၈။ ဘိက္ခဝေ၊ တို့။
အနုတ္တရိယာနိ၊ မိမိတို့ထက်သာလွန်ထူးမြတ်သောမြင်ခြင်း, ကြားခြင်းစသည်မရှိသောမြင်ခြင်း, ကြားခြင်းစသည်တို့သည်။
ဝါ၊ တန်းတူကင်းလတ်, အထူးမြတ်ဆုံးမြင်ခြင်းကြားခြင်းစသည်တို့သည်။
ဣမာနိ ဆ၊ ဤခြောက်ပါးတို့ပေတည်း။
[နတ္ထိ ဧတေသံ ဥတ္တရာနိ ပိသိဋ္ဌာနီတိ အနုတ္တရာနိ၊ အနုတ္တရာနိ ဧဝ အနုတ္တရိယာနိ]
ဆ၊ ခြောက်ပါးတို့ဟူသည်။
ကတမာနိ၊ အဘယ်တို့နည်းဟူမူ။
ဒဿနာနုတ္တရိယံ၊ (ကြည့်ရှုခြင်းအားလုံးတို့တွင်) အထူးမြတ်ဆုံးဖြစ်သောဖူးမြင်ကြည့်ရှုခြင်းလည်းကောင်း။
(သဒ္ဓါသက်ဝင် ခင်မင်ကြည်ညိုသောအားဖြင့် မြတ်စွာဘုရားနှင့်ရဟန်းသံဃာကို ဖူးမြင်ရခြင်း, ကသိုဏ်းနိမိတ်နှင့်အသုဘနိမိတ်တို့ကို ကြည့်ရှုစီးဖြန်းခြင်းစသော အထူးမြတ်ဆုံးဖြစ်သော ဖူးမြင်ကြည့်ရှုခြင်းလည်းကောင်း)
သဝနာနုတ္တရိယံ၊ (ကြားနာခြင်းအားလုံးတို့တွင်) အထူးမြတ်ဆုံးဖြစ်သောကြားနာခြင်းလည်းကောင်း။
(သဒ္ဓါ သက်ဝင်ခင်မင်ကြည်ညိုသောအားဖြင့် ရတနာသုံးပါးတို့၏ ဂုဏ်တော်စကားနှင့်သုံးဖြာပိဋကတ် မြတ်ဘုရားစကားကို ကြားနာရခြင်းတည်းဟူသော အထူးမြတ်ဆုံးဖြစ်သော ကြားနာရခြင်းလည်းကောင်း။)
လာဘာနုတ္တရိယံ၊ အထူးမြတ်ဆုံးဖြစ်သောရရှိခြင်းလည်းကောင်း(အရိယ ဥစ္စာ ခုနစ်ဖြာကို ရရှိခြင်းတည်းဟူသော အထူးမြတ်ဆုံးရရှိခြင်းလည်းကောင်း)
သိက္ခာနုတ္တရိယံ၊ (အဓိသီလစသော သိက္ခာသုံးပါးကိုဖြည့်ကျင့်ခြင်းတည်းဟူသော) အထူးမြတ်ဆုံးဖြစ်သောဖြည့်ကျင့်ခြင်းလည်းကောင်း။
ပါရိစရိယာနုတ္တရိယံ၊ (ရတနာသုံးပါးတို့ကိုပြုစုခြင်းတည်းဟူသော) အထူးမြတ်ဆုံးဖြစ်သောပြုစုရခြင်းလည်းကောင်း။
အနုဿတာနုတ္တရိယံ၊ (ရတနာသုံးပါးတို့၏ဂုဏ်ကိုဆင်ခြင်အောက်မေ့ခြင်းဟူသော) အထူးမြတ်ဆုံးဖြစ်သောဆင်ခြင်အောက်မေ့ခြင်းလည်းကောင်းတည်း။
[အနုဿတိ+အနုတ္တရိယ]
ဘိက္ခဝေ၊ တို့။
အနုတ္တရိ ယာနိ၊ တို့သည်။
ဣမာနိ ဆ၊ တည်း။
ဣတိ၊ ဤသို့။
(အဝေါ စ၊ မိန့်တော်မူပြီ)
အဋ္ဌမံ၊ ရှစ်ခုမြောက်သုတ်တည်း။