မဟာသမ္မတရာဇ၊ အဖွင့်။
ခီယိတဗ္ဗံ ခီယေယျာတိ၊ ကား။
ပကဋသေတဗ္ဗံ၊ အပြစ်အားဖြင့်ထင်ရှားစေထိုက်သူကို။
ပကာသေယျ၊ ထင်ရှားစေရာ၏။
[ ခီယေယျ၌ ခီ ( အဝဏ္ဏပကာသန) ဓာတ်+ ဒိဝါဒိ ယပစ္စည်း။]
ခိပိတဗ္ဗံ၊ ပစ်ပယ်ထိုက်သူကို။
ဟာရေယျ၊ ပယ်ရှားရာ၏။
ဣတိ၊ ဤအနက်သည်။
ဝါ၊ ကို။
ဝုတ္တံ၊ ဆိုအပ်သည်။
ဝါ၊ ဆိုလိုသည်။
ဟောတိ။
ယောနေသံ သတ္တောတိ၊ ကား။
တေသံ၊ ထိုကမ္ဘာဦး၌ဖြစ်သော သတ္တဝါတို့တွင်။
ယော သတ္တော၊ အကြင် သတ္တဝါသည်။
( အဘိရူပတရောစ၊ သာ၍လည်း လွန်ကဲသော အဆင်းရှိ၏။
ဝါ၊ သာ၍လ်ူရှုချင်စဖွယ်, တင့်တယ်၏။)
သော၊ ထို သတ္တဝါဟူသည်။
ကောပန၊ အဘယ်သူနည်း။
ဣတိ၊ ဤကား အဖြေတည်း။
[ အဘိရူပတရောစ ဒဿနီယတာရောစတို့ကို ပါဠိတော်မှ ယူပေးသည်။]
အမှာကံ၊ တို့၏။
ဗောဓိသတ္ထော၊ ဘုရားအလောင်းတည်း။
ဣတိ၊ ဤကားအဖြေတည်း။
သာလီနံ ဘာဂံ အနုပဒဿာမာတိ၊ ကား။
မယံ၊ တို့သည်။
ဧကေကဿ၊ တယောက် တယောက်၏။
ခေတ္တေတော၊ လယ်မှ။
အမ္ဗဏမ္ဗဏံ၊ တအမ္ဗဏ တအမ္ဗဏသော စပါးကို။
အာဟရိတွာ၊ ၍။
တုယှံ၊ အား။
သာလိဘာဂံ၊ သလေးအဖို့ကို။
ဒဿာမ၊ ပေးပါကုန်အံ့။
တယာ၊ သည်။
ကိဉ္စိ၊ တစုံတခုသော။
ကမ္မံ၊ ကို။
နကာတဗ္ဗံ၊ မပြုထိုက် ( ပြုဖွဉ်မလိုပါ)။
တွံ၊ သည်။
အမှာကံ၊ တို့၏။
ဇေဋ္ဌကဋ္ဌနေ၊ အကြီးအကဲ အရာ၌။
တိဋ္ဌ၊ တည်နေပါ။
ဣတိ ( အဝေါစုံ)။
အက္ခရံ ဥပနိဗ္ဗတ္ထန္တိ၊ ကား။
သင်္ခါ၊ ကောင်းသွာ ပြောဆိုအပ်သောအမည်သည်။
သမညာ၊ အညီအမျှသိအပ်သော အမည်သည်။
ပညတ္တိ၊ အပြားအားဖြင့် သိစေတတ်သော အမည်သည်။
ဝေါဟာရော၊ ခေါ်ဝေါ်အပ်သောအမည်သည်။
ဥပ္ပန္နော၊ ဖြစ်ပြီ။အမ္ဗဏမ္ဗဏံ။ ။ “ဧကာဒသ ဒေါဏာ တုအမ္ဗဏံ” ဟု အဘိဓာန် ၄၈၄- ၌ ( ၁) အမ္ဗဏသည်( ၁၁) စိတ်, နှစ်တင်း သုံးစိတ်ရှိ၏၊ မူလဋီကာအလို လေးစိတ်သည်( ၁) အမ္ဗဏ၊ ကေစိတို့အလို ( ၆) စိတ်သည် (၁) အမ္ဗဏမည်၏ ၊ [ အကျယ်ကိုအဘိဓာန်နိဿယသစ် ၄၈၄ နှင့် , ၃၃၈ ဂါထာ၌များ၌ ကြည့်ပါ။]
အက္ခရံ စသည်။ ။ အက္ခရာဟူသည် ကမ္ဘာဦူ လူအပေါင်းက ပြောဆိုအပ်သော အမည်နာမပညတ် ( စကားလုံး) တည်း၊ ထိုသည်ပင် ထုတ်ဖော်၍ပြောဆိုအပ်သောကြောင့် နိရုတ္တိလည်း မည်၏၊ [ ဥစ္စတေတိ ဥတ္တိ၊ နီဟရိတွာ ဥတ္တိနိရုတ္တိ။] ထိုပြောဆိုအပ်သော အနက်၌သာ တက်ရောက် ထင်ရှား၍ အခြားအနက်၌ မဖြစ်ခြင်းကြောင့် “အက္ခရာ” လည်းမည်၏။ [ နခရတိန နဿတီတိ အက္ခရံ။]
ခတ္တိယော ခတ္တိယောတွေဝ ဒုတိယံ အက္ခရန္တိ၊ ကား။
ကေဝလံ၊ သက်သက်။
အက္ခရမေဝ၊ အမည်နာမ ပညတ်သည်သာ။
န၊ ဖြစ်သည်မဟုတ်သေး။
ပန၊ အဟုတ်ကား။
တေ၊ ထိုကမ္ဘာဦး၌ ဖြစ်သူတို့သည်။
( သာမညကတ္တား။)
အဿ၊ ထို မဟာသမ္မတမင်းမြှောက်ထိုက်သူအား။
ခေတ္တသာမိနော၊ လယ်ပိုင်ရှင်တို့သည်။
( ဝိသေသကတ္တား။)
တီတိ၊ သုံးမျိုးကုန်သော။
သင်္ခေဟိ၊ ခရုသင်းတို့ဖြင့်။ အဘိသေကမ္ပိ= အဘ်သိက်သွန်းခြင်းကိုလည်း။
အကံသု၊ ပြုကြကုန်ပြီ။
ရဉ္ဇေတီတိ၊ ကား။
သုခေတိ၊ ချမ်းသာစေ၏။
ပီနေတိ၊ နှစ်သက်စေ၏။
အဂ္ဂညေနာတိ၊ ကား။
အဂ္ဂန္တိ၊ မြတ်သောအမျိုးဟူ၍။
ဉာတေန၊ သိအပ်သော။
ဝါ၊ တနည်း။
အဂ္ဂေ၊ မြတ်သော အမျိုးတို့ကို။
ဉာတေန၊ သိအပ်သော။
လောကုပ္ပတ္တိသမယေ၊ လောက၏ ဖြစ်ရာအခါ၌ ။
ဥပ္ပန္နေန၊ ဖြစ်သော နာမည်ပညက်ဖြင့်။
အဘိနိဗ္ဗတ္တိ၊ ဖြစ်ခြင်းသည်။
အဟောသ်၊ ပြီ။
ဣတိ ( အယံ)၊ ကား။
( အတ္ထော၊ တည်း)။သင်္ခဂါ စသည်၌ သံခါဒိတဗ္ဗာ ( ကောင်းသံာပြောဆိုအပ်၏ ) ဣတိသင်္ခါ၊ သံ+ ခါ ဓာတ်+ အ ပစ္စည်း+ ဣတ္ထိဇောတက အာ ပစ္စည်း ၊ သမညာယတီတိ သမညာ ( အညီအမျှ သိအပ်သော နာမည်)၊ ပညဋပေတီတိ ပညတ္တိ( သိစေတတ်သော နာမညခ)၊ ဝေါဟရ္ယတေတိ ဝေါဟာရော ( ခေါ်ဝေါိအပ်သော နာမည်)။ [ ဝိ+ အဝရှေ့ ရှိသော ဟရဓာတ်+ ဏ ပစ္စည်း။]
တီဟိ သင်္ခေဟိ။ ။ သုံးမျိုး အပြားရှိသော ပြုစီရင် ခြင်းဖြင့် ပြုစီရင်ထားအပ်သေုခတ္တိယ ဗြာဟ္မဏ ဂဟပတိဟူသော အမျိုး၃ပါးတို့ ကိုင်ဆောင် အပ်သော ခရုသင်း၃မျိုး၊ ( တနည်း) ခတ္တိယာနုယန္တ, ဗြာဟ္မဏပဟပတိက, နေဂမဇနပဒ ဟူသောဂဟပတိ ၃ဦးတို့ ကိုင်ဆောင်အပိသော ခရုသင်း၃မျိုး။
အဂ္ဂန္တိ ဉာတေန။ ။ ဤ ပါဌ်ဖြင့် “အဂ္ဂံ+ ဣတိ + ဉာတဗ္ဗန္တိ အဂ္ဂညံ” ဟု သမ္ဘာ ဝနာ ကမ္မဓာရည်းသမာသိကိုပြ၏၊ ဆက်ဦးမည်- ကမ္မဓာရည်း ထုံးသံအတိုင်း အဂ္ဂနှင့်ညသည် အရတူ၍ “မြတ်သောအမျိုး” ဟုသိအပ် ( သိနိုင်) သော အက္ခရာ ( စကားလုံး) ရ၏ ၊ သို့ဖြစ်လျှင် “ အနက်ဒြဗ်ဖြစ်သော ခတ္တိယ အသိုင်းအဝိုင်၏ မြင့်မြတ်ပုံကို အဘယ်သို့မှတ်ရမည်နည်း” ဟု မေးစရာရှိ၏၊ ထိုသို့ အနက်ဒြပ်က မြတ်သောကြောင့်ပင် ခတ္တိယသဒ္ဒါခည်း မြတ်သောကြောင့် ပါဠိတော်ဝယ် “အဂ္ဂညေန အက္ခရေန” စု ဟောတော်မူအပ်သည် ၊ “ အဂ္ဂညေန “ သည် မင်းမျိုးမင်းနွယ် ဟူသောအနက်ဒြပ်နှင့်ခတ္တိယသဒ္ဒါတို့၏ မြင့်မြတ်ပြံကို မခွဲခြားပဲ တမျိုးတညခးဆိုထားအပ်သော အဘေဒေါပစာရစကား ဖြစ်သည်စု ဆိုလိုသည်။
အဂ္ဂေ ဝါ ဉာတေန။ ။ ဩနည်း၌ အဘေဒေါပစာရ ကြံစရာမလို ၊ မှန်၏- “အဂ္ဂေ+ဉာယတိ ဧတေနာတိ အဂ္ဂညံ” ဟု ဒုတိဉာ ကိတန္တ တပ္ပုရိတ်သမာသိပြုလျှင်အဂ္ဂအရ မြတ်သော ခတ္တိယမျိုူရ၍ , ည အရမှာ မြတ်သောအမျိုး တို့ကို သိအပ်ကြောင်း အက္ခရာ ရသောကြောင့် အနက်ဒြဗ်နှင့် သဒ္ဒ့တို့ အးကွဲနေသည်။