Issues
Select Version
sāsanāre-သာသနာရေး
မြန်မာဘာသာ
Bhikkhu Bodhi
English
Chakkanipātapāḷi
Chakkanipātapāḷi

10. Sīhanādasuttaṃ

Author: sāsanāre-သာသနာရေး @ IAPT

၆၄။ ဘိက္ခဝေ၊ တို့။ တထာဂတဿ၊ မြတ်စွာဘုရား၏။ တထာဂတဗလာနိ**၁။ တထာဂတဗလာနိ**။တထာဂတဿေဝ ဗလာနိ တထာဂတဗလာနို၊ မြတ်စွာဘုရား၏သာလျှင် ဉာဏ်စွမ်းအားတော်များ၊ အများမဆိုင် ကိုယ်ပိုင်သီးခြား မြတ်စွာဘုရား၏သာ ဉာဏ်စွမ်းအားတော်များ၊ (တနည်း) “တထာ+အာဂတ+ဗလ”ဟု ပုဒ်ဖြတ်၊ တထာ=ထိုရှေးဘုရားရှင်တို့၏ ဉာဏ်တော်စွမ်းအားတို့ကဲ့သို ့ (ကုသိုလ် အာဂတာနိ ကောင်းမှု ပြည့်စုံမှုကြောင့် ရောက်လာသော ဉာဏ်တော်စွမ်းအားများကဲ့သို့)+ =ရောက်လာကုန်သော+ဗလာနိ=ဉာဏ်တော်စွမ်းအားများ။
ဖော်ပြလတ္တံ့သော ဉာဏ်တော်စွမ်းအားတို့သည် ပစ္စေကဗုဒ္ဓါ အရှင်မြတ် အစရှိသော အခြားသော မည်သည့်ပုဂ္ဂိုလ်တဦးတယောက်၌မျှ မရှိဘဲ မြတ်စွာဘုရားရှင် များမှာသာ ရှိသော စွမ်းအားတော်များ ဖြစ်၏၊ ရှေးဘုရားရှင်တို့၏ ဉာဏ်တော်စွမ်းအား ကဲ့သို့ပင် မြတ်စွာဘုရား၏ ကုသိုလ်ကောင်းမှု ပြည့်စုံခြင်း(ပုညသမ္ပတ္တိ)ကြောင့် ရောက်လာသော ဉာဏ်စွမ်းအားတော်များလည်း ဖြစ်၏၊ ထို့ကြောင့် ယင်းဉာဏ်တော် စွမ်းအားတို့ကို တထာဂတဗလဟု ခေါ်သည်။
၊ (အများမဆိုင် ကိုယ်ပိုင်သီးခြား) မြတ်စွာဘုရား၏ ဉာဏ်တော်စွမ်းအားတို့သည်။ ဝါ၊ ရှေးဘုရားရှင်များ ဉာဏ်စွမ်းအားနှင့် မခြားတမူ အလားတူစွာ ဆိုက်ရောက်လာသော ဉာဏ်စွမ်းအားတော်တို့သည်။ ဣမာနိဆ၊ ဤ(၆)ပါးတို့ပေတည်း။ ယေဟိ ဗလေဟိ၊ ယင်းဉာဏ်စွမ်းအားတော်တို့နှင့်။ သမန္နာဂတော၊ ပြည့်စုံသော။ တထာဂတော၊ မြတ်စွာဘုရားသည်။ အာသဘံ၊ မြင့်မြတ်သောသူ၏ ဥစ္စာဖြစ်သော။ ဝါ၊ ရှေးဘုရားရှင်တို့၏ ဥစ္စာဖြစ်သော။ ဌာနံ၊ သဗ္ဗညုတဉာဏ်တော်ဟူသော နေရာဌာနသို့။ ဝါ၊ ဌာနကို။ ပဋိဇာနာတိ၊ ဆိုက်ရောက်တော်မူ၏။ ဝါ၊ ကိုယ်တော်၏ထံလက်ခံထားရှိတော်မူ၏။ ဝါ၊ ဝန်ခံတော်မူ၏။ [ဤပုဒ်တို့၏ အဖွင့်ရှင်းလင်းချက်ကို စတုက္ကနိပါတ်စာပိုဒ်(၈) ဝေသာရဒ္ဓသုတ်၌ ရေးခဲ့ပြီး] [တနည်း-အာသဘံ၊ နိသဘခေါ်ငြား, ဥသဘနွားလား၏၊ လှုပ်ရှား မယိုင် မြဲခိုင်မတ်မတ်, ရပ်တည်ခြင်းနှင့်တူသော။ ဌာနံ၊ ရန်သူမှန်သမျှ လှုပ်မရနိုင်, မြဲခိုင်မတ်မတ်, ရဲဝံ့စွာ ရပ်တည်ခြင်းတည်းဟူသော သဗ္ဗညုတဉာဏ်တော်သို့။ ဝါ၊ ဉာဏ်တော်ကို။ ပဋိဇာနာတိ၊ ၏။ ဝါ၊ ၏] ပရိသာသု၊ ရှစ်ပါးသောပရိသတ်တို့၌။ သီဟနာဒံ၊ မြတ်သောမိန့်မြွက်တော်မူခြင်းကို။ ဝါ၊ မကြောက်မရွံ့ရဲဝံ့စွာ မိန့်မြွက်အပ်သော စကားတော်ကို။ ဝါ၊ မရွံ့မကြောက်, ခြင်္သေ့ဟောက်သို, ရဲရဲတောက်ကြုံးဝါး မိန့်မြွက်အပ်သော စကားတော်ကို။ နဒတိ၊ မိန့်မြွက်တော်မူ၏။ ဗြဟ္မစက္ကံ၊ မြတ်သော တရားစက်ဝန်းကို။ (မြင့်မြတ်သန့်ရှင်းသော ပဋိဝေဓဉာဏ်, ဒေသနာဉာဏ်ဟူသော စက်ဝိုင်းစက်ဘီးကို) ပဝတ္တေတိ၊ အဆက်မပြတ်ဖြစ်စေတော်မူ၏။ ဝါ၊ လည်စေတော် မူ၏။
ဆ၊ ခြောက်ပါးတို့ဟူသည်။ ကတမာနိ၊ အဘယ်ဘို့နည်းဟူမူ။
ဘိက္ခဝေ၊ ရဟန်းတို့။ ဣဓ၊ ဤလောက၌။ တထာဂတော၊ မြတ်စွာဘုရားသည်။ ဌာနဉ္စ၁။ ဌာန အဋ္ဌာန။ ။ပုထုဇဉ်ပုဂ္ဂိုလ်သည် ကာမရူပ အရူပဟူသော သင်္ခါရ တရားတခုခုကို နိစ္စဟုလည်းကောင်း,သုခဟုလည်းကောင်း ယူဆ၏။ ထိုသင်္ခါရတရား များနှင့် ကသိုဏ်းအစရှိသော ပညတ်တို့ကို အတ္တဟုလည်း ယူဆ၏။ ထို့အပြင် ပုထုဇဉ်ပုဂ္ဂိုလ်သည် အမိအဘသတ်ခြင်း အစရှိသော အာနန္တရိယကံတို့ကိုလည်း လွန် ကျူး၏၊ ပုထုဇဉ်ပုဂ္ဂိုလ်၏ ယင်းသို့ နိစ္စ သုခ အတ္တဟု ယူဆခြင်းနှင့် အာနန္တရိယကံ လွန်ကျူးခြင်း အစရှိသော ထိုအကြောင်းများသည် တကယ်ဖြစ်နိုင် ရှိနိုင်သော အကြောင်းတို့ ဖြစ်ကုန်၏၊ ဤ၌ ထိုအကြောင်းများကို ဌာနဟု ခေါ်၏။
သောတာပန်ပုဂ္ဂိုလ်အတွက်ကား ထိုအကြောင်းများသည် တကယ်မဖြစ်နိုင် မရှိနိုင် ရနိုင်သော အဋ္ဌာနအကြောင်းများ ဖြစ်၏၊ နတ္ထိ ဌာနံ အဌာနံ၊ မရှိနိုင် မဖြစ်နိုင်သော အကြောင်း၊ (တနည်း) အဝိဇ္ဇမာနံ ဌာန အဋ္ဌာနံ=မရအပ် မရနိုင်သော အကြောင်း၊ ကျန်သော ဌာန အဌာနတို့ကို ဉာဏဝိဘင်းပါဠိတော်(၃၄၈)နှင့် ဧကကနိပါတ် ပါဠိတော်(၂၈)၌ ကြည့်ကြလေကုန်။
၊ ဖြစ်နိုင်သော အကြောင်းတရားကိုလည်း။ (ပုထုဇဉ်ပုဂ္ဂိုလ်သည် သင်္ခါရတရားတခုခုကို နိစ္စ သုခ အတ္တဟု ယူဆခြင်း, အမိအဖသတ်ခြင်းစသော ဖြစ်နိုင်သောအကြောင်းတရားကိုလည်း) ဌာနတော၊ ဖြစ်နိုင်သော အကြောင်းတရား အနေအားဖြင့်လည်းကောင်း။ ဝါ၊ ဖြစ်နိုင်သော အကြောင်းတရားဟူ၍လည်းကောင်း။ အဋ္ဌာနဉ္စ၊ မဖြစ်နိုင်သော အကြောင်းတရားကိုလည်း။ (သောတာပန်ပုဂ္ဂိုလ်သည် သင်္ခါရတရားတခုခုကို နိစ္စ သုခ အတ္တဟု ယူဆခြင်း, အမိအဘသတ်ခြင်းအစရှိသော မဖြစ်နိုင်သောအကြောင်းကိုလည်း) အဋ္ဌာနတော၊ မဖြစ်နိုင်သော အကြောင်းတရား အနေအားဖြင့်လည်းကောင်း။ ဝါ၊ ဟူ၍လည်းကောင်း။ ယထာဘူတံ၊ အဖြစ်မှန်သဘောအတိုင်း။ ပဇာနာတိ၊ သိတော်မူ၏။
ဘိက္ခဝေ၊ တို့။ ယမ္ပိ (ယေနပိ ဉာဏေန)၊ အကြင်ဉာဏ်တော်ဖြင့်လည်း။ တထာဂတော၊ သည်။ပ။ ပဇာနာတိ၊ ၏။ ဘိက္ခဝေ၊ တို့။ ဣဒမ္ပိ၊ ဤဌာနအဋ္ဌာနကို သိသော ဉာဏ်တော်သည်လည်း။ တထာဂတဿ၊ ၏။ တထာဂတဗလံ၊ (အများမဆိုင်, ကိုယ်ပိုင်သီးခြား) မြတ်စွာဘုရား၏ ဉာဏ်တော်စွမ်းအားမည်သည်။ ဝါ၊ သည်။ ဟောတိ၊ ဖြစ်၏။ ယံ ဗလံ၊ ယင်းသို့သော (ဌာန အဋ္ဌာနကိုသိသော) ဉာဏ်တော်စွမ်းအားသို့။ အာဂမ္မ၊ ဆိုက်ရောက်တော်မူ၍။ပ။ ပဝတ္တေတိ၊ ၏။
ဘိက္ခဝေ၊ တို့။ ပုန စပရံ၊ နောက်ထပ်အခြားသော တထာဂတဗလ၊ တမျိုးကား။ တထာဂတော၊ သည်။ အတီတာနာဂတ ပစ္စုပ္ပန္နာနံ၊ အတိတ်အနာဂတ် ပစ္စုပ္ပန်ဖြစ်ကုန်သော။ ကမ္မသမာဒါနာနံ **၁။ ကမ္မသမာဒါန**။ ။သမာဒိယန္တိတိ သမာဒါနာနိ၊ ကောင်းစွာလက်ခံယူငင် ပြုကျင့်အပ်ကုန်သော၊ ကမ္မာနို=ကုသိုလ် အကုသိုလ်ကံများ၊ ကမ္မာနိ စ တာနိ သမာဒါနာန် စာတိ ကမ္မသမာဒါနာနိ။ (တနည်း) ကမ္မာနိ ဧဝ ကမ္မသမာဒါနာနိ-ဟု ဝစနတ္ထပြု၊ သမာဒါနပုဒ် အနက်ထူးမရှိ။ ၊ ကောင်းစွာလက်ခံယူငင် ပြုကျင့်အပ်ကုန်သော ကုသိုလ်ကံ အကုသိုလ်ကံတို့၏။ ဝါ၊ ကုသိုလ်ကံ အကုသိုလ်ကံတို့၏။ ဝိပါကံ၊ အကျိုးကို။ ဌာနသော၊ အထောက်အကူ အကြောင်းအားဖြင့်လည်းကောင်း။ (ဂတိ, ဥပဓိ, ကာလ, ပယောဂဟူသော အထောက်အကူ အကြောင်းအားဖြင့် လည်းကောင်း) ဟေတုသော**၂။ ဌာနသော ဟေတုသော**။ ။ သမ္ပတ္တိ ဝိပတ္တိဖြစ်သော ဂတိ, ဥပဓိ, ကာလ, ပယောဂဟူသော ဥပတ္ထမ္ဘက အကြောင်းပစ္စည်း(အထောက်အကူအကြောင်းလေးမျိုးကို ဌာနဟု ခေါ်၏၊ အကျိုးတရားတို့ကို တိုက်ရိုက်ဖြစ်စေသော (ဝါ၊ ဇနက ဖြစ်သော) ကုသိုလ်ကံ အကုသိုလ်ကံဟူသော အကြောင်းကို ဟေတုဟု ခေါ်၏ ၊ ထိုတွင်
လူ့ဘဝ နတ်ဘဝဟူသော သုဂတိဘဝသို ့ ရောက်နေခြင်းကို ဂတိသမ္ပတ္တိဟု လည်းကောင်း၊ ငရဲ တိရစ္ဆာန် အစရှိသော အပါယ်ဒုဂ္ဂတိဘဝသို့ လားရောက်နေခြင်းကို ဂတိဝိပတ္တိဟုလည်းကောင်း ခေါ်၏။ ခန္ဓာကိုယ် ရူပကာယ အချိုးအစားကျန လှပ တင့်တယ်ခြင်းကို ဥပဓိသမ္ပတ္တိဟုလည်းကောင်း၊ ယင်း၏ မလှပ မတင့်တယ်ခြင်း အရုပ်ဆိုးအကျည်းတန်ခြင်းကို ဥပဓိဝိပတ္တိဟု လည်းကောင်း ခေါ်၏၊ ဥပဓိဿ၊ ခန္ဓာကိုယ် အတ္တဘော၏၊ သမ္ပတ္တိ=ပြည့်စုံခြင်းတည်း၊ ဥပဓိသမ္ပတ္တိ=ခြင်း၊ ဝိပတ္တိ= ဖောက်ပြန်ပျက်စီးခြင်း။]
ဘုရင်မင်းတို့ တရားသဖြင့် အုပ်ချုပ်၍ ခေတ်ကာလကောင်းခြင်း သာယာ ဝပြောခြင်းကို ကာလသမ္ပတ္တိဟုလည်းကောင်း၊ မတရားသဖြင့် အုပ်ချုပ်ခြင်း စစ်ဖြစ် နေခြင်း စသည်ကြောင့် ခေတ်ကာလမကောင်းခြင်းကို ကာလဝိပတ္တိဟုလည်းကောင်း ခေါ်၏၊ ဒါနသီလ စသော ကုသိုလ်ကောင်းမှု ပြုလုပ်ခြင်းကို ပယောဂ သမ္ပတ္တိဟုလည်း ကောင်း၊ သူတပါးအသက် သတ်ခြင်း သူတပါးဥစ္စာ ခိုးယူလုယက်ခြင်း စသော မကောင်းမှုဒုစ္စရိတ် ကျူးလွန်ခြင်းကို ပယောဂဝိပတ္တိဟုလည်းကောင်း ခေါ်၏။
မြတ်စွာဘုရားသည် ကုသိုလ်ကံ အကုသိုလ်ကံ အမျိုးမျိုး၏ အကျိုးပေးပုံ အမျိုးမျိုးကို သိတော်မူ၏၊ ထိုသို့ သိတော်မူရာ၌ တချို့ပုဂ္ဂိုလ်များမှာ မြောက်မြား စွာသော အကုသိုလ်ကံတွေကို ပြုလုပ်ထားသော်လည်း ဂတိသမ္ပတ္တိစသော သမ္ပတ္တိ လေးမျိုး(တမျိုးမျိုး)နှင့် ကြုံကြိုက်နေသောကြောင့် ထိုအကုသိုလ်ကံတို့ အကျိုးမပေး သေးပုံကိုလည်းကောင်း၊ ဂတိဝိပတ္တိ စသည်တို့နှင့် ကြုံကြိုက်၍ အကျိုးပေးနေပုံကို လည်းကောင်း သိတော်မူ၏၊ တချို့ပုဂ္ဂိုလ်များမှာမူ ကုသိုလ်ကံတွေ ပြုလုပ်ထားသော် လည်း ဂတိဝိပတ္တိ စသည်တို့နှင့် ကြုံကြိုက်နေသောကြောင့် အကျိုးမပေးသေးပုံနှင့် ဂတိသမ္ပတ္တိ စသည်နှင့် ကြုံကြိုက်၍ အကျိုးပေးပုံကိုလည်း သိတော်မူ၏။
၊ တိုက်ရိုက်ဖြစ်စေသော မူရင်းအကြောင်းအားဖြင့်လည်းကောင်း။ ယထာဘူတံ၊ တိုင်း။ ပဇာနာတိ၊ ၏။
ဘိက္ခဝေ၊ တို့။ ယမ္ပိ(ယေနပိ ဉာဏေန)၊ ဖြင့်လည်း။ပ။ ပဇာနာတိ၊ ၏။ ဘိက္ခဝေ၊ တို့။ ဣဒမ္ပိ၊ ဤဉာဏ်တော်သည်လည်း။ (ဤကုသိုလ်ကံ အကုသိုလ်ကံတို့၏ အကျိုးကို ဌာနဟေတုဟူသော အကြောင်းအားဖြင့် အမှန်အတိုင်း သိတော်မူသော ဉာဏ်တော် စွမ်းအားသည်လည်း)။ပ။ ယံ ဗလံ၊ ယင်းဉာဏ်တော်စွမ်းအားသို့။ပ။
ဘိက္ခဝေ၊ တို့။ ပုန စ၊ နောက်ထပ်လည်း။ အပရံ၊ အခြားသောဉာဏ်တော်စွမ်းအားကား။ တထာဂတော၊ သည်။ ဈာနဝိမောက္ခသမာဓိသမာပတ္တိနံ ၁။ ဈာနဝိမောက္ခသမာဓိသမာပတ္တီနံ။ ။ ဝိမောက္ခရှစ်ပါးနှင့် သမာဓိသုံးပါး တို့ကို ဉာဏဝိဘင်းပါဠိတော်(၃၅၆)နှင့် အင်္ဂုတ္တိုရ် ပါဠိတော် (ပ-၄၂၊ ၃ဝ၄) ဧကက နိပါတ်စာပိုဒ် (၄၃၅) တိကနိပါတ်စာပိုဒ် (၁၈၄) ရာဂပေယျာလတို့၌ ကြည့် ။ ပဌမဈာန် သမာပတ်မှစ၍ နေဝသညာ နာသညာယတနသမာပတ် နိရောဓသမာပတ် တိုင်အောင် သမာပတ်(၉)ပါးကို အနုပုဗ္ဗဝိဟာရသမာပတ် (အစဉ်အတိုင်း ဝင်စား နေထိုင်ကြောင်း သမာပတ်)ဟု ခေါ်၏။ ၊ လေးပါးသော ရူပါဝစရဈာန်, ရှစ်ပါးသော ဝိမောက္ခ, သုံးပါးသော သမာဓိ, ကိုးပါးသော အနုပုဗ္ဗဝိဟာရ သမာပတ်တို့၏။ သံကိလေသံ၂။ သံကိလေသံ ဝေါဒါနံ ဝုဋ္ဌာနံ။ ။ဝသီဘော်သို့ ရောက်အောင် အဝါးဝစွာ ကြေညက်စွာ မလေ့လာရသေးသော ပဌမဈာန် စသည်တို့မှထသော ပုဂ္ဂိုလ်မှာ သညာ နှင့် မနသိကာရတို့သည် ကာမဂုဏ်အာရုံသို့ ပြေးသွားတတ်ကုန်၏ယင်းသို့ ထိုပုဂ္ဂိုလ် ၏ သညာမနသိကာရတို့ ကာမဂုဏ်အာရုံသို ့ ပြေးသွားကျက်စားခြင်းသဘောကိုဟာန ဘာဂိယဓမ္မ(ဆုတ်ယုတ်သောအဖို့ ရှိသောသဘော)ဟု ခေါ်၏။ ထို ဟာနဘာရိယ ဓမ္မသည် သံကိလေသ မည်၏။
ယင်းသို့ ကြေညက်စွာ လေ့လာပြီးသော ပဌမဈာန် စသည်တို့မှ ထသော ပုဂ္ဂိုလ်၏ သညာမနသိကာရတို့ ဒုတိယဈာန် စသည်သို့ ပြေးသွားကျက်စားခြင်းသဘော ကို ဝိသေသဘာဂိယဓမ္မ (ထူးသောအဖို့ရှိသော သဘော)ဟု ခေါ်၏၊ ၎င်းကို ဝေါဒါန ဟု ခေါ်သည်။
ဉာဏဝိဘင်း အဋ္ဌကထာ(၃၈၄)၌ “ဝုဋ္ဌာန ယေန ကာရဏေန ဈာနာဒီဟိ ဝုဋ္ဌဟန္တိ၊ တံ ကာရဏံ၊ ဈာန် စသည်တို့မှ (ဈာန်, ဝိမောက္ခ, သမာဓိ, သမာပတ်တို့မှ) ထကြောင်းတရားသည် ဝုဋ္ဌာနမည်၏"ဟု ဖွင့်၏၊ ထိုအဖွင့်အတိုင်း “ဝုဋ္ဌာနံ=ဈာန် စသည်တို့မှထကြောင်းတရားကိုလည်းကောင်း''ဟူ၍ အကြမ်းဖျင်းအနက် ပေးခဲ့သည်။ ဈာနာဒီဟိ ဝုဋ္ဌန္တိ ယန ကာရဏေနာတိ ဝုဋ္ဌာနံ-ဟု ဝစနတ္ထပြု။
ဤမျှလောက်ဖြင့် ဘာကို ဝုဋ္ဌာနခေါ်သည်ဟု (အဘိဓေယျတ္ထကို)မသိနိုင်သေး၊ ထို့ကြောင့် “ဝုဋ္ဌာနန္တိ ဝေါဒါနမ္ပိ ဝုဋ္ဌာနံ၊ တမှာ တမှာ သမာဓိမှာ ဝုဋ္ဌာနမ္ပိ ဝုဋ္ဌာနန္တိ ဧဝံ ဝုတ္တံ ပဂုဏဇ္ဈာနဉ္ဇဝ ဘဝင်္ဂဖလသမာပတ္တိယော စ”ဟူသော ဤသုတ်အဋ္ဌကထာ အဖွင့်အတိုင်း (၁) ပဂုဏဈာန် (၂) ဘဝင် (၃) ဖလသမာပတ်တို့ကို ဝုဋ္ဌာနခေါ်သည်ဟု မှတ်ရာ၏၊ ထိုသုံးမျိုးတို့တွင် အဝါးဝစွာ ကြေညက်စွာ လေ့လာအပ်ပြီးသော အောက် အောက်ဖြစ်သော ဈာန်ကို ပဂုဏဈာန်ဟု ခေါ်၏။
ထို့အပြင် ဉာဏဝိဘင်း အဋ္ဌကထာ(၄၄၄)၌လည်း “ဝေါဒါနမ္ပိ ဝုဋ္ဌာနန္တိ ဣမိနာ ပဂုဏဝေါဒါနံ ဝုဋ္ဌာနံ နာမ ကထိတံ (ပဂုဏဝေါဒါနကို ဝုဌာနခေါ်သည်) ဟု ဖွင့်၏၊ ထိုအဖွင့်၌ ဈာန်ကို ဝသီဘော်မြောက်အောင် အဝါးဝ ကြေညက်စွာ လေ့လာထားခြင်းကြောင့် နိဝရဏ အစရှိသော ဆန့်ကျင်ဘက်တို့မှ ယင်းဈာန်၏ စင်ကြယ်သန့်ရှင်းခြင်းကို (သို့မဟုတ်-ထိုဆန့်ကျင်ဘက်တို့မှ စင်ကြယ်သန့်ရှင်းသော ယင်းဈာန်ကို) ပဂုဏဝေါဒါနဟု ခေါ်၏၊ ဤသုတ်အဋ္ဌကထာမှ “ပဂုဏဇ္ဈာနံ”ဟူသော စကားနှင့် အတူတူပင် ဖြစ်၏၊ ပဂုဏ၊ ကြေညက်စွာ လေ့လာအပ်ပြီးဖြစ်၍+ဝေါဒါန =ဈာန်၏ ဖြူစင်သန့်ရှင်းခြင်း၊ ဝါ=ဖြူစင်သန့်ရှင်းသောဈာန်။ ]
ပဂုဏဝေါဒါနံ ပဂုဏဘာဝသိဒ္ဓါ ဈာနဿ ပဋိပက္ခတော ဝိသုဒ္ဓိ။ ဉာဏ ဝိဘင်းအနုဋီကာ၊ ၂၁၄။ ဤသုတ်ဋီကာနှင့် မူလပဏ္ဏာသဋီကာ၊ ဒု(၂၄)၌မူ ဝေါဒါနန္တိ ပဂုဏတာသင်္ခါတံ ဝေါဒါနံ (ဝေါဒါနဟူသည် ဈာန်ကို ဝသီဘော်သို့ ရောက်အောင် ကြေညက်စွာ လေ့လာအပ်ပြီးသည်အဖြစ်ဟု ဆိုအပ်သော ဖြူစင်သန့်ရှင်းခြင်းသဘော) ဟု ဖွင့်၏။ အနုဋီကာနှင့် သဘောတူပင် ဖြစ်၏။
ဤပြခဲ့သော အဖွင့်များနှင့်အညီ “ပဌမဇ္ဈနာဒိဟိ ဝုဋ္ဌဟတိ ဧတေန ပဂုဏ ဝေါဒါနေနာတိ ဝုဋ္ဌာနံဟု ဝစနတ္ထပြု၍ ပဌမဈာန် စသည်တို့မှ ထကြောင်း (ဝါ၊ ပဌမဈာန် စသည်တို့မှ ထ၍ ဒုတိယဈာန် စသည်ကို ရကြောင်း ရောက်ကြောင်း) ဖြစ်သောကြောင့် ပဂုဏဝေါဒါနကို ဝုဋ္ဌာနဟု ခေါ်၏။ သဗ္ဗဇ္ဈာနေဟိ ဝုဋ္ဌာတိ ဧတေန ဘဝနာတိ ဝုဋ္ဌာနံ-ဟု ဝစနတ္ထပြု၍ အားလုံးသောဈာန်တို့မှ ထကြောင်း ဖြစ်သောကြောင့် ဘဝင်ကို ဝုဋ္ဌာနဟု ခေါ်၏။ဤ၌ ဈာန်ဇောအစဉ် ဆက်လက်မဖြစ် တော့ဘဲ ရပ်တန့်သွားသည်ကို ဈာန်မှ ထသည်ဟု ခေါ်၏၊ ထိုဈာန်ဇောများ ရပ်တန့်သွားသည်နှင့် တပြိုင်နက် တွင်စိတ်များ ပေါ်လာကြ၏၊ ထို့ကြောင့် ဘွင်ကို ဈာန်မှ ထကြောင်း (ဈာန်ဇောအစဉ် ရပ်တန့်ခြင်း၏ အကြောင်း)ဟု ခေါ်သည်။
နိရောဓသမာပတ္တိတော စူဠဟတိ ဧတာယ ဖလသမာပတ္တိယာတိ ဝုဋ္ဌာနံ-ဟု ဝစနတ္ထပြု၍ နိရောဓသမာပတ်မှ ထကြောင်းဖြစ်သောကြောင့် ဖလသမာပတ်ကို ဝုဋ္ဌာန ဟု ခေါ်၏၊ ဈာန်မှ ထသောအခါ ဘဝင်စိတ် ဖြစ်ပေါ်လာရကား ဘဝင်စိတ်သည် ဈာန်မှထကြောင်း ဖြစ်သကဲ့သို့ ထို့အတူ နိရောဓသမာပတ်မှ ထသောအခါ အနာဂါမ် ပုဂ္ဂိုလ်၌ အနာဂါမိဖိုလ်ဇော (အနာဂါမိဖလသမာပတ်) တကြိမ်စော၍ ရဟန္တာပုဂ္ဂိုလ်၌ အရဟတ္တဖိုလ်ဇော(အရဟတ္တဖလသမာပတ်) တကြိမ်စော၏၊ ထို့ကြောင့် ဖလသမာပတ် (ထိုဖိုလ်ဇော)ကို နိရောဓသမာပတ်မှ ထကြောင်းတရား (ဒုဌာန)ဟု ခေါ်သည်။
ယင်းသို့ ဖလသမာပတ်ကို ဝုဋ္ဌာန-ဟု ဆိုရသော်လည်း ဉာဏဝိဘင်း ပါဠိတော်၌မူ “ဝေါဒါနမ္ပိ ဝုဋ္ဌာနံ၊ တမှာ တမှာ သမာဓိမှာ ဝုဌာနမ္ပိ ဝုဋ္ဌာနံ”ဟုသာ ဟောတော်မူ၍ ဖလသမာပတ်ကို ဝုဋ္ဌာနဟု တိုက်ရိုက်ဟောတော်မမူ၊ နိရောဓတော ဝုဋ္ဌာနမ္ပိ ဝုဋ္ဌာနံ-ဟု ဟောတော်မမူ) ထို့ကြောင့် ဖလသမာပတ်ကို ပါဠိမုတ္တကဝုဋ္ဌာန (ပါဠိတော်မှ အလွတ်ဖြစ်သော ဝုဋ္ဌာနတရား)ဟု ဉာဏဝိဘင်း အဋ္ဌကထာ မိန့်ဆိုသည်။
ယခုဖော်ပြခဲ့သော ရှုဋီအဖွင့်များနှင့်အညီ “တထာဂတော ဈာနဝိမောက္ခ သမာဓိသမာပတ္တိနံ.....ဝုဋ္ဌာနံ ယထာဘူတံ ပဇာနာတိ”ဟူသော ပါဠိတော်၌-
မြတ်စွာဘုရားသည် ဈာန်လေးပါး,ဝိမောက္ခရှစ်ပါး, သမာဓိသုံးပါး, သမာပတ်ကိုးပါးတို့၏ (ကြေညက်စွာ လေ့လာပြီး၍) ဖြူစင်သန့်ရှင်ခြင်းသဘော ဟူသော ဝုဋ္ဌာနကိုလည်းကောင်း၊ (ထိုဈာန်ဝိမောက္ခ စသည်တို့မှ ထကြောင်း) ဘဝင် ဟူသော ဝုဌာနကိုလည်းကောင်း၊ (ထိုသမာပတ် ကိုးပါးတို့အနက် နိရောဓသမာပတ်မှ ထကြောင်း) ဖလသမာပတ်ဟူသော ဝုဋ္ဌာနကိုလည်းကောင်း အဖြစ်မှန် သဘောအတိုင်း သိတော်မူ၏'ဟူ၍ ဆိုလိုရင်း အဓိပ္ပာယ်ကို မှတ်ပါလေ။
၊ ညစ်နွမ်းကြောင်းဖြစ်သော ဟာနဘာဂိယဓမ္မကိုလည်းကောင်း။ ဝေါဒါနံ၊ ဖြူစင်ကြောင်း ဖြစ်သော ဝိသေသဘာဂိယဓမ္မကိုလည်းကောင်း။ ဝုဋ္ဌာနံ၊ ဈာန်စသည်မှ ထကြောင်း သဘောတရားကိုလည်းကောင်း။ ယထာဘူတံ၊ တိုင်း။ ပဇာနာတိ၊ ၏။ပ။
ဘိက္ခဝေ၊ တို့။ ဣဒမ္ပိ၊ ဤဉာဏ်တော်သည်လည်း။ (ဤ ဈာန် ဝိမောက္ခ သမာဓိ သမာပတ်တို့၏ သံကိလေသ ဝေါဒါန ဂုဌာနတို့ကို ဟုတ်မှန်စွာသိသောဉာဏ်စွမ်းအားသည်လည်း)။ပ။ ယံ ဗလံ၊ ယင်းဉာဏ်တော်စွမ်းအားသို့။ပ။
ဘိက္ခဝေ၊ တို့။ ပုန စပရံ၊ ကား။ တထာဂတော၊ သည်။ အနေကဝိဟိတံ၊ များသော အပြားရှိသော။ (ဘဝ, ယောနိ, ဂတိစသည်ဖြင့် များသောအမျိုးအစားအကွဲအပြားရှိသော) ဝါ၊ အမည်အနွယ်စသော များသောအမျိုးအစား အကွဲအပြား တို့နှင့်တကွ ချဲ့ထွင်အပ်သော။ ပုဗ္ဗေနိဝါသံ၊ (အခြားမဲ့ဘဝမှ စ၍) ရှေးဘဝ၌ နေအပ်ခဲ့ဖူးသော ခန္ဓာအစဉ်ကို။ ဝါ၊ ရှေးဘဝ၌ နေအပ်ခဲ့ဖူးသော ခန္ဓာအစဉ်နှင့်တကွ ထိုခန္ဓာအစဉ်နှင့်ဆက်စပ်သော အမည်, အနွယ်, အဆင်း, အစာအာဟာရစသည်ကို။ အနုဿရတိ၊ (ထိုပုဗ္ဗေနိဝါသသို့) စိတ်ကိုညွတ်စေပြီးသည်အခြားမဲ့၌သာလျှင်အောက်မေ့နိုင်၏။ (ထိုပုဗ္ဗေနိဝါသသို့ စိတ်ကိုညွတ်စေပြီးသည်နှင့် တပြိုင်နက် တဆက်တည်းသာလျှင် အောက်မေ့နိုင်၏) ဝါ၊ ဉာဏ်ဖြင့် အစဉ်လျှောက်၍ လျှောက်၍ အောက်မေ့နိုင်၏။ (ဘဝခန္ဓာအစဉ်အတိုင်း အားဖြင့်လည်းကောင်း, စုတိပဋိသန္ဓေအားဖြင့်လည်းကောင်း ဉာဏ်ဖြင့်အစဉ်လျှောက်၍ လျှောက်၍ အောက်မေ့နိုင်၏။) သေယျထိဒံ၊ အဘယ်သို့သော ပုဗ္ဗေနိဝါသကို။ (အနုဿရတိ၊ နည်းဟူမူ) ဧကမ္ပိ ဇာတိ၊ တခုသောဘဝကိုလည်းကောင်း။ ဒါ၊ ပဋိသန္ဓေအစ စုတိအဆုံး ရှိသော တခုသောဘဝ၌ အကျုံးဝင်သော ခန္ဓာအစဉ်ကိုလည်းကောင်း။ ဒွေပိ ဇာတိယော၊ နှစ်ခုသောဘဝတို့ကိုလည်းကောင်း။ ဝါ၊ ပဋိသန္ဓေအစ စုတိအဆုံး ရှိသော နှစ်ခုသောဘဝတို့၌ အကျုံးဝင်သော ခန္ဓာအစဉ်တို့ကိုလည်းကောင်း။ပ။ [ပဉ္စကနိပါတ် စာပိုဒ်(၂၃) ဥပက္ကိလေသသုတ်(စာမျက်နှာ-၂၉၃၁) လည်းကြည့်] အနုဿရတိ၊ ၏။
ဘိက္ခဝေ၊ တို့။ ယမ္ပိ(ယေန ဉာဏေန)၊ ဖြင့်လည်း။ပ။
ဘိက္ခဝေ၊ တို့။ ဣဒမ္ပိ၊ ဤပုဗ္ဗေနိဝါသာနုဿတိဉာဏ်တော် စွမ်းအားသည်လည်း။ပ။
သတ္တေ၊ သတ္တဝါတို့ကိုလည်း။ ပဇာနာတိ၊ သိ၏။ ။
ဘိက္ခဝေ၊ တို့။ ဣဒမ္ပိ၊ ဤဒိဗ္ဗစက္ခုဉာဏ်တော်သည်လည်း။ပ။ ဥပသမ္ပဇ္ဇ၊ ၍။ ဝိဟရတိ၊ နေ၏။
ဘိက္ခဝေ၊ တို့။ ဣဒမ္ပိ၊ ဤအာသဝက္ခယဉာဏ်တော်သည်လည်း။ပ။ ဗြဟ္မစက္ကံ၊ ကို။ ပဝတ္တေတိ၊ ၏။
ဘိက္ခဝေ၊ တို့။ တထာဂတဿ၊ ၏။ တထာဂတဗလာနိ၊ တို့သည်။ ဣမာနိ ဆ၊ တို့တည်း။ ယေဟိ ဗလေဟိ၊ ယင်းဉာဏ်တော်စွမ်းအားခြောက်ပါးတို့နှင့်။ သမန္နာဂတော။ပ။ ပဝတ္တေတိ၊ ၏
ဘိက္ခဝေ၊ တို့။ တတြ၊ ထိုသီဟနာဒ မိန့်မြွက်တော်မူရာ၌။ ဝါ၊ တော်မူခြင်းကြောင့်။ ပရေ၊ တပါးတခြားသော ပုဂ္ဂိုလ်တို့သည်။ တထာဂတံ၊ မြတ်စွာဘုရားကို။ပ။ ယထာဘူတံ၊ တိုင်း။ ဉာဏေန၊ သိသောဉာဏ်အားဖြင့်။ [ဉာဏ် အနေအားဖြင့်။ ဝါ၊ သိသောဉာဏ်နှင့် ပတ်သက်၍] ဥပသင်္ကမိတွာ၊ လာရောက်ကြကုန်၍။ ပဉှံ၊ အမေးပုစ္ဆာ ပြဿနာကို။ စေ ပုစ္ဆန္တိ၊ အကယ်၍ မေးလျှောက်ကြကုန်အံ့။
ဘိက္ခဝေ၊ တို့။ (ဧဝံ သတိ၊ ဤသို့ မေးလျှောက်သည်ဖြစ်လသော်) ယထာ ယထာ၊ အကြင်အကြင် အခြင်းအရာအားဖြင့်။ တထာဂတဿ၊ မြတ်စွာဘုရားမှာ။ ဝါ၊ မြတ်စွာဘုရားသည်။ပ။ ဉာဏံ၊ သိသောဉာဏ်သည်။ ဝါ၊ ကို။ ဝိဒိတံ၊ ထင်ရှားပြီ။ ဝါ၊ ထင်ရှားစွာ ဖြစ်ပေါ်လာပြီ။ ဝါ၊ သိအပ်ပြီ။ ဝါ၊ ရအပ်ပြီး။ တထာ တထာ၊ ထိုထိုထင်ရှားဖြစ်ပေါ်လာပြီးသော အခြင်းအရာအားဖြင့်။ ဝါ၊ ထိုထိုထင်ရှား ဖြစ်ပေါ်လာသည့်အတိုင်း။ တေသံ၊ ထိုပုဂ္ဂိုလ်တို့အား။ [ဗျာကရောတို့၌-စပ်] ဝါ၊ ထိုပုဂ္ဂိုလ်တို့သည်။ [ပုဋ္ဌော ၌စပ်] ပဉှံ၊ ကို။ ပုဋ္ဌော၊ မေးအပ်သည်။ (ဟုတွာ၊ ဖြစ်၍) တထာဂတော၊ သည်။ ဌာနဉ္စ၊ ကိုလည်း။ပ။ ယထာဘူတံ၊ တိုင်း။ ဉာဏေန၊ သိသောဉာဏ်ဖြင့်။ ဗျာကရောတိ၊ ဖြေကြားတော် မူ၏။
ဘိက္ခဝေ၊ တို့။ တတြ၊ ရာ၌။ ဝါ၊ ကြောင့်။ ပရေ၊ တို့သည်။ တထာဂတံ၊ ကို။ ပုဗ္ဗေနိဝါသာနုဿတိံ၊ ရှေးဘဝ၌ နေအပ်ခဲ့ဖူးသော ခန္ဓာအစဉ်ကို အောက်မေ့ကြောင်း သတိကို။ စေ ပုစ္ဆန္ဆိ၊ အံ့။ပ။
သတ္တာနံ၊ သတ္တဝါတို့၏။ စုတူပပါတံ၊ စုတိနှင့် ပဋိသန္ဓေကို။ပ။
တထာဂတံ၊ ကို။ အာသဝါနံ၊ အာသဝတရားတို့၏။ ခယံ၊ ကုန်ခန်းချုပ်ငြိမ်းရာ နိဗ္ဗာန်ကို။ ယထာဘူတံ၊ တိုင်း။ ဉာဏေန၊ သိသော ဉာဏ်အနေအားဖြင့်။ ဝါ၊ ၍။ [ဤနေရာ၌ ပဉ္စမီဝိဘတ် ပေယျာလတို့ဖြင့် "ခယာ။ပ။" ဟု မရှိသင့်။ပ။]
ဘိက္ခဝေ၊ တို့။ တတြ၊ ထို(၆)ပါးသော ဉာဏ်တော်စွမ်းအားတို့တွင်။ ဌာနဉ္စ၊ ကိုလည်း။ ဌာနတော၊ ဖြင့်လည်းကောင်း။ပ။ ယထာဘူတံ၊ တိုင်း။ ယမ္ပိဒံ ဉာဏံ၊ အကြင်သိသော ဉာဏ်သည်လည်း။ (ဟောတိ၊ ရှိ၏) တမ္ပိ၊ ထိုဉာဏ်ကိုလည်း။ (ထိုဌာနာဌာန ဉာဏ်တော်ကိုလည်း) သမာဟိတဿ၊ စိတ်ကိုအာရုံ၌ ကောင်းမွန် တည်ငြိမ်စွာ ထားသောပုဂ္ဂိုလ်၏။ ဝါ၊ စိတ်တည်ကြည်သောပုဂ္ဂိုလ်၏။ (ဉာဏံ၊ ဉာဏ်ဟူ၍) ဝဒါမိ၊ ဟောတော်မူ၏။ အသမာဟိတဿ၊ စိတ်ကို အာရုံ၌ကောင်းမွန်တည်ငြိမ်စွာ မထားသောပုဂ္ဂိုလ်၏။ ဝါ၊ စိတ်မတည်ကြည်သော ပုဂ္ဂိုလ်၏။ (ဉာဏံ၊ ဟူ၍) နော ဝဒါမိ၊ ဟောတော်မမူ။
အတီတာနာဂတပစ္စုပ္ပန္နာနံ၊ ကုန်သော။ပ။ ယထာဘူတံ၊ တိုင်း။ ယမ္ပိဒံ ဉာဏံ၊ လည်း။ (ဟောတိ၊ ၏) တမ္ပိ၊ ထိုဉာဏ်ကိုလည်း။ (ထိုကမ္မဝိပါကန္တရဉာဏ်ကိုလည်း)။ပ။
တမ္ပိ၊ ထိုဈာန သံကိလေသာဒိဉာဏ်ကိုလည်း။ပ။
တမ္ပိ၊ ထိုပုဗ္ဗေနိဝါသာနုဿတိဉာဏ်ကိုလည်း။ပ။
တမ္ပိ၊ ထိုစုတူပပါတဉာဏ်ကိုလည်း။ပ။
အာသဝါနံ၊ တို့၏။ ခယံ၊ ကို။ ယထာဘူတံ၊ တိုင်း။ ယမ္ပိဒံဉာဏံ၊ လည်း။ (ဟောတိ)တမ္ပိ၊ ထိုအာသဝက္ခယဉာဏ်ကိုလည်းပ။
ဘိက္ခဝေ၊ တို့။ ဣတိ၊ ဤသို့ ဖြစ်ခြင်းကြောင့်။ (ဤသို့ သမာဟိတပုဂ္ဂိုလ်၏ ဉာဏ်သာလျှင် ဖြစ်ခြင်းကြောင့်) သမာဓိ၊ သမာဓိသည်။ ဝါ၊ ဆိတ်ကို အာရုံ၌ ကောင်းမွန်တည်ငြိမ်စွာ ထားတတ်သော သဘောတရားသည်။ မဂ္ဂေါ၊ ထိုဉာဏ်တို့ကို ရခြင်း၏အကြောင်း မှန်ပေတည်း။ အသမာဓိ၊ သမာဓိ၏ ဆန့်ကျင်ဘက်ဖြစ်သော မတည်ကြည်ခြင်း သဘောသည်။ ကုမ္မဂ္ဂေါ၊ ထိုဉာဏ်တို့ကိုရခြင်း၏ လွဲမှားသောအကြောင်းပေတည်း။
ဣတိ(အဝေါစ) ဒသမံ။
ဆဋ္ဌော၊ ၆-ခုမြောက်သော။ မဟာဝဂ္ဂေါ၊ မဟာဝဂ်တည်း။။