အာပတ္တိယော၊ အာပတ်တို့သည်။
ကတိ၊ အဘယ်မျှလောက်တို့နည်း။
ပေ။
ဝိနီတဝတ္ထူတိ၊ အဝိပ္ပဋိသာရ ပါမောဇ္ဇ စသည်တို့၏ အကြောင်းဖြစ်သော အာပတ်မှ ရှောင်ကြဉ်ခြင်းတို့သည်။
ပေ။
အဂါရဝါ၊ မရိုသေ မလေးစားခြင်းတို့သည်။
ပေ။
ဝိနီတဝတ္ထူနိ၊ အဂါရဝမှ ရှောင်ကြဉ်ခြင်းတို့သည်။
ပေ။
ဝိဝါဒမူလာနိ၊ ဆန့်ကျင်ဘက် ပြောဆိုခြင်း၏မူလတို့သည်။
ပေ။
အနုဝါဒ မူလာနိ၊ စွပ်စွဲခြင်း၏ မူလတို့သည်။
ပေ။
သာရဏီယာ၊ မပြတ် မလပ်, အမှတ် ရထိုက်ကုန်သော။
ဓမ္မာ၊ တို့သည်။
ပေ။
[အဖြေ၌ လွယ်ပြီ။]
အာပတ္တိနိဒ္ဒေသ၌ "တတ္ထ၊ ထို ပဉ္စ အာပတ္တိယော အစရှိသော စကားရပ်၌။
ပဉ္စ အာပတ္တိယော၊ တို့သည်။
ကတမာ၊ အဘယ်တို့နည်း" စသည် ပေးပါ။
ပဉ္စဟိ၊ န်သော။
အာပတ္ထိက္ခန္ဓေဟိ၊ အာပတ်အစုတို့မှ။
အာရတိ၊ ဝေးစွာ မွေ့လျော်ခြင်းသည်။
ဝါ၊ ဝေးစွာ မွေ့လျော်ကြောင်းသဘောသည်။
ဝိရတိ၊ ကင်း၍မွေ့လျော်ခြင်းသည်။
ဝါ၊ ကင်း၍ မွေ့လျော်ကြောင်းသဘောသည်။
ပဋိဝိရတိ၊ အသီးအသီး ကင်း၍ မွေ့လျော်ခြင်းသည်။
ဝါ၊ သည်။
ဝေရမဏိ၊ ရာဂစသော အကုသိုလ်ရန်ကို ဖျက်ဆီးခြင်းသည်။
ဝါ၊ သည်။
အကိရိယာ၊ အာပတ်အစုကို မပြုခြင်းသည်။
ဝါ၊ အာပတ်အစုကို မပြုကြောင်းသဘောသည်။
အကရဏံ၊ သည်။
ဝါ၊ သည်။
အနဇ္ဈာပတ္တိ၊ အာပတ်အစုသို့ မရောက်ခြင်းသည်။
ဝါ၊ အာပတ်အစုသို့ မရောက်ကြောင်း သဘောသည်။
ဝေလာ၊ အာပတ်အစုကို လှုပ်ရှားစေတတ်, ဖျက်ဆီးတတ်သော သဘောသည်။
ဝါ၊ အာပတ်အစုသို့ ရောက်ကြောင်းအကုသိုလ်ကို လှုပ်ရှားစေတတ်, ဖျက်ဆီးတတ်သော သဘောသည်။
အနတိက္ကမော၊ အာပတ်အစုကို မလွန်ကျူးခြင်းသည်။
ဝါ၊ မလွန်ကျူးကြောင်း သဘောသည်။
သေတုဃာတော၊ နိဗ္ဗာန်သို့ သွားကြောင်းလမ်းကို ဖွဲ့နှောင်တားမြစ်တတ်သော အာပတ်အစုကို ဖျက်ဆီးတတ်သော သဘောသည်။
ဝါ၊ ဖျက်ဆီးကြောင်း သဘောသည်။
(အတ္ထိ)၊
ဣမာနိ၊ ဤသဘောတို့သည်။
ပဉ္စ၊ န်သော။
ဝိနီတဝတ္ထူနိ၊ တို့တည်း။
အန္တရပေယျာလ။ ။ အကြားအကြား၌ အထူးအပြားတို့ကို မရှုငဲ့ (မဖော်ပြ) မူ၍ ပေယျာလမြှုပ်ထားရာအခန်းကို "အန္တရပေယျာလ" ဟု ခေါ်၏၊ ဥပမာ- "ကတိ အာပတ္တိယော" ဟူသော ပုစ္ဆာ၏အဖြေ၌ "ပဉ္စ အာပတ္တိယော" ဟု ဖြေ၏၊ အကြား၌ မေထုနဓမ္မ, အဒိန္နာဒါနစသော အပြားကို မဖော်ပြတော့ပဲ မြှုပ်ထားသကဲ့သို့တည်း၊ ထို့ကြောင့် မဟာဝဂ္ဂ၏ ဥဒ္ဒါန်း၌ "ပေယျာလ အန္တရာဘေဒါ- အကြားအကြား၌ အထူးအပြားတို့ကို ပေယျာလမြုပ်ရာ နယ" ဟု ဆိုသည်။ [ဝိမတိ၌ သာဓကကိုလည်း "မေထုနာဒိန္နဒါနာဒိ အန္တောဂဓဘေဒံ အနပေက္ခိတွာ" ဟု ဤအဓိပ္ပာယ်ကိုပင် ဆိုသည်၊ ဘာသာဋီကာ၌ ထိုသာဓကို ပြထားပြီ။]
ဗုဒ္ဓေ၊ မြတ်စွာဘုရား၌။
အဂါရဝေါ၊ မရိုသေ မလေးစားခြင်းလည်းကောင်း။
ပေ။
သိက္ခာယ၊ သိက္ခာ ၃ ပါး၌။
ပေ။
အပ္ပမာဒေ၊ အပ္ပမာဒတရား၌။
ပေ။
ပဋိသန္ထာရေ၊ အာမိသပဋိသန္ထာရ, ဓမ္မပဋိသန္ထာရ၌။
အဂါရဝေါ၊ လည်းကောင်းတည်း။
အဂါရဝါ၊ တို့သည်။
ဣမေ ဆ၊ ဤခြောက်ပါးတို့တည်း။
[အဂါရဝ ဝိနီတဝတ္ထု၌ "အကရဏံ- အဂါရဝကို မပြုခြင်းသည်" စသည် ပေးပါ၊ ပဋိသန္တာရပုဒ်တို့၏ အဖွင့်ကို အဋ္ဌသာလိနီ ဘာသာဋီကာ၌ ပြထားပြီ။]
(ယာ အာပတ္တိ၊ သည်။) ကယတော၊ ကိုယ်ကြောင့်။ သမုဋ္ဌာတိ၊ ဖြစ်၏။ ဝါစတော၊ နှုတ်ကြောင့်။ န (သမုဋ္ဌာတိ၊ မဖြစ်)။ စိတ္တတော၊ ကြောင့်။ န (သမုဋ္ဌာတိ)၊ (သာ) အာပတ္တိ၊ သည်။ အတ္ထိ၊ ၏။ ဤသို့ စသည်ပေးပါ။
ဝိဝါဒမူလနိဒ္ဒေသ, အနုဝါဒမူလနိဒ္ဒေသတို့ကို စူဠဝဂ္ဂပါဠိတော်နိဿယ, သမထက္ခန္ဓက, အဓိကရဏကထာ၌ အနက်ပေးခဲ့ပြီ။
ဣဓ၊ ဤသာသနာတော်၌။
ဘိက္ခုနော၊ ၏။
("မေတ္တံ ကာယကမ္မံ" ၌စပ်။)
သဗြဟ္မစာရီသု၊ သီတင်းသုံးဖော်တို့၌။
(သီတင်းသုံးဖော်တို့အပေါ်၌)။
အာဝီစေဝ၊ မျက်မှောက်၌လည်းကောင်း။
ရဟောစ၊ မျက်ကွယ်၌လည်းကောင်း။
မေတ္တံ၊ မေတ္တာရှိသော။
ဝါ၊ မေတ္တာကြောင့် ကောင်းစွာဖြစ်သော။
ကာယကမ္မံ၊ ကာယကံသည်။
ပစ္စုပဋ္ဌိတံ၊ ရှေ့ရှုကပ်၍ တည်သည်။
ဟောတိ၊
အယမ္ပိခမ္မော၊ ဤ မေတ္တာကာယကံဟူသော တရားသည်လည်း။
သာရဏီယော၊ မပြတ်မလတ်, အမှတ်ရထိုက်သည်။
ပိယကရဏော၊ ချစ်ခြင်းကို ပြုတတ်သည်။
ဝါ၊ ချစ်ထိုက်သူ၏အဖြစ်ကို ပြုတတ်သည်။
ဂရုကရဏော၊ လေးစားခြင်းကို ပြုတတ်သည်။
ဝါ၊ လေးစားထိုက်သူ၏အဖြစ်ကို ပြုတတ်သည်။
(ဟုတွာ)၊
သင်္ဂဟာယ၊ သီတင်းသုံးဖော်တို့ကို သိမ်းသွင်းခြင်း ချီးမြှောက်ခြင်းငှာ။
[သင်္ဂဟဝတ္ထု ဝိသေသဘာဝတော သဗြဟ္မစာရီနံ သင်္ဂဟဏတ္ထာယ၊- ဋီကာ။]
ဝါ၊ သီတင်းသုံးဖော်တို့ကိုသည် ချီးမြှောက်ထိုက်သူ၏ အဖြစ်အကျိုးငှာ။
[သဗြဟ္မစာရီတိ သင်္ဂဟေတဗ္ဗဘာဝိယ၊- အဋ္ဌကထာ။]
အဝိဝါဒါယ၊ (သီတင်းသုံးဖော်တို့နှင့်) ဆန့်ကျင်ဘက်မပြောဆိုရခြင်းအကျိုးငှာ။
သာမဂ္ဂိယာ၊ ညီညွတ်သည်၏ အဖြစ်အကျိုးငှာ။
ဧကီဘာဝါယ၊ တစ်ယောက်တည်း မဟုတ်သော်လည်း တစ်ယောက်တည်းကဲ့သို့ဖြစ်ခြင်းငှာ။
ဝါ၊ မကွဲမပြား, တစ်သားတည်းဖြစ်ခြင်းငှာ။
သံဝတ္တတိ၊ ဖြစ်၏။
[နောက်နောက်ဝါကျတို့၌ ဤသို့ အပြည့်အစုံပေးပါ။]
ပုနစ၊ တစ်ဖန်လည်း။
အပရံ၊ တစ်မျိုးကား။
(တစ်မျိုးသား သာရဏီယဓမ္မကား)။
ပေ။
မေတ္တံ၊ သော။
ဝစီကမ္မံ၊ သည်။
ပေ။
အယမ္ပိဓမ္မော၊ ဤမေတ္တာဝစီကံဟူသောတရားသည်လည်း။
ပေ။
သံဝတ္တတိ၊
[မနောကံ၌ လွယ်ပြီ။]
ပုနစ၊
ပေ။
ယေတေလာဘာ၊ အကြင် လာဘ်တို့သည်။
ဓမ္မိကာ၊ တရားသဖြင့် ဖြစ်ကုန်၏။
[ဓမ္မေနသမေန ဘိက္ခာစရိယဝတ္တေန+ဥပ္ပန္နာ၊ - ဋီကာ။]
ဓမ္မလဒ္ဓါ၊ တရားသဖြင့် ရအပ်ကုန်၏။
အန္တမသော၊ အောက်၌ဖြစ်သော အဆုံးအပိုင်းအခြားဖြင့်။
ပတ္တပရိယာပန္နမတ္တမ္ပိ၊ သပိတ်၌ အကျုံးဝင်သော ဘောဇဉ်မျှသည်လည်း။
(ဟောတိ၊ ရှိအံ့။)
တထာရူပေဟိ၊ ထိုသို့ သဘောရှိကုန်သော။
လာဘေဟိ၊ လာဘ်တို့ဖြင့်။
အပ္ပဋိဝိဘတ္တဘောဂီ၊ အသီးအသီးခွဲခြားအပ်သော သုံးဆောင်ခြင်းမရှိသည်။
(မခွဲခြားမူ၍ သုံးဆောင်တတ်သည်။)
သီလဝန္တေဟိ၊ သီလရှိကုန်သော။
သ ဗြဟ္မစာရီဟိ၊ တို့နှင့်။
သာဓာရဏဘောဂီ၊ ဆက်ဆံသော သုံးဆောင်ခြင်းရှိသည်။
ဟောတိ၊
["အပ္ပဋိဝိဘတ္တဘောဂီ" ကို "သီလဝန္တေဟိ ၊ ပေ၊ ဘောဂီ" ဟု ထပ်ဖွင့်သည်။]
အယမ္ပိဓမ္မော၊ ဤလာဘ အပ္ပဋိဝိဘတ္တဘောဂီဟူသောတရားသည်လည်း။
ပေ။
ပုနစ၊
ပေ။
ဘိက္ခု၊ သည်။
("ဝိဟရတိ" ၌ လှမ်းစပ်။)
ယာနိ တာနိ သီလာနိ၊ အကြင်သီလတို့သည်။
အခဏ္ဍာနိ၊ ကျိုးပျက်သော သိက္ခာပုဒ်မရှိကုန်သည်။
အစ္ဆိဒ္ဒါနိ၊ ပေါက်သော သိက္ခာပုဒ် မရှိကုန်သည်။
အသဗလာနိ၊ ပြောက်သော သိက္ခာပုဒ်မရှိကုန်သည်။
အကမ္မာသာနိ၊ ကျားကွက်သော သိက္ခာပုဒ် မရှိကုန်သည်။
ဘုဇိဿာနိ၊ တဏှာ့ကျွန်းအဖြစ်မှ ကင်းလွတ်ကုန်သည်။
ဝါ၊ ကင်းလွဝ်သည်၏ အဖြစ်ကိုပြုတတ်ကုန်သည်။
ဝိညုပသတ္ထာနိ၊ ပညာရှိတို့ ချီးမွမ်းအပ်ကုန်သည်။
အပရာမဋ္ဌာနိ၊ တဏှာဒိဋ္ဌိတို့သည် မှားသောအားဖြင့် မသုံးသပ်အပ်ကုန်သည်။
သမာဓိသံဝတ္တနိကာနိ၊ ဥပစာရသမဓိ, အပ္ပနာသမာဓိကို ဖြစ်စေတတ်ကုန်သည်။
(ဟောန္တိ)၊
တထာရူပေသု၊ ထိုသို့ သဘောရှိကုန်သော။
သီလေသု၊ တို့၌။
အာဝီစေဝ၊ ၌လည်းကောင်း။
ရဟောစ၊ ၌လည်းကောင်း။
သဗြဟ္မစာရီဟိ၊ တို့နှင့်။
သီလသာမညဂတော၊ သီလအားဖြင့် တူသည်၏အဖြစ်သို့ ရောက်သည်။
[သမာနဿ+ဘာဝေါ သာမညံ၊ သီလေန+သာမညံ သီလသာမညံ၊ သီလသာမညံ+ဂတော သီလသာမညဂတော။]
(တစ်နည်း) သီလ သာမညဂတော၊ တူသော သီလရှိသူ၏ အဖြစ်သို့ရောက်သည်။
["သီလံ+သမာနံ ယဿာတိ သီလသမာနော၊ သီလသမာနဿ+ဘာဝေါ သီလသာမညံ၊ တံ+ဂတော" ဟု ဆက်ပါ။]
(ဟုတွာ)၊
ဝိဟရတိ၊ ၏။
အယမ္ပိဓမ္မော၊ ဤ အခဏ္ဍသီလဟူသော တရားသည်လည်း။
ပေ။
ပုနစ၊
ပေ။
ဘိက္ခု၊ သည်။
ယာယံ (ယာ+အယံ) ဒိဋ္ဌိ၊ အကြင် မဂ်နှင့်ယှဉ်သော သမ္မာဒိဋ္ဌိသည်။
အရိယာ၊ ကိလေသာတို့မှ ဝေးကွာသည်။
ဝါ၊ အပြစ်မရှိသည်။
နိယျာနိကာ၊ ဝဋ်ဒုက္ခမှ ထွက်မြောက်တတ်သည်။
(ဟုတွာ)၊
တက္ကရဿ၊ ထို ဘုရားရှင်၏ အဆုံးအမတော်ကို ပြုကျင့် လိုက်နာသူ၏။
သမ္မာ၊ ကောင်းစွာ။
ဒုက္ခက္ခယာယ၊ ဝဋ်ဒုက္ခ၏ ကုန်ခြင်းအကျိုးငှာ။
နိယျာတိ၊ ဖြစ်၏။
[နိယျာတီတိပဝတ္တတိ၊ သမ္မာ ဒုက္ခက္ခယာယ သံဝတ္တတီတိ အတ္ထော၊ - ဝိမတိ။]
တထာရူပါယ၊ သော။
ဒိဋ္ဌိယာ၊ မဂ်နှင့်ယှဉ်သော သမ္မာဒိဋ္ဌိ၌။
အာဝီစေဝ၊
ပေ။
သ ဗြဟ္မစာရီဟိ၊ တို့နှင့်။
ဒိဋ္ဌိ သာမညဂတော၊ သမ္မာဒိဋ္ဌိအားဖြင့် တူသည်၏အဖြစ်သို့ ရောက်သည်။
ဝါ၊ တူသော သမ္မာဒိဋ္ဌိရှိသူ၏ အဖြစ်သို့ ရောက်သည်။
(ဟုတွာ)၊
ဝိဟရတိ၊ ၏။
အယမ္ပိဓမ္မော၊ ဤ အရိယနိယျာနိကဒိဋ္ဌိဟူသော တရားသည်လည်း။
ပေ။
သံဝတ္တတိ၊
သာရဏီယော, ဓမ္မာ၊ တို့သည်။
ဣမေ ဆ၊ ဤခြောက်ပါးတို့တည်း။
ဣဓ ဘိက္ခု, အဓမ္မံ၊ အဓမ္မကို။
ဓမ္မောတိ၊ ဟူ၍။
ဒီပေတိ၊ ၏။
[ဤသို့စသည်ပေးပါ၊ ကြွင်းနိဒ္ဒေသတို့ လွယ်ပြီ။]
[တဿုဒ္ဒါန၌ လွယ်ပြီ၊]
စာအုပ်တို့၌ "ဝိနီတာဂါရဝါစေဝ, ဂါရဝါမူလမေဝစ" ဟု ပါဌ်ရှိ၏၊ သို့သော် ထိုမူလတို့ကား အာပတ္တိသမုဋ္ဌာန်၏ အခြားမဲ့၌သာ လာ၏၊ ထို ဝိဝါဒမူလ, အနုဝါဒမူလတို့ကိုလည်း "သမုဋ္ဌာနာ ဝိဝါဒနာ, အနုဝါဒါ သာရဏီယံ" ဟု ပြလတ္တံ့၊ ထို့ကြောင့် "ဂါရဝါမူလမေဝစ" ဟု ပါဌ်မရှိသင့်၊ "ဂါရဝါပိ တထေဝစ"ဟု ပါဌ်ရှိသင့်ကြောင်းကိုလည်းကောင်း, "တထေဝစ- ထိုမှတစ်ပါး၊ ဂါရဝါ- ဂါရဝတို့" ဟု အနက်ပေးသင့်ကြောင်းကိုလည်းကောင်း ရှေးနိဿယ၌ မှာထားပါသည်။
ကတိပုစ္ဆာဝါရော နိဋ္ဌိတော၊