ဘဂဝါ၊ မြတ်စွာဘုရားသည်။
သက္ကေသု၊ သက္ကဇနပုဒ်၌။
ဝါ၊ သက္ကတိုင်းပြည်၌။
ကပိလဝတ္ထုသ္မိံ၊ ကပိလဝတ်မြို့တော်အနီး၌။
နိဂြောဓာ ရာမေ၊ နိဂြောဓာကျောင်းတိုက်၌။
ဝိဟရတိ၊ သီတင်းသုံးနေတော်မူ၏။
တေန ခေါ ပန သမယေန၊ ထိုအခါ၌။
(နိဂြောဓကျောင်းတိုက်၌ မြတ်စွာဘုရား သီတင်းသုံးနေတော်မူရာထိုအခါ၌)။
ဘဂဝါ၊ မြတ်စွာဘုရားသည်။
ဂိလာနာ၊ မကျန်းမာသူ၏ အဖြစ်မှ။
ဂိလာနာ ဝုဋ္ဌိတော။ ။ ဂိလာနာဟု ပဉ္စမီဝိဘတျန္တပါဌ်ရှိသည့်အတိုင်း ဝါကျပြုလုပ်၍ အနက်ပေးသည်၊ ဤအလို ဂိလာနပုဒ္ကို ဘာဝပ္ပဓာန ကြံရ၏။ ထို့ကြောင့် ဂိလာနပုဒ်အရ မကျန်းမာသော ပုဂ္ဂိုလ်မျှကိုသာ မယူဘဲ ထိုမကျန်းမာ သော ပုဂ္ဂိုလ်၏ ဖြစ်ကြောင်းဖြစ်ရာ ဖျားနာခြင်းစသော (ယခုဖြစ်ဆဲ) ရောဂါ တမျိုးမျိုးကို ယူရ၏။ အဋ္ဌကထာ၌ "ဂိလာန ဝုဋ္ဌိတောတိ ဂိလာနော ဟုတွာ ဝုဋ္ဌိတော" ဟုဖွင့်၏။ ထို့အလို "ဂိလာနဝုဋ္ဌိတော- မကျန်းမာတော်မူပြီး၍ နာလန်ထတော်မူပြီးသည်" ဟု ကမ္မဓာရယသမာသ် ကြံ၍ အနက်ဆိုသင့်၏။ ဆက္ကနိပါတ် စာပိုဒ ၁၆ နကုလပိတုသုတ် အင်္ဂုတ္တိုရ်ဋီကာ (တ၊ နှာ- ၉၇) ၌ကား ထိုအဋ္ဌကထာ အဖွင့်ကို အဓိပ္ပါယ်အနက်ဖွင့်မျှသာဟု မိန့်ဆို၏။
(မကျန်းမာသူ၏ ဖြစ်ကြောင်း ရောဂါဝေဒနာမှ) ။
ဝုဋ္ဌိတော၊ ပျောက်ကင်းကျန်းမာ ထူထလာတော်မူပြီးသည်။
ဂေလညာ၊ မကျန်းမာသူ၏ အဖြစ်မှ။
အစိရဝုဋ္ဌိတော၊ ထူထတော်မူပြီး၍ မကြာမြင့်သေးသည်။
ဟောတိ၊ ဖြစ်၏။
[အစိရံ ဝုဋ္ဌိတဿ အဿ ဘဂဝတောတီ အစိရ ဝုဋ္ဌိတော၊ နာလန်ထ တော်မူပြီးသော မြတ်စွာဘုရား၏ ကြာမင့်သောကာလ မရှိသေးသည်။]
အထခေါ၊ ထိုအခါ၌။
မဟာနာမော၊ မဟာနာမ်မည်သော။
သက္ကော၊ သာကီဝင်မင်းသည်။
။ပ။၊
ဘန္တေ၊ ရား။
အဟံ၊ တပည့်တော်သည်။
ဒီဃရတ္တံ၊ ရှည်မြင့်စွာသော နေ့ညဉ့်ပတ်လုံး။
ဘဂဝတာ၊ မြတ်စွာဘုရားသည်။
ဧဝံ၊ ဤသို့။
ဒေသိတံ၊ ဟောတော်မူအပ်သော။
ဓမ္မံ၊ တရားကို။
အာဇာနာမိ၊ သိပါ၏။
(ကိန္တိ၊ အဘယ်သို့။
အာဇာနာမိ၊ သိသနည်းဟူမူ)။
သမာဟိတဿ၊ တခုတည်းသော အာရုံ၌ စိတ်ကို ကောင်းမွန်တည်တံ့စါာ ထားသော သူမှာသာလျှင်။
ဝါ၊ သမာဓိရှိသူမှာသာလျှင်။
ဉာဏံ၊ ဉာဏ်သည်။
(ဟောတိ၊ ဖြစ်၏)။
အသမာဟိတဿ၊ တခုတည်းသော အာရုံ၌ စိတ်ကို ကောင်းမွန်တည်တံ့စွာ မထားသော သူမှာ။
ဝါ၊ သမာဓိမရှိသော သူမှာ။
ဉာဏံ၊ ဉာဏ်သည်။
နော ဟောတိ၊ မဖြစ်။
ဣတိ၊ ဤသို့။
(အာဇာနာမိ၊ သိပါ၏)။
ဘန္တေ၊ အရှင်ဘုရား။
သမာဓိ၊ သမာဓိသည်။
ပုဗ္ဗေ၊ ဉာဏ်၏ရှေ့၌။
ဝါ၊ ဉာဏ်၏ရှေးဦးစွာ။
ဟောတိ နုခေါ၊ ဖြစ်ပါသလော။
ဉာဏံ၊ ဉာဏ်သည်။
ပစ္ဆာ၊ သမာဓိ၏နောက်၌။
ဟောတိ နုခေါ၊ လော။
ဥဒါဟု၊ ထိုသို့ မဟုတ်။
ဉာဏံ၊ ဉာဏ်သည်။
ပုဗ္ဗေ၊ သမာဓိ၏ ရှေ့၌။
ဝါ၊ စွာ။
ဟောတိ နုခေါ၊ လော။
သမာဓိ၊ သမာဓိသည်။
ပစ္ဆာ၊ ဉာဏ်၏နောက်၌။
ဟောတိ နုခေါ၊ လော။
ဣတိ၊ ဤသို့။
(အဝေါစ၊ မေးလျှောက်ပြီ။)
အထခေါ၊ ထိုအခါ၌။
အာယသ္မတော အာနန္ဒဿ၊ အရှင်အာနန္ဒမှာ။
ဧတံ၊ ဤအကြံအစည်သည်။
အဟောသိ၊ ဖြစ်ပြီ။
(ကိန္တိ၊ အဘယ်သို့)။
အဟော သိ၊ ဖြစ်သနည်းဟူမူ)။
ဘဂဝါ၊ သည်။
ဂိလာနဝုဋ္ဌိတော၊ သည်။
ဂေလညာ၊ မှ။
အစိရဝုဋ္ဌိတော၊ သည်။
(ဟောတိ၊ ၏)။
မာဟာနာမော၊ မဟာနာမ်မည်သော။
အယမ္ပိ သက္ကော၊ ဤသာကီဝင်မင်းသည်လည်း။
ဘဂဝန္တံ၊ မြတ်စွာဘုရားကို။
အတိဂမ္ဘီရံ၊ အလွန်လေးနက်သော။
ပဉှံ၊ ပြဿနာကို။
ပုစ္ဆတိ၊ မေးနေလေ၏။
အဟံ၊ ငါသည်။
မဟာနာမံ၊ မဟာနာမ်မည်သော။
သက္ကံ၊ ကို။
ဧကမန္တံ၊ တခုသော နေရာ၌။
အပနေတွာ၊ ခေါ်ဆောင်၍။
ဓမ္မံ၊ တရားကို။
ယံနူန ဒေသေယျံ၊ ဟောရပါမူကောင်းလေစွ။
ဣတိ၊ ဤသို့ သော အကြံသည်။
(အဟောသိ၊ ပြီ)။
။ပ။၊
ဗာဟာယံ၊ လက်မောင်း၌။
ဂဟေတွာ၊ လက်မဖြင့်တို့၍။
(လက်တို့၍)။
ဧကမန္တံ၊ ၌။
အပနေတွာ၊ ခေါ်ဆောင်၍။
။ပ။၊
မဟာနာမ၊ မဟာနာမ်။
သေခံ၊ သေက္ခပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော။
သီလမ္ပိ၊ သီလကိုလည်း။
ဘဂဝတာ၊ မြတ်စွာဘုရားသည်။
ဝုတ္တံ၊ ဟောတော်မူအပ်ပြီ။
အသေက္ခံ၊ ရဟန္တာ ပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော။
သီလမ္ပိ၊ လည်း။
။ပ။၊
သေခေါ၊ သေက္ခ ပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော။
သမာဓိပိ၊ သမာဓိကိုလည်း။
ဘဂဝတာ၊ သည်။
ဝုတ္တော၊ ဟောတော်မူအပ်ပြီ။
။ပ။၊
အသေက္ခာ၊ ရဟန္တာ ပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော။
ပညာပိ၊ ပညာကိုလည်း။
။ပ။၊
မဟာနာမ၊ နာမ်။
သေခံ၊ သော။
သီလံ၊ သီလဟူသည်။
ကတမဉ္စ၊ အဘယ်နည်းဟူမူ။
မဟာနာမ၊ နာမ်။
ဣဓ၊ ဤသာသနာတော်၌။
[ထို့နောက် ဒုက စာပိုဒ်၃၇ ကြည့်။]
။ပ။၊
မဟာနာမ၊ နာမ်။
ဣဒံ၊ ဤပါတိမောက္ခ သံဝရသီလကို။
သေခံ၊ သော။
သီလံ၊ သီလဟူ၍။
ဝုစ္စတိ၊ ခေါ်ဆိုအပ်၏။
။ပ။၊
သေခေါ၊ သော။
သမာဓိ၊ သမာဓိဟူသည်။
ကတမော စ၊ အဘယ်နည်းဟူမူ။
[ဒုကစာပိုဒ် (၁၃) ကြည့်။]
အယံ၊ ဤလေးပါးသော ဈာန်သမာဓိကို။
။ပ။၊
[ဣဒံ ဒုက္ခံ စသည်ကို တိက စာပိုဒ် (၁၂) ကြည့်။]
အယံ၊ ဤသစ္စာလေးပါးကို သိတတ်သော ဝိပဿနာ ပညာ, မဂ်ပညာကို။
သေခါ၊ သော။
ပညာ၊ ပညာဟူ၍။
ဝုစ္စတိ၊ ၏။
မဟာနာမ၊ နာမ်။
သသော အရိယသာဝကော၊ ထိုအရိယာတပည့်သည်။
ဧဝံ သီလသမ္ပန္နော၊ ဤသို့သော ပါတိမောက္ခသံဝရ သီလနှင့် ပြည့်စုံသည်။
ဧဝံ သမာဓိ သမ္ပန္နော၊ ဤသို့သော ဈာန်သမာဓိနှင့် ပြည့်စုံသည်။
ဧဝံ ပညာသမ္ပန္နော၊ ဤသို့သော ဝိပဿနာ ပညာ, မဂ်ပညာနှင့် ပြည့်စုံသည်။
(ဟုတွာ၊ ဖြစ်၍)။
။ပ။၊
[တိကစာပိုဒ် ၁၂ ပင်ကြည့်။]
မဟာနာမ၊ နာမ်။
ဧဝံ ခေါ၊ ဤသို့ပင်။
။ပ။၊ မဟာနာမ်၏ အမေးနှင့် အရှင်အာနန္ဒာ၏ အဖြေ။ ။ သမာဓိနှင့် ဉာဏ်တို့တွင် အဘယ်တရားက ရှေးဦးစွာ ဖြစ်၍ အဘယ်တရားက နောက်မှဖြစ်ပါသနည်းဟု မဟာနာမ်က မေး၏ ။[ပါဠိတော်၌ တိုက်ရိုက် ပါပြီးတည်း။] ထိုအမေးကို အရှင်အာနန္ဒာက ဖြေဆိုဟောကြား တော်မူရာ၌ "သီလဝါ ဟောတိ" စသည်ဖြင့် သေခပုဂ္ဂိုလ် (၇) ဦးတို့၏ သီလကို လည်းကောင်း။ "ဝိဝိစ္စေဝ ကာမေဟိ" စသည်ဖြင့် ထို (၇) ဦးတို့၏ သမာဓိကိုလည်းကောင်း "ဣဒံ ဒုက္ခံ" စသည်ဖြင့် (၇) ဦးတို့၏ ပညာကိုလည်းကောင်း ဟောတော်မူပြီးနောက် "အာသဝါနံ ယာ" စသည်ဖြင့် အရဟတ္တဖိုလ် အဆင့်ဖြစ်သော အသေခသီလ, သမာဓိ, ပညာတို့ကို ဟောတော်မူ၏၊ ယင်းသို့ ဟောတော်မူခြင်းအားဖြင့် သေခသမာဓိ ဖြစ်ပြီးနောက်မှ သေခ ဝိပဿနာဉာဏ်, အသေခဖိုလ်ဉာဏ်ဖြစ်သည်၊ သေခ ဝိပဿနာဉာဏ် ဖြစ်ပြီးနောက်မှ အသေခဖိုလ်သမာဓိဖြစ်သည်ဟူသော ဆိုလိုရင်းအနက် အဓိပ္ပါယ်ကို အရှင်အာနန္ဒာက ပြတော်မူသည်ဟူ၍ အဋ္ဌကထာ ဖွင့်ပြထား၏။
ရှေ့နောက်ဖြစ်ပုံထပ်မံစဉ်းစား။ ။ ထိုအဋ္ဌကထာအဖွင့်ကို တဖန်ပြန် စဉ်းစားကြည့်လျှင် (၁) အစ၌ သေခသမာဓိ။ (၂) အလယ်၌ သေခဝိပဿနာဉာဏ် နှင့် အသေခဖိုလ်ဉာဏ်။ (၃) အဆုံး၌ အသေခဖိုလ်သမာဓိဟူ၍ အစ, အလယ်, အဆုံး သုံးမျိုးစဉ်တန်းလျက် ပြထားသောကြောင့် အစပိုင်း သေခသမာဓိနှင့် အလယ်ပိုင်း ဉာဏ်နှစ်မျိုးဖြစ်ပုံကို ထောက်ရှုလျှင် သမာဓိကရှေးဦးစါာဖြစ်၍ ဉာဏ်ကနောက်မှ ဖြစ်သည်ဟု ဆိုလို၏။ ထိုနောက်တဖန် အလယ်ပိုင်း သေခဝိပဿနာ ဉာဏ်နှင့် အဆုံးပိုင်း အသေခဖိုလ်သမာဓိဖြစ်ပုံကို ထောက်ရှုလိုက်လျှင် ဉာဏ်ကရှေးဦးစွာ ဖြစ်၍ သမာဓိကနောက်မှဖြစ်သည်ဟု ဆိုလို၏။
ပြိုင်တူလည်းဖြစ်။ ။ ယင်းသို့ ရှေ့နောက်ခွဲခြားခြင်းမှာ စိတ္တုပ္ပါဒ်မတူရာ၌သာ ဖြစ်နိုင်၏။ စိတ္တုပ္ပါဒ်တူရာ၌ကား "ယာနိ ပန သမ္ပယုတ္တာနိ သမာဓိ ဉာဏာနိ၊ တေသံ အပစ္ဆာ အပုရေ ဥပ္ပတ္တိ ဝေဒိတဗ္ဗာ" ဟူသော အဋ္ဌကထာနှင့် အညီ သေခသမာဓိဖြစ်ခိုက်၌ ထိုသမာဓိနှင့် ယှဉ်ဖေါ်ယှဉ်ဖက်ဖြစ်သော သေခဉာဏ်လည်း အတူပါလာပေ၏။ ထို့အတူ သေခဝိပဿနာဉာဏ်ဖြစ်ခိုက်၌လည်း ထိုဉာဏ်နှင့်ယှဉ်ဖက် သေခဝိပဿနာသမာဓိလည်း အတူပါလာသေး၏၊ ထိုသမာဓိနှင့် ဉာဏ်တို့ကား အဘယ်တရားကရှေ့၊ အဘယ်တရားကနောက်ဟု ခွဲခြားမရစကောင်းသော တရား၊ တပြိုင်နက် အတူဖြစ်သော တရားများဖြစ်၏၊ ထို့ပြင်"အာသဝါနံ ခယာ အနာသဝံ စေတောဝိမုတ္တိံ၊ ပညာဝိမုတ္တိ" စသော ပါဠိတော်၌ စေတာ ဝိမုတ္တိဟူသည် အသေခဖိုလ်သမာဓိနှင့် အသေခ ဖိုလ်ဉာဏ်တို့လည် ဘယ်ဟာက ရှေ့, ဘယ်ဟာကနောက်ဟု ခွဲခြားမရ၊ တပြိုင်နက်ဖြစ်ကြသော တရားများသာတည်း။