ဘိက္ခဝေ၊ တို့။
ယေသံ (ကုလာနံ)၊ အကြင်အမျိုးတို့၏။
ပုတ္တာနံ၊ သားသမီးတို့သည်။
မာတာပိတရော၊ မိဘတို့ကို။
[ပူဇာတာ၌စပ်။]
ဝါ၊ တို့သည်။
[ဟောန္တိ ၌စပ်။]
အဇ္ဈာဂါရေ၊ မိမိအိမ်၌။
ပူဇိတာ၊ ပူဇော်စောင့်ရှောက်ထားအပ်ကုန်သည်။
ဟောန္တိ၊ ဖြစ်ကုန်၏။
တာနိ ကုလာနိ၊ ထိုအမျိုးတို့သည်။
(မိဘတို့ကို ပူဇော်စောင့်ရှောက်တတ်သော သားသမီးရှိသော ထိုအမျိုးတို့သည်)။
သဗြဟ္မကာနိ၊ ဗြဟ္မာနှင့်တကွ ဖြစ်ကုန်၏။
ဝါ၊ မြတ်သော ပုဂ္ဂိုလ်နှင့်တကွ ဖြစ်ကုန်၏။
ဘိက္ခဝေ၊ တို့။
ယေသံ (ကုလာနံ)၊ တို့၏။
ပုတ္တာနံ၊ တို့သည်။
။ပ။၊
ပူဇိတာ၊ ကုန်သည်။
ဟောန္တိ၊ ကုန်၏။
တာနိ ကုလာနိ၊ တို့သည်။
သပုဗ္ဗာစရိယကာနိ၊ လက်ဦးဆရာနှင့်တကွဖြစ်ကုန်၏။
ဘိက္ခဝေ၊ တို့။
ယေသံ ။ပ။ ပူဇိတာ ဟောန္တိ၊
တာနိ ကုလာနိ၊ တို့သည်။
သာဟုနေယျာနိ၊ အဝေးမှပင် ဆောင်ယူပေးကမ်းအပ်သမျှ ကောင်းနိုးရာရာ စားသောက်ဖွယ္ စသည်ကို လက်ခံထိုက်သူတို့နှင့် တကွ ဖြစ်ကုန်၏။
[အာ၊ အဝေးမှဆောင်ယူ၍+
ဟုန၊ အထူးတလည်စီမံပြုလပ်အပ်သော ပေးကမ်းဖွယ် ပစ္စည်းကို+
ယျေ၊ လက်ခံသုံးစွဲထိုက်သော မိဘများ။
သဟ အာဟုနေယျေဟိ ယာနီ ကုလာနိ ဝတ္တန္တီတိ သာဟုနေယျာနိ။ စာပိုဒ် (၇၁) သုတ်လည်းကြည့်။]
ဘိက္ခဝေ၊ တို့။
ဗြဟ္မာတိ ဧတံ၊ ဗြဟ္မာဟူသော ဤအမည်သည်။
မာတာပိတူနံ၊ မိဘတို့၏။
အဓိဝစနံ၊ နာမည်တည်း။
ဘိက္ခဝေ၊ တို့။
ပုဗ္ဗာစရိယာတိဧတံ၊ လက်ဦးဆရာဟူသော ဤအမည်သည်။
။ပ။၊
အာဟုနေယျာတိ ဧတံ၊ အာဟုနေယျဟူသော ဤနာမည်သည်။
ဝါ၊ အဝေးမှပင် ဆောင်ယူ၍ ပေးကမ်းအပ်သမျှ ကောင်းနိုးရာရာ စားသောက်ဖွယ် စသည်ကို လက်ခံထိုက်သူဟူသော ဤနာမည်သည်။
မာတာပိတူနံ၊ တို့၏။
အဓိဝစနံ၊ တည်း။
ကိဿ ဟေတု၊ ဘယ်အကြောင်းကြောင့်။
တံ၊ ထိုသို့ မိဘတို့ကို ဗြဟ္မာစသည်ဖြင့် ခေါ်ဆိုရခြင်းသည်။
ဟောတိ၊ ဖြစ်သနည်းဟူမူ။
ဘိက္ခဝေ၊ တို့။
မာတာပိတရော၊ မိဘတို့သည်။
ပုတ္တာနံ၊ သားသ္မီးတို့အား။
ဗဟုကာရော၊ များသော ကျေးဇူးရှိကုန်၏။
(ပုတ္တာနံ၊ တို့ကို)။
အာပါဒကာ၊ အသက်ရှည်ခြင်းသို့ ရောက်စေတတ်ကုန်၏။
ပေါသကာ၊ နို့ချိုတိုက်ကျွေး မွေးမြူတတ်ကုန်၏။
ဣမဿ လောကဿ၊ ဤလောကကို။
ဝါ၊ ဤလောကမှ အာရုံကောင်းဆိုး အမျိုးမျိုးကို။
ဒဿေတာရော၊ ပြတတ်ကုန်၏။
ဣတိ၊ ထို့ကြောင့်။
(တံ၊ ထိုသို့ မိဘတို့ကို ဗြဟ္မာစသည်ဖြင့် ခေါ်ဆိုခြင်းသည်။
ဟောတိ၊ ဖြစ်၏)။
ဣတိ၊ ဤသို့။
(အဝေါစ၊ မိန့်တော်မူပြီ)။
မာတာပိတရော၊ တို့ကို။
ပုတ္တာနံ၊ သားသမီးတို့၏။
ဗြဟ္မာတိ၊ ဗြဟ္မာဟူ၍လည်းကောင်း။
(ပဋိသန္ဓေ တည်နေသည်မှ စ၍ ချိန်ခါ ရွယ်ရောက်လူလားမြောက်သဖြင့် လက်ထပ်ထိမ်းမြား၍ အိုးအိမ်သစ်ထူထောင်ကား အတည်တကျနေထိုင်သည့်တိုင်အောင် မေတ္တာ စသော ဗြဟ္မဝိဟာရတရား လေးပါးဖြင့် အသက်အရွယ်အားလျော်စွာ ပွားများ စောင့်ရှောက်တတ်သည့်အဖြစ်ကြောင့် ဗြဟ္မာမခြား အလားတူ ပုဂ္ဂိုလ်ဟူ၍လည်းကောင်း)။
ပုဗ္ဗာစရိယာတိ၊ လက်ဦးဆရာတို့ဟူ၍လည်းကောင်း။
ပုတ္တာနံ၊ တို့၏။
အာဟုနေယျာတိ စ၊ အဝေးမှ.... ထိုက်သူတို့ဟူ၍ လည်းကောင်း။
ဝုစ္စရေ၊ ဆိုအပ်ကုန်၏။
(မာတာပိတရော၊ တို့သည်)။
ပဇာယ၊ သားသမီးကို။
အနုကမ္မကာ၊ ငဲ့ညှာထောက်ထား သနားတတ်ကုန်၏။
တသ္မာ ဟိ၊ ထို့ကြောင့်ပင်။
ပဏ္ဍိတော၊ ပညာရှိသားသမီးကောင်းသည်။
နေ၊ ထိုမိဘတို့ကို။
နမဿေယျ စ၊ ရှိခိုးလည်း ရှိခိုးထိုက်၏။
အန္နေန စ၊ ခဲဖွယ်ဘောဇဉ်ဖြင့်လည်းကောင်း။
အထ၊ ထိုမှတပါး။
ပါနေနစ၊ သောက်ဖွယ်အဖျော်ဖြင့်လည်းကောင်း။
ဝတ္ထေနစ၊ အဝတ်အထည်ဖြင့်လည်းကောင်း။
သယနေနစ၊ အိပ်ရာဖြင့်လည်းကောင်း။
ဥစ္ဆာဒနေနစ၊ နံသာဖြင့် ပွတ်တိုက်လိမ်းကျံပေးခြင်းဖြင့်လည်းကောင်း။
နှာပနေနစ၊ ရေချိုးပေးခြင်းဖြင့်လည်းကောင်း။
ပါဒါနံ၊ ခြေတို့ကို။
ဓောဝနေနစ၊ ရေဆေးပေးခြင်း, ဆီလိမ်းပေးခြင်းဖြင့်လည်းကောင်း။
သက္ကရေယျစ၊ ကောင်းစွာပြုစုလည်း ပြုစုထိုက်၏။
မာတာပိတူသု၊ မိဘတို့၌။
[နံ အနက်မရှိ။]
တာယ ပါရိစရိယာယ၊ ထိုသို့ ပြုစုလုပ်ကျွေးခြင်းကြောင့်။
ပဏ္ဍိတာ၊ ပညာရှိသူတော်ကောင်းတို့သည်။
နံ၊ ထိုပြုစုလုပ်ကျွေးသော သားသ္မီးကို။
ဣဓေဝ၊ ဤမျက်မှောက်ဘဝ၌ပင်။
ပသံသန္တိ၊ ချီးကျူးကြကုန်၏။
(သော၊ ထိုသားသမီးတို့သည်)။
ပေစ္စ၊ တမလွန်ဘဝသို့ သွားရောက်၍။
[ပ+ဣ+တွာ]
သဂ္ဂေ၊ နတ်ပြည်၌။
ပမောဒတိ၊ ဝမ်းမြောက်ရ၏။
ဝါ၊ နတ်စည်းစိမ်တို့ဖြင့် ဝမ်းမြောက်ရွှင်လန်း ချမ်းသာစွာ နေထိုင်ရ၏။
ဣတိ (အဝေါစ)၊
ပဌမံ၊ ။