Issues
Select Version
Bhāsāṭīkā-ဘာသာဋီကာ
မြန်မာဘာသာ
(VN)Parivārapāḷi
(VN)Parivārapāḷi

Ādimajjhantavissajjanā

Author: Bhāsāṭīkā-ဘာသာဋီကာ @ IAPT

ဥပေါသထကမ္မဿ ကော အာဒိ၊ ပေ။ ပရိယောသာနနတိ၊ ဥပေါသထဿ၊ ပေ၊ ပရိယောသာနံဟူသော ပုစ္ဆာ၌။
ဥပေါသထကမ္မဿ၊ ၏။ အာဒိ၊ အစသည်။ သာမဂ္ဂီ၊ ကာယသာမဂ္ဂီတည်း။ ကိရိယာ၊ ပါတိမောက္ခဩကာရဏ ကိရိယာသည်။ (ပါတိမောက်ကို ရွတ်ပြခြင်း၊ ကိရိယာသည်။) မဇ္ဈေ၊ တည်း။ နိဋ္ဌာနံ၊ ပါတိမောက် ရွတ်ပြမှု၏ ပြီးဆုံးခြင်းသည်။ ပရိယောသာနံ၊ တည်း။ (ဣတိ၊ ဤအဖြေသည်။ ဟောတိ။) [နောက်နောက် ကံတို့၌ ဤသို့အပြည့်အစုံပေးပါ။]
ပဝါရဏာကံ၌ ကိရိယာ၊ ပဝါရဏာဉတ်, ပဝါရဏာကို ရွတ်ဆိုခြင်း ကိရိယာသည်။ မဇ္ဈေ၊ တည်း။ နိဋ္ဌာနံ၊ သံဃနဝကရဟန်း၏ ရွတ်ဆိုမှု၏ ပြီးဆုံးခြင်းသည်။ ပရိယောသာနံ၊ တည်း။
တဇ္ဇနီယကံ၌ ဝတ္ထုစ၊ ဝတ္ထုသည်လည်းကောင်း။ (တဇ္ဇနီယကံထိုက်အောင် ပြုလုပ်မှုဝတ္ထု)။ ပုဂ္ဂလောစ၊ သည်လည်းကောင်း (ထိုဝတ္ထုကို ပြုလုပ်သူ)။ အာဒိ၊ တည်း။ ဉတ္တိ၊ တည်း။ မဇ္ဈေ၊ တည်း။ ကမ္မဝါစာ၊ ကမ္မဝါစာသည်။ (ကမ္မဝါစာ၏ ပြီးဆုံးမှုသည်)။ ပရိယောသာနံ၊ တည်း။ [ကြွင်းသော ကံတို့၌ တဇ္ဇနီယကံအတိုင်းပေးပါ။]
ဥပေါသထာဒိပုစ္ဆာဝိသဇ္ဇနံ၊ သည်။ နိဋ္ဌိတံ၊ ပြီ။