Issues
Select Version
Bhikkhu Bodhi
English
sāsanāre-သာသနာရေး
မြန်မာဘာသာ
Tikanipātapāḷi
Tikanipātapāḷi

8. Sabyābajjhasuttaṃ

Author: sāsanāre-သာသနာရေး @ IAPT

သဗျာဗဇ္ဈေန၊ အမျိုးမျိုး နှိပ်စက်တတ်သော ဒုက္ခနှင့်တကွ ဖြစ်သော။ ။ပ။၊ အဗျာဗဇ္ဈေန၊ အမျိုးမျိုး နှိပ်စက်တတ်သော ဒုက္ခ မရှိသော။ ။ပ။၊ [ခတသုတ်ကို ဒုကနိပါတ်စာပိုဒ် ၁၃၅ ကြည့်။]
ဘိက္ခဝေ၊ တို့။ တီဟိ ဓမ္မေဟိ သမန္နာဂတော၊ သူကို။ တယော၊ သုံးမျိုးကုန်သော။ မလေ၊ အညစ်အကြေးတို့ကို။မလသဒ္ဒါ ၏ အနက်များ။ ။ ပါဠိတော်၌ တိုက်ရိုက်ပါရှိပြီးသည့်အတိုင်း ဒုဿလျ, ဣဿာ, မစ္ဆေရဟူသော အကုသိုလ် အညစ်အကြေးသုံးမျိုးတို့ကို မလဟုခေါ်၏။ ဘာ့ကြောင့် ထိုသုံးမျိုးတို့ကို မလဟု ခေါ်သနည်း။
(၁) အနုဒဟနဋ္ဌ- အပါယ်ဘုံတို့၌ အပူမီးတိုက်လောင်မြှိုက်ခြင်း အနက်သေဘာကြောင့်လည်း မလဟု ခေါ်၏။ (၂) ဒုဂ္ဂန္ဓဋ္ဌ- စက်ဆုပ်ဖွယ်အနံ့ဆိးရှိခြင်း အနက်သဘော။ (၃)ကိလိဋ္ဌကရဏဋ္ဌ- ပူပန်အောင် ပြုခြင်းနှင့် မည်းညစ်မဖွယ် မစင်ကြယ်သော ကာယကံ စသည်ရှိအောင် ပြုခြင်း အနက် သဘော။ (၄) မိလာပနဋ္ဌ- ထို ပုဂ္ဂိုလ်၏ လူနတ်နိဗ္ဗာန် သုံးတန်သော သမ္ပတ္တိတို့ကို ညှိုးနွမ်းစေခြင်း အနက်သဘောကြောင့်လည်း မလဟုခေါ်၏၊ ဤသို့ အဋ္ဌကထာဖွင့်ထားသည်။
[မလေ၊ အပါယ်ဘုံတို့၌ အပူမီးတိုက် လောင်မြှိုက်တ်သော အကုသိုလ်အညစ်အကြေးတို့ကို။ ဝါ၊ အနံ့ဆိုးရှိသော အကုသိုလ်အညစ်အကြေးတို့ကို။ ဝါ၊ ပူပန်ညစ်နွမ်းအောင် ပြုတတ်သော အကုသိုလ်အညစ်အကြေးတို့ကို။ ဝါ၊ လူ, နတ်, နိဗ္ဗာန် သုံးတန်သော သမ္ပတ္တိတို့ကို ညှိုးနွမ်းစေတတ်သော အကုသိုလ်အညစ်အကြေးတို့ကို။] အပ္ပဟာယ၊ မပယ်မူ၍။ ဝါ၊ မပယ်ခြင်းကြောင့်။ အာဘတံ၊ ၍။ နိက္ခိ တ္တော ယထာ၊ သို့။ [ဒုကစာပိုဒ် ၁၈၇ ကြည့်။] ။ပ။၊