည်လည်းကောင်း။
အညမညံ၊ ချင်း။
မမာယိ့ သု၊ ငါ့ဥစ္စာဟု ပြုကြကုန်ပြီ။
ဝါ၊ မြတ်နိုးကြကုန်ပြီ။သာမာကာနံ။ ။ “ လမန်းဆန်” ဟု အနက်ပေးကြ၏၊ ခုဒ္ဓသိက္ခာ ဂါထာ( ၇၆)၌ “ သမာကာဒိ တိဏံ- လမန်းစသော မြက်မျိုး” ဟုဆို၏၊ “ မြက်သီးဆန်” ဟုပေးပါ၊ ဋီကာ၌- “ သာမာကဓညာနံ- လမန်းစပါး” ဟုဖွင့်၏၊ “ ဓညဘေဒ- စပါးအထူး” ဟုဆိုသော ခေါမနိဓိနှင့် ညီ၏၊ ဒီ၊ ၁၊ ၁၅၇ ၌ “ သာမာက ဘက္ခောဝါ လမန်းဆန်း( မြက်သီးဆန်း) ကိုစားသူ” ဟု ဏ်တ္ထိတို့ကျင့်ဝတ်အဖြစ် တွေ့ရသည်၊ ထိုသာမာကစပါးတို့ ပေါများသောကြောင့် ဌာနီဖြစ်သော စပါးတိုါ၏ သာမာကအမည်ကို ဌာနရွာပေါ်တင်စား၍ ဌာနျူပစာအားဖြင့် ရွာကို “ သာမဂါမ” ဟု ခေါ်သည်။ [ သာမာကာနံ+ ဂါမော သာမဂါမော။ ကချေ။ မာ၌ ရဿပြု။]
ဗုဒ္ဓကာလေ ကိရ။ ။ “ ယေနဿ ဥပဇ္ဈာယော” တိဝတွည ယထာ ( အကြင်အခြင်းအရာအားဖြင့်) အဿ အာယသ္မတော စုန္ဒဿ ( ထိုအရှင်စုန္ဒ၏) ဓမ္မဘဏ္ဍာဂါရိကော ( တရားဘဏ္ဍစိုးဖြစ်သော အရှင်အာနန္ဒာသည်) ဥပဇ္ဈာယော အဟောသိ၊ တံ ( ထိုအခြင်းအရာကို) ဝိတ္ထာရေနံ ဒဿေတုံ “ ဗုဒ္ဓကာလေ ကိရာ” တိ အာဒိဝုတ္တံ၊- ဋီကာ။
ဗုဒ္ဓကာလေ။ ။ ဤပုဒ်သည် ဖြစ်ခဲ့ဘူးသော အကြောင်းအရာက်ု ပြောပြသော ပုဒ်တည်း၊ သာရိပုတ္တတ္ထေရောစ စသည်ကို အထူးပြုသော ဝိသေသမ မဟုတ်၊ မှန်၏- “ ဗုဒ္ဓကာလေ သာရိပုတ္တတ္ထေရော- ဘုရားလက်ထက်တော်၌ သာရိပုတ္တရာထေရ်” ဟု ဝိသေသန အဖြစ်ဖြင့် ဆိုလျှင် ဘုရားရှင် သက်တော်ထင်ရှား ရှိတော်မူသည့် ကာလတလျှောက်လုံး အရှင်သာရိပုတ္တရာလည်း သက်တော်ထင်ရှားရှိသည်ဟုပင် အဓိပ္ပါယါထွက်နေ၏၊ အမှန်မှာ ထိုသို့မဟုတ်၊ ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်စံတော်မမူမီ ရှေ့ ( ၆) လ လောက်စော၍ ဓမ္မသေနာပတိ ပရိနိဗ္ဗာန် စံတော်မူသည် [ ဗုဒ္ဓကာလေတိ ဘူတကထနမေတံ၊ န ဝိသေသနံ၊ သတ္ထု၊ ပရိနိဗ္ဗာနတော ပုရေတရ မေဝ ဟိ ဓမ္မသေနာပတိပရိနိဗ္ဗုတော၊- ဋီကာ၊ အရှင်သာရိပုတ္တရာ ပရိနိဗ္ဗာန်စံတော်မူပုံကို ဒီ၊ ဋ္ဌ၊ ၂။ ၁၃၉- ရှူ။]
**ကိရ**။ ။ ဝိတ္ထာရေန - ဟူသေဋ ဋီကာကို ကြည့်၍ “ ကိရ- ချဲ့” ဟုပေးသည်၊ မနုဿဝနတ္ထ ( တဆင့်ကြားအနက်) ဟော နိပါတ်- ဟု ယူလျှင် “ ကိရ - တဆင့်စကား ကြားရသည်မှာ” ဟု ပေးပါ၊ ရှေ့အမေးဝါကျကိုကြည့်၍ “ ကိရ- အဖြေကား” ဟုလည်းကောင်း, သံဝဏ္ဏေတဗ္ဗနှင့်ကပ်လျက်ရှိသော ကိရကို “ ဂူဠှတ္ထံ၊ ကို၊ ကိရ( ဥဒ္ဓရိတွာ ဒဿေမိ)- ထုတ်၍ပြဦးမည်” ဟုလည်းကောင်း ပေးရသေးသည်။ [ သီလက္ခန်ဘာသာဋီကာ ( ပ) တွဲ၊ ၂၅၈။ ၃၀၄- ရှု။]
မမာယိံသု။ ။ မမ+ဣဒံ မမံ၊ အမှပုဒ်နောင် ဣဒံ အနက်၌ ဏပစ္စည်း၊ သုတ်ကြီးဖြင့် အမှကို မမပြု၊ ထိုနောက် မမံဟူသော ဒုတိယန္တနာမ်ပြဒ်နောင် ကရောတိအနက်၌ အာယပစ္စည်းသက်၍ “ မမာယ” ဟု နာမဓာတ်ဖြစ်သညါ။ [ ကစ္စည်း ဘာသာဋီကာ ( ဒု) တွဲ၊ ၁၁၆၊ ၃၃၇- ရှု။]

သာရိပုတ္တတ္ထေရော၊ သည်။
( မမာယိ၊ ၌စပ် )
မယာ၊ သည်။
ကာတဗ္ဗံ၊ ထိုက်သော။
သတ္ထု၊ အား။
ဥပဋ္ဌာနံ၊ ပြုစုလုပ်ကျွေးမှုကို။
( အာယသ္မာ အာနန္ဒော )
ကရောတိ၊ ပြု၏။ ( ပြုလုပ်ဖော် ရ၏)။
ဣတိ၊ ဤသို့ တွေး၍။
အာနန္ဒတ္ထေရံ၊ ကို။
မမာယိ၊ ပြီ။
အာနန္ဒတ္ထေရော၊ သည်။
( အာယသ္မာ သာရိပုတ္တော၊ သည်။ )
ဘဂဝတော၊ ၏။
သာဝသာနံ၊ တို့တွင်။
အဂ္ဂေါ၊ အမြတ်ဆုံးတည်း။
ဣတိ၊ ဤသို့တွေး၍။
သာရ်ပုတ္တတ္ထေရံ၊ ကို။
မမာယိ၊ ပြီ။
ကုလဒါရကေစ၊ အမျိုး၏ ကလေးတို့ကိုလည်း။ ( အမျိုးသားကလေးတို့ကိုလည်း ) ။
ပဗ္ဗဇေတွာ၊ ရှင်ဖြစ်စေ၍။ ( ရှင်ပြုပေး၍ )။
သာရိပုတ္တတ္ထေရဿ၊ ၏။
သန္တိကေ၊ ၌။
ဥပဇ္စျံ၊ ဥပဇ္စျာယ်ကို။
ဂဏှာပေတိ၊ ယူစေပြီ။ ( အယူခိုင်းပြီ )။
သာရိပုတ္တတ္ထေရောပိ၊ သည်လည်း။
တထေဝ၊ ထို့ အတူပင်။
အကာသိ၊ ပြီ။
[ မိမိ၏ တပည့်များကို အရှင်အာနန္ဒာအထံ၌ ဥပဇ္စျာယ် အယူခိုင်းသည်၊ ဟုဆိုလိုသည်။ ]
ဧဝံ၊ ဤသို့လျှင်။
ဧကမေကေန၊ တပါးတပါးသည်။
အတ္ထနော၊ ၏။
ပတ္တစီဝရံ၊ ကို။
ဒတွာ၊ ပေး၍။
ပဗ္ဗဇေတွာ၊ ၍။
ဥပဇ္စျံ၊ ကို။
ဂဏှာပိတာနိ၊ ယူစေအပ်ကုန်သော။
ပဥ္စ ပဥ္စ ဘိက္ခုသတာနိ၊ ငါးရာ ငါးရာသော ရဟန်းတို့သည်။
အဟေသုံ၊ ဖြစ်ကုန်ပြီ။
အာယသ္မာ အနန္ဒော၊ သည်။
ပဏီတာနိ၊ မွန်မြတ်ကုန်သော။
စီဝရာဒီနိပိ၊ တို့ကိုလည်း။
လဘိတွာ၊ ရ၍။ (ရယင် )။
ထေရဿ၊ အရှင်သာရိပုတ္တရာထေရ်အား။
အဒါသိ၊ လှူပြီ။