အာပါယိကော၁။ အာပါယိကော အတေကိစ္ဆာ။ ။နိဗ္ဗတ္တိဝသေန နိရယံ အရဟတိဟူသော မဇ္ဈိမပဏ္ဏာသဋီကာ (၄၇)နှင့်အညီ ဤသုတ်ဋီကာ၌လည်း “နိဗ္ဗတ္တိဝသေန အပါယံ အရဟတိ”ဟူ၍ အရဟတိပုဒ် ပါရမည်ဤသုတ် အဋ္ဌကထာ၌ “အာပါယိကောတိ အပါယေ နိဗ္ဗတ္တနကောဟု ဖွင့်၍ စူဠဝါပါဠိတော် သံဃဘေဒကက္ခန္ဓက အဋ္ဌကထာ (၁၁၂)၌ “အပါယေ နိဗ္ဗတ္တိဿတီတိ အာပါယိကော”ဟု ဖွင့်သည်။
တိကိစ္ဆနံ တိကိစ္ဆာ၊ ကုစားနိုင်ခြင်း၊ နတ္ထိ တိကိစ္ဆာ ယဿ ဒေဝဒတ္တဿာတိ အာကိစ္စော-ဟု ဝစနတ္ထပြု။ ဣဒါနိ ဗုဒ္ဓသဟဿေနာပိ တိကိစ္ဆိတုံ န သက္ကာတိ အတေကိစ္ဆာ-ဟူ၍ စူဠဝါအဋ္ဌကထာဖွင့်သည်။ ၊ အပါယ်ဘုံ၌ဖြစ်လတ္တံ့သည်။
ဝါ၊ အပါယ်ဘုံ၌ဖြစ်ထိုက်သည်။
နေရယိကော၊ အဝီစိငရဲသို့လားရောက် လတ္တံ့သည်။
ဝါ၊ အဝီစိငရဲ၌ ဖြစ်ထိုက်သည်။
ကပ္ပဋ္ဌော၊ (အဝီစိငရဲ၏သက်တမ်း အာယုကပ်ဖြစ်သော) အန္တရကပ်ပတ်လုံးတည်နေရလတ္တံ့သည်။
အတေကိစ္ဆော၊ ကုစားနိုင်ခြင်းမရှိသည်။
ဝါ၊ (အဝီစိသို့မရောက်အောင်) ကုစားတားဆီး၍ မရနိုင်တော့သည်။
(ဟောတိ၊ ဖြစ်၏)
ဣတိ၊ ဤသို့။
ဒေဝဒတ္တော၊ ဒေဝဒတ်ကို။
ဝါ၊ ဒေဝဒတ်၏ နောင်ဖြစ်မည့်ဘဝကို။
ဘဂဝတာ၊ မြတ်စွာဘုရားသည်။
ဗျာကတော ကိံ နု ခေါ၊ မိန့်ကြားတော်မူအပ်ခဲ့ပါသလော။
ဥဒါဟု၊ ထိုသို့မဟုတ်။ ကေနစိဒေဝ၊ တစုံတခုသာဖြစ်သော။ (အပါယ်ဘုံသို့ ဒေဝဒတ်လားရောက်ဖို့အတွက် မသေမချာ တစုံတခုသာဖြစ်သော) ပရိယာယေန၊ (အကုသိုလ်ကံဟူသော) အကြောင်းဖြင့်။ ဗျာကတော နု ခေါ၊ မိန့်ကြားတော်မူအပ်ခဲ့ပါသလော။ ဣတိ၊ ဤသို့။ (အဝေါစ၊ မေးမြန်းပြောဆိုပြီ)
အဘိဒေါတိ အဘိသဒ္ဒေန သမာနတ္ထနိပါတပဒန္တိ အာဟ “အဘိအနုရတ္တ”န္တိ။ဋီကာ။
နောက်ထပ် အနက်ပေးနည်းများအလို ဘိဒဓာတ် အပစ္စည်း ဣတ္ထိဇောတက အာပစ္စည်းဖြင့် ဘိဒါ(ပျက်စီးခြင်း ကုန်ဆုံးခြင်း)ဟု ရုပ်ပြီး၏နတ္ထိ ဧတဿ ဘိဒါတိ အဘိဒေါ၊ ပျက်စီးကုန်ဆုံးခြင်းမရှိသေးသော ညဥ့်သန်းခေါင်အချိန်။ ၎င်းပုဒ်သည် အဒ္ဒရတ္တ(အမုရတ္တ)ပုဒ်၏ ဝိသေသနဖြစ်သောကြောင့် “အဘိဒံ”ဟု နပုလ္လိင်ပဌမာဝိဘတ်ဖြင့် ရုပ်ရှိရမည် ဖြစ်ပါလျက် လိင်္ဂဝိပလ္လာသအားဖြင့် အဘိဒေါ-ဟု ရှိသည်။
ပါဠိတော်ဝါကျ၌လည်း အဒ္ဓရတ္တံပုဒ်၌ ဒုတိယာဝိဘတ်ကို အစ္စန္တသံယောဂ အနက်ပြန်ဆိုလျှင် အဘိဒေါ၌ ပဌမာဝိဘတ်ကိုလည်း ဒုတိယာအနက်(ဒုတိယာဝိဘတ် ၏ အစ္စန္တသံယောဂအနက်)၌သက်။ နောက်ဆုံးနည်း၌ကား အဘိဒေါ၌ ပဌမာဝိဘတ်ကို လည်းကောင်း အဒ္ဓရတ္တံ၌ ဒုတိယာဝိဘတ်ကိုလည်းကောင်း ဘုမ္မတ္ထ(သတ္တမီအနက်)၌ သက်။ ၊ ညဉ့်သန်းခေါင် ရှေ့ရှုဖြစ်ပေါ်လာလသော်။ ဝါ၊ ရှေ့ရှုဖြစ်ပေါ်လာသော ညဉ့်သန်းခေါင်အချိန်၌။ ဘတ္တကာလသမယေ၊ မင်းမျိုးတို့ထမင်းစားရာ အခါကာလ သမယ၌။ (တနည်း) အဘိဒေါ (အဘိဒံ)၊ ပျက်စီးကုန်ဆုံးခြင်းမရှိသေးသော။ အဒ္ဓရတ္တံ၊ ညဥ့်သန်းခေါင်အချိန်ပတ်လုံးညဉ့်သန်းခေါင်။ [ညဉ့်သန်းခေါင်အချိန်မကုန်သေးသမျှ ကာလပတ်လုံး ဟူလို] (တနည်း) အဘိဒေါ (အဘိဒေ)၊ ပျက်စီးကုန်ဆုံးခြင်း မရှိသေးသာ။ အဒ္ဓရတ္တံ (အဒ္ဓရတ္တေ)၊ ညဉ့်သန်းခေါင်အချိန်၌။ ဘတ္တကာလသမယေ၊ ၌။ အာနန္ဒ၊ န္ဒာ။ အာလောကော၊ သည်။ အန္တရဟိတော၊ ကွယ်ပျောက်ခဲ့ပြီ။ အန္ဓကာရော၊ သည်။ ပါတုဘူတော၊ ထင်ရှားဖြစ်ခဲ့ပြီ။ ဣတိ၊ သို့။ တွံ၊ သည်။ ဇာနေယျာသိ၊ လော။ပ။ အာနန္ဒ၊ န္ဒာ။ ဧဝမ္ပိ၊ ဤသို့ဤပုံအားဖြင့်လည်း။ (ဤသို့ ကုသိုလ်တရားများ ကွယ်ပ၍ အကုသိုလ်တရားများ ပေါ်လွင်ထင်စွာ ဖြစ်ပေါ်လာပြီးလျှင် မပယ်ဖြတ်အပ်သေးသော ကုသိုလ် မူလကိုလည်း အချင်းခပ်သိမ်း ပယ်နုတ်စွန့်ပစ်သည် အဖြစ်ကြောင့် ဤပုဂ္ဂိုလ်သည် နောင်အခါ၌ ဆုတ်ယုတ်ခြင်း သဘောရှိသူဖြစ်လတ္တံ့ဟု သိတော်မူခြင်းအားဖြင့်)။ပ။