ဘိက္ခဝေ၊ တို့။ စက္ခုဝိညေယျာ၊ စက္ခုဝိညာဏ်ဖြင့်သိမြင်အပ်ကုန်သော။ ဝါ၊ စက္ခုဝိညာဏ်နှင့် ထိုစက္ခုဒွါရိကဝိညာဏ်တို့ဖြင့် သိအပ်ကုန်သော။ ဣဋ္ဌာ၊ အလိုရှိအပ်သောအာရုံဖြစ်ကုန်သော။ ဝါ၊ သဘာဝအားဖြင့်သာလျှင် ဣဋ္ဌာရုံဖြစ်ကုန်သော။ ကန္တာ၊ နှစ်သက်အပ်ကုန်သော။ မနာပါ၊ စိတ်နှလုံးကိုတိုးပွားစေတတ်ကုန်သော။ ပိယရူပါ၊ ချစ်အပ်သောသဘောရှိကုန်သော။ ကာမူပသံဟိတာ **၃။ ကာမူပသံဟိတာ**။ ။ဤသုတ်ဋီကာ၌ “ကာမူပသန္နိတာကာမရာဂေန ဥပေစ္စ သမ္ဗန္ဓနီယာ သမ္ဗန္နာ ကာတဗ္ဗာ”ဟု ဖွင့်၏။ သမ္ဗန္ဓနီယာပုဒ်နေရာ၌ ““သန္ဓာနိယာ”ဟု မူလပဏ္ဏာသဋီကာ၊ ဒု-၄၁(မဟာဒုက္ခက္ခန္ဓသုတ်)၌ ရှိ၏၊ ထိုအဖွင့်နှင့်အညီ သံဟိတာ၌ သံပုဗ္ဗ ဓာဓာတ်ကို သန္နိ(ဆက်စပ်ခြင်း)အနက်ဟောကြံ၍ ဥပေစ္စ သံဟိတာ ဥပသံဟိတာ၊ ကပ်၍ဆက်စပ်အပ်ကုန်သော (ရူပါရုံစသည်)ဟု ဝစနတ္ထပြု၊ ဤ၌ အာရုံပြုအပ်သည်ကိုပင် ဆက်စပ်အပ်သည်ဟု ဆိုသည်၊ ကာမေန ကာမရာဂေန ဥပသံဟိတာ ကာမူပသံဟိတာ=အာရုံပြု၍ဖြစ်သော ကာမရာဂနှင့် ကပ်၍ဆက်စပ်အပ် (အာရုံပြုအပ်)သော ရူပါရုံ, သဒ္ဒါရုံ အစရှိသော ကာမဂုဏ်အာရုံများ။ ၊ (အာရုံပြု၍ဖြစ်သော) ကာမရာဂနှင့်ကပ်၍ဆက်စပ်အပ်ကုန်သော။ ရဇနီယာ၊ စွဲမက်မှုရာဂ၏ အကြောင်းဖြစ်ကုန်သော။ ဝါ၊ စွဲမက်စေတတ်ကုန်သော။ ရူပါ၊ ရူပါရုံတို့လည်းကောင်း။
သောတဝိညေယျာ၊ သောတဝိညာဏ်ဖြင့် သိအပ်ကုန်သော။ ဝါ၊ သောတဝိညာဏ်နှင့် ထိုသောတဒွါရိကဝိညာဏ်တို့ဖြင့် သိအပ်ကုန်သော။ ဣဋ္ဌာ၊ ကုန်သော။ ကန္တာ၊ ကုန်သော။ပ။ ရဇနီယာ၊ ကုန်သော။ သဒ္ဒါ၊ သဒ္ဒါရုံတို့လည်းကောင်း။ပ။ ကာယ၀ိညေယျာ၊ ကာယဝိညာဏ်ဖြင့် သိအပ်ကုန်သော။ ဝါ၊ ကုန်သော။ပ။ ရဇနီယာ၊ ကုန်သော။ ဖောဋ္ဌဗ္ဗာ၊ ဖောဋ္ဌဗ္ဗာရုံတို့လည်းကောင်း။ (ဣတိ၊ ဤသို့)
လှူဒါန်းပေးကမ်းခြင်း, သူတပါးအသက် သတ်ခြင်း စသော (အောင်မြင် ထမြောက်အောင် အပြီးသတ်ပြုလုပ်အပ်သော) ကုသိုလ် အကုသိုလ်ကံကို သန္နိဋ္ဌာနကံဟု ခေါ်၏၊ ထိုသန္နိဋ္ဌာနကံကို မပြုလုပ်မီ ရှေးဦးစွာ ပုရိမစေတနာ(ရှေ့ပိုင်းစေတနာ)ဖြင့် အားထုတ်လှုံ့ဆော်ရသေး၏၊ စေတယိတွာ၊ ယင်းသို့ အားထုတ်လှုံ့ဆော်ပြီးမှသာ၊ ကမ္မံ= ထိုသန္နိဋ္ဌာနကံကို၊ ကရောတိ=ပြုလုပ်၏။
ယင်းသို့ ပြုလုပ်ရာ၌ သူတပါး အသက်သတ်ခြင်း အစရှိသော သန္နိဋ္ဌာန အကုသိုလ်ကာယကံကို၊ ကာယေန၊ ကာယဒွါရ ကာယဝိညတ်ဖြင့်၊ ကရောတိ=အပြီး သတ် အောင်မြင်ထမြောက်အောင် ပြုလုပ်၏၊ မုသာဝါဒ အစရှိသော သန္နိဋ္ဌာန အကုသိုလ်ဝစီကံကိုဝါစာယ=ဝစီဒွါရ ဝစီဝိညတ်ဖြင့်၊ ကရောတိ=အပြီးသတ်အောင်မြင်ထမြောက်အောင် ပြုလုပ်၏။ အဘိဇ္ဈာအစရှိသော သန္နိဋ္ဌာနအကုသိုလ်မနောကံကို မနသာ=စိတ်ဖြင့် (မနောဒွါရဖြင့်) ကရောတိ အပြီးသတ် အောင်မြင်ထမြောက်အောင်ပြုလုပ်၏။
ယင်းသို့ အောင်မြင်ထမြောက်အောင် ပြုလုပ်သော ထိုသန္နိဋ္ဌာနကံသည် ရှေ့အဖို့က လှုံ့ဆော်ခဲ့သော ပုရိမစေတနာနှင့် သဘာဝချင်းအတူတူပင် ဖြစ်၏။ ထို့ကြောင့် စေတနာကို ကံဟူ၍ မြတ်စွာဘုရား ဟောတော်မူသည်၊ ဤနည်းအလို အနက်ပေးလိုလျှင်
ဘိက္ခဝေ၊ တို့၊ (ယသ္မာ=အကြင့်ကြောင့်) စေတယိတွာ=ပုရိမစေတနာဖြင့် အားထုတ်လှုံ့ဆော်၍၊ ကာယေန=ကိုယ်ဖြင့်လည်းကောင်း၊ ဝါ=ကာယဒွါရ ကာယ ဝိညတ်ဖြင့်လည်းကောင်းဝါစာယ=နှုတ်ဖြင့်လည်းကောင်း၊ ဝါ=ဝစီဒွါရ ဝစီဝိညတ်ဖြင့် လည်းကောင်း၊ မနသာ=စိတ်ဖြင့်လည်းကောင်း၊ ဝါ=မနောဒွါရဖြင့်လည်းကောင်း၊ ကမ္မံ=သန္နိဋ္ဌာနကံကို၊ ဝါ=အောင်မြင်ထမြောက်သော ကုသိုလ် အကုသိုလ်ကံကိုကရောတိ=ပြုလုပ်၏၊ (တသ္မာ=ထိုသို့ ပုရိမစေတနာဖြင့် အားထုတ်လှုံ့ဆော်၍ သန္နိဋ္ဌာနကံကို ပြုလုပ်သည်အဖြစ်ကြောင့်၊ ဝါ=ထိုသို ့ ပုရိမစေတနာဖြင့် အားထုတ် လှုံဆော်ပြီးမှ သန္နိဋ္ဌာနကံကို ပြုလုပ်သည်ဖြစ်၍ သန္နိဋ္ဌာနကံသည် ပုရိမစေတနာနှင့် သဘောတူသည် အဖြစ်ကြောင့်) စေတနံ=စေတနာကို၊ ကမ္မံ=ကံဟူ၍၊ အဟံ=ငါသည်၊ ဝဒါမိ=ဟောတော်မူ၏။
အတိုချုပ် ဆိုလိုရင်းမှာ-ရှေးဦးစွာ ပုရိမစေတနာဖြင့် အားထုတ်လှုံ့ဆော်ပြီးမှ ကာယဒွါရ စသည်ဖြင့် သန္နိဋ္ဌာနကံကို ပြု၏၊ သို့ဖြစ်၍ သန္နိဋ္ဌာနကံသည် ပုရိမစေတနာ နှင့် သဘောတူပင် ဖြစ်၏ထို့ကြောင့် စေတနာကို ကံဟူ၍ ငါဘုရားဟောတော်မူ၏ ဟူလို။
ဤအနက်ပေးနည်း၌ စေတယိတွာပုဒ်၏ အရဖြစ်သော ပုရိမစေတနာသည် ရှေ့ပိုင်းအချိန်(ရှေးဝီထိအခိုက်) တုန်းက ဖြစ်ခဲ့၏ထို့ကြောင့် “စေတယိတွာ”သည် ပုဗ္ဗကာလကြိယာတည်း၊ “ကမ္မံ ကရောတိ”၏ အရဖြစ်သော သန္နိဋ္ဌာနကံကို ပြုလုပ် ခြင်း ကြိယာသည် နောက်ပိုင်း (နောက်ဝီထိအခိုက်)ကျမှ ဖြစ်၏ထို့ကြောင့် “ကမ္မံ ကရောတိ”သည် အပရကာလကြိယာတည်း။
စေတယိတွာ ကမ္မံ ကရောတီတိ ဧတ္ထ ယသ္မာ ပုရိမစေတနာယ စေတယိတွာ သန္နိဋ္ဌာနကမ္မံ ကရောတိ၊ တသ္မာ စေတနာပုဗ္ဗကံ ကမ္မံ တံစေတနာသဘာဝမေဝါတိ စေတနံ အဟံ ကမ္မံ ဝဒါမီတိ အတ္ထော။ အဋ္ဌသာလိနီမူလဋီကာ၊ ၇၇။
တနည်း။ ။စေတယိတွာပုဒ်နှင့် ကမ္မံ ကရောတိပုဒ်တို့အရ မိမိတို့ဆိုင်ရာ ဆိုင်ရာ ဝီထိတခုတည်း, စိတ္တက္ခဏတချက်တည်းအတွင်းမှာပင် အတူတကွဖြစ်ကြ သော ရုပ်နာမ်တရားတို့ကို ယူရ၏။ ထိုသို့ယူရာ၌
(၁) စေတယိတွာပုဒ်အရ စေတနာကို ၍ (၂) ကမ္မံပုဒ်အရ ထိုစေတနာနှင့် တကွဖြစ်သော စောပနကိရိယာ(ထကြွလှုပ်ရှားမှု)နှင့် အဘိဇ္ဈာအစရှိသော အပြုအမူ ကိရိယာဟူသောကံကို ယူရ၏၊ ထို၌ စောပနကိရိယာဟူသည် ကာယဝိညတ် ဝစီ ဝိညတ်နှစ်ပါးတည်း] (၃) ကာယေနနှင့် ဝါစာယပုဒ်တို့အရ ထိုစောပနကိရိယာဟု ခေါ်သော ဝိညတ်ရုပ်နှစ်ပါးမှ ကြွင်းသော စိတ္တသမုဋ္ဌာနကာယနှင့် သဒ္ဒဝါစာ (နှုတ်ထွက်စကားသံ) တို့ကိုယူရ၏၊ ထို၌ စိတ်ကြောင့်ဖြစ်သော ကိုယ်မှုဆိုင်ရာရုပ် တို့ကို စိတ္တသမုဌာနကာယဟု ခေါ်သည်] မနသာပုဒ်အရ ထိုစေတနာ အဘိဇ္ဈာစသည် တို့နှင့် ယှဉ်သောစိတ် (မနောဒွါရ)ကို ယူရ၏။ (တနည်း) ကာယေန ဝါစာယပုဒ် တို့အရ ရှေးရှေးဝီတိ၌ဖြစ်ခဲ့သော ကာယဝိညတ် ဝစီဝိညတ်ရုပ်တို့ကိုလည်း ယူရ၏။
ဤသို့အားဖြင့် မိမိတို့ဆိုင်ရာဆိုင်ရာ စိတ္တက္ခဏတချက်တည်းအတွင်း၌ ဖြစ် သော ရုပ်နာမ်တရားများသာ ပါဝင်သော စေတယိတွာနှင့် ကမ္မကရောတိတို့သည် သမာနကာလကြိယာ (တချိန်တည်း ပြုလုပ်ရသောလုပ်ငန်း)များ ဖြစ်ကြ၏၊ သို့သော် စေတယိတွာသည် အကြောင်းကြိယာဖြစ်၍ ကမ္မံ ကရောတိသည် အကျိုးကြိယာ ဖြစ်ရကား အကြောင်းကြိယာကို ပုဗ္ဗကာလကြိယာကဲ့သို့ လည်းကောင်း, အကျိုး ကြိယာကို အပရကာလကြိယာကဲ့သို့လည်းကောင်း ဆိုနိုင်၏၊ ဤနည်းအရ အနက် ပေးလိုလျှင်
ဘိက္ခဝေ၊ တို့၊ (ယသ္မာ=အကြင့်ကြောင့်) စေတယိတွာ=စေတနာဖြင့် အား ထုတ်လှုံ့ဆော်၍၊ ကမ္မံ=လှုပ်ရှားသော ကာယဝိညတ် ဝစီဝိညတ်ဟူသော အပြုအမူကံနှင့် အဘိဇ္ဈာအစရှိသော အပြုအမူကံကို၊ ကာယေန=စိတ္တသမုဋ္ဌာနကာယဖြင့်လည်းကောင်း၊ ဝါ=ရှေးရှေးကာယဝိညတ်ဖြင့်လည်းကောင်း၊ ဝါစာယ=နှုတ်ထွက်စကားသံဟူသော သဒ္ဒဝါစာဖြင့်လည်းကောင်း၊ ဝါ=ရှေးရှေးဝစီဝိညတ်ဖြင့်လည်းကောင်း၊ မနသာ=စေတနာ အဘိဇ္ဈာ စသည်နှင့် ယှဉ်သောစိတ်ဖြင့်လည်းကောင်း၊ ကရောတိ=ပြုလုပ်၏၊ (တသ္မာ= ထို့ကြောင့်) စေတနံ=ကာယဝိညတ် ဝစီဝိညတ်နှင့် အဘိဇ္ဈာအစရှိသော အပြုအမူကံကို ပြုလုပ်သော အကြောင်းရင်းစေတနာကို၊ ကမ္မံ=ကံဟူ၍၊ အဟံ=ငါသည်၊ ဝဒါမိ= ဟောတော်မူ၏။
အကယ်၍ ကာယေန ဝါစာယ မနသာပုဒ်တို့ကို တခြားစီတွဲစပ်၍ အနက် ပေးလိုလျှင် –
ဘိက္ခဝေ၊ တို့၊ (ယသာ) စေတယိတွာ=စေတနာဖြင့် အားထုတ်လှုံ့ဆော်၍၊ ကမ္မံ=လှုပ်ရှားသော ကာယဝိညတ်အပြုအမှုကံကို၊ ကာယေန=စိတ္တသမုဋ္ဌာနကာယဖြင့်၊ ဝါ=ရှေးရှေးကာယဝိညတ်ဖြင့်၊ ကရောတိ၏၊ (တသ္မား၊ထို့ကြောင့်) စေတနံ=ကာယ ဝိညတ်ဟူသော အပြုအမူကံကို ပြုလုပ်တတ်သော အကြောင်းရင်းစေတနာကို၊ ကမ္မံ=ကံဟူ၍၊ အဟံ ဝဒါမိ။
ဘိက္ခဝေ၊ တို့၊ (ယသ္မာ=ကြောင့်) စေတယိတွား၍၊ ကမ္မ=ဝစီဝိညတ်ဟူသော အပြုအမူကံကို၊ ဝါစာယ=နှုတ်ထွက်စကားသံဟူသော သဒ္ဒဝါစာဖြင့်၊ ဝါ=ရှေးရှေး ဝစီဝိညတ်ဖြင့်၊ ကရောတိ=၏၊ (တသ္မာ့) စေတနံ=ဝစီဝိညတ်ဟူသော အပြုအမူကံကို ပြုလုပ်သော အကြောင်းရင်းစေတနာကိုကမ္မ=၍၊ အဟံ=သည်၊ ဝဒါမိ=၏၊ ဘိက္ခဝေ= တို့(ယသာစေတယိတွာ=၍၊ ကမ္မ=အဘိဇ္ဈာ အစရှိသော အပြုအမူကံကို၊ မနသာ= စေတနာ အဘိဇ္ဈာစသည်နှင့် ယှဉ်သောစိတ်ဖြင့်၊ ကရောတိ(တသ္မာ) စေတနံ=အဘိဇ္ဈာ အစရှိသော အပြုအမူကံကို ပြုလုပ်သော အကြောင်းရင်းစေတနာကို၊ ကမ္မံ=၍၊ အဟံ ဝဒါမိ=၏။
ဤနည်း၌ စေတနာကို ကံဟု ဆိုရာ၌ ကာယဝိညတ် စသော အပြုအမူကံ သည် အကျိုးဖြစ်၍ ထိုအပြုအမူကံကို ပြုလုပ်သောစေတနာသည် အကြောင်းဖြစ်ရကား အကျိုးဖြစ်သော အပြုအမူကံ၏အမည်ကို အကြောင်းစေတနာ၌ တင်စား၍ ဖလူပစာရ အားဖြင့် စေတနာကို ကံဟုခေါ်သည်ဟု ကြံရာ။
အထဝါ သမာနကာလတ္တေပိ ကာရဏကိရိယာ ပုဗ္ဗကာလာ ဝိယ ဝတ္တု ယုတ္တာ၊ ဖလကိရိယာ စ အပရကာလာ ဝိယယသ္မာ စ စေတနာယ စေတယိတွာ ကာယ ဝါစာဟိ စောပနကိရိယံ မနသာ စ အဘိဇ္ဈာဒိကိရိယံ ကရောတိ၊ တသ္မာ တဿာ ကိရိယာယ ကာရိကံ စေတနံ အဟံ ကမ္မံ ဝဒါမီတိ အတ္ထော။ မူလဋီကာ။
စောပနကိရိယန္တိ ဝိညတ္တိဒွယံ အာဟတဿာ ဟိ စိတ္တသမုဋ္ဌာနကာယသဒ္ဒ ဝါစာဟိ ကာယဝစီဝိညတ္တိဟိ ဧဝ ဝါ ပုရိမပုရိမာ ပဝတ္တေတဗ္ဗတ္တာ “ကာယဝါစာဟိ စောပနကိရိယံ ကရောတီတိ ဝုတ္တံ။ တဗ္ဗိကာရာနံ ဘူတာနံ တထာ ပဝတ္တနတောအနုဋီကာ။
တနည်း။ ။စေတယိတွာပုဒ်အရ ယခင်ဒုတိယနည်းအတိုင်း စေတနာကို ယူ၍ ကမ္မံပုဒ်အရလည်း ထိုစေတနာနှင့်တကွဖြစ်သော စောပနကိရိယာနှင့် အဘိဇ္ဈာ အစရှိသော အပြုအမူဟူသော ကံကိုယူရ၏၊ သို့သော် ဤနည်း၌ ရူပကာယ၏ ခိုင်မာခြင်း လှုပ်ရှားခြင်း အပြုအမူကိုလည်းကောင်း, ဥပါဒိန္နကရုပ်တို့၏ တိုက်ခတ်မှ အပြုအမူ (စိတ္တဇပထဝီဓာတ်နှင့် ကမ္မဇပထဝီ စသည်တို့၏ တိုက်ခတ်ခြင်းအပြုအမူ)ကို လည်းကောင်း စောပနကိရိယာဟု ခေါ်၏၊ ကာယေန ဝါစာယပုဒ်တို့အရ ထိုစေတနာနှင့်တကွဖြစ်သော ကာယဝိညတ် ဝစီဝိညတ်တို့ကိုယူ၍ မနသာပုဒ်အရ ယခင်ကအတိုင်း စေတနာအဘိဇ္ဈာ စသည်နှင့်တကွဖြစ်သော စိတ်(မနောဒွါရ)ကို ယူရ၏၊ အနက်ပေးပုံ ကား
ဘိက္ခဝေ၊ တို့၊ (ယသ္မာ) စေတယိတွာ=စေတနာဖြင့် အားထုတ်လှုံ့ဆော်၍၊ ကမ္မံ=ရူပကာယ၏ ခိုင်မာခြင်း လှုပ်ရှားခြင်း, ဥပါဒိကရုပ်တို့၏ တိုက်ခတ်ခြင်း အပြုအမူနှင့် အဘိဇ္ဈာအစရှိသော အပြုအမူဟူသောကံကို၊ ကာယေန=ကာယဝိညတ်ဖြင့် လည်းကောင်း၊ ဝါစာယ=ဝစီဝိညတ်ဖြင့်လည်းကောင်း၊ မနသာ=မနောဒွါရဖြင့်လည်း ကောင်း၊ ဝါ=စေတနာအဘိဇ္ဈာ စသည်တို့နှင့် ယှဉ်သောစိတ်ဖြင့်လည်းကောင်း၊ ကရောတိ=၏၊ (တသ္မာ=ထို့ကြောင့်) စေတနံ=စေတနာကို၊ (ရူပကာယ၏ ခိုင်မာခြင်း လှုပ်ရှားခြင်း ဥပါဒိန္နကရုပ်တို့၏ တိုက်ခတ်ခြင်း အပြုအမူနှင့် အဘိဇ္ဈာ အစရှိသော အပြုအမူဟူသော ကံကိုပြုလုပ်တတ်သော စေတနာကို) ကမ္မ=ကံဟူ၍၊ အဟံ=ငါသည်ဝဒါမိ=မိန့်ဆိုတော်မူ၏။ အကယ်၍ ကာယေန ဝါစာယ မနသာသုံးပုဒ်ကို တခြားစီခွဲ၍ အနက်ဆိုလိုလျှင်
ဘိက္ခဝေ၊ တို့၊ (ယသ္မာ=ကြောင့်) စေတယိတွာ=စေတနာဖြင့် အားထုတ် လှုံ့ဆော်၍၊ ကမ္မံ=ရူပကာယ၏ ခိုင်မာခြင်းလှုပ်ရှားခြင်း အပြုအမူဟူသောကံကို၊ ကာယေန=ကာယဝိညတ်ဖြင့်၊ ကရောတိ=၏၊ (တသ္မာ=ထို့ကြောင့်) စေတနံ=ရူပကာယ ၏ ခိုင်မာခြင်းလှုပ်ရှားခြင်း အပြုအမူကို ပြုလုပ်သော စေတနာကို၊ ကမ္မံ=ကံဟူ၍၊ အဟံ=သည်၊ ဝဒါမိ=၏။
ဘိက္ခဝေ၊ တို့၊ (ယသ္မာ) စေတယိတွာ=၍၊ ကမ္မံ=ဥပါဒိန္နက ရုပ်တို့၏ တိုက်ခတ်ခြင်း အပြုအမူဟူသောကကို၊ ဝါစာယ=ဝစီဝိညတ်ဖြင့်၊ ကရောတိ=၏၊ (တသ္မာ) စေတနံဥပါဒိန္နကရုပ်တို့၏ တိုက်ခတ်ခြင်းအပြုအမူကို ပြုလုပ်သောစေတနာ ကို၊ ကမ္မံ=၍၊ အဟံ ဝဒါမိ=၏၊ ဘိက္ခဝေ(ယသ္မာ)စေတယိတွာ=၍၊ ကမ္မံ=အဘိဇ္ဈာ အစရှိသော အပြုအမူဟူသောကံကို၊ မနသာ=စေတနာအဘိဇ္ဈာ စသည်တို့နှင့်ယှဉ်သော စိတ်ဖြင့်၊ ကရောတိ (တသ္မာ) စေတနံ=အဘိဇ္ဈာ အစရှိသော အပြုအမူကို ပြုလုပ် သော စေတနာကို၊ ကမ္မံ=၍၊ အဟံ ဝဒါမိ။
အထဝါ ကာယဝါစာဟီတိ ကာယဝစီဝိညတ္တိဟိ။ စောပနကိရိယန္တိ ရူပ ကာယဿ ထမ္ဘနစလနကိရိယံ ဥပါဒိန္နကဃနကိရိယဉ္စ၊ ဧသာ ဟိ ကိရိယာ “ရူပကာယံ ထဋ္ဌိတ စာလေတု ပစ္စယော ဘဝိတုံ သမတ္တော"တိ, .. “ဥပါဒိန္နကဃနဿ ပစ္စယဘူတော”တိ စ ဝုတ္တတ္တာ ကာယဝစီဝိညတ္တိဟိ နိပ္ပဇ္ဇတိတိ။ အနုဋီကာ။ (တသ္မာ၊ ထို့ကြောင့်) အဟံ၊ ပါသည်။ စေတနံ၊ ကုသိုလ် အကုသိုလ်စေတနာကို။ (သမ္ပယုတ်တရားတို့အပေါ်၌ စီမံပြုလုပ် အားထုတ်နိူးဆော်တတ်သော ကုသိုလ် အကုသိုလ် စေတနာကို) ကမ္မံ၊ ကံဟူ၍။ ဝါမိ၊ ဟောတော်မူ၏။