Issues
Select Version
Bhāsāṭīkā-ဘာသာဋီကာ
မြန်မာဘာသာ
(VN)Parivārapāḷi
(VN)Parivārapāḷi

2. Adhikaraṇanidānādi

Author: Bhāsāṭīkā-ဘာသာဋီကာ @ IAPT

ဝိဝါဒါဓိကရဏံ၊ သည်။ ကိံနိဒါနံ၊ အဘယ်နိဒါန်းရှိသနည်း။ ကိံသမုဒယံ၊ အဘယ်ဖြစ်ကြောင်း ရှိသနည်း။ ကိံ ဇာတိကံ၊ အဘယ် ဇာတ်ရှိသနည်း။ ကိံ ပဘဝံ၊ အဘယ်အစအမွန်ရှိသနည်း။ ကိံ သမ္ဘာရံ၊ အဘယ်အဆောက်အဦး ရှိသနည်း။ ကိံ သမုဋ္ဌာနံ၊ အဘယ်သမုဋ္ဌာန် ရှိသနည်း။ ["နိဒါန, သမုဒယ" စသည်တို့ကား ကာရဏသဒ္ဒါ၏ စကားလှယ်တို့တည်း။] ပေ။
ဝိဝါဒါဓိကရဏံ၊ သည်။ ဝိဝါဒါနိဒါနံ၊ ဆန့်ကျင်ဘက်ပြောမှုဟူသော နိဒါန်းရှိ၏။ ဝါ၊ ငြင်းခုံမှုဟူသော နိဒါန်းရှိ၏။ ပေ။
အနုဝါဒါဓိကရဏံ၊ သည်။ အနုဝါဒနိဒါနံ၊ စွပ်စွဲခြင်းဟူသော နိဒါန်းရှိ၏။ ပေ။
အာပတ္တာဓိကရဏံ၊ သည်။ အာပတ္တာနိဒါနံ၊ ၏။ ပေ။
ကိစ္စာဓိကရဏံ, ကိစ္စယနိဒါနံ၊ ပြုထိုက်သော စတုဗ္ဗိဓကံဟူသော နိဒါန်းရှိ၏။ ["ကိစ္စယ" ပုဒ်၏ အဖွင့်ကို စူဠဝဂ္ဂဘာသာဋီကာ, သမထက္ခန္ဓက, အဓိကရဏကထာ၌ ပြထားပြီ။]
ဤမှနောက်၌ "ဝိဝါဒါဓိကရဏံ ကိံ နိဒါနံ" စသည်ဖြင့် မေး၍ "ဟေတု နိဒါနံ- (လောဘစသော) ဟိတ်ဟူသော နိဒါန်းရှိ၏" ဟူသော ဟေတုဝါရကိုလည်းကောင်း, "ပစ္စယနိဒါနံ- အကြောင်းဟူသောနိဒါန်းရှိ၏" ဟူသောပစ္စယဝါရကိုလည်းကောင်း ဟဟောတော်မူသည်။ [ဟေတုနှင့်ပစ္စယကား အရကောက်တူ၏။]