ဘိက္ခုနော အာယုဝဏ္ဏာဒိဝဍ္ဎနကထာ၊ အဖွင့်။
ဣဒံ ခေါဘိက္ခဝေ ဘိက္ခုနော အာယုသ္မိန္တိ၊ ဟူသော ဤပါဌ်ဖြင့်( ဒဿေတိ ၌စပ်)။
ဘိက္ခဝေ ,ဝေါ၊ သင်တို့အား။
အဟံ၊ သည်။
အာယူနာပိဝဝုဿထာတိ၊ ဟူသော။
ယံ၊ အကြင် စကားကို။
အဝေါစံ၊ မိန့်တော်မူခဲ့ပြီ။
တတ္ထ၊ ထိုစကား၌။
ဣဒံ၊ ဤအကြောင်းသည်။
(ဣဒ္ဓီပါဒ်လေးပါးကို မိမိသန္တာန်၌ဖြစ်စေခြင်းသည်)။
ဘိက္ခုနော၊ ၏။
အာယုသ္မိံ၊ အသွက်တည်း။
ဝါ၊ အသက်ရှည်ခြင်း၏ အကြောင်းတည်း။
ဣဒံ၊ သည်။
အာယုကာရဏံ၊ အသက်၏အကြေင်းတည်း။
ဣတိ အတ္ထော၊ နက်။ဣဒံ ဘိက္ခနော အာယုသ္မိံ။ ။ [ အာယုသ္မိံ၌ သ္မိံ ဝိဘတ်ကို ပဌာမာ အနက်၌သက်ပါ။] ဣဒ္ဓိပါဒ်လေးပါးကို မိမိသန္တာန်၌ ဖြစ်စေခြင်းသည် အာယု ( အသက်) မဟုတ်, အာယုကာရဏ ( အသက်ရှည်ခြင်း၏ အကြောင်း) သာတည်း၊ ဤ၌ အကျိုးဖြစ်သော အသက်၏ အာယုဟူသော အမည်ကို အကြောင်းဖြစ်သော ဣဒ္ဓိပါဒ်လေးပါးကို ဖလူပစာရအားဖြင့် “အာယုသ္မိံ” ဟုဟောတော်မူသည်။
ဤ အဓိပ္ပါယ်ကိုရည်ရွယ်၍ “ဣဒံ အာယုကာရဏန္တိအတ္ထော” ဟုဖွင့်သည်။
**ဋီကာ**။ ။ ဋီကာ၌ကား အာယုသ္မိံ၌ သ္မိံ ကို ပဌမာအနက်၌ မသက်စေပဲ, ဣဒံ၏ စပ်ကုဒ်ကိုလည်း “ဣစ္ဆိတဗ္ဗံ” ဟုထည့်ပြီးလျှင် ဣဒံနှင့် အယုသ္မိံကို တုလျာမိကရဏဟူ မယူမူ၍ တမျိုးဖွင့်သွားသည်၊ ထိုအလို “အာယူသ္မိံ- အသက်၌ ( အသက်ရှည်မှု၌)ဣဒံဤ ဣဒ္ဓိပါဒ်လေးပါးကနု ( ဣဒ္ဓိပါဒ်လေးပါးကို မိမိသန္တာန်၌ဖြစ်စေခြင်းဟူသော ဤအကြောင်းကို)၊ ဘိက္ခုနော- ရဟန်းသည်၊ ဣစ္ဆတဗ္ဗံ၊ အလိုရှိထိုက်၏” ဤသို့အနက်ပေးရလိမ့်မည်။
ကိုယ်အဆင်းနှင့် ဂုဏ်သတင်း။ ။ သီလရှိသူ၏ သန္တာန်၌ ထိုသီလကိုအခြေခံ၍ အဝိပ္ပဋိသာရ ( နှလုံး မသာမယာ မဖြစ်မှု), ပါမောဇ္ဇ ( ဝမ်းမြောက်မှု) ပီတိ, ပဿဒ္ဓိ ( အေးချမ်းမှု) , သုခ ( စိတ်ချမ်းသာမှု), သမာဓိ (စိတ်တည်ကြည်မှု), ယထာဘူတဥာဏာဒိ (အမှန်ကိုသိသောဥာဏ်သည်) တို့ ဖြစ်၏ ။ ထိုတရားများဖြစ်ခြင်းကြောင့်ထိုစိတ်နှင့်အတူဖြစ်သည့် မွန်မြတ်သော စိတ္တဇရုပ်များ တကိုယ်လုံးဝယ် ပျံနှံ့နေရကား ခန္ဓာကိုယ်၌ အဆင်းဓာတ်လည်း ထူးထူးခြားခြား ကြည်လင်နေ၏၊ ထိုသူ၏ ဂုဏ်သတင်းကား လူသတင်း လူချင်းဆောင်လျက် အရပ်တိုင်း မွှေးကြိုင်း လှပ၍ နေပေလိမ့်မည်။
မှတ်ချက်။ ။ တရားထူးရ-မရ အကဲခတ်ရာ၌ ကြည်လင်နေသော ရုပ်အဆင်းနှင့် မျက်နှာကိုကြည့်၍ အကဲခတ်ကြ၏၊ ထိုသို့အကဲခတ်၍ ဖြစ်လောက်အောင်ပင်အတွင်း၌ရှိသော တရားဓာတ်ကြောင့် အချို့သူတို့၏ ရုပ်အဆင်းနှင့် မျက်နှာသည် ထူးထူးခြားခြားကြည်လင်နေပေသည်၊ မျက်နှာကြည့်၍ အကဲခတ်ကြပုံကို ဘုရားရှင်နှင့်ဥပက, အရှင်အဿဇိနှင့် ဥပတိဿ ( အရှင်သာရိပုတ္တရာ အလောင်း) ပရိဗ္ဗိုဇ်တို့တြွေဆုံရာ၌ ပြောသောစကားများဖြင့် သိပါ၊ သို့ရာတွင် သီလမစင်ကြယ်, ကိုယ်ကျင့်မကောင်းသော်လည်း မှင်မပျက် နေတတ်သူများလည်း ရှိကြပေသည်၊ မှင်ကောင်းသူများသည် အမှားပြုထားသော်လည်း မျက်နှာမပင်ေကြပါ၊ ဒုစရိုက်ဝါရင့်သူများသာ
တသ္မာ၊ ကြောင့်။
တုမှေဟိ၊ သင်တို့သည်။
အာယုနာ၊ ဖြင့်။
ဝိဝုတုကာမေဟိ၊ တိုးပွားခြင်းငှါ အလိုရှိကုန်သည်။
(သမာနေဟိ၊ ဖြစ်ကုန်လာသော်)
စတ္တာရော၊ ကုန်သော။
ဣမေ ဣဒ္ဓိပါဒါ၊ တို့ကို။
ဘာဝေတဗ္ဗော၊ မိမိသန္တာန်၌ ဖြစ်စေထိုက်ကုန်၏။
ဣတိ၊ ဤ အနက်ကို။
ဒဿေတိ။
ဝဏ္ဏိသ္မိံ န္တိ၊ ဟူသောပါဌ်ဖြင့်။
(ဒဿတိ ၌စပ်)။
ဝေါ၊ တို့အား။
အဟံ၊ သည်။
တဏ္ဏေနပိ ဝဝိုဿထာဟိ၊ ဟူသော။
ယံ၊ ကို။
အဝေါစ။
တ္ထ၊ ၌။
ဣဒံ၊ ဤ ပါတိမောက္ခသ ဝ ရသီလနှင့်ပြည့်စုံခြင်းသည်။
ဝဏ္ဏကာရဏံ၊ အဆင်း၏အကြောင်းတည်း။
(ကိုယ်အဆင်းနှင့် ကျော်ဇောခြင်းဟူသောဂုဏ်အဆင်း၏အကြောင်းတည်း)။
ဟိ၊ မှန်။
သီလဝတော၊ သီရှိသူ၏။
(သီရီရဝဏ္ဏောပိဂုဏ ဝ ဏ္ဏောပိတို့၌စပ်။)
အဝိပ္ပဋိသာရာဒီနံ၊ နှလုံးမသာမယာ မဖြစ်ခြင်း အစရှိသည်တို့၏။
ဝသနေ၊ ဖြင့်။
သရီရဝဏ္ဏောပိ၊ ကိုယ်၏အဆင်းသည်လည်းကောင်း။
ကိတ္ထိဝသေန၊ ကျော်စောခြင်း၏အစွမ်းဖြင့်။
ဂုဏတဏ္ဏောပိ၊ ဂုဏ်ဟူသောအဆင်းသည်လည်းကောင်း။
ဝဝုတိ၊ တိုးပွား၏။
တသ္မာ, တုမှေဟိ၊ တို့သည်။
ဝဏ္ဏေန ဝဎိုတုကာမေဟိ (သမာနေဟိ) သီလသမ္ပန္နေဟိ၊ သီလနှင့် ပြည့်စုံသူတို့သည်။
ဘဝိသဗ္ဗံ၊ ဖြစ်ရာ၏ ။ ဣတိ ဒဿေတိ။
သုခသ္မိန္တိ၊ ကား။
ဝေါ၊ တို့အား။
အဟံ၊ သည်။
သုခေနပိ ဝဎိုဿထာတိ၊ ဟူသော။
ယံ။ အဝေါစံ။ တတ္ထ၊ ၌။
ဝိဝေကဇံ၊ နီဝရဏတို့မှ ကင်းခြင်းကြောင့်ဖြစ်သော။
ပီတိသုခါဒိ နာနပ္ပံကာရကံ၊ ပီတိသုခ အစရှိသော အထူးထူးသော အပြားရှိသော။ [အာဒိဖြင့် သမာဓိဇ, အပ္ပီတိဇ, သတိပါရိသုဒ္ဓိဇတို့ကို ယူပါ။]
ဣဒံ ဈာနသုခံ၊ သည်။
ဘိက္ခုနော၊ ၏ ။
(သုခသ္မိံ၊ တည်း)။
တသ္မာ တုမှေဟိ သုခေန ဝဎိုတုကာမေဟိ (သမာနေဟိ) စတ္ထာရိ ဣမာနိ ဈာနာနိ ဘာဝေ တဗ္ဗာနိ
ဘောဂသ္မိန္တိ၊ ကား။ ပေ။ အဝေါစံ။
အပ္ပမာဏာနံ၊ အတိုင်းအရှည် မရှိကုန်သော။
သတ္တာနံ၊ သတ္တဝါတို့အား။
အပ္ပဋိကူလတာဝဟော၊ ဆန့်ကျင်ခြင်း မရှိသူ၏ အဖြစ်ကို ဆောင်တတ်သော။
သုခသယနာဒိ ကောဒသာနိသံသော၊ ချမ်းသာစွာ အိပ်ရခြင်း အစရှိသော တဆယ့်တပါးသော အကျိုးရှိသော။
အယံသော သဗ္ဗဒိသာ ဝိပ္ပါရိတ ဗြဟ္မဝိဟာရ ဘောဂေါ၊ ထိုကဲ့သို့သော ခပ်သိမ်းသော အရပ်တို့၌ ပျံ့နှံ့ခြင်းရှိသော ဗြဟ္မဝိဟာရ ဟု ဆိုအပ်သော ဤ စည်းစိမ်သည်။အပဋိကူလတာဝဟော။ ။ ပဋိကူလသဒ္ဒါသည် ဆန့်ကျင်ဖက်အနက်ကို ဟော၏ [ ပဋိကူလဲ တွ ပ သဗျံ၊- အဘိဓာန် (၇၁၉)။] ဆန့်ကျင်ခြင်းမရှိသည်၏ အဖြစ်ဟူသည် မိမိကလည်း သတ္တဝါအာလုံးတို့၌ မဆန့်ကျင် ခြင်းတည်း၊ တယောက်နှင့်တယောက် ဆန့်ကျင်ဖက်ဖြစ်နေလျှင် ရန်သူဖြစ်တော့၏၊ ယခုကား ဗြဟ္မဝိဟာရတရားကြောင့် သတ္တဝါအားလုံးကို အပေါ်ဝယ် ဆန့်ကျင်ဖက်မဖြစမတော့ရကား အားလုံးပင် မိတ်ဆွေတွေချည်းဖြစ်နေ၍ မိမိမှာ ချမ်းချမ်းသာသာ အိပ်ရ နေရခြင်းစသော အကျိုးများဖြစ်သည်။
ထိုအကျိုး များကား အလွန်ချမ်းသာသော စည်းစိမ်ပင်တည်း၊ ထိုကြောင့် “ဣဒံ ဘိက္ခုနောဘောဂသ္မိံ- ဪ ဗြဟ္မဝိဟာရသည် ရဟန်း၏ စည်းစိမ်”ဟု ဟောတော်မူ သည်။ [ ဧကာဒသာနိသံသော၏ သရုပ်ကို ဧကာဒသင်္ဂုတ္တရ၌ ရှုပါ။]
အနက်ပေးမျက်ချက်။ ။ ရှေးနိဿယ၌ “ အပ္ပဋိကူလတာဝတော- နောက်ယှက်ခြင်းမရှိသည်၏အဖြစ်ကို ဆောင်တတ်သော” ဟုပေး၏၊ ပဋိကူလသဒ္ဒါကို အနာကူလာစ ကမ္မန္တာ၌ အာကုလသဒ္ဒါနှငိ့ အနက်ဆူ၏ ဟုဆိုလိုဟန်တူ၏၊ “ အနှောက်အယှက် မရှိသဖြင့် ချမ်းသာစွာနေရ၏” ဟု အဓိပ္ပါယ်ရသော်လည်း သဒ္ဒါနှင့်အနက်ကွာဟချက် များလွန်းသည်။
ဋီကာ။ ။ အပ္ပဋိကူလတာဝဟေဋတိ အပ္ပမာဏာနံ သတ္တာနံ, အတ္တနောစတေသု အပ္ပဋိကူလ ဘာဝဘော၊ ထိုဝါကျ၏ ဆိုလိုရင်းကား- အတိုင်းအရှည်မရှိသော သတ္တဝါတို့င မိမိ၌ ဆန့်ကျင့်မရှိ, မိမိကလည်း ထိုသတ္တဝါတို့အေပါ်၌ ဆန့်ကျင့်ခြင်း မရှိသောကြောင့် “ အပ္ပဋိကူလတာဝဟ” ဖြစ်သည်ဟုဆိုလိုသည်။ [ အပ္ပဋိကူလ ဘာဝတော” ဟု အကြောင်းပြသည်။]
ဘိက္ခုနော၊ ၏ ။ ဘောဂသ္မိံ= တည်း။) တသ္မာ။ ပေ။ ဘာဝေတဗ္ဗာ။
ဗလသ္မိန္တိ၊ ကား။ ပေ။ အဝေါစံ။
(တတ္ထ၊ ၌။)
အာသာဝက္ခယပရိယောသာနေ၊ အာသဝေါတရားတို့၏ကုန်ကြောင်း အရဟတ္တမဂ်ဥာဏ်၏အဆုံး၌။
ဥပ္ပန္နံ၊ သော။
အရဟတ္တဖလသင်္ခါတံ၊ အရဟတ္တဖိုလ်ဟု ဆိုအပ်သော။
ဣဒံ ဗလံ၊ ဤအားသည်။
(ဗလသ္မိံ၊ အားမည်၏ ။)
[ထို အရဟတ္တဖိုလ်၏ ပျက်စီးခြင်းသဘော မရှိသည့်အတွက် တစုံတခုသော ဆန့်ကျင်ဘက်တရားက မလွှမ်းမိုးနိုင်သောကြောင့် "အရဟတ္တဖလသင်္ခါတံ ဗလံ" ဟု ဆိုသည်။]
တသ္မာ။ ပေ။ ဝဎိုတုကာမေဟိ (သမာနေဟိ) အရဟတ္တပ္ပတ္တိယာ၊ အရဟတ္တဖိုလ်သို့ ရောက်ခြင်းငှါ။
ယောဂေါ၊ အားထုတ်မှုကို။
ကရဏီယော၊ ပြုထိုက်၏ ။သဗ္ဗဒိသာ ဝပ္ပါရိတ။ ။ ဟိတူပ သံဟာရာဒိဝသေန ပဝတ္တိယာ ( စီးပွါးကို ဆောင်ခြင်း အစရှိသည်၏အစွမ်းဖြင့် ဖြစ်ခြင်းကြောင့်) [ အာဒိဖြင့် သနားခြင်းစသည်ယူ။] သဗ္ဗဒိသာသု ဖရုဏ အပ္ပမားဏဝသေန( အလုံးစုံသောအရပ်မျက်နှာ တို့၌မေတ္တာဖြန့်မှု၏ အတိုင်းအရှည်မရှိသည့်၏ အစွမ်းဖြင့်) သဗ္ဗဒိသာသု ဝိပ္ပါရိကတာ၊-ဋီကာ၊ “ဥဒ္ဓံ အဓောစ တိရိယဉ္စဘအသဗ္ဗာဓံ- အထက် အောက် အလယ် အရပ်တိုင်း၌ နှံ့နှံ့စပ်စပ်ဖြတ့်သဖြင့်ပြန့်နှံ ကျယ်ဝန်း၍ ကျဉ်းမြောင်းခြင်းမရှိအောင် မေတ္တာဖြန့်ရာ၏” ဟူသော စကားတော်မှင့်အညီ အရပ်မျက်နှာတိုင်း၌ မိမိစိတ်ကို ကျယ်ကျယ်ပြန့်ပြန့်ဖြန့်ထားသည်ဟု ဆိုလိုသည်။
**မာရဗလံ**။ ။ သေနာယံ သတ္တယံစေဝ, ထူလတ္တေစ ဗလံ ဘဝေ၊ အဘိဓာတန် ( ၈၆၄) လာဗလာသဒ္ဒါ၏ အနက်တို့တွင် ဤ၌ သတ္တိ ( အစွမ်း) အနက်တည်း၊ မာရာနံ+ ဗလံ မာရဗလံ၊ ဒေဝပုတ္တ ကိလေဿ ပစ္စုမာရ်တို့၏ အစွမ်းသတ္တိ၊ မာရ်ငါးပါးရှိသော်လည်း ဤနေရာ၌ ခန္ဓနှင့် အဘိသင်္ခါရကို မပြ၊ လောက၌ ဗလအားလုံးတို့တွင်ဤ မာရဗလကို နိုင်ဖို့ရာ အခက်ဆုံးတည်း၊ ထိုကြောင့် “ယထာ၊ ပေ၊ ဧကဗလမ္ပိ” ဟုဆိုသည်။
စာစပ်။ ။ လောကေကို ဧငဗလမ္ပိ၌စပ်၊ ထိုပုဒ်ကိုလည်း ဒုပ္ပံသဟံ ဒုရဘိသမ္ဘဝံပုဒ်များကို လိုက်စေ၍ အဓိပ္ပါယ်ယူပါ၊ မာရဗလကို လွှမ်းမိုးရာ၌ လောကီ ကုသိုလ်တရားတို့ဖြင့်သာ မလွှမ်းမိုးနိုင်၊ သောတာပတိမဂ်စသော လောကုတ္တရာ တရားတို့ဖြင့်ကား လွှမ်းမိုးနိုင်၏၊ လောကုတ္တရာတွင် အသာဆုံးဖြစ်သော အရဟတ္တဖိုလ်ဖြင့်ကားဧကန် လွှမ်းမိုးနိုင်ပေသည်သာ၊-ဋီကာ။
ယထယိဒံဘိက္ခဝေ မာရဗလန္တိ၊ ဟူသော ဤပါဌ်ဖြင့်။
(ဒဿေတိ၊ ၌စပ်)။
ဒေဝပုတ္တမာရ မစ္စုမာရ ကိလေသမာရာနံ၊ ဒေဝပုတ္တမာရ် မစ္စုမာရ် ကိလေသမာရ်တို့၏ ။
ဣဒံ ဗလံ၊ ဤ အစွမ်းသည်။
ဒုပ္ပသဟံ ယထာ၊ ခဲယဥ◌်းသဖြင့် လွှမ်းမိုးအပ် လွှမ်းမိုးနိုင်သကဲ့သို့။
ဒုရဘိသမ္ဘတံ ယထာ၊ လွှမ်းမိုးနိုင်ခဲ သကဲ့သို့။
[ဒုပ္ပသဟံ၌ ဒုရှေး+ ပရှေးရှိသော+ သဟဓာတ်သည် အဘိဘဝန အနက်ဟောဟု သိစေလို၍ "ဒုရဘိ သမ္ဘဝံ" ဟု ဖွင့်သည်။]
ဧဝံ၊ ဤ့ အတူ။ (သို့ကလောက်)။
အညံ၊ မာရ ဗလမှ အခြားသော။
(တံ) ဧက ဗလမ္ပိ၊ ထို တမျိုးသော အားကိုလည်း။
န သမနုပဿာမိ၊ သဗ္ဗညုတာဥာဏ်ဖြင့် ကောင်းစွာ မြင်တော်မမူ။
တမ္ပိ ဗလံ၊ ထို မာရဗလကိုလည်း။
ဣဒ မေဝ အရဟတ္တဖလံ၊ ဤ အရဟတ္တဖိုလ်ကသာ။
ပသဟတိ၊ လွှမ်းမိုးနိုင်၏ ။
အဘိဘဝတိ၊ လွှမ်းမိုး၍ ဖြစ်နိုင်၏ ။
အဇ္စေ◌ျာတ္ထရတိ၊ လွှမ်းမိုးနိုင်၏ ။
[ပသဟတိကို အဘိဘဝတိဟု လည်းကောင်း, အဘိဘဝတိကို အဇ္စေ◌ျာတ္ထရတိဟု လည်းကောင်း အဆင့်ဆင့် ဖွင့်သည်။]
တသ္မာ။ ဧတ္တေဝ၊ ဤ အရဟတ္တ ဖိုလ်၌သာ။
(အရဟတ္တဖိုလ် အကျိုးငှါသာ)။
ယောဂေါကရဏီယော။ ဣတိ၊ ဤ အနက်ကို။
ဒဿေတိ၊ ပြ၏ ။
ဧဝမိဒံပုညန္တိ၊ ကား။
ဧဝံ၊ ဤသို့။
(ဣဒ္ဓိပါဒ်လေးပါးကို ပွားများမှုမှစ၍ စေတော ဝိမုတ္တဟူသော ဗလကို မျက်မှောက်ပြုခြင်း တိုင်အောင်သော အစီအရင်ဖြင့်။)
ဣဒံ လောကုတ္တရပုညမ္ပိ၊ ဤ လောကုတ္တရာကုသိုလ် သည်လည်း။
[ပိဖြင့် လောကုတ္တရာကုသိုလ်၏ နောက်၌ဖြစ်သော ဖိုလ်ကို ယူပါ။]
ယာဝအာသဝက္ခယာ၊ အရဟတ္တမဂ်တိုင်အောင်။
ပဝဎုတိ၊ တိုးပွား၏ ။
ဣတိ၊ ဤသို့။
ဝိဝဋ္ဋဂါမိ ကုသလာနုသန္ဓိံ၊ ဝိဝဋ္ဋဂါမိကုသိုလ်၏ အနုသန္ဓေကို။
နိဋ္ဌပေန္တော၊ ပြီးဆုံးစေတော်မူလိုသည်။ (ဟုတွာ)။
အရဟတ္တနိကုဋေန၊ အရဟတ္တဖိုလ်ဟူသောအထွဋ်ဖြင့်။
ဒေသနံ၊ ကို။
နိဌပေသိ၊ ပြီးဆုံးစေတော်မူပြီ။
[ "အတ္တဒီပါ ဘိက္ခဝေ ဝိဟရထ" စသည်ဖြင့်ဝိဝဋ္ဋဂါမိကုသိုလ်၏အနုသန္ဓေကိုစတော်မူခဲ့၍ "ဧဝမိဒံ ပုညံ ပဝဎုတိ" ဖြင့် ထိုကုသိုလ်၏အနုသန္ဓေကို ပြီးဆုံးစေတော်မူသည်။]
သုတ္တပရိယောသာနေ၊ စက္ကဝတ္တသုတ်တော်၏ အဆုံး၌။
ဝီသတိ၊ နှစ်ဆယ်သော။
ဘိက္ခုသဟသာနိ၊ ရဟန်း အထောင်တို့သည်။
(တနည်း)
ဝီသတိ ဘိက္ခုသဟဿာနိ၊ ရဟန်းထောင်ပေါင်း နှစ်ဆယ်တို့သည်။ (ရဟန်း နှစ်သောင်း တို့သည်)။
အရဟတ္တံ၊ သို့။
ပါပုဏိံ သု၊ ရောက်ကုန်ပြီ။
စတုရာသီတိ ပါဏသဟဿာနိ၊ ရှစ်သောင်းလေးထောင်သော သတ္တဝါတို့သည်။
အမတပါနံ၊ နိဗ္ဗာန်ဟူသော အမြိုက်ရေကို။
ပိဝိံ။
သု၊ သောက်ကြရကုန်ပြီ။
[အောက်မဂ် အောက်ဖိုလ် တရားထူးရ၍ နိဗ္ဗာန်ကို မြင်ကြသည်၊ ဟူလိူ။]
ဣတိ၊ စက္ကဝတ္တိသုတ်အဖွင့် အပြီးတည်း။
ပါဠိတော်။ ။ နာဟံ ဘိက္ခဝေ အညံ့ ဧကဗလမ္ပိ သမနုပဿာမိ၊ ယံ ဧဝံ ဒုပ္ပသာယံ၊ ယထယိဒံ ဘိက္ခဝေ မာရဗလံ- ဘိက္ခုတို့ မာရဗလမှ အခြားသော( အလွှမ်းမိုးခက်သော) တမျိုးသော ဗလကိုလည်း ငါဘုရား မြင်တော်မမူ၊ ဤ ပါဠိတော်ကို အဋ္ဌကထာ၌ “ယထာ၊ ပေ၊ န သမနုပဿာမိ@ စု အဖြောင့်ဖွင့်သည်။