Issues
Select Version
sāsanāre-သာသနာရေး
မြန်မာဘာသာ
Bhikkhu Bodhi
English
Tikanipātapāḷi
Tikanipātapāḷi

10. Cūḷanikāsuttaṃ

Author: sāsanāre-သာသနာရေး @ IAPT

ဘန္တေ၊ အရှင်ဘုရား။ မေ၊ တပည့်တော်သည်။ ဧတံ၊ ဤစကားတော်ကို။ ဘဂဝတော၊ မြတ်စွာဘုရား၏။ သမ္မုခါ၊ အထံတော်မှောက်၌။ သုတံ၊ ကြားနာအပ်ဖူးပါပြီ။ သမ္မုခါ၊ ၌။ ပဋိဂ္ဂဟိတံ၊ နာယူအပ်ဖူးပါပြီ။ (ကိန္တိ၊ သို့။ သုတံ၊ နည်းဟူမူ။ ပဋိဂ္ဂဟိတံ၊ နည်းဟူမူ)။
အာနန္ဒ၊ အာနန္ဒာ။ သိခိဿ၊ သိခီမည်တော်မူသော။ ဘဂဝတော၊ မြတ်စွာဘုရား၏။ အဘိဘူ နာမ၊ အဘိဘူမည်သော။ သာဝကော၊ တပည့်ရဟန်းသည်။ ဗြဟ္မလောကေ၊ ဗြဟ္မာ့ပြည်၌။ ဌိတော၊ တည်နေလျက်။ သဟဿိလောကဓာတုံ၊ တထောင်သော စကြဝဠာကို။ သရေန၊ အသံဖြင့်။ ဝိညာပေသိ၊ ကြားသိစေဖူးပြီ။ ဣတိ၊ ဤသို့။ (သုတံ၊ ပြီ။ ပဋိဂ္ဂဟိတံ၊ ပြီ)။
ဘန္တေ၊ ရား။ အရဟံ၊ ပူဇော်အထူးကို ခံယူတော်မူထိုက်သော။ သမ္မာသမ္ဗုဒ္ဓေါ၊ အမှားမပါ, မှန်စွာပိုင်နိုင်, ကိုယ်တိုင်စထွင်, ကုန်စင်ခမင်း, ကျန်ကြွင်းမရှိ, သိမြင်တော်မူသော။ ဘဂဝါ ပန၊ မြတ်စွာဘုရား သည်ကား။ ကီဝတကံ၊ အဘယ်မျှလောက်သော လောကဓာတ်တိုင်အောင်။ သရေန၊ ဖြင့်။ ဝိညာပေတုံ၊ ကြားသိစေခြင်းငှာ။ ပဟောတီ၊ စွမ်းနိုင်တော်မူပါသနည်း။ ဣတိ (အဝေါစ)၊
အာနန္ဒ၊ န္ဒာ။ သော၊ ထို အဘိဘူမည်သော ရဟန်းသည်။ သာဝကော၊ မြတ်စွာဘုရား၏ တပည့်မျှသာတည်း။ တထာဂတာ၊ မြတ်စွာဘုရားတို့သည်ကား။ အပ္ပမေယျာ၊ (ကြားသိစေခြင်းငှာ) မရေတွက် မမှန်းဆနိုင်သော စွမ်းအားရှိတော်မူကြကုန်၏။ ဣတိ(အဝေါစ)၊
ဒုတိယမ္ပိ၊ နှစ်ကြိမ်မြောက်လည်း။ ။ပ။၊
တတိယမ္ပိ၊ သုံးကြိမ်မြောက်လည်း။ ။ပ။၊
အာနန္ဒ၊ န္ဒာ။ တေ၊ သင်သည်။ သဟဿီ၊ တထောင်အုပ်စုဖြစ်သော။ စူဠနိကာ၊ ကျဉ်းမြောင်းသေးသွယ် အငယ်စားမည်သော။ လောကဓာတု၊ စကြာဝဠာကို ။ သုတာ၊ ကြားအပ်ဖူးပါ၏။ ဣတိ(အဝေါစ)၊
ဘဂဝါ၊ မြတ်စွာဘုရားသည်။ [ယံ ဘဂဝါသို့ သွားသည်။]
ယံ ဘာဏေယျ၊ အကြင် ဟောတော်မူလိုငြားအံ့။ ဘဂဝါ၊ ဘုန်းတော်ကြီးမာ, ရှင်တော်မြတ်ဘုရား။ ဧတဿ၊ ထိုဟောတော်မူခြင်း၏။ ကာလော၊ အချိန်အခါပါတည်း။ သုဂတ၊ ကောင်းသော စကားကို ဆိုတော်မူသော မြတ်စွာဘုရား။ ဧတဿ၊ ထိုဟောတော်မူခြင်း၏။ ကာလော၊ တည်း။
ဘာဂဝတော၊ မြတ်စွာဘုရား၏။ (ဓမ္မံ၊ တရားတော်ကို)။ သုတွာ၊ ကြားနာကြ၍။ ဘိက္ခူ၊ ရဟန်းတို့သည်။ ဓာရေဿန္တိ၊ နှုတ်တက်ဆောင်ထားမှတ်သားကြပါကုန်လတ္တံ့။ ဣတိ (အဝေါစ)၊
အာနန္ဒ၊ န္ဒာ။ တေန ဟိ၊ ထိုသို့ အသင်တောင်းပန်ခြင်းကြောင့်။ [တနည်း - တေန ဟိ၊ ငါတိုက်တွန်း၏။] (တွံ၊ သင်သည်)။ သာဓုကံ၊ ကောင်းစွာ။ သုဏာဟိ၊ နာယူလော။ မနသိ၊ စိတ်နှလုံး၌။ ကရောဟိ၊ သွင်းပိုက်ထားလော။ (အဟံ၊ ငါသည်)။ ဘာသိဿာမိ၊ ဟောတော်မူအံ့။ ဣတိ၊ ဤသို့။ (အဝေါစ၊ မိန့်တော်မူပြီ)။ ။ပ။၊
အာနန္ဒ၊ အာနန္ဒာ။ ယာဝတာ၊ အကြင်မျှလောက်သော လောကဓာတ် အရပ်တခုလုံးတိုင်အောင်။ စန္ဒိမသူရိယာ၊ လနေတို့သည်။ ပရိဟရန္တိ၊ (မြင့်မိုရ်တောင်ကို) လင်္ကျာရစ်လှည့်ပတ်သွားလာကြကုန်၏။ ဝိရောစနာ၊ မိမိတို့ အရောင်ဖြင့် တောက်ပတင့်တယ်ကုန်သည်။ (ဟုတွာ၊ ဖြစ်ကြကုန်၍)။ ဒိသာ၊ အရပ်မျက်နှာ အားလုံးတို့ကို။ ဘန္တိ၊ ထိန်ထိန်လင်းစေကုန်၏။ဒိသာ ဘန္တိ ဝိရောစနာ။ ။ "ဘန္တိ" ၌ ကာရိတ်ပစ္စည်း အကျေကြံပါ။ (တနည်း) "ဝိရောစနာ- ထိုလနေတို့ဖြင့် တောက်ပတင့်တယ်နေကုန် သော၊ ဒိသာ- အရပ်မျက်နှာတို့သည်၊ ဘန္တိ- အရောင်ဖြင့် ထိန်ထိန်လင်းနေကုန်၏" ဟု အနက်ဆိုပါ၊ ဤနည်း၌ကား ကာရိတ်ပစ္စည်း အကျေကြံဖွယ်မလို၊ သုဒ္ဓကတ္တုရုပ်သာတည်း။ စာပိုဒ် (၇၁) ဥပေါသထသုတ် တတိယဂါထာမှ "ပဘာသန္တိ" လည်းကြည့်။
ဤဒုတိယနည်း၌ မူလပဏ်ဋ္ဌ (ဒု၊ ၃၀၄) အဖွင့်အတိုင်း အနက်ပေးသည်၊ ထို၌ ဒိသာပုဒ်မှ ပဌမာဝိဘတ်ကို သတ္တမီ အနက်လည်း ဖွင့်သေး၏၊ ဤအဖွင့်များနှင့် အနည်းငယ်မျှ ထူးခြားသော သာရတ္ထဋီကာ (ပ-၂၄၂) ဝိမတိဋီကာ (ပ-၂၅၂) အဖွင့်များလည်း ရှိသေး၏။
တာဝ၊ ထိုလနေတို့ ထွန်းတောက်လှည်လည်အပ်သော လောကဓတာ် အရေအတွက်အားဖြင့်။ သဟဿဓာ၊ တထောင်အရေအတွက်များပြားသော။ ယော လောကော၊ အကြင်လောကဓာတ် စကြဝဠာသည်။ ဟောတိ၊ ဖြစ်၏။
သဟဿဓာ၊ တထောင်အရေအတွက်များပြာသော။ တသ္မိံ လောကေ၊ ထို လောကဓာတ် စကြဝဠာ၌။ စန္ဒာနံ၊ လတို့၏။ သဟဿံ၊ တထောင်သည်လည်းကောင်း။ သူရိယာနံ၊ နေတို့၏။ သဟဿံ၊ တထောင်သည်လည်းကောင်ဂ။ သိနေရုပဗ္ဗတရာဇာနံ၊ မြင့်မိုရ်တောင်မင်းတို့၏။ သဟဿံ၊ လည်းကောင်း။ ဇမ္ဗုဒီပါနံ၊ သပြေကျွန်းတို့၏။ သဟဿံ၊ လည်းကောင်း။ အပရဂေါယာနာနံ၊ အနောက်ကျွန်းတို့၏။ သဟဿံ၊ လည်းကောင်း။ ဥတ္တရကုရူနံ၊ မြောက်ကျွန်းတို့၏။ သဟဿံ၊ လည်းကောင်း။ ပုဗ္ဗဝိဒေဟာနံ၊ အရှေ့ကျွန်းတို့၏။ သဟဿံ၊ လည်းကောင်း။ စတ္တာရိ မဟာသမုဒ္ဒသဟဿာနိ၊ သမုဒ္ဒရာကြီးလေးထောင့်တို့သည်လည်းကောင်း။ စတ္တာရိ မဟာရာဇသဟဿာနိ၊ နတ်မင်းကြီးလေးထောင်တို့သည်လည်းကောင်း။ စတာမဟာရာဇိကာနံ၊ စာတုမဟာရာဇ်နတ်ပြည်တို့၏။ သဟဿံ၊ တထောင်သည်လည်းကောင်း။ တာဝတိံသာနံ၊ တာဝတိံသာနတ်ပြည်တို့၏။ သဟဿံ၊ လည်းကောင်း။ ယာမာနံ၊ ယာမာနတ်ပြည်တို့၏။ ။ပ။၊ တုသိတာနံ၊ တုသိတာ နတ်ပြည်တို့၏။ ။ပ။၊ နိမ္မာနရတီနံ၊ နိမ္မာနရတိ နတ်ပြည်တို့၏။ ။ပ။၊ ပရနိမ္မိတ ဝသဝတ္တီနံ၊ ပရနိမိတ္တ ဝသဝတ္တီနတ်ပြည်တို့၏။ ။ပ။၊ ဗြဟ္မလောကာနံ၊ ဗြဟ္မပြည်တို့၏။ သဟဿ၊ တထောင်သည်လည်းကောင်း။ (ဟောန္တိ၊ ရှိကုန်၏)။ အာနန္ဒ၊ အာနန္ဒာ။ အယံ၊ (လနေ စသည် တထောင်စီ စသည်ရှိသော) ဤတထောင်သော လောကဓာတ်ကို။ သဟဿီ၊ တထောင်အုပ်စု ဖြစ်သော။ စူဠဋိကာ၊ ကျဉ်းမြောင်းသေးသွယ် အငယ်စားမည်သော။ လောကဓာတု၊ စကြဝဠာဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။
အာနန္ဒ၊ န္ဒာ။ သဟဿီ၊ သော။ စူဠနိကာ၊ သော။ လောကဓာတု၊ စကြဝဠာသည်။ ယာဝတာ၊ အကြင်မျှလောက် အရအတွက်ရှိ၏။ (စကြဝဠာပေါင်းတထောင် အရေအတွက်ရှိ၏)။ တာဝ၊ ထိုသဟဿီစူဠနိကာ စကြဝဠာ အရေအတွက်ရှိသလော။ သဟဿဓာ၊ တထောင်မြှောက်ပွားခွဲဝေသောအားဖြင့်။ ယော လောကော၊ အကြင်တသန်းသော စကြဝဠာလောကဓာတ်သည်။ (ဟောတိ၊ ဖြစ်၏)။
အာနန္ဒ၊ န္ဒာ။ အယံ၊ ဤတသန်းသော စကြဝဠာလောကဓာတ်ကို။ [စူဠနိကာမည်သော စကြဝဠာလောကဓာတ်အုပ်စုတခု၌ စကြဝဠာအရေအတွက် တထောင်ရှိရကား ထိုတထောင်ကို နောက်ထပ် စကြဝဠာတထောင်ဖြင့် မြှောက်လျှင် စကြဝဠာပေါင်း တသန်းဖြစ်၏၊ ထိုတသန်းသော စကြဝဠာလောကဓာတ်တည်း။] ဒွိသဟဿီ၊ ဒွိသဟဿီမည်သော။ဒွိသဟဿီ မဇ္ဈိမိကာ လောကဓာတု။ ။ သဟဿီ စူဠနိကာမည်သော စကြဝဠာလောကဓာတ် အုပ်စုတခု၌ စကြဝဠာပေါင်း တထောင်ရှိကြောင်းကို ဟောတော်မူခဲ့ပြီ၊ ထိုသဟဿီ စူဠနီကာ၏ သဟဿီ (စကြဝဠာတထာင်) ကို ဒုတိယဖြစ်သော သဟဿီ( စကြဝဠာတထောင်) ဖြင့် မြှောက်လျှင် တသန်းဖြစ်၏။ ထိုတသန်းသော စကြဝဠာအုပ်စုတခုသည် ဒွိသဟဿီ မဇ္ဈီမိကာမည်သော လောကဓာတ်တခု ဖြစ်၏။
ထိုဒွိသဟဿီပုဒ်၌ သဟဿီဘာ ဂုဏိတာ သဟဿီ သဟဿိ သဟဿီ (တထောင်ဖြင့် မြှောက်အပ်သော တထောင်, ဝါ- တသန်း) ဟု ဝစနတ္ထပြု၍ "သဟဿိ သဟဿီ" ဟု ဆိုလိုလျက် ရှေ့သဟဿီကို ချေသဖြင့် သဟဿီတပုဒ်သာ ရှိသည်ဟု ကြံပါ၊ ဤသို့ ကြံခြင်းကြောင့် ထိုသဟဿိ ပုဒ်က တသန်းဟူသော အနက်ဟောကြောင်းကိုလည်းသိလေ၊ ထိုသဟဿီသည်လည်း စူဠနိကာ၏ သဟဿီကိုထောက်လျှက် နှစ်ခုမြောက်ဖြစ်၏။ ထို့ကြောင့် ဒုတိယာ သဧဿီ ဒွိသဟဿီ( နှစ်ခုမြောက် စကြဝဠာတသန်းအုပ်စု) ဟု ဝစနတ္ထကြံပါ၊ နိရုတ်တိနည်းဖြင့် ဒုတိယကို ဒွိပြု၏။
ဝါ၊ ထောင်ကိုထောင်ဖြင့်, မြှောက်လင့် ကိန်းခန်း, တသန်း အရေအတွက်ရှီသော။ မဇ္ဈိမိကာ၊ အလတ်စားမည်သော ။ လောကဓာတု၊ စကြဝဠာဟူ၍။ ဝုစ္စတိ၊ ၏။
အာနန္ဒာ၊ န္ဒာ။ ဒွိသဟဿီ၊ မည်သော။ မဇ္ဈိမိကာ၊ သော။ လောကဓာတု၊ စကြဝဠာသည်။ ယာဝတာ၊ အကြင်မျှလောက် အရေအတွက်ရှိ၏။ (စကြဝဠာ တသန်း အရေအတွက်ရှိ၏)။ တာဝ၊ ထိုဒွိသဟဿီ မဇ္ဈီမိကာ လောကဓာတ် အရေအတွက်ရှိသလော။ သဟဿဓာ၊ စူဠနိကာ စကြဝဠာ အုပ်စု, တထောင် ပြုဆင့်ငြား, မြှောက်ပွားသောအားဖြင့်။ ဝါ၊ တထောင်နှစ်ကြိမ်ဖြင့် ထပ်ဆင့် မြှောက်ပွား ခွဲဝေသောအားဖြင့်။ ယောလောကော၊ အကြင်ကုဋေတသိန်းသော စကြဝဠာ လောကဓာတ်သည်။ (ဟောတိ၊ ၏)။
အာနန္ဒ၊ န္ဒာ။ အယံ၊ ဤကုဋေတသိန်းသော စကြဝဠာ လောကဓာတ်ကို။ [မဇ္ဈိမိကာ မည်သော စကြဝဠာ အုပ်စုတခု၌ စူဠနိကာ စကြဝဠာ အုပ်စုပေါင်း တထောင် ။ (ဝါ၊ စကြဝဠာပေါင်းတသန်းဖြင့် မြှောက်လျှင်) သန်းပေါင်း တသန်း။ (ဝါ၊ ကုဋေတသိန်း) ဖြစ်၏။ ထို ကုဋေတသိန်းသော စကြဝဠာလောကဓာတ်ကို ဆိုလို၏။ တသန်းကို တထောင်ဖြင့် နှစ်ကြိမ်မြောက်လျှင်လည်း ဤနည်းတူ ပင်တည်း။] တိသဟဿိံ၊ တိသဟဿိ မည်သော။တိသဟဿိ မဟာသဟဿီလောကဓာတု။ ။ ပြခဲ့သော "ဒွိသဟဿီ" ၌ သဟဿီ (တသန်း) ကို ဒုတိယဖြစ်သော သဟဿီ (တသန်း)ဖြင့် မြှောက်လျှင် သန်းပေါင်းတသန်း (သို့မဟုတ် ကုဋေတသိန်း) ဖြစ်၏။ [နိဿယခန်း၌လည်း ရေးခဲ့ပြီ။] တနည်းအားဖြင့် တထောင်ကို တထောင့်ဖြင့်မြှောက်လျှင် တသန်းဖြစ်၏။ ထိုတသန်းကို ဒုတိယတထောင်ဖြင့် မြှောက်လျှင် သိန်းပေါင်းတထောင် (သို့မဟုတ် ကုဋေတရာ) ဖြစ်၏၊ ၎င်းကို တတိယ တထောင်ဖြင့်မြှောက်လျှင် ကုဋေတသိန်း ဖြစ်၏၊ ဤသို့အားဖြင့် တထောင်ကို ထည့်၍ တထောင်ဖြင့် သုံးကြိမ်ဆင့်၍ သော်လည်း မြှောက်ပါ။
ထိုကုဋေတသိန်းကို ဂဏန်းဖြင့်ရေးလျှင် တစ်ဂဏန်း၏ နောက်၌ သုည (၁၂) လုံးရေရမည်၊ ထိုကုဋေတသိန်းသော စကြဝဠာအုပ်စုတခုသည် တိသဟဿိ မဟာသဟဿီမည်သော လောကဓာတ်တခုဖြစ်၏။
ဤ၌လည်း သဟဿိယာ ဂုဏိတာ သဟဿီ သဟဿိသဟဿိ (တသန်းဖြင့် မြှောက်အပ်သော တသန်း၊ ဝါ- သန်းပေါင်းတသန်း၊ ဝါ- ကုဋေ တသိန်း) ဟု ဝစနတ္ထပြု၍ တပုဒ်ကို ချေသဖြင့် သဟဿီတပုဒ်သာ ရှိသည်ဟု ကြံပါ၊ ထိုသို့ ကြံခြင်းကြောင့် ထိုကြွင်းကျန်သော သဟဿီတပုဿ်သာ ရှိသည်ဟု ကြံပါ၊ ထိုသို့ ကြံခြင်းကြောင့် ထိုကြွင်းကျန်သော သဟဿီပုဒ်က ကုဋေတသိန်း ဟူသော အနက်ကို ဟောကြောငးကိုလည်း သိပါလေ။
ထိုနောက် "သဟဿိတော ပဋ္ဌာယ (စူဠနိကာသဟဿီမှစ၍) တတိယာတိ တိသဟဿီ" ဟူသော အဋ္ဌကထာ အဖွင့်အတိုင်း ဤ "တိသဟဿီ" သည် ရှေးစူဠနိကာနှင့် မဇ္ဈီနိကာတို့၏ သဟဿီကို ထောက်လျှင် သုံးခုမြောက်ဖြစ်၏။ ထို့ကြောင့် တတိယာ သဟဿီ တိသဟဿီ (သုံးခုမြောက် စကြဝဠာ ကုဋေတသိန်းအုပ်စု) ဟု ဝစနတ္ထပြု၊ နိရုတ္တိနည်းဖြင့် တတိယာကို တိပြု၊ မဟန္တေဟိ သဟဿေဟိ ဂဏိတာ သဟဿီ မဟာသဟဿီ (ထောင်ပေါင်းများစွာ တို့ဖြင့် ရေတွက်အပ်သော စကြဝဠာ ကုဋေတသိန်းအုပ်စု) ၊ ထို့နောက် သမာသ် ဖြစ်လျှင် တိသဟဿီ စသော မဟာသဟဿီ စာကို တိသဟဿိ မဟသဟဿီ ဟုပြု၊ သမာသ်ပြီးသောအခါ "တိသဟဿီ" ဟူ၍ သမာသမဇ္ဈ ဣရဿဖြင့် ရှိရ၏၊ အကယ်၍ လောကဓာတုပုဒ်ဖြင့် ဆက်လက်၍ သမာသ်တွလျှင် မဟာသဟဿီဟုလည်း ဣရဿဖြင့်ပင်ရှိစေရ၏။
ဝါ၊ ထောင်ပေါင်းများစွာတို့ဖြင့် ရေတွက်အပ်သော ကုဋေတသိန်းအုပ်စုဖြစ်သော။ လောကဓာတု၊ ဟူ၍။ ဝုစ္စတိ၊ ၏။
အာနန္ဒ၊ န္ဒာ။ တထာဂတော၊ မြတ်စွာဘုရားသည်။ အာကင်္ခမာနော၊ (အသံဖြင့် ကြားသိစေခြင်းငှာ) အလိုရှိတော်မူလသော်။ တိသဟဿိ မဟာသဟဿိလောကဓာတုံ၊ တိသဟဿိ မဟာသဟဿီမည်သော လောကဓာတ်ကို။ ဝါ၊ ကုဋေတသိန်းအုပ်စုဖြစ်သော မဟာသဟဿီမည်သော လောကဓာတ်ကို။ ဝါ၊ သန်းနှစ်လီမြောက်ပွား, ရငြားတွက်ရေ, ကုဋေတသိန်း ကိန်းနှင့်လျော်ညီ, မဟာသဟဿီမည်မှတ်, လောကဓာတ်ကို။ ဝါ၊ တထောင်ကို တည်, ထောင်သုံးလီဖြင့်, မြှောက်ဆင့်ပွားရေ, ကုဋေတသိန်း, တွက်ကိန်း လျော်ညီ, မဟာသဟဿီမည်မှတ်, လောကဓာတ်ကို။ သရေန၊ အသံဖြင့်။ ဝိညာပေယျ၊ ကြားသိစေတော်မူနိုင်၏။ ပန၊ ထို့ထက်ပိုလွန်၍လည်း။ ယာဝတာ၊ အကြင်မျှလောက် ပမာဏရှိသော လောကဓာတ်တိုင်အောင်။ အာကင်္ခေယျ၊ (အသံဖြင့် ကြားသိစေခြင်ငှာ) အလိုရှိတော်မူငြားအံ့။ (တာဝတာ၊ ထိုအလိုရှိသမျှ ပမာဏရှိသော လောကဓာတ်တိုင်အောင်။ သရေန၊ ဖြင့်။ ဝိညာပေယျ၊ ကြားသိစေတော်မူနိုင်၏)။ ဣတိ၊ သို့။ (အဝေါစ)၊
ဘန္တေ၊ အရှင်ဘုရား။ ကထံ၊ အဘယ်သို့သောနည်းဖြင့်။ [ယထာ အနက်မရှိ။] ဘဂဝါ၊ မြတ်စွာဘုရားသည်။ ။ပ။၊ ဝိညာပေယျ၊ ကြားသိစေတော်မူပါမည်နည်း။ ပန၊ တို့ထက်ပိုလွန်၍လည်း။ ယာဝတာ၊ တိုင်အောင်။ အာကင်္ခေယျ၊ အံ့။ (တာဝတာ၊ အောင်။ သရေန၊ ဖြင့်။ ဝိညာပေယျ၊ မည်နည်း)။ ဣတိ(အဝေါစ)၊
အာနန္ဒ၊ န္ဒာ။ ဣဓ၊ ဤလောက၌။ တထာဂတော၊ သည်။ ။ပ။၊ ဩဘာသေန၊ အရောင်အလင်းဖြင့်။ ဖရေယျ၊ ဖြန့်တော်မူရမည်။
ယဒါ၊ အကြင်အခါ၌။ တေ သတ္တာ၊ ထိုသတ္တဝါတို့သည်။ တံ အာလောကံ၊ ထိုအရောင်အလင်းကို။ သဉ္စာနေယျုံ၊ ကောင်းစွာသိနိုင်ကြကုန်၏။ အထ၊ ထိုအခါ၌။ တထာဂတော၊ သည်။ ဃောသံ၊ တရားနာရန် ကြွေးကြော်သံကို။ ကရေယျ၊ ပြုတော်မူရမည်။ သဒ္ဒံ၊ တရားသံကို။ အနုဿာဝေယျ၊ ကြားသိစေတော်မူရမည်။
အာနန္ဒ၊ န္ဒာ။ ဧဝံ၊ ဤသို့သော နည်းအားဖြင့်။ (ဤသို့ ကုဋေတသိန်းသော လောကဓာတ်ကို အရောင်အလင်းဖြန့်ခြင်း , သတ္တဝါတို့ ထိုအရောင်အလင်းကို သိကြရာအခါ၌ တရားဟောခြင်း ဟူသော နည်းအားဖြင့်)။ တထာဂတော၊ သည်။ ။ပ။၊ ဝိညာပေယျ၊ ကြားသိစေတော်မူရမည်။ ပန၊ လည်း။ ယာဝတာ၊ အောင်။ ။ပ။၊
ဧဝံ၊ ဤသို့။ ဝုတ္တေ၊ မြတ်စွာဘုရား မိန့်ဆိုတော်မူအပ်လသော်။ အာယသ္မာ အာနန္ဒေါ၊ အရှင်အာနန္ဒာသည်။ အာယသ္မန္တံ ဥဒါသိံ၊ အရှင်လာဠုဒါယကိ။ ဧတံ၊ ဤစကားကို။ အဝေါစ၊ ဆိုပြီ။ (ကိန္တိ၊ သို့။ အဝေါစ၊ ဟူမူ)။
ယဿ မေ၊ အကြင်ငါ၏။ သတ္ထာ၊ ဆရာမြတ်စွာဘုရားသည်။ ဧဝံ မဟိဒ္ဓိကော၊ ဤ၍ ဤမျှ ကြီးမားလှသော တန်ခိုးရှိတော်မူ၏။ ဧဝံ မဟာနုဘာဝေါ၊ ဤ၌ ဤမျှ ကြီးမားလှသော အစွမ်းအာနုဘော် ရှိတော်မူ၏။ တဿ မေ၊ ထိုငါ့မှာ။ လာဘာ၊ လာဘ်ကောင်း လာဘ်မြတ်ကို ရခြင်းတို့သည်။ ဝါ၊ အရတော်ခြင်း တို့သ်ည။ ဟောန္တိ ဝတ၊ ဖြစ်ပါပေကုန်စွတကား။ တဿ မေ၊ ထိုငါသည်။ သုလဒ္ဓံ ဝတ၊ (လာဘ်ကောင်းလာဘ်မြတ်ကို) ကောင်းစွာ ရအပ်ပါပေစွတကား။ လာဘာ ဝတ မေ သုလဒ္ဓံ ဝတ မေ။ ။ တဿ မေ- ထိုငါ့မှာ၊ လာဘာ- ဤသို့ မဟိဒ္ဓိက, မဟာနုဘာဝ ဖြစ်သော ဆရာမြတ်စွာဘုရားဟူသော လာဘ်ကောင်း လာဘ်မြတ်ကို ရခြင်းတို့သည်၊ ဝါ - ဤသို့ မဟိဒ္ဓိက, မဟာနုဘာဝ ဖြစ်တော်မူသော ဆရာမြတ်စွာဘုရား၏ ဝတ်ကြီးဝတ်ငယ် ပြုစု၍ တရားဓမ္မ ကြားနာရခြင်းတည်းဟူသော လာဘ်ကောင်းလာဘ်မြတ်ကို ရခြင်းတို့သည်၊ ဟောန္တိ ဝတ- တကား၊ ဤသို့ အကျယ်တဝင့် အနက်ဆိုနိုင်၏၊ သုလဒ္ဓံ ဝတ" ၌လည်း ဤနည်းမှီး၍ ဆိုပါ။ ဝါ၊ အရတော်ပါပေစွာ့ကတား။ ဣတိ၊ ဤသို့။ (အဝေါစ၊ ဆိုပြီ။)
ဧဝံ၊ ဤသို့။ ဝုတ္တေ၊ အရှင်အာန္ဒာက ပြောဆိုအပ်လသော်။ အာယသ္မာ ဥဒါယီ၊ အရှင်ဥဒါယီသည်။ အာယသ္မန္တံ အာနန္ဒံ၊ အရှင်အာနန္ဒာကို။ ။ပ။၊
အာဝုသော အာနန္ဒ၊ ငါ့ရှင်အာနန္ဒာ။ တေ၊ သင်၏။ သတ္ထာ၊ ဆရာမြတ်စွာဘုရားသည်။ ဧဝံ မဟိဒ္ဓိကော၊ ရှိသည်။ ဧဝံ မဟာနုဘာဝေါ၊ ရှိသည်။ ယဒိ (သိယာ)၊ အကယ်၍ ဖြစ်ငြားအံ့. ဧတ္ထ၊ ဤသို့ဖြစ်ရာ၌။ ဝါ၊ ဤသို့ ဖြစ်ခြင်းကြောင့်။ (ဤသို့ မဟိဒ္ဓိက, မဟာနုဘာဝဖြစ်ခြင်းကြောင့်)။ တုယှံ၊ သင့်အား။ ကိံ၊ အဘယ်မည်သော ကောင်းကျိုးချမ်းသာသည်။ (သိယာ၊ ဖြစ်နိုင်ပါသနည်း)။ ဣတိ(အဝေါစ၊ ဆိုပြီ)။
ဧဝံ၊ ဤသို့။ ဝုတ္တေ၊ အရှင်လာဠုဒါယိက ပြောဆိုအပ်လသော်။ ။ပ။၊
ဥဒါယိ၊ ဥဒါယီ။ (တွံ၊ သင်သည်)။ ဧဝံ၊ ဤသို့။ မာ (အဝစ)၊ မပြောဆိုပါလင့်။ ဥဒါယိ၊ ဥဒါယီ။ (တွံ) ဧဝံ၊ သို့။ မာ (အဝစ)၊ လင့်။
ဥဒါယိ၊ ဥဒါယီ။ အာနန္ဒေါ၊ အာနန္ဒာသည်။ အဝီတရာဂေါ၊ မကင်းရှင်းသေးသော ရာဂရှိလျက်။ ကာလံ၊ ကွယ်လွန်ခြင်းကို။ သစေ ကရေယျ၊ အကယ်၍ ပြုငြားအံ့။ (ဧဝံ သတိ၊ ဤသို့ ပြုသည်ရှိသော်)။ တေန စိတ္တပ္ပသာဒေန၊ ထို (သီဟနာဒ ဒေသနာတော်၌) စိတ်၏ ကြည်ညိုခြင်းကြောင့်။ သတ္တက္ခတ္ထုံ၊ ခုနစ်ကြိမ်။ ဒေဝေသု၊ နတ်ဘုံ၌။ ဒေဝရဇ္ဇံ၊ နတ်မင်းအဖြစ်ကို။ ကာရေယျ၊ ပြစေရာ၏။ သတ္တက္ခတ္တုံ၊ ကြိမ်။ ဣမသ္မိံ ယေဝ ဇမ္ဗုဒီပေ၊ ဤဇမ္ဗူကျွန်း၌ပင်။ မဟာရဇ္ဇံ၊ ကြီးစါာသော စကြဝတေး မင်း၏ အဖြစ်ကို။ ကာရေယျ၊ ၏။
ဥဒါယိ၊ ယိ။ အပိစ၊ သို့သော်လည်း။ အာနန္ဒေါ၊ သည်။ ဒိဋ္ဌေဝ ဓမ္မေ၊ ယခုမျက်မှောက် အတ္တဘော၌သာလျှင်။ ပရိနိဗ္ဗာယိဿတိ၊ ပရိနိဗ္ဗာန်ပြုလတ္တံ့။ ဝါ၊ နောက်ထပ် ပဋိသန္ဓေနေခြင်း၏ အကြောင်းဖြစ်သော တဏှာစသည်ကင်းသော ခန္ဓာ ဇာတ်သိမ်း ချုပ်ငြိမ်းခြင်းဖြင့်ချုပ်ငြိမ်းလတ္တံ့။ ဣတိ၊ ဤသို့။ (အဝေါစ၊ မိန့်တော်မူပြီ)။
ဒသမံ၊ ။
တတိယော၊ သုံးခုမြောက်သော။ အာနန္ဒဝဂ္ဂေါ၊ အာနန္ဒဝဂ်တည်း။