ယံ၊ အကြင်ပြဿနာကို။ တံ၊ ရှင်တော်မြတ်ဘုရားကို။ ပုစ္ဆိမှာ၊ မေးပါကုန်ပြီ။ (တံ၊ ပြဿနာကို။) နော၊ တပည့်တော်တို့အား။ အကိတ္တယိ၊ ဖြေတော်မူပါပြီ။ တံတံ၊ ထိုထို မေးအပ်တိုင်းသော ပြဿနာကို။ အနုညာတာ၊ မေးအပ်သော အခြင်းအရာမှ တစ်ပါးသော အခြင်းအရာ မဟုတ်သောအားဖြင့်။ ဗျာကတံ၊ ဖြေတော်မူအပ်ပါပြီ။ အညံ၊ အခြားသော ပြဿနာကို။ တံ၊ ရှင်တော်မြတ်ဘုရားကို။ ပုစ္ဆာမိ၊ မေးပါ၏။ ဣင်္ဃ၊ တောင်းပန်ပါ၏။ တံ၊ ထိုပြဿနာကို။ ဗြူဟိ၊ ဖြေတော်မူပါ။
[မိမိ မေးလိုအပ်သော ပြဿနာများကို "ဂရုက လဟုကဉ္စာပိ" စသော ဂါထာဖြင့် ထပ်၍ လျှောက်ထားသည်။] ဂရုက လဟုကဉ္စာပိ၊ ဂရုက လဟုကသိက္ခာပုဒ်ကိုလည်းကောင်း။ ["သာဝသေသံ" စသည် လွယ်ပြီ။] ယေ ယာဝတတိယကာ၊ အကြင်ယာဝတတိယာ သိက္ခာပုဒ်တို့သည်။ (သန္တိ၊ တေ)စ၊ ထိုယာဝတတိယကသိက္ခာပုဒ်ကိုလည်းကောင်း။