ဓမ္မက္ခန္ဓသရီရဿ။ ။သီလဂုဏ်, သမာဓိဂုဏ်, အရဟတ္တဖိုလ်ဂုဏ်, အရဟတ္တဖိုလ်ကို သိမြင်တတ်သော ပစ္စဝေက္ခဏာညဏ်ဂုဏ်အားဖြင့် ၅-ပါးကို ''ဓမ္မက္ခန္ဓ-တရားတည်းဟူသောဂုဏ်''ဟု ခေါ်၏ ၊ ထိုဂုဏ်သည်ပင် ဘုရားရှင်၏ အထည်ကိုယ် ခန္ဓာတော် ဖြစ်သောကြောင့် ''ဓမ္မက္ခန္ဓသရီရဿ''ဟု ဂါရဝပြုသည်။ (သီလက္ခန္ဓ စသည်တို့၏အကျယ်ကို ပါရာဇိကဏ်ဘာသာဋီကာ ဂန္ထာရမ္ဘ သံဃပွဏာမ၌ ပြခဲ့ပြီ၊ ခန္ဓသဒ္ဒါသည် ဂုဏ်အနက်ကိုသာ ဟော၏၊ ကျေးဇူး (ဥပကာရ) အနက်ကို မဟော။)
တတ္ထ၊ ထိုပရိဝါရ်ဠိတော်၌။ တာဝ၊ ဝိသဇ္ဇနမှ ရှေးဦးစွာ။ (နိဒ္ဒိဠာယ-ညွှန်ပြအပ်သော)။ ယံ တေန ဘဂဝတာ၊ပေ။ ပညတ္တံတိ အာဒိနယပ္ပဝတာ၊ ယံ တေနဘဂဝတော၊ပေ၊ ပညတ္တံ အစရှိသော နည်းဖြင့်ဖြစ်သော။ ပုစ္ဆာယ၊ ၏။ အယံ၊ ဤဆိုအပ်လတ္တံကား။ သင်္ခေပတ္ထော၊ အကျဥ်းဖြစ်သော အနက်တည်း၊ (တစ်ပုဒ်စီ တစ်ပုဒ်စီ မဖွင့်ဘဲ တစ်ဝါကျလုံး ပေါင်းရုံး၍ ဖွင့်အပ်သော အနက်ဖြစ်သောကြောင့်''သင်္ခေပတ္ထ''ဟု ဆိုသည်)။ ယော သော ဘဂဝါ၊ အကြင် မြတ်စွာဘုရားသည်။ (ပညပေသိ၊ ၌စပ်)။ ဝါ၊ ကို။ (ယာစိတော၊ ၌စပ်)။ သာသနာဿ၊ ၏။ စိရဠိတိက္တံ၊ ကြာမြင့်စွာ တည်ခြင်းအကျိုးငှာ။ ဓမ္မသေနာပတိနာ၊ တရားစစ်သူကြီးဖြစ်တော်မူသော အရှင်သာရိပုတ္တရာသည်။ သဒ္ဓမ္မဂါရဝဗဟုမာနဝေဂသမုဿိတံ၊ သူတော်ကောင်းတရား၌ ရိုသေလေးစားခြင်း, များစွာ မြတ်နိုးခြင်းအဟုန်သည် စိုက်ထူအပ်သော။ အဉ္ဇလိံ၊ လက်အုပ်ကို။ (လက်အုပ်တည်းဟူသော အလံကို)။ သိရသ္မိံ၊ ဦးခေါင်းပေါ်၌။ ပတိဠာပေတွာ၊ တည်စေ၍။ ယာစိတော၊ တောင်းပန်အပ်သည်။ (ဟုတွာ)။ ဒသ၊ ၁၀ ပါးကုန်သော။ အတ္ထဝသေ၊ အစီးအပွား အထူးတို့ကို။ ပဋိစ္စ၊ စွဲ၍။ ဝိနယပညတ္တိံ၊ ဝိနည်းပညတ်တော်ကို။ ပညပေသိ၊ ပညတ်တော်မူပြီ။ တသတဿ သိက္ခာပဒဿ၊ ထိုသို သိက္ခာပုဒ်၏။ ဝါ၊ ကို။ ပညတ္တိကာလံ၊ ပညတ်ခြင်း၏ အခါကို။
ဝိသုဒ္ဓ၊ပေ၊ဝဏ္ဏနံ။ ။ဝိသုဒ္ဒပရိဝါရဿာတိ သဗ္ဗသော ပရိသုဒ္ဓ ခီဏာသဝပရိဝါရဿ၊ဓမ္မက္ခန္ခသရီရဿာတိ သီလ သမာဓိ ပညာ ဝိမုတ္တိ ဝိမုတ္တိ ဉာဏဒဿနသင်္ခါတ ဓမ္မက္ခန္ဓသရီရဿ သာသနတိ သမ္ဗန္ဓော၊ တဿာတိ ပရိဝါရောတိ ယော သင်္ဂဟံ အာရုဠော၊တဿ၊ ပုဗ္ဗာဂတံ နယံတိ ပုဗ္ဗေ အာဂတံ ဝိနိစ္ဆယံ၊-ဋီကာ။ ဘဂဝတော ဝိနယော သင်္ဂဟံ သမာရုဠော၊-ဝိမတိ။
ယော သော၊ပေ၊ပညပေသိ။ ။ပါဠိတော်၌ ''တေန ဘဂဝတော ဇာနတာ'' စသည်ဖြင့်ရှိ၏ ၊ ထိုတေန၌ တ သဒ္ဒါဖြင့် ညွှန်ပြအပ်သော အနက်ကို အကျယ်ပြလို၍ ''ယော သော ဘဂဝါ''အစရှိသည်ကို မိန့်သည်၊ ''ဓမ္မသေနာပတိ ဖြစ်တော်မူသော အရှင်သာရိပုတ္တရာ၏ ဝိနည်းပညတ်တော်ကို ပညတ်တော်မူဖို့ရန် တောင်းပန်ခြင်းကို လက်ခံတော်မူရ၍ ဝိနည်းပညတ်တော်ကို ပညတ်တော်မူသော ထို မြတ်စွာဘုရား''ဟူလို၊ (ယာယ ဝိနယပညတ္တိယာ(၏၊ ဝါ-၌၊) ဘဂဝါ(သည်) ပကတော (စ၍ပြုခြင်းလည်း ရှိတော်မူ၏ ၊) ပါကဋော စ (ထင်ရှားလည်း ထင်ရှားတော်မူ၏ ၊) တံ ဝိနယပညတ္တိံ သဒ္ဒိံ ယာစနာယ အတ္ထာဘာဝေန (တ သဒ္ဒါ၏ ညွှန်ပြအပ်သော အနက်အဖြစ်ဖြင့်၊) ဒဿေန္တော ယော သော၊ပေ၊ ပညပေသီတိ အာဟ၊-ဋီကာ။) (ပညတ်ရာအခါကို)။
ဇာနတာ၊ သိတော်မူသော။
တဿာ တဿာ သိက္ခာပဒပညတ္တိယာ၊ ထိုထို သိက္ခာပုဒ်ကို ပညတ်တော်မူခြင်း၏၊ ဝါ-ပညတ်တော်မူအပ်သော ထိုထိုသိက္ခာပုဒ်၏။
ဒသ၊ န်သော။
အတ္တဝသေ၊ တို့ကို။
ပဿတာ၊ မြင်တော်မူသော၊ တေန ဘဂဝတော-သည်၊ (''ပညတ္တံ-ပညတ်တော်မူအပ်ပြီ''ဟု ပါဠိတော်၌ စပ်)။
အပိစ။ ။ဇာနတာ ပဿတာတို့၏ အနက်ကို သုတ္တန်နည်းအားဖြင့် ဖွင့်ပြလို၍ ''အပိစ'' စသည်ကို မိန့်သည်၊ ထိုတွင် ပထမနည်းသည် ''ပု-ဒိ-အာ''ဟူသော ဝိဇ္ဇာ ၃ပါးဖြင့်ပြအပ်သော နည်းတည်း၊ ထို့ကြောင့် အာဒိဖြင့် အာသဝက္ခယဉာဏ်ကိုသာ ယူရသည်၊ ဒုတိယနည်းသည် ဝိဇ္ဇာ ၃ ပါး, (တစ်နည်း) အဘိညာဥ် ၆ ပါးဖြင့်လည်းကောင်း,သဗ္ဗညုတာဉာဏ်တော်ဖြင့်လည်းကောင်း ပြအပ်သော နည်းတည်း၊ တတိယနည်းသည် သဗ္ဗညုတာဉာဏ် မံသစက္ခုတို့ဖြင့် ပြအပ်သော နည်းတည်း။
အတိဝိသုဒ္ဓေန မံသစက္ခနာ။ ။နေ့ရော ညဥ့်ပါ အခါခပ်သိမ်းပင် တစ်ယူဇနာအတွင်း၌တော တောင် နံရံ စသည် ခြားကွယ်၍ နေစေကာမူ ထိုအရာဝတ္ထုတို့က မကာကွယ်နိုင်ဘဲ အလွန်သိမ်မွေ့ သေးငယ်သော ရူပါရုံတို့ကိုသော်မှလည်း မြင်စွမ်းနိုင်သော ပသာဒစက္ခတော်ကို''အတိဝိသုဒ္ဓမံသစက္ခု''ဟု ဆိုသည်၊ ထိုစကားသည်သင့်၏၊ တော,တောင်,နံရံစသည်တို့၌ ရုပ်ကလာပ်တိုင်းဝယ် ကလာပ်နှစ်ခုတို့၏ အကြားအရပ်ဟူသော အာကာသဓာတ်ရှိသောကြောင့် မြတ်စွာဘုရား၏ စက္ခုတော်သည် ထိုအာကာသ အရပ်တို့ဖြင့် တောင်နံံရံ စသည်ကို ထွင်းဖောက်၍ မြင်တော်မူနိုင်သည်။ (အတိဝိသုဒ္ဓေန မံသစက္ခုနာတိရတ္တိံ ဒိဝံ သမန္တာ ယောဇနပ္ပမာဏေ အတိသုခုမာနိပိ ရူပါနိ ပဿနတော အတိဝိယပရိသုဒ်ေဓန ပသာဒစက္ခုနာ၊-ဝိမတိ)။ အတ္တဟိတသာဓိကာယ၊ ကိုယ်တော်၏စီးပွားကို ပြီးစေတတ်သော။ သမာဓိပဒဋ္ဌာနာယ၊ သမာဓိဟူသော နီးစွာသော အကြောင်းရှိသော။ ပဋိဝေဓပညာယ၊ ထိုးထွင်း၍ သိတတ်သော အရိယမဂ်ပညာဖြင့်။ ဇာနတာ(စ)၊ သော။ ပရဟိတသာဓိကာယ၊ သူတစ်ပါး၏စီးပွားကို ပြီးစေတတ်သော။ ကရုဏာပဒဋ္ဌာနယ၊ ကရုဏာဟူသော နီးစွာသော အကြောင်းရှိသော။ ဒေသနာပညာယ၊ ဒေသနာပညာတော်ဖြင့်။ ပဿတာ(စ)၊ သော။ အရဟတော၊ ပူဇော်အထူးကို ခံတော်မူထိုက်သော။ သမ္မာသမ္ဗုဒ္ဓေန၊ မဖောက်မပြန်, ကိုယ်တော်တိုင်သာ, အလုံးစုံသောတရားတို့ကိုသိတော်မူသော၊ (တေန ဘဂဝတာ-သည်)။ ပဌမံ၊ ရှေးဦိးစွာသော။ ယံ ပါရာဇိကံ၊ အကြင် ပါရာဇိကကို။ ပညတ္တံ၊ ပညတ်တော်မူအပ်သနည်း။ ကံ၊ အဘယ်ပုဂ္ဂိုလ်ကို။ အာရဗ္ဘ၊ အကြောင်းပြု၍။ ပညတ္တံ၊ နည်း။ တတ္ထ၊ ထိုပဌမပါရာဇိက၍။ ပညတ္တိ၊ မူလပညတ်သည်။ အတ္ထိ၊ ရှိသလော၊ပေ။ ကေန၊ အဘယ်ပုဂ္ဂိုလ်သည်။ အာဘတံ၊ အဆက်ဆက်ဆောင်အပ်သနည်း။ ဣတိ(အယံ)၊ ဤသည်ကား။ ပုစ္ဆာ၊ ပုစ္ဆာတည်း။ ဣတိ(အယံ)၊ ဤဆိုအပ်ပြီးကား၊ (သင်္ခေပတ္တာ-တည်း)။ပဋိဝေဓ, ဒေသနာ။ ။ဤစတုတ္ထနည်းကား ပဋိဝေဓပညာ, ဒေသနာပညာဖြင့်ပြအပ်သောနည်းတည်း၊ ပဋိဝေဓပညာဟူသည် အရိယမဂ်ပညာတည်း၊ ထိုပညာဖြင့် ကိုယ်တော်၏သန္တာန်၌ရှိသော ကိလေသာတို့ကို ပယ်ရသောကြောင့်''အတ္တဟိတသာဓိကာ''ဟု ဆိုသည်၊ ဒေသနာပညာဟူသည် ဟောထိုက်သောတရားကိုလည်းကောင်း, ဗောဓနေယျပုဂ္ဂိုလ်တို့၏ အာသယ အနုသယ စရိုက် အဓိမုတ္တိ စသည်ကိုလည်းကောင်း သိသောဉာဏ်တည်း။
အတ္တိတတ္ထ၊ပေ၊ကေနာဘာတန္တိ။ ။ဝိမတိ၌ ကေနာဘတံ၏ နောက်ဝယ်''ပုစ္ဆာ''ဟု ပါဌ်တစ်မျိုး ရှိ၏၊ ''အတ္ထိတတ္ထ''စသည်၌လည်း ''အတ္ထိနုခေါ-ရှိသလော''ဟု ''နုခေါ'' ဟူသော ပုစ္ဆာဇောတက ထည့်၍ ဖွင့်၏ ၊ ''ကေနာဘတန္ထိပုစ္ဆာ''ဟု ပုစ္ဆာသဒ္ဒါ ပါသည်ဖြစ်စေ, မပါသည်ဖြစ်စေ ပုစ္ဆာဝါကျကား အမှန်ပင် ဖြစ်သည်၊ ထို့ပြင် ဣတိသဒ္ဒါဖြင့် ''အယံသင်္ခေပတ္တာ''ကို ပြန်၍ နိဂုံးအုပ်ရမည်၊ ထို့ကြောင့် ဣတိ တစ်ပုဒ် အကျေ ကြံပါ၊(အတ္ထိတတ္ထပညတ္တီတိ အာဒီသု အတ္ထိနုခေါ တတ္ထပညတ္တီတိ အာဒိနာ အတ္ထော ဂဟေ တဗ္ဗောတိ အာဟ တတ္ထပညတ္တိ၊ပေ၊ကေနာဘတန္တိ ပုစ္ဆာတိ၊-ဝိမတိ။)
စိတ္တံ အင်္ဂံ။ ။မေထုန်မှုကို ပြုရာ၌ မေထုန်မှီဝဲခြင်းသည် ကာယဝိညတ်ဟူသော ကာယပယောဂတည်း၊ ထို့ကြောင့် ကာယပယောဂသည်သာ မေထုန်မှုနှင့် အတူတကွဖြစ်၏ ၊ စိတ်ကား ထိုကာယပယောဂကို ဖြစ်စေတတ်သောကြောင့် အာပတ်၏ အကြောင်းဖြစ်သော ကိုယ်၏အကြောင်းဖြစ်ရကား အင်္ဂါအဖြစ်ဖြင့် ယူရသည် ၊ (ဣဒါနိ တေသု ဒွီသု အင်္ဂသု ပဓာနင်္ဂံ ဒဿေတုမာဟ-ဧတ္ထ ဟိ စိတ္တံ အင်္ဂံ ဟောတီတိအာဒိ၊ပေ၊စိတ္တံပန ကာရဏကာရဏန္တိ အဓိပ္ပာယော၊ ဧဝံ ဥပရိပိ သဗ္ဗတ္ထ စိတ္တင်္ဂယုတ္တသမုဋ္ဌာနေသု အဓိပ္ပာယော ဝေဒိတဗ္ဗော၊-ဝိမတိ။) ဟေန္တိ။ စ၊ ငြိမ်းအေးရုံသာမကသေး။ တံပုဂ္ဂလံ၊ ကို။ အပနေတွာ၊ ဖယ်ရှား၍။ ဥပေါသထော ဝါ၊ သည်လည်းကောင်း။ ဝါ၊ ကိုလည်းကောင်း။ ပဝါရဏာ ဝါ၊ သည်လည်းကောင်း။ ဝါ၊ ကိုလည်းကောင်း။ ကာတုံ၊ ငှာ။ သက္ကာ၊ တတ်ကောင်းသည်။ ဟောတိ။ (တံပုဂ္ဂလံ အရ ပါရာဇိက အာပတ္တာဓိကရုဏ်းဖြစ်နေသော ပုဂ္ဂိုလ်ကို ယူရသောကြောင့် ဝဇ္ဇနီယပုဂ္ဂိုလ်တွင် ပါဝင်နေရကား ''တံပုဂ္ဂလံ အပနေတွာ'' ဟု ဆိုသည်၊ တံပုဂ္ဂလံတိ ပါရာဇိကာပန္နံ ပုဂ္ဂလံ၊-ယောဇနာ)။
ပညတ္တိ ဝိဘတ္တိ။ ။''ယော ပန ဘိက္ခု ဘိက္ခူနံ သိက္ခာသာဇီဝ သမာပန္နော''စသော ဒွေမာတိကာ၌ လာသော သိက္ခာပုဒ်အပေါင်းကို ''ပညတ္တိ''ဟုခေါ်၏၊ ပညပီယတီတိ ပညတ္တိ (အပြားအားဖြင့် သိအပ် ထားအပ်သောကြောင့် ပညတ်မည်၏ ၊) ထိုပညတ်သည် အဘိဝိနယကို ထောက်လျှင် မာတိကာမျှဖြစ်၍ ကျဥ်းငယ်သောကြောင့် အဘိသဒ္ဒါ မပါဘဲ ဝိနယဟုသာ အမည်ရသည်၊ ပါဋ္ဌိတော်၌''ယော ပနာတိ ယော ယာဒိသော''စသော တစ်ပုဒ် တစ်ပုဒ်ကို အကျယ်ဝေဖန်ကြောင်း (ချဲ့ထွင်ကြောင်း)စကားရပ်ကို ဝိဘတ္တိဟု ခေါ်၏ ၊ ဝိဘဇီယတိ ဧတာယာတိ ဝိဘတ္တိ''ဟု ပြု၊ ပဒဘာဇနဟုလည်း ဘဇဓာတ်ပင်တည်း၊ ထိုဝိဘတ္တိကို မာတိကာကို ချဲ့ဖွင့်သောစကားရပ် ဖြစ်သောကြောင့် ပါဋ္ဌိတော်၌ ''အဘိဝိနယ''ဟု ခေါ်ထားသည်။
န ဟိ၊ပေ၊ဇာနိတုံ။ ။ဤပထမပါရာဇိကကို ဆောင်ရွက်သောပုဂ္ဂိုလ်မှာ ဝိနယပိဋက ပါဋ္ဌိတော် အဋ္ဌကထာ အားလုံးကို နှုတ်တက်ဆောင်သူ ဖြစ်ရမည်ဟု ''ယေသံ၊ပေ၊သဗ္ဗာ ပဂုဏာ''ဖြင့် ပြထား၏ ၊ အဘယ့်ကြောင့် ပထမပါရာဇိက၏ အနက်အဓိပ္ပာယ်ကို သိဖို့ရန် ဝိနည်းပါဋ္ဌိတော် အဋ္ဌကထာအားလုံးကို ပဂုဏ ဖြစ်ရသနည်း-ဟု မေးဖွယ်ရှိသောကြောင့်''န ဟိ သက္ကာ''စသည်ကို မိန့်သည်၊ ဝိနည်းပိဋကတ်အားလုံးကို မသိသော ပုဂ္ဂိုလ်သည် ဤ ပထမပါရာဇိက၏ အနက်အဓိပ္ပာယ်ကို အန္တရာပတ် ဝိနီတဝတ္ထများနှင့်တကွ မသိနိုင်သောကြောင့် ဝိနည်းပိဋကအားလုံးကို ပဂုဏ ဖြစ်စေရမည်၊ ဝိနည်းပ်ဋကအားလုံး၌ ပဂုဏဖြစ်မှ ဤ ပထမပါရာဇိကကို ဆောင်ရွက်သူဟု ဆိုနိုင်ပါသည်-ဟူလို။