Issues
Select Version
Bhāsāṭīkā-ဘာသာဋီကာ
မြန်မာဘာသာ
云台教理组
中文
(DN) Pāthikavaggaṭṭhakathā
(DN) Pāthikavaggaṭṭhakathā

အနုယောဂဒါနပ္ပကာရ= အဖွင့်။

Author: Bhāsāṭīkā-ဘာသာဋီကာ @ IAPT

အနုယောဂဒါနပ္ပကာရ၊ အဖွင့်။

ဧကိဿာ လောကဓာတုယာတိ၊ ကား။ ဒသ သဟဿိ လောကဓာတုယာ၊ တသောင်း အတိုင်းအရှည်ရှိသော စကြာဝဠာ၌။ ( ဥပ္ပဇ္ဇေယျုံ၊ ဟု ပါဠိတော်၊ ၌စပ်)။
ဟိ၊ ချဲ့။ ခေတ္တာနိ၊ ခေတ်တို့သည်။ တီဏိ၊ သုံးပါးတို့တည်း။ ဇာတိခေတ္တံ၊ ဇာတိခေတ်လည်းကောင်း။ အာဏာခေတ္တံ၊ လည်းကောင်း။ ဝိသယခေတ္တံ၊ လည်းကောင်းတည်း။
တတ္ထ၊ ထိုသုံးပါးသော ခေတ်တို့တွင်။ ဒသသဟဿိ လောကဓာတု၊ သည်။ ဇာတိခေတ္တံနာမ၊ ဇာတိခေတ်မည်၍။ ဝါ၊ ဘုရားအလောင်း၏ ဖွားမြင်တော်မူရာ ခေတ်မည်၏။ ဟိ၊ မှန်၏။
သာ၊ ထိုတသောင်း အတိုင်းအရှည်ရှိသော စကြာဝဠာသည်။ တထာဓတဿ၊ ၏။ [ ဓမ္မစက္ကပ္ပဝတ္တနေ စသော သုံးပုဒ်၌ စပ်။] ဝါ၊ ဘုရားလောင်း၏ ။ မာတုကုစ္ဆိသ္မိံ၊ မယ်တော်ဝမ်းသို့။ ဩက္ကမနကာလေ၊ သက်ဝင်ရာ အခါ၌လည်းကောင်း။ နိက္ခမနကာလေ၊ အမိဝမ်းမှ ဖွားမြင်တော်မူရာ အခါ၌လည်းကောင်း။ သမ္ဗောဓိကာလေ၊ သစ္စာလေးပါးကို သိတေဋ်မူရာ အခါ၌လည်းကောင်း။ ဓမ္မ စက္ကပ္ပဝတ္တနေ၊ ဓမ္မစကြာကို ဖြစ်စေတော်မူရာ အခါ၌လည်းကောင်း။ အာယုသင်္ခါရောဿဇ္ဇနေ၊ အာယုသင်္ခါရောဿဇ္ဇနေ= အာယုင်္သခါရကို လွှတ်တော်မူရာ အခါ၌လည်းကောင်း။ ပရိနိဗ္ဗာနေစ၊ ပရိနိဗ္ဗာန်စဲတော်မူရာ အခါ၌လည်းကောင်း။ ကမ္ပတိ၊ တုန်လှုပ်ရ၏။ဒဟ သဟဿိ လောကဓာတု။ ။ ဧကိဿာ လောကဓာတုယာ အရ ဪစကြာဝဠာ တစ်ခုကိုသာ ယူမည်စိုး၍ “ ဒသသဟဿလောကဓာ” ဟုဖွင့်သည်။ ဪ စကြာဝဠာသာမက ဤ စကြာဝဠာကို ဝန်းရဲ၍ တည်နေကြသော စကြာဝဠာတသောင်းကို ယူပါ။ မှန်၏- ဇာတ်ခေတ်၏ အဖြစ်ဖြင့် ထိုစကြာဝဠာတသောင်းကို တပေါင်းတည်း ပေါင်းယူ၍ “ ဧကိဿာ လောကဓာတုယာ” ဟု ဟောတော်မူထားသည်။ [ ဒသ သဟဿံ+ ပမာဏံ + ယတ္ထာတိ- ဒသသဟဿီ၊ ပရိမာဏအနက်၌ ဏပစ္စည်း ဣတ္ထီဇောတက ဤပစ္စည်း၊ လောကဓာတုနှင်ြ ကမ္မဓာရည်း တွဲပ့၊ သမာသ်အလယ်ရဿပြု၍ “ ဒသသဟဿ်လောကဓာတုယာ” ဟုရှိသည်။]
မှတ်ချက်။ ။ ထို စကြာဝဠာတသောင်း၏ ဇာတိခေတ် ဖြစ်ခြင်းသည် ဓမ္မတာ ( ထုံးစံ) တည်း၊ ပရ်ဂ္ဂဟ ( အနီးအနား စကြာဝဠာများကို သိမ်းယူထားခြင်း) ဟုလည်း ကေစိတို့ဆိုကြ၏၊ ဘုရားအားလုံး၏ပင် ဇာတိခေတ်သည် စကြာဝဠာအတွင်းရှိ နတ်ဗြဟ္မာများသဋ တရားထူးရကြ၏ ဟု ဋီကာ၌ ဝဒန္တိဝါဒရှိသည်။
**ဇာတိခေတ္တံ**။ ။ ဇာယတိ ဧတ္ထာတိ ဇာတိ- ဖွားမြင်တော်မူရာ စကြာဝဠာ၊ ဇာတိစ+ သာ+ ခေတ္တံ စာတ် ဇာတိခေတ္တံ၊ ဖွားမြင်တော်မူရာခေတ်ဟု ကြံပါ။ [ ပကမ္ပနဒေဝတူပသင်္ကမနာဒိနာ ( မြေလှုပ်ခြင်း, နတ်ဗြဟ္မာများ ဘုရားရှင်ထံ ချဉ်းကပ်ခြင်းစသည် အားဖြင့်ပင်) အာဏာပဝတ္တနဋ္ဌာနံ အာဏာခေတ္တံ။ [ အာဏာယ+ ပဝတ္တနံ ခေတ္တံအာဏာခေတ္တံ- ဟုပြု၊ ပဝတ္တနပုဒ်ကို ချေ။] ဗုဒ္ဓဉာဏဿ ဝိသဟဘူတံ ဌာနံ ဝိသယခေတ္တံ။ [ ဝိသဟဘူတံ+ ခေတ္တံ ဟု ပြု။]
မာတုကုစ္ဆိံ စသည်။ ။ ဤအခါ ခြောက်မျိုးကိုသာ ယူထားခြင်းသည် နိဒဿန မတ္တ( နမူနာ ညွှန်ပြရုံမျှ) ဖြစ်၏၊ မဟာဘိနီဟာရ ( မိမိစိတ်ကို မြတ်သော သဗ္ဗညုတဉာဏ်သို့ ရှေးရှုဆောင်ကြောင်း ဆုတောင်းရာ၊) ဘုရာရဆုပန်ရာ အခါစသည်တို့၌လာ်း စကြာဝဠာတသောင်း တုန်လှုပ်၏ ဟု ဋီကာဆို၏၊ အံ၊ ၃၊ ၁၂၈၊ ၁၃၃- သုတ်တော်လာ မြေလှုပ်ခြင်း၏အကြောင်းများတွင် ဘုရားရှင်နှင့်ဆိုင်သော အကြောင်းခြောက်မျိုးကို ယူ၍ ဆိုထားဟန်တူသည်၊ [ မြေလှုပ်ခြင်း၏ အကြောင်းများကို ထိုသုတ် ဋ္ဌ, ဋီ- တို့၌ ရှုပါ။]
အာဏာ ဝတ္တတိ။ ။ အာဋာနာဋိယသုတ်တော် စသည်တို့၏ အာဏာ ပျံနှံ့ယူရာ၌ ထိုစကြာဝဠာ ကုဋေတသိန်း၌ နေကြသော နတ်ဗြဟ္မာတို့က ထို တရားတော်ကိုလေးလေးစားစား ဦးထိပ်ထားလျက် လက်ခံကြသောကြောင့်သာ ဖြစ်၏၊ အလိုဆန္ဒတော်ကြောင့် မဟုတ်၊ မှန်၏- ယာဝတာ ပန အာကင်္ခေယျ ( အလိုရှိသလောက် အသံတော်ဖြင့် ကြားသိစေနိုင်၏) ဟု အံ၊ ၁၊ ၂၂၉၊ ပါဠိတော်ရှိသောကြောင့် ထို ကုဋေတသိန်းထက်ပိုလွန်း၍လည်း အာဏာတော် ပျံ့နှံ့စေနိုင်သည်။
ဉေ ယျံ။ ။ ဉာတဗ္ဗန္တိ ဉေ ယျံ၊ [ ဉာ+ ဏျ။] ဉေ ယျတရားသည် အပိုင်းအခြားမရှိအောင် များသော်လည်း တရားကိုယ်အားဖြင့် ငါးမျိုးသာရှိ၏၊ ထို ငါးမျိုးကား- င်္သခါရ , ဝိကာရ , လက္ခဏ, နိဗ္ဗာန်, ပညတ်တည်း၊ ဝိဟားဟူသညါ “ ရူပဿ လဟုတာမုဒုတာ ကမ္မညတာ ဝိညတ္တိ ဒွယံ ဝိကာရ ရူပံနာမ” အရပင်တည်ူ၊ ထိုရုပ် ငါးပါးသည် သင်္ခါရတွင် တိုက်ရိုက်မပါဝင်သောကြောင့် ဉေ ယျတရားတပါးအဖြစ် သီးခြားယူရသည်။
လက္ခဏရုပ်လေးပါးလည်း “ ရူပဿ ဥပစယော သန္တတိ ဇရတာ အနိစ္စတာလက္ခဏ ရူပံ နာမ “ အရပင်တည်း၊ ထိုလေးပါးလည်း သင်္ခါရတွင် တိုက်ရိုက်မပါဝင်၍သီးခြား ဉေ ယျ တရားဖြစ်ရသည်၊ နိဗ္ဗာန်နှင့် ပညတ်တို့၏ သင်္ခါရတွင် မပါဝင်ပုံမှာ ထင်ရှားပြီး၊ ထိုဝထကာရ လက္ခဏ နိဗ္ဗာန် ပညတ်တို့မှ ကြွင်းသော ရုပ်နာမ် အားလုံးက်ု “ သင်္ခါရ” ဟုခေါ်၍၊ ထိုငါးမျိုးဖြင့် သိမ်းယူလျှင် သိဖွယ်အားလုံးကိုစုံတော့၏၊ ထိုကြောင့် “ ဉေ ယျဓမ်တရားငါးပါး” ဟု ပြောလေ့ရှိကြသည်။ [ သင်္ခါး ဉေ ယျာနိသေသိတာနီတိ သင်္ခါရ ဝိကာရ လက္ခဏ နိဗ္ဗာန ပညတ္တိ သင်္ခါတ ဉေ ယျနိ အသေသတော ဇာနိတွာ၊- ဇိနာလင်္ကာရ ဋီကာ၊ အသာဓာရဿ ဉာဏဝဏ္ဏနာ ( ၂၃) ဂါထာ အဖွင့်။
**နုပ္ပဇ္ဇန္တီတိ ပန အတ္ထိ**။ ။ “ ဤဟကြဝဠာမှတပါး အခြားစကြာဝဠာ၌ ဘုရားမပွင့်” ဟု ပြသော သုတ်တော်ရှိ၏ ဟူသေု စကားနှင့်စပ်၍ ဋီကာ၌ ဤသို့ ထုတ်ပြထား၏၊ “ န မေ အာစရိယော အတ္ထိ, သဒိသော မေ န ဝိဇ္ဇတိ၊ ငါဘုရားမှာ လောကုတ္တရာ ဆရာမရှိ, ငါဘုရားနှင့်တန်းတူသူမရှိ ( ဝိ၊ ၃၊ ၁၂) ဟူသောစကားတော်ကို ဤစကြာဝဠာ၌ တည်၍ ဗုဒ္ဓမြတ်စွာမိန့်တော်မူခဲ့၍။ [ ဗောဓိပင်မှ မိဂဒါဝုန်တောသို့ ကြွလာတော်မူရာ ဂယာရွာနှင့် ဗောဓိပင်အကြား လမ်းခရီး၌ ဥပကအား မိန့်တော်မူခဲ့သည်။]
**ဤပါဠိတော်**။ ။ ဤပါထိကဝဂ္ဂ သမ္မသာဒနီယ သုတ်တော်၌လည်း “ ကိံ ပနာဝုသော သာရိပုတ္တ အတ္ထေတရဟ် အညေဋ သမဏောဝါ ဗြာဟ္မဏောဝါ ဘဂဝတောသမသမော သမ္ဗောဓိယံ၊ ငါရှင် သာရိပုတ္တရာ ယခုအခါ၌ အရဟတ္တမဂ်ဉာဏ်သဗ္ဗညုတဉာဏ်အရာတွင် ငါဘုရားရှင် ထပ်တူထပ်မျှတန်းတူသေူ အခြားသမဏ ဗြဟ္မဏ ရှိသလား” ဟုမေးလျှင်၊ “ အဟံ ဘန္တေ နောတိ ဝဒေယျံ= တပည့်တော်က မရှိပါ အရှင်ဘုရားဟု လျှောက်ပါမည်” ဟု ဘုရားရှင်အား လျှောက်ထား၍ ( ထိုသို့လှောက်ထားနိုင်ခြင်း၏ အကြောင်းကို ပြဖို့ရာ) “ အဋ္ဌာနမေတံ အနဝကာသော၊ ယံ ဧကိဿာလောကဓာတုယာ ဒွေ အရဟန္တော သမ္မာသမ္ဗုဒ္ဓါ အာပုဗ္ဗံ အာစရိမံ ဥပ္ပဇ္ဇေယျဲု၊ နေတံ ဋ္ဌာနံ ဝိဇ္ဇတီ။- ( မ၊ ၃၊ ၁၁၀၊ အံ့၊ ၁၊ ၂၉၊ အဘ်၊ ၂၊ ၃၅၈။)
“ တသောင်းသေု စကြာဝဠာ၌ နှစ်ဆူသောဘုရားရှက်တို့ ပွင့်တော်မူခြင်း၏အကြောင်း အခွင့်အလမ်း မရှိနိုင်” ဟူသောသုတ်တော်ကို ဓမ္မသေနာပတိကလည်းမိန့်တော်မူခဲ့၏၊ ထိုကြောင့် ဘုရားရှင်နှင့် အရှင်သာရိပုတ္တရာ နှစ်ပါးလုံးကပင် ဗုဒ္ဓခေတ်ဖြစ်သော ဤစကြာဝဠာကို ချန်ထား၍ အခြား စကြာဝဠာ၌ ဘုရားရှင်များမပွင့် ဟု မိန့်တော်မူပြီး ဖြစ်၏၊ ဤသို့ အဋ္ဌကထာဆရာ ဆိုလိုသည် ဟု ဋီကာတို့ ကောက်ချက်ချသည်။ [ ဤဋီကာနှင့် ဝိဘင်္ဂ၊ မူလ၊ ဋီ၊ ၂၀၈, ၂၀၉ ကြည့်ပါ။]
အပုဗ္ဗံအစရိမံ။ ။ အပုဗ္ဗကို “ အပုရေ” ဟုလည်းကောင်း , အစရိမံကို “ အပစ္ဆာဂ ဟု လည်းကောင်း ဖွင့်သည်။ ထိုတွင် ပုဗ္ဗအရ ပဋိသန္ဓေယူရာအခါမှ အတိတ်ဖြစ်သောရှေးကိုယူပါ၊ စရိမ- အး ဓာတုပရိနိဗ္ဗာန်ကိုစံပြီးရာကာလမှ နောက်ဖြစ်သော အနာဂတ်ကိုယူပါ။ ဧကတောကို “ သဟ ( တပြိုင်နက်)၊ ဧကသ္မိံ ကာလေ ( တချိန်တည်း)” ဟုဋီကာဖွင့်သည်၊ ထို “ တချိန်တည်း” ဟူသည်လည်း ပဋိသန္ဓေယူရာ အခါမှစ၍ဓာတုပရိနိဗ္ဗာန်အထိ အချိန်အတွင်းကို ဆိုလိုသည်။
တတ္ထ ဗောဓ်ပလ္လင်္ကေ။ ။ အပုဗ္ဗ အစရိမနှင့်စပ်၍ နောက်ဆုံးဘဝ ပဋိသန္ဓေနေတော်မူးာအခါမှစ၍ ဓာတုပရိနိဗ္ဗာန်တိုင်အောင် ကာလကိုပိုင်းခြားပြလို၍ “တတ္ထဗောဓိပလ္လင်္ကေ” စသည်မိန့်၊ အဓိပ္ပါယ်ကို အဋ္ဌကထာအတိုင်းသိပါ၊ “ နိသိန္န ကာလတော ပဋ္ဌာယ ယာဝ မာတုကုစ္ဆိသ္မိံ ပဋိသန္ဓိဂ္ဂဟဏံ” ဟု ပဋိလောမအစဉ်အားဖြင့်ဆိုထားသည် ။ [ သောပမ ကာလော ကထံ ပရိစ္ဆန္နောတိ၊ စရိမဘဝေ ( နောက်ဆုံးဘဝ၌) ပဋိသန္ဓဂ္ဂဟဏတော ပဋ္ဌာယ ယာဝ ဓာတုပရိနိဗ္ဗာနန္တိ ဒေဿေန္တော “ တတ္ထဗောဓိပလ္လင်္ကေ” တိ အာဒိမာဟ၊- ဋီကာ။]
ခေတ္တပရိဂ္ဂဟောကတော။ ။ [ အဋ္ဌကထာ၌ ကတောနောင် ဧဝမပါ၊ ဋီကာ၌ပါသည်။] ခေတ္တပဋိဂ္ဂဟော ကတောဝ ဟောတိ “ ဣဒံ ( ဤစကြာဝဠာတသောင်းသည်၊) ဗုဒ္ဓါနံ ဇာတိခေတ္တ” န္တိ၊ ကေန ပန ပရိဂ္ဂဟော ကတော၊ ဥပ္ပဇ္ဇမာနေန ဗောဓိသတ္တေန၊- ဋီကာ။
ပန၊ အဖို့တပါးကား။ ကောဋိသတ သဟဿ စက္ကဝါဠံ၊ ကုဋေတသိန်းအတိုင်းအရှည်ရှိသော စကြဝဠာသည်။ အာဏာခေတ္တံနာမ၊ အာဏာခေတ်မည်၏။ ဟိ၊ မှန်၏။
အာဋာနာဋိယ မောရပရိတ္တ ဓဇဂ္ဂရိတ္တ ရတနပရိတ္တာဒီနံ၊ အာဋာနာဋိယသုတ်, မောရပရိတ်, ဓဇဂ္ဂဂရိတ်, ရတနပရိတ် အစရှိသည်တို့၏၊ အာဏာ- အာဏာသည် ( အရှိန်အဝါ အမိနိ့အာဏာသည်)။ ဧတ္ထ၊ ဤ ကုဋေတသိန်းအတိုင်းအရှည်ရှိသော စကြဝဠာ၌။ ဝတ္တတိ၊ ဖြစ်၍။ ( ပျံ့နှံ့၏)။
ပန၊ ကား။ ဝိသယ ခေတ္တဿ၊ ဝိသယခေတ်၍။ ဝါ၊ ဉာဏ်တော်၍ အရာဖြစ်သောခေတ်၏။ ပရိမာဏံ၊ အတိုင်းအရှည်သည်။ ( အတိုင်းအတာသည်) နတ္ထိ။ ဟိ၊ မှန်၏။ ဗုဒ္ဓါနံ၊ တို့၏။ ( အဝိသယောနာမ ၌စပ်)။ ဉာဏံ၊ ဉာဏ်တော်သည်။ ယာဝတကံ၊ အကြင်မျှလောက် အတိုင်းအရှည်ရှိ၍။ တာဝတကံ၊ ထိုဉာဏ်တော် အတိုင်းအရှည် ရှိသလောက်။ ဉေ ယျံ၊ သိထိုက်သော တရားသည်။ ( အတ္ထိ)။ ဉေ ယျံ၊ သည်။ ယာဝတကံ၊ ၏။ တာဝတကံ၊ ထို ဉေ ယျတရားအတိုင်းအရှည်ရှိသလောက်။ ဉာဏံ၊ သည်။ ( အတ္ထိ)။ ဉေ ယျံ၊ သိထိုက်သောတရားသည်။ ဉာဏ ပရိယန္တိကံ၊ ဉာဏ်တော်ဟူသော အဆုံး အပိုင်းအခြားရှိ၏။ ဉာဏံ၊ သိတတ်သောဉာဏ်တော်သည်။ ဉေ ယျပရိယန္တိကံ၊ သိထိုက်သော တရားဟူသော အဆုံး အပိုင်းအခြား ရှိ၏။ ဣတိ၊ သို့။ ဝစနတော၊ ဟောတော်မူခြင်းကြောင့်။ အဝိသယောနာမ၊ အရာမဟုတ်သည်မည်သည်။ နတ္ထိ၊ ရှိတော်မမူ။
ပန၊ ဆက်။ တီသု၊ ကုန်သော။ ဣမေသု ခေတ္တေသု ဤခေတ်တို့တွင်။ ဣမံစက္ကဝါဠံ၊ ကို။ ဌပေတွာ၊ ချန်ထား၍။ အညသ္မိံ၊ ဤစကြဝဠာမှ အခြားသော။ စက္ကဝါဠေ၊ ၌။ ဗုဒ္ဓါ၊ တို့သည်။ ဥပ္ပဇ္ဇန္တိ၊ ပွင့်တော်မူကုန်၏။ ဣတိ၊ သို့။ သုတ္တံ၊ ပါဠိတော်သည်။ နတ္ထိ၊ မရှိ။ ပန၊ အနွယကား။ နုပ္ပဇ္ဇန္တိ၊ ပွင့်တော်မမူကုန်။ ဣတိ၊ သို့။ ( သုတ္တ) သည်။
အတ္ထိ [ ထိုစကားကို အကျယ်ချဲ့လို၍ “ တီဏိ ပိဋိကာနိ” စသည်မိန့်။] ပိဋိကာနိ၊ ပိဋိကတို့သည်။ တီဏိ၊ သုံးပုံတို့တည်း။ ဝိနယပိဋကံ၊ ဝိနယပိဋက လည်းကောင်း။ သုတ္တန္တပိဋကံ၊ လည်းကောင်း။
င်္သဂီတိယော၊ သံဂါယနာ တို့သည်။ [ နောက် ဣတိပါသည်။] မဟာကဿပတ္ထေရဿ၊ အရှင်မစာကဿပထေရ်၏။ သင်္ဂီတိ၊ သံဂါယနာ လည်းကောင်း။ ယသတ္ထေရဿ၊ ၏။ သင်္ဂီတိ၊ လည်းကောင်း။ မောဂ္ဂလိပုတ္တတိဿတ္ထေရဿ၏။ သင်္ဂီတိ၊ လည်းကောင်း။
ဣတီ၊ သို့။ တိဿော၊ သုံးတန်တို့တည်း။ တိဿော၊ ကုန်သော။ ဣမာ သင်္ဂီတိယော၊ တို့သို့။ အာရုဠှေ၊ တင်အပ်သော။ တေ ပိဋိကေ၊ ပိဋကသုံးပုံး ဟူသော။ ဗုဒ္ဓဝစနေ၊ ဘုရားစကားတော်၌။ ဣမံ စက္ကဝါဠံ၊ ကို။ မုဉ္စိတွာ၊ လွှတ်၍။ အညတ္တ၊ အခြား စကြာဝဠာ၌။ ဗုဒ္ဓါ၊ တို့သည်။ ဥပ္ပဇ္ဇန္တိ၊ ကုန်၏။ ဣတိ၊ ဤသို့။ သုတ္တံ၊ သည်။ နတ္ထိ။ ပန၊ ကား။ နုပ္ပဇ္ဇန္တိ၊ ကုန်။ ဣတိ၊ သို့။ ( သုတ္တံ) အက္ကိ။
အပုဗ္ဗံအစရိမန်တိ၊ ကား။ အပုရေ၊ ရှေးကာလလည်းမဟုတ်။ အပစ္ဆာ၊ နောက်ကာလလည်းမဟုတ်။ ဧကတော၊ တပြိုင်နက်။ နုပ္ပဇ္ဇန္တိ၊ ပွင့်တော်မမူကုန်။ ပုရေဝါ၊ ရှေ့၌လည်းကောင်း။ ပစ္ဆာဝါ၊ နောက်၌သော်လည်းကောင်း။ ဥပ်ပဇ်ဇန်တိ၊ ကုနျ၏။ ဣတိ ဝုတ္တံ ဟောတိ။
တတ္ထ၊ ထို အပုဗ္ဗ အစရိမံဟူသော ပါဌ်၌။ ဗောဓိပလ္လင်္ကေ၊ ၌။ ဗောဓိံ၊ သစ္စာလေးပါးကို သိသော ဉာဏ်သို့။ အပတွာ၊ မရောက်မူ၍ ( မရောက်မချင်း)။ န ဥဋ္ဌဟိဿာမိ၊ ဤနေရာမှ မထတော့အံ့။ ဣတိ ဤသို့ဓိဋ္ဌာန်တော်၍။ နိသိန္န ကာလတော၊ ထိုင်တော်မူရာ အခါမှ။ ပဋ္ဌာယ၊ စ၍။ ယာဝ၊ အကြင်မျှလောက်။ မာတုကုစ္ဆိသ္မိံ၊ မယ်တော်ဝမ်းတိုက်၌။ ပဋိသန္ဓိဂ္ဂဟဏံ၊ ပဋိသန္ဓေကို ယူတော်မူခြင်းသည်။ ဝါ၊ ပဋိသန္ဓေကို ယူတော်မူရာ အခါသည်။ တာဝ၊ ထိုမျှလောက် တိုင်အောင် ( ထိုဗောဓိပလ္လင်၌ ထိုင်တော်မူရာ အခါမှစ၍ ပဋိသန္ဓေယူရာ အခါတိုင်အောင်) ပုဗ္ဗေတိ= ပုဗ္ဗေဟူ၍။ န ဝေဒိတဗ္ဗံ၊ မသိထိုက်သေး။ [ ဤမျှသာ မကသေး, နောက်ကျန်သေးသည်- ဟူလို။]
ဟိ၊ မှန်၏။ ဗောဓိသတ္တဿ၊ ၏။ ပဋိသန္ဓိဂ္ဂဟဏေ၊ ပဋိသန္ဓေကို ယူတော်မူရာအခါ၌။ ဒသသဟဿ စက္ကဝါဠကမ္ပနေနေဝ၊ တသောင်း အတိုင်းအရှည်ရှိသောစကြာဝဠာ၏ တုန်လှုပ်ခြင်းပင်။ ခေတ္တ ပရိဂ္ဂဟော၊ ဇာတိခေတ်ကို ပိုင်းခြားယူခြင်းကို။ ကတော၊ ပြုတော်မူအပ်ပြီ။ [ ကတော၏ ကတ္တားကို ဥပ္ပဇ္ဇမာနေန ဗောဓိသတ္တေနဟု ဋီကာထည့်၏။ ပဋိသန္ဓေနေလာသော ဘုရားအလောင်းတော်က ပြုတော်မူအပ်ပြီ၊ ဟူလို။]
အညဿ၊ အခြားသော။ ဗုဒ္ဓဿ၊ ၏။ ဥပ္ပတ္တိ၊ ပွင့်တော်မူခြင်းသည်။ ဝါ၊ ကို။ နိဝါရိတာ၊ တားမြစ်အပ်သည်။ ဟောတိ၊ ၏။ [ ဤစကားဖြင့် ပုဗ္ဗေအရကို ပြသည်။] စ၊ ဆက်။
ပရိနိဗ္ဗာနဝတာ၊ ပရိနိဗ္ဗာန်စံတော်မူရာ အခါမှ။ ပဋ္ဌာယ၊ ၍။ ယာဝ၊ အကြင်မျှလောက်။ သာသပမတ္တာပိ၊ မုန့်ညင်းစေ့ အတိုင်းအရှည်ရှိသည်လည်း ဖြစ်ကုန်သော။ ဓာတုယော၊ ဓာတ်တော်တို့သည်။ တိဋ္ဌန္တိ၊ တည်ရှိကုန်၏။ တာဝ၊ ထိုဓာတ်တော်တို့ တည်ရှိသမျှကာလပတ်လုံး။ ပစ်ဆာတိ၊ ပစ်ဆာဟူ၍။ နဝေဒိတဗ္ဗံ၊ မသိထိုက်သေး။ [ ဓာတ်တော်တို့ တည်ရှိနေလျှင် သက်တော်ထင်ရှားဘုရားရှင်တို့ တည်ရှိနေသည်ဟုပင် ဆိုထိုက်ကြောင်းကို ပြလို၍ “ဓာတူသု ဟိ” စသည့်မိန့်။] ဟိ၊ မှန်၏။
ဓာတုသု၊ တို့သည်။ ဋ္ဌိတာသု၊ တည်ရှိကုန်လသော်။ ဗုဒ္ဓါပိ၊ တို့သည်လည်း။ ဌိတာဝ၊ ကုန်သည်သာ။ ဟောန္တိ။
တသ္မာ၊ ကြောင့်။ ( ဓာတ်တော်တို့ တည်ရှိကုန်လသော် ဘုရားရှင်တို့၏လည်း တည်ရှိကုန်သည်၏ အဖြစ်ကြောင့်)။ ဧတ္ထန္တရေ၊ ဤကာလအတွင်း၌။ ( ဘုရားအလောင်း၏ နောက်ဆုံးဘဝ ပဋိသန္ဓေနေသည်မှစ၍ ဓာတ်တော်တို့တည်ရှိရာ ဤကာလအတွင်း၌)။ အညဿ၊ သော။ ဗုဒ္ဓဿ၊ ၏။ ဥပ္ပတ္တိ၊ သည်။ ဝါ၊ ကို။ နိဝါရိတာဝ၊ တားမြစ်အပ်သည်သာ။ ဟောတိ။ ပန၊ ဗျတိရိက်ကား။ ( တနည်း) ပန၊ တားမြစ်အပ်ရာ ကာလအဖို့မှ မတားမြစ်အပ်ရာကာလ အဖို့တပါးကား။
ဓာတု ပရိနိဗ္ဗာနေ၊ ဓာတုပရိနိဗ္ဗာန်သည်။ ဇာတေ၊ ဖြစ်ပြီးလသော််။ အညဿ၊ သော။ ဗုဒ္ဓဿ၊ ၏။ ဥပ္ပတ္တိ၊ ကို။ န နိဝါရိတာ၊ အပ်။ [ ဤစကားဖြင့် ပစ္ဆာ၏အရကို ပြသည်။]