နေက္ခမ္မဝိတာန၊ နေက္ခမ္မဝိတက်နှင့်လည်းကောင်း။ ဝါ၊ လောဘမှ ထွက်မြောက်သော အလောဘနှင့် ယှဉ်စပ်သော အကြံအစည်နှင့်လည်းကောင်း။ ဝါ၊ လောဘမှ ထွက်မြောက်သော အလောဘ, နီဝရဏတို့မှ ထွက်မြောက်သော ပဌမဈာန်အားလုံးသော အကုသိုလ်တို့မှ ထွက်မြောက်သော အားလုံးသော ကုသိုလ်တို့နှင့် ဥပနိဿယ သမ္ပယောဂအားဖြင့် ယှဉ်စပ်သော အကြံအစည်နှင့်လည်းကောင်း။ ဝါ၊ အားလုံးသောသင်္ခတတရားတို့မှ ထွက်မြောက်သော နိဗ္ဗာန်နှင့် အာရုံပြုသောအားဖြင့် ယှဉ်စပ်ဆက်သွယ်သော အကြံအစည်နှင့်လည်းကောင်း။ [ဓာတုဝိဘင်း အဋ္ဌကထာ (၇၀)ဒီ, ပါထိကဝဂ်ဋီကာ(၁၈၆)အဖွင့်တို့နှင့် အညီတည်း။]
အဗျာပါဒဝိတက္ကေန၊ အဗျာပါဒ၀ိတက်နှင့်လည်းကောင်း။ ဝါ၊ ဒေါသ၏ ဆန့်ကျင်ဘက်မေတ္တာနှင့် ယှဉ်သောအကြံအစည်နှင့်လည်းကောင်း။ အဝိဟိံသာ ဝိတက္ကေန၊ အဝိဟိံသာဝိတက်နှင့်လည်းကောင်း။ ဝါ၊ သတ္တဝါတို့ကို ညှင်းဆဲကြောင်း ဒေါသစသော အကုသိုလ်၏ ဆန့်ကျင်ဘက်ကရုဏာနှင့်ယှဉ်သော အကြံအစည်နှင့်လည်းကောင်း။ နေက္ခမ္မသညာယ၊ နေက္ခမ္မသညာနှင့်လည်းကောင်း။ ဝါ၊ လောဘမှထွက်မြောက်သော အလောဘနှင့်ယှဉ်စပ်သော မှတ်သားခြင်းသဘောနှင့်လည်းကောင်း။ [နေက္ခမ္မဝိတက္ကေနပုဒ်ကို နည်းမှီ၍ ကျန်သောအနက်ကိုလည်းဆိုနိုင်၏] အဗျာပါဒသညာယ၊ နှင့်လည်းကောင်း။ ဝါ၊ ဒေါသ၏ ဆန့်ကျင်ဘက် မေတ္တာနှင့်ယှဉ်သော မှတ်သားခြင်းသဘောနှင့် လည်းကောင်း။ အဝိဟိံသာသညာယ၊ နှင့်လည်းကောင်းတည်း။ ဝါ၊ သတ္တဝါတို့ကို ညှင်းဆဲကြောင်း ဒေါသစသော အကုသိုလ်၏ဆန့်ကျင့်ဘက် ကရုဏာနှင့်ယှဉ်သော မှတ်သားခြင်းသဘောနှင့်လည်းကောင်းတည်း။