Issues
Select Version
sāsanāre-သာသနာရေး
မြန်မာဘာသာ
Bhikkhu Bodhi
English
Chakkanipātapāḷi
Chakkanipātapāḷi

10. Khattiyasuttaṃ

Author: sāsanāre-သာသနာရေး @ IAPT

၅၂။ အထ ခေါ၊ ထိုအခါ၌။ ဇာဏုဿောဏိ၊ ဇာဏုသောဏိမည်သော။ (ဇာဏုသောဏိပုရောဟိတ်ရာထူးရှိသောအမျိုး၌လည်းပေါက်ဖွား၍ ဘုရင့်ထံမှဇာဏုသောဏိမည်သော ပုရောဟိတ်ရာထူးကိုလည်း ရရှိသည်အဖြစ်ကြောင့်ဇာဏုသောဏိမည်သော)
ဗြာဟ္မဏော၊ ပုဏ္ဏားသည်။ပ။
ဘော ဂေါတမ၊ အရှင်ဂေါတမ။ ခတ္တိယာ၊ မင်းတို့သည်။ ကိံအဓိပ္ပါယာ၊ အဘယ်အရာ၌အလိုဆန္ဒရှိပါကုန်သနည်း။ ကိံဥပဝိစာရာ၊ အဘယ်အကျိုးငှာ လေ့လာကျက်စားသောစိတ်ရှိပါကုန်သနည်း။ ကိံအဓိဋ္ဌာနာ၊ အဘယ်မည်သောထောက်တည်မှီခိုအားထားရာ ရှိပါကုန်သနည်း။ ကိံအဘိနိဝေသာ၊ အဘယ်အကျိုးငှာကြံစည်စဉ်းစား ဝင်စားသောစိတ်ရှိပါကုန်သနည်း။ ကိံပရိယောသာနာ၊ အဘယ်မည်သော အပြီးသတ်ရည်မှန်းချက်ပန်းတိုင် ရှိပါကုန်သနည်း။ ဣတိ၊ ဤသို့။ (အဝေါစ၊ မေးလျှောက်ပြီ။)
ဗြာဟ္မဏ၊ ပုဏ္ဏား။ ခတ္တိယာ၊ မင်းတို့သည်။ ဘောဂါဓိပ္ပါယာ **၁။ဘောဂါဓိပ္ပါယာ စသည်**။ ။ဘောဂ၊ ပစ္စည်းဥစ္စာ၌၊ ဝါ=ပစ္စည်းဥစ္စာ စုဆောင်း သိုလှောင်ထားခြင်း၌ + အဓိပ္ပါယ=အလိုဆန္ဒ(ရှိသူ)၊ ဘောဂေ အဓိပ္ပါယော ယေသန္တိ ဘောဂါဓိပ္ပါယာ။ ဥပဝိစာရ=နီးနီးကပ်ကပ် လေ့လာကျက်စားသောစိတ်ပညတ္ထာယ ဥပဝိစာရော ယေသန္တိ ပညူပဝိစာရာ။ ဗလ=စစ်သည်ဗိုလ်ပါအပေါင်းဟူသော +အဓိဋ္ဌာန=ထောက်တည်မှီခိုအားထားရာ(ရှိသူ)ဗလံ အဓိဋ္ဌာနံ ယေသန္တိ ဗလာ ဓိဋ္ဌာနာ။ ၊ ပစ္စည်းဥစ္စာ သိုလှောင်စုဆောင်းခြင်း၌ အလိုဆန္ဒရှိပါကုန်၏။ ဝါ၊ ပစ္စည်းဥစ္စာစုဆောင်းသိုလှောင်ထားလိုကြကုန်၏။ ပညူပဝိစာရာ၊ ပညာအကျိုးငှာလေ့လာကျက်စားသော စိတ်ရှိကြကုန်၏။ ဝါ၊ ပညာရှိဖြစ်လိုမှုဖြင့်ပညာကို လေ့လာလိုက်စားကြကုန်၏။ ဗလာဓိဋ္ဌာနာ၊ စစ်သည်ဗိုလ်ပါဟူသောထောက်တည်မှီခိုအားထားရာရှိကုန်၏။ ပထဝီဘိနိဝေသာ **၂။ပထဝီဘိနိဝေသစသည်**။ ။အဘိနိဝေသ၊ ဝင်စားသောစိတ်၊ ဝါ=ကြံစည် စဉ်းစား စိတ်ဝင်စားခြင်း၊ ပထဝိယာ(နယ်မြေအကျိုးငှာ) အဘိနိဝေသော ဧတေသန္တိ ပထဝီဘိနိဝေသာ။ ဣဿရဿ ဘာဝေါ ဣဿရိယံ=စိုးမိုးအုပ်ချုပ်သော ဘုရင်မင်း၏ ဖြစ်ကြောင်းဖြစ်သော မင်းအဖြစ်အဘိသိက်သွန်းမှု၊ ဝါ=အဘိသိက်သွန်း၍ မင်းမြှောက်မှုပရိယောသာန=အပြီးအဆုံးအထွတ်အထိပ်ပန်းတိုင်၊ ဣဿရိယံ ပရိယောသာနံ ဧတေ သန္တိ ဣဿရိယပရိယောသာနာ။ ၊ နယ်မြေပိုင်ဆိုင်ခြင်းငှာကြံစည်စဉ်းစား ဝင်စားသော စိတ်ရှိကုန်၏။ ဣဿရိယပရိယောသာနာ၊ စိုးမိုးအုပ်ချုပ်သော ဘုရင်မင်းအဖြစ် အဘိသိက်သွန်းမှုဟူသော အပြီးသတ်ရည်မှန်းချက်ပန်းတိုင်ရှိကုန်၏။ ဣတိ၊ ဤသို့။ (အဝေါစ၊ မိန့်တော်မူပြီ။)
ဘော ဂေါတမ၊ အရှင်ဂေါတမ။ ဗြာဟ္မဏာ ပန၊ ပုဏ္ဏားတို့သည်ကား။ ဝါ၊ ပုဏ္ဏားတို့ကတော့။ ကိံအဓိပ္ပါယာ၊ နည်း။ပ။
မန္တာဓိဋ္ဌာနာ၊ မန္တန်ဗေဒင်ဟူသောထောက်တည်မှီခိုအားထားရာရှိကုန်၏။ ယညာဘိနိဝေသာ၊ ယဇ်ပူဇော်ခြင်းငှာ ကြံစည်စဉ်းစား ဝင်စားသောစိတ်ရှိကြကုန်၏။ ဗြဟ္မလောကပရိယောသာနာ၊ ဗြဟ္မာ့ပြည်လားရောက်ရခြင်းဟူသော အပြီးသတ်ရည်မှန်းချက်ပန်းတိုင်ရှိကြကုန်၏။ ဣတိ(အဝေါစ၊ မိန့်)။ပ။
ဗြာဟ္မဏ၊ ပုဏ္ဏား။ ဂဟပတိကာ၊ အိမ်ပိုင်ရှင်လူတို့သည်။ပ။ သိပ္ပါဓိဋ္ဌာနာ၊ အတတ်ပညာဟူသော ထောက်တည်မှီခိုအားထားရာရှိကုန်၏။ ကမ္မန္တာဘိနိဝေသာ၊ (လယ်လုပ်ကုန်သွယ်စသော) လုပ်ငန်းကိစ္စပြုလုပ်ခြင်းငှာ ကြံစည်စဉ်းစားဝင်စားသောစိတ်ရှိကြကုန်၏။ နိဋ္ဌိတကမ္မန္တပရိယောသာနာ၊ ပြီးစီးသောလုပ်ငန်းကိစ္စဟူသောအပြီးသတ်ရည်မှန်းချက်ရှိကုန်၏၊။ ဣတိ(အဝေါစ၊ မိန့်)။ပ။
ဗြာဟ္မဏ၊ ပုဏ္ဏား။ ဣတ္ထိ၊ မိန်းမတို့သည်။ ပုရိသာဓိပ္ပါယာ၊ ယောက်ျားတို့၌ဖြစ်သော အလိုဆန္ဒရှိကုန်၏။ ဝါ၊ ယောက်ျားတို့နှင့် နှီးနှောရောယှက်ပေါင်း ဖက်ဆက်ဆံလိုသော ဆန္ဒရှိကုန်၏။ အလင်္ကာရူပဝိစာရာ၊ တန်ဆာဆင်ခြင်းငှာ လေ့လာကျက်စားသော စိတ်ရှိကုန်၏။ ပုတ္တာဓိဋ္ဌာနာ၊ (မျိုးရိုးအမွေအနှစ်၏ ပိုင်ရှင်ဖြစ်သော) သားတည်းဟူသော ထောက်တည်မှီခိုအားထားရာရှိကုန်၏။ အသပတ္တိဘိနိဝေသာ **၁။ အသပတ္တီဘိနိဝေသ။ ။ ယောက်ျား တယောက်တည်း၌ မယားနှစ်ယောက်သုံးယောက်စသည်ရှိနေလျှင် ထိုမယားများသည် တယောက်နှင့်တယောက် သပတ္တီ(မယားပြိုင်)များဖြစ်ကြ၏၊ သမာနော ပတိ ဧတိဿာတိ သပတ္တီ၊ တူသောလင်ရှိသော မိန်းမ၊ ဝါ= လင်တူမိန်းမ၊ နတ္ထိ ဧတိဿာတိ သပတ္တီ= လင်တူမိန်းမမရှိသောမယား၊ ဝါ= ပြိုင်ဘက်မယားမရှိ၍ တဦးတည်းသောမယား၊ အသပတ္တိယာ(အသပတ္တိဘာဝတ္တာယ) အဘိနိဝေသော ဧတိဿာ ဣတ္ထိယာတိ အသပတ္တီဘိ-နိဝေသာ= လင်တူ မိန်းမ မရှိသည်အဖြစ်ငှာ (ဝါ= မယားပြိုင်မရှိဘဲ တဦးတည်းသော မယားဖြစ်ခြင်းငှာ) ကြံစည်စောင့်စား စိတ်ဝင်စားမှုရှိသော မိန်းမ။ ၊ လင်တူ မိန်းမ မရှိဘဲ တဦးတည်းသော မယားဖြစ်ခြင်းငှာ ကြံစည်စဉ်းစားဝင်စားသောစိတ်ရှိကြကုန်၏။ ဣဿရိယပရိယောသာနာ၊ အိမ်မှုကိစ္စ၌ စိုးမိုးအုပ်ချုပ်ရသူ၏အဖြစ်ဟူသော အပြီးသတ်ရည်မှန်းချက်ရှိကုန်၏။ ဣတိ(အဝေါစ)။ပ။
ဘော ဂေါတမ၊ မ။ စောရာ၊ ခိုးသူတို့သည်။ ကိံအဓိပ္ပါယာ၊ နည်း။ ကိံဥပဝိစာရာ၊ အဘယ်၌လေ့လာကျက်စားသော စိတ်ရှိပါကုန်သနည်း။ပ။
အာဒါနာဓိပ္ပါယာ၊ ခိုးယူလုယက်ခြင်း၌ အလိုဆန္ဒရှိကုန်၏။ ဂဟနူပဝိစာရာ၊ ပုန်းခိုရာ တောအုပ်တောရှုပ်၌ ကျက်စားသောစိတ်ရှိကုန်၏။ သတ္တာဓိဋ္ဌာနာ၊ လက်နက်ဟူသော ထောက်တည်မှီခိုအားထားရာရှိကုန်၏။ အန္ဓကာရာ ဘိနိဝေသာ၊ အမိုက်မှောင်အကျိုးငှာ ကြံစည်စဉ်းစားဝင်စားသောစိတ်ရှိကုန်၏။ အဒဿနပရိယောသာနာ၊ ဥစ္စာရှင်တို့မမြင်ရခြင်းဟူသော အပြီးသတ်ရည်မှန်းချက်ရှိကုန်၏။ပ။
သမဏာ ပန၊ ရဟန်းတို့သည်ကား။ ကိံအဓိပ္ပါယာ၊ နည်း။ ကိံဥပဝိစာရာ၊ အဘယ်အကျိုးငှာလေ့လာကျက်စားသောစိတ်ရှိကုန်သနည်း။ပ။ ကိံအဘိနိဝေသာ၊ အဘယ်၌ဝင်စားသောစိတ်ရှိပါကုန်သနည်း။ပ။
ခန္တိသောရစ္စာဓိပ္ပါယာ**၂။ သူရတ ဟု ဒီဃဖြင့်ရှိသင့်**။ ။ သောဘန ရတော သူရတော၊ သန့်ရှင်းစင်ကြယ်တင့်တယ်သော ကာယကံ ဝစီကံ၌ မွေ့လျော်သောသူ၊ သူရတဿ ဘာဝေါသောရစ္စံ= ထိုသူ၏ ဖြစ်ကြောင်းအကျင့်သီလ၊ ဤ၌ သုဥပသာရမှ ဥကို ဒီဃပြု၍ “သူရတ”ဟု ဒီဃဖြင့် ရုပ်ရှိစေရမည်။
ကင်္ခါဘာသာဋီကာ ဂန္ထာရမ္ဘအဖွင့်၌မူ သုဥပသာရကို ( ဒုရ်)ဥပသာရဖြင့်နှိုင်းယှဉ်ပြပြီးလျှင် ဒီဃဖြင့် ရုပ်ပြီးပြထားသော ကင်္ခါဋီကာသစ်အဆိုကို စဉ်းစားသင့် ကြောင်း ပြဆိုထား၏။ အကျယ်ဖော်ပြရသော်
ပါဠိ၌ ဒုဥပသာရသည် သက္ကတ၌ “ဒုရ်”ဟုရှိသကဲ့သို့ ပါဠိ၌ သုဥပသာရသည် သက္ကတ၌ သုရ်”ဟုမရှိ၊ “သု”ဟုပင်ရှိ၏၊ ထို့ကြောင့် “ဒုရ်မှ ပျောက်သွား သော(ရ်)အတွက် ပါဠိ၌ ဒုရက္ခာတောဟု (ရ်)လာခြင်း, ဒုဒ္ဒသံ ဟု ဒွေဘော်လာခြင်း, ဒူရမံဟု ဒီဃပြုခြင်းတည်းဟူသော အစားထိုးမှုအစီအရင်များ ပြုလုပ်ရသကဲ့သို့ ထို့အတူ နဂိုကပင် “ရ် မပါသော သုဥပသာရအတွက် ယင်းသို့ အစားထိုးမှု အစီအရင်များ ပြုလုပ်ဖွယ်မလိုရကား “သုရတ”ဟုသာ ရဿဖြင့်ပါဌ်ရှိစေဖို့ရာ ယင်းဘာသာဋီကာ မိန့်တော်မူခြင်းဖြစ်သည်။
သို့သော် ကင်္ခါဋီကာသစ်၌သာမက အခြားသော ဋီကာများ၌လည်း ဒီဃဖြင့်ရုပ်ပြီးပြထား၏။
သောဘနေ ကာယိကဝါစသိကကမ္မေ ရတောတိ သူရတောတီ ဥကာရဿ ဒီယံ ကတွာ။ ပါထိကဝဂ္ဂဋီကာ၊ စက္ကဝတ္တိသုတ်အဖွင့်။ ၂၈။ စတုက္ကနိပါတ် အင်္ဂုတ္တိုရ် ဋီကာ၊ စာပိုဒ်(၆၁) ပတ္တကမ္မသုတ်အဖွင့်၊ နှာ-၃ဝ၉။
ရမ ကီဠာယံ သုပုဗ္ဗော၊ သုဿ နိစ္စံ ဒီဃော၊ သုဋ ရမဏံ, သုဋ္ဌ ရမတီတိ ဝါ သူရတော။ ဏွာဒိမောဂ္ဂလ္လာန်၊ ၈၄-သုတ်၊ ဤ၌ နိစ္စံ ဒီဃောဟုပင်ဆိုထားသေး၏။
ထိုဋီကာများနှင့် ပါဠိသဒ္ဒါကျမ်းတို့ထက် ရှေးကျ၍ ၎င်းတို့၏မှီရာဖြစ်သော သက္ကတသဒ္ဒါကျမ်း(ပါဏိနိ)၌လည်း ဒီဃဖြင့် ရုပ်စီရင်ထား၏သိဒ္ဓါန္တကော်မုဒီ, ဥဏာဒိပဉ္စမပိုင်း ၆၉၂-သုတ်၊ ပါဏိနိ ဥဏာဒိပဉ္စမပိုင်း ၁၄-သုတ်၌
သော် ရမေး က္ကော ဒမေ ပုဗ္ဗပဒသျစ ဒီရ်ဃ(သုတ်)။ ရမေး သုပုဗ္ဗာတ် ဒမေ ဝါစ္စေ ဣး သျာတ်၊ (ပုဗ္ဗပဒသျ စ ဒီရ်ဃ) ကိတ္တာတ် အနုနာသိကလောပး၊ သူရတ ဥပဇန္တော ဒယာလုစ္စ၊ (ဝုတ္တိ) [သုရှေးရှိသော ရမဓာတ်မှ နောက်၌ ဆုံးမခြင်း အနက်ကို ဟောအပ်လသော် ဣပစ္စည်းသက်၊ သုဟူသော ရှေ့ပုဒ်၏ ဥသရကိုလည်း ဒီဃပြု၊ သက်အနုဗန်ရှိသောကြောင့် ရမဓာတ်မှ မ်ဟူသော အနုနာသိကကိုချေ၊ သူရတော၊ ငြိမ်သက်သောသူ၊ ဝါ=သနားတတ်သောသူ။]
ထိုပါဏိနိသဒ္ဒါကျမ်း အဆိုအမိန့်အတိုင်းပင် သက္ကတ အင်္ဂလိပ်အဘိဓာန် တို့၌လည်း သူရတ-ဟု ဒီဃဖြင့် တညီတညွတ်တည်း ပြထား၏၊ ထို့ကြောင့် အမေမှာ မှာသည့်အတိုင်း ဒီဃဖြင့်ပါဌ်ရှိရမည်မှာ အလွန်သေချာလှပါသည်။
၊ သည်းခံခြင်း,သန့်ရှင်းစင်ကြယ်တင့်တယ်သောကာယကံဝစီကံ၌မွေ့လျော်သောသူ၏ဖြစ်ကြောင်းသီလ၌အလိုဆန္ဒရှိကုန်၏။ပ။ သီလာဓိဋ္ဌာနာ၊ သီလဟူသောထောက်တည်မှီခိုအားထားရာရှိကုန်၏။ အာကိဉ္စညာဘိနိဝေသာ**၁။ အာကိဉ္စညာဘိနိဝေသ**။ ။ကိဉ္စိနံ ဝုစ္စတိ ပလိဗောဓော ဟူသော အင်္ဂုတ္တိုရ်ဋ္ဌ၊ ဒု (တိက၊ နှာ-၁၉၄)နှင့်အညီ ကိစိဓာတ် ယုပစ္စည်းဖြင့်ပြီးသော ကိဉ္စန သဒ္ဒါသည် ကြောင့်ကြပလိဗောဓ ဟူသော အနက်ကိုဟော၏သတ္တေ ကိဉ္စတိ မဒ္ဒတိ ပရိဗုဒ္ဓေတီတိ ကိဉ္စိနံ၊ သတ္တဝါတို့ကို ဖိစီးနှိပ်ကွပ် ချုပ်ချယ်တတ်သော ကြောင့်ကြ ပလိဗောဓနတ္ထိ ကိဉ္စိနံ ယဿာတိ အကိဉ္စနော=ကြောင့်ကြပလိဗောဓ မရှိသောသူ၊ အကိဉ္စိနဿ ဘာဝေါ အာကိဉ္စညံ=ကြောင့်ကြ ပလိဗောဓ မရှိသောသူ၏ အဖြစ်၊ အာကိဉ္စညေ အဘိနိဝေသော ဧတေသန္တိ အာကိဉ္စညာဘိနိဝေသာ။
ဤသုတ်အဋ္ဌကထာ၌ “အကိဉ္စနဘာဝေ နိဂ္ဂဟဏဘာဝေ”ဟု နိဂ္ဂဟဏသဒ္ဒါ ဖြင့် ဖွင့်သကဲ့သို့ စတုက္ကနိပါတ် အင်္ဂုတ္တိုရ်ဋ္ဌ (ဒု-၃၆ဝ)၌လည်း အာကိဉ္စညံယေဝ ပဋိပဒန္တိ ကိဉ္စိနဘာဝရဟိတံ နိပ္ပလိဗောဓံ နိဂ္ဂဟဏမေဝ ပဋိပဒံ”ဟု နိဂ္ဂဟဏသဒ္ဒါ ဖြင့်ပင် ဖွင့်ခဲ့၏၊ ထိုနိဂ္ဂဟဏသဒ္ဒါ၌ “နှိပ်ကွပ်”ဟူသော အနက်ကို အသုံးမပြုဘဲ နိဥပသာရကို ပဋိသေဓကြံ၍ “နိဂ္ဂဟဏဘာဝေ၊ ဖမ်းချုပ်ဆုပ်ကိုင်တတ်သော ပလိဗောဓ မရှိသူ၏အဖြစ်၌”ဟု အနက်ပြန်ဆိုရမည်။
၊ ကြောင့်ကြပလိဗောဓမရှိသည်အဖြစ်၌ ကြံစည်စဉ်းစားဝင်စားသောစိတ်ရှိကုန်၏။ နိဗ္ဗာနပရိ ယောသာနာ၊ နိဗ္ဗာန်ဟူသော အပြီးသတ်ရည်မှန်းချက်ရှိကုန်၏။ ဣတိ၊ ဤသို့။ (အဝေါစ၊ မိန့်တော်မူပြီ)
ဘော ဂေါတမ၊ အရှင်ဂေါတမ။ အစ္ဆရိယံ၊ လက်ဖျစ်ခတ်တီးအံ့ချီးထိုက်ပါပေစွာ့။ ဘော ဂေါတမ၊ မ။ အဗ္ဘုတံ၊ မဖြစ်စဖူး အသစ်အထူးဖြစ်ပါပေစွာ။
ဘဝံ ဂေါတမော၊ အရှင်ဂေါတမသည်။ ခတ္တိယာနမ္ပိ၊ မင်းတို့၏လည်း။ အဓိပ္ပါ ယဉ္စ၊ အလိုဆန္ဒကိုလည်းကောင်း။ ဥပဝိစာရဉ္စ၊ လေ့လာကျက်စားသော စိတ်ကိုလည်းကောင်း။ အဓိဋ္ဌာနဉ္စ၊ ထောက်တည်မှီခိုအားထားရာကိုလည်းကောင်း။ အဘိနိဝေသဉ္စ၊ ကြံစည်စဉ်းစားဝင်စားသော စိတ်ကိုလည်းကောင်း။ ဝါ၊ စိတ်ဝင်စားမှုကိုလည်းကောင်း။ ပရိယောသာနဉ္စ၊ အပြီးသတ်ရည်မှန်းချက်ကိုလည်းကောင်း။ ဝါ၊ နောက်ဆုံးအထွတ်အထိပ်ပန်းတိုင်ကိုလည်းကောင်း။ ဇာနာတိ၊ သိပါပေ၏။
ဘဝံ ဂေါတမော၊ သည်။ ဗြာဟ္မဏာနမ္ပိ၊ ပုဏ္ဏားတို့၏လည်း။ အဓိပ္ပါယဉ္စ၊ ကိုလည်းကောင်း။ပ။ ပရိယောသာနဉ္စ၊ ကိုလည်းကောင်း။ ဇာနာတိ၊ သိပါပေ၏။ ဘဝံ ဂေါတမော၊ သည်။ ဂဟပတီနမ္ပိ၊ အိမ်ရှင်လူတို့၏လည်း။ပ။ ဣတ္တီနမ္ပိ၊ မိန်းမတို့၏လည်း။ပ။ စောရာနမ္ပိ၊ ခိုးသူတို့၏လည်း။ပ။ သမဏာနမ္ပိ၊ ရဟန်းတို့၏လည်း။ပ။
ဒသမံ။