ဘိက္ခဝေ၊ တို့။
သေယျထာပိ၊ ကား။
သရဒသမယေ၊ တန်ဆောင်မုန်းလ သရဒရာသီအခါ၌။
ဒေဝေ၊ ကောင်းကင်သည်။
ဝိဒ္ဓေ၊ မိုးတိမ်ကင်းကါာ ဟာလာဟင်းလင်း ထုတ်ချင်းထွင်းလသော်။
ဝါ၊ မိုးတိမ်ကင်းပြတ် ဝေးရပ်အသွင်း ထင်လာလသော်။
ဝိဂတဝလာဟကေ၊ ကင်းရှင်းပြီး သော တိမ်တိုက်ရှိလသော်။
အာဒိစ္စော၊ ထွက်သစ်စ နေလုလင်သည်။
နဘံ၊ ကောင်းကင်သို့။
အဗ္ဘုဿက္ကမာနော၊ ရှေ့ရှုပေါ်ထွက် ခုံတက်လာလျက်။
သဗ္ဗံ၊ အားလုံးစုံသော။
အာကာသဂတံ၊ ကောင်းကင်ပြင်၌ ရောက်ရှိနေသော။
တမဂတံ၊ အမိုက်အမှောက်ထုကို။
[မမော ဧဝ တမဂတံ။]
အဘိဝိဟစ္စ၊ လွှမ်းမိုးဖြိုခွင်း ရှင်းလင်း၍။
ဘာသတေ စ၊ ထွန်းလည်း ထွန်းလင်း၏။
တပတေ စ၊ တောက်လည်း တောက်ပ၏။
ဝိရောစတိ စ၊ တင့်တယ် ဝင့်းလက် အဆင်းထွက်လည်းထွက်၏။
ဘိက္ခဝေ၊ တို့။
ဧဝမေဝံ၊ ဤအတူပင်။
ယတော၊ အကြင်အခါ၌။
အရိယသာဝကဿ၊ အရိယာတပည့်၏။
(သန္တာနေ၊ စိတ်အစဉ်၌)။
ဝိရဇံ၊ ရာဂအစရှိသော မြူကင်းသော။
ဝိတမလံ၊ ရာဂအစရှိသော အညစ်အကြေး ကင်းသော။
ဓမ္မစက္ခုံ၊ သစ္စာလေးပါး မြတ်တရားကို ခွဲခြားယူငင် သိမြင်တတ်သော သောတာပတ္တိ ဉာဏ်မျက်စိသည်။
ဥပ္ပဇ္ဇတိ၊ ဖြစ်လာ၏။
ဘိက္ခဝေ၊ တို့။
(တတော၊ ထိုအခါ၌)။
ဒဿနုပ္ပါဒါ၊ သောတာပတ္တိမဂ်ဉာဏ်အမြင် ဖြစ်ပေါ်လာသည်နှင့်။
သဟ၊ တပြိုင်နက်။
အရိယသာဝကဿ၊ သည်။
[ပဟီယန္တ ၌စပ်။]
သက္ကာယဒိဋ္ဌိ၊ သက္ကာယဒိဋ္ဌိလည်းကောင်း။
ဝါ၊ အစစ်အမှန်ရှိသော ဥပါဒါနက္ခန္ဓာ ငါးပါးအပေါင်း၌ အတ္တကောင်ဟု မှားယွင်းစွာ ယူဆမှုလည်းကောင်း။
[သ- သန္တ၊ မရမတ္ထအားဖြင့် ထင်ရှားရှိသော+
ကာယ၊ ခန္ဓာငါးဝ ကိုယ်ကာယ၌+
ဒိဋ္ဌိ၊ အတ္တကောင်, သတ္တဝါကောင်ဟု ယူဆသော ဿတဒိဋ္ဌိ ဥစ္ဆေဒဒိဋ္ဌိနှစ်မျိုး။]
ဝိစိကိစ္ဆာ၊ ဝိစိကိစ္ဆာလည်းကောင်း။
ဝါ၊ ရတနာသုံးဖြာ အကျင့်သိက္ခာ စသည်တို့၌ ယုံမှားတွေးတောခြင်း သဘောလည်းကောင်း။
သီလဗ္ဗတပရာမာသော၊ နွားခွေးစ သည်တို့၏ အလေ့အကျင့်ကို ကိလေသာမှ စင်ကြယ်ကြောင်း အကျင့်ဟု မှားယွင်းစွာ သုံးသပ်ယူဆခြင်း သဘောသည် လည်းကောင်း။
[သီလ, ဝတ၊ အလေ့, အကျင့်ကို +
ပရာမာသ၊ မှားယွင်းစွာ သုံးသပ်ယူဆခြင်း။
ကိလေသာမှ စင်ကြယ်ကြောင်း , ဒုက္ခခပ်သိမ်း ကင်းငြိမ်း ကြောင်း အလေ့အကျင့်ဟု ယူဆခြင်း။]
ဣတိ၊ ဤသို့.
တီဏိ၊ သုံးမျိုးကုန်သော။
သံယောဇနာနိ၊ သံယောဇဉ်တို့ကို။
ပဟီယန္တိ၊ ပယ်သတ်အပ်ကုန်၏။
အထ၊ ထိုမှတပါး။
အပရံ၊ နောက်ထပ်တဖန်။
အဘိဇ္ဈာယ စ၊ အဘိဇ္ဈာ လောဘမှ လည်းကောင်း။
ဝါ၊ အလွန်လိုချင် မက်မောတတ်သော ဝိသမ လောဘမှလည်းကောင်း။
ဗျာပါဒေန စ၊ ဒေါသဗျာပါဒမှလည်းကောင်း။
ဒွီဟိ၊ နှစ်မျိုးကုန်သော။
ဓမ္မေဟိ၊ တရားတို့မှ။
နိယျာဘိ၊ ထွက်မြောက်၏။
သော၊ ထိုအရိယာသာဝကသည်။
။ပ။၊
[ဒုကစာပိုဒ် ၁၃ ကြည့်။]
ဘိက္ခဝေ၊ တို့။
တသ္မိံ သမယေ၊ (ပဌမဈာန်သို့ ရောက်၍နေရာ) ထိုအခါ၌။
အရိယသာဝကော၊ သည်။
ကာလံ၊ ကွယ်လွန်ခြင်းကို။
စေ ကရေယျ၊ အကယ်၍ ပြုငြားအံ့။
(ဧဝံ သတိ၊ ဤသို့ ပြုသည်ရှိသော်)။
ယေန သံယောဇနေန၊ အကြင် သံယောဇဉ်နှင့်။
သံယုတ္တော၊ ယှဉ်တွဲနေသော။
အရိယသာဝကော၊ သည်။
ပုန၊ နောက်ထပ်တဖန် ။
ဣမံ လောကံ၊ ဤကာမဘုံသို့။
အာဂစ္ဆေယျ၊ ပဋိသန္ဓေတည်နေလာရာ၏။
တံ သံယောဇနံ၊ ထိုသံယောဇဉ်သည်။
(ဤကာမဘုံသို့ ပဋိသန္ဓေတည်နေလာကြောင်းဖြစ်သော ထိုဩရမ္ဘာဂိယ သံယောဇဉ်နှင့် တကွ ဥဒ္ဓမ္ဘာဂိယ သံယောဇဉ်သည်)။
နတ္ထိ၊ မရှိ။
ဣတိ၊ ဤသို့။
(အဝေါစ၊ မိန့်တော်မူပြီ)။
တတိယံ၊ ။