Issues
Select Version
sāsanāre-သာသနာရေး
မြန်မာဘာသာ
Bhikkhu Bodhi
English
Tikanipātapāḷi
Tikanipātapāḷi

10. Paṃsudhovakasuttaṃ

Author: sāsanāre-သာသနာရေး @ IAPT

ဘိက္ခဝေ၊ တို့။ ဇာတရူပဿ၊ ရွှေ၏။ ဩဠာရိကာ၊ အကြမ်းစားအကြီးစားဖြစ်ကုန်သော။ ဥပက္ကိလေသာ၊ မည်းညစ်ကြောင်း အညစ်အကြေး ဖြစ်ကုန်သော။ ပံသု, ဝါလုကာ၊ မြူမှုန့်, သံမှုန့်တို့သည်လည်းကောင်း။ သက္ခရ, ကဌလာ၊ ကျောက်စရစ်, အိုးခြမ်းကွဲတို့သည်လည်းကောင်း။ သန္တိ၊ ရှိကုန်၏။
တံ ဧနံ၊ ထိုမြူမှုန့်သဲမှုန့်စသော အကြမ်းစား အညစ်အကြေးကို။ ပံသုဓော ဝကော ဝါ၊ မြူမှုန့်အညစ်အကြေး ဆေးသော ဆရာသည်သော်လည်းကောင်း။ ပံသုဓော ကန္တေ ဝါသိဝါ၊ မြူမှုန့် အညစ်အကြေးဆေးသော ဆရာ၏ တပည့်သည်သော်လည်းကောင်း။ ဒေါဏိယံ၊ ရေလှောင်စည်ပုံး၌။ အာကိရိတွာ၊ လောင်းထည့်၍။ ဓောဝတိ၊ ဆေးကြော၏။ သန္ဓောဝတိ၊ အထပ်ထပ်ခေါ်ခေါ် ကောင်းစွာဆေးကြော၏။ နိဒ္ဓေါဝတိ၊ ပွတ်တိုက်ဆေးကြော၏။
တသ္မိံ၊ ထိုမြူမှုန့်စသော အကြမ်းစား အညစ်အကြေးကို။ ပဟီနေ၊ ပယ်ရှားသုတ်သင်အပ်ပြီးလသော်။ တသ္မိံ၊ ထိုမြူမှု့န်စသော အကြမ်းစား အညစ်အကြေးကို။ ဗျန္တီကတေ၊ ကင်းရှင်းသော အဆုံသတ် ကိစ္စရှိအောင် ပြုအပ်ပြီးလသော်။ ဝါ၊ အပြီးအပြတ် အဆုံးသတ် ပြုအပ်ပြီးလသော်။ ဇာတရူပဿ၊ ရွှေ၏။ မဇ္ဈိမသဟဂတာ၊ အလယ်အလတ်စား၏ အဖြစ်နှင့်တကွ ဖြစ်ကုန်သော။ [မဇ္ဈိမဘာဝသဟဂတာ" ပုဒ်မှ ဘာဝပုဒ် အကျေကြံ၊ အလတ်စားအဖြစ်၊ အလတ်စားသဘော။] ဝါ၊ အလတ်စား ဖြစ်ကုန်သော ။ ဥပက္ကိလေသာ၊ ကုန်သော။ သုခုမသက္ခရာ၊ အနုစား ကျောက်စရစ်တို့သည်လည်းကောင်း။ ထူလဝါလုကာ၊ ကြီးသော သဲမှုန့်တို့သည့်လည်းကောင်း။ သန္တိ၊ ရှိကုန်၏။
တမေနံ၊ ထို ကျောက်စရစ် အနုစသော အလတ်စား အညစ်အကြေးကို။ ။ပ။၊
တသ္မိံ၊ ထိုကျောက်စရစ် အနုစသော အလတ်စားအညစ်အကြေးကို။ ပဟီနေ၊ သော်။ တသ္မိံ၊ ထိုကျောက်စရစ် အနုစသော အလတ်စားအညစ်အကြေးကို။ ဗျန္တီကတေ၊ သော်။ ဇာတရူပဿ၊ ၏။ သုခုမသဟဂတာ၊ အနုစားအသေးစား၏ အဖြစ်နှင့်တကွဖြစ်ကုန်သော။ ဝါ၊ အနုစားအသေးစား ဖြစ်ကုန်သာ။ ဥပက္ကိလေသာ၊ ကုန်သော။ သုခုမဝါလုကာ၊ အနုစား သဲမှုန့်တို့သည်လည်းကောင်း။ ကာဠဇလ္လိကာ၊ မည်းနက်သော မြူအညစ်အကြေးတို့သည်လည်းကောင်း။ သန္တိ၊ ရှိကုန်၏။
တမေနံ၊ ထိုသဲမှုန့် အနုစသော အသေးစား အညစ်အကြေးကို။ ။ပ။၊
တသ္မိံ၊ ထိုသဲမှုန့် အနုစသော အသေးစား အညစ်အကြေးကို။ ပဟီနေ ။ပ။ အထာပရံ၊ အညစ်အကြေး ကင်းစင်ပြိးသည်မှ နောက်၌။ သုဝဏ္ဏသိကတာ၊ ရွှေမှုန်တို့သည်။ အဝသိဿန္တိ၊ ကြွင်းကျန်ကုန်၏။
တမေနံ ဇာတရူပံ၊ ထိုရွှေကို။ (အညစ်အကြေး ကင်းစင်ပြီးသော ထိုရွှေကို)။ သုဝဏ္ဏကာရော ဝါ၊ ရွှေပန်းထိမ်ဆရာသည်သောလည်းကောင်း။ သုဝဏ္ဏကာရန္တေ ဝါသီ ဝါ၊ ရွှေပန်းထိမ်ဆရာ၏ တပည့်သည် သော်လည်းကောင်း။ မူသာယံ၊ မိုက်ခွက်၌။ မူသာဟူသော ဝေါဟာရ။ ။ မီးအရှိန်ဖြင့် ပူ၍ ရွှေကို ပျော့ပြောင်း လာစေဓရာ၌ အသုံးပြုသော ရွှေလှော်" မိုက်ခွက်, လုံ" ကို မူသာဟု ခေါ်၏။ သက္ကတ သင်္ဂလိပ် အဘိဓာန်တို့၌လည်းမူသာကို Crucible (သံရည်ကြိုခွက်) ဟု ဆို၏။ မြန်မာတို့ ရေထဲ၌ ရွှေကျင်သောအခါ အသုံးပြုသော ခွက်ကိုလည်း မိုက်ခွက်ဟု ခေါ်သေးသတတ်၊ သို့သော် ပါဠိ၌ သုဝဏ္ဿာရာနံမူသာ (ရွှေပန်းတိမ သည်တို့၏ မိုက်ခွက်) ဟုသာ အသုံးတွေ့ရ၍ ရေထဲ ရွှေကျင်သူတို့၏မိုက်ခွက်ဟု မတွေ့ရ။ မူသာ ဟူသော ပါဠိအတိုင်း "မိုသ်" ဟု ရေးသင့်၏။ နောက်သုတ်၌လည်း တွေ့ဦးလတ္တံ့။ ပက္ခပိတွာ၊ ထည့်၍။ ဓမတိ၊ (မီးမှုတ်ပြောင်းဖြင့်) မှုတ်၏။ သန္ဓမတိ၊ အထပ်ထပ် အခါခါ ကောင်းစွာမှုတ်၏။ နိဒ္ဓမတိ၊ အားစိုက် ဖိနှိပ်၍ မှုတ်၏။
ဓန္တံ၊ မှုတ်အပ်ပြီးသော။ သန္ဓန္တံ၊ အထပ်ထပ်အခါခါ ကောင်းစွာမှုတ်အပ်ပြီးသော။ နိဒ္ဓန္တံ၊ အားစိုက်ဖိနှိပ်၍ မှုတ်အပ်ပြီးသော။ တံ ဇာတရူပံ၊ ထိုရွှေသည်။ အနိဒ္ဓန္တ ကသာဝံ၊ မမှုတ်ထုတ် အပ်သေးသော အညစ်အကြေးရှိသည်။ ဟောတိ၊ ဖြစ်၏။ မုဒုစေဝ၊ နူးညံ့ပျော့ပြောင်းသည်လည်း။ န ဟောတိ၊ မဖြစ်သေး။ ကမ္မနိယံ စ၊ ထုနှက်ခြင်းအမှု၌ သင့်လျော်ခိုင်ခံ့ သည်လည်း။ န ဟောတိ၊ မဖြစ်သေး။ ပဘဿရံ စ၊ တလက်လက်ထွက်သော အရောင်ရှိသည်လည်း။' န ဟောတိ၊ သေး။ ပဘင်္ဂု စ၊ ကျိုးမဲ့ပျက်စီးတတ်သည်လည်း။ ဟောတိ၊ ဖြစ်၏။ ကမ္မာယ စ၊ အဆင်တန်ဆာ ပြုလုပ်ခြင်း အမှုသို့လည်း။ သမ္မာ၊ ကောင်းစွာ။ န ဥပေတိ၊ မရောက်။ [အပ္ပေါ သဂ္ဂါယ ဂစ္ဆတိ၌ ကဲ့သို့ "ဂတျတ္ထကမ္မနိ" ဟူသော ကစ္စည်း ကျမ်းနှင့်အညီ ဂတိ အနက်ရှိသော ဓါတ်တို့၏ ယှဉ်ရာဝယ် ကံအနက်၌ သမ္ပဒါန်ဝီဘတ်သက်၊ အာယပြု၍ "ကမ္မာယ" ဟု ဖြစ်၏။]
ဘိက္ခဝေ၊ တို့။ ယံ (သမယံ)၊ အကြင်အခါ၌။ သုဝဏ္ဏကာရော ဝါ၊ သည်လည်းကောင်း။ သုဝဏ္ဏကာရန္တေ ဝါသိ ဝါ၊ လည်းကောင်း။ တံ ဇာတရူပံ၊ ထိုရွှေကို။ ။ပ။၊
သန္ဓန္တံ၊ သော။ နိဒ္ဓန္တံ၊ သော။ တံ ဇာတရူပံ၊ သည်။ နိဒ္ဓန္တ ကသာဝံ၊ မှုတ်ထုပ် အပ်ပြီးသော အညစ်အကြေးရှိသည်။ ဟောတိ၊ ၏။ မုဒုစ၊ နူးညံ့ပျော့ပြောင်းသည်လည်းကောင်း။ ကမ္မနိယဉ္စ၊ သည်လည်းကောင်း။ ပဘဿရဉ္စ၊ လည်းကောင်း။ ဟောတိ၊ ၏။ ပဘင်္ဂု စ၊ သည်လည်း။ န ဟောတိ၊ မဖြစ်။ ကမ္မာယ၊ သို့။ သမ္ပာ၊ စွာ။ ဥပေတိ၊ ရောက်၏။
စ၊ ထို့အပြင်။ ယဿာ ယဿာ ပိလန္ဓ နဝိကတိယာ၊ အကြင်အကြင် တန်ဆာအထူး အကျိုငှာ။ [ဝိကတိ၊ အထူးတလည် ပြုလုပ်အပ်သော+ ပိလန္ဓန၊ တန်ဆာ။] အာကင်္ခတိ၊ အလိုရှိအံ့။ ယဒိ ပဋ္ဋိကာယ၊ (သင်းကျစ်ပြားစသော) ရွှေပြားတန်ဆာ အကျိုးငှာသော်လည်းကောင်း။ ယဒီ ကုဏ္ဍလာယ၊ နားဍောင်း အကျိုးငှာသော်လည်းကောင်း။ ယဒိ ဂိဝေယျကာယ၊ လည်ဆွဲတန်ဆာအကျိုးငှာ သော်လည်းကောင်း။ [ဥပရိပဏ်၊ ၂၈၇ ၌ ဂိဝေယျကာယ ဟု ရှိ၏။] ယဒိ သုဝဏ္ဏမာလာယ၊ ရွှေပန်းကုံး အကျိုးငှာသော်လည်းကောင်း။ အာကင်္ခတိ၊ အံ့။ အဿ၊ ထို ရွှေပန်းထိမ်ဆရာ၏။ တဉ္စအတ္ထံ၊ ထိုတန်ဆာ အထူးဟူသော အကျိုးကိုလည်း။ အနုဘောတိ၊ ပြီးစီးစေ၏။ [တနည်း အဿ၊ ထိုရွှေ၏။ တဉ္စအတ္ထံ၊ ထိုတန်ဆာအထူးဟူသော အကျိုးသို့လည်း။ (သုဝဏ္ဏကာရော၊ ရွှေပန်းတိမ် ဆရာသည်)။ အနုဘောတိ၊ ရောက်၏။ ဝိဘင်းမူလဋီကာ (၁၅၁) စသည်။] သော သမယော၊ ထိုအခါသည်။ ဟောတိ၊ ရှိ၏။
ဘိက္ခဝေ၊ တို့။ ဧဝမေဝံ၊ ဤအတူပင်။ အဓိစိတ္တ၊ ထူးချွန်လွန်ကဲသော သမထ, ဝိပဿနာ စိတ်ကို။ အဓိစိတ္တ။ ။ အဓိ(အဓိကံ)- (ရိုးရိုး စိတ်ထက်) ထူးချွန်လွန်ကဲသော၊ စိတ္တံ- စိတ်။ ဝိပဿနာ၏ အခြေခံဖြစ်သော ရှစ်ပါးသော သမာပတ်စိတ်နှင့် ဝိပဿနာစိတ်ကို အဓိစိတ္တဟု ခေါ်၏။ ကုသိုလ်ကမ္မပထတရား ဆယ်ပါး အနေဖြင့်ဖြစ်သော စိတ်ကား အဓိစိတ္တမဟုတ်၊ ရိုးရိုးစိတ်သာတည်း။ အနုယုတ္တဿ၊ ထပ်တလဲလဲ ကြိုးစား အားထုတ်သော။ (မဖြစ်သေးသည်ကို ဖြစ်စေခြင်း, ဖြစ်ပြီးသည်ကို ထပ်၍ ဖြစ်ပွား စေခြင်းအားဖြင့် ထပ်တလဲလဲ ကြိုးစားအားထုတ်သော)။ ဝါ၊ ဖြစ်ပွားစေသော။ ဘိက္ခုနော၊ ရဟန်း၏။ ဩဠာရိကာ၊ ကုန်သော။ ဥပက္ကိလေသာ၊ ကုန်သော။ ကာယဒုစ္စရိတံ၊ ကာယဒုစ္စရိတ် အကုသိုလ်သည်လည်းကောင်း။ ဝစီဒုစ္စရိတံ၊ ဝစီဒုစ္စရိတ် အကုသိုလ်သည်လည်းကောင်း။ မနောဒုစ္စရိတံ၊ မနောဒုစ္စရိတ် အကုသိုလ် လည်းကောင်း။ သန္တိ၊ ရှိကုန်၏။ တမေနံ၊ ထိုအကြမ်းစားဒုစ္စရိတ် အညစ်အကြေးကို ။ သစေ တသော၊ သမထ ဝိပဿနာစိတ်နှင့် တကွဖြစ်သော။ ဝါ၊ သမထ ဝိပဿနာ စိတ်နှင့် ပြည့်စုံသော။ ဒဗ္ဗဇာတိကော၊ ပညာရှိ၏ သဘောတရားရှိသော။ ဘိက္ခု၊ ရဟန်းသည်။ ပဇဟတိ၊ ပယ်စွန့်၏။ ဝိနောဒေတိ၊ ထုတ်ပစ်၏။ ဗျန္တီကရောတိ၊ ကင်းသော အဆုံအပိုင်းအခြား ရှိအောင် ပြု၏။ ဝါ၊ ဘင်ခဏမျှပင် မကျန်ရအောင် အပြီးအပြတ် အဆုံးသတ်ပယ်ရှား၏။ အနဘာဝံ (အနု+အဘာဝံ)၊ ထပ်တလဲလဲ မဖြစ်ခြင်းသို့။ ဝါ၊ မတိုးပွားခြင်းသို့။ ဂမေတိ၊ ရောက်စေ၏။
တသ္မိံ၊ ထိုအကြမ်းစား ဒုစ္စရိတ် အညစ်အကြေးကို။ ပဟီနေ၊ သော်။ တသ္မိံ၊ ထိုအကြမ်းစား ဒုစ္စရိတ် အညစ်အကြေးကို။ ဗျန္တီကတေ၊ ကင်းသော အဆုံးအပိုင်းအခြားရှိအောင် ပြုအပ်ပြီးလသော်။ အဓိစိတ္တံ၊ ကို။ အနုယုတ္တဿ၊ သော။ ဘိက္ခုနော၊ ရဟန်း၏။ မဇ္ဈိမ သဟဂတာ၊ ကုန်သော။ ဥပက္ကိလေသာ၊ ကုန်သော။ ကာမဝိတက္ကော၊ ကာမဝိတက်သည်လည်းကောင်း။ ဝါ၊ ဝတ္ထု ကာမတို့ကို အာရုံပြု၍ဖြစ်သော ကြံစည်တွေးတောခြင်းသည်လည်းကောင်း။ ဝါ၊ ကာမရာဂနှင့်ယှဉ်သော ကြံစည်တွေးတောခြင်းသည်လည်းကောင်း။ ဗျာပါဒ ဝိတက္ကော၊ ဗျာပါဒ ဝိတက်သည်လည်းကောင်း။ ဝါ၊ ဒေါသနှင့် ယှဉ်သော ကြံစည် တွေးတောခြင်းသည်လည်းကောင်း။ ဝိဟိံသာ ဝိတက္ကော၊ သည်လည်းကောင်း။ ဝါ၊ သတ္တဝါ တို့ကို ညှင်းဆဲနှိပ်စက်ကြောင်း ဒေါသစသော အကုသိုလ်နှင့် ယှဉ်သော ကြံစည်တွေးတောခြင်းသည်လည်းကောင်း။ သန္တိ၊ ရှိကုန်၏။ တမေနံ၊ ထိုအလတ်စားဝိတက် အညစ်အကြေးကို။ ။ပ။၊ ဂမေတိ၊ ၏။
တသ္မိံ၊ ထိုအလတ်စား ဝိတက် အညစ်အကြေးကို။ ပဟီနေ၊ သော်။ ။ပ။၊ ဥပက္ကိလေသာ၊ ကုန်သော။ ဉာတိဝိတက္ကော၊ ဆွေမျိုးတို့ကို အကြောင်းပြု၍ ဖြစ်သော ကြံစည်တွေးတောခြင်းသည်လည်းကောင်း။ ဇနပဒဝိတက္ကော၊ နယ်ပယ်ဇနပုဒ်ကို အကြောင်းပြု၍ဖြစ်သော ကြံစည်တွေးတောခြင်း သည်လည်းကောင်း။ အနဝညတ္တိ ပဋိသံယုတ္တော၊ သူတပါး၏ အထင်မသေးလေးစားခံလိုခြင်းနှင့် ဆက်စပ်သော။ ဝိတက္ကော၊ ကြံစည်တွေးတောခြင်းသည်လည်းကောင်း။ သန္တိ၊ ရှိကုန်၏။ [အဝဇာနနံ အဝညတ္တိ၊ အောက်တန်းချ၍ အသိအမှတ်ပြုခြင်း၊ အထင်သေးခြင်း, မလေးစားခြင်း၊ န အဝညတ္တိ အနဝညတ္တိ၊ အထင်မသေးခြင်း၊ လေးစားခြင်း။ ] တမေနံ၊ ထိုအသေးစား ဝိတက် အညစ်အကြေးကို ။ သစေတသော။ပ။၊
တသ္မိံ၊ ထိုအသေးစား ဝိတက်အညစ်အကြေးကို။ ။ပ။၊ အထာပရံ၊ ထိုမှနောက်၌။ ဓမ္မဝိတက္ကာ၊ ဓမ္မဝိတက်တို့သည်။ ဝါ၊ ဩဘာသ စသော ဝိပဿနာ ညစ်ညူးကြောင်း တရားတို့ကို အကြောင်းပြု၍ ဖြစ်သော ကြံစည်တွေးတောခြင်း တို့သည်။ အဝသိဿန္တိ၊ ကြွင်းကျန်ကုန်၏။
သော သမာဓိ၊ ထိုဝိပဿနာသမာဓိသည်။ (ဓမ္မဝိဘက် အကြွင်းအကျန် ရှိသေးသော ထိုဝိပဿနာ သမာဓိသည်)။ န စေဝ သန္တော၊ (ကိလေသာ မကင်းဝေး) မငြိမ်းအေးသည်လည်းကောင်း။ န စ ပဏီတော၊ မွန်မြတ်ထူးကဲ မရောင်ရဲစေနိုင်သည် မဟုတ်သည်လည်းကောင်း။ ဟောတိ၊ ဖြစ်၏။ နပ္ပဋိပ္ပဿဒ္ဓလဒ္ဓေါ၊ ကိလေသာ အပူငြိမ်းခြင်းကြောင့် ရအပ်သေည မဟုတ်သည်။ န ဧကောဒိဘာဝါဓိဂတော၊ မွန်မြတ်လျက် မြင့်တက်လာသော စိတ်၏ ဖြစ်ကြောင်း ဧကဂ္ဂတာ အဆင့်အတန်းသို့ မရောက်သေးသည်။ ဝါ၊ တည်ကြည် သော စိတ်၏ အဖြစ်ကြောင့် ဧကဂ္ဂတာ အဆင့်အတန်းသို့ မရောက်သေးသည်။ [ဧက၊ မြတ်သည်ဖြစ်၍+ ဥဒိ၊ မြင့်တက်လာသော စိတ်၏။ (ဧကောဒိ၊ တည်ကြည်သော စိတ်၏)+ ဘာဝ၊ ဖြစ်ကြောင်း ဧကဂ္ဂတာ အဆင့်အတန်းသို့+ အဓိဂတ၊ ရောက်သော ဝိပဿနာ သမာဓိ။] သသင်္ခါရနိဂ္ဂယှဝါရိတဂတော၊ လုံ့လစိုက်ထုတ်ရခြင်းနှင့် တကွ ကိသေလာတို့ကို နှိပ်ကွပ်တားဆီး၍ ဖြစ်ပေါ်လာရသည်။ ဝါ၊ ကိလေသာတိ့ကို လုံ့လစိုက်ထုတ် နှိပ်ကွပ်တားဆီး၍ ဖြစ်ပေါ်လာရသည်။ ဟောတိ၊ ဖြစ်၏။ [သသင်္ခါရ၊ လုံလစိုက်ထုတ်ရခြင်းနှင့်တကွ။ ဝါ၊ လုံ့လ စိုက်ထုတ် ရခြင်းနှင့်တကွဖြစ်သော ဝိပဿနာစိတ်ဖြင့်+ နိဂ္ဂယှ၊ နှိပ်ကွပ်၍+ ဝါရိတ၊ တားဆီးလျက်+ ဂတ၊ ဖြစ်ပေါ်လာသော ဝိပဿနာသမာဓိ။ အဋ္ဌကထာ၌ ဝါရေတွာ ဝါရီတာ ဟု စာရှိ၏။ ဝါရိတောနေရာ၌ ဌပိတော ဟု သော်လည်းကောင်း၊ အဓိဂတောဟု သော်လည်းကောင်း၊ ဌိတာ ဟု သော်လည်းကောင်း ရှိသင့်၏။]
ဘိက္ခဝေ၊ တို့။ ယံ (သမယံ)၊ အကြင်အခါ၌။ (ဥတုသပ္ပါယစသော သပ္ပါယငါးမျိုကို ရရှိရာ အကြင်အခါ၌) တံ စိတ္တံ၊ ထို ဝိပဿနာ စိတ်သည်။ အဇ္ဈတ္တံယေဝ၊ မိမိရုပ်နာမ် ခန္ဓာအစဉ်၌သာလျှင်။ [နိယကဇ္ဈတ္တကိုဆိုလိုသည်။] ဝါ၊ နိဗ္ဗာန်အာရုံဟူသော ဂေါစရဇ္ဈတ္တ၌သာလျှင်။ သန္တိဋ္ဌတိ၊ ကောင်းစွာ တည်၏။ သန္နိသီဒတိ၊ ကောင်းစွာနေ၏။ (သမာဓိ၏ ဆန့်ကျင်ဘက် ကိလေသာတို့ကို ငြိမ်ဝပ်စေကာ ကောင်းစွာနေ၏)။ ဧကောဒိ၊ မွန်မြတ်လျက် မြင့်တက်လာရသည်။ ဝါ၊ တည်ကြည် ငြိမ်သက်သည်။ ဟောတိ၊ ၏။ သမာဓိယတိ၊ (တခုတည်းသော အာရုံ၌ ) ကောင်းစွာ တိမက်ရပ်တည်နေ၏။ သော သမယော၊ ထိုအခါသည်။ ဝါ၊ သပ္ပါယငါးမျိုး ရရှိသဖြင့် ဝိပဿနာစိတ်၏ အဇ္ဈတ္တတရား၌သာ ကောင်းစွာတည်လျက် ငြိမ်သက်နေရာ ထိုအခါသည်။ ဟောတိ၊ ဖြစ်၏။
(တသ္မိံ သမယေ၊ ထိုအခါ၌)။ သော သမာဓိ၊ ထိုသမာဓိသည်။ သန္တော၊ ကိလေသာ ကင်းဝေး ငြိမ်းအေးသည်။ ပဏီတော၊ မွန်မြတ်ထူးကဲ မရောင့်ရဲစေနိုင်သည်။ ပဋိပ္ပဿဒ္ဓိလဒ္ဓေါ၊ ကိလေသာ အပူငြိမ်းခြင်းကြောင့် ရအပ်သည်။ ဧကောဒိဘာဝါမိဂတော၊ မွန်မြတ်လျက် မြင့်တက်လာသော စိတ်၏ ဖြစ်ကြောင်း ဧကဂ္ဂတာ အဆင့်သို့ ရောက်သည်။ ဝါ၊ တည်ကြည်သော စိတ်၏ဖြစ်ကြောင်း ဧကဂ္ဂတာ အဆင့်သို့ ရောက်သည်။ န သသင်္ခါရနိဂ္ဂယှဝါရိတဂတော၊ လုံ့လ စိုက်ထုတ်ရခြင်းနှင့်တကွ ကိလေသာတို့ကို နှိပ်ကွပ်တားဆီး၍ ဖြစ်ပေါ်လာရသည် မဟုတ်သည်။ ဝါ၊ ကိလေသာတို့ကို လုံ့လစိုက်ထုတ်နှိပ်ကွပ် တားဆီးမှု မပြုရဘဲ ကိသေလာပယ်ဖြတ် အရတဟ္တမဂ် အဆုံး၌ လွယ်ကူစွာ ဖြစ်ပေါ်လာရသော အရဟတ္တဖိုလ်သမာဓိသည်။ ဟောတိ၊ ဖြစ်၏။
စ၊ ထိုမှတပါး။ [အဘိညာ သစ္ဆိကိရိယာယ ဟူသော တဒတ္ထ သမ္ပဒါနိ ပုဒ်ကို ရှေးဦးစွာ အနက်ပေးမည်။] အဘိညာ (အဘိညာယ)၊ ထူးကဲစွာ သိ၍။ ဝါ၊ ဣဒ္ဓိဝိဓစသော ထူးကဲသော ဉာဏ်ဖြင့်။ သစ္ဆိကိရိယာယ၊ မျက်မှောက် ပြုခြင်းငှာ။ အဘိညာ (အဘိညာယ)၊ ထူးကဲစွာသိ၍။ ဝါ၊ ဣဒ္ဓဝိဓ အစရှိသော ထူးကဲသော ဉာဏ်ဖြင့်။ သစ္ဆိကရဏီယဿ၊ မျက်မှောက်ပြုထိုက်သော။ ယဿ ယဿ ဓမ္မဿ၊ အကြင်အကြင်တရားသို့။ (အကြင်အကြင် တန်ခိုးအမျိုးမျိုး ဖန်ဆင်းခြင်း အစရှိသော တရားသဘောကို)။ စိတ္တံ၊ စိတ်ကို။ အဘိနိန္နာမေတိ၊ ရှေ့ရှုညွတ်စေ၏။ အာယတနေ၊ အကြောင်းတရားသည်။ (ရှေးဘဝက အဘိညာဉ်ရခြင်းငှာ အလွန်အကဲ အားထုတ်ခဲ့ဘူးခြင်းဟူသော အကြောင်းနှင့် ယခုဘဝ၌ ရရှိသင့်သော အဘိညာဉ်နှင့် အဘိညာဉ်၏ အခြေခံ ပါဒကဈာန် အစရှိသော အကြောင်းတရားသည်)။ သတိ သတိ၊ ရှိလသော် ရှိလသော်။ ဝါ၊ ရှိတိုင်းရှိတိုင်း။ တတြ တတြ ဧဝ၊ ထိုထို မျက်မှောက် ပြုထိုက်သော သဘောတရား၌ပင်။ (ထိိုထိုမျက်မှောက်ပြုထိုက်သော တန်ခိုးအမျိုးမျိုး ဖန်ဆင်းခြင်းစသော သဘော၌ပင်)။ (သက္ခိ ဘဗ္ဗတံ၊ ကိုယ်တိုင်ကိုယ်တွေ့ ဖြစ်ထိုက်သူ၏ အဖြစ်သို့။သက္ခိဘဗ္ဗတံ။ ။ သက္ခိ- ကိုယ်တိုင်ကိုယ်တွေ့ ပုဂ္ဂိုလ်+ ဘဗ္ဗတာ- ဖြစ်ထိုက်သူ၏ အဖြစ်၊ သက္ခိနော ဘဗ္ဗဝါ သက္ခိဘဗ္ဗဝါ- ကိုယ်တိုင်ကိုယ်တွေ့ ဖြစ်ခြင်း၊ ကိုယ်တိုင်ကိုယ်တွေ့ တန်ခိုးအမျိုးမျိုး ဖန်ဆင်းခြင်းစသည်။
(တနည်း) ဘဗ္ဗ- တန်ခိုးအမျိုးမျိုးစသည်ကို ထိုက်တန်၍+ သက္ခိ- ထိုတန်ခိုး အမျိုးမျိုးစသည်တို့၌ ကိုယ်တိုင် ကိုယ်တွေ့ဖြစ်သူ၊ ကိုယ်တိုင် တန်ခိုဆန်ဆင်း ခြင်းစသည်ကို ပြုသောသူ၊ သက္ခိ စ သော ဘဗ္ဗော စာတိ သက္ခိဘဗ္ဗော။ ဤနည်းအလို "သက္ခိဘဗ္ဗဝံ- တန်ခိုးအမျိုးမျိုး စသည်ကို ထိုက်တန်၍ ကိုယ်တိုင်ကိုယ်တွေ့ ပုဂ္ဂိုလ်အဖြစ်သို့ " ဟု အနက်ဆို။
သတိ သတိ အာယတနေ။ ။ ဤနေရာ၌ "သတိ သတိ အာယတနေ" ဟူသော ပါဠိသည် ဋ္ဌ, ဋိ မြောက်မြားစွာတို့မှ အာယတန သဒ္ဒါ၏ အတ္ထုဒ္ဓါရတိုင်း၌ပင် ပါရှိ၍ ထိုပါဠိအနက်ကို ရှေးမြန်မာ ဆရာတော်တို့ အမျိုးမျိုး ဆုံးဖြတ်တော်မူကြ၏။ ဤ၌ နောက်ဆုံး မဟာစည်ဆရာတော်၏ ဝိသုဒ္ဓိမဂ် မဟာဋီကာနိသျ (ဒု၊ ၁၉၅) အဆုံးအဖြတ်သည် ပါဠိတော်အလိုကျ၍ ဋီကာအဖွင့်နှင့် ကိုက်ညီသည်ဟု ယူဆသဖြင့် ထိုအတိုင်း အနက်ပြန်ဆိုထား၏။ ထိုဝါကျမှ "ဂစ္ဆန္တေ ဂစ္ဆန္တေ ကာလေ(ကာလရွှေ့ လျောလသော်, ရွေ့လျောလသော်)" နှင့်တူ၏။
သတိ သတိ အာယနေတိ တသ္မိံ တသမိံ ပုဗ္ဗဟေတုအာဒိကေ ကာရဏေ သတိ။ ဝိသုဒ္ဓိမဂ် မဟာဋီကာ (ပ-၃၀၄)။ ပါဠိတော်၌ လက္ခဏကြိယာကို "သတိ သတိ" ဟု ဝိစ္ဆာထား၍ မဟာဋီကာ၌ အာယတနေဟူသော လက္ခဏဝန္တကတ္တားကို တသ္မိံ တသ္မိံ ဟု ဝိစ္ဆာထားခြင်းမျှသာထူး၏။
ရှေးဆရာတော်တချို့ကား "သတိ သတိ အာယတနေ- ထိုထိုအကြောင်းသည်၊ သတိ- ရှိသော်" ဟု မဟာဋီကာ၏ "တသ္မိံ တသ္မိံ ' ပါဠိသို့ သံယောင်လိုက်၍ အနက်ပြန်ဆိုတော်မူကြ၏။ တချို့လည်း ဝိသုဒ္ဓိမဂ် အဋ္ဌသာလိနီ ပြည်နိဿယနှင့် အလားတူပင် "သတိ- ရှေးဘဝ၌ ထင်ရှားရှိသော၊ အာယတနေ- အဘိညာဉ်ရခြင်း၏ အကြောင်းသည် ၊ သတိ- ရှိသော်" ဟု အနက်ပေးကြ၏။
သတိ သတိ အာယတနေတိ ပုရိမဘဝသိဒ္ဓေ အဘိညာဓိဂမဿ ကာရဏေ ဝိဇ္ဇာမနေ (၎င်း ဋီ၊ ၄၆၀)။ ဤ၌ ပုရိမဘဝသိဒ္ဓေသည် နောက် "သတိ " ၏ အဖွင့်၊ ဝိဇ္ဇာမာနေသည် ရှေ့ "သတိ" ၏ အဖွင့်ဟု ပြည်နိသျ၌ ဆို၏။ သို့သော် ပုရိမဘဝသိဒ္ဓေသည် ဤသုတ်အဋ္ဌကထာမှ ပုဗ္ဗဟေတု သင်္ခါတေနှင့် အတူတူဖြစ်သောကြောင့် "ပုဗ္ဗဟေတု သင်္ခါတေ" စသည်နှင့် "ပုရိမဘဝသိဒ္ဓေ" ပါဌ်တို့ဖြင့် အာယတနေ ပုဒ်ကို အထူးတလည် ဖွင့်ပြနေသကဲ့သို့ နောက် "သတိ" ပုဒ်ကို အထူးတလည် ဖွင့်ပြနေသည် မဟုတ်တန်ရာ၊ သီလက္ခန် ဋီကာသစ် (ပ-၄၆၁) ၌ သတိ အာယတနေဟု သမာပုဒ်ကြံ၍ "သတိသင်္ခါတေ ကာရဏေ ဝိဇ္ဇမာနေ" ဟု ဖွင့်ထားသည်မှာ ဋ္ဌ, ဋီတို့နှင့် လုံးဝဆန့်ကျင်လျက်ရှိ၏။
ဝါ၊ ကိုယ်တိုင်ကိုယ်တွေ့ တန်ခိုးအမျိုးမျိုး ဖန်ဆင်းခြင်း စသည်သို့။ ပါပုဏာတိ၊ ရောက်၏။
သော၊ ထိုရဟန်းသည်။ သစေ အာကင်္ခတိ၊ အကယ်၍ အလိုရှိအံ့။ (ကိန္တိ၊ အဘယ်သို့။ အာကင်္ခတိ၊ အလိုရှိသနည်းဟူမူ)။
(အဟံ၊ ငါသည်)။ အနေကဝိဟိတံ၊ သော။ [စာပိုဒ် (၆၁) သင်္ဂါရဝသုတ်ကြည့်။] ဣဒ္ဓိဝိဓံ၊ ကို။ ပစ္စုနုဘဝေယျံ၊ ခံစားသုံးစွဲလို၏။ ။ပ။၊ အဿံ၊ ဖြစ်လို၏။ ။ပ။၊
အာဝိဘာဝံ၊ ကို။ (ကရေယျံ၊ ပြုလို၏)။ တိရောဘာဝံ၊ ကို။ (ကရေယျံ၊ ၏)။ ။ပ။၊
ဂစ္ဆေယျံ၊ သွားလို၏။ ။ပ။၊
ဥမ္မုဇ္ဇနိမုဇ္ဇံ၊ ကို။ ကရေယျံ၊ ပြုလို၏။ ။ပ။၊
ကမေယျံ၊ သွားလို၏။ ။ပ။၊
ပရာမသေယျံ၊ သုံးသပ် ကိုင်တွယ်လို၏။ ပရိမဇ္ဇေယျံ၊ ပွတ်တိုက်လို၏။ ။ပ။၊
ဝတ္တေယျံ၊ လိုက်စေလို၏။ ဣတိ၊ ဤသို့။ (သစေ အာကင်္ခတိ၊ အံ့။ ဧဝံ သတိ၊ ဤသို့ အလိုရှီသည် ဖြစ်လသော်)။ အာယတနေ၊ အကြောင်းတရားသည်)။ (ရှေးဘဝ........ ပါဒကဈာန်ဟူသော အကြောင်းတရားသည်)။ သတိ သတိ၊ ရှိလသော် ရှိလသော်။ ဝါ၊ ရှိတိုင်း ရှိတိုင်း။ တတြ တတြ ဧဝ၊ ထိုထိုမျက်မှောက် ပြုထိုက်သော တရား၌ပင်။ (ထိုထိုမျက်မှောက် ပြုထိုက်သော တန်ခိုးအမျိုးမျိုး ဖန်ဆင်းခြင်း သဘောတရား၌ပင်လျှင်။) သက္ခိ ဘဗ္ဗတံ၊ ကိုယ်တိုင်ကိုယ်တွေ့ ဖြစ်ထိုက်သူ၏ အဖြစ်သို့။ ဝါ၊ ကိုယ်တိုင် ကိုယ်တွေ့ တန်ခိုးအမျိုးမျိုး ဖန်ဆင်းခြင်းသို့။ [ဤနေရာ၌ "ဖန်ဆင်းခြင်း" စသည်တို့" ဟု (စသည်) မပါရ။] ပါပုဏာတိ၊ ရောက်၏။
သော၊ သည်။ သစေ အာကင်္ခတိ၊ အံ့။ (ကိန္တိ၊ သို့။ အာကင်္ခတိ၊ မူ)။
အဟံ၊ သည်။ ဒိဗ္ဗာယ၊ နတ်ပြည်၌ဖြစ်သော ပသာဒသောတနှင့်တူသော။ ဝိသုဒ္ဓါယ၊ နီဝရဏစသော အညစ်အကြေး ကင်းဝေးစင်ကြယ်သော။ အတိက္ကန္တ မာနုသိကာယ၊ လူတို့ဥစ္စာဖြစ်သော မံသသောတကို လျော်လွန်သော။ ဝါ၊ ရိုးရိုးလူတို့ နားထက်သာလွန်၍ နတ်တို့အသံနှင့် ဝေးကွာလှစွာသိမ်မွေ့စွာသော အသံကို ကြားစွမ်းနိုင်သော။ [စာပိုဒ် ၅၉ တိကဏ္ဏ သုတ် လည်းကြည့်။] သောတ ဓာတုယာ၊ အဘိညာဉ်နားဓာတ်သဘောဖြင့်။ (အသံ ကိုလည်း ကြားနိုင်၍ သတ္တဇီဝလည်း မဟု်တသော ဓာတ်သဘောဖြစ်သော အဘိညာဉ်ဖြင့်)။ ဒိဗ္ဗေ စ၊ နတ်တို့ အသံလည်း ဖြစ်ကုန်သော။ မာနုသေစ၊ လူတို့အသံလည်းဖြစ်ကုန်သော။ ဥဘော၊ နှစ်မျိုးကုန်သော။ သဒ္ဒေ၊ အသံတို့ကို။ သုဏေယျံ၊ ကြားလို၏။ ဒူရေ၊ အဝေး၌။ (အခြားသော စကြဝဠာအထိ ဝေးလှစွာသော အရပ်က)။ ယေ သဒ္ဒါ စ၊ အကြင်အသံတို့သည်လည်းကောင်း။ သန္တိ ကေ၊ အနီး၌။ (မိမိခန္ဓာ ကိုယ်ပေါ်အထိ နီးနီးကပ်ကပ် အရပ်က)။ ယေ သဒ္ဒါ စ၊ ကြင် (ပိုးကောင်းငယ်တို့၏ သေးငယ်သိမ်မွေ့လှစွာသော) အသံတို့သည်လည်းကောင်း။ သန္တိ၊ ရှိကုန်၏။ (ဥဘော၊ နှစ်မျိုးကုန်သော။ တေ သဒ္ဒေ၊ ထိုအသံတို့ကို။ သုဏေယျံ၊ ကြားလို၏)။ ဣတိ၊ ဤသို့။ (သစေ အာကင်္ခတိ၊ အံ့။ ဧတံ သတိ၊ သော်)။ အာယတနေ၊ အကြောင်းတရားသည်။ (ရှေးဘဝ..... ပါဒကဈာန်ဟူသော အကြောင်းတရားသည်)။ သတိ သတိ၊ သော်။ ဝါ၊ တိုင်း။ တတြ တတြေ ဝ၊ ထိုထို မျက်မှောက်ပြုထိုက်သော တရား၌ပင်လျှင် ။ (ထိုထိုမျက်မှောက် ပြုထိုက်သော နတ်တို့အသံနှင့် ဝေးနီးအသံ အမျိုးမျိုးကြားရခြင်း သဘောတရား၌ပင်လျှင်)။ သက္ခိ ဘဗ္ဗတံ၊ ကိုယ်တိုင် ကိုယ်တွေ့ဖြစ်ထိုက်သူအဖြစ်သို့။ ဝါ၊ ကိုယ်တိုင် ကိုယ်တွေ့ ဒိဗ္ဗသဒ္ဒစသော အသံအမျိုးမျိုး ကြားရခြင်းသို့။ ပါပုဏာတိ၊ ၏။ ။ပ။၊
(အဟံ၊ ငါသည်)။ ပရသတ္တာနံ၊ ငါမှတပါး တခြားသော သတ္တဝါ တို့၏။ ပရပုဂ္ဂလာနံ၊ ငါမှတပါး တခြားသော ပုဂ္ဂိုလ်တို့၏။ စေတော၊ စိတ်ကို။ စေတသာ၊ ငါ၏ စိတ်ဖြင့်။ ပရိစ္စ၊ ခွဲခြား၍။ ပဇာနေယျံ၊ (သရာဂစသည်ဖြင့်) အမျိုးမျိုး အစားစား သိလို၏။ သရာဂံ၊ ရာဂနှင့် အတူတကွဖြစ်သော။ စိတ္တံ ဝါ၊ စိတ်ကိုလည်း။ (လောဘသဟဂုစိတ် ရှစ်ပါးကိုလည်း) ။ သရာဂံ၊ သော။ စိတ္တန္တိ၊ စိတ်ဟူ၍။ ပဇာနေယျံ၊ ခွဲခြားသိလို၏။ ဝီတရာဂံ၊ ကင်းသော ရာဂရှိသော ။ စိတ္တံ ဝါ၊ စိတ်ကိုလည်း။ (ကုသိုလ် အဗျာကတစိတ် အာလုံးကိုလည်း)။ ဝီတရာဂံ၊ သော။ စိတ္တန္တိ၊ စိတ်ဟူ၍။ ပဇာနေယျံ၊ ခွဲခြားသိလို၏။
သဒေါသံ၊ ဒေါသနှင့်တကွဖြစ်သော။ စိတ္တံ ဝါ၊ ဒေါမနဿသဟဂုတ် စိတ်နှစ်ပါးကိုလည်း။ ။ပ။၊ ဝီတဒေါသံ၊ ကင်းသော ဒေါသရှိသော။ စိတ္တံဝါ၊ ကုသိုလ်အဗျာကတ စိတ်အားလုံးကိုလည်း။ ။ပ။၊
သမာဟေံ၊ မောဟနှင့်သာ အတူတကွဖြစ်သော။ စိတ္တံ ဝါ၊ ဝိစိကိစ္ဆာ, ဥဒ္ဓစ္စသဟဂုတ် စိတ်နှစ်ပါးကိုလည်း။ သမောဟံ၊ သော။ စိတ္တန္တိ၊ စိတ်ဟူ၍။ ပဇာနေယျံ၊ ၏။ [သဟ မောဟန် ဧဝယံ ဝတ္တတီတိ သမောဟံ ဟု ဝစနတ္ထပြု၊ မောဟနှင့်သာ အတူတကွဖြစ်သည် ။ လောဘ ဒေါသတို့နှင့် အဘယ်အခါမျှ အတူတကွ မဖြစ်ဟူလို။ တနည်း သမောဟံ၊ မောဟနှင့် အတူတကွသာလျှင်ဖြစ်သော။ ဝါ၊ မောဟနှင့်ကင်း၍ အဘယ်အခါမျှ မဖြစ်နိုင်သော။ စိတ္တံ ဝါ၊ အကုသိုလ်စိတ် ၁၂ ပါးကိုလည်း။ သမောဟံ၊ မောဟနှင့်အတူတကွသာလျှင်ဖြစ်သော။ စိတ္တန္တိ၊ စိတ်ဟူ၍။ ပဇာနေယျံ၊ ၏။ ဤနည်း၌ကား "သဟ ဧဝ မောဟေန ယံ ဝတ္တတီတိ သမောဟံ" ဟု ပြု။] ဝီတမောဟံ၊ ကင်းသော မောဟရှိသော။ စိတ္တံ ဝါ၊ အကုသိုလ်စိတ်မှ ကြွင်းသော စိတ်အားလုံးကိုလည်း။ ဝိတမာဟံ၊ သော။ စိတ္တန္တိ၊ စိတ်ဟူ၍။ ။ပ။၊
သံခိတ္တံ၊ အာရုံ၌ တွန့်ဆုတ်ကျုံ့ဝင်တတ်သော။ ဝါ၊ တွန့်ဆုတ်ပျင်းရိသော။ စိတ္တံ ဝါ၊ စိတ်ကိုလည်း။ (ထိနမိဒ္ဓ သဟဂုတ် သသင်္ခါရိက အကုသိုလ်စိတ်၊ ငါးပါးကိုလည်း။)။ ။ပ။၊ ဝိက္ခိတ္တံ၊ ပျံ့လွင့်ပြေးသွားသော။ ဝါ၊ အထူးထူးသော အာရုံ၌ ပစ်လွှင့်အပ်သော။ စိတ္တံ ဝါ၊ ဥဒ္ဓစ္စသဟဂုတ်စိတ်ကိုလည်း။ ။ပ။၊
အဟဂ္ဂတံ၊ မဟဂ္ဂုတ် ဖြစ်သော။ ဝါ၊ မြတ်သည် အဖြစ်သို့ ရောက်သော။ ဝါ၊ ကြီးမြတ်သော ဆန္ဒ, ဝီရိယ, စိတ်, ပညာာရှိသော ပုဂ္ဂိုလ်မြတ်တို့ ကျင့်ကြံသွားရောက်အပ်သော။ စိတ္တံ ဝါ၊ ရူပါဝစရ,အရူပါဝစရ စိတကိုလည်း။ ။ပ။၊ အမဟဂ္ဂတံ၊ မဟဂ္ဂုတ် မဟုတ်သော။ စိတ္တံ ဝါ၊ မဟဂ္ဂုတ်မှ ကြွင်းသော စိတ်အားလုံးကိုလည်း။ ။ပ။၊
သဥတ္တရံ၊ မိမိထက်သာ လွန်သော စိတ်နှင့်တကွဖြစ်သော။ စိတ္တံဝါ၊ လောကီစိတ်အားလုံးကိုလည်း။ သရတ္တရံ၊ သော။ စိတ္တန္တိ၊ စိတ်ဟူ၍။ ။ပ။၊ အနုတ္တရံ၊ မိမိထက်သာလွန်သော စိတ်မရှိသော။ စိတ္တံ ဝါ၊ လောကုတ္တရာ စိတ်ကိုလည်း။ ။ပ။၊
သမာဟိတံ၊ ဥပစာရ, အပ္ပနာ နှစ်ဖြာသော သမာဓိတို့သည် ကောင်းစွာအာရုံ၌ ထားအပ်သော။ ဝါ၊ တည်ကြည်သော။ စိတ္တံဝါ၊ စိတ်ကိုလည်း။ [ကာမ မဟဂ္ဂုတ် ကုသိုလ်ကြိယာစိတ်နှင့် လောကုတ္တရာ စိတ်များ ဖြစ်သင့်၏။] ။ပ။၊ အသမာဟိတံ၊ ဥပစာရ, အပ္ပနာ နှစ်ဖြာသော သမာဓိတို့သည် ကောင်းမွန်တည်တံ့စွာ အာရုံ၌မထားအပ်သော။ ဝါ၊ မတည်ကြည်သော။ စိတ္တံ ဝါ၊ စိတ်ကိုလည်း။ [အကုသိုလ်စိတ်, အဟိတ်စိတ်နှင့် ကျန်သော လောကီဝိပါက်စိတ်များ ဖြစ်သင့်၏။] ။ပ။၊
ဝိမုတ္တံ၊ လွတ်မြောက်သော။ (တဒင်္ဂ, ဝိက္ခမ္ဘန, သမုစ္ဆေဒ, ပဋိပ္ပဿဒ္ဓိ, နိဿရဏ ဟူသော ငါးမျိုးဖြင့် ကိလေသာတို့မှ လွတ်မြောက်သော)။ စိတ္တံ ဝါ၊ စိတ်ကိုလည်း။ (မဟာ ကုသိုလ်စိတ်နှင့် မဟဂ္ဂုတ် လောကုတ္တရာစိတ်ကိုလည်း)။ ။ပ။၊ အဝိမုတ္တံ၊ မလွတ်မြောက်သော။ (ထိုငါးမျိုးဖြင့် ကိလေသာတို့မှ မလွတ်မြောက်သော)။ စိတ္တံ ဝါ၊ စိတ်ကိုလည်း။ [ကြွင်းသော စိတ်များတည်း။] အဝိမုတ္တံ၊ သော။ စိတ္တန္တိ၊ စိတ်ဟူ၍။ ပဇာနေယျံ၊ ၏။ ဣတိ၊ ဤသို့။ (သစေ အာကင်္ခတိ၊ အံ့။ ဧဝံ သတိ၊ သော်)။ အာယတနေ၊ သည်။ သတိ သတိ၊ သော်။ ဝါ၊ တိုင်း။ တတြ တတြေဝ၊ ထိုသို့ မျက်မှောက်ပြုထိုက်သော တရား၌ပင်။ (ထိုထိုမျက်မှောက် ပြုထိုက်သော သူတပါးစိတ်ကို ခွဲခြားသိခြင်းတရား သဘော၌ပင်)။ သက္ခိဘဗ္ဗတံ၊ ကိုယ်တိုင်ကိုယ်တွေ့ ဖြစ်ထိုက်သူ၏ အဖြစ်သို့။ ဝါ၊ ကိုယ်တိုင်း ကိုယ်တွေ့ သူတပါးစိတ်ကို သိရခြင်းသို့။ ပါပုဏာတိ၊ ရောက်၏။
။၊ပ။၊ [ယခင် တိကဏ္ဏ သုတ်ကြည့်။] အနုဿရေယျံ၊ အစဉ်လျှောက်၍ အောက်မေ့လို၏။ သေယျထိဒံ၊ ကို။ (အနုဿရေယျံ၊ နည်းဟူမူ)။ ။ပ။၊
အနုဿရေယျံ၊ ၏။ ဣတိ၊ သို့။ (သစေ အာကင်္ခတိ၊ အံ့။ ဧဝံ သတိ၊ သော်)။ အာယတနေ၊ သည်။ သတိ သတိ၊ သော်။ ဝါ၊ တိုင်း။ တတြ တြေဝ၊ ထိုထိုမျက်မျောက်ပြုထိုက်သော တရား၌ပင်။ (ထိုထိုမျက်မှောက်ပြုထိုက်သော ပုဗ္ဗေနိဝါသကို အစဉ်လျှောက်၍ အောက်မေ့ခြင်း သဘောတရား၌ပင်)။ သက္ခိဘဗ္ဗတံ၊ ဖြစ်သို့။ ဝါ၊ ကိုယ်တိုင်ကိုယ်တွေ့ ပုဗ္ဗေနိဝါသကို အစဉ်လျှောက်၍ အောက်မေ့ခြင်းသို့။ ပါပုဏာတိ၊ ၏။ ။ပ။၊
ပဿေယျံ၊ မြင်လို၏။ ။ပ။၊ ပဇာနေယျံ၊ ခွဲခြားသိလို၏။ (ကိန္တိ၊ အဘယ်သို့။ ပဇာနေယျံ၊ မူ)။ ။ပ။၊
လောကံ၊ သို့။ ဥပပန္နာ၊ ကုန်၏။ ဣတိ(ပဇာနေယျံ၊ ၏)။ ဣတိ၊ သို့။ ဒိဗ္နေ ။ပ။ ပဇာနေယျံ၊ ၏။ ဣတိ (သစေ အာကင်္ခတိ၊ အံ့။ ဧဝံ သတိ၊ သော်)။ အာယတနေ၊ သည်။ သ တိ သတိ၊ သော်။ ဝါ၊ တိုင်း။ တတြ တတြေဝ၊ ၌ပင်။ (ထိုထိုမျက်မှောက်ပြုထိုက်သော ဝစမာန, ဥပပဇ္ဇမာန, ဟိန, ပဏီတ စသော သတ္တဝါတို့ကို မြင်ခြင်း သဘောတရား၌ပင်)။ ဘက္ခိတဗ္ဗတံ၊ သို့။ ဝါ၊ ကိုယ်တိုင်ကိုယ်တွေ့ ဒိဗ္ဗစက္ခု အဘိညာဉ်ဖြင့်မြင်ရခြင်းသို့။ ပါပုဏာတိ၊ ၏။ ။ပ။၊
ဥပသမ္ပဇ္ဇ၊ ၍။ ဝိဟရေယျံ၊ နေလို၏။ ဣတိ၊ သို့။ (သစေ အာကင်္ခတိ၊ အံ့။ ဧဝံ သတိ၊ သော်)။ အာယတနေ၊ အကြောင်းတရားသည်။ (ရှေးရှေး အရဟတ္တဖိုလ်နှင့် အရဟတ္တဖိုလ်၏ ဝိပဿနာဟူသော အကြောင်းတရားသည်)။ သတိ သတိ၊ သော်။ ဝါ၊ တိုင်း။ တတြ တတြေဝ၊ ထိုထိုမျက်မှောက် ပြုထိုက်သော တရား၌ပင်။ (ထိုထိုမျက်မှောက် ပြုထိုက်သော စေတောဝိမုတ္တိ, ပညာဝိမုတ္တိသို့ ရောက်၍နေခြင်း သဘောတရား၌ပင်)။ သက္ခိဘဗ္ဗတံ၊ သို့။ ဝါ၊ ကိုယ်တိုင် အရဟတ္တဖလသမာပတ် ဝင်စားနိုင်ခြင်းသို့။ ပါပုဏာတိ၊ ၏။ ဣတိ၊ ဤသို့။ (အဝေါစ၊ မိန့်တော်မူပြီ)။
ဒသမံ၊ ။