၅၈။ [ပဉ္စကနိပါတ်စာပိုဒ် (၁၀၇)သီလသုတ်(စာမျက်နှာ-၂၂၅)ကြည့်)]
ဘိက္ခဝေ၊ ရဟန်းတို့။
ဣဓ၊ ဤသာသနာတော်၌။
ဘိက္ခုနော၊ ရဟန်းသည်။
ယေ အာသဝါ၊ (ကာမာသဝအစရှိသော) အကြင်အာသဝတရားလေးပါးတို့ကို။
သံဝရာ**၁။ သံဝရာ-၌ ဝစနတ္ထ, အဘိဓေယျတ္ထ, ဝိဘတျတ္ထ**။ ။သံဝရတိ ပိဒဟတိ ထကေတီတိ သံဝရော၊ ပိတ်ဖုံးကာဆီးတတ်သော သတိတရား၊ စက္ခုအစရှိသော (စက္ခု အစရှိသော) ဒွါရခြောက်ပေါက်တို့၌ ကိလေသာတို့ ဖြစ်ခွင့်(ဝင်ခွင့်)မရ အောင် ပိတ်ဖုံးကာဆီးတတ်သော သတိတရား၊ ၎င်းကို သတိသံဝရဟု ခေါ်၏။
"သံဝရာ ပဟာတဗ္ဗာတိ သံဝရေန ပဟာတဗ္ဗာ”ဟု အဋ္ဌကထာဖွင့်၍ “သံဝရေနာတိ သံဝရေန ဟေတုဘူတေန ဝါ”ဟု ဋီကာဖွင့်၏၊ ဝါသဒ္ဒါဖြင့် ဖွင့်ထား သောကြောင့် သံဝရာ၌ ပဉ္စမီသာဝိဘတ်ကို ကရိုဏ်းအနက်၌ (တနည်း)ဟိတ်အနက်၌ သက်ဟု နှစ်နည်းဆိုလို၏“အာသဝါ ဒဿနာ ပဟာတဗ္ဗာ။ပ။ သံဝရာ ပဟာတဗ္ဗာ စသည်ကို ဖွင့်သော မူလပဏ္ဏာသဋီကာ (ပ-၁၅၁)၌ “ဟေတုမှိ နိဿက္ကဝစနံ”ဟူ၍ ဟိတ်အနက်တမျိုးသာ ဖွင့်၏။
သို့သော် “အာသဝတို့ကို ဒဿန (သောတာပတ္တိမဂ်)ကြောင့် ပယ်သည်၊ သံဝရ(သတိ)ကြောင့် ပယ်သည်”ဟု ဟိတ်အနက်ပြန်ဆိုလျှင် ဒဿနနှင့် သံဝရတို့သည် ပယ်သတ်ခြင်း၏ အကြောင်းတရားမျှသာဖြစ်၍ တကယ် တိုက်ရိုက်ပယ်သတ်သော တရား မဖြစ်နိုင်တော့လေရာ၊ ဒဿနဖြင့် ပယ်သည်၊ သံဝရဖြင့် ပယ်သည်ဟု ကရိုဏ်းအနက် ပြန်ဆိုမှသာ တကယ်တိုက်ရိုက် (လက်တွေ့) ပယ်သတ်သောတရား ဖြစ်နိုင်သည်၊ ထို့ကြောင့် ဟိတ်အနက်ဖွင့်ဆိုသော ဋီကာဆရာတို့၏ အာဘောဂကို ဆက်လက်ကြံစည်ကြပါကုန်။ ၊ ပိတ်ဖုံးကာဆီးတတ်သောသတိတရားဖြင့်။
ပဟာတဗ္ဗာ၊ ပယ်သင့်ပယ်ထိုက်ကုန်၏။
တေ(အာသဝါ)၊ ထိုပယ်ထိုက်သော အာသဝတရားလေးပါးတို့သည်။
သံဝရေန၊ ပိတ်ဖုံးကာဆီးတတ်သော သတိတရားဖြင့်။
ပဟီနာ၊ ပယ်အပ်ပြီးကုန်သည်။
ဟောန္တိ၊ ဖြစ်ကုန်၏။
အာသဝါ၊ တို့ကို။
ပဋိသေဝနာ**၂။ ပဋိသေဝနာ အဓိဝါသနာ ပရိဝဇ္ဇနာ**။ ။ပဋိသေဝတိ ဧတနာတိ ပဋိ သေဝနံ၊ (ဆင်ခြင်စဉ်းစား၍) မှီဝဲသုံးစွဲကြောင်းဖြစ်သောဉာဏ်၊ သင်္ကန်း စသည်တို့ကို မှီဝဲသုံးစွဲရာ၌ အချမ်းအပူ စသည်တို့ကို ကာကွယ်တားဆီးခြင်း စသောအကျိုးကို ဆင်ခြင်၍ မှီဝဲသုံးစွဲကြောင်း ဉာဏ်တည်းထိုဉာဏ်ကို ဉာဏသံဝရဟုလည်း ခေါ်၏ ၊ ဋီကာ ဝစနတ္ထဝါကျ၌ “ပဋိသေဝန”ဟု နပုလ္လိင်ရုပ်ရှိသော်လည်း ပါဠိတော်၌ ဣတ္ထိလိင်ရုပ်ရှိ၏]။
အဓိဝါသေတိ ခမတိ ဧတာယာတိ အဓိဝါသနာ၊ (သီတဥဏှ စသည်ကို) ချုပ်တည်း သည်းခံကြောင်းတရား၊ တရားကိုယ်မှာ ထိုသီတ ဥဏှ စသည်တို့ကို ချုပ်တည်း သည်းခံခြင်းသဘောအားဖြင့် ဖြစ်သော အဒေါသ (တနည်းထိုအဒေါသ ပြဓာန်းသော ကုသိုလ်ခန္ဓာလေးပါးတည်းထိုအဒေါသစသည်ကို ခန္တိသံဝရဟု ခေါ်၏။ ပရိဝဇ္ဇေတိ ဧတေနာတိ ပရိဝဇ္ဇနံ=(ကြမ်းတမ်းသော ဆင်မြင်းစသည်ကို) ရှောင်ရှားကြောင်းတရား၊ တရားကိုယ်မှာ ထိုဆင် စသည်ကို ရှောင်ရှားခြင်းသဘော အားဖြင့်ဖြစ်သော စေတနာ(သို့မဟုတ်) ထိုစေတနာ ပြဓာန်းသော ကုသိုလ်ခန္ဓာလေးပါး တည်း၊ မူလပဏ္ဏာသဋီကာ (ပ-၁၅၂)၌ ပြထားသော တရားကိုယ်အရ ကောက်ဖြစ်၏၊ ထိုဋီကာ၌-
(၁) ဝိရတိ (၂) စေတနာ (၃) စေတနာသမ္ပယုတ်တရားဟူ၍ သုံးပါးရှိရာတွင် (၂)(၃)တရားသာ ပါဝင်၍ ဝိရတီမည်သော သီလမပါဝင်ဟု ယူဆ၏၊ အဋ္ဌကထာ၌မူ “သီလသံဝရသင်္ခါတေန ပရိဝဇ္ဇနေန”ဟု ပရိဝဇ္ဇနပုဒ်အရ သီလသံဝရကို ယူထား၏၊ ထိုသီလသံဝရ၌ ဝိရတိ, စေတနာ,စေတနာသမ္ပယုတ်တရားဟူသော ပြခဲ့သော တရား သုံးမျိုးလုံး ပါဝင်နိုင်၏၊ သိက္ခာပဒဝိဘင်းပါဠိတော်၊ နှာ(၂၉၉)၌ ကြည့်ပါ၊ ဤပရိ ဝဇ္ဇနာနှင့် စပ်၍ နောက်ထပ်မှတ်ဖွယ်ကို ပရိဝဇ္ဇနာ ပဟာတဗ္ဗအခန်း၌ ရေးဦးအံ့။
ကာမဝိတက္ကာဒိကေ ဝိနောဒေတိ အတ္တနော သန္တာနတော နိဟရတိ ဧတေနာတိ ဝိနောဒနံ၊ ကာမဝိတက် စသည်တို့ကို မိမိခန္ဓာအစဉ်မှ ပယ်ထုတ်ကြောင်း ဝီရိယ။ မူလပဏ္ဏာသဋီကာ၌ “ကာမဝိတက္ကာဒိကေ ဝိနောဒေတိ ဝိတုဒတိ ဧတေနာတိ ဝိနောဒနံ=ကာမဝိတက် စသည်တို့ကို ထိုးနှက်ကြောင်းဖြစ်သော ကုသိုလ်ဝီရိယ”ဟု ရှိ၏။
အဋ္ဌကထာ၌ “လောကုတ္တရာယ ဗောဇ္ဈင်္ဂဘာဝနာယ”ဟု နောက်ပိုင်း၌ဖွင့်၏ထို့ကြောင့် "ဘာဝေတဗ္ဗာတိ ဘာဝနာ၊ ဖြစ်ပွားစေထိုက်သော လောကုတ္တရာဗောဇ္ဈင် တရား”ဟု ဝစနတ္ထပြု။ ၊ (ဆင်ခြင်စဉ်းစား၍)မှီဝဲသုံးစွဲကြောင်းဉာဏ်ဖြင့်။
ပဟာတဗ္ဗာ၊ ကုန်၏။
တေ(အာသဝါ)၊ တို့သည်။
ပဋိသေဝနာယ၊ (ဆင်ခြင်စဉ်းစား၍) မှီဝဲသုံးစွဲကြောင်း ဉာဏ်ဖြင့်။ပ။
ယေ အာသဝါ၊ တို့ကို။ အဓိဝါသနာ၊ ချုပ်တည်းသည်းခံကြောင်းဖြစ်သော ခန္တိသံဝရတရားဖြင့်။ ပဟာတဗ္ဗာ၊ ကုန်၏။ တေ(အာသဝါ)၊ တို့သည်။ အဓိ ဝါသနာယ၊ ဖြင့်။ပ။ ပရိဝဇ္ဇနာ၊ ရှောင်ရှားကြောင်းဖြစ်သော သီလသံဝရဖြင့်။ [နောက်၌ အကျယ်ပြလိမ့်မည် ဖြစ်သောကြောင့် ဘာကို ချုပ်တည်းသည်းခံသည်။ ဘာကို ရှောင်ရှားသည်ဟူ၍ ဤနေရာ၌ ဖော်၍ဆိုဖို့ မလိုသေး]။ပ။ ဝိနောဒနာ၊ ထိုးနှက်ပယ်ထုတ်ကြောင်း ဝီရိယသံဝရဖြင့်။ပ။ ဘာဝနာ၊ လောကုတ္တရာဖြစ်သော ဗောဇ္ဈင်္ဂဘာဝနာဖြင့်။ ဝါ၊ ဖြစ်ပွားစေအပ်သော လောကုတ္တရာဗောဇ္ဈင်တရားဖြင့်။ပ။ ["သံဝရာ ပဟာတဗ္ဗာ"ဟူသော ဝါကျ၌ မူလပဏ္ဏာသဋီကာအဖွင့်နှင့်အညီ သ္မာဝိဘတ်ကို အာပြု၍ "သံဝရ"ဟု ရုပ်ပြီး၏။ ပဋိသေ ဝနာ, အဓိဝါသနာ, ပရိဝဇ္ဇနာ, ဝိနောဒနာ ဘာဝနာ-ဟူသော ဣတ္ထိလိင်ရုပ်တို့၌ကား သ္မာဝိဘတ်ကို အာယပြုပြီးနောက် ယကိုချေသည်ဟုကြံ။]
(တနည်း) သံခရိ ပိဒဟိ ထကေသီတိ သံဝုတော၊ ပိတ်ဖုံးကာဆီးပြီးသူ-ဟု အတိတ်အနက်ဟောတပစ္စည်းကြံ၍ ဝစနတ္ထပြု၊ ပထမနည်းအတွက် အဋ္ဌကထာ၌ သံဝုတပုဒ်၏ ဝစနတ္ထကို အထူးမဆိုခဲ့၊ ထို့ကြောင့် ပထမနည်း၌ သံဝရတိ ပိဒဟတိ ထကေတီတိ သံဝုတော=ပိတ်ဖုံးကာဆီးသောသူဟူ၍ ရိုးရိုးပစ္စုပ္ပန္နကာလိက ဝစနတ္ထ လည်း ပြုသင့်သည်ဟု ယူဆ၏၊ စက္ခုန္ဒြိယသံဝရံ သံဝုတော စက္ခုန္ဒြိယသံဝရသံဝုတော =စက္ခုဟူသော ဒွါရပေါက်၌ ပိတ်ဆီးတတ်သော သတိဟူသော တံခါးရွက်အပိတ် ကို ပိတ်ပြီးသူ။ ဤဒုတိယနည်းသည် “စက္ခုန္ဒိယသံဝရံ အသံဝုတဿ(သံဝုတဿ)” ဟူသော ဤသုတ်ပါဠိတော်နှင့် တထပ်တည်းကျ၍ ပိုကောင်းသည်ဟု အဋ္ဌကထာ မိန့်သည်။ ၊ စက္ခုန္ဒြေ၌ (ကိလေသာဖြစ်ခွင့်မရအောင်) ပိတ်ဖုံးကာဆီးတတ်သောသတိနှင့်ပြည့်စုံသည်။ ဝါ၊ စက္ခုနြေဟူသော ဒွါရအပေါက်၌ သတိဟူသော တံခါးရွက်အပိတ်ကို ပိတ်ဖုံးကာဆီးပြီးသည်။ (ဟုတွာ၊ ဖြစ်၍) ဝိဟရတိ၊ နေ၏။
အာသဝါ, ဝိယာတပရိဠာဟာပုဒ်တို့နှင့် တွဲ၍ “ယံ (ယေ) အာသဝါ၊ တို့သည် လည်းကောင်း” စသည်ဖြင့် အနက်ပေးရသော ဒုတိယနည်း၌ကား ပုလ္လိင် ယသဗ္ဗနာမ် ပုဒ်နောင် ပထမာဗဟုဝုစ်ယောဝိဘတ်သက်၍ “ယေဟု ဆိုသင့်လျက် လိင်္ဂဝိပလ္လာသ, ဝစနဝိပလ္လာသနည်းအားဖြင့် နပုလ္လိင်ဧကဝုစ်သို့ ပြောင်း၍ “ယံ”ဟု ဆိုသည်ဟုလည်း ကောင်း, တနည်းအားဖြင့် ယင်းသို့ သဗ္ဗနာမ်ပုဒ်မကြံဘဲ ပစ္စတ္တပုထုဝစနတ္ထ (ပဌမာ ဗဟုဝုစ်အနက်ကို ဟောသော)ယံဟူသော နိပါတ်ပုဒ်ဖြစ်သည်ဟုလည်းကောင်း ဖွင့်သည်။
ယန္တိအာဒေသောတိ ဣမိနာ လိင်္ဂဝိပလ္လာသေန သဒ္ဓိ ဝစနဝိပလ္လာသော ကတောတိ ဒဿတိနိပါတပဒံ ဝါ ဧတံ ပစ္စတ္တပုထုဝစနတ္ထံမူလပဏ္ဏာသ ဋီကာ၊ ပ-၁၆၇။ ၊ အကြင်စက္ခု၌ ပိတ်ဖုံးကာဆီးတတ်သော သတိဟူသော တံခါးရွက်ကို။ အသံဝုတဿ၊ မပိတ်မဆီးဘဲ။ ဝိဟရတော၊ နေသော။ အဿ၊ ထိုရဟန်းမှာ။ ယံ(ယေ) အာသဝါ၊ (ကာမာသဝအစရှိသော) အကြင်အာသဝလေးပါးတို့သည်လည်းကောင်း။ ယံ (ယေ) ပိဃာတ ပရိဠာဟာ**၂။ ဝိဃာတပရိဠာဟာ**။ ။ပရိဒဟန္တိတိ ပရိဠာဟာ၊ လောင်မြိုက်တတ်သော အပူမီးများထိုအပူမီးများဟူသည်(၁) ကိလေသပရိဠာဟ=(ကာမာသဝ စသော အာသဝ လေးပါးတို့နှင့် ယှဉ်သော) ကိလေသာအပူမီး(၂) ဝိပါကပရိဠာဟ=ထိုအာသဝနှင့် ကိလေသာတို့၏ နောင်ဖြစ်လတ္တံ့သော အကျိုးဝိပါက် ရုပ်နာမ်ခန္ဓာဟူသော အပူမီးဟူ၍ နှစ်မျိုးရှိသည်။
စိတ္တံ ဝိဟနန္တီတိ ဝိဃာတာ၊ စိတ်ကို ညှဉ်းဆနှိပ်စက်တတ်ကုန်သော (အပူမီး များ)ဝိဃာတာ ပရိဠာဟာ ဝိဃာတပရိဠာဟာ=စိတ်ကိုညှဉ်းဆဲနှိပ်စက်တတ်ကုန်သော အပူမီးများ။(တနည်း)သတ္တေ ဝိဟနန္တီတိ ဝိဃာတာ=သတ္တဝါတို့ကို ညှဉ်းဆဲနှိပ်စက်တတ် သော ကိုယ်စိတ်ဒုက္ခများဝိဃာတာနံ နိဗ္ဗတ္တကာ ဝိဃာတာ=ထိုဒုက္ခတို့ကို ဖြစ်စေ တတ်ကုန်သော(အပူမီးများ)၊ နိဗ္ဗတ္တကပုဒ်အကျေကြံထို့နောက်မှ ဝိဃာတာ ပရိဠာ ဟာ ဝိဃာတပရိဠာဟာ(ကိုယ်စိတ်ဒုက္ခတို့ကို ဖြစ်စေတတ်သော အပူမီးများ)ဟုတွဲ။ ၊ အကြင်စိတ်ကိုညှဉ်းပန်းနှိပ်စက်တတ်သော ကိလေသာအပူမီးနှင့်ယင်းတို့၏ အနာဂတ်အကျိုးဝိပါက်အပူမီးတို့သည်လည်းကောင်း။ ဝါ၊ အကြင်ကိုယ်စိတ်ဆင်းရဲကို ဖြစ်စေတတ်သော ကိလေသာအပူမီးနှင့် ယင်းတို့၏အနာဂတ်အကျိုးဝိပါက် အပူမီးတို့သည်လည်းကောင်း။ ဥပ္ပဇ္ဇေယျုံ၊ ဖြစ်ကုန်ရာ၏။ တံ စက္ခုန္ဒြိယသံဝရံ၊ ထိုစက္ခုနြေ၌ ပိတ်ဖုံးကာဆီးတတ်သော သတိဟူသော တံခါးရွက်ကို။ သံဝုတဿ၊ ပိတ်ဖုံးကာဆီးလျက်။ ဝိဟရတော၊ နေသော။ အဿ၊ ထိုရဟန်းမှာ။ [တနည်း-အဿ၊ ထိုရဟန်း၏။ သန္တာနေ၊ စိတ်အစဉ်၌။] ဧဝံ၊ ဤသို့ပိတ်ဖုံးကာဆီးခြင်းကြောင့်။ တေ အာသဝါ၊ ထိုအာသဝလေးပါးတို့သည်လည်းကောင်း။ တေ ဝိဃာတပရိဠာဟာ၊ ထိုစိတ်ကိုညှဉ်းပန်းနှိပ်စက်တတ်သော ကိလေသာအပူမီးနှင့် ယင်းတို့၏ အနာဂတ်အကျိုးဝိပါက် အပူမီးတို့သည်လည်းကောင်း။ ဝါ၊ လည်းကောင်း။ နဟောန္တိ၊ မဖြစ်တော့ကုန်။
(တနည်း) ပရိဿယပုဒ်အရ ဥတုတည်းဟူ သာ ဘေးရန်ကို မယူတော့ဘဲ (၁) ပါကဋပရိဿယ-ခြင်္သေ့ ကျားစသော)ထင်ရှားသောဘေးရန်၊ (၂) ပဋိစ္ဆန္နပရိဿယ၊ (ရာဂဒေါသစသော) ဖုံးကွယ်သော မထင်ရှားသော ဘေးရန်တို့ကိုသာ ယူရ၏၊ ထိုအလို “ဥတု စ ပရိဿယော စ ဥတုပရိဿယံ=အအေးအပူဥတုနှင့် ထင်ရှား မထင်ရှားသောဘေးရန်”ဟု ဒွန်သမာသ်တွဲ။
**ပဋိသလ္လာနာရာမ**။ ။ပဋိသံဟရိတွာ၊ ဖွဲခွာရုပ်သိမ်း၍၊ သမ္မဒေဝ=ကောင်းစွာ သာလျှင်၊ လယနံ=ကပ်ငြိခြင်းတည်း၊ ပဋိသလ္လာနံ=ခြင်း၊ ဤ ဝစနတ္ထနှင့်အညီ အာရုံအမျိုးမျိုးမှ ဖဲခွာရုပ်သိမ်း၍ ကမ္မဋ္ဌာန်းအာရုံ တခုတည်း၌သာ စိတ်၏ကောင်းစွာ ကပ်ငြိခြင်းကို ပဋိသလ္လာန (တပါးတည်း ကိန်းအောင်းနေထိုင်ခြင်း)ဟု ခေါ်သည်၊ ပဋိသလ္လာနေ အာရာမော ပဋိသလ္လာနာရာမော=တပါးတည်း ကိန်းအောင်းနေထိုင်ခြင်း၌ ပျော်မွေ့ချမ်းသာခြင်း။ ဤဝိသုဒ္ဓိမဂ်(ပ-၃၃)အဖွင့်များနှင့် အညီ
“ယာဝဒေ၀ ဥတုပရိဿယဝိနောဒနပဋိသလ္လာနာရာမတ္တံ၊ အအေး အပူဥတုနှင့် ခြင်္သေ့ ကျား စသော ထင်ရှားသောဘေးရန်, ရာဂဒေါသ စသော မထင်ရှားသော ဘေးရန်တို့ကို ပယ်ရှားတားဆီးရုံ, အာရုံအမျိုးမျိုးမှ ဖဲခွာရုပ်သိမ်း၍ ကမ္မဋ္ဌာန်းအာရုံ တစ်ခုတည်း၌သာ စိတ်၏ကောင်းစွာ ကပ်ငြိခြင်းဟူသော တပါးတည်း ကိန်းအောင်း ခြင်း၌ ပျော်မွေ့ချမ်းသာရုံ အကျိုးငှာသာလျှင်”ဟူ၍ ရှည်လျားစွာ အနက်ဆိုနိုင်၏။ ပဋိသေဝတိ၊ မှီဝဲသုံးစွဲ၏။
ယောနိသော၊ ဖြင့်။ ပဋိသင်္ခါ၊ ၍။ (ဆင်ကြမ်း မြင်းကြမ်း စသည်ကို ရှောင်ရှားခြင်း၏အကျိုးနှင့် ရွာတွင်းသို့ဝင်ခြင်း၏ အကျိုးစသည်ကို ဉာဏ်ဖြင့် ဆင်ခြင်သိမြင်၍) စက္ခုံ၊ ကြမ်းတမ်းသော။ ဟတ္ထိံ၊ ဆင်ကို။ ပရိဝဇ္ဇေတိ၊ ရှောင်ရှား၏။ စဏ္ဍံ၊ သော။ အဿံ၊ မြင်းကို။ ပရိဝဇ္ဇေတိ၊ ၏။ပ။ ဂေါဏံ၊ နွားကို။ပ။ ကုက္ကုရံ၊ ခွေးကို။။ အဟိ၊ မြွေကိုလည်းကောင်း။ ခါဏုံ၊ သစ်ငုတ်ကိုလည်းကောင်း။ ကဏ္ဋကဋ္ဌာနံ၊ ဆူးရှိရာ အရပ်ကိုလည်းကောင်း။ သောရွှံ့၊ ဝန်းကျင်ပတ်ပတ် ကမ်းပါးပြတ်လျက် နက်ရှိုင်းသော တွင်းကိုလည်းကောင်း။ ဝါ၊ ထူးအိုင်ကိုလည်းကောင်း။ ပပါတံ၊ ကမ်းပါးတဖက်ပြတ် ချောက်ကိုလည်းကောင်း။ [သောဏ္ဏော နာမ သမန္တတော ဆိန္နတဋော ဂမ္ဘီရော အာဝါဋော။ ပပါတောတိ ပဗ္ဗတန္တရေ ဝါ ထလန္တရေ ဝါ ဧကတော ဆိန္နော ဟောတိ။ ပါရာဇိကဏ်အဋ္ဌကထာ၊ ဒု-၄၂] စန္ဒနိကံ၊ မစင်ညွန်ပုပ်တွင်းကိုလည်းကောင်း။ (မသန့်ရှင်းသောရေနှင့်ကိုယ်ဝန်အညစ်အကြေးစသည်စွန့်ရာမစင်ညွှန်ပုပ်တွင်းကိုလည်းကောင်း) သြဠိဂလ္လံ၊ ထိုမစင်ညွန်ပုပ်စီးဆင်းရာမြောင်းကိုလည်းကောင်း။ ပရိဝဇ္ဇေတိ၊ ရှောင်ရှား၏။ ယထာရူပေ၊ အကြင်သို့သဘောရှိသော။ အနာသနေ၊ မထိုင်သင့်သောနေရာ၌။ (မာတုဂါမနှင့် တယောက်ချင်းချင်း ထိုင်နေရာဖြစ်၍ အနိယတသိက္ခာပုဒ်၏ အကြောင်းဖြစ်သော ဆိတ်ကွယ်ရာ, နံရံစသည် ဖုံးကွယ်ရာဌာန၌) နိသိန္န၊ ထိုင်နေသောရဟန်းကိုလည်းကောင်း။ ယထာရူပေ၊ သော။ အဂေါစရေ၊ သွားလာဝင်ထွက် မကျက်စားသင့်သော ပြည်တန်ဆာမအထံ စသည်၌။ စရန္တံ၊ သွားလာဝင်ထွက်ကျက်စားသော ရဟန်းကိုလည်းကောင်း။ ယထာရူပေ၊ အကြင်သို့သဘောရှိကုန်သော။ ပါပကေ၊ ယုတ်မာကုန်သော။ မိတ္တေ၊ ဒုဿီလဖြစ်သော မိတ်ဆွေအတုအယောင်တို့ကို။ ဘဇန္တိ၊ မှီဝဲဆက်ဆံသော ရဟန်းကိုလည်းကောင်း။ ဝိညူ၊ ပညာရှိဖြစ်ကုန်သော။ သဗြဟ္မစာရီ၊ သီတင်းသုံးဖော်ရဟန်းတို့သည်။ ပါပကေသု၊ ယုတ်မာကုန်သော။ ဌာနေသု၊ (မေထုန်လွန်ကျူးမှုအစရှိသော) အမှုအပြစ်ရေးရာ ဌာနတို့၌။ ဩကပ္ပေယျုံ၊ ယုံယုံကြည်သတ်မှတ်ဆုံးဖြတ်ကြကုန်ရာ၏။ (အမှန်တကယ် လွန်ကျူးပြီးပြီ၊ လွန်ကျူးလိမ့်မည်ဟု ယုံကြည်သတ်မှတ် ဆုံးဖြတ်ကုန်ရာ၏။)
သော၊ ထိုရဟန်းသည်။ (ထိုအာသဝတို့ကို ပယ်ရှားသော ရဟန်းသည်) တဉ္စ အနာသနံ၊ ထိုမထိုင်သင့်သောနေရာကိုလည်းကောင်း။ တဉ္စ အဂေါစရံ၊ ထိုသွားလာဝင်ထွက်မကျက်စားသင့်သော ပြည့်တန်ဆာမစသည်ကိုလည်းကောင်း။ ပါပကေ၊ ယုတ်မာကုန်သော။ တေ စ မိတ္တေ၊ ထိုဒုဿီလဖြစ်သော မိတ်ဆွေအတုအယောင်တို့ကိုလည်းကောင်း။ ယောနိသော၊ ဖြင့်။ ပဋိသင်္ခါ၊ ၍။ ပရိဝဇ္ဇေတိ၊ ၏။
ဆိတ်ကွယ်ရာ၌ မာတုဂါမနှင့် တဦးချင်းထိုင်မှုမှ ရှောင်ကြဉ်ခြင်း (အနာ သနပရိဝဇ္ဇန)သည် မေထုန်ကာယသံသဂ္ဂစသည်မှ ရှောင်ကြဉ်မှု(အနာစာရပရိဝဇ္ဇန) ဟူသော သီလသံဝရပင် ဖြစ်၏၊ သစ်သီးပေးခြင်း, ပန်းပေးခြင်း စသော မိစ္ဆာဇီဝ (အနာစာရ)မှလည်းကောင်း၊ သွားလာဝင်ထွက် မဆက်ဆံသင့် မကျက်စားသင့်သော ပြည်တန်ဆာမှ မုဆိုး, အပျိုကြီး, ပဏ္ဍုက်, အရက်ဆိုင်, ဘိက္ခုနီဟူသော အဂေါစရမှ လည်းကောင်း ရှောင်ကြဉ်ခြင်းသည် စာရိတ္တသီလ အနေအားဖြင့် သီလ သံဝရ ဖြစ်၏။ ဤသုတ်ဋီကာ၊ ၁၃၀။ ၁၃၁။ မူလပဏ္ဏာသဋီကာ၊ ပ-၁၄၅။
ဘိက္ခဝေ၊ တို့။
ဣဓ၊ ၌။
ဘိက္ခု၊ သည်။
ယောနိသော၊ ဖြင့်။
ပဋိသင်္ခါ၊ ဉာဏ်ဖြင့်ဆင်ခြင်သိမြင်၍။
(သတိသမ္ဗောဇ္ဈင်ကို မဖြစ်ပွားစေခြင်း၌အပြစ်, ဖြစ်ပွားစေခြင်း၌အကျိုးအာနိသင်ကို ဉာဏ်ဖြင့် ဆင်ခြင်သိမြင်၍)
သတိသမ္ဗောဇ္ဈင်္ဂံ၊ သတိသမ္ဗောဇ္ဈင်ကို။
ဝိဝေကနိဿိတံ၊ သင်္ခတတရားအားလုံးကင်းဆိတ်သုဉ်းသော နိဗ္ဗာန်ကို အမှီတကဲပြုနေအောင်။
ဝိရာဂ နိဿိတံ၊ သင်္ခတတရားအားလုံး ပျက်စီးရာနိဗ္ဗာန်ကို အမှီတကဲပြုနေအောင်။
နိရောဓနိဿိတံ၊ သင်္ခတအားလုံး ချုပ်ဆုံးရာနိဗ္ဗာန်ကို အမှီတကဲပြုနေအောင်။
ဝေါသဂ္ဂပရိဏာမိံ၁။ သတိသမ္ဗောဇ္ဈင်္ဂီ ဘာဝေတိ ဝေါသဂ္ဂပရိဏာမိ။ ။ဝေါသဂ္ဂပရိဏာမိ၌ ဒေါသဂ္ဂနှစ်မျိုးရှိ၏၊ ထိုနှစ်မျိုးမှာ
(၁) ဝေါသဇ္ဇန ကိလေသသမုစ္ဆေဒတော ပရိစ္စဇနံ ဝေါသဂ္ဂေါ၊ ကိလေသာ တို့ကို အကြွင်းမဲ့ပယ်ဖြတ်ခြင်းအားဖြင့် စွန့်ပစ်ခြင်း၊ ၎င်းကို ပရိစ္စာဂဝေါသဂ္ဂဟု ခေါ်၏၊ တရားကိုယ်မှာ ယင်းသို့ ကိလေသာတို့ကို အကြွင်းမဲ့ပယ်စွန့်ခြင်း သဘော အားဖြင့် ဖြစ်သော (အရိယမဂ်ခဏ၌ ဖြစ်သော) သတိသမ္ဗောဇ္ဈင်တည်း။
(၂) ဝေါသဇ္ဇန နိဗ္ဗာနပက္ခန္ဒနံ ဝေါသဂ္ဂေါ၊ နိဗ္ဗာန်သို့ ပြေးဝင်ခြင်း၊ ၎င်းကိုပက္ခန္ဒီနဝေါသဂ္ဂဟု ခေါ်၏။ တရားကိုယ်မှာ နိဗ္ဗာန်သို့ ပြေးဝင်ခြင်းသဘောအားဖြင့်ဖြစ်သော (အရိယမဂ်ခဏ၌ဖြစ်သော) သတိသမ္ဗောဇ္ဈင်တည်း။
ဤ၌ ထိုဝေါသဂ္ဂတပုဒ်တည်းဖြင့် ထိုပရိစ္စာဂဒေါသဂ္ဂ ပက္ခန္ဒနဝေါသဂ္ဂနှစ်မျိုး လုံး သိမ်းကြုံးယူနိုင်အောင် “ဝေါသဂ္ဂေါ စ ဝေါသဂ္ဂေါစ ဝေါသဂ္ဂေါ ဟု ဧကသေသ် ပြု။ ပရိဏမိ ပရိပစ္စတိ ပရိဏာမီ၊ ရင့်ကျက်ပြီးသော အရိယမဂ်၊ ဝါ=ထိုအရိယမဂ် ခဏ၌ဖြစ်သောအရိယမဂ်၌ ပါဝင်ယှဉ်တွဲသော)သတိသမ္ဗောဇ္ဈင်။ ဝေါသဂ္ဂေန ပရိဏာမီ ဒေါသဂ္ဂပရိဏာမီ=ကိလေသာတို့ကို အကြွင်းမဲ့ ပယ်ဖြတ်စွန့်ပစ်ခြင်း, နိဗ္ဗာန်သို့ ပြေးဝင်ခြင်းအားဖြင့် ရင့်ကျက်ပြီးသော အရိယမဂ်။ ဤဝစနတ္ထနှင့်အညီ “သတိ သမ္ဗောဇ္ဈင်္ဂီ ဘာဝေတိ ဒေါသဂ္ဂပရိဏာမိ”ဟူသော ပါဠိတော်၏ ဆိုလိုရင်းမှာ “(သတိ သမ္ဗောဇ္ဈင်ကို ဖြစ်ပွားစေရာ၌) ထိုကဲ့သို့ ရင့်ကျက်ပြီးသော အရိယမဂ်အဆင့်သို့ ရောက်အောင် ဖြစ်ပွားစေသည်”ဟု ဆိုလို၏ဓမ္မဝိစယသမ္ဗောဇ္ဈင်္ဂီ ဘာဝေတိ-စသည် ၌လည်း ဤနည်းအတိုင်းပင်။ ၊ ကိလေသာတို့ကိုအကြွင်းမဲ့ ပယ်ဖြတ်စွန့်ပယ်ခြင်း, နိဗ္ဗာန်သို့ ပြေးဝင်ခြင်းအားဖြင့် ရင့်ကျက်ပြီးဖြစ်အောင်။
ဘာဝေတိ၊ ဖြစ်ပွားစေ၏။
ယောနိသော၊ ဖြင့်။ ပဋိသင်္ခါ၊ ၍။ (ဓမ္မဝိစယသမ္ဗောဇ္ဈင်ကို မဖြစ်ပွားစေခြင်း၌ အပြစ်, ဖြစ်ပွားစေခြင်း၌အကျိုးကို ဉာဏ်ဖြင့်ဆင်ခြင်သိမြင်၍) ဓမ္မဝိစယသမ္ဗောဇ္ဈင်္ဂံ၊ ဓမ္မဝိစယသမ္ဗောဇ္ဈင်ကို။ ဝိဝေကနိဿိတံ၊ အောင်။ပ။ ဝေါသဂ္ဂပရိဏာမိ၊ အောင်။ ဘာဝေတိ၊ ၏။ ယောနိသော၊ ဖြင့်။ ပဋိသင်္ခါ၊ ၍။ ဝီရိယသမ္ဗောဇ္ဈင်္ဂံ၊ ဝီရိယသမ္ဗောဇ္ဈင်ကို။ ဝိဝေကနိဿိတံ၊ အောင်။ပ။