Issues
Select Version
Bhikkhu Bodhi
English
sāsanāre-သာသနာရေး
မြန်မာဘာသာ
Tikanipātapāḷi
Tikanipātapāḷi

8. Gūthabhāṇīsuttaṃ

Author: sāsanāre-သာသနာရေး @ IAPT

ဂူထဘာဏီ၊ မစင်ကျင်ကြီးကဲ့သို့ အနံ့ဆိုးသော စကားကို ပြောဆိုသော ပုဂ္ဂိုလ်လည်းကောင်း။ ပုပ္ဖဘာဏီ၊ (စကားဝါ, မြလေးစသော)ပန်းကဲ့သို့ အနံ့မွှေးသော စကားကို ပြောဆိုသော ပုဂ္ဂိုလ်လည်းကောင်း။ မဓုဘာဏီ၊ ပျားရည်ပမာ နားချိုသာသော စကားကို ပြောဆိုသော ပုဂ္ဂိုလ်လည်းကောင်းတည်း။
ဘိက္ခဝေ၊ တို့။ ဂူထဘာဏီ၊ ..... ကိုပြောဆိုသော။ ပုဂ္ဂလော၊ ပုဂ္ဂိုလ်ဟူသည်။ ကတမော စ၊ နည်း။ ။ပ။၊
ပုဂ္ဂလော၊ သည်။ သဘဂ္ဂတောဝါ၊ အစည်းအဝေး၌ ရောက်နေသည်သော်လည်းကောင်း။ ပရိသဂ္ဂတော ဝါ၊ ရွာသားပရိတ်သတ်၌ ရောက်နေသည်သော်လည်းကောင်း။ ဉာတိမဇ္ဈဂတော ဝါ၊ ဆွေမျိုးတို့အလယ်၌ ရောက်နေသည် သော်လည်းကောင်း။ ပူဂမဇ္ဈဂတောဝါ၊ အသင်းအဖွဲ့အလယ်၌ ရောက်နေသည်သော်လည်းကောင်း။ ရာဇကုလမဇ္ဈဂတော ဝါ၊ မင်းမျိုးအလယ် ဝိနိစ္ဆယခုံရုံးကြီး၌ ရောက်နေသည်သော်လည်းကောင်း။ (ဟုတွာ၊ ဖြစ်၍)။ "အမ္ဘော ပုရိသ၊ အမောင်ယောင်္ကျား။ ဧဟိ၊ လာပါလော။ ယံ၊ အကြင်အကြောင်းအရာကို။ ဇာနာသိ၊ သင်သိ၏။ တံ၊ ထိုသင်သိအပ်ပြီးသော အကြောင်းအရာကို။ ဝဒေဟိ၊ ပြောပါလော"။ ဣတိ၊ ဤသို့။ အဘိနီတော၊ မေးစစ်ခြင်းငှာ ခေါ်ဆောင်အပ်သည်။ သက္ခိပုဋ္ဌော၊ သက်သေပြု၍မေးစစ်အပ်သည်။ (သမာနော၊ သော်)။
သော၊ ထိုသူသည်။ အဇာနံ (အဇာနန္တော) ဝါ၊ မသိဘဲလျက်လည်း။ ဇာနာမီတိ၊ ကျွန်ုပ်သိပါ၏ဟု။ အာဟ၊ ပြော၏။ ဇာနံ (ဇာနန္တော) ဝါ၊ သိပါလျက်လည်း။ န ဇာနာမိတိ၊ မသိပါဟု။ အာဟ၊ ပြော၏။ အပဿံ(အပဿန္တော) ဝါ၊ မမြင်ဘဲလျက်လည်း။ ပဿာမီတိ၊ မြင်ပါ၏ဟု။ အာဟ၊ ၏။ ပဿံ (ပဿန္တော) ဝါ၊ မြင်ပါလျက်လည်း။ န ပဿာမီတိ၊ မမြင်ပါဟု။ အာဟ၊ ၏။
ဣတိ၊ ဤသို့။ အတ္တဟေတု ဝါ၊ မိမိ၏ အကြောင်းတခုခုကြောင့်သော်လည်းကောင်း။ (မိမိ၏လက်ခြေစသည် အဖြတ်ခံရခြင်းနှင့် ပစ္စည်းဥစ္စာ ရရှိခြင်း, ပျက်စီးဆုံးရှုံးခင်း ဟူသော အကြောင်းကြောင့် သော်လည်းကောင်း)။ ပရိဟေတုဝါ၊ (ဆွေးမျိုးမိတ်ဆွေ စသော) သူတပါး၏ အကြောင်းကြောင့်သော်လည်းကောင်း။ (သူတပါး၏ လက်ခြေစသည် အဖြတ်ခံရခြင်းနှင့် ပစ္စည်းဥစ္စာရရှိခြင်း, ဆုံးရှုံးခြင်းဟူသော အကြောင်းကြောင့်သော်လည်းကောင်း)။ အာမိသကိဉ္စိက္ခဟေတု ဝါ၊ အနည်းငယ်မျှသော တံစိုးလက်ဆောင်ဟူသော အကြောင်းကြောင့်သော်လည်းကောင်း။ [ကိဉ္စိက္ခ၊ အနည်းငယ်မျှသော+ အာမိသ၊ မျက်နှာလို မျက်နှာရ ပေးစရာလာဘ် တံစိုးလက်ဆောင်ပစ္စည်း။] သမ္ပဇာနံ (သမ္ပဇာနန္တော)၊ မှားယွင်းနေမှန်း သိပါလျက်။ [သမ္ပဇာနံ၊ ၌ နိဂ္ဂဟိတ်ကိုချေ၍ "သမ္ပဇာန" ဟုရှိသည်။] မုသာ၊ မှားယွင်းသော စကားကို။ ဘာသိတာ၊ ပြောဆိုသည်။ ဟောတိ၊ ၏။
ဘိက္ခဝေ၊ တို့။ အယံ၊ ဤပုဂ္ဂိုလ်ကို။ (အတ္ထ, ပရ, အာမိသကိဉ္စိက္ခ ဟူသော အကြောင်းကြောင့် မဟုတ်မမှန် ပြောဆိုသော ဤပုဂ္ဂိုလ်ကို)။ ဂူထဘာဏိ၊ သော။ ပုဂ္ဂလော၊ ပုဂ္ဂိုလ်ဟူ၍။ ဝုစ္စတိ၊ ခေါ်ဆိုအပ်၏။ ။ပ။၊
သော၊ ထိုသူသည်။ အဇာနံ (အဇာနန္တော) ဝါ၊ မသိလျှင်လဲပဲ။ နဇာနာမီတိ၊ မသိပါဟု။ အာဟ၊ ၏။ ဇာနံ (ဇာနန္တော) ဝါ၊ သိလျှင်လဲပဲ။ ဇာနာမီတိ၊ သိပါ၏ဟု။ အာဟ၊ ၏။ ။ပ။၊
မုသာ၊ ကို။ ဘာသိတာ၊ သည်။ န ဟောတိ၊ မဖြစ်။ ။ပ။၊
ဖရုသံ၊ ကြမ်းတမ်းသော။ ဝါ၊ မိမိနှင့် သူတပါးကို ကြမ်းတမ်းအောင် ပြုကြောင်းဖြစ်သော။ ဝါစံ၊ စကားကို။ ဝါ၊ စကား၏ အကြောင်းရင်း စေတနာကို။ ပဟာယ၊ ပယ်၍။ ဖရုသာယ၊ သော။ ဝါ၊ သော။ ဝါစာယ၊ မှ။ ဝါ၊ မှ။ ပဋိဝိရတော၊ ရှောင်ကြဉ်သည်။ ဟောတိ၊ ၏။
ယာ သာ ဝါစာ၊ အကြင်စကာသည်။ နေလာ၊ အပြစ်မရှိ။နေလာ, ကဏ္ဏသုခါ, ပေမနီယာ။ ။ နေလာ- န+လော- ဟု ပုဒ်ဖြတ်။ "ဗဟုလာယဉ္စ ခေလမှိ၊ ဧလာ ဒေါသေလ ပီရိတံ" ဟူသော အဘိဓာန် ဂါထာ (၁၀၁၀) နှင့် အညီ နတ္ထိလိင် လော( ဧဠာ) သဒ္ဒါသည် ဖာလာပင်နှင့် တံတွေးဟူသော အနက်ကို ဟော၏။ လလေး, ဠကြီး နှစ်မျိုးလုံးပင် အသုံးရှိ၏။ ထို အနက်သုံးမျိုးတို့တွင် ဤပါဠိတော်၌ "နေလာတိ ဇလံ ဝုစ္စတိ ဒေါသော" ဟူ၍ အပြစ်ဒေါသဟူသော အနက်ကို အဋ္ဌကထာ ဖွင့်၏။ နာဿာ ဧလန္တိ နေလာနိဒ္ဒေါသာ- အပြစ်မရှိသ‌ော စကား၊ အဋ္ဌကထာ ဋီကာတို့၌ မည်သုံးမည်ပုံ အပြစ်မရှိသည်ကို မဖွင့်ပြ၊ သဒ္ဒါအားဖြင့် လည်းကောင်း, အနက်အားဖြင့် လည်းကောင်း အပြစ်မရှိသော စကားဟု ဆရာတော်မြတ်များ မိန့်တော်မူကြ၏။
အဋ္ဌသာလိနီ ဝေဒနာတိက် အဖွင့်အတိုင်း "သုခယတီတိ သုခါ- ချမ်းသာစေတတ်သော စကား" ဟု ဝစနတ္ထ ပြုသင့်၏။ သုခ၏ အကြောင်းဟု ဖလပစာရသော်လည်း ကြံသင့်၏။ ဗျဉ္စန မဓုရတာယ- စကားသံ၏ချိုသာ သည်အဖြစ်ကြောင့် [သဒ္ဒါ၏ ချိုမြိန်သော အရသာနှင့်တူသည်အဖြစ်ကြောင့် ဟုလည်း ပြန်ဆိုတော်မူကြ၏။] ကဏ္ဏာနံ သုခါ ကဏ္ဏသုခါ- (ကြားရသူတို့၏) နာကိုချမ်းသာစေတတ်သော (နားဝင်ချိုသော) စကား။
"ချာဒီဟိ မန မစတော ဝါ" ဟူသော ကစ္စည်းကဒ္ဒါကြီး ဥဏာဒိကပ္ပ၌ ပေမသဒ္ဒါကို ပိဓာတ် မန်ပစ္စည်းဖြင့် ရုပ်စီရင်၏။ ပိယနံ ပေမော( ပိဏနံ ပေမော)- ချစ်ခင်ခြင်း၊ ယခုစာအုပ်တို့၌ ပေမနီယာ ဟု ဤဒီဃဖြင့် ချည်းတွေ့ရ၏။ ထို့ကြောင့် ပေမပုဒ်နောင် တဒ္ဓိတ် ဤယပစ္စည်းသက်ရမည်ဖြစ်၏၊ ဣယ ပစ္စည်းသက်၍ "ပေမနိယာ" ဟု ဣရဿဖြင့်လည်း ရုပ်စီရင်တော်မူကြ၏။ နငယ်လည်း လာရ၏။ အတ္ထမဓုရတာယ- အနက်သဘော ချောညက်ချိုသာသည်အဖြစ်ကြောင့်၊ ပေမံ ဇနေတီတိ ပေမနီယာ- ချစ်ခင်ခြင်းကို ဖြစ်စေတတ်သော စကား။
ကဏ္ဏသုခါ၊ ကြားရသူတို့၏ နားကို ချမ်းသာစေနိုင်၏။ ပေမနိယာ၊ ချစ်ခင်ခြင်းကို ဖြစ်စေနိုင်၏။ ဟဒယင်္ဂမာ၊ (မထိုးမနှက်, ချောညက်စွာ) စိတ်နှလုံးသို့ ဝင်ရောက်လာ၏။ ပေါရိ၊ မြို့ကြီးသူသဖွယ် နုနယ်သိမ်မွေ့၏။ပေါရီအဖွင့်သုံးမျိုး။ ။ "ဂုဏ ပရိပုဏ္ဏတာယ ပူရေ ဘဝါ ပေါရီ" ဟု အဋ္ဌကထာ ဝစနတ္ထပြု၏။ ဂုဏပရိပုဏ္ဏတာယ (ဂုဏ်တို့၏ ပြည့်စုံသည် ဟူသော ဟိတ်ပါဌ်နှင့် အညီ ပူရေပုဒ်ကို ဤသုတ်ဋီကာ၌ "ပူရေတိ ဂုဏာနံ ပါရိပူရိယံ" ဟုလည်းကောင်း, စတုက္ကနိပါတ်စာပိုဒ် (၉၇) ခိပ္ပနိသန္တိ သုတ် ဋီကာ (နှာ- ၃၂၁) ၌ "ပူရေ ပုဏ္ဏဘာဝေ" ဟုလည်းကောင်း ဖွင့်၏။ ထို့ကြောင့် ဤပဌမနည်း၌ ဦဒီဃဖြင့် ပူရေဟုရှိရမည် ဖြစ်၏။ ထိုပူရေကိုလည်း ဘာဝပ္ပဓာန( သို့မဟုတ်) ဘာဝလောပ ကြံရ၏။ ပူရေ (ပူရဘာဝေ)- ကောင်းခြင်း ဂုဏ်အင် ပြည့်စုံလင်သည်အဖြစ်၍၊ ဘဝါ- ဖြစ်သော စကားတည်းဟူ အနက်ဆိုရ၏။ ဤနည်း၌ ဦဒီဃဖြင့် ပူရပုဒ်, ဏပစ္စည်း၊ ဦကို ဩဝုဒ္ဓိပြု၊ ဣတ္ထိဇောတက ဤပစ္စည်းသက်၍ ပေါရီဟု ရုပ်ဖြစ်၏။
အဋ္ဌကထာဒုတိယနည်း အဖွင့်၌ မြို့ဟူသော အနက်ကိုဟော၍ ဥရဿဖြင့်ရှိသော ပုရပုဒ်, ဏပစ္စည်း ဤပစ္စည်းဖြင့် ပေါရိဟု ဖြစ်၏။ ပုရေသံဝဍ္ဎာ ပေါရီ- မြို့၌ ကြီးပွားသော အမျိုးသမီး၊ ပေါရိ ဝိယာတိ ပေါရိ- မြို့သူသဖွယ် နူနယ်သိမ်မွေ့သော စကား။
(တနည်း) မြို့ဟူသော အနက်ကို ဟောသော ပုရသဒ္ဒါဖြင့်ပင် ပုရဿ ဧသာတိ ပေါရိ- မြို့သူမြို့သားတို့၏ အပြောမဆို အသုံးအနှုန်းဖြစ်သော စကား၊ ဤသို့ ဝစနတ္ထပြု၊ ပုရသဒ္ဒါသည် မူလက မြို့ဟူသော အနက်ကို ဟောသော်လည်း ဤနေရာ (ဤတတိယနည်း) ၌မူ ဂါမော အာဂတော (ရွာနေလူစုသည် လာ၏) ၌ ကဲ့သို့ ဌာနူပစာရ အထာဒနည်းအားဖြင့် မြို့သူ၊ မြို့သားကို ပုရဟု ဆိုရသည်။
ဝါ၊ ကောင်းခြင်း ဂုဏ်အင် ပြည့်စုံလင်သည်အဖြစ်၍ ဖြစ်၏။ ဝါ၊ မြို့သူ မြို့သားတို့၏ ဥစ္စာဖြစ်သော အသုံးအနှုန်းဖြစ်၏။ ဗဟုဗနကန္တာ၊ များစွာသော လူအပေါင်းသည် နှစ်သက်အပ်၏။ ဗဟုဇနမနာပါ၊ များစွာသောလူအပေါင်း၏ စိတ်နှလုံးကို တိုးပွားစေတတ်၏။ ဗဟုဇနမနာပါ။ ။ အပဓာတ် ဏပစ္စည်းဖြင့် ရုပ်ပြီး၍ အာဒိဃဖြင့် ရှိသော အာပသဒ္ဒါဖြင့် "မနံ အာပယတိ ဝဍ္ဎေတီတိ မနာပါ- စိတ်နှလုံးကို တိုးပွားစေတတ်သော စကား" ဟု ဝစနတ္ထပြု၊ ဋီကာတို့၌ အပဓာတ်နှင့် အနက်တူသော အပ္ပဓာတ်ဖြင့် "မနံ အပ္ပါယတိ ဝဍ္ဎေတီိ မနာပါ" ဟု တွေ့ရ၏။ တထာရူပိံ၊ ထိုသို့သဘောရှိသော။ ဝါစံ၊ စကားကို။ ဘာသိတာ၊ ပြောဆိုသည်။ ဟောတိ၊ ၏။
ဘိက္ခဝေ၊ တို့။ အယံ၊ ဤ ပုဂ္ဂိုလ်ကို။ (ဖရုသဝါစာကို ရှောင်၍ နေလ ကဏ္ဏသုစ စသည်ဖြစ်သော စကားကို ပြောဆိုသော ဤပုဂ္ဂိုလ်ကို)။ ။ပ။၊
အဋ္ဌမံ၊ ။