ဘိက္ခဝေ၊ ရဟန်းတို့။
မောနေယျာနိ၊ ပညာရှိသူတော်ကောင်း၏ ဖြစ်ကြောင်း အကျင့်တရားတို့သည်။
ဝါ၊ ပညာရှိသူတော်ကောင်း၏ ကိုယ်ပိုင် ဥစ္စာဖြစ်သော အကျင့်တရားတို့သည်။
ဣမာနိ တီဏိ၊ ဤသုံးမျိုးတို့တည်း။
[ဥဘယဟိတေ မုနာတိတိ မုနိ၊ မျက်မှောက်, တမလွန် နှစ်တန်သော ဘဝ အကျိုးစီးပွားတို့ကို သိတတ်သော ပညာရှိသူတော်ကောင်း။
မုနိနော ဘာဝါ မောနေယျာနိ၊
မုနိနော ဝါ တောနိ မောနေယျာနိ၊ ။]
။ပ။၊
ကာယမောနေယျံ၊ ကာယဒွါရ၌ ပညာရှိသူတော်ကောင်း၏ ဖြစ်ကြောင်း အကျင့်တရားလည်းကောင်း။
ဝစီမောနေယျံ၊ ဝစီဒွါရ၌ ပညာရှိသူတော်ကောင်း၏ဖြစ်ကြောင်း အကျင့်တရားလည်းကောင်း။
မနောမောနေယျံ၊ မနောဒွါရ၌ ပညာရှိ သူတော်ကောင်း၏ ဖြစ်ကြောင်း အကျင့်တရားလည်းကောင်းတည်း။
။ပ။၊
ဣဒံ၊ ဤပါဏာတိပါတစသည်မှ ရှောင်ကြဉ်ခြင်းကို။
ကာယမောနေယျံ၊ ဟူ၍။
ဝုစ္စတိ၊ ၏။
။ပ။၊
ဣဒံ၊ ဤမုသာဝါဒသည်မှ ရှောင်ကြဉ်ခြင်းကို။
ဝစီမောနေယျံ၊ ၍။
ဝုစ္စတိ၊ ၏။
။ပ။၊
ဣဒံ၊ ဤအရဟတ္တဖိုလ်စေတာဝိမုတ္တိကို မျက်မှောက်ပြု ဝင်စားနေခြင်းကို။
မနောမောနေယျံ၊ ၌။
ဝုစ္စတိ၊ ၏။
။ပ။၊
ဣတိ (အဝေါစ)၊
ကာယမုနိံ၊ ကာယဒွါရ၌ မြင့်မြတ်ဖြူစင် ပညာရှင်လည်းဖြစ်သော။
ဝါ၊ ကာယဒွါရအားဖြင့် မြင့်မြတ်ဖြူစင် ပညာရှင်လည်းဖြစ်သော။
ဝစီမုနိံ၊ ဝစီဒွါရ၌ မြင့်မြတ်ဖြူစင် ပညာရှင်လည်း ဖြစ်သော။
ဝါ၊ ဝစီဒွါရအားဖြင့် ...... သော။
စေတောမုနိံ၊ စိတ်ဟူသော မနောဒွါရ၌ မြင့်.......သော။
ဝါ၊ သော။
အနာသဝံ၊ သော။
မုနိံ၊ မျက်မှောက်, တမလွန် နှစ်တန်သော ဘဝအကျိုးစီးပွားကို မမှားသိမြင် ပညာရှင်ဖြစ်သော။
မောနေယျသမ္ပန္နံ၊ မြင့်မြတ်ဖြူစင်ပညာရှင်၏ ဖြစ်ကြောင်း အကျင့်ကောင်းနှင့် ပြည့်စုံသော။
သဗ္ဗပ္ပဟာယီနံ၊ အားလုံးသော ကိလေသာတို့ကို ပယ်စွန့်တော်မူပြီးသော ရဟန္တာ ပုဂ္ဂိုလ်ကို။
အာဟု၊ ပညာရှိသူတော်ကောင်းတို့ ချီးကျူးပြောဆိုကြကုန်၏။
ဣတိ (အဝေါစ)၊
ဒသမံ၊ ဆယ်ခုမြောက်သုတ်တည်း။
ဒုတိယော၊ နှစ်ခုမြောက်သော။
အာပါယိကဝဂ္ဂေါ၊ အာပါယိကဝဂ်တည်း။