ဘိက္ခဝေ၊ တို့။
ဒေဝဒူတာနိ၊ သေမင်း၏ အမိန့်နာခံ စေတမန် နှင့်တူသော သူတို့သည်။ဒေဝဒူတာနိ။ ။ ဒေဝဒူတပုဒ်ကို အဋ္ဌကထာ၌ (၃)နည်းဖွင့်ပြ၏။ ထိုတွင် "ဒေဝေါတိ မစ္စု" ဟူသော အဖွင့်နှင့်အညီ ဤနေရာ၌ ဒေဝသဒ္ဒါသည် (ပစ္စုရာဇာ)- သေခြင်း (သေမင်း) ဟူသော အနက်ကို ဟော၏။ သေခြင်း သဘောတရားတည်းဟူသော ပစ္စုကိုပင် ပစ္စုရာဇာ (သေမင်း) ဟု တင်စားသုံးနှုန်း ထား၏။ နဂိုမူလကမူ ဒေဝသဒ္ဒါသည် နတ်ဟူသော အနက်ကိုပင် ဟော၏။ နတ်သည် သတ္တဝါတို့ကို ဖိစီးလွှမ်းမိုးသကဲ့သို့ ထို့အတူ သေမင်းသည်လည်း သတ္တဝါတို့ကို ဖိစီးလွှမ်းမိုးကာ မိမိအလိုသို့ လိုက်ပါစေ၏။ ထို့ကြောင့် သေမင်းသည် နတ်နှင့်တူသည်ဖြစ်ရကား ဤနေရာ၌ "ဒေဝေါ ဝိယာတိ ဒေဝေါ" ဟု ဥပမာတဒ္ဓိတ်ဆင့်၍ သေမင်းကို ဒေဝဟု ခေါ်ဝေါ်ခြင်း ဖြစ်သည်။
အမိန့်နာခံသော စေတမန်ကို ဒူတဟုခေါ်၏။ သို့သော် ဤသုတ်၌ကား ထို ပကတိရိုးရိုး စေတမန်ကို ဒူတဟ မဆိုလို။ သူအို, သူနာ, သူသေ ဟူသော ပုဂ္ဂိုလ်သုံးဦးကို ဒူတဟု ဆိုလို၏။ ထိုသုံးဦးတို့သည် ပင်ကို သဘာဝအားဖြင့်ပင် မြင်ရသူလူအပေါင်းကို ထိတ်လန့်တုန်လှုပ်စေနိုင်၏။ ထို့ကြောင့်-
"မောင်မင်း.... အသင်သည် ယခုပင် သေမင်းထံမှောက်သို့ ငါတို့နှင့် အတူလိုက်ခဲ့ရမည်ဟူ၍ တွေ့သမျှ လူအပေါင်းကို အထိတ်တလန့်ဖြစ်အောင် ထိုသုံးဦးတို့သည် သတိပေး နှိုးဆော်သကဲ့သို့ ဖြစ်နေကုန်၏။ ဟိုလူကို ညှည်းဆဲနှိပ်စက်ရအောင် ငါလာခဲ့မည်။ အသင်က အဲဒီလူကို ဘယ်ကိုမျှ ရုန်းကန် ထွက်မပြေးနိုင်အောင် သူဆံပင်ကို မြဲမြဲဖမ်းဆွဲထားလိုက်ဟူ၍ သေမင်းက ထိုသုံးဦးကို အမိန့်ပေး၏။ ထိုသုံးဦးကလည်း သေမင်း၏ အမိန့်အာဏာကို တသဝေမသိမ်း လိုက်နာပြုလုပ်၏။ ထို့ကြောင့်-
"ပစ္စုဒေဝဿ အာဏာတရာ ဒုတာ ဝိယာတိ တိ ဒူတာတိ ဝုစ္စန္တိ" ဟူသော ဋီကာများ အညီ "ဒူတာ ဝီယာတိ ဒူတာ (စေတမန်ှင့် တူသော သူများ)" ဟု ဥပမာ တဒ္ဓိတ်သင့်ကာ "ဒေဝဿ ဒူတာ ဒေဝဒူတာ" ဟု ဝစနတ္ထပြု၍ သေမင်း (ဒေဝ) နှင့် အမိန့်နာခံ စေတမန်နှင့်တူသော သူအိုး, သူနာ, သူသေဟူသော ပုဂ္ဂိုလ်သုံးဦးတို့ကို ဒေဝဒူတဟု ခေါ်သည်။ ဤတိုင်အောင် အဋ္ဌကထာအဖွင့် ပဌမနည်းဖြစ်၏။
ဒုတိယနည်း။ ။ နတ်ဝတ်တန်ဆာ ဆင်ယင်ထားသော နတ်တဦးဦးက ကောင်းကင်မှာ ရပ်ပြီး "အသင်ဟာ နက်ဖြန်မှာ သေလိမ့်မည်" ဟု ပြောလျှင်ထိုနတ်၏ စကားသည် အမှတ်တကယ် ယုံကြည်ဖွယ် ဖြစ်နေ၏။ ထို့အတူ သူအို, သူနာ, သူသေ သုံးဦးတို့သည် ထိတ်လန့်ဖွယ် အသွင်ကို ပြကာ "အသင်လဲပဲ ငါလိုသေရမည်ဟူ, သေခြင်း သဘောရှိသူ ဖြစ်သည်ဟု သတိပေးနှိုးဆောင် သကဲ့သို့ ဖြစ်နေ၏။ ထိုသုံးဦးတို့၏ သတိပေး နှိုးဆော်စကားသည်လည်း နတ်ကပြောသော စကားကဲ့သို့ပင် မလဲဧကန်မှန်၍ တကယ်ယုံကြည်ရမည်စကားဖြစ်၏။ ထို့ကြောင့် ထိုသုံးဦးတိုသည် နတ်နှင့်တူရကား "ဒေဝါ ဝိယ ဒူတာတိ ဒေဝဒူတာ" ဟူသော အဋ္ဌကထာနှင့်အညီ ဒေဝါ ဝိယာတိ ဒေဝါ (နတ်နှင့်တူသောသူများ) ၊ဒေဝါ စ တေ ဒူတာ စောတိ ဒေဝဒူတာ (နတ်နှင့်မခြား ပြောစကား အတည် ယုံကြည်ထိုက်သော ပုဂ္ဂိုလ်သုံးဦး) ဟု ဝစနတ္ထပြု၍ သူအို, သူနာ, သူသေ ဟူသော ပုဂ္ဂိုလ်သုံးဦးကို ဒေဝဒူတဟု ခေါ်သည်။
တတိယနည်း။ ။ တနည်းအားဖြင့် ဝိသုဒ္ဓိနတ်ဖြစ်သော ရဟန္တာဗြဟ္မာကြီးများကို ဒေဝဟု ခေါ်၏။ ပစ္ဆိမဘဝိက (ဘုရားဖြစ်မည့် နောက်ဆုံးဘဝသို့ ရောက်နေကြသော) ဘုရားအလောင်းတော်တို့ကို ထိုဝိသုဒ္ဓိနတ်ဗြဟ္မာကြီးများသည် သူအို, သူနာ, သူသေ, ရဟန်းအသွင်း ဖန်ဆင်းပြကြ၏။ ယင်းသို့ ဖန်ဆင်းပြအပ်သော ထိုသူအို စသည်ကိုမြင်ကြရသဖြင့် ဘုရားအလောင်းတော် တို့သည် သံဝေဂဉာဏ်ဖြစ်ပွား၍ ထီးနန်းစည်းစိမ်ကို စွန့်ခွာပြီး ရဟန်းပြုတော်မူကြ၏။ထို ဝိသုဒ္ဓိနတ်ဗြဟ္မာများသည် ဘုရားအလောင်းတော်တို့မှ လွဲ၍ အခြားဘယ်သူ့ကိုမျှ ယင်းသို့ ဖန်ဆင်း မပြကြပါ။ သို့သော်ဘုရားအလောင်းတော်ကို ဖန်ဆင်းပြခဲ့သည်ကို အကြောင်းပြု၍ ယခုမျက်မြင့် သူအို, သူနာ, သူသေသုံးဦးတို့ကိုလည်း ဝိသုဒ္ဓီနတ်ဗြဟ္မာတို့က ဖန်ဆင်းပြလိုက်သော စေတမန် ဒေဝဒူတ အဖြ်စဖြင့် ပရိယာယ်သဘော တင်စား၍ ဒေဝဒူတဟု ခေါ်ဝေါ်သုံးနှုန်းထားသည်။ ဒေဝါနံ ဝိသုဒ္ဓိဒေဝါနံ ဒူတာ ဒေဝဒူတာ- ဝိသုဒ္ဓိနတ်ဗြဟ္မာ ရဟန္တာတို့၏ စေတမန်များ။
ပါဠိတော်၌မူ "ဒေဝဒူတာနိ" ဟု န ပုလ္လိင်ဖြင့် ရှိ၏။ ဒေဝဒူတာ- ဟု ပုလ္လိင်ဖြင့် ဆိုလိုလျက် လိင်္ဂဝီပလ္လာသနည်းအားဖြင့် ပုလ္လိုင်မှ န ပုလ္လိင်သို့ ကူးပြောင်း၍ ဒေဝဒူတာနိ- ဟု ဟောတော်မူသည်ဟု အဋ္ဌကထာ မိန့်၏။ တနည်းအားဖင့် ဒူတသဒ္ဒါသည် ပုလ္လိင်, န ပုလ္လိင်နှစ်မျိုး ရှိနိုင်သော ပုဒ်ဖြစ်သည်ဟုလည်း ဋီကာ မိန့်ဆို၏။ ဝါ၊ နတ်နှင့်မခြား၊ ပြောစကားအတည်, ယုံကြည်ထိုက်သော စေတမန်တို့သည်။ ဝါ၊ ဝိသုဒ္ဓိနတ်ဗြဟ္မာ ရဟန္တာတို့၏ စေတမန်တို့သည်။ ဣမာနိ တီဏိ၊ ဤသုံးဦးတို့တည်း။ ။ပ။၊

ဣဓ၊ ဤ လောက၌။
ဧကစ္စော၊ အချို့သော သူသည်။
ကာယေန၊ ကိုယ်ဖြင့်။
ဝါ၊ ကာယ ဒွါရဖြင့်။
ဒုစ္စရိတံ၊ ဒုစ္စရိတ်အကုသိုလ်ကို။
စရတိ၊ ပြုကျင့်၏။
ဝါစာယ၊ နှုတ်ဖြင့်။
ဝါ၊ ဝစိဒွါရဖြင့်။
။ပ။၊
မနသာ စိတ်ဖြင့်။
ဝါ၊ မနောဒွါရဖြင့်။
။ပ။၊
သော၊ ထိုသူသည်။
။ပ။၊
စရိတွာ၊ ပြုကျင့်ပြီး၍။
။ပ။၊
ဥပပဇ္ဇတိ၊ လားရောက်၏။
[ဧကက စာပိုဒ် ၄၃ ကြည့်။]
ဘိက္ခဝေ၊ တို့။
တမေနံ၊ ထိုငရဲသို့ လားရောက်သော သူကို။
နိရယပါလာ၊ ငရဲထိန်းတို့သည်။
နာနာဗာဟာသု၊ အမျိုးမျိုးသော လက်မောင်းတို့၌။
ဂဟေတွာ၊ ဆွဲကိုင်၍။
ယမဿ၊ ယမမည်သော။
(သတ္တဝါတို့ကို မိမိတို့ ဆည်းပူးအားထုတ်ခဲ့သော ကုသိုလ်ကောင်းမှု၌ စီစဉ်သတ်မှန် သတိရစေတတ်သည် အဖြစ်ကြောင့် ယမမည်သော) ။
ရညော၊ ဗိမာန်ပိုင်ရှင် ပြိတ္တာမင်းကို။
ဒဿေန္တိ၊ မြင်စေကြကုန်၏။
ဝါ၊ ပြကြကုန်၏။
(ကိန္တိ၊ အဘယ်သို့ သံတော်ဦးတင်၍။
ဒဿေန္တိ၊ ဟူမူ)။
ဒေဝ၊ မင်းမြတ်။
အယံ ပုရိသော၊ ဤယောင်္ကျားသည်။
အမတ္တေယျော၊ မိခင်း၏ အကျိုးစီးပွားကို ဆောင်ရွက်သူ မဟုတ်။
ဝါ၊ မိခင်၌ ရက်စက်စော်ကား ပြစ်မှားသူတည်း။
[မာတု+ဏေယျ။ ဓာတုဟိတော မတ္တေယျော၊ န မတ္တေယျော။]
အပေတ္တေယျော၊ ဘခင်၏ အကျိုးစီးပွားကို ဆောင်ရွက်သူ မဟုတ်။
ဝါ၊ တည်း။
အသာမညော၊ မကောင်းမှုတိ့ကို ငြိမ်းစေပြီးသော ရဟန္တာတို့၏ အကျိုးစီးပွားကို ဆောင်ရွက်သူမဟုတ်။
ဝါ၊ တည်း။
[သမဏ+ဏျ]
အဗြဟ္မညော၊ မကောင်းမှုတို့ကို ပယ်ရှားမျောသွားစေပြီးသော ရဟန္တာတို့၏ အကျိုးစီးပွားကို ဆောင်ရွက်သူမဟုတ်။
ဝါ၊ တည်း။
[ဗြဟ္မဏ+ ဏျ။]
ကုလေ၊ အမျိုး၌။
နဇေဋ္ဌာပစာယိ၊ ကြီးသော သူတို့ကို ရိုသေတတ်သူမဟုတ်။
ဒေဝေါ၊ မင်းမြတ်သည်။
ဣမဿ၊ ဤ ယောင်္ကျားအား။
ဒဏ္ဍံ၊ ပြစ်ဒဏ်ကို။
ပဏေတု၊ ချမှတ်တော်မူပါ။
ဣတိ၊ ဤသို့ သံတော်ဦးတင်၍။
(ဒဿေန္တိ၊ ကုန်၏)။
ဘိက္ခဝေ၊ တို့။
တမေနံ၊ ထိုယောင်္ကျားကို။
ယမော၊ ယမမည်သော။
ရာဇာ၊ မင်းသည်။
ပဌမံ၊ ရှေးဦးစွာသော။
ဒေဝဒူတံ၊ သေမင်း၏ စေတမန်ကို။
ဝါ၊ သေမင်းစေတမန်၏ အကြောင်းအရာကို။
သမနုယုဉ္ဇတိ၊ အဖြေပေးအောင် စစ်ဆေးမေးမြန်း၏။
(မေးမြန်းရာ၌ လိုက်နာရမည့် ကျင့်ဝတ်ကို လိုက်နာစေလျက် စစ်ဆေးမေးမြန်း၏။)
သမနုဂါဟတိ၊ (အယူအဆကို မပြောင်းမလဲ တည်မြဲစေကာ) နှိုက်ယူမေးမြန်း၏။
သမနုဘာသတိ၊ (အကြောင်းယတ္တ အမှတ်သဘော ပေါ်အောင်) မေးမြန်း၏။
"အမ္ဘော ပုရိ၊ အမောင်ယောင်္ကျား။
တွံ၊ သင်သည်။
မနုဿေသု၊ လူတို့၌။
ပဌမံ၊ ရှေးဦးစွာသော။
ဒေဝဒူတံ၊ သေမင်းတမန်ကို။
ပါတုဘူတံ၊ ထင်ရှာဖြစ်ပါ်နေသည်ကို။
န အဒ္ဒသ၊ မမြင်ခဲ့ဖူးလော။
ဣတိ၊ ဤသို့။
(သမနုယုဉ္ဇတိ၊ ၏။
သမနုဂါဟတိ၊ ၏။
သမုဘာသတိ၊ ၏)။
"န အဒ္ဒသံ ဘန္တေ၊ မမြင်ခဲ့ဖူပါအရှင်"။
ဣတိ ဧဝံ၊ ဤသို့။
သော၊ ထို ယောင်္ကျားသည်။
အာဟ၊ ဖြေဆို၏။
။ပ။၊
ဧဝံ၊ ဤသို့။
အာဟ၊ မေးမြန်း၏။
(ကိန္တိ၊ အဘယ်သို့။
အာဟ၊ မူ)။
အမ္ဘောပုရိသ၊ ယောင်္ကျား။
တွံ၊ သင်သည်။
မနုဿေသု၊ လူတို့၌။
ဇာတိယာ၊ အမိဝမ်းမှ မွေးဖွားခြင်းဖြင့်။
ဝါ၊ အမိဝမ်းမှ မွေးဖွားချိန်မှ စ၍။
အာသီတိကံဝါ၊ နှစ်ပေါင်းရှစ်ဆယ် အသက်အရွယ်ရှိသည်သော်လည်း ဖြစ်သော။
နာဝုတိ ကံဝါ၊ နှစ်ပေါင်းကိုးဆယ် အသက်အရွယ်ရှိသည်သော်လည်းဖြစ်သော။
ဝဿသတိကံ ဝါ၊ နှစ်ပါင်းတရာ အသက်အရွယ် ရှိသည်သော်လည်းဖြစ်သော။
ဇိဏ္ဏံ၊ ဇရာစီးနင်း အိုမင်းနေသော။
ဂေါပါနသိဝင်္ကံ၊ အခြင်ရနယ်အကောက်ကဲ့သို့ ကောက်သော။
ဘောဂ္ဂံ၊ အလွန်ခါးကုန်းနေသော။ဘောဂ္ဂံ, ုဏ္ဍ ပရာယဏံ စသည်။ ။ ဘောဂ္ဂံ၌ ဘုဇ+တ။ ဘုဇတိ ကုဋ်လာ (ကုဋိလာ ဝါ) ဘဝတီတိ ဘောဂ္ဂေါ ဘောဂ္ဂါ ဝါ (ကောက်ကွေးသော သူ) ဟု ဝစနတ္ထပြု။ဘောဂ္ဂန္တီ အတိ ဝိယ ဝင်္ကတာယ ဘောဂ္ဂံ၊ တာဒိသံ ပန သရီရံ ဘဂ္ဂံ ဝိယ ဟောတီတိ အာဟ "ဘဂ္ဂ" န္တိ။ မူလပဏ်ဋီ၊ ဒု၊ ၄၅။
ဒဏ္ဍပရံ ဒဏ္ဍဂ္ဂဟဏပရံ(အလွန်အကဲ တောင်ဝှေး ကိုင်ဆောင်ရခြင်းရှိသော) အယနံ ဂမနံ ဧတဿာ (ဧတိဿာ ဝါ) တိ ဒဏ္ဍ ပရာယဏော၊ ဒဏ္ဍပရာယဏာ ဝါ- အလွန်အကဲ တောင်ဝှေးကိုင်ဆောင် အားပြုသွားရခြင်းရှိသော။ (တနည်း) အယတိ ဧတေနာတိ အယနံ၊ ပရံ အယနံ ပရာယဏံ- အလွန်အကဲ ကိုင်စွဲသွားရကြောင်းဖြစ်သော (တောင်ဝှေး)။ ဒဏ္ဍော ပရာယဏံ ဧတဿာတိ ဒဏ္ဍပရာယဏော- အလွန်အကဲ ကိုင်စွဲသွားရကြောင်း တောင်ဝှေးရှိသော။ ဒီ, မဟာဝဂ္ဂဋီ (၄၅) ကို နည်းမှီးသည်။
ဝိပုဗ္ဗလူဓာတ်, တ ပစ္စည်း, ၎င်း တပစ္စည်းကို နပြု။ ဝိလူယန္တေ ကေသာ လုဉ္စိတွာ ဝီယ ဂဏှန္တေ ဧတ္ထ သီသေ တိ ဝိလူနံ။ ဝိလူနံ (သီသံ) ဧတဿ (ဧတိဿာ ဝါ) အတ္ထီတိ ဝိလူနော, ဝိလူနာဝါ။ သက္ကတ အဘိဓာန်တို့၌ "ဆံပင်ကျွတ်၍ ဦးခေါင်းပြောင်သူ" ဟူသော အနက်ကို ဟောရာ၌ "ခလတိ, ခလ္လိဋ, ခလွာဋ" ဟု လေးပုဒ် တွေ့ရ၏။ ခလိတဟုကား မတွေ့ရ၊ ထိုတွင် ခလွာဋပုဒ်မှ အသံအတူအက္ခရာပြောင်းလျှင် ပါဠိ၌ ခလ္လာဋဟု ဖြစ်၏။ ဝလိ- အရေတွန့်။ ဝလိ သဉ္ဇာတာ ယဿာတိ ဝလိတော၊ ဣတ ပစ္စည်း။ မူလပဏ်ဋ္ဌ၊ ပ - ၃၆၅ ၌ကား "ဝလိန" ဟု န ပစ္စည်းဖြင့် ရှိ၏။ (ချိုးထားအပ်သကဲ့သို့ ခါး၍ ကောက်ကွေးနေသော ကိုယ်ရှိသော)။ ဒဏ္ဍပရာယဏံ၊ တောင်ဝှေးချည်းသာ ထောက်ကာရပ်သွား အားထားစရာရှိသော။ ပဝေဓမာနံ၊ တုန်လှုပ်လျက်။ ဂစ္ဆန္တံ၊ သွားနေရသော။ အာတုရံ၊ အိုမင်းမစွမ်း ပင်ပန်းနွယ်းနယ်နေသော။ ဂတယောဗ္ဗနံ၊ ကျော်လွန်ပြီးသော ပျိုပျစ်နုနယ် ငယ်ရွယ်သူ၏ အဖြစ်ရှိသော။ [ယုဂ+ဏ။ နလာ၊ ယုဝဿ ဘာဝေါ ယောဗ္ဗနံ။] ဝါ၊ ကျော်လွန်ပြီးသော ပဌမ, ဒုတိယ အရွယ်ရှိသော။ ခဏ္ဍခန္တံ၊ ကျိုးသော သွားရှိသော။ ပလိတကေသံ၊ ဖြူဖွေးသော ဆံပင်ရှိသော။ ဝိလူနံ၊ ဆံပင်တို့ကို ဆွဲနုတ်ထားအပ်သကဲ့သို့ ပြောင်နေသော ဦးခေါင်းရှိသော။ ခလ္လိဋသိရံ၊ (ဆံပင်အားလုံး ပိုးကိုက်ဖြတ်ထား အပ်သကဲ့သို့) များစွာပြောင်သော ဦးခေါင်းရှိသော ။ ပလိတံ၊ တကိုယ်လုံး၌ ဖြစ်ပေါ်နေသော အရေတွန့်ရှိသော။ တိလကာဟတဂတ္တံ၊ အဖြူပြောက်, အမဲပြောက် စွဲရောက်အပ်သော ကိုယ်ရှိသော။ [တိလက၊ အဖြပြောက်, အမဲပြောက်တို့+ အာဟတ၊ စွဲကပ်အပ်သော + ဂတ္တ၊ ကိုယ်။] ဣတ္ထိံဝါ၊ အဘွားကြီးအိုကိုလည်းကောင်း။ ပုရိသံဝါ၊ အဘိုးကြီးအိုကိုလည်းကောညင်း။ န အဒ္ဓဿ၊ မမြင်ခဲ့ဖူးလော။ ဣတိ(အာဟ၊ မေးမြန်း၏)။

အဒ္ဒသံ ဘန္တေ၊ မြင်ခဲ့ဖူပါ၏ အရှင်။
ဣတိ ဧဝံ၊ ဤသို့။
သော၊ ထိုယောင်္ကျားသည်။
အာဟ၊ ဖြေဆို၏။
။ပ။၊
အမ္ဘော ပုရိသ၊ ယောင်္ကျား။
တဿ တေ၊ ထိုသင်သည်။
ဝိညုဿ၊ သိနားလည်းသော။
မဟလ္လကဿ၊ အသက်အရွယ်ကြီးသူသည်။
သတော၊ ဖြစ်နေစဉ်။
ဧတံ၊ ဤသို့ စဉ်းစားမိခြင်းသည်။
န အဟောသိ၊ မဖြစ်ခဲ့ဖူးလော။
(ကိန္တိ၊ အဘယ်သို့ စဉ်းစားမိခြင်းသည်။
န အဟောသိ၊ မဖြစ်ခဲ့ဖူးသနည်းဟူမူ)။
အဟမ္ပိ၊ ငါလဲပဲ။
ဇရာဓမ္မော၊ အိုခြင်းသဘောရှိသည်။
ဇရံ၊ အိုခြင်းသဘောကို။
အနတိတော၊ မကျော်လွန်နိုင်သည်။
အမှီ၊ ဖြစ်၏။
ဟန္ဒ၊ ယခု။
အဟံ၊ ငါသည်။
ကာယေန၊ ကိုယ်ဖြင့်လည်းကောင်း။
ဝါစာယ၊ နှုတ်ဖြင့်လည်းကောင်း။
မနသာ၊ စိတ်ဖြင့်လည်းကောင်း။
ကလျာဏံ၊ ကုသိုလ်ကောင်းမှုကို။
ကရောမိ၊ ပြုအံ့။
ဣတိ၊ ဤသို့ စဉ်းစားမိခြင်းသည်။
န အဟောသိ၊ မဖြစ်ခဲ့ဖူးလော။
ဣတိ၊ သို့။
(အာဟ၊ မေး၏)။
နာသက္ခိဿံ ဘန္တေ၊ ကုသိုလ်ပြုရန် မစွမ်းနိုင်ခဲ့ပါအရှင်။
ပမာဒဿံ ဘန္တေ၊ မေ့လျော့နေခဲ့ပါသည်အရှင်။
ဣတိ ဧဝံ၊ သို့။
သော၊ သည်။
အာဟ၊ ၏။
။ပ။၊
အမ္ဘော ပုရိသ၊ ယောင်္ကျား။
(တွံ၊ သည်)။
ပမာဒတာယ၊ မေ့လျော့နေသည်အဖြစ်ကြောင့်။
ကာယေန၊ လည်းကောင်း။
။ပ။၊
မနသာ၊ လည်းကောင်း။
ကလျဏံ၊ ကို။
န အကာသိ၊ မပြုလုပ်ခဲ့။
အမ္ဘော ပုရိသ၊ ယောင်္ကျား။
တဂ္ဃ၊ အမှန်တကယ်ပင်။
ပမတ္တံ၊ မေ့လျော့သူကို။
ကရောန္တိ ယထာ၊ အပြစ်ပေးမှု ပြုကြကုန်သကဲ့သို့။
တထာ၊ ထို့အတူ။
တွံ၊ သင့်ကို။
ကရိဿန္တိ၊ အပြစ်ပေးမှု ပြုကြကုန်လတ္တံ့။
[ယထာ တံ၌ တံကား အနက်မရှိ။]
တေ၊ သင်၏။
တံ ဧတံ ပါပကမ္မံ၊ ထိုမကောင်းမှုကို။
မာတရာ၊ အမိသည်။
နေဝကတံ၊ ပြုအပ်သည်မဟုတ်။
ပိတရာ၊ အဘသည်။
နကတံ၊ ပြုအပ်သည်မဟုတ်။
ဘာတရာ၊ ညီနှင့်အကိုသည်။
။ပ။၊
ဘဂိနိယာ၊ အမ, နှမသည်။
။ပ။၊
မိတ္တာမစ္စေတိ၊ မိတ်ဆွေ, သူငယ်ချင်းတို့သည်။
[ပမာ သဟ ဝတ္တန္တိ တတ္ထ တတ္ထ ကိစ္စေတိ အမစ္စာ၊ ထိုထိုကိစ္စ၌ အတူတကွ ဖြစ်ဖက် သူငယ်ချင်း။]
။ပ။၊
ဉာတိသာလောဟိတေဟိ၊ ဆွေမျိုး သွေးသားတော်စပ်သူတို့သည်။
[လောဟိတေန သမ္မန္ဓာ သာလောဟိတာ။]
ဝါ၊ ဆွေမျိုးသားချင်းတို့သည်။
။ပ။ ဒေဝတာဟိ၊ နတ်တို့သည်။
။ပ။၊
သမဏဗြာဟ္မဏေဟိ၊ ရဟန်း. သူတော်ကောင်းတို့သည်။
န ကတံ၊ ဟုတ်။
အထခေါ၊ အဟုတ်သော်ကား။
တယာဝ၊ သင်သည်သာ။
ဧတံ ပါပကမ္မံ၊ ကို။
ကတံ၊ ပြုအပ်ခဲ့ပြီ။
တွံ ဧဝ၊ သင်သည်သာလျှင်။
ဧတဿ၊ ဤကောင်းမှုကံ၏။
ဝိပါကံ၊ အကျိုးကို။
ပဋိသံဝေဒိဿသိ၊ ခံစားရလိမ့်မည်။
ဣတိ၊ ဤသို့။
(အာဟ၊ ပြော၏)။
။ပ။၊
ဒေဝဒူတံ၊ ကို။
သမနုယုဉ္စိတွာ၊ အဖြေပေးအောင် စစ်ဆေးမေးမြန်းပြီး၍။
သမနုဂါဟိတွာ၊ အယူအဆ မပြောင်းမလဲ တည်မြဲစေကာ နှိုက်ယူ မေးမြန်းပြီး၍။
သမနုဘာသိတွာ၊ အကြောင်းယုတ္တိ အမှန်သဘောပေါ်လာအောင် မေးမြန်းပြီး၍။
ဒုတိယံ၊ နှစ်ဦးမြောက်သော။
။ပ။၊
အမ္ဘော ပုရိသ၊ ယောင်္ကျား။
တွံ၊ သည်။
မနုဿေသု၊ တို့၌။
အာဗာဓိကံ၊ အနာဂေါရာ စွဲကပ်နေသော။
ဒုက္ခိတံ၊ အလွန်ဖြစ်သော ဒုက္ခရှိသော။
[ဒုက္ခံ သဉ္ဖာတံ ယဿာတိ ဒုက္ခိတော။]
ဝါ၊ ဒုက္ခရောက်နေသော။
[ဒုက္ခံ ဣတော ဂတော ပတ္တောတိ ဒုက္ခိတော။]
ဗာဠှဂိလာနံ၊ အပြင်းအထန် မကျန်းမာနေသော။
သကေ၊ မိမိဥစ္စာဖြစ်သော။
မုတ္တကရီသေ၊ ကျင်ငယ် ကျင်ကြီး၌။
ပလိပန္နံ၊ ပေကျံလူးကပ်အပ်လျက်။
သေမာနံ၊ အိပ်နေသော။
အညေဟိ၊ အခြားသော သူတို့က။
သံဝေသိယမာနံ၊ အိပ်စေအပ်သော။
ဝါ၊ သိပ်ပေးအပ်သော။
ဣတ္ထိံဝါ၊ မိန်းမကိုလည်းကောင်း။
ပုရိသံ ဝါ၊ ယောင်္ကျား ကိုလည်းကောင်း။
န အဒ္ဒဿ၊ မမြင်ခဲ့ဖူးလော။
ဣတိ (အာဟ)၊
။ပေ။၊
ဗျာဓိဓမ္မော၊ မကျန်းမမာ နာခြင်းသဘောရှိသည်။
ဗျာဓိံ၊ နာခြင်း သဘောကို။
အနတီတော၊ သည်။
အမှိ၊ ဖြစ်၏။
။ပ။၊
ဧကာဟမတံဝါ၊ သေပြီး၍ တရက်ရှိသည်လည်းဖြစ်သော။
ဒွီဟ မတံတါ၊ သေပြီး၍ နှစ်ရက်ရှိသည်လည်းဖြစ်သော။
တိဟ မတံဝါ၊ သေပြီး၍ သုံးရက်ရှိသည်လည်းဖြစ်သော။
ဥဒ္ဓုမာတကံ၊ သေပြီးသည်အထက် နောက်နောက်ရက်၌ ကြွတက်ဖူးရောင် စက်ဆုပ်ဖွယ် အသေကောင်လည်းဖြစ်သော။
[ဧကကနိပါတ် စာပိုဒ် ၄၆၃- ကြည့်။]
ဝိနီလကံ၊ ဖြူနီရောယှက် ညိုနက်မဲပုပ် စက်ဆုပ်ဖွယကောင်း အသကောင်လည်းဖြစ်သော။
ဝိပုဗ္ဗကဇာတံ၊ ပြည်သွေးယိုကာ ရွံဖွယ်ရာမသွေ ဖြစ်၍နေသော အသေကောင်လည်း ဖြစ်သော။
[ဝိဿန္ဒမာနော ပုဗ္ဗော ယဿာတိ ဝိပုဗ္ဗေ၊ ကုစ္ဆိတော ဝိပုဗ္ဗော ဝိပုဗ္ဗတော၊ ဝိပုဗ္ဗကော ဟုတွာ ဇာတော ဝိပုဗ္ဗ ဇာတော။]
ဣတ္ထိံ ဝါ၊ ကိုလည်းကောင်း။
ပုရိသံ ဝါ၊ လည်းကေင်း။
န အဒ္ဒသ၊ လော။
ဣဝိ (အာဟ)၊
။ပ။၊
မရဏဓမ္မော၊ သေခြင်း သဘောရှိသည်။
မရဏံ၊ သေခြင်း သဘောကို။
။ပ။၊
တုဏှီ၊ တိတ်ဆိတ်နေသည်။
ဟောတိ၊ ဖြစ်၏။
ဘိက္ခဝေ၊ တို့။
တမေနံ၊ ထိုယောင်္ကျားကို။
နိရယပါလာ၊ တို့သည်။
ပဉ္စဝိဓဗန္ဓနံ နာမ၊ ငါးမျိုးအပြားရှိသော ချုပ်နှောင်ခြင်း မည်သော။
ကာရဏံ၊ ညှင်းဆဲခြင်းကို။
ကရောန္တိ၊ ပြုကြကုန်၏။
တတ္ထံ၊ ပူလောင်လှစွာသော။
အယောခိလံ၊ (ထန်းပင်လုံလောက်ရှိသော) သံချွန်တံကျင်ကြီးကို။
ဟတ္ထေ၊ ယာဘက်လက်၌။
ဂမေန္တိ၊ ထိုးစိုက်ရိုက်သွင်းကြကုန်၏။
။ပ။၊
ဒုတိယသ္မိံ၊ နှစ်ခုမြောက်သော။
ဟတ္ထေ၊ ဝဲဘက်လက်၌။
။ပ။၊
ပါဒေ၊ ယာဘက်ခြေ၌။
။ပ။၊
မဇ္ဈေ၊ အလည်တည့်တည့်ဖြစ်သော။
ဥရသ္မိံ၊ ရင်ဘတ်၌။
။ပ။၊
သော၊ ထို ယောင်္ကျားသည်။
တတ္ထ၊ ထိုငရဲ၌။
ဒုက္ခာ၊ ခဲယဉ်းသဖြင့် သည်းခံအပ်ကုန်သော။
ဝါ၊ သည်းခံနိုင်ခဲကုန်သော။
တိဗ္ဗာ၊ ထူထပ်ကုန်သော။
ခရာ၊ ကြမ်းတမ်းကုန်သော။
ကဋုကာ၊ ထက်မြက်စူးရှကုန်သော။
ဝါ၊ ခါးစပ်သော အရသာနှင့် တူကုန်သော။
ဝေဒနာ၊ ဒုက္ခဝေဒနာတို့ကို။
ဝေဒိယတိ၊ ခံစားနေရ၏။
စ၊ ထို့အပြင်။
ဝါ၊ ပြီးတော့။
ယာဝ၊ အကြင်မျှလောက်သော ကာလပတ်လုံး။
တံ ပါပကမ္မံ၊ ထိုမကောင်းမှုကံသည်။
န ဗျန္တီဟောတိ၊ ကင်းသော အဆုံးအပိုင်းအခြား ရှိသည်မဖြစ်သေး။
ဝါ၊ မကုန်သေး။
[ဗျန္တ၊ ဝိ+ အန္တ။
ဝိဂတော အန္တော ယဿ ပါပကမ္မဿာတိ ဗျန္တံ၊ ထို့နောက် ဤ လာ၍ "ဗျန္တီဟောတိ" ဟု ဖြစ်၏။ သဒ္ဒနီတိ ၁၃၃၈ သုတ်။]
တာဝ၊ ထိုမျှလောက်ကာလပတ်လ့ုး။
ကာလံ၊ သေဆုံးခြင်းကို။
န ကရောတိ၊ မပြု။

သံဝေသေတွာ၊ အိပ်စေ၍။
(ရဲရဲပြောင်ပြောင် တောက်လောင်သော သံမြေပြင်ပေါ်၌ အိပ်စေ၍)။
ကုဌာရိဟိ၊ ပုဆိန်ကြီးတို့ဖြင့်။
(အိမ်၏အမိုး တခြမ်းလောက်ရှိသော ပုဆိန်ကြီးတို့ဖြင့်)။
တစ္ဆန္တိ၊ ခုတ်ရွေကြကုန်၏။
။ပ။ ဥဒ္ဓံပါဒံ၊ အထက်၌ ခြေထောက်ရှိအောင်။
[ဥဒ္ဓံ ပါဒေါ ယသာတိ ဥဒ္ဓံပါဒေါ တံ။]
ဝါ၊ ခြေထောက်မိုးမျှော်။
အဓောသိရံ၊ အောက်၌ ဦးခေါင်းရှိအောင်။
ဝါ၊ ဦးခေါင်းစောက်ထိုး။
ဂဟေတွာ၊ ဆွဲကိုင်ကြကုန်၍။
ဝါသီဟိ၊ (ဗန်းစကော လောက်ရှိသော) ပဲခွပ်ကြီးတို့ဖြင့်။
။ပ။၊
ရထေ၊ ရထား၌။
(မီးလျှံကြွတက်တဝင်းဝင်းလက်နေသော ရထား၌)။
ယောဇေတွာ၊ တပ်၍။
အာဒိတ္တာယ၊ မီးအဆင်းရောင် ဝင်းဝင်းပြောင်နေသော။
[အဂ္ဂိဝဏ္ဏေန အာဒိပ္ပတိ ပဇ္ဇလတီတိ အာဒိတ္တာ။]
သမ္ပဇ္ဇလိတာယ၊ ဝန်းးကျင်ပတ်ရံ, မီးလျှံကြွတက် ဝင်းဝင်လက်နေသော။
[သမန္တတော ပဇ္ဇလတီဝိ သမ္ပဇ္ဇလိတာ။]
သဇောတိဘူတာယ၊ မီးလျှံအရောင်အလင်းနှင့် တကွဖြစ်၍ဖြစ်သော။
(မီးတောက်မီးလျှံ, ပတ်ပတ်ရံဝင်း, တဆက်တည်းသော အရောင်အလင်းနှင့် တကွဖြစ်၍ဖြစ်သော)။
ဘူမိယာ၊ မြေပြင်၌။
သာရေန္တိပိ၊ ပြေးသွားလည်း ပြေးသွားစေကြကုန်၏။
ဝါ၊ မောင်းနှင်လည်း မောင်းနှင်ကြကုန်၏။
ပစ္စာသာရေန္တိပိ၊ တဖန်ပြေးလာလည်း ပြေးလာစေကြကုန်၏။
ဝါ၊ ပြန်၍လည်း မောင်းနှင်လာကြကုန်၏။
[သော တတ္ထ ဒုက္ခာ ။ပေ။ ဗျန္တိ ဟောတိ ဟုပေယျာလ ဖော်ပါ။]
မဟန္တံ၊ (ဘုံခုနစ်ဆင့်ရှိ အထွပ်တပ်အိမ်ကြီးလောက်) ကြီးမားလှစွာသော။
အာဒိတ္တံ၊ မီးအဆင်းရောင် ဝင်းဝင်းပြောင်နေသော။
သမ္ပဇ္ဇလိတံ၊ သော။
သဇောတိဘူတံ၊ သော။
အင်္ဂါရပဗ္ဗတံ၊ မီးကျီးတောင်ပေါ်၌။
အာရောပ္တေိ ပိ၊ တက်လည်းတက်စေကြကုန်၏။
ဩရောပေန္တိ ပိ၊ ဆင်းလည်း ဆင်းစေကြကုန်၏။
။ပ။၊
တတ္တာယ၊ ပူလောင်လှစွာသော။
အာဒိတ္တာယ၊ သော။
။ပ။၊
သဇောတိ ဘူတာယ၊ သော။
လေဟကုမ္ဘိယာ၊ သံအိုးကြီးထဲ၌။
ပက္ခိပန္တိ၊ ပစ်ချထည့်သွင်းကြကုန်၏။
သော၊ ထိုယောင်္ကျားသည်။
တတ္ထ၊ ထို သံအိုးကြီးထဲ၌။
ဖေဏုဒ္ဒေဟကံ၊ အမြှုပ်တစိစိထစေလျက်။
ပစ္စမာနော၊ ကျက်နေစဉ်။
သကိမ္ပိ၊ တကြိမ်လည်း။
ဥဒ္ဓံ၊ အထက်သို့။
ဂစ္ဆတိ၊ ပေါ်တက်လာ၏။
သကိမ္ပိ၊ လည်း။
အဓော၊ အောက်သို့။
ဂစ္ဆတိ၊ နစ်မြှုပ်သွား၏။
သကိမ္ပိ၊ လည်း။
တိရိယံ၊ ဖိလာအရပ်သို့။
ဂစ္ဆတိ၊ သွား၏။
။ပ။၊
မဟာနိရယေ၊ အဝိစိငရဲကြီး၌။
ပက္ခိပန္တိ၊ ပစ်ချကြကုန်၏။
ဘိက္ခတေ၊ တို့။
သော မဟာနိရသော၊ ထိုအဝီစိငရဲကြီးသည်။
ဝါ၊ ကို။
စတုက္ကဏ္ဏေဦ၊ (လေးထောင့်သေတ္တာကဲ့သို့) လေးခုသော ထောင့်ရှိ၏။
စတုဒွါရော၊ (အရပ်လေးမျက်နှာ ရှိသည့်အလျောက်) လေးပေါက်သော တံခါးရှိ၏။
ဝိဘတ္တော၊ (လေးဘက်တံခါး, အညိထား၍) နယ်မြေပိုင်းခြား ကန့်သတ်ထားအပ်၏။
ဘာဂသော၊ ငရဲခံသတ္တဝါ အုပ်စုတို့ကို။
(ဌပေတွာ၊ တံခါး နှင့်လမ်း, ဖြောင့်တန်းကိုက်ညီ, တသန့်စီထား၍) ။
မိတော၊ (သတ္တဝါတို့၏ သဘောတူရာ ကံကြမ္မာဖြင့်) တိုင်းတားခွဲခြားထားအပ်၏။
အယောပါကာရ ပရိယန္တော၊ သံတံတိုင်းဟူသော အကာအရံ အပိုင်းအခြားရှိ၏။
အယဿာ၊ (ကိုးယူဇနာ ရှိသော) သံပြားကြီးဖြင့်။
ပဋိကုဇ္ဇိတော၊ ဖုံးအပ်ထားအပ်၏။
တဿ၊ ထို အဝီစိငရဲကြီး၏။
ဘူမိ၊ မြေပြင်သည်။
အယောမယာ၊ သံဖြင့်ပြီး၏။
တေဇသာ၊ (ဝန်းကျင်ပတ်ရံ အလျှံပြောင်ညီး) လောင်မီးကြီးနှင့်။
ယုတာ၊ အစဉ်အမြဲယှဉ်တွဲနေ၍။
ဇလိတာ၊ ထိန်ထိန်ဝင်းဝင်း အလင်းကြီးလင်းလျက်။
သဗ္ဗဒါ၊ အမြဲခပ်သိမ်း။
သမန္တာ၊ ပတ်ပတ်လည်၌။
ယောဇနသတံ၊ ယူဇနာတရာတိုင်အောင်။
ဖရိတွာ၊ ဖြန့်၍။
တိဋ္ဌတိ၊ တည်ရှိ၏။
ဣတိ (အဝေါစ၊ မိန့်)။
[ဤ သုတ်ဋ္ဌ, ဋီနှင့်တကွ ပေတဝတ္ထုဋ္ဌ (၄၉) မဟာနိဒ္ဒေသဋ္ဌ (၃၇၅) ဇာတ် ဋ္ဌ (မ- ၂၈၉၊ သံကိစ္စဇာတ်) စသည်တို့ကို ကြည့်၍ အနက်ပေးသည်။]
ဘိက္ခဝေ၊ တို့။
ဘူတပုဗ္ဗံ၊ ရှေး၌ဖြစ်ခဲ့ဖူးသော အကြောင်းဝတ္ထုကား။
ယမဿ၊ ယမမည်သော။
ရညော၊ မင်းမှာ။
ဧတံ၊ ဤသို့ စဉ်းစားမိခြင်းသည်။
အဟောသိ၊ ဖြစ်ဖူးပြီ။
(ကိန္တိ၊ သို့။
အဟောသိ၊ မူ)။
ယေ၊ အကြင်သူတို့သည်။
လောကေ၊ သတ္တလောက၌။
ပါပကာနိ၊ ယုတ်မာကုန်သော။
ကမ္မာနိ၊ အကုသိုလ် အမှုတို့ကို။
ကရောန္တိ၊ ပြုလုပ်ကြကုန်၏။
တေ၊ ထို သူတို့ကို။
ဧဝရူပါ (ဧဝရူပါယ)၊ ဤအလွန်အမင်း ရက်စက်ခြင်းသဘောရှိသော။
ဝိဝိဓာ (ဝိဝိဓာယ)၊ အထူးအထူး အဖုံးဖုံ နည်းမျိုးစုံရှိသော။
ကမ္မကာရဏာ(ကမ္မကာရဏာယ)၊ ညှဉ်းပန်းနှိပ်စက်ခြင်း အမှုဖြင့်။
ကရိယန္တိ ကိရ ဘော၊ ညှဉ်းပန်းနှိပ်စက်အပ်ကုန်လေစွာ့ ဟူလို။
[အကယ်၍ ကရဓာတ်ကို ဒွိကမ္မကဟု ယူဆလျှင်ကား ဧဝရူပါ စသော သုံးပုဒ်၌ ပဌမာယောဝိဘတ်ချည်းသာတည်း။ ကိရ၏ အနက်ကို စတုက္ကနိပါတ် စာပိုဒ် ၃၃ ကြည့်။]
အဟံ၊ ငါသည်။
မနုဿတ္ထံ၊ လူ့အဖြစ်ကို။
လဘေယျံ၊ ရပါမူကား။
အဟောဝတ၊ ဪကောင်းလေစွာ။
အရဟံ၊ ကိလေသာရန်ဘေးကင်းဝေးတော်မူသော။
သမ္မာသမ္ဗုဒ္ဓေါ၊ အမှားမပါ မှန်စွာ ပိုင်နိုင် ကိုယ်တိုင်စထွင်ကုန်စင်ခမင်း ကျန်ကြွင်းမရှိ သိမြင်တော်မူသော။
တထာဂတော၊ မြတ်စွာဘုရားသည်။
လောကေ၊ သတ္တလောက၌။
ဥပ္ပဇ္ဇေယျ စ၊ ပွင်းထွန်းလည်း ပွင့်ထွန်းလာပါမူကား ။
(အဟောဝတ၊ စါ)။
အဟံ၊ ငါသည်။
တံ ဘဂဝန္တံ၊ ထို မြတ်စွာဘုရားကို။
ပယိရုပါသေယျံ စ၊ ဆည်းကပ်လည်း ဆည်းကပ်ရပါမူကား။
(အဟော ဝတ)၊
သော ဘဂဝါ၊ ထိုမြတ်စွာဘုရားသည်။
မေ၊ ငါ့အား။
ဓမ္မံ၊ တရားကို။
ဒေသေယျ စ၊ ဟောကြားလည်း ဟောကြားပါမူကား။
(အဟော ဝတ) အဟံ၊ ငါသည်။
တဿ ဘဂဝတော၊ ထိုမြတ်စွာဘုရား၏။
ဓမ္မံ၊ ကို။
အာဇာနေယျံစ၊ သိလည်း သိပါမူကား။
(အဟောဝတ) ဣတိ၊ ဤသို့ စဉ်းစားမိခြင်းသည်။
(အဟောသိ)၊
ဘိက္ခဝေ၊ တို့။
ပန၊ ယုံကြည်ဖွယ်ရာအကြောင်း ထပ်လောင်း၍ ပြောရလျှင်ကား။
အဟံ၊ ငါသည်။
တံ၊ ထိုအကြောင်းအရာကို။
(ငရဲနှင့် စပ်သမျှသော ထိုအဖြစ်သနစ်ကို)။
အညဿ၊ ငါဘုရားမှတပါး တခြားသော။
သမဏ ဿ ဝါ၊ ရဟန်း၏လည်းကောင်း။
ဗြဟ္မဏဿဝါ၊ ဗြဟ္မဏ သူတော်ကောင်း၏လည်းကောင်း။
(ဝစနံ၊ စကားကို)။
သုတွာ၊ တဆင့်ကြားရ၍။
ဧဝံ၊ ဤသို့။
နဝဒါမိ၊ ဟောတော်မူသည်မဟုတ်။
ဘိက္ခဝေ၊ တို့။
အပိစ ခေါ၊ အဟုတ်အမှန်ကား။
ယံ၊ အကြင်အကြောင်းအရာကို။
မေ၊ ငါသည်။
သာမံ ဧဝ၊ ကိုယ်တိုင်သာလျှင်။
ဉာတံ၊ သိအပ်ပြီ။
သာမံဧဝ၊ လျှင်။
ဒိဋ္ဌံ၊ မြင်အပ်ပြီ။
သာမံဧဝ၊ လျှင်။
ဝိဒိတံ၊ ထင်ရှားသိအပ်ပြီ။
တံ ဧဝ၊ ထိုကိုယ်တိုင် သိမြင်အပ်သော အကြောင်းအရာကိုသာလျှင်။
အဟံ၊ သည်။
ဝဒါမိ၊ ဟောတော်မူ၏။
ဣတိ( အဝေါစ၊ မိန့်)။
ယေ မာဏဝါ၊ အကြင်သတ္တဝါတို့သည်။
ဒေဝဒူတေဟိ၊ (သူအို, နာ, သေ၊ သုံးထွေသော) သေမင်းစေတမန်တို့သည်။
စောဒိတာ၊ တိုက်တွန်းဟောပြဆုံးမအပ်ပါကုန်လျက်။
ပမဇ္ဇန္တိ၊ မေ့လျော့ပေါ့ဆ နေကြကုန်၏။
နရာ၊ ဗာလမည်တွင် ပုထုဖဉ်ဖြစ်ကြကုန်သော။
တေ မာဏဝါ၊ ထိုသတ္တဝါတို့သည်။
ဟီနကာယူပဂါ၊ ယုတ်ညံ့သော သတ္တဝါအပေါင်းသို့ လားရောက်ကြကုန်လျက်။
ဝါ၊ ယုတ်ညံ့သော ကိုယ်ခန္ဓာ အတ္တဘောသို့ လားရောက်ကြကုန်လျက်။
ဒီဃရတ္တံ၊ ရှည်မြင့်စွာသော နေ့ညဉ့်ပတ်လုံး။
သောစန္တိ၊ ဝမ်းနည်းပူဆွေးနေကြရကုန်၏။
ဣဓ၊ ဤလောက်၌။
သန္တော၊ ကိလေသာခပ်သိမ်း ငြိမ်းအေးတော်မူကြကုန်သော။
ယေ စ သပ္ပုရိသာ၊ အကြင်သူတော်ကောင်းတို့သည်ကား။
ဒေဝဒူတေဟိ၊ တို့သည်။
စောဒိတာ၊ တိုက်တွန်းဟောပြ ဆုံးမအပ်ကုန်သည်။
(ဟုတွာ၊ ဖြစ်ကြ၍။
ဝါ၊ ဖြစ်ကြခြင်းကြောင့်)။
အရိယဓမ္မေ၊ အရိယာသူတော်ကောင်းတို့၏ တရား၌။
ကုဒါစနံ၊ အဘယ်အခါမျှ။
န ပမဇ္ဇန္တိ၊ မမေ့လျော့ကြကုန်။
(တေ သပ္ပုရိသာ၊ ထိုသူတော်ကောင်းတို့သည်)။
ဇာတိမရဏသမ္ဘဝေ၊ ပဋိသန္ဓေနေခြင်း, သေခြင်း၏ ဖြစ်ကြောင်းဖြစ်သော တဏှာဒိဋ္ဌိတရား၌။
ဘယံ၊ ကြောက်ဖွယ်ဘေးကို။
ဒိသွာ၊ တွေ့မြင်ကြ၍။
အနုပါဒါ (အနုပါဒါယ)၊ ဥပါဒါန်လေးပါးတို့ဖြင့် တစုံတခုသော အာရုံကို ပြင်းထန်မြဲမြံစွာ မဖမ်းယူကြ ကုန်၍။
ဝါ၊ ဥပါဒါန်..... မဖမ်းယူကြခြင်းကြောင်း။
ဇာတိမရဏသင်္ခယေ၊ ပဋိသန္ဓေနေခြင်း, သေခြင်း၏ ကုန်ရာနိဗ္ဗာန်၌။
ဝိမုစ္စန္တိ၊ လွတ်လွတ်ကင်းကင်းနှလုံးသွင်းသက်ဝင်ကြကုန်၏။
အပ္ပမတ္တာ၊ မမေ့လျော့ကြကုန်သော။
တေ (သပ္ပုရိသာ)၊ တို့သည်။
သုခိနော၊ လောကုတ္တရာ ချမ်းသာရှိကြကုန်လျက်။
ဒိဋ္ဌဓမ္မာဘိနိဗ္ဗုတာ၊ ယခုမျက်မှောက် အတ္တဘော၌ ကိလေသာခပ်သိမ်း ငြိမ်းခြင်းဖြင့် ငြိမ်းအေးကြကုန်လျက်။
သဗ္ဗဝေရဘယာတိကာ၊ အားလုံးသော ရန်ဘေးကို ကျော်လွှားကြကုန်လျက်။
သဗ္ဗဒုက္ခံ၊ အားလုံးသော ဝဋ်ဆင်းရဲကို။
ဒုပစ္စဂုံ၊ လွန်မြောက်ကြကုန်ပြီ။
ဣတိ (အဝေါစ၊ မိန့်တော်မူပြီ)။