၁၀၆။ ဘိက္ခဝေ၊ တို့။
တိဿော၊ သုံးမျိုးကုန်သော။
ဣမာ တဏှာ၊ ဤတဏှာတို့ကို။
ပဟာတဗ္ဗာ၊ ကုန်၏။
တယော၊ ကုန်သော။
မာနာ စ၊ မာနတို့ကိုလည်း။
ပဟာတဗ္ဗာ၊ ကုန်၏။
ကတမာ၊ အဘယ်မည်ကုန်သော။
တိဿော၊ ကုန်သော။
တဏှာ၊ တို့ကို။
ပဟာတဗ္ဗာ၊ ဟူမူ။
ကာမတဏှာ**၁။ ကာမတဏှာစသော တဏှာသုံးမျိုး**။ ။ကာမေ တဏှာ ကာမတဏှာကာမေ၊ ရူပါရုံစသော ကာမဂုဏ်အာရုံ၌ဥပ္ပန္နော=ဖြစ်သော၊ ဝါ=တပ်မက်သော၊ တဏှာ =တဏှာတည်း၊ ကာမတဏှာ=ရူပါရုံစသော ကာမဂုဏ်အာရုံ၌ တပ်မက်သောတဏှာ။ ဘဝတိ အတ္ထိ သဗ္ဗကာလံ တိဋ္ဌတီတိ ဘဝေါ။ ယော=အကြင်အတ္တကောင်နှင့် လောကသည်၊ သဗ္ဗကာလံ=အမြဲခပ်သိမ်းဘဝတိ အတ္ထိ တိဋ္ဌတိ=မပျက်စီး မပြိုကွဲ အမြဲတည်ရှိနေ၏၊ ဣတိ=ထို့ကြောင့်သော=ထိုအတ္တကောင်နှင့် လောကသည်ဘဝေါ =ဘဝမည်၏၊ မိစ္ဆာအယူရှိသူတို့သည် မျက်စိဖြင့် ရူပါရုံကို မြင်သောအခါ, နားဖြင့် အသံသဒ္ဒါရုံကို ကြားရသောအခါ စသည်တို့၌ ထိုမြင်ရသောရူပါရုံ, ကြားရသော သဒ္ဒါရုံ အစရှိသော အာရုံ(၆)ပါး ခန္ဓာငါးပါးတို့ကို အသက်ရှင်အတ္တကောင်ဟု လည်း ကောင်း, လောကဟုလည်းကောင်း မှတ်ထင်နေကြသည်သာမက တချို့ကမူ ထို အတ္တကောင်နှင့် လောကသည် မပျက်စီး မပြိုကွဲ အမြဲတည်ရှိနေ၏ဟုလည်း ယူဆ ကြကုန်၏။
ယင်းသို့ မပျက်စီး မပြိုကွဲ အမြဲတည်ရှိနေ၏ဟု ယူဆအပ်သော ထိုရူပါရုံ သဒ္ဒါရုံအစရှိသော ခန္ဓာငါးပါးတို့ကို (ဝါ၊ အတ္တ, လောကတို့ကို) ဘဝဟု ခေါ်၏၊ ဘဝေါ ဣတိ ပဝတ္တာ ဒိဋ္ဌိ ဘဝေါ=ခန္ဓာငါးပါးတည်းဟူသော အတ္တ,လောကသည် မပျက်စီး မပြိုကွဲ အမြဲတည်ရှိ၏ဟုယူဆသော သဿတဒိဋ္ဌိ၊ ဤသို့ဝစနတ္ထပြု၍ ဘဝဒိဋ္ဌိဟု ဆိုလိုလျက် ဒိဋ္ဌိဟူသော နောက်ပုဒ်ကို ချေ၍ ဘဝေါဟု ဆိုထားသည်၊ ထို့ကြောင့် ဘဝဒိဋ္ဌိဟူသည် သဿတဒိဋ္ဌိပင် ဖြစ်သည်ဟု သိရာ၏။
ဘဝေန သဟဂတာ တဏှာ ဘဝတဏှာ၊ အတ္တနှင့် လောကသည် မပြတ်မစဲ အမြဲတည်ရှိ၏ဟု ယူဆသော သဿတဒိဋ္ဌိနှင့်တကွဖြစ်သောတဏှာ။ (တနည်း)ဘဝေ တဏှာ ဘဝတဏှာ၊ ဘဝေ=မပြတ်မစဲ အမြဲတည်ရှိနေ၏ဟု ယူဆသော သဿတဒိဋ္ဌိ၌၊ ဥပ္ပန္နော=ယှဉ်ဘက်(သမ္ပယောဂ) အနေအားဖြင့်ဖြစ်သော၊ တဏှာ=တဏှာတည်း-ဟု အနက်ဆို။
ဝိဘဝတိ ဝိနဿတိ ဥဇ္ဇတီတိ ဝိဘဝေါ၊ ပျက်စီးပြိုကွဲ မမြဲသော အတ္တနှင့် လောကဝိဘဝေါ ဣတိ ပဝတ္တာ ဒိဋ္ဌိ ဝိဘဝေါ=(ရူပါရုံစသော ခန္ဓာငါးပါးတည်း ဟူသော) အတ္တ လောကသည် ပျက်စီးပြိုကွဲ အမြဲမတည်ဟု ယူဆသော ဥစ္ဆေဒဒိဋ္ဌိ၊ ဤဝစနတ္ထအရ ဝိဘဝဒိဋ္ဌိနှင့် ဥစ္ဆေဒဒိဋ္ဌိကိုလည်း အတူတူဟု မှတ်ရာ၏၊ ဝိဘဝေနသဟဂတာ တဏှာ ဝိဘဝတဏှာ=ထိုဥစ္ဆေဒဒိဋ္ဌိနှင့်တကွဖြစ်သော တဏှာ၊ (တနည်း) ဝိဘဝေ တဏှာ ဝိဘဝတဏှာ=ပျက်စီးပြိုကွဲ မမြဲဟုယူဆသော ဥစ္ဆေဒဒိဋ္ဌိ၌ ယှဉ်တွဲမှ (သမ္ပယောဂ) အနေအားဖြင့်ဖြစ်သော တဏှာ။
ရူပသဒ္ဒတဏှာစသည်ကိုပင် ကာမတဏှာစသည်ဟုလည်းခေါ်။ ။မျက်စိဖြင့် ရူပါရုံကို မြင်သောအခါ နားဖြင့်သဒ္ဒါရုံကို ကြားသောအခါ စသည်တို့၌ ထိုမြင်ရ ကြားရသော ရူပါရုံ သဒ္ဒါရုံစသော အာရုံ(၆)ပါးတို့၌ ခင်မင်တွယ်တာ သာယာသော တဏှာကို ရူပတဏှာ သဒ္ဒတဏှာ။ပ။ ဓမ္မတဏှာ-ဟု ခေါ်၏၊ အကယ်၍ ထိုအာရုံ (၆)ပါးတို့အပေါ်၌ ဒိဋ္ဌိအစွဲမပါဘဲ ခင်မင်တွယ်တာ သာယာမှု သက်သက်ချည်းသာ ဖြစ်လျှင် ထိုရူပတဏှာစသည်တို့ကိုပင် ကာမတဏှာဟုလည်း ခေါ်၏။
ယင်းသို့ ခင်မင်တွယ်တာ သာယာရုံမကတော့ဘဲ ယခုမြင်လိုက်ရ ကြားလိုက် ရသော ရူပါရုံ သဒ္ဒါရုံစသော အတ္တ လောကသည် မပြတ်မစဲ အမြဲတည်ရှိနေသည်ဟု ယူဆလျှင်ကား ထိုရူပတဏှာ သဒ္ဒတဏှာ စသည်တို့သည် (မိမိတဦးတည်းသာ မဟုတ်တော့ဘဲ) သဿတဒိဋ္ဌိ အဖော်သဟဲနှင့် ယှဉ်တွဲနေလေပြီထို့ကြောင့် စိတ္တုပ္ပါဒ် တခုတည်း၌ ထိုသဿတဒိဋ္ဌိနှင့် အတူတကွ ယှဉ်တွဲဖြစ်နေသော ထိုရူပတဏှာ စသည်ကိုပင် “ဘဝေန သဟဂတာ တဏှာ ဘဝတဏှာဟူသော ယခင် ဝစနတ္ထနှင့် အညီ ဘဝတဏှာဟုလည်း ခေါ်၏။
ယခုမြင်လိုက်ရ ကြားလိုက်ရသော ရူပါရုံသဒ္ဒါရုံစသော အတ္တ လောကသည် ပျက်စီးပြိုကွဲ အမြဲ မတည်တံ့ဟု ယူဆလျှင်ကား ထိုရူပတဏှာ စသည်တို့သည် ဥစ္ဆေဒဒိဋ္ဌိ အဖော်သဟဲနှင့် ယှဉ်တွဲနေကြကုန်၏၊ ထို့ကြောင့် ယင်း ဥစ္ဆေဒဒိဋ္ဌိနှင့် အတူတကွဖြစ်သော ထိုရူပတဏှာ စသည်တို့ကို “ဝိဘဝေန သဟဂတာ တဏှာ ဝိဘဝတဏှာဟူသော ဝစနတ္ထအရ ဝိဘဝတဏှာဟုလည်း ခေါ်၏။
ဤသို့အားဖြင့် ရူပတဏှာ သဒ္ဒတဏှာ။ပ။ ဓမ္မတဏှာဟူသော တဏှာ(၆) မျိုးတို့တွင် တမျိုးတမျိုးသော တဏှာကိုပင် ဖြစ်ပေါ်လာပုံ အခြင်းအရာအမူအရာ မတူထူးခြား ကွဲပြားမှုကို အစွဲပြု၍ ကာမတဏှာ ဘဝတဏှာ ဝိဘဝတဏှာဟု ခေါ်ဝေါ်လေသည်။
သာဓက။ ။အဓိပ္ပာယ်ရှင်းလင်းချက်ကို ဝိသုဒ္ဓိမဂ်၊ ဒု(၂၀၂)ပဋိစ္စသမုပ္ပါဒ် ဝိဘင်းအဋ္ဌကထာ(၁၇ဝ)တို့မှ ယူ၍ အနည်းငယ် ချဲ့ထွင်ပြီး ရေးသည်၊ ဝစနတ္ထကိုမူ ဒီ၊ မဟာဝဂ္ဂ၊ မဟာနိဒါနသုတ် ဋီကာ (၉၉) ဒီ၊ ပါထိကဝဂ္ဂ၊ သင်္ဂီတိသုတ်ဋီကာ (၁၇၃)တို့ကို နည်းမှီး၍ ရေးသည်။
ဘဝတဏှာပုဒ်၏ နောက်ထပ် အနက်ပေးနည်းများ၌ ဘဝအရ (၁) ကာမ ဥပပတ္တိဘဝ (၂) ရူပအရူပဥပပတ္တိဘဝ (၃) ရူပဈာန် အရူပဈာန်ဟူသော ကမ္မဘဝ တို့ကိုယူ၍ အနက်ပေးသည်၊ “ဘဝေ တဏှာ ဘဝတဏှာ"ဟုပင် ဝစနတ္ထပြု။
ဘဝ တဏှာ ဘဝတဏှာ၊ ဘဝပတ္ထနာဝသေန ဥပ္ပန္နဿ သဿတဒိဋ္ဌိ သဟဂတဿ ရူပါရူပဘဝရာဂဿစ ဈာနနိကန္တိယာစေတံ အဓိဝစနံ၊ ဝိဘဝေ တဏှာ ဝိဘဝတဏှာဥစ္ဆေဒဒိဋ္ဌိသဟဂတ ရာဂတံ အဓိဝစနံ။ ဒီမဟာဝဂ္ဂ၊ မဟာသတိ ပဋ္ဌာနသုတ်အဋ္ဌကထာ (၃၈၉) သစ္စဝိဘင်း အဋ္ဌကထာ(၁၀၄)။ ၊ ကာမတဏှာကိုလည်းကောင်း။ ဝါ၊ ရူပါရုံစသော ကာမဂုဏ်အာရုံ၌ တပ်မက်သောတဏှာကိုလည်းကောင်း။ ဘဝတဏှာ၊ ဘဝတဏှာကိုလည်းကောင်း။ ဝါ၊ အတ္တကောင်နှင့် လောကသည်မပြတ်မစဲ အမြဲတည်ရှိနေ၏ဟု ယူဆသော သဿတဒိဋ္ဌိနှင့်တကွဖြစ်သော တဏှာကိုလည်းကောင်း။ ဝါ၊ ကာမဥပပတ္တိဘဝ၌ တပ်မက်သောတဏှာကို လည်းကောင်း။ ဝါ၊ ရူပအရူပဥပပတ္တိဘဝ၌ တပ်မက်သောတဏှာကိုလည်းကောင်း။ ဝါ၊ ရူပအရူပဈာန်ဟူသော ကမ္မဘဝ၌ တပ်မက်သောတဏှာကိုလည်းကောင်း။ ဝိဘဝတဏှာ၊ ဝိဘဝတဏှာကိုလည်းကောင်း။ ဝါ၊ အတ္တကောင်နှင့် လောကသည် ပျက်စီးပြိုကွဲ အမြဲမတည်ဟု ယူဆသော ဥစ္ဆေဒဒိဋ္ဌိနှင့်တကွဖြစ်သော တဏှာကိုလည်းကောင်း။ (ပဟာတဗ္ဗာ၊ ပယ်သင့်ပယ်ထိုက်ကုန်၏)။ပ။

ကတမေ၊ ကုန်သော။
တယော၊ ကုန်သော။
မာနာ၊ တို့ကို။
ပဟာတဗ္ဗာ၊ သနည်းဟူမူ။
မာနော၊ အမျိုးဇာတ်....ကိုလည်းကောင်း။
ဩမာနော၊ ကိုလည်းကောင်း။
အတိမာနော၊ ကိုလည်းကောင်း။
(ပဟာတဗ္ဗာ၊ ကုန်၏)
တယော၊ ကုန်သော။
ဣမေ မာနာ၊ ဤမာနတို့ကို။
ပဟာတဗ္ဗာ၊ ကုန်၏။
[စာပိုဒ် (၇၆) အရဟတ္တသုတ်(စာမျက်နှာ-၆၆၈)လည်းကြည့်]။ပ။
ဧကာဒသမံ၊ ၁၁-ခုမြောက်သုတ်တည်း။
ဒသမော၊ ၁ဝ-ခုမြောက်သော။
အာနိသံသဝဂ္ဂေါ၊ အာနိသံသဝဂ်တည်း။ပ။
ဒုတိယော၊ နှစ်ခုမြောက်သော။
ပဏ္ဏာသကော၊ သုတ်(၅၀)အပေါင်းအစုသည်။
သမတ္တော၊ ပြီးပြီ။