အဘဗ္ဗော၊ ဟူမူ။ ဘိက္ခဝေ၊ တို့။ ဣဓ၊ ၌။ ဘိက္ခု၊ သည်။ အာယကုသလော စ၊ ကုသိုလ် အကုသိုလ်တို့ ဖြစ်ပေါ်လာကြောင်းဖြစ်သော ဆင်ခြင်နှလုံးသွင်းမှု၌ လိမ္မာကျွမ်းကျင် သိမြင်သည်လည်း။ (ဤနည်း ဤပုံအားဖြင့် တရားသဘောတို့ကို ဆင်ခြင်နှလုံးသွင်းလျှင် ကုသိုလ် အကုသိုလ် တရားများ ဖြစ်ပွားကုန်၏ဟု သိနားလည်သည်လည်း) န စ ဟောတိ၊ မဖြစ်။ အပါယကုသလော စ၊ ကုသိုလ် အကုသိုလ်တရားတို့ ကင်းကွာသွားကြောင်းဖြစ်သော ဆင်ခြင်နှလုံးသွင်းမှု၌ လိမ္မာကျွမ်းကျင် သိမြင်သည်လည်း။ န ဟောတိ၊ မဖြစ်။
ဥပါယကုသလော စ၊ ထိုထိုအရာဌာန ကိစ္စတိုင်းဝယ် ပြီးမြောက် အောင်မြင်ခြင်း၏ အကြောင်းပရိယာယ်နည်းဥပါယ်၌ လိမ္မာကျွမ်းကျင် သိမြင်သည်လည်း။ (အဆော့တလျင် ပြုဖွယ်ကိစ္စနှင့် ဘေးရန်အန္တရာယ် ဖြစ်ပေါ်လာလသော် ယင်းသည့်ခပ်သိမ်း ပြီးငြိမ်းစေရန် နည်းမှန်လမ်းကောင်းအကြောင်း ဥပါယ်၌ လိမ္မာကျွမ်းကျင် သိမြင်သည်လည်း) န ဟောတိ၊ မဖြစ်။ အနဓိဂတာနံ၊ မရအပ်သေးကုန်သော။ ကုသလာနံ၊ ကုန်သော။ ဓမ္မာနံ၊ တရားတို့ကို။ အဓိဂမာယ၊ ရခြင်းငှာ။ ဆန္ဒံ၊ ပြုလိုသောဆန္ဒကို။ နဇနေတိ၊ မဖြစ်စေ။ အဓိဂတေ၊ ရအပ်ပြီးကုန်သော။ ကုသလေ၊ ကုသိုလ်ဖြစ်ကုန်သော။ ဓမ္မေ၊ တို့ကို။ န အာရက္ခတိ၊ မစောင့်ရှောက်။ သာတစ္စကိရိယာယ၊ မပြတ်မလပ် အထပ်ထပ် ပြုလုပ်ခြင်းဖြင့်။ န သမ္ပာဒေတိ၊ မပြီးစီး မပြည့်စုံစေ။ပ။ သာတစ္စကိရိယာယ၊ ဖြင့်။ သမ္ပာဒေတိ၊ ပြီးစီး ပြည့်စုံစေ၏။ပ။