၇၆။ ဘိက္ခဝေ၊ တို့။
ဆ၊ ကုန်သော။ပ။
အရဟတ္တံ၊ အရဟတ္တဖိုလ်ကို။
သစ္ဆိကာတုံ၊ မျက်မှောက်ပြုခြင်းငှာ။
အဘဗ္ဗော၊ မထိုက်။ပ။
မာနံ၊ အမျိုးဇာတ်စသည်တို့ဖြင့် မာန်တက်ဝင့်ကြွားခြင်းကိုလည်းကောင်း။
ဩမာနံ၊ အမျိုးဇာတ်စသည်တို့ဖြင့် မိမိကိုယ်ကို အခြားသောသူတို့အောက်လျော့ချ၍ ထင်မြင်ယူဆခြင်းကိုလည်းကောင်း။
အတိမာနံ၊ အမျိုးဇာတ်စသည်တို့ဖြင့် မိမိကိုယ်ကို အခြားသူတို့အပေါ် လွှမ်းကျော်ဖိစီး အထင်ကြီးခြင်းကိုလည်းကောင်း။
အဓိမာနံ၊ ဈာန်မဂ်ဖိုလ်တရားထူးကို ငါရပြီဟု မှတ်ထင်ခြင်းကိုလည်းကောင်း။
ထမ္ဘံ၊ ဒေါသမာနတို့ဖြင့် ကြမ်းတမ်းခက်ထန်ခြင်းကိုလည်းကောင်း။
အတိနိပါတံ၊ မိမိကိုယ်ကို အလွန်နှိမ်ချခြင်းကိုလည်းကောင်းတည်း။
ဝါ၊ ယုတ်နိမ့်သူဖြစ်သည့်အလျောက်မိမိကိုယ်ကို အလွန်အောက်ချခယကြောင်း ဟီနမာန်ကိုလည်းကောင်းတည်း။ပ။
ဒုတိယံ။