အထခေါ၊ ၌။
တိကဏ္ဏော၊ တိကဏ္ဏမည်သော။
ဗြဟ္မဏော၊ ပုဏ္ဏားသည်။
ယေန ။ပ။၊
ဘဂဝတော၊ မြတ်စွာဘုရား၏။
သမ္မုခါ၊ ရှေ့တော်မှောက်၌။
(နိသီဒိတွာ၊ ထိုင်၍)။
တေဝိဇ္ဇာနံ၊ သုံးမျိုးသော ဝိဇ္ဇာရှိကုန်သော။
ဗြဟ္မဏာနံ၊ ပုဏ္ဏားတို့၏။
[သုဒံကားနိပါတ်မျှ]
ဝဏ္ဏံ၊ ဂုဏ်ကို။
ဘာသတိ၊ ချီးမွမ်းပြောဆို၏။
(ကိန္တိ၊ သို့။
ဘာသတိ၊ မူ)။
တေ ဝိဇ္ဇာ၊ သုံးမျိုးသော ဝိဇ္ဇာရှိကုန်သော။
ဗြဟ္မဏာ၊ တို့သည်။
ဧဝမ္ပိ၊ ဤသို့ ဤပုံ ပညာ, ဝီရိယ စသည်နှင့် ပြည့်စုံကြပါပေကုန်၏။
တေ ဝိဇ္ဇာ၊ ကုန်သော။
ဗြဟ္မဏာ၊ တို့သည်။
ဣတိပိ၊ ဤရွေ့ဤမျှသော အကြောင်းကြောင့် ပညာ, ဝီရိယ စသည်နှင့် ပြည့်စုံကြပါပေကုန်၏။
ဣတိ၊ ဤသို့။
(ဘာသတိ၊ ချီးမွမ်းပြောဆို၏)။
[တနည်း၊
တေ ဝိဇ္ဇာ၊ ကုန်သော။
ဗြဟ္မဏာ၊ တို့သည်။
ဧဝမ္ပိ၊ ဤသို့ ဤပုံလည်း။
ပဏ္ဍိတာ၊ ပညာရှိသူ ဖြစ်ပါပေကုန်၏။
ဧဝမ္ပိ၊ ဤသို့ ဤပုံလည်း။
ခိရာ၊ လုံ့လဝီရိယရှိသူ ဖြစ်ပါပေကုန်၏။
ဧဝမ္၌ိ၊ လည်း။
ဗျတ္တာ၊ သူတပါးဝါဒ, ပယ်ချလွှမ်းဖိ, သတ္တိကဲလွန်, လူရည်ချွန်ဖြစ်ကြပေကုန်၏။
ဧဝမ္ပိ၊ လည်း။
ဗဟုဿုတာ၊ မြောက်မြားလှစွာ, ကြားနာသင်မှတ် ကျမ်းဂန် တတ် ပုဂ္ဂိုလ်များဖြစ်ကြပေကုန်၏။
ဧဝမ္ပိ၊ လည်း။
ဝါဒိနော၊ အယူဝါဒဟောပြောသူများ ဖြစ်ကြပေကုန်၏။
ဝါ၊ အယူဝါဒ, လမ်းပြတီထွင်, ကျွမ်းကျင်သူများဖြစ်ကြပေကုန်၏။
ဧဝမ္ပိ၊ လည်း။
သမ္မတာ၊ များစွာသော လူအပေါင်းတို့က သူတော်ကောင်းဟု အသိအမှတ် ပြုခံရသူများဖြစ်ကြပေကုန်၏။
တေဝိဇ္ဇာ၊ ကုန်သော။
ဗြဟ္မဏာ၊ တို့သည်။
ဣတိပိ၊ ဤရွေ့ဤမျှသော အကြောင်းကြောင့်လည်း။
ပဏ္ဍိတာ၊ ပညာရှိသူ ဖြစ်ကြပါပေကုန်၏။
ဣတိပိ၊ လည်း။
ဓိရာ၊ ကုန်၏။
ဣတိပိ၊ လည်း။
ဗျတ္တာ၊ ကုန်၏။
။ပ။၊
ဣတိပိ၊ လည်း။
သမ္ပတာ၊ ကုန်၏။
ဣတိ၊ ဤသို့။
ဘာသတိ၊ ချီးမွမ်းပြောဆို၏။]
ဗြဟ္မဏ၊ ပုဏ္ဏား။
ကထံ၊ အဘယ်သို့သော အကြောင်းဖြင့်။
ဗြဟ္မဏာ၊ ပုဏ္ဏားတို့သည်။
ဗြဟ္မဏံ၊ ပုဏ္ဏားထူးချွန် လူရည်မွန်တဦးကို။
တေဝိဇ္ဇံ၊ ဝိဇ္ဇာသုံးပါးရှိသူဟူ၍။
ဝါ၊ တေဝိဇ္ဇပုဂ္ဂိုလ်ဟူ၍။
ပညာပေန္တိ၊ ပြေဆိုသတ်မှတ်, ပညတ်ကြကုန်သနည်း။
[ဤ၌ ယထာ ကထံမှ ယထာကို အနက်ပေးရဦးမည်၊ အဋ္ဌကထာဖွင့်သည့်အတိုင်း ပါဌသေသများစွာ ထည်ပေးမှ အဓိပ္ပါယ်ပြည့်စုံမည်ဖြစ်၍ ထိုအတိုင်းအနက်ပေးမည်။]
အဋ္ဌကထာအဖွင့်။ ။ တိုက်ဆိုင်ကြည့်ရန် အဋ္ဌကထာဖွင့်ဝါကျကား- ယထာ ကထံ ပန ဗြဟ္မဏာတိ ဧတ္ထ ယထာတိ ကာရဏဝစနံ၊ ကထံ ပနာတိ ပုစ္ဆာဝစနံ။ ဣဒံ ဝုတ္တံ ဟောတိ- ကထံ ပန ဗြာဟ္မဏ ဗြာဟ္မဏာ တေ ဝိဇ္ဇံ ပညာပေန္တိ၊ ယထာ ဧတံ သက္ကာ ဟောတိ ဇာနိတုံ၊ တံ ကာရဏံ ဝဒေဟီတိ။
ယထာ၊ အကြင်သို့သော အကြောင်းဖြင့်။
ဧတံ၊ ဤ တေဝိဇ္ဇပုဂ္ဂိုလ်ဟု ပညတ်ခြင်းသည်။
ဝါ၊ ကို။
မယာ၊ ငါသည်။
ဇာနိတုံ၊ သိခြင်းငှာ။
သက္ကာ၊ စွမ်းနိုင်သည်။
ဟောတိ၊ ဖြစ်၏။
တထာ (တံ ကာရဏံ)၊ ထိုအကြောင်းကို။
(ထိုတေဝိဇ္ဇပုဂ္ဂိုလ်ဟု ပညတ်ခြင်း၏ အကြောင်းကို)။
ဝဒေဟိ၊ ပြောပြစမ်းပါလော။
ဣတိ(အဝေါစ၊ မိန့်)။
[ဤ၌ ဧတံပုဒ်သည် သက္ကာ ဟောတိတို့၏ ဝုတ္တကတ္တားဖြစ်သော ပဌမာဝိဘတျန္တ ပုဒ်တည်း၊ ၎င်းကို အဓိပ္ပါယ်ရရုံမျှ ရည်ရွယ်၍ ဇာနိတုံ၌လည်း စပ်နိုင်အောင် နောက်ထပ် ကံ အနက်ပေးထားသည်။]
ဘောဂေါတမ၊ အရှင်ဂေါတမ။
ဣဓ၊ ဤလောက၌။
ဗြာဟ်မဏော၊ ပုဏ္ဏားသည်။
မာတိတောစ၊ အမိဘက်မှလည်းကောင်း။
ပိတိတောစ၊ အဖဘက်မှလည်းကောင်း။
ဥဘတော၊ နှစ်ဖက်လုံးတို့မှ။
သုဇာတော၊ (မျိုးရိုးသန့်စင်)ကောင်းစွာဖွားမြင်သည်။
ဝါ၊ မျိုးကွဲမစပ် သန့်ရှင်းသော ဇာတ်ရှိသည်။
သတ္တမာ၊ ခုနစ်ဆက်မြောက်သော ။
ယာဝ ပိတာမဟယုဂါ၊ အဘိုးအဘွားတို့၏ အစုံအစုံ တိုင်အောင်။ပိတာမဟယုဂါ။ ။ "ယာဝ သတ္တမာ ပိတာမဟယုဂါ" ဟူသော ပုဒ်တို့သည် သံသုဒ္ဓဂဟဏိကောဟူသော ရှေ့ပုဒ်၌လည်းကောင်း, အက္ခိတ္တော အနုပက္ကုဋ္ဌောဟူသော နောက်ပုဒ်တို့၌လည်းကောင်း စပ်နိုင်၏။ ထို့ကြောင့် "သတ္တမာ- သော။ ယာဝ ပိတာမဟယုဂါ- အောင်၊ သံသုဒ္ဓဂဟဏိကော- သည်၊ ဟောတိ- ၏၊ သတ္တမာ- သော။ ယာဝ ပိတာမဟယုဂါ- အောင်၊ ဇာတိဝါဒေန- ကြောင့်၊အက္ခိတ္တော- အပ်သည်၊အနုပက္ကုဋ္ဌော- သည်၊ ဟောတိ- ၏" ဟု ကာကောလောနနနည်းပေါ်လွင်အောင် ၎င်းပုဒ်တို့ကို နှစ်ကြိမ်ထပ်၍ အနက်ဆိုနိုင်သည်။
ပိတာ စ မာတာစ ပိတရော( အဖေ,အမေတို့)။ ပိတူနံ ပိတရော ပိတာမဟာ( အဖေ၏ အဖေနှင့် အမေ၏ အဖေဟူသော အဘိုးများ) ပိတုသဒ္ဒါနောင် ပိတုအနက်၌ အာမဟပစ္စည်းသက်၍ ပိတာမဟဟု ရုပ်ပြီး၏၊ ပိတာမဟသဒ္ဒါဖြင့် မာတာမဟ(အဘွား) ကိုပါယူဟု သိလက္ခန်ဋီကာ (၃၁၄) ၌ ဖွင့်၏၊ ထို့ကြောင့် အဖဘက်က အဘိုးဘွားတစုံနှင့် အဓိဘက်က ဘိုးဘွားတစုံအားဖြင့် နှစ်စုံလုံးယူနိုင်အောင် "ယုဂေါစ ယုဂေါ စ ယုဂေါ" ဟု ဧကသေသ်ပြုပြီး, ပီတာမဟာနံ ယုဂေါ ပိတာမဟယုဂေါ- အဘိုးအဘွားတို့၏ အစုံအစုံ(အဖဘက်အစုံနှင့် အမိဘက်အစုံ) ဟု ဝစနတ္ထပြုပါ။ [ဋီကာတို့၌ ယုဂေါဟု ပုလ္လိင်ဩကာရန္တနှင့် တွေ့ရသော်လည်း အဘိဓာန်တို့၌ နပုလ္လိင်သာပြသည်။]
ဤ၌ သတ္တမာဟု ဆိုထားသောကြောင့် "ဘ၊ဘိုး၊ဘေး၊ ဘီ၊ဘင် ၊ဘောင်၊ ဘော" ဟု အထက်ဆွေမျိုး (၇ ) ဆက်ရှိရာတွင် နောက်ဆုံး (၇) ဆက်မြောက် "ဘောယောင်္ကျားနှင့်ဘောမိန်းမ" တို့သာ သတ္တမပိတာမဟယုဂ ဖြစ်သည်၊ ပိတာမဟယုဂပုဒ်အဖွင့်ကို ဋီကာအတိုင်း ရေးထားသည်။ ဋီကာတို့၌ ယုဂသဒ္ဒါကို ဒွန္ဒ( အစုံ) ဟူသော အနက်ဟောအဖြစ်ဖြင့် ဖွင့်ထား၏၊ အဋ္ဌကထာ၌မူ "ယုဂန္တိ အာယုပ္ပမာဏံ ဝုစ္စတိ- အသက်တမ်း ပမာဏ (အသက်အပိုင်းအခြား) ကို ယုဂဟု ခေါ်ဆိုသည်" ဟု ဖွင့်သည်။ ဝါ၊ အဘိုးအဘွားတို့၏ အသက်တမ်း ပမာဏတိုင်အောင်။ သံသုဒ္ဓဂဟဏိကော၊ စင်ကြယ်သော အမိဝမ်းတိုက်ရှိသည်။ ဇာတိဝါဒေန၊ ဇာတ်ကိုအကြောင်းပြု၍ ဖြစ်သော ကဲ့ရဲ့စကားကြောင့်။ အက္ခိတ္တော၊ မပစ်ပယ်အပ်သည်။ ဝါ၊ ထုတ်ပယ်မခံရသည်။ အနုပက္ကုဋ္ဌော၊ မဆဲရေးအပ်သည်။ ဝါ၊ ဆဲရေးကဲ့ရဲ့မခံရသည်။ ဟောတိ၊ ဖြစ်၏။ အဇ္ဈာယကော၊ ဝေဒကျမ်းတို့ကို ရွတ်အံ့ သရဇ္ဆာယ်တတ်၏။ မန္တဓရော၊ ဝေဒကျမ်းတို့ကို စိတ်၌ဆောင်ထားမှတ်သားနိုင်၏။ သနိဃဏ္ဎုကေဋုဘာနံ၊ နိဃဏ္ဍုမည်သော အဘိဓာန်ကျမ်း, ကေဋုဘမည်သော ကဗျာအလင်္ကာကျမ်းတို့နှင့် တကွဖြစ်ကုန်သော။ သာက္ခရပ္ပဘေဒါနံ၊ (ဋ္ဌာန်, ကရုဏ်း, ဝိဂြိုဟ်စသည်ဖြင့်) အက္ခရာ ပုဒ်ပါဌ်တို့ကို ခွဲခြမ်းပြကြောင်းဖြစ်သော သိက္ခာကျမ်း, နိရုတ္တိကျမ်းတို့နှင့် တကွဖြစ်ကုန်သော။သက္ခရပ္ပဘေဒါနံ။ ။ အက္ခရာတို့ကို ဌာန်ကရိုဏ်းစသည်ဖြင့် ခွဲခြမ်းပြသော ကျမ်းကို သိက္ခာကျမ်းဟု ခေါ်၏။ အက္ခရာလာခြင်း, အက္ခရှေ့နောက်ပြန်ခြင်း, ချေခြင်းစသော လက္ခဏာငါးမျိုးတို့ဖြင် သဒ္ဒါ၏အနက် (ဝစနတ္ထ) ကို ပြသောကျမ်းကို နိရုတ္တိကျမ်းဟုခေါ်၏။ ဌာနကရဏာဒိဝိဘာဂတော နိဗ္ဗစနဝိဘာဂတော စ အက္ခရာ ပဘေဒီယန္တိ ဧတေဟီတိ အက္ခရပ္ပဘေဒေါ- ဌာန်ကရိုဏ်းစသည်ကို ခွဲခြမ်းပြခြင်း, နိဗ္ဗစန (ဝစနတ္ထ) ကို ခွဲခြမ်းပြခြင်းအားဖြင့် အက္ခရာပုဒ်ပါဌ်တို့ကို ခွဲခြမ်းပြကြောင်းဖြစ်သော သိက္ခာကျမ်း, နိရုတ္တိကျမ်းများ။ သဟ အက္ခရပ္ပဘေဒေဟိယေ ဝတ္တန္တီတိ သက္ခရပ္ပဘေဒေါ- ထိုနှစ်ကျမ်းတို့နှင့်တကွဖြစ်သော ဝေဒသုံးမျိုး တို့တည်း။
ဣရုဝေဒ, ယဇုဝေဒ, သာမဝေဒဟူသော ဝေဒသုံမးျိုး၌ အာထဗ္ဗဏဝေဒကို ထည့်လျှင် ဝေဒလေးမျိုးဖြစ်၏။ ထိုနောက် ပဉ္စမနေရာ၌ ဣတိဟာသကျမ်းကို ထည့်ခြင်းကြောင် ဣတိဟာသပဉ္စမဟု ဆို၏။ "ဣတိဟအာသ- ဤလိုဖြစ်ဖူးသတဲ့၊ ဣတိဟ အာသ- ဤလိုဖြစ်ဖူးသတဲ့" ဟူ၍ ရှေ့ဟောင်း နှေင်းဖြစ်ကို ပြသော ကျမ်းများကို ဣတိဟာသကျမ်းဟု ခေါ်သည်။ ဣတိဟာသပဉ္စမာနံ၊ ဣတိဟာသကျမ်းဟူသော ငါးကျမ်းမြောက်ရှိကုန်သော။ ဝါ၊ ငါးကျမ်းမြောက်ဖြစ်သော ဣတိဟာသကျမ်း အပါအဝင် ဖြစ်ကုန်သော။ တိဏ္ဏံ၊ (ဣရု, ယဇု, သာမအားဖြင့်) သုံးပုံကုန်သော။ ဝေဒါနံ၊ ဝေဒကျမ်းတို့၏။ ပါရဂူ၊ ပြီးစီးထုတ်ချောက်, ဆုံးခန်းရောက်၏)။ [ဋိကာ၌ "န အတ္ထာဝဓာရဏဝသေန" ဟူ၍ (သီလက္ခန်ဋီကာ၊ ၂၉၁- ကဲ့သို့) ပဋိသေဓ န အက္ခရာပါစေရမည်။] ပဒကော၊ ဗျာကရိုဏ်းကျမ်းလာ ပုဒ်ဝါကျကို သင်အံ့ပိုချတတ်၏။ပဒကော ဝေယျာကရဏော။ ။ ပါနိဏိကျမ်း, စန္ဒြကျမ်းစသော ယခုထိအောင်ရှိသေးသော ရှေးခေတ်က သက္ကတသဒ္ဒါကျမ်းတို့ကို ဗျာကရုဏ်းကျမ်းဟု ခေါ်၏။ ကစ္စည်း, သဒ္ဓနီတိ, မောဂ္ဂလ္လာန်စသော ပါဠိသဒ္ဒါဗျာကရုဏ်းကျမ်းများကား တိကဏ္ဏပုဏ္ဏား၏ လက်ထက်၌ မရှိသေးသောကြောင့် ဤနေရာနှင့် ဆိုင်။ "ပဒံ တဒဝသေသဉ္စ ဗျာကရဏံ အဓိယတိ ဝေဒေတိ စာတိ ပဒကော ဝေယျာကရဏော" ဟူ၍ ပဒကောနှင့် ဝေယျာကရဏော ဟူသော နှစ်ပုဒ်ကို ဝိဂြိုလ်ဝါကျတခုစီခွဲ၍ မဖွင့်ပြဘဲ တခုတည်းပေါင်း၍ အဋ္ဌကထာ၌ ဖွင့်ပြ၏။
ထိုဝိဂြိုလ်ဝါကျ၌ မဇ္ဈိမပဏ်၊ ဗြဟ္မယုသုတ်အဋ္ဌကထာ (၂၄၉) ၌ "ပဒဉ္စ တဒဝသေသဉ္စ" ဟု စသဒ္ဒါနှစ်လုံးပါ၏။ ထိုတွင် ပဒဉ္စဖြင့် ပုဒ်ကို ယူထားသောကြောင့် တဒဝသေသဉ္စဖြင့် ဝါကျကိုယူရ၏။ ပဒဉ္စ တဒဝသေသဉ္စဖြင့် ပုဒ်ဝါကျဟူသော သဒ္ဒဗျာကရုဏ်းကိုပြဆို၍ ဗျာကရဏံဖြင့် အနက်အဓိပ္ပါယ်ဟူသော အတ္ထဗျာကရုဏ်းကို ပြဆို၏။ [တဒဝသေသန္တိ ဝုတ္တာဝသေသံ ဝါကျံ၊ ဧတ္တာဝတာ သဒ္ဒဗျာကရဏံ ဝတွာ ပုန" ဗျာကရဏန္တိ" အတ္ထဗျာကရဏမာဟ။ ဋီကာ။]
ဤဋီကာစကားကို ထောက်၍ ပဒဉ္စ တဒဝသေသဉ္စ ဟူသော အဋ္ဌကထာအဖွင့်သည် ပါဠိတော်မှ "ပဒကော" တပုဒ်တည်း၏ အဖွင့်ဖြစ်ကြောင်း သိသာ၏။ ထို့ကြောင့် ပဒကော၌ ပဒဖြင့် ပုဒ်ကိုသာမက ဝါကျကိုလည်းယူရ၏။ သီလက္ခန်ဋီကာသစ် (ဒု၊ ၂၂၄) ၌ကား တဒဝသေသံကို ဗျာကရဏံ၏ ဝိသေသနပြုလုပ် ပြီးလျှင် ထို တဒဝသေသံဖြင့် ဝါကျကို မယူဘဲ ပုဒ်မှကြွင်းကျန်သော ပကတိပစ္စည်းစသော သဒ္ဒလက္ခဏာကို ယူထား၏၊ ဤအင်္ဂုတ္တိုရ်ဋီကာနှင့် မကိုက်ညီချေ။
ပဒံ ကာယတီတိ ပဒကော (ပုဒ်ဝါကျကို သင်အံ့ပို့ချသူ) ထိုပုဒ်ဝါကျ ဟူသည်လည်း ဗျာကရုဏ်းကျမ်း၌ပါရှိသော နာမ်, အာချာတ်, ဥပသာရ, နိပါတ်ဟူသော ပုဒ်များနှင့် ဗျာကရုဏ်းကျမ်းမှ ဝါကျများတည်း။ ဤ၌ ပဒကော, ဝေယျာကရဏောဟူသော နှစ်ပါဌ်လုံးဖြင့်ပင် ဗျာကရုဏ်းကျမ်းကို သင်အံ့ပို့ချသူဟုချည်း ဆိုလိုသောကြောင့် အဓိပ္ပါယ်ထပ်တူဖြစ်နေ၏။ ထို့ကြောင့် ပဒကောဖြင့် သဒ္ဒဗျာကရိုဏ်း၌ ကျွမ်းကျင်ပုံကို ပြ၍ ဝေယျာကရဏောဖြင့် အတ္ထဗျာကရုဏ်း၌ ကျွမ်းကျင်ပုံကို ပြသည်ဟု ထိုနှစ်ပုဒ်၏ ထူးခြားချက်ကို ဤသုတ်ဋီကာကို နည်းမှီး၍ သိရသည်။
ဋီကာတို့၌ "တေ ဧဝ ဝေဒေ ပဒသော ကာယတီတိ ပဒကော" ဟု တနည်း ဝိဂြိုလ်ပြုသေး၏။ ထိုအလို "ပဒကော- ဝေဒျကမ်းတို့ကို ပုဒ်ဝါကျအားဖြင့် သင်အံ့ ပို့ချသူ" ဟု ဆိုလိုသောကြောင့် ဝေယျာကရဏောနှင့် အဓိပ္ပါယ်မထပ်တော့ပေ။ သီလက္ခန်ဋီကာသစ်၌ကား "ပဒသောတိ ဂဇ္ဇဗန္ဓပဇ္ဇဗန္ဓပဒေန- စုဏ္ဏိယအဖွင့်ပုဒ်, ဂါထာအဖွင့်ပုဒ်အားဖြင့်" ဟု ဖွင့်လေ၏။
ယခုပြခဲ့သော ဋီကာတို့အလို ပဒကောသည် (ဇာတကံပုဒ်ကဲ့သို့) ပဒသဒ္ဒူပပဒ, ကေဓာတ်, အပစ္စည်းဖြင့်ပြီးသော ကိတန္တသမာသ်ပုဒ်တည်း။ မောဂ္ဂလ္လာန် ၄ ကဏ္ဍ, ၁၄ သုတ်အလို ပဒပုဒ် ကပစ္စည်းဖြင့် ပြီးသော တဒ္ဓိတ်ပုဒ်ဖြစ်၏။ ၎င်းသုတ် ပဉ္စိကာ၌ "ကမပဒသဒ္ဒေဟိ ဝေဒင်္ဂဝိသေသာ ကထိယန္တိ" အနက်ပေးပြီးလျှင် ကမ ပဒတို့လည်း ဝေဒ၌ အကျုံးဝင်သော ဂန္ထ ဝိသေသတို့တည်း" ဟုလည်းကောင်း မိန့်ဆို၏။
ဤနေရာ၌ ဆရာတို့ကား "တမဓိတေ တံ ဇာနာတိ" ဟူသော မောဂ္ဂလ္လာန်သုတ်မှ ဇာနာတိနှင့် ကိုက်ညီအောင် "အဓီယတိ, ဝေဒေတိ" ဟူသော အဋ္ဌကထာမှ ဝုဒ္ဓိနှင့်တကွသော ဝေဒေတိဟူသော ပါဌ်ကို ဝုဒ္ဓိမဲ့ဖြင့် "ဝိဒတိ" ဟု ပြင်တော်မူကြ၏။ သိုသော် ဗြဟ္မယုသုတ်ဋ္ဌ၌ ပဝေဒေတိဟု ပဥပသာရပင် အပိုပါလျက်ရှိသောကြောင့် မပြင်သင့်ဟု ယူဆ၏။ အဓိရှေးရှိသော ဣဓာတ်၌ ဣကို ဧပြု၊ ဧကို အယပြုလျှင် အဓိယတိဟု ဖြစ်နိုင်၏၊ သို့သော် အဓိတေဟု ရှိလျှင် ကောင်း၏။ (ဗျာကရုဏ်းကျမ်း၌ပါသော နာမ်အာချာတ်စသော ပုဒ်နှင့် ဝါကို သင်အံ ပိုချ့တတ်၏။ ဝါ၊ ဝေဒကျမ်းတို့ကို ပုဒ်ဝါကျအားဖြင့် သင်အံ့ ပို့ချတတ်၏။) ဝေယျာကရဏော၊ ဗျာကရုဏ်းကျမ်း၏ အနက်အဓိပ္ပါယ်ကို သင်အံ့ပို့ချတတ်၏။ လောကာယတ, မဟာပုရိသလက္ခဏေသု၊ လောကာယတကျမ်း, မဟာပုရိသလက္ခဏာကျမ်းတို့၌။ လောကာ ယတကျမ်း။ ။ လောကာယတကျမ်းဟူသည် ကုသိုလ်ကောင်းမှုပြုလိုစိတ် ဖြစ်ပေါ်မလာစေနိုင်သော ကျမ်းတည်း၊ ကျီးကန်းက ဖြူတယ်၊ ဘာကြောင့်လဲ "အရိုးဖြူလိုပေါ့၊ ဗျိုင်းက နီတယ်၊ သွေးနီလို့၊ ဤသို့ စသည်ဖြင့် အကျိုးမရှိသော အကြောင်းအရာများကို ရေးသားထုးသော တိတ္ထိယတို့ ကျမ်းဂန်ဖြစ်၏ဟု ဝိနည်းစူဠဝါ အဋ္ဌကထာ (၅၆) စသည်၌ဖွင့်၏။ ဝါ၊ အနာဂတ်စီးပွား ကုသိုလ်တရားကို သတ္တဝါအပေါင်း အားမထုတ်ကြောင်း ကျမ်းဂန်နှင့် ဘုရား အစရှိသော ယောင်္ကျားမြတ်တို့၏ လက္ခဏာတော်တို့ကို ဖော်ပြသော ကျမ်းဂန်တို့၌။ အနဝယော၊ အပြည့်အစုံ သင်ကြားတတ်မြောက်ပြီးသည်။အနဝယော။ ။ န+အ+ဝယော ဟုဖြတ်၊ ဝယော၌ ဝယဓာတ် အပစ္စည်းဟုကြံ။ ဝယတီတိ ဝယော- အခက်အခဲမရှီ အပြည့်အစုံဆောင်ထားမှတ်သားနိုင်သူ၊ ဝါ- အခက်အခဲမရှီ အပြည့်အစုံ ရွတ်ဆိုပြောပြနိုင်သူ၊ န ဝယော အဝယော- ထိုကဲ့သို့ မမှတ်သားနိုင်, မရွတ်ဆိုမပြောပြနိုင်သူ၊ န အဝယော အနဝယော- ထိုကဲ့သို့ မမှတ်သားနိုင်, မရွတ်ဆိုမပြောပြနိုင်သူ၊ န အဝယော အနဝယော- ထိုကဲ့သို့ မမှတ်သားနိုင်၊ မရွတ်ဆိုမပြောပြနိုင်သည် မဟုတ်သော သု၊ ဝါ- အခက်အခဲမရှိ အပြည့်အစုံဆောင်ထား မှတ်သားနိုင်, ရွတ်ဆိုပြောပြနိုင်သူ၊ ပဋိသေဓ နှစ်ချက်ဆင့်ထားသောကြောင့် မူရင်း" ဝယ" ၏ အနက်ကိုပင်ပြန်ယူရသည်။
ဤသုတ်အဋ္ဌကထာ၌ ဒုတိယပါရာဇိက ဓနိယ ဝတ္ထုအဋ္ဌကထာ၌ ကဲ့သို့ အနဝယောကို "အနု+အဝယော" ဟု ပုဒ်ဖြတ်၍ ဒုတိယနည်းဖွင့်သေး၏။ ထိုအလို ဝယ၌ "ဝိ+အယ" ဟု ပုဒ်ဖြတ်၍ အယနံ အယော- ဖြစ်ခြင်း၊ န အယော ဝယော- မဖြစ်ခြင်း၊ ဝါ- ယုတ်လျော့ခြင်း, မပြည့်စုံခြင်း၊ နတ္ထိ ဝယော ဧတဿာတိ အဝယော- ယုတ်ချော့ခြင်းမရှိသူ၊ ဝါ- ပြည့်စုံသော အတတ်ရှိသူ၊ အနု အနု(သိသင့်သိအပ် အရပ်ရပ်၌) အဝယာ အနဝယော၊ ဤအလို "အနဂယော- သိသင့်သိအပ် နှံ့စပ် ကုံလုံးပြည့်စုံသော အတတ်ရှိသည်" ဟု အနက်ဆို။ ဝါ၊ အခက်အခဲမရှိ အပြည့်အစုံ ဆောင်ထား မှတ်သာနိုင်သည်။ ဝါ၊ အခက်အခဲ မရှိ အပြည့်အစုံ ရွတ်ဆို ပြောပြနိုင်သည်။ (ဟောတိ၊ ဖြစ်၏)။ [ဣတိသဒ္ဒါမလို။]

ဘော ဂေါတမ၊ မ။
ဧဝံ၊ ဤသို့သော အကြောင်းဖြင့်။
ဗြဟ္မဏာ၊ ပုဏ္ဏားတို့သည်။
ဗြဟ္မဏံ၊ ပုဏ္ဏားထူးချွန် လူရည်မွန် တစ်ဦးကို။
တေဝိဇ္ဇံ၊ ဟူ၍။
ပညာပေန္တိ၊ ပြောဆိုသတ်မှတ် ပညတ်ကြပါကုန်၏။
ဣတိ၊ ဤသို့။
(အဝေါစ၊ လျှောက်ပြီ)။
ဗြဟ္မဏ၊ ပုဏ္ဏား။
အညထာ၊ တမျိုးတခြားသော အကြောင်းဖြင့်။
(မြတ်စွာဘုရား သာသနာတော်၌ တေဝိဇ္ဇပုဂ္ဂိုလ်ဖြစ်ကြောင်းနှင့် မတူ ကွဲပြား ခြားနားသော အကြောင်းဖြင့်)။
ဗြဟ္မဏာ၊ တို့သည်။
ဗြဟ္မဏံ၊ ကို။
တေဝိဇ္ဇံ၊ သုံးပါးသော ဝိဇ္ဇာရှိသူဟူ၍။
ဝါ၊ တေဝိဇ္ဇပုဂ္ဂိုလ်ဟူ၍။
ပညာပေန္တိ၊ ကုန်၏။
အညထာ စ ပန၊ တမျိုးတခြားသော အကြောင်းဖြင့်သာလျှင်။
(ပုဏ္ဏားတို့ဓလေ့ ထုံးဟောင်း၍ တေဝိဇ္ဇပုဂ္ဂိုလ်ဖြစ်ကြောင့်နှင့်တူ ကွဲပြားခြားနားသော အကြောင်းဖြင့်သာလျှင်)။
အရိယဿ၊ အရိယာ ဖြစ်တော်မူသော မြတ်စွာဘုရား၏။
ဝိနယေ၊ ဆုံးမရာ သာသနာတော်၌။
ဝါ၊ အဆုံးအမတရားတော်၌။
တေဝိဇ္ဇော၊ သုံးပါးသော ဝိဇ္ဇာရှိသော ပုဂ္ဂိုလ်သည်။
ဟောတိ၊ ၏။
ဣတိ (အဝေါစ၊ မိန့်)။
ဘော ဂေါတမ၊ မ။
ကထံ၊ အဘယ်သို့သော အကြောင်းဖြင့်။
အရိယဿ၊ ၏။
ဝိနယေ၊ ၌။
တေ ဝိဇ္ဇော၊ သည်။
ဟောတိ၊ ဖြစ်ပါသနည်း။
[နောက်၌ သာဓု မေ စသော ဝါကျရှိနေသောကြောင့် ဤနေရာ၌ "ယထာ ကထံ" မှ ယထာကို အနက်မရှိ နိပါတ်ကြံပါ။]
သာဓု၊ တောင်းပန်ပါ၏။
ယထာ၊ အကြင်အကြောင်းဖြင့်။
အရိယဿ၊ ၏။
ဝိနယေ၊ ၌။
တေ ဝိဇ္ဇော၊ သည်။
ဟောတိ၊ ဖြစ်၏။
တထာ၊ ထိုအကြောင်းဖြင့်။
(ထိုတေဝိဇ္ဇ ပုဂ္ဂိုလ်ဖြစ်ခြင်း၏ အကြောင်းဖြင့်)။
ဘဝံ ဂေါတမော၊ အရှင်ဂေါတမသည်။
မေ၊ အကျွန်ုပ်အား။
ဓမ္မံ၊ တရားကို။
ဒေသေတု၊ ဟောတော်မူပါ။
ဣတိ၊
(အဝေါစ၊ လျှောက်)။
[တေနဟိ စသည်ကို ဒုကစာပိုဒ် ၁၇ သုတ်ကြည့်။]
။ပ။၊
ဗြာဟ္မဏ၊ ပုဏ္ဏား။
ဣဓ၊ ဤ သာသနာတော်၌။
ဘိက္ခု၊ ရဟန်းသည်။
[ဝိဝိစ္စေဝစသည်ကို ဒုကစာပိုဒ် ၁၃ ၌ကြည့်။]
။ပ။၊
သော၊ ထိုစတုတ္ထဈာန် ရရှိပြီးသော ရဟန်းသည်။
ဧဝံ၊ ဤဆိုအပ်ခဲ့ပြီးသော အစီအစဉ်အတိုင်း။
ဝါ၊ ဤ ပဌမဈာန်ရခြင်းစသော အစဉ်အားဖြင့် စတုတ္ထဈာန်ကို ရပြီး၍။
[ဣမိနာ ပဌမဇ္ဈာနာဓိဂမာဒိနာ ကမေန စတုတ္ထဇ္ဈာနံ ပဋိလဘိတွာတိ ဝုတ္တံ ဟောတိ။ ဝိသုဒ္ဓိမဂ်၊ ဒု၊ ၅။]
စိတ္တေ၊ အဘိညာဉ်၏ အခြေခံ စတုတ္ထဈာန်စိတ်သည်။
သမာဟိတေ၊ စတုတ္ထဈာန်သမာဓိဖြင့် တည်ကြည်လသော်။သမာဟိတေ စိတ္တေ ပုရိသုဒ္ဓေ။ ။ ဤပုဒ်တို့ကို ဝိသုဒ္ဓိမဂ် စသည်တို့ ဖွင်သည့်အတိုင်း ပြည့်စုံစွာ အနက်ပေးလိုလျှင်--- စိတ္တေ- အဘိညာဉ်၏ အခြေခံ စတုတ္ထဈာန် စိတ်သည်၊ ဝါ- ကို၊ သမာဟိတေ- စတုတ္ထဈာန် သာမဓိဖြင့် အာရုံ၌ ကောငး်မွန်တည်တံစွာ ထားအပ်လသော်၊ ဝါ- စတုတ္ထဈာန်သမာဓိဖြင့် တည်ကြည်လသော်၊ [တနည်း- သမာဟိတေ- စတုတ္ထဈာန်သမာဓိဖြင့် တည်ကြည်သော်၊ စိတ္တေ- အဘိညာဉ်၏ အခြေခံ စတုတ္ထဈာန်စိတ်သည်။] ပရိသုဒ္ဒေ- ဥပက္ခေါသည် ဖြစ်စေအပ်သော သတိ၏ စင်ကြယ်ခြင်းဖြင့် ထက်ဝန်းကျင်မှ စင်ကြယ်လသော်။ ( ပရိသုဒ္ဓတ္တာဧဝ- ထက်ဝန်းကျင်မှ စင်ကြယ်သည် အဖြစ်ကြောင့်သာလျှင်) ပရိယောဒါတေ- သော်၊ အနင်္ဂဏေ- သော်၊ (အနင်္ဂဏတ္တာ ဧဝ- ရာဂဒေါသ အည်းအကြေး မရှိသည် အဖြစ်ကြောင့်သာလျှင်) ဝိဂတူပက္ကိလေသေ- စိတ်ကို ပူကပ်၍ နှိစပ်စက်တတ်, ပူပန်စေတတ်သော ရာဂဒေါသမှ ကင်းပြီးလသော်။
[" စိတ္တံ ဥပဂန္တွာ ကိလိဿတိ ဝိဗာဓိယတိ ဥပတာပီယတိ ယေဟိ ရာဂါဒီဟီတိ ဥပက္ကိလေသာ" ဟု အဝုတ္တ ကတ္တုသာဓနသော်လည်းကောင်း" စိတ္တံ ဥပဂန္တွာ ကိလိဿန္တိ ဝိဗာဓန္တိ ဥပတာပေန္တီတိ ဥပက္ကိလေသာ" ဟု ဝုတ္တကတ္တုသာဓနသော်လည်းကောင်း ဝစနတ္ထပြု၍ စိတ်ကို ပူးကပ်၍ နှိပ်စက်တတ်, ပူပန်စေတတ်ကုန်သော ရာဂ ဒေါသတို့ကို "ဥပက္ကိလေသ" ဟု ခေါ်ဆိုပြီးလျှင် "ဝိဂတာ ဥပက္ကိလေသာ ယတော စိတ္တတောတိ ဝိဂတူပက္ကိလေသံ (ကင်းပြီးသော ဥပက္ကိလေသရှိသော စိတ်) ဟူ၍ ပဉ္စမိဗဟုဗ္ဗိဟိသမာဓိတွဲပါ]
မူဒုဘူတေ- ကျေပြွန်စွာ ဖြစ်ပွားစေမူ အလေ့အလာပြုအပ်ပြီးဖြစ်၍ နူညံ့စွာ ဖြစ်လသော်၊ ဝါ- လိုတိုင်းပြီးမြောက် ဝသီဘောတို့ ရောက်ခြင်းအားဖြင့် နူးညံ့စွာဖြစ်လသော် ၊ (မုဒုဘူတတ္တာ ဧဝ- နူးညံ့စွာဖြစ်သည် အဖြစ်ကြောင့် သာလျှင်) ကမ္မနိယေ- သော်၊ ဌိတေ - ဆိုအပ်ပြီးသော ထက်ဝန်းကျင် စင်ကြယ်ခြင်းစသော သဘောတို့၌ ခိုင်မြဲစွာ ရပ်တည်လသော် (ဌိတတ္တာ ဧဝ- ခိုင်မြဲရပ်တည်သည် အဖြစ်ကြောင့်သာလျှင်) အာနေဉ္စပ္ပတ္တေ- သော်၊ [တနည်း- ဌိတေ- မုဒုဘူတ, ကမ္မနိယဖြစ်ခြင်းကြောင့် မိမိအလိုကျ ခိုင်မြဲတည်တံလသော်၊ အာနေဉ္စပ္ပတ္တေ- အဿဒ္ဓိစသော အကုသိုလ်တို့ကြောင့် တုန်လှုပ်ခြင်းမရှိသည် အဖြစ်သို့ ရောက်လသော်။]
တနည်း---စိတ္တေ- အဘိညာယ်၏ အခြေခံ စတုတ္ထဈာန်စိတ်သည်၊ သမာဟိတေ- သော်၊ ပရိသုဒ္ဓေ- နီဝရဏအညစ်အကြေးတို့မှ ထက်ဝန်းကျင် ကင်းဝေးစင်ကြယ်လသော်၊ ပရိယောဒါတေ- ဝိတက်စသော အောက်အာက်ဈာန်အင်္ဂါတို့ကို ပယ်ခွားလွန်မြောက်ခြင်းကြောင့် ထက်ဝန်းကျင်မှ ဖြူစင်လသော်၊ အနင်္ဂဏေ- ဈာန်ရခြင်းကြောင့်ဖြစ်လာတတ်သော မာန, မာယာ, သာဌေယျစသော ယုတ်မာသော အလိုဆိုး အညစ်အကြေးမရှိလသော်၊ ဝိဂတူပက္ကိလေသေ- စိတ်ကို ပူးကပ် နှိပ်စက်တတ်, ပူပန်စေတတ်သော အဘိဇ္ဈာ စသည်ကင်းကွာလသော်၊ မုဒုဘူတေ- လိုတိုင်းပြီးမြောက် ဝသီဘောတို့ ရောက်ခြင်း အားဖြင့် နူးညံ့စွာ ဖြစ်လသော်၊ ကမ္မနိယေ- တန်ခိုး၏ နီးကပ်သော အခြေခံအကြေင်းအဖြစ်သို့ ရောက်ခြင်းကြောင့် တန်ခိုးဖန်ဆင်းခြင်း အမှု၌ ခိုင်ခံ့လျှောက်ပတ်လသော်၊ အာနေဉ္စပ္ပတ္တေ- ပြည့်စုံလုံလောက်၍ မြင့်မြတ်သည် အဖြစ်သို့ရောက်ခြင်းဖြင့် ခိုင်မဲတည်တံ့လသော်။ [ဤနောက်နည်း၌ "အာနေဉ္စပ္ပတ္တေ" ပုဒ်သည် "ဌိတေ" ၏ ဝိသေသန။] ပရိယောဒါတေ၊ ထက်ဝန်းကျင်မှ ဖြူစင်လသော်။ အနင်္ဂဏေ၊ ရာဂဒေါသ အညစ်အကြေး မရှိလသော်။ ဝိဂတူပက္ကိလေသေ၊ စိတ်ကိူ ပူးကပ်နှိပ်စက်တတ်သော ရာဂါဒေါ ကင်းကွာပြီးလသော်။ မုဒုဘူတေ၊ နူးညံ့စွာ ဖြစ်လသော်။ ကမ္မနိယေ၊ တန်ခိုးဖန်ဆင်းခြင်းအမှုကိစ္စ၌ ခိုင်ခံ့လျှောက်ပတ်လသော်။ ဌိတေ၊ ခိုင်မြဲတည်တံ့လသော်။ အာနေဉ္စပ္ပတ္တေ၊ တုန်လှုပ်ခြင်း မရှိသည် အဖြစ်သို့ ရောက်လသော်။ ပုဗ္ဗေနိဝါသာနုဿတိဉာဏာယ၊ ပုဗ္ဗေနိဝါသာနုဿတိဉာဏ်အကျိုးငှာ။ ဝါ၊ ရှေးဘဝက နေခဲ့ဘူးသော ခန္ဓာအစဉ်ကို အစဉ်လျှောက်၍ အောက်မေ့ကြောင်း သတိနှင့်ယှဉ်သော ဉာဏ်အကျိုးငှာ။ ဝါ၊ ရှေးဘဝ၌ မိမိစိတ်, သူတပါးစိတ်ဖြင့် တွေ့ကြုံအားရုံပြုနေအပ်, ခွဲခြားသိမြင်အပ်သော တရားတို့ကို အောက်မေ့ကြောင်းသတိနှင့်ယှဉ်သော ဉာဏ်အကျိုးငှာ။ စိတ္တံ၊ ပရိကမ်စိတ်ကို။ ဝါ၊ ပုဗ္ဗေနိဝါသာနုဿတိညာဏ်၏ ရှေ့ပြေးဖြစ်သော ကြိုတင်စီစဉ် ပြုလုပ်တတ်သော စိတ်ကို။ အဘိနိန္နာမေတိ၊ ပုဗ္ဗေနိဝါသသို့ ရှေ့ရှုညွှတ်စေ၏။ [ပရိကမ်စိတ်ဟူသည် ပုဗ္ဗေနိဝါသာနုဿတိဉာဏ် ဖြစ်ပေါ်လာအောင် ကြိုတင်စီစဉ်ပြုလုပ်သော ကာမာဝစရမဟာကုသိုလ်ကြိယာစိတ်တည်း။ ထိုပရိကမ်စိတ်ကို ပုဗ္ဗေနိဝါသ (ရှေးဘဝ) ဆီသို့ ပို့လိုက်, နှင်လိုက်, ဦးလှည့်လိုက်မှသာ ပုဗေ္္ဗနိဝါသာနုဿတီဉာဏ် ဖြစ်ပေါ်လာသည်။ ဤပုဗ္ဗေနိဝါသာနုဿတိဉာဏ်အခန်းအတွက် အကျယ်တဝင့် ဖွင့်ပြသင့်သော တချို့အဖွင့်များကို အဋ္ဌကနိပါတ် စာပိုဒ် (၁၁) ဝေရဉ္စသုတ်နိဿယ၌ ဆက်လက် ကြည့်ကြပါကုန်။]

သော၊ ထို ရဟန်းသည်။
(ပရိကမ်စိတ်ကို ပုဗ္ဗေနိဝါသသို့ ရှေ့ရှုညွတ်စေသော ထိုရဟန်းသည်) ။
အနေကဝိဟိတံ၊ များသော အပြားရှိသော။
(ဘဝ, ယောနိ, ဂတိ စသည်ဖြင့် များသော အမျိုးအစား အကွဲအပြားရှိသော)။
ဝါ၊ အမည်, အနွယ်စသော များသော အမျိုးအစား အကွဲအပြားတို့နှင့်တကွ ချဲ့ထွင် ဖွင့်ပြအပ်သော ။
ပုဗ္ဗေနိဝါသံ၊ ရှေးဘဝ၌ နေအပ်ခဲ့ဖူးအပ်သော ခန္ဓာအစဉ်ကို။
ဝါ၊ ရှေးဘဝ၌ နေအပ်ခဲ့ဘူးသော ခန္ဓာအစဉ်နှင့်တကွ ထိုခန္ဓာအစဉ်နှင့် ဆက်စပ်သော အမည် အနွယ် စသည်ကို။
အနုဿရတိ၊ အစဉ်လျှောက်၍ လျှောက်၍ အောက်မေ့၏။
သေယျထိဒံ၊ အဘယ်သို့သော ပုဗ္ဗေနိဝါသကို။
(အနုဿရတိ၊ နည်းဟူမူ)။
ဧကမ္ပိ ဇာတိံ၊ တခုသော ဘဝကိုလည်းကောင်း။
ဒွေပိ ဇာတိယော၊ နှစ်ခုကုန်သော ဘဝတို့ကိုလည်းကောင်း။
တိဿောပိ ဇာတိယော၊ သုံးခုကုန်သော ဘဝတို့ကိုလည်းကောင်း။
စတဿောပိ ဇာတိယော၊ လေးခုကုန်သော ဘဝတို့ကိုလည်းကောင်း။
ပဉ္စပိ ဇာတိယော၊ ငါးခုကုန်သော ဘဝတိုကိုလည်းကောင်း။
ဝီသမ္ပိ ဇာတိယော၊ ၂၀ သော ဘဝတို့ကို လည်းကောင်း။
တိံ သမ္ပိ ဇာတိယော၊ ၃၀ သော ဘဝတို့ကိုလည််းကောင်း။
စတ္တာရီသမ္ပိ ဇာတိယော၊ ၄၀ သော ဘဝတို့ကိုလည်းကောင်း။
ပညာသမ္ပိ ဇာတိယော၊ ၅၀ သော ဘဝတို့ကိုလည်းကောင်း။
ဇာတိသတမ္ပိ၊ ဘဝအရာကိုလည်းကောင်း။
ဇာတိသဟဿမ္ပိ၊ ဘဝအထောင်ကိုလည်းကောင်း။
ဇာတိသတ သဟဿမ္ပိ၊ ဘဝအသိန်းကို လည်းကောင်း။
အနေကေပိ သံဝဋ္ဋကပ္ပေ၊ များစွာကုန်သော သံဝဋ္ဋကပ်တို့ကိုလည်းကောင်း။
ဝါ၊ များစွာကုန်သော ပျက်စီးဆဲ အသင်္ချေယျကပ်တို့ကိုလည်းကောင်း။
အနေကေပိ ဝိဝဋ္ဋကပ္ပေ၊ များစွာကုန်သော ဝိဝဋ္ဋကပ်တို့ကိုလည်းကောင်း။
ဝါ၊ များစွာကုန်သော ဖြစ်ပွားဆဲ အသင်္ချေယျကပ်တို့ကိုလည်းကောင်း။
အနေကေပိ သံဝဋ္ဋဝိဝဋ္ဋကပ္ပေ၊ များစွာကုန်သော သံဝဋ္ဋကပ်, ဝိဝဋ္ဋကပ်တို့ကိုလည်းကောင်း။
(အနုဿရတိ၊ အစဉ်လျှောက်၍ လျှောက်၍ အောက်မေ့၏။
ကိန္တိ၊ အဘယ်သို့ အနုဿရတိ= နည်းဟူမူ)။
(အဟံ၊ ငါသည်)။
အမုတြ၊ ထိုမည်သော သံဝဋ္ဋကပ်, ဘဝ, ယောနိ, ဂတိ၌။
အမုတြသဒ္ဒါ၏ အနက် (၂) နည်း။ ။ "အမုတြ- ထိုမည်သော သံဝဋ္ဋ ကပ်ဝယ် ထိုမည်သောဘဝ, ထိုမည်သော ယောနိ, ထိုမည်သောဂတိ၌ " စသည်ဖြင့် အနက်ဆိုလို၏။ များစွာသော သံဝဋ္ဋကပ်နှင့် များစွာသော ဘဝ, ယောနိ, ဂတိ စသည်တို့ကို တခုတည်းပေါင်းစုကာ အမုတြသဒ္ဒါ တခုတည်းဖြင့် သာမညမျှ ညွှန်ပြလိုက်ခြင်းတည်း၊ (တနည်း) အမုတြ- ထိုမည် ထိုမည်သော သံဝဋ္ဋကပ်ဝယ် ထိုမည်ထိုမည်သော ဘဝ, ထိုမည်ထိုမည်သော ယောနိ, ထိုမည်ထိုမည်သော ဂတိ၌ ဟု အနက်ဆို၊ အမုတြ အမုတြ အာသိံ ဟု ဆိုလိုလျက် အမုတြတပုဒ်ချေထားခြင်း (ဝိစ္ဆာလောပ) တည်း။
ဧဝံနာမော၊ ဤသို့သော နာမည်ရှိသူသည်။
ဧဝံ ဂေါတ္တော၊ ဤသို့သော အနွယ်ရှိသူသည်။
ဧဝံ ဝဏ္ဏော၊ ဤသို့သော အဆင်းရှိသူသည်။
ဧဝမာဟာရော၊ ဤသို့သော အစာအာဟာရ ရှိသူသည်။
ဧဝံ သုခ ဒုက္ခပ္ပဋိသံဝေဒိ၊ ဤသို့သော သုခဒုက္ခတို့ကို ခံစားခြင်း ရှိသူသည်။
ဧဝမာယာပရိယန္ထော၊ ဤသို့သော အသက်အပိုင်းအခြား ရှိသူသည်။
အာသိံ၊ ဖြစ်ခဲ့ပြီ။
သော (အဟံ)၊ ထိုငါသည်။
တတော၊ ထိုဘဝ, ယောနိ, ဂတိမှ။
(ထိုဘဝ, ယောနိ, ဂတိ, ဝီညာဏဋ္ဌိတိ, သတ္တာဝါသ, သတ္တိကာယမှ) ။
စုတော၊ ရွေ့လျောစုတေ သေလွန်ခဲ့သည်။
(ဟုတွာ၊ ဖြစ်၍)။
အမုတြ၊ ထိုမည်သော ဘဝ, ယောနိ, ဂတိ၌။
ဥဒပါဒိံ၊ ဖြစ်ခဲ့ပြီ။
တတြာပိ၊ ထိုဘဝ, ယောနိ, ဂတိ၌လည်း။
(အဟံ၊ ငါသည်)။
ဧဝံနာမော၊ သည်။
။ပ။၊
ဧဝမာယုပရိယန္တော၊ သည်။
အသိံ၊ ဖြစ်ခဲ့ဘူးပြီ။
သော (အဟံ)၊ သည်။
တတော၊ ထိုဘဝယောနိဂတိမှ။
စုတော၊ သည်။
(ဟုတွာ) ဣဓ၊ ဤယခုဘဝ, ဤမည်သော အမျိုးအနွယ်၌။
ဥပပန္နော၊ ဖြစ်ရပြီ။
ဣတိ၊ ဤသို့။
(အနုဿရတိ၊ ၏)။
ဣတိ၊ ဤသို့။
သာကာရံ၊ (ဝဏ္ဏ, အာဟာ ရစသော) အခြင်းအရာတို့နှင့် တကွဖြစ်သော။
ဝါ၊ မြင်ရုံမျှဖြင့် မည်သူမည်ဝါဟု သိနိုင်ကြောင်းဖြစ်သော ဝဏ္ဏ, အာဟာရ စသည်တို့နှင့် တကွဖြစ်သော။
[အာကရိယတိ ဒိသွာဝ သတ္တော ဝိညာယတိ ဧတေဟီတိ အာကာရာ ဟု ဝိဂြိုလ်ပြု၍ ဝဏ္ဏ, အာဟာရ, သုခဒုက္ခ ပဋိသံဝေဒန, အာယုပရိယန္တ တို့ကို အာကာရ ဟု ခေါ်၏။ ထို့နောက် သဟ အာကာရေဟိ ယော ပုဗ္ဗေနိဝါသော ဝတ္တတီတိ သာကာရော။]
သဥဒ္ဒေသံ၊ ညွှန်ပြ ပြောဆိုကြောင်းဖြစ်သော နာမ, ဂေါတ္တနှင့် တကွဖြစ်သော။
[ဥဒ္ဒိသီယတိ သတ္တော ဧတေနာတိ ဥဒ္ဒေသော၊ သတ္တဝါ တဦးတယောက်ကို မြင်ရုံမျှဖြင့် မသိနိုင်၍ သိအောင် ညွှန်ပြပြောဆိုကြောင်း အမည်, အနွယ်တည်း။ သဟ ဥဒ္ဒေသေန ယော ပုဗ္ဗေနိဝါသော ဝတ္တတီတိ သဥဒ္ဒေသော။]
အနေကဝိဟိတံ၊ သော။
ပုဗ္ဗေနိဝါသံ၊ ကို။
အနုဿရတိ၊ ၏။
အဿ၊ ထိုရဟန်းသည်။
ဝါ၊ ထိုရဟန်းမှာ။
ပဌမာ၊ ရှေးဦးစွာ ဖြစ်ပေါ်လာသော။
အယံ ဝိဇ္ဇာ၊ ဤ ပုဗ္ဗေနိဝါသကို သိတတ်သော ဉာဏ်ကို။
ဝါ၊ သည်။
အဓိဂတာ၊ ရအပ်သည်။
ဟောတိ၊ ဖြစ်သည်။
["ဘထာ တံ ။ပ။ ဝိဟရတော" ဟူသော ဥပမာနဝါကျကို ရှေးဦးစွာ အနက်ပေးပြီးမှ "အဝိဇ္ဇာ ဝိဟတာ ။ပ။ ဥပ္ပန္နော" ဟူသော ဥပမေယျ ဝါကျကို အနက်ပေးမည်၊ ထို၌လည်း ဥပမေယျဝါကျမှ ဝိဟတာကို ဝိဟယျေယျဟု လည်းကောင်း, ဥပ္ပန္နာကို ဥပ္ပဇ္ဇေယျဟုလည်းကောင်း အာချာတ်ကြိယာ ပြောင်းလဲကား ဥပမာန ဝါကျဘက်သို့ ဆောင်ယူ၍ အနက်ပေးမည်၊ ယသ္မာ, တသ္မာ, ဧဝမေဝံ, တဿ တို့ကား အသစ်ထွက်စွက်ပေးရသော ပါဌ်တို့တည်း။]
အပ္ပမတ္တဿ၊ မမေ့လျော့ဘဲ။
အာတာပိနော၊ ကိလေသာတို့ကို ပူပန် လောင်ကျွမ်းစေတတ်သော ဝီရိယရှိလျက်။
ပဟိတတ္တဿ၊ ရဲဝံ့စွန့်စား စွန့်လွှတ်ထားအပ်သော စိတ်ရှိလျက်။
(ပုဗ္ဗေနိဝါသာနုဿတိဉာဏ်ကို ရခြင်းငှာ ကိုယ်နှင့်အသက် အငဲ့ကွက်ဘဲ ရဲဝံ့စွန့်စား စွန့်လွှတ်ထားအပ်သော စိတ်ရှိလျက်) ။
[ပဟိတ၊ စေလွှတ်အပ်သော+
အတ္တာ၊ စိတ် (ရှိသူ)။]
ဝိဟာရတော၊ နေသော ပုဂ္ဂိုလ် တဦးဦးမှာ။
ယသ္မာ၊ အကြင့်ကြောင့်။
ဝိဇ္ဇာ၊ ပုဗ္ဗေနိဝါသကို သိတတ်သော ဉာဏ်သည်။
ဥပ္ပဇ္ဇေယျ၊ ဖြစ်ပေါ်လာရာ၏။
တသ္မာ၊ ထို့ကြောင့်။
အဝိဇ္ဇာ၊ အဝိဇ္ဇာကို။
ဝါ၊ ပုဗ္ဗေနိဝါသကို ဖုံးကွယ်တတ်သော မောဟကို။
ဝါ၊ သည်။
ဝိဟညေယျ ယထာ၊ ဖျက်ဆီးအပ်ရာ သကဲ့သို့။
ဝါ၊ ကင်းကွာ ပျက်စီးရာသကဲ့သို့။
ယသ္မာ၊ ကြောင့်။
အာလောကော၊ ပုဗ္ဗေနိဝါသဉာဏ်အရောင်အလင်းသည်။
ဥပ္ပဇ္ဇေယျ၊ ဖြစ်ပေါ်လာရာ၏။
တသ္မာ၊ ထို့ကြောင့်။
တမော၊ အဝိဇ္ဇာ အမိုက်မှောင်ကို။
ဝါ၊ သည်။
ဝိဟညေယျ ယထာ၊ ကဲ့သို့။
ဝါ၊ ကဲ့သို့ ။
["ယထာ တံ"မှ တံ အနက်မရှိ။]
ဧဝမေဝံ၊ ဤအတူပင်။
တဿ၊ ထို ပုဗ္ဗေနိဝါသဉာဏ် ဝိဇ္ဇာကို ရပြီးသော ရဟန်းမှာ။
[ယခုအခါ၌ "အဝိဇ္ဇာ ဝိဟတာ။ ပ ။ ဥပ္ပန္နော" ဟူသော ဥပမေယျ ဝါကျ တိုကို အနက်ပေးမည်၊ အကြောင်းအကျိုး ပေါ်လွင်အာင် ဝါကျကို ရှေ့နောက်ပြပြီး ယသ္မာ တသ္မာ ထည့်စွက်၍ အဋ္ဌကထာ ဖွင့်သည့်အတိုင်း အနက်ပေးမည်။]
ယသ္မာ၊ ကြောင့်။
ဝိဇ္ဇာ၊ ပုဗ္ဗေနိဝါသကို သိတတ်သော ဉာဏ်သည်။
ဥပ္ပန္နာ၊ ဖြစ်ပေါ်လာပြီ။
တသ္မာ၊ ကြောင့်။
အဝိဇ္ဇာ၊ အဝိဇ္ဇာကို။
ဝါ၊ ပုဗ္ဗေနိဝါသကို ဖုံးကွယ်တတ်သော မောဟကို။
ဝါ၊ သည်။
ဝိဟတာ၊ ဖျက်ဆီးအပ်ပြီ။
ဝါ၊ ကင်းကွာ ပျက်စီးပြီ။
["အဝိဇ္ဇာကို+ ဖျက်ဆီးအပ်ပြီ" ဟုလည်းကောင်း၊ "အဝိဇ္ဇာသည်+ ကင်းကွာပျက်စီးပြီ" ဟုလည်းကောင်း ဆက်စပ်၍ အဓိပ္ပါယ်ယူပါ။ ဝိဟတာကို အဋ္ဌကထာ၌ ဝိနဋ္ဌာဟု ကတ္တားအနက် ဖွင့်၌ ဋီကာ၌ ဝိဒ္ဓသ္တာဟု ကံအနက်အဖွင့်၏။]
ယသ္မာ၊ ကြောင့်။
အာလောကော၊ ပုဗ္ဗေနိဝါသဉာဏ် အရောင်အလင်းသည်။
ဥပ္ပန္နော၊ ဖြစ်ပေါ်လာပြီ။
တသ္မာ၊ ကြောင့်။
တမော၊ အဝိဇ္ဇာအမိုက်မှောင်ကို။
ဝါ၊ သည်။
ဝိဟတော၊ ဖျက်ဆီးအပ်ပြီ။
ဝါ၊ ကင်းကွား ပျက်စီးပြီ။
သော၊ စတုတ္ထဈာန်ရပြီးသော ထိုရဟန်းသည်။
ဧဝံ၊ တိုင်း။
ဝါ၊ ၍။
။ပ။၊
သတ္တာနံ၊ သတ္တဝါတို့၏။
စုတူပပါတဉာဏာယ၊ စုတိပဋိသန္ဓေကို သိမြင်သော ဒိဗ္ဗစက္ခုဉာဏ်အကျိုးငှာ။
ဝါ၊ စုတေခါနီးနှင့် ပဋိသန္ဓေနေပြီးစ သတ္တဝါတို့ကို သိမြင်တ်သော ဒိဗ္ဗစက္ခုဉာဏ်အကျိုးငှာ။
[စုတိ စ ဥပပါတော စ စုတူပ ပါတံ၊ စုတိနှင့် ပဋိသန္ဓေ၊ တသ္မိဉာဏံ စုတူပပါတဉာဏံ၊ ဒိဗ္ဗစဥ္ခု ဉာဏ်ကိုပင် စုတူပပါတဉာဏ်ဟု ခေါ်၏။]
စိတ္တံ၊ ပရိကမ်စိတ်ကို။
ဝါ၊ ဒိဗ္ဗစက္ခု ဉာဏ်၏ရှေ့ပြေးဖြစ်သော ကြိုတင်စီစဉ်ပြုလုပ်သော စိတ်ကို။
အဘိနိန္နာမေတိ၊ စုတူပပါတသို့ ရှေ့ရှု ညွတ်စေ၏။
သော၊ ထိုရဟန်းသည်။
(ပရိကမ်စိတ်ကို စုတူပပါတသို့ ရှေ့ရှုညွတ်စေသော ထိုရဟန်းသည်)။
ဒိဗ္ဗေန၊ နတ်ပြည်၌ ဖြ်စသော ပသာဒစက္ခုနှင့်တူသော။
ဒိဗ္ဗသဒ္ုါ၏ အနက်အဖွင့်များ။ ။ ဒိဝိ ဘဝံ ဒိဗ္ဗံ- နတ်ပြည်၌ဖြစ်သော ပသာဒစက္ခု၊ ဒိဗ္ဗံ ဝိယာတိ ဒိဗ္ဗံ- ၎င်းနှင့်တူသော အဘိညာဉ်စက္ခု၊ (တနည်း) ဒိဗ္ဗေန- ဒိဗ္ဗဝိဟာရဖြစ်သော ရူပဈာန်လေးပါးတို့၏ အစွမ်းဖြင့် ရအပ်သော [အကြောင်းရူပဈာန်လေးပါးကို ဒိဗ္ဗဟုခေါ်၏။ သို့သော် ဤ၌မူ အကျိုးအဘိညာဉ် စက္ခုတိုင်အောင် ကာရဏူပစာရအားဖြင့် ဆွဲယူ၍ (အဋ္ဌကထာအဖွင့်သည့်အတိုင်း) အနက်ပေးသည်။]ဝါ- ဝါဒကဈာန်ဖြစ်သော ဒိဗ္ဗဝိဟာရကို မှီသော။ [မှီရာဌာန ပါဒကဈာန်၏ ဒိဗ္ဗဟူသော နာမည်ကို ဌာနီအဘိညာဉ်စက္ခု၌ တင်စားသော ဌာနူပစာရတည်း။] ဝါ- ဒိဗ္ဗဝိဟာရ ဈာန်လေးပါး၌ ပါဝင်သော နိဿယပစ္စည်းဖြစ်သော ယှဉ်ဘက်ရူပါဝစရစတုတ္ထ ဈာန်ကို မှီသော ။[ဌာနူပစာရပင်။] ဝါ- ထွန်းလင်းတောက်ပတတ်သော ။ [ဒိဗ္ဗတိ ဇောတယတီတိ ဒိဗ္ဗံ၊ ဒိဝု+ ဏျ] ဝါ- နံရံနှင့် တောင်စသည်တို့ကို မငြိမပ်, ထုတ်ချင်းခတ်လျက် ဖြစ်တတ် ဖြစ်တတ်သော [ဒိဗ္ဗတိ ဂစ္ဆတိ အသဇ္ဇမာနံ ပဝတ္တတီတိ ဒိဗ္ဗံ။]
ဝိသုဒ္ဓေန၊ အယူစင်ကြယ်ကြောင်းဖြစ်သော။
(စုတိပဋိသန္ဓေနှစ်မျိုးလုံးကို မြင်ခြင်းကြောင့် ဥစ္ဆေဒဒိဋ္ဌိ, နဝသတ္တပါတုဘာဝဒိဋ္ဌိဟူသော အယူမှားတို့မှ ကင်းဝေးစင်ကြယ်ကြောင်းဖြစ်သော)။
ဝါ၊ ဝိစိကိစ္ဆာ အစရှိသော တဆယ့်တပါးသော အညစ်အကြေးတို့မှ ကင်းဝေးစင်ကြယ်သော။
အတိက္ကန္တ မာနသကေန၊ လူတို့မြင်နိုင်သော ရူပါရုံကို ကျော်လွန်၍ မြင်နိုင်သော။
အတိက္ကန္တ မာနုသကေန။ ။ မနုဿာနံ ဣဒန္တိ မာနုသကံ- လူတို့၏ ဥစ္စာဖြစ်သော ရူပါရုံ, ဝါ- လူတို့မြင်နိုင်သော ရူပါရုံ၊ မာနုသကံ- လူတို့ဥစ်စာဖြစ်သော ရူပါရုံကို ၊ ဝါ- လူတို့မြင်နိုင်သော ရူပါရုံကို၊ အတိက္ကန္တံ- ကျော်လွန်သော (ကျော်လွန်၍မြင်နိုင်သော) အဘိညာဉ်စက္ခု၊ (တနည်း) မာနုသကံ- လူတို့၏ ဥစ္စာဖြစ်သော မံသစက္ခုကို၊ ဝါ- ယင်းစက္ခု၏ မြင်နိုင်ခြင်းကို၊ အတိက္ကန္တံ- ကျော်လွန်သော အဘိညာဉ်စက္ခု, မာနုသကာတိက္ကန္တံဟု ဆိုလိုလျက် ရှေ့နောက်ပြ၍ အတိက္ကန္တ မာနုသကံ ဟု ဆိုသည်။
[ရိုးရိုးလူတို့မြင်နိုင်သော အဆင်းရူပါရုံကို ကျော်လွန်၍ နတ်ရူပါရုံနှင့် နံရံ, တောင်ခြားကွယ်နေသော ရူပါရုံ, ဝေးကွာလှစါာ သေးငယ်စွာသော ရူပါရုံကို မြင်နိုင်သော။]
စက္ခုနာ၊ အဘိညာဉ်မျက်စိဖြင့်။
စဝမာနေ၊ စုတေခါနီးကုန်သော။
သတ္တေ၊ သတ္တဝါတို့ကိုလည်းကောင်း။
ဥပပဇ္ဇမာနေ၊ ပဋိသန္ဓေ နေပြီးခါစ ဖြစ်ကုန်သော။
သတ္တေ၊ သတ္တဝါတို့ကိုလည်းကောင်း။
ဟီနေ၊ ယုတ်နိမ့်အောက်ကျကုန်သော။
သတ္တေ၊ လည်းကောင်း။
ပဏီတေ၊ မြင့်မြတ်ကုန်သော။
သတ္တေ၊ လည်းကောင်း။
သုဝဏ္ဏေ၊ ကောင်းသော အဆင်းရှိကုန်သော။
ဝါ၊ အဆင်းလှကုန်သော။
သတ္တေ၊ လည်းကောင်း။
ဒုဗ္ဗဏ္ဏေ၊ မကောင်းသော အဆင်းရှိကုန်သော။
ဝါ၊ အဆင်းမလှကုန်သော။
သတ္တေ၊ လည်းကောင်း။
သုဂတေ၊ ကောင်းသော ဘဝသို့ လားရောက်နေကြကုန်သော။
[သုန္ဒရံ ဂတိံ ဂတာ သုဂတာ။]
ဝါ၊ (ဥစ္စာန, ပေါကြွယ်ဝ၍) သုခသို့ ရောက်နေကြကုန်သော။
[သုခံ ဂတာ သုဂတာ။]
သတ္တေ၊ လည်းကောင်း။
ဒုဂ္ဂတေ၊ ဆင်းရဲနွမ်းပါးသော ဘဝသို့ လားရောက်နေကြကုန်လော။
[ဒုက္ခံ ဂတိံ ဂတာ ဒုဂ္ဂတာ။]
ဝါ၊ ဥစ္စာမဲ့မွဲ ဆင်းရဲခြင်းသို့ ရောက်နေကြကုန်သော။
[ဒုက္ခံ ဂတာ ဒုဂ္ဂတာ။]
သတ္တေ၊ သတ္တဝါ တို့ကိုလည်းကောင်း။
ပဿတိ၊ မြင်ရ၏။
[ဤနေရာ၌ အကျယ်ဖွင့် အနက်များနှင့် ရှင်းလင်းချက်တို့ကို အဋ္ဌကနိပါတ်စာပိုဒ် (၁၁) ဝေရဉ္စ သုတ်ကြည့်။]
ယထာကမ္မူပဂေ၊ မိမိတို့ ဆည်းပူးအားထုတ်ခဲ့သမျျဗသာ ကံအသီးသီး ကြောင့်ထိုထိုဘဝသို့ လားရောက်နေကြကုန်သော။
[ယထာကမ္မ၊ မိမိတို့ ဆည်းပူးအားထုတ်အပ်ခဲ့သမျှသော ကံအသီးသီးကြောင့်။
ဥပဂ၊ လားရောက်နေကြသော။]
သတ္တေ၊ သတ္တဝါတို့ကိုလည်း။
ပဇာနာတိ၊ သိ၍။
(ကိန္တိ၊ အဘယ်သို့။
ပဇာနာတိ၊ သိသနည်းဟူမူ)။
ဘောန္တော၊ အိုအချင်းတို့။
ဝတ၊ ဖြစ်မဖြစ် ရလေခြင်း။
[ဝတသဒ္ုါကို ခေဒအနက်ဟောကြံ]
ဣမေ သတ္တာ၊ ဤသတ္တဝါတို့သည်။
ကာယဒုစ္စရိတေန၊ ကာယဒုစ္စရိတ်အကုသိုနှင့်။
[ဧကကစာပိုဒ် ၂၈၄ စသည်ကြည့်။]
သမန္နာဂတာ၊ ပြည်စုံကြကုန်၏။
။ပ။၊
မနောဒုစ္စရိတေန၊ နှင့်။
သမန္နာဂတာ၊ ကုန်၏။
အရိယာနံ၊ ဘုရားအစရှိသော အရိယာသူတော်ကောင်းတို့ကို။
ဥပဝါဒကာ၊ ကဲ့ရဲ့စွပ်စွဲ ဆဲရေးကြကုန်၏။
မိစ္ဆာဒိဋ္ဌိကာ၊ လွဲမှားဖောက်ပြန်သော အယူရှိကြကုန်၏။
မိစ္ဆာဒိဋ္ဌိကမ္မသမာဒါနာ၊ မိစ္ဆာဒိဋ္ဌိ၏ အစွမ်းဖြင့် ကောင်းစွာ လက်ခံကျင့်သုံးအပ်သော ကံအမျိုးမျိုးရှိကုန်၏။
[သမာဒါန၊ ကောင်းစွာ လက်ခံကျင့်သုံးအပ်သော+
ကမ္မ၊ ကံအမျိုးမျိုး။]
ဝါ၊ မိစ္ဆာဒိဋ္ဌိ၏ အစွမ်းဖြင့် ကာယကံစသည်တို့၌ သူတပါးတို့ကို လက်ခံကျင့်သုံးစေကြကုန်၏။
တေ၊ ထို သတ္တဝါတိ့သည်။
။ပ။၊
နိရယံ၊ သို့။
ဥပပန္နာ၊ ကပ်ရောက်ကြရကုန်၏။အပါယံ ။ပ။ နိရယံ ဥပပန္နာ။ ။ (တနည်း) အပါယံ- သုဂတိဘဝမှကင်းကွာသော ငရဲ, တိရစ္ဆာ, ပြိတ္တာ အသုရကယ်လးသွယ်သော ဘဝသို့လည်းကောင်း၊ ဒုဂ္ဂတိံ- ဒုက္ခ၏ ဖြစ်ရာ ငရဲ, ပြိတ္တာ, အသုရကာယ် သုံးသွယ်သော ဘဝသို့လည်းကောင်း၊ ဝိနိပါတံ- စည်းစိမ်ချမ်းသာအပေါင်းမှ ပျက်စီးလျက် ကျရောက်ရာ ငရဲ, အသုရကာယ် နှစ်သွယ်သော ဘဝသို့လည်းကောင်း၊ နိရယံ- သာယာဘွယ်သုခ အနည်းငယ်မျှ မရှိရာ အဝိစီစသော ငရဲသို့ လည်းကောင်း၊ ဥပပန္နာ- လားရောက်ကြကုန်၏။
ဤနည်း၌ အပါယမှ အယသဒ္ဒါသည် သုဂတိ အနက်ဟောတည်း၊ ဧတိ ပဝတ္တတိ သုခံ ဟတ္တာတိ အယော- သုခ၏ ဖြစ်ရာဘဝ (သုဂတိဘဝ)။ သမ္မသမုဿယေဟိ ဝိနိပတန္တိ ဧတ္ထာတိ ဝိနိပါတော- အားလုံးသော ချမ်းသာ စည်းစိမ် ဂုဏ်သိရ် သမ္ပတ္တိ အစုအဝေးတို့မှ ပျက်စီးလျက် ကျရောက်ရာဘဝ။
ကမ္မပ္ပဝစနီယဖြစ်သင့်မသင့်။ ။ ဤနေရာ၌ ဥပပန္နာမှ ဥပသဒ္ဒါကို ကမ္မပ္ပဝစနီယဟု မိန့်ဆိုတော်မူလိုကြ၏။ သို့သော် အကဘ်၍ ကမ္မပ္ပဝစနီယ ဖြစ်သည်မှန်လျှင် ထိုဥပသဒ္ဒါသည် လက္ခဏ, ဣတ္ထမ္ဘူတာဈာနစသော အနက်တို့တွင် မည်သည့်အနက်ကို ထွန်းပြသနည်းဟု စဉ်းစားရန် ရှိ၏။ ပါဠိသဒ္ုါ ကျမ်းတို့၌ ကမ္မပ္ပဝစနီယအမည်စားရင်းမှပင် ဥပသဒ္ုါကို မထည့်သွင်းကြ၊ အဋ္ဌကထာ၌လည်း "ဥပပန္နာတိ ဥပဂတာ" ဟု ဖွင့်ပြီးနောက် သတ္တမီအနက် အတွက်ကိုမူ" တတ္ထ အဘိနိဗ္ဗတ္တာတိ အဓိပ္ပါယော" ဟု အဓိပ္ပါယ်မျှသာဖွင့်၏။ ဤအင်္ဂုတ္တိုရ်မူ။ ဒု (၃၃၂) ၌လည်း "သဟဗျတံ ဥပပဇ္ဇတီတိ သဟဘာဝံ ဂစ္ဆတိ (ဥပဂစ္ဆတိ) တတ္ထ နိဗ္ဗတ္တတီတိ အတ္ထော" ဟု လားတူပင် ဖွင့်၏။ တနည်း အားဖြင့်မူ ယင်းသို့ အဓိပ္ပါယ်ဖွင့်ဟု မကြံဘဲ "ဥပပန္နာ"၌ ဥပသသဒ္ဓါကို ဓာတွတ္တာနုဝတ္တကကြံ၍ ဒုတိယာဝိဘတ်ကို သတ္တမိအနက်ဟောကြံနိုင်၏။ ဤသို့အားဖြင့် ဥပပန္နာ၌ ဥပသည် ကမ္မပ္ပဝစနီယ မဖြစ်သင့်ရကား ထိုဥပသဒ္ဒါ နှင့်အပါယံ စသော ပုဒ်တို့ကို တွဲ၍ "အပါယံဥပ- ၌၊ ပန္နာ- ဖြစ်ကြရကုန်၏" ဟူ၍ အနက်မပြန်ဆိုသင့်၊ သတ္တကနိပါတ်စာပိုဒ် (၅၃) နန္ဒမာတာသုတ် "ယက္ခယောနိ ဥပပန္နာ" ၌လည်း ရေးထားပါသေးသည်။ ဝါ၊ လားရောက်ကြရကုန်၏။ (တနည်း)နိရယံ၊ ၌။ ဥပပန္နာ၊ ဖြစ်ကြရကုန်၏။ [ဧကကနိပါတ် စာပိုဒ် (၄၃) လည်းကြည့်။ ]

ဣမေ ဝါ ပန သတ္တာ၊ ဤသတ္တဝါတို့သည်ကား။
ကာယသုစရိတေန၊ ကာယဿုစရိတ်ကုသိုလ်နှင့်။
[ဧကကစာပိုဒ် ၂၈၇ စသည်ကြည့်။]
။ပ။၊
အနုပဝါဒကာ၊ မကဲ့ရဲ့ မစွပ်စွဲ မဆဲရေးကြကုန်။
သမ္မာဒိဋ္ဌိကာ၊ မှန်ကန်သော အယူရှိကြကုန်၏။
သမ္မာဒိဋ္ဌိကမ္မသမာဒါနာ၊ သမ္မာဒိဋ္ဌိ၏ အစွမ်းဖြင့် ကောင်းစွာ ခံယူ ကျင့်သုံးအပ်သော ကံအမျိုးမျိုး ရှိကုန်၏။
ဝါ၊ သမ္မာဒိဋ္ဌိ၏ အစွမ်းဖြင့် ကာယကံစသည်တို့၌ သူတပါးတို့ကို ကောင်းစွာခံယူ ကျင့်သုံးစေကြကုန်၏။
တေ၊ ထို သတ္တဝါတို့သည်။
။ပ။၊
သုဂတိံ၊ ကောင်းသော လားရောက်ရာ ဖြစ်သော။
လောကံ၊ လူ့ဘုံဘဝသို့လည်းကောင်း။
သုဂတိံ၊ ကောင်းသော လားရောက်ရာဖြစ်သော။
[လိုက်ခဲ့။]
သဂ္ဂံ၊ ရူပါရုံစသော အာရုံတို့ဖြင့် လွန်စွာ မြင့်မြတ်သော။
လောကံ၊ နတ်ဘုံးဘဝသို့ လည်းကောင်း။
ဥပပန္နာ၊ လားရောက်ကြရကုန်၏။
[လူ့ဘဝသည် သုဂတိသာ ဖြစ်၏။ သဂ္ဂမဖြစ်၊ နတ်ဘဝကား သုဂတိ, သဂ္ဂ နှစ်မျိုးလုံးဖြစ်၏။ ဤအခန်းဆိုင်ရာ ဝိသုဒ္ဓိမဂ် စသည်ဖွင့်သည့်အတိုင်း အနက်ပေးခြင်း ဖြစ်၏။ ဧကကနိပါတ် စာပိုဒ် ၄၄၊ ပဉ္စကနိပါတ် စာပိုဒ် ၃၁ သုမနသုတ်နှင့်လည်း တိုက်ဆိုင်ကြည့်ပါ။]
ဣတိ၊ ဤသို့။
ပဇာနာတိ၊ သိ၏။
[ယထာကမ္မူပဂေ သတ္တေ ပဇာနာတိ သို့ ပြန်စပ်သည်။]
ဣတိ၊ သို့။
ဒိဗ္ဗေန ။ပ။ ပဇာနာတိ၊ ၏။
အဿ၊ ထိုရဟန်းမှာ။
ဒုတိယာ၊ နှစ်ကြိမ်မြောက် ဖြစ်ပေါ်လာသော။
အယံ ဝိဇ္ဇာ၊ ဤ စုတူပပါဉာဏ်ဝိဇ္ဇာသည်။
ဝါ၊ စုတိပဋိသန္ဓေကို သိတတ်သော ဒိဗ္ဗစက္ခုအဘိညာဉ်သည်။
ဝါ၊ ကို။
အဓိဂတာ၊ သည်။
ဟောတိ၊ ၏။
အပ္ပမတ္တဿ၊ ဘဲ။
အာတာပိနော၊ လျက်။
ပဟိတတ္တဿ၊ ရဲဝံံ့စွန့်စား စွန့်လွှတ်ထားအပ်သော စိတ်ရှိလျက်။
(ဒိဗ္ဗစက္ခုညာဏ်ကို ရခြင်းငှာ ကိုယ်နှင့်အသက် မငဲ့ကွက်ဘဲ ရဲဝံ့စွန့်စား စွန့်လွှတ်ထားအပ်သော စိတ်ရှိလျက်)။
ဝိဟရတော၊ နေသော ပုဂ္ဂိုလ် တဦးဦးမှ။
ယဿ္မာ၊ ကြောင့်။
ဝိဇ္ဇာ၊ စုတူပပါတဉာဏ်ဝိဇ္ဇာသည်။
ဥပ္ပဇ္ဇေယျ၊ ဖြစ်ပေါ်လာရာ၏။
တသ္မာ၊ ကြောင့်။
အဝိဇ္ဇာ၊ အဝိဇ္ဇာကို။
ဝါ၊ စုတိပဋိသန္ဓေကို မသိအောင် ဖုံးကွယ်တတ်သော မောဟကို။
ဝါ၊ သည်။
ဝိဟညေယျယထာ၊ သို့။
ဝါ၊ သို့။
ယသ္မာ၊ ကြောင့်။
အာလောကော၊ စုတူပပါတဉာဏ် အရောင်အလင်းသည်။
ဥပ္ပဇ္ဇေယျ၊ ၏။
တသ္မာ၊ ကြောင့်။
တမော၊ အဝိဇ္ဇာအမိုက်မှောင်ကို။
ဝါ၊ သည်။
ဝိဟညေယျ ယထာ၊ သို့။
ဝါ၊ သို့။
ဧဝမေဝံ၊ ပင်။
တဿ၊ ထိုစုတူပပါတဉာဏ်ဝိဇ္ဇာကို ရပြီးသော ရဟန်းမှာ။
ယသ္မာ၊ ကြောင့်။
ဝိဇ္ဇာ၊ စုတူပပါတဉာဏ်ဝိဇ္ဇာသည်။
ဝါ၊ စုတိပဋိသန္ဓေကို သိတတ်သော ဒိဗ္ဗစက္ခုအဘိညာဉ်သည်။
ဥပ္ပန္နာ၊ ဖြစ်ပြီ။
တသ္မာ၊ ထို့ကြောင့်။
အဝိဇ္ဇာ၊ အဝိဇ္ဇာကို။
ဝါ၊ စုတိပဋိသန္ဓေကို မသိအောင် ဖုံးကွယ်တတ်သော မောဟကို။
ဝါ၊ သည်။
ဝိဟတာ၊ ပြီ။
ဝါ၊ ပြီ။
ယသ္မာ၊ ကြောင့်။
အာလောကော၊ သည်။
ဥပ္ပန္နော၊ ပြီ။
တသ္မာ၊ ကြောင့်။
တမော၊ ကို။
ဝါ၊ သည်။
ဝိဟတော၊ ပြီ။
ဝါ၊ ပြီ။
သော၊ သည်။
ဧဝံ၊ တိုင်း။
ဝါ၊ ၍။
စိတ္တေ၊ ဝိပဿနာ၏ အခြေခံ စတုတ္ထဈာန်စိတ်သည်။
သမာဟိတေ၊ သော်။
။ပ။၊
ကမ္မနိယေ၊ ဝိပဿနာအမှု၌ ခိုင်ခံ့လျောက်ပတ်လသော်။
။ပ။၊
အာသဝါနံ၊ အာသဝတရားတို့၏။
ခယဉာဏာယ၊ အကြွင်းမဲ့ ကုန်ခန်းကြောင့်ဖြစ်သော အရဟတ္တမဂ်ဉာဏ်အကျိုးငှာ။
စိတ္တံ၊ ဝိပဿနာစိတ်ကို။
အဘိနိန္နာမေတိ၊ (အာသဝက္ခယဉာဏ်သို့) ရှေ့ရှုညွတ်စေ၏။
သော၊ ထိုရဟန်းသည်။
[ထို့နောက် ဤတိကစာပိုဒ် ၁၂ နှင့် ဒုကစာပိုဒ် ၄၆ ကြည့်။]
။ပ။၊
ဣမေ၊ ဤလောဘ ဒိဋ္ဌိ မောဟတို့သည်သာ။
အာသဝါ၊ အသဝတို့မည်၏။
ဣတိ၊ ဤသို့။
(အာသဝေ၊ အာသဝတရားတို့ကို) ။
ယထာဘူတံ၊ စွာ။
ပဇာနာတိ၊ ထိုးထွင်း၍သိ၏။
(သဘောလက္ခဏာကို မတွေမဝေ ထိုးထွင်း၍ သိခြင်းဖြင့် သိ၏)။
အယံ၊ ဤတဏှာသည်သာ။
အာသဝသမုဒယော၊ အာသဝတို့၏ ဖြစ်ကြောင့် သမုဒယသစ္စာမည်၏။
ဣတိ၊ သို့။
(တဏှံ၊ အာသဝတို့ကို ဖြစ်စေတတ်သော တဏှာကို)။
ယထာဘူတံ၊ စွာ။
။ပ။၊
အယံ၊ ဤနိဗ္ဗာန်သည်သာ။
အာသဝနိရောဓော၊ အာသဝတို့၏ ချုပ်ကြောင်းနိရောဓ သစ္စာမည်၏။
ဣတိ၊ သို့။
(နိဗ္ဗာနံ၊ အာသဝနှင့် သမုဒယတို့ မဖြစ်ကြောင်းနိဗ္ဗာန်ကို)။
။ပ။၊
အယံ၊ ဤ မဂ္ဂင်ရှစ်ပါးသည်သာ။
အာသဝနိရောဓဂါမီနိ၊ အာသဝတို့၏ ချုပ်ကြောင်း နိဗ္ဗာန်သို့ သွားရောက်ကြောင်းဖြစ်သော။
ပဋိပဒါ၊ အကျင့်ဖြစ်သော မဂ္ဂသစ္စာမည်၏။
ဣတိ၊ သို့။
(အရိယမဂ္ဂံ၊ နိဗ္ဗာန်ရောက်ကြောင်း အရိယမဂ်ကို) ။
ယထာဘူတံ၊ စွာ။
ပဇာနာတိ၊ ၏။
(သဘော...၏)။
ဧဝံ၊ ဤသို့။
ဇာနတော၊ သစ္စာလေးပါးကိုသိသော။
ဧဝံ၊ သို့။
ပဿတော၊ သစ္စာလေးပါးကို မြင်သော။
တဿ၊ ထိုရဟန်း၏။
ဝါ၊ ထိုရဟန်းမှာ။
[တနည်း တဿ၊ ထို ရဟန်း၏။
ဝါ၊ သည်။
ဧဝံ၊ ဤသို့။
ဇာနတော၊ သစ္စာလေးပါးကို သိသည်အဖြစ်ကြောင့်။
ဧဝံ၊ သို့။
ပဿတော၊ အဖြစ်ကြောင့်။]
ကာမာသဝါပိ၊ ကာမာသဝမှလည်း။
စိတ္တံ၊ စိတ်သည်။
ဝိမုစ္စတိ၊ လွတ်ကင်း၏။
ဘဝါသဝါပိ၊ ဘဝါသဝမှလည်း။
။ပ။၊
အဝိဇ္ဇာသဝါပိ၊ အဝိဇ္ဇာသဝမှလည်း။
။ပ။၊
ဝိမုတ္တသ္မိံ၊ အာသဝ ကိလေသာတို့မှ လွတ်ကင်းပြိးသော စိတ်၌။
(စိတ္တံ၊ ငါ၏စိတ်သည်)။
ဝိမုတ္တံ၊ အာသဝကိလေသာတို့မှ လွတ်ကင်းပြီ။
ဣတိ၊ ဤသို့။
ဉာဏံ၊ ပစ္စဝေက္ခဏာဉာဏ်သည်။
ဟောတိ၊ ဖြစ်၏။
[တနည်း (စိတ္တေ၊ စိတ်သည်)။
ဝိမုတ္တသ္မိံ၊ အာသဝကိလေသာတို့မှ ကင်းလွတ်ပြီးလသော်။
(စိတ္တံ၊ ငါ၏စိတ်သည်)။
ဝိမုတ္တံ၊ အာသဝကိလေသာ တို့မှ ကင်းလွတ်ပြီ။
ဣတိ၊ ဤသို့။
ဉာဏံ၊ ပစ္စဝေက္ခဏာဉာဏ်သည်။
ဟောတိ၊ ၏။]
ဇာတိ၊ ပဋိသန္ဓေသည်။
ခီဏာ၊ ကုန်ပြီ။
ဗြဟ္မစရိယံ၊ မြတ်သော မဂ် အကျင့်ကို။
ဝါ၊ မဂ္ဂဗြဟ္မစရိယကို။
ဝုသိတံ၊ ကျင့်သုံးအပ်ပြီ။
ကရဏီယံ၊ ပြုသင့်ပြုထိုက်သော (၁၆ ) ပါးသော မဂ်ကိစ္စကို။
၁၆ ပါးသော မဂ်ကိစ္စ။ ။ မဂ်လေးပါးတို့တွင် တပါးတပါးဖြင့် ပြုရမည့် ကိစ္စသည် လေးပါးစီရှိ၏ (၁) ဒုက္ခသစ္စာကို ပိုင်းခြား၍ သိခြင်းဟူသော ပရိယာကိစ္စ။ (၂) သမုဒယသစ္စာကို ပယ်သတ်ခြင်းဟူသော ပဟာနကိစ္စ ။ (၃) နိရောဓသစ္စာကို မျက်မှောက်ပြုခြင်း ဟူသော သစ္ဆိကိရိယာကိစ္စ ။(၄) မဂ္ဂသစ္စာကိုဖြစ်ပွားစေခြင်းဟူသော ဘာဝနာကိစ္စတို့တည်း၊ မဂ်တပါး၌ လေးကိစ္စဖြစ်၍ မဂ်လေးပါး၌ (၁၆) ပါးဖြစ်၏။ ၎င်းတို့ကို မဂ်ကိစ္စ (၁၆) ပါး ဟု ခေါ်သည်။
ကတံ၊ ပြုအပ်ပြီ။
ဣတ္ထတ္တာယ၊ ဤ ၁၆ ပါး ကွဲပြားသော မဂ်ကိစ္စ၏ အဖြစ်ဟူသော အကျိုးငှာ။နာပရံ ဣတ္ထတ္တာယ။ ။ ဣမေ ပကာရာ ဣတ္ထံ- ဤ (၁၆) ပါးကွဲပြားသော မဂ်ကိစ္စကို၊ ဣတ္ထံ ဘာဝေါ ဣတ္ထတ္တံ- (ဤ (၁၆) ပါးကွဲပြားသော မဂ်ကိစ္စတို့၏ ဖြစ်ကြောင်းဖြစ်ရာ မဂ်ကိစ္စဇာတ်။ [မနုဿတ္ထံ( လူ၏ဖြစ်ကြောင်း ဖြစ်ရာ လူအမျိုးဇတ်) ၌ကဲ့သို့ ဇာတိသဒ္ဒါကြံ၍ မဂ််ကိစ္စ ဇာတ်ဟု ဆိုသည်။]
ဤ၌ ဣတ္ထံအရ ဤမည်သော (၁၆) ပါးကွဲပြားသော မဂ်ကိစ္စဟုအထူးညွှန်ပြအပ်သော မဂ်ကိစ္စဝိသေသကိုယူရမည်၊ ဘာဝပစ္စည်း သက်ထားသော "ဣတ္ထတ္တံ" အရကားထို (၁၆) ပါးသော မဂ်ကိစ္စဝိသေသ၏ ဖြစ်ကြောင်းဖြစ်သော မဂ််ကိစ္စဇာတ် (ထိုကဲ့သို့ အထူးမညွှန်ပြအပ်သဖြင့် သာမညဖြစ်သော (၁၆) ပါးသော မဂ်ကိစ္စအမျိုးအစား) ကိုယူရ၏။ ဤသို့ယူရာ၌ ဣတ္ထံအရ မဂ်ကိစ္စ ဝိသေသကို လည်းကောင်း၊ ဣတ္ထတ္ထံအရ မဂ်ကိစ္စဇာတ် (မဂ်ကိစ္စသာမည) ကိုလည်းကောင်း ယူရသဖြင့် အရကောက်မတူဟု ဆိုဖွယ်ရှိသော်လည်း၊ ထိုနှစ်ပုဒ်လုံးအရ (၁၆) ပါးသော မဂ်ကိစ္စချည်းသာဖြစ်၍ သိပ်ထူးခြားလှသည်မဟုတ်။
ဤနည်းအရ "နာပရံ ဣတ္ထတ္တာယ" ဟု ဆိုလိုရင်းမှား" ဤသို့သော် (၁၆) ပါးသော မဂ်ကိစ္စမျိုး (ဒီလိုမဂ်ကိစ္စမျိုး) ပြုလုပ်ဘို့အတွက် ငါ့မှာ နောက်ထပ် မဂ်ဖြစ်ပွားစေဖွယ်မလိုတော့ပြီ" ဟူလို၊ နာပရံ ဣတ္ထတ္တာယာတိ ပုန ဣတ္ထံ ဘာဝါယ, ဧဝသောဠသဝိဓကိစ္စဘာဝါယ ကိလေသက္ခယာယ ဝါ မဂ္ဂဘာဝနာကိစ္စံ မေ နတ္ထိ။
သီလက္ခန်ဋီကာသစ်၌ပြထားသော သဒ္ဒဝိဒူတို့ အလိုအားဖြင့် ဣမေ ပကာရာ အဿတ္ထီတိ ဣတ္ထံ- ဤ (၁၆) ပါး အပြားရှိသော မဂ်ကိစ္စဟူသော ပကာရဝန္တတည်း၊ ဣတ္ထံ ဘာဝေါ ဣတ္ထတ္ထံ- ဤ (၁၆) ပါး အပြားရှိသော မဂ်ကိစ္စ၏ ဖြစ်ကြောင်းဖြစ်ရာ ၁၆ ပါးအပြား (မဂ်ကိစ္စ၏ ၁၆ ပါးသော အပြားဟူသော ပကာရ)တည်း၊ ဤသို့ ပကာရဝန္တနှင့် ပကာရဟု ခွဲခြားကောက်ရ၏။ ဒဗ္ဗသဒ္ဒါဖြစ်သော ဒဏ္ဍိပုဒ်၌ ဘာဝပစ္စည်းဆင့်ထားသော ဒဏ္ဍိတ္တံ ပုဒ်၏ အရကောက်ပုံမျိုးတည်း။
ဤနေရာ၌ သတိပြုဖွယ်ရှိသည်မှာ သဒ္ဒထုံးစံအတိုင်း သဒ္ဒပ္ပဝတ္တိနိမိတ် ဖြစ်သော အကြောင်းသာလျှင် ဘာဝပစ္စည်း၏ အနက်ဖြစ်၏။ အခြားသော ရိုးရာအကြောင်းတို့မှာ ဘာဝပစ္စည်း၏ အနက်မဟုတ်၊ ထို့ကြောင့် ဘာဝပစ္စည်း၏ အရ ရိုးရာအကြောင်းတို့ကို မကောက်ယူမိရန် သတိထားသင့်၏။
ဥပမာအားဖြင့် မနုဿဿ ဘာဝေါ မနုဿတ္တံ- လူ၏ အဖြစ်ကြောင်း။ ဤ၌ လူဖြစ်ခြင်း၏ အကြောင်းမှာ ရှေးကုသိုလ်ကံသာတည်း၊ သို့သော် ထိုကုသိုလ် ကံမှာ ရိုးရာအကြောင်းမျှသာဖြစ်၍ မနုဿတ္တံပုဒ်နှင့်မဆိုင်။ ထို့ကြောင့် လူဇာတ်ဖြစ်သော သဒ္ဒပ္ပဝတ္တိနိမိတ်အကြောင်းကိုသာ မနုဿတ္တံအရ ကောက်ယူရသည်။ ထို့အတူ ၁၆ ပါးသော မဂ်ကိစ္စဖြစ်ခြင်း၏ ရိုးရာအကြောင်းမှာ ဝိပဿနာမဂ်တို့တည်း။ ထိုဝိပဿနာနှင့် မဂ်တို့သည် သဒ္ဒပ္ပဝတ္တိနိမိတ်အကြောင်းမဟုတ်သောကြောင့် ဤဣတ္ထတ္တံပုဒ်၏ အနက်၌ မပါဝင်နိုင်။
သီလက္ခန်ပါဠိတော်နိဿယသစ်၌ကား "ဣတ္ထတ္တာယ- ဤ ၁၆ ပါးသော မဂ်ကိစ္စအပြား၏ ဖြစ်ကြောင်းဖြစ်ရာ မဂ်အကျိုးငှာ "ဟု ရိုးရာမဂ်အကြောင်းကို ယူ၍ အနက်ပြန်ဆိုထား၏။ ထိုသို့ ပြန်ဆိုခြင်းကြောင့် "နာပရံ ဣတ္ထတ္တာယ- မဂ်အကျိုးငှာ မဂ်ကို ဖြစ်ပွားစေခြင်းကိစ္စမရှိတော့ပြီ" ဟု မဆီလျော်သော အနက်အဓိပ္ပါယ်ပေါ်ထွက်ခါ၏။
အချို့ဆရာတော်တို့ကမူ "ပဉ္စမော- ငါးခုတို့၏ပြည့်ကြောင်း" ဟူရာ၌ ငါးခုမြောက် နောက်ဆုံးအရာဝတ္ထုသည် ငါးခုပြည့်ခြင်း၏ အကြောင်းဖြစ်သကဲ့သို့ (၁၆) ပါးသော မဂ်ကိစ္စဖြစ်ခြင်း၏အကြောင်းမှာ (၁၆) ပါးမပြည့်သေး၍ နောက်ဆုံးဖြည့်စွက်ရမည်ဖြစ်သော အရဟတ္တမဂ်ကိစ္စလေးပါးဖြစ်၏ဟု အဓိပ္ပါယ်ယူ၍ ထိုအရဟတ္တမဂ် ကိစ္စလေးပါးကိုသာ ဣတ္ထတ္တာယအရ ကောက်ယူတော်မူကြ၏။
သိုသော် ယင်းသို့ ကောက်ယူခြင်းမှာ ဣတ္ထံသဒ္ဒါ၏ ပဝတ္တိနိမိတ်ကို သတိပထားဘဲ အလွတ်ကောက်ယူခြင်းသာ ဖြစ်သည့်အပြင် ဤ၌ အရဟတ္တမဂ် ကိစ္စလေးပါးသည် မဂ်ကိစ္စ (၁၆) ပါး အရေအတွက် ပြည့်ခြင်း၏ အကြောင်းသာ ဖြစ်နိုင်၍ မဂ် ကိစ္စ (၁၆) ပါး ဖြစ်ပေါ်လာခြင်း၏ အကြောင်းကား မဖြစ်နိုင်၊ ထို့အပြင် မဂ်ကိစ္စ (၁၆) ပါးတွင် အရဟတ္တမဂ်ကိစ္စလေးပါးလည်း ပါဝင်နေသောကြောင့် အရဟတ္တမဂ်ကိစ္စလေးပါး သည်ပင်လျှင် အရဟတ္တမဂ် ကိစ္စလေးပါး ဖြစ်ပေါ်လာခြင်း၏ အကြောင်း ( သူသည်ပင် သူ၏အကြောင်း) မှာ သာ၍ပင် မဖြစ်နိုင်၊ ဤတိုင်အောင် စကားများသည် ဣတ္ထတ္တာယပုဒ်ကို အနက်သုံးနည်း ပေးရာတွင် ပဌမအနက်တွင် ရှင်းလင်းချက်တည်း။
ဒုတိယအနက်ကို "ကိလေသက္ခယာယ ဝါ" ဟူသော ဒုတိယ အဖွင့်အတိုင်း ပြန်ဆိုထား၏။ အယံ ပကာရော ဣတ္ထံ- ဤကိလေသာတို့ကို ကုန်ခန်းစေခြင်းဟူသော ထူးထွေကွဲပြားခြားနားသော ပဟာနကိစ္စ (ဤမည်သော ပဟာနကိစ္စဟု အထူးညွှန်ပြအပ်သဖြင့် တသီးတခြား ကွဲပြားသော ပဟာနကိစ္စဝိသေသတည်း) ဣတ္ထံ ဘာဝေါ ဣတ္ထတ္တံ- ယင်းပဟာန ကိစ္စ ဝိသေသ၏ ဖြစ်ကြောင်းဖြစ်ရာ ပဟာနကိစ္စအမျိုးဇာတ် (ထိုကဲ့သို့ အထူးမညွှန်ပြအပ်သကဖြင့် သာမညဖြစ်သော ပဟာနကိစ္စ အမျိုးအစားတည်း။)
ဤ၌လည်း ဣတ္ထံနှင့် ဣတ္ထတ္ထံတို့အရ ပဟာနကိစ္စဝိသေသနှင့် ပဟာနကိစ္စသာမညလောက်သော ထူးခြား၍ ပဟာနကိစ္စချည်း ယူရခြင်း အားဖြင့်ကားတူ၏။ ထို့ကြောင့် ဤသုတ်အဋ္ဌကထာ၌ ကိလေသက္ခယာယ ဟုလည်းကောင်း, သိလက္ခန်အဋ္ဌကထာ၌ ကိလေသက္ခယဘာတွယ ဟုလည်းကောင်း ဘာဝပုဒ်ပါခြင်း မပါခြင်းအတွက် အနက်အရ မထူးခြားလှတော့ပေ။ ဤနည်း၌ ၁၆ ပါးသော မဂ်ကိစ္စအားလုံးကို မယူဘဲ ပဟာနကိစ္စတပါးမျှကိုသာ ယူထား၏။ အကြောင်းကား ထို ၁၆ ပါးတို့တွင် ပဟာနကိစ္စသာ ပဓာနဖြစ်၍ ကျန်မဂ်ကိစ္စတို့မှာ ပဟာနကိစ္စ၏ အကျိုးတရား အပဓာနဖြစ်သော ဖြစ်သောကြောင့်တည်း။
တတိယ အနက်ကို အထဝါ ဣတ္ထတ္တာယာတိ ဣတ္ထဘာဝတော၊ ဣမသ္မာ ဧဝ ပကာရာ ဣဒါနိ ဝတ္တမာနက္ခန္ဓသန္တာနာ အပရံ ခန္ဓ သန္တာနံ မယှံ နတ္ထိ ဟူသော အဖွင့်အတိုင်း ပြန်ဆိုထား၏။ အယံ ပကာရော ဣတ္ထံ- ဤထူးထွေကွဲပြားခြားနားသော ပစ္စုပ္ပန်ခန္ဓာအစဉ် (ဤမည်သော ခန္ဓာအစဉ် ဟု အထူးညွှန်ပြအပ်သဖြင့် တသီးတခြား ကွဲပြားသော ယခုဖြစ်ဆဲ ခန္ဓာအစဉ်ဝိသေသတည်း) ဣတ္ထံ ဘာဝေါ ဣတ္ထတ္တံ- ဤကွဲပြားခြားနားသော ပစ္စုပ္ပန် ခန္ဓာအစဉ်၏ ဖြစ်ကြောင်းဖြစ်ရာ ပစ္စုပ္ပန် အစဉ်အမျိုးဇာတ်၊ (အထူးမညွှန်ပြအပ်သဖြင့် သာမညဖြစ်သော ပစ္စုပ္ပန် ခန္ဓာအစဉ်အမျိုးအစား တည်း) ဤနည်း၌ ဣတ္တတ္ထတာယမှ သဝိဘတ်ကို အပါဒါန် အနက်၌သက်။
သီလက္ခန်ပါဠိတော်အဋ္ဌကထာနိဿယသစ်၌ကား "ဣတ္ထတ္တာယ ကို "ဣတ္တံ+ အတ္တာယ" ဟု ပုဒ်ဖြတ်သင့်၏ဟုလည်းကောင်း၊ ဣတ္ထဘာဝတော ဟူသော သံဝဏ္ဏနာပါဌ်၌လည်း "ဣတ္ထံ အတ္တဘာဝတော" ဟု ရှိသင့်၏။ ဟု လည်းကောင်းကြံတော်မူ၏။ သို့သော် ဤ တတိယနည်းမှာ "အာဂန္တာ ဣတ္ထတ္တံ" စသည်တို့၌ ဖွင့်ပုံနှင့် သိပ်မထူးခြားသော ဖွင့်ရိုးဖွင့်စဉ်သာ ဖြစ်သောကြောင့် ထိုကဲ့သို့ မကြံသင့်ပါ၊ ဒုကစာပိုဒ် ၃၇ သုတ်နှင့် စတုက္ကစာပိုဒ် ၁၇၁သုတ်၌လည်း ကြည့်။ ဝါ၊ ဤထူးထွေကွဲပြားခြားနားသော ကိလေသာ ကုန်ခန်းစေခြင်းကိစ္စ၏ အဖြစ်ဟူသော အကျိုးငှာ။ အပရံ၊ နောက်ထပ်တမျိုးတခြား မဂ်ဖြစ်ပွားစေခြင်းကိစ္စသည်။ န (အတ္ထိ)၊ ငါ့မှာ မရှိတော့ပြီ။ ဣတိ၊ ဤသို့။ ပဇာနာတိ၊ သိ၏။ [တနည်း- ဣတ္ထတ္တာယ၊ ဤထူးထွေကွဲပြားခြားနားသော ပစ္စုပ္ပန် ခန္ဓာအစဉ်၏ အဖြစ်မှ။ အပရံ၊ နောက်ထပ်တခြားသော အနာဂတ်ခန္ဓာအစဉ်သည်။ န(အတ္ထိ)၊ ငါ့မှာ မရှိတော့ပြီ။ ဣတိ၊ သို့။ ပဇာနာတိ၊ သိ၏။]

တတိယာ၊ သိုးကြိမ်မြောက် ဖြစ်ပေါ်လာသော။
အယံ ဝိဇ္ဇာ၊ ဤအရဟတ္တ မဂ်ဉာဏ်ဝိဇ္ဇာကို။
ဝါ၊ ဤသစ္စာလေးပါးကိုသိတတ်သော အရဟတ္တမဂ်ဉာဏ်ကို။
ဝါ၊ သည်။
အဓိဂတာ၊ သည်။
ဟောတိ၊ ၏။
အပ္ပမတ္တဿ၊ ဘဲ။
အာတာပိနော၊ လျက်။
ပဟိတတ္တဿ၊ လျက်။
(အရဟတ္တမဂ်ဉာဏ်ကို ရခြင်းငှာ ကိုယ်နှင့်အသက်မငဲ့ကွက်ဘဲ ရဲဝံ့စွန့်စား စွန့်လွှတ်ထားအပ်သော စိတ်ရှိလျက်)။
ဝိဟရတော၊ မှာ။
ယသ္မာ၊ ကြောင့်။
ဝိဇ္ဇာ၊ အရဟတ္တမဂ်ဉာဏ်ကိစ္စသည်။
ဥပ္ပဇ္ဇေယျ၊ ၏။
တသ္မာ၊ ကြောင့်။
အဝိဇ္ဇာ၊ အဝိဇ္ဇာကို။
ဝါ၊ သစ္စာလေးပါးကို မသိမြင်အောင် ဖုံးကွယ်ထားတတ်သော မောဟကို။
ဝါ၊ သည်။
ဝိဟညေယျ ယထာ၊ သို့။
ဝါ၊ သို့။
ယသ္မာ၊ ကြောင့်။
အာလောကော၊ အရဟတ္တမဂ်ဉာဏ် အရောင်အလင်းသည်။
ဥပ္ပဇ္ဇေယျ၊ ၏။
တသ္မာ၊ ကြောင့်။
တမော၊ အဝိဇ္ဇာအမိုက်အမှောင်ကို။
ဝါ၊ သည်။
ဝိဟညေယျ ယထာ၊ သို့။
ဝါ၊ သို့။
ဧဝမေဝံ၊ ပင်။
တဿ၊ ထို အရဟတ္တမဂ်ဉာဏ် ဝိဇ္ဇာကို ရပြီးသော ရဟန်းမှာ ။
ယသ္မာ၊ ကြောင့်။
ဝိဇ္ဇာ၊ အရဟတ္တမဂ်ဉာဏ်ဝိဇ္ဇာသည်။
ဥပ္ပန္နာ၊ ဖြစ်ပြီ။
တသ္မာ၊ ကြောင့်။
အဝိဇ္ဇာ၊ ကို။
ဝါ၊ သည်။
ဝိဟတာ၊ ပြီ။
ဝါ၊ ပြီ။
တသ္မာ၊ ကြောင့်။
အာလောကော၊ သည်။
ဥပ္ပန္နော၊ ပြီ။
တသ္မာ၊ ကြောင့်။
တမော၊ ကို။
ဝါ၊ သည်။
ဝိဟတော၊ ပြီ။
ဝါ၊ ပြီ။
ဣတိ၊ ဤသို့။
(အဝေါစ၊ မိန့်တော်မူပြီ)။
အနုစ္စာဝစသီလဿ၊ ရံခါတိုးမြှင့်၍ ရံခါယုတ်လျော့နိမ့်ကျသွားသော သီလရှိသူ မဟုတ်သော။
ဝါ၊ ဧကန် မြင့်မား တိုးပွးသော သီလရှိသော။
[ဥစ္စ၊ မြင့်သော+
အဝစ၊ နိမ့်ကျသော။
ဥစ္စာဝစံ သီလံ ယဿာတိ ဥစ္စာဝစ သီလော၊
န ဥစ္စာဝစသီလော အနုစ္စာဝစသီလော၊ ]
နိပကဿ၊ ပညာရှိပုဂ္ဂိုလ်ဖြစ်သော။
ဈာယိနော၊ ဈာန်ဝင်စားလေ့ရှိသော။
ဝါ၊ ကသိုဏ်းအစရှိသော အာရုံ, အနိစ္စတာစသော လက္ခဏာနှင့် နိဗ္ဗာန်အာရုံတို့ကို စူးစိုက်စွာရှုတတ်သော။
ယဿ၊ အကြင် ဂေါတမရှင်တော်မြတ်ဘုရား၏။
ဝါ၊ အကြင်မြတ်စွာဘုရား တပည့်ရဟန္တာ ပုဂ္ဂိုလ်၏။
[ဤဂါထာတို့၏ အနက်အဓိပ္ပါယ်မှာ မြတ်စွာဘုရားအနေအားဖြင့်လည်း ဖြစ်နိုင်၏။ ဘုရားတပည့် ရဟန္တာအနေဖြင့်လည်း ဖြစ်နိုင်၏။ ထို့ကြောင့် သမ္မာသမ္မုဒ္ဒဿ ဝသေန ဂါထာနံ အတ္ထံ ဝတွာ စသည်ဖြင့် ဋီကာမိန့်ဆို၏။]
စိတ္တံ၊ စိတ်သည်။
ဝသီဘူတံ၊ ဝသီတော်သို့ ရောက်သည်။
ဝါ၊ လိုတိုင်းပြီးမြောက် သိဒ္ဓိပေါက်သည်အဖြစ်သို့ ရောက်သည်။
ဝါ၊ စွမ်းရည်သတ္တိရှိသည်အဖြစ်သို့ ရောက်သည်။
[စတုက္ကစာပိုဒ် ၅ သုတ်ကြည့်။]
ဧကဂ္ဂံ၊ တခုတည်းသော အာရုံရှိသည်။
သုသမာဟိကံ၊ (အရဟတ္တဖိုလ်သမာဓိဖြင့်) တခုတည်းသော အာရုံ၌ ကောင်းစွားထားအပ်သည်။
(ဟောတိ၊ ဖြစ်၏)။
ဝေ၊ စင်စစ်အားဖြင့်။
တမောနုဒံ၊ အဝိဇ္ဇာအမိုက်အမှောင်ကို ပယ်နုတ်သော်မူသော။
ဓီရံ၊ အရဟတ္တဖိုလ်ဝီရိယ ရှိတော်မူသော။
တေဝိဇ္ဇံ၊ သုံးပါးသော ဝိဇ္ဇာရှိတော်မူသော။
ပစ္စုဟာယိနံ၊ သေခြင်းတရားကို ပယ်စွန့်တော်မူပြီးသော။
သဗ္ဗပ္ပဟာယိနံ၊ အားလုံးသော အကုသိုလ်တို့ကို ပယ်စွန့်တော်မူပြီးသော။
တံ၊ ထို ဂေါတမမြတ်စွာဘုရားကို။
ဝါ၊ ထိုမြတ်စွာဘုရားတပည့် ရဟန္တာ ပုဂ္ဂိုလ်ကို။
ဒေဝမနုဿာနံ၊ နတ်လူတို့၏။
ဟိတံ၊ အစီးအပွားဟူ၍။
ဝါ၊ အစီးအပွားကို ကျင့်သော ပုဂ္ဂိုလ်ဟူ၍။
အာဟု၊ ပညာရှိတို့ ဆိုကြကုန်၏။
တီဟိ၊ သုံးပါးကုန်သော။
ဝိဇ္ဇာဟိ၊ ဝိဇ္ဇာတို့နှင့်။
(ပုဗ္ဗေနိဝါသာ နုဿတိ ဉာဏ်ဝိဇ္ဇာ, ဒိဗ္ဗစက္ခုညဏ်ိဇ္ဇာ, အာသဝက္ခယဉာဏ်ဝိဇ္ဇာတို့နှင့်)။
သမ္ပန္နံ၊ ပြည့်စုံတော်မူသော။
အသမူဠှဝိဟာရိနံ၊ မတွေမဝေ ဉာဏ်ပညာဖြင့် နေလေ့ရှိတော်မူသော။
ဗုဒ္ဓံ၊ သစ္စာလေးပါးကို သိတော်မူသော။
အန္တိမဒေဟိနံ၊ နောက်ဆုံး ဘဝ၌ဖြစ်သော ခန္ဓာကိုယ်ကို ဆောင်တော်မူသော။
တံ ဂေါတမံ၊ ထိုဂေါတမနွယ်ဖွား မြတ်စွာဘုရားကို။
[ဂေါတမေ ဂေါတမဂေါတ္တေ ဇာတော ဂေါတမော။]
ဝါ၊ အနွယ်အားဖြင့် ဂေါတမမည်တော်မူသော မြတ်စွာဘုရားကို။
နမဿန္တိ၊ (တပည့်သာဝကတို့က) ရှိခိုးကြကုန်၏။
(တနည်း) တံ ဂေါတမံ၊ ထိုဂေါတမ မြတ်စွာဘုရား၏ တပည့်သား ရဟန္တာပုဂ္ဂိုလ်ကို။
နမဿန္တိ၊ (နတ်လူတို့က) ရှိခိုးကြကုန်၏။
[ဂေါတမဿ အပစ္စံ ဂေါတမော။]
ယော၊ အကြင် ပုဂ္ဂိုလ်သည်။
ပုဗ္ဗေနိဝါသံ၊ ရှေးဘဝ၌ နေအပ်ခဲ့ဖူးသော ခန္ဓာအစဉ်ကို။
အဝေဒိ၊ ထင်ရှားစွာ သိပြီ။
[အဝရှေးရှိသော ဣဓာတ်ဖြင့် အဝေတိဟု ပါဌ်ရှိမူ "အဝေတိ- ထင်ရှားစွာသိ၏" ဟု ပစ္စုပ္ပန် အနက်ဆို။]
သဂ္ဂါပါယဉ္စ၊ နတ်ဗြဟ္မာဘုံ, အပါယ်ဘုံးကိုလည်း။
ပဿတိ၊ ဒိဗ္ဗစက္ခုဉာဏ်ဖြင့် မြင်၏။
အထော၊ ထိုမှတပါး။
ဇာတိက္ခယံ၊ ပဋိသန္ဓေ၏ ကုန်ကြောင်း အရဟတ္တဖိုလ်ကို။
ဝေါသိတော၊ ၁၆ ပါးသော မဂ်ကိစ္စအားလုံး ပြီးဆုံးခြင်းဖြင့် ပြီးဆုံးသော။
ဝေါသိတော။ ။ ဝေါသိတောသည် သုဒ္ဓကတ္တုရုပ် [ဝိ+အဝ+သာ+တ] ၎င်း၏ ကတ္တားမှာ ဂါထာ၌ တိုက်ရိုက်ရှိသော "ယော"လည်း ဖြစ်နိုင်၏။ တိုက်ရိုက်မရှိသော "မဂ်ကိစ္စ" လည်းဖြစ်နိုင်၏။ ထို့ကြောင့် "အကြင် ပုဂ္ဂိုလ်သည် ပြီးဆုံး၏။ ၁၆ ပါးသော မဂ်ကိစ္စသည် ပြီးဆုံး၏" ဟု ပြီးဆုံးခြင်းကြိယာ တခုတည်း၌ ကတ္တားနှစ်ခုထပ်နေ၏။ သို့ဖြစ်၍ ထိုကဲ့သို့ မထပ်ရအောင် မဂ်ကိစ္စ၏ ပြီးဆုံးမှုကို ကြိယာဝိသေသနပြု၍ "ကိစ္စဝေါသာနေန ဝေါသိတော" ဟု အဋ္ဌကထာဖွင့်၏။ ထိုအတိုင်းအနက်ပေးရ၏။ "ဝေါသိတော- ၁၆ ပါးသော မဂ်ကိစ္စအားလုံး ပြီးဆုံးပြီးသော " ဟု ပြီးစလွယ် အနက်လည်းဆိုနိုင်ပါ၏။
မုနိ၊ မောနေယျတရားနှင့် ပြည့်စုံသော ရဟန္တာ ပုဂ္ဂိုလ်သည်။
ဟောတိ၊ ဖြစ်၏။
[မောနေယျ တရားတို့ကို စာပိုဒ် ၁၂၃ မောနေယျ သုတ်၌ကြည့်။]
တီဟိ၊ သုံးပါးကုန်သော။
ဧတာဟိ ဝိဇ္ဇာဟိ၊ ဤဝိဇ္ဇာတို့ဖြင့်။
တေဝိဇ္ဇော၊ သုံးပါးသော ဝိဇ္ဇာရှိသည်။
ဗြဟ္မဏော၊ မကောင်းမှုတို့ကို ပယ်ရှားမျောသွားစေပြီးသည်။
ဟောတိ၊ ၏။
တံ၊ ထို ပုဂ္ဂိုလ်ကိုသာလျှင်။
(ပုဗ္ဗေနိဝါသာ နုဿတိဉာဏ်စသော ဝိဇ္ဇာသုံးပါးတို့နှင့် ပြည့်စုံသော ထိုပုဂ္ဂိုလ်ကိုသာလျှင်)။
တေဝိဇ္ဇံ၊ တေဝိဇ္ဇပုဂ္ဂိုလ်ဟူ၍။
အဟံ၊ ငါသည်။
ဝဒါမိ၊ ဟောတော်မူ၏။
အညံ၊ ထို ပုဂ္ဂိုလ်မျိုးမှ တပါးသော။
လပိတလာပနံ၊ သူတပါးတို့ ပြောဆိုအပ်သော စကားမျှကိုသာ တဆင့်ပြောတတ်သော သူကို။
လပိတလာပနံ။ ။ လပ္ပတေတိ လပိတံ- သူတပါးတို့ ပြောဆိုအပ်သော စကား၊ ဝါ- အဋ္ဌက, ဝါမကစသော ရသေ့တို့ ရွတ်ဆိုအပ်သော ဗေဒင် မန္တန်၊ လပိတမေဝ လပတီတိ လပိတလာပနောဟု ဝစနတ္ထပြု၊ ဣတိဝုတ်ဋ္ဌ (၁၉၇၊ ၃၀၂) ၌ကား ဤသုတ်အဋ္ဌကထာအတိုင်း မဖွင့်ဘဲ တမျိုးဖွင့်ထား၏။ နောက်အနက်နှစ်မျိုးမှာ ထိုဣတိဝုဋ္ဌ အဖွင့်အနက်တို့တည်း၊ နောက်ဆုံးအနက်၌ သယံ လပတီတိ လပိတော- ကိုယ်တိုင်လည်း ဗေဒင်မန္တန်ကို ရွတ်ဆိုတတ်သူ၊ လာပေတီတိ လာပနော- သူတပါးတို့ကိုလည်း ရွတ်ဆိုခိုင်းတတ်, ပို့ချဟောပြာတတ်သူ။ လပိတော စ သော လာပနောစာတိ လပိတလာပနော- ဟု ဝစနတ္ထပြု။
(ဝိဇ္ဇာသုံးပါးကို ကိုယ်တိုင်းမသိဘဲ သူတပါးတို့ ပြောဆိုအပ်သော ဝိဇ္ဇာသုံးပါး အကြောင်းအရာကိုသာ တဆင့်ပြောတတ်သော သူကို)။
ဝါ၊ အဋ္ဌက, ဝါမကစသော ရသေ့တို့ ရွတ်ဆိုအပ်သော ဗေဒင်မန္တာန်ကိုသာ လိုက်၍ ရွတ်ဆိုတတ်သော ပုဏ္ဏားလူမျိုးကို။
ဝါ၊ ဗေဒင်မန္တာန်ကို ကိုယ်တိုင်လည်း ရွတ်ဆိုတတ်, သူတပါးကိုလည်း ရွတ်ဆိုစေတတ်သော ပုဏ္ဏားလူမျိုးလောက်မျှကို။
တေဝိဇ္ဇံ၊ တေဝိဇ္ဇပုဂ္ဂိုလ်ဟူ၍။
အဟံ၊ ငါသည်။
န ဝဒါမိ၊ ဟောတော်မမူ။
ဣတိ၊ ဤသို့။
(အဝေါစ၊ မိိန့်တော်မူပြီ)။
ဗြာဟ္မဏ၊ ပုဏ္ဏား။
ဧဝံ၊ ဤ ဆိုအပ်ခဲ့ပြီးသော အကြောင်းဖြင့်။
အရိယဿ၊ ၏။
ဝိနယေ၊ ၌။
တေဝိဇ္ဇော၊ တေဝိဇ္ဇဌပုဂ္ဂိုလ်သည်။
ဟောတိ၊ ၏။
ဣတိ (အဝေါစ)၊
ဘော ဂေါတမ၊ အရှင်ဂေါတမ။
အညထာ၊ တမျိုးတခြားသော အကြောင်းဖြင့်။
ဗြာဟ္မဏာနံ၊ ပုဏ္ဏားတို့၏။
တေဝိဇ္ဇော၊ တေဝိဇ္ဇ ပုဂ္ဂိုလ်သည်။
ဟောတိ၊ ၏။
အညထာ စ ပန၊ လျှင်။
။ပ။၊
ဟောတိ၊ ၏။
ဘော ဂေါတမ၊ မ။
စ ပန၊ တေဝိဇ္ဇ ပုဂ္ဂိုလ် နှစ်မျိုးကို နှိုင်းယှဉ်၍ ပြောရလျှင်ကား။
အရိယဿ၊ ၏။
ဝိနယေ၊ အဆုံးအမ တရားတော်၌။
(အဆုံးအမတရားတော်က)။
ဣမဿ တေဝိဇ္ဇဿ၊ ဤတေဝိဇ္ဇ ပုဂ္ဂိုလ်၏။
သောဠသိံ၊ ၁၆ ခုမြောက်သော။
ကလံ၊ အစိတ်တစိတ်ကို။
[တနည်း- သောဠှသိံ ကလံ၊ ၁၆ စိတ်, စိတ်၌ တစိတ်လောက်မျှကို။]
ဗြဟ္မဏာနံ၊ တို့၏။
တေဝိဇ္ဇာ၊ တေဝိဇ္ဇာ ပုဂ္ဂိုလ်ဆိုသူသည်။
န အဂ္ဃသိ၊ မထိုက်တန်တော့ပါ။