Issues
Select Version
Bhikkhu Bodhi
English
sāsanāre-သာသနာရေး
မြန်မာဘာသာ
Chakkanipātapāḷi
Chakkanipātapāḷi

9. Anussatiṭṭhānasuttaṃ

Author: sāsanāre-သာသနာရေး @ IAPT

၉။ ဘိက္ခဝေ၊ တို့။ အနုဿတိဋ္ဌာနာနိ၊ အဖန်ဖန်အထပ်ထပ်အောက်မေ့အမှတ်ရခြင်းတည်းဟူသောအကြောင်းတရားတို့သည်။ [ဌာနသဒ္ဒါသည့်အကြောင်းဟူသောအနက်ကိုဟော၏၊ အကြောင်းဟူသည်ဤနေရာ၌ “မျက်မှောက်ဘဝ, တမလွန်ဘဝ၌ဖြစ်သောစီးပွားချမ်းသာစသည်တို့၏အကြောင်း” ဟုဆိုလို၏။ ထို့ကြောင့်“အနုဿတိဋ္ဌာနာနိ၊ မျက်မှောက်ဘဝ, တမလွန်ဘဝဖြစ်သောစီးပွားချမ်းသာစသည်တို့၏အကြောင်းဖြစ်သော အဖန်ဖန်အထပ်ထပ်အောက်မေ့အမှတ်ရခြင်းတို့သည်” အကျယ်တဝင့် အနက်ဆိုနိုင်၏] ဣမာနိ ဆ၊ တည်း။ပ။
ဗုဒ္ဓါနုဿတိ၊ ဘုရားဂုဏ်တော်တို့ကို အာရုံပြု၍ ထပ်တလဲလဲ အောက်မေ့ အမှတ်ရခြင်းသဘောလည်းကောင်း။ ဓမ္မာနုဿတိ၊ တရားဂုဏ်တော်တို့ကို အာရုံပြု၍ ထပ်တလဲလဲ အောက်မေ့ အမှတ်ရခြင်းသဘောလည်းကောင်း။ သံဃာနုဿတိ၊ သံဃာဂုဏ်တော်တို့ကို အာရုံ....ဘောလည်းကောင်း။ သီလာနုဿတိ၊ မိမိ၏ဖြူစင်သော သီလကိုအာရုံ....ဘာလည်းကောင်း။ စာဂါနုဿတိ၊ မိမိ၏ စွန့်ကြဲပေးကမ်းလှူဒါန်းမှုကို အာရုံ....ဘောလည်းကောင်း။ ဒေဝတာနုဿတိ၊ နတ်တို့၏သဒ္ဓါသီလစသောဂုဏ်နှင့်တူသော မိမိ၏သဒ္ဓါသီလစသောဂုဏ်ကိုအာရုံပြု၍ ထပ်တလဲလဲအောက်မေ့အမှတ်ရခြင်း သဘောလည်းကောင်းတည်း။ပ။
နဝမံ၊ ကိုးခုမြောက်သုတ်တည်း။