၈၉။ ဘိက္ခဝေ၊ တို့။
ဆ၊ ၆-ပါးကုန်သော။
ဓမ္မ၊ တရားတို့ကို။
အပ္ပဟာယ၊ မပယ်မူ၍။
ဝါ၊ မပယ်လသော်။
ဝါ၊ မပယ်ခြင်းကြောင့်။
ဒိဋ္ဌိသမ္ပဒံ၊ ဉာဏ်အမြင်နှင့်ပြည့်စုံသော သောတာပတ္တိမဂ်ကို။
သစ္ဆိကာတုံ၊ မျက်မှောက်ပြုခြင်းငှာ။
အဘဗ္ဗော၊ မထိုက်။
ကတမေ ဆ၊ အဘယ်(၆)ပါးသော တရားတို့ကိုနည်းဟူမူ။
သက္ကာယဒိဋ္ဌိံ၊ သက္ကာယဒိဋ္ဌိကိုလည်းကောင်း။
ဝါ၊ အစစ်အမှန်ပရမတ်အနက်သဘောအားဖြင့် ထင်ရှားရှိသော ဥပါဒါနက္ခန္ဓာငါးပါးအပေါင်း၌ အသက်ရှင် အတ္တကောင်ဟုမှားယွင်းစွာ ယူဆခြင်းကိုလည်းကောင်း။
[သ၊ သန္တ= အစစ်အမှန် ပရမတ်အနက်သဘောအားဖြင့် ထင်ရှားရှိသော
+ကာယ၊ ဥပါဒါနက္ခန္ဓာငါးပါး အပေါင်း၌
+ဒိဋ္ဌိ၊ အသက်ရှင်အတ္တကောင် သတ္တဝါကောင်ဟုယူဆသောသဿတဒိဋ္ဌိ ဥစ္ဆေဒဒိဋ္ဌိ]။
ဝိစိကိစ္ဆံ၊ ဝိစိကိစ္ဆာကိုလည်းကောင်း။
ဝါ၊ ရတနာသုံးဖြာ အကျင့်သိက္ခာ စသည်တို့၌ သို့လော သို့လော ယုံမှားတွေးတောခြင်းကိုလည်းကောင်း။
သီလ ဗ္ဗတပရာမာသံ၊ နွားခွေးစသည်တို့၏အလေ့အကျင့်ကို ကိလေသာမှ စင်ကြယ်ကြောင်းအကျင့်ဟု မှားယွင်းစွာသုံးသပ်ယူဆမှုကိုလည်းကောင်း။
[သီလဗ္ဗတ၊ နွားကျင့် ခွေးကျင့်စသော အလေ့အကျင့်ကို
+ ပရာမာသ၊ မှားယွင်းစွာ သုံးသပ်ယူဆခြင်း။
ကိလေသာမှ စင်ကြယ်ကြောင်း ဒုက္ခခပ်သိမ်း ကင်းငြိမ်းကြောင်း အကျင့်ကောင်း အကျင့်မှန်ဟု မှားယွင်းစွာ ယူဆခြင်း]
အပါယဂမနီယံ၊ အပါယ်သို့ လားရောက်ကြောင်းဖြစ်သော။
ရာဂံ၊ ရာဂကိုလည်းကောင်း။
အပါယဂမနီယံ၊ သော။
ဒေါသံ၊ ဒေါသကိုလည်းကောင်း။ပ။
မောဟံ၊ မောဟကိုလည်းကောင်းတည်း။ပ။
ပဉ္စမံ။